ငလျင်နှင့်ပတ်သက်ပြီး ရွှေဗမာတွေ တော်တော်များများဘာမှမသိကျသေးတာများပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ မြန်မာပြည်ရဲ့ မြေနေရာတည်ရှိနေမှုတွေဟာ သဘာဝဘေးအန္တရယ်ဆိုးတွေကျ ရောက်မှုတွေကို တခြားသောနိုင်ငံတွေထက်နည်းနေတာကျကြောင့်ပါဘဲ! မြန်မာပြည်လူထုတွေကို ဗဟုသုတအနေနှင့် ပြည်စုံအောင် ရှာလို့တွေ့ရှိ ကူးယူထားတာတွေကို ပြန်လည်မျှပေးလိုက်ပါတယ်...
ဘူမိဗေဒ ဖြစ်စဉ်နှင့် မြန်မာ့ ငလျင်များ
ကမ္ဘာမြေကြီးထု (Plate) များ တစ်ခုနှင့် တစ်ခု တိုက်ခိုက်မှုများကြောင့် မြေငလျင်ကြီးများ ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။ Plate များလှုပ်ရခြင်းမှာ ကမ္ဘာမြေပြင်သည် လည်ပတ် လှုပ်ရှားနေမှုကြောင့် ရေပေါ်တွင် ဖောင်များ မျောသလိုမျောပြီး တစ်ခုနှင့်တစ်ခု တိုက်ခိုက်မှု ဖြစ်ရခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် မြေငလျင် များဖြစ်ပေါ်လာခြင်းသည် India Plate ရွှေ့လျားပြီး Burma Plate နှင့် China Plateတို့ တိုက်မိခြင်း ကြောင့် ဖြစ်သည်။ ယင်းဖြစ်စဉ်ကို အိန္ဒိယငလျင်ကျွမ်းကျင်ပညာရှင်နှ စ် ဦးက ကမ္ဘာနှင့်နေ၊လ၊ ဂြိုဟ်များဆွဲ အားကြောင့် ဒီရေအတက်အကျဖြစ် သလို ဂြိုဟ်ကြီးများနှင့် ကမ္ဘာမြေ တစ်တန်းတည်း ကျရောက်သောအခါ ငလျင်လှုပ်စေသည့် အားဖြစ်ပေါ် သည့် အယူအဆကိုလည်း တင်ပြခဲ့ ဖူးသည်။
စင်စစ်ငလျင်လှုပ်မလှုပ်ကို ငလျင်မှတ်တမ်းများ ငလျင်တိုင်းစက် များနှင့် တိုင်းတာတွက်ချက်လည်း မရနိုင်ပေ။ သို့သော်လည်း သဘာဝ ပတ်ဝန်းကျင်ပြောင်းလဲမှုများနှင့်  ဘူမိဗေဒ ဖြစ်စဉ်ကို ကြည့် ခြင်းဖြင့် ငလျင်လှုပ်တော့မည်ကို ကြိုတင် ခန့်မှန်းမှုများ ပြုလုပ်နိုင်သည်ဟု ဘူမိဗေဒပညာရှင်တစ်ဦးကပြောသည်။
ငလျင်လှုပ်မည်ကို ကြိုတင်ခန့်မှန်းနိုင်သည့်နည်းများ
(၁) Plate ကြီးများ တစ်ခုနှင့် တစ်ခု တိုက်ခိုက်ပါက လူမကြားနိုင်သော အသံလှိုင်းများကို ကျေးငှက်များက ကြားပြီး ဂနာမငြိမ်လှုပ်ရှားမှုကို Electronic Counter ဖြင့်တိုင်းတာ၍ လေ့လာနိုင်မည်ဖြစ်သည်။ ထို Plate ကြီးများသည် ငလျင်မလှုပ်မီအကြိမ် (၃çဝ၀ဝ)ခန့်လှုပ်ရှားပြီး၊ ငလျင်လှုပ် ခါနီးအချိန်တွင် အကြိမ်(၉çဝ၀ဝ) လှုပ်ရှားမှုဖြစ်ပေါ်ခဲ့သည်ကို တရုတ် ငလျင်ပညာရှင်တစ်ဦးက တွေ့ရှိခဲ့ သည်။
(၂) မြန်မာနိုင်ငံတွင် တောအရပ်များ ၌ ငလျင်လှုပ်သည့်အသံကို ပထမဦး ဆုံးကြားသိပြီး ငှက်အုပ်ကြီးများက ထပျံမှု။
(၃) ငလျင်အသေးလေးများ ဆက်တိုက် လှုပ်လာသည်ကို ကြည့်ခြင်းဖြင့် ငလျင်လှုပ်မည်ကို ခန့်မှန်းနိုင်။
(၄) ကမ္ဘာမြေထုထဲရှိ ဏသမန-ှစခေန ပြောင်းလဲမှုကို လေ့လာနိုင်လျှင် ငလျင်လှုပ်မည်ကို ခန့်မှန်းနိုင်။
(၅) တိုက်အိမ်များပေါ်နေ၊ မြေအောက် နေ ပုရွက်ဆိတ်အမြောက်အမြား ပြောင်းရွှေ့သည်ကို လေ့လာတွေ့ရှိ ခြင်း။
(၆) တိရစ္ဆာန်မျာသည် ငလျင်၏လှိုင်း များကို ကြိုတင်သိရှိ၍ အမြင့်နေရာ များသို့ ရွှေ့ပြောင်းခြင်းကို ကြည့်ခြင်း အားဖြင့် သိရှိနိုင်။
(၇) နောက်ဆုံးငလျင်လှုပ်မည်ကို ကြိုတင်သိနိုင်သည့်အချက်မှာ မြေပြင်အနိမ့်အမြင့်ကို တိကျစွာ (Total Station) များနှင့်တိုင်းတာနိုင်ပါက ငလျင်လှုပ်မည်ကို ခန့်မှန်းချေတိကျ နိုင်မည်ဟု ဘူမိဗေဒအမြင်ဖြင့် ငလျင် ဖြစ်နိုင်မည့် ဖြစ်စဉ်ကိုဆိုခဲ့သည်။
ငလျင်တိုင်းတာရန် လိုအပ်ပြီ
ထို့ကြောင့် ငလျင်ဖြစ်ပေါ် မည်ကို တိုင်းတာတွက်ချက်ရန် Long Wave Detector, Electro- magnetic Wave Detectors rsm;vdk များလိုအပ်လာပြီဖြစ်သည်။ မကြာခင်လှုပ် ရှားသွားသည့် ဂျပန်ငလျင်လှုပ်ခတ်မှု တွင် ကမ္ဘာ့မြေလွှာထု Plates တစ်ခု နှင့်တစ်ခုပွတ်တိုက်၍ ထွက်ပေါ်လာ သော အပူလှိုင်းများကို နာဆာ၏ အဆင့်မြင့်နည်းပညာ LANSAT နည်းပညာကို အသုံးပြုတိုင်းတာခဲ့ မည်ဆိုပါက ငလျင်လှုပ်ခတ်မည်ကို နှစ်ရက်ကြိုတင်သိရှိနိုင်မည်ဖြစ်သည့် အတွက် ယင်းကဲ့သို့သော အဖြစ် အပျက်မျိုးမဖြစ်ပေါ်နိုင်ပေ။
ပုရွက်ဆိတ်နှင့် ဆူနာမီ ပုရွက်ဆိတ်အမြောက်အမြား တိုက်၊ အိမ်များပေါ်သို့ပြောင်းရွှေ့ သည်ကို လေ့လာခြင်းဖြင့် ဆူနာမီ ဖြစ်ပေါ်နိုင်ကြောင်းလည်းသိရှိနိုင်မည် ဖြစ်သည်။ ပုရွက်ဆိတ်များသည် ကမ္ဘာမြေထုထဲရှိ Pore-space များ တွန်းနေသောကြောင့် မြေတွင်းထဲ တွင်နေထိုင်နိုင်ခြင်းမရှိဘဲ လွတ်ရာ အရပ်ကို ရွှေ့ပြောင်းသည်ကို ဘူမိ ဗေဒဖြစ်စဉ်အရ ဆူနာမီဖြစ်ပေါ်နိုင် မည်ကိုခန့်မှန်းနိုင်ပါသည်။ အင်ဒိုနီး ရှားငလျင်ကြီးနှင့် လူပေါင်းများစွာ သေသည့် ဆူနာမီမဖြစ်ခင် ရပ်ကွက် များရှိ တိုက်များပေါ်သို့ ပုရွက်ဆိတ် အမြောက်အမြားရွှေ့သည်ကို သတိ ပြုမိပါက ကြိုတင်ရှောင်တိမ်းနိုင် မည်ဖြစ်သည်။
မြန်မာ့ငလျင်
မြန်မာ့ငလျင်များသည် စတင် လှုပ်ရှားသွားပြီးနောက် ယူနန်မြို့တွင် လှုပ်ခါမှုပြီးဆုံးသွားသည်ကို လွန်ခဲ့ သော (၁၅)နှစ်က Basic Software စမ်းသပ်ခဲ့သည့် ဘူမိဗေဒ၏ပညာရှင် တစ်ဦးကဆိုခဲ့ဖူးသည်။ မြန်မာနိုင်ငံ ၏တောင်ပိုင်းနှင့်မြောက်ပိုင်းေ ဒသများ တွင် အဓိကလှုပ်ခတ်ပြီး ငလျင် ကြောရွှေ့လျားမှုကြောင့် အရှေ့ မြောက်ဘက်ရှိ တာလီနှင့်အနောက် မြောက်ဘက် မကွေးငလျင်များသည် လှုပ်ခတ်မှုအများဆုံးဖြစ်ခဲ့သည်။ ၄င်းနေရာများကို North South င်္Faults ငလျင်များဟု သတ်မှတ် ထားသည်။ မြန်မာနိုင်ငံ၌ ဒုတိယ ငလျင်လှုပ်ခတ်မှုအများဆုံးမှာ Diagonal Faults များပေါ်တွင် လှုပ် ခတ်သည့် ငလျင်များဖြစ်သည်။ ဥပမာ ပြီးခဲ့သော မတ်လက လှုပ်ခဲ့ သည့် တာလေငလျင်သည်Diagonal Faults 45 တိမ်းစောင်းဖြစ်ပေါ် သောငလျင်ဖြစ်သည်။
ငလျင်မလှုပ်မီနှင့် လှုပ်ပြီး လက္ခဏာ ပင်လယ်ကမ်းခြေများတွင် ငလျင်မလှုပ်မီ၌ ပင်လယ်ထဲရှိ ကျွန်းများ တစ်ကျွန်းနှင့် တစ်ကျွန်း တန်းပေါ်လာခြင်းနှင့် ကျွန်းများ ပင် လယ်အောက်နစ်မြှုပ်ခြင်းများသည် မြေငလျင်လှုပ်ပြီး လက္ခဏာများ ဖြစ်သည်။ ဥပမာအနေဖြင့် ကလီယို ပက်ထရာအုပ်စိုးခဲ့သော မြို့တော် သည်ငလျင်ကြောင့်ရေအောက်ရောက် ရှိသွားခြင်းကို ကြားသိခဲ့ရဖူးပေမည်။
သို့သော်လည်း ကျေးငှက်၊ တိရစ္ဆာန်များ၏ ပြောင်းလဲနေသော ဖြစ်စဉ်ကို ကြည့်ခြင်းဖြင့် ငလျင်ဖြစ် ပေါ်နိုင်မည်ကို သတိပြုမိသူမှာ မရှိ သလောက်နည်းပါးနေသည်။ ထို့ပြင် Pole Space များတွန်းမှုကြောင့် တွင်းအောင်းပုရွက်ဆိတ်များ ထွက် လာကြကြောင်းကိုလည်း မသိကြ ပေ။ Pole Space များကို တိုင်းတာ တွက်ချက်၍ ငလျင်ခန့်မှန်းနိုင်သူများ ထွက်ပေါ်လာခဲ့ခြင်းမရှိသလို သဘာဝ ပတ်ဝန်းကျင် အနေအထားနှင့် ဘူမိ ဗေဒဖြစ်စဉ်များအရ ငလျင်လှုပ်မည့် လက္ခဏာများဖြစ်ကြောင်းကို သိရှိမှု နည်းကြောင်း ဘူမိဗေဒပညာရှင် များက သုံးသပ်ကြသည်။
Ref:ဟေမာ-it weekly journal
မြန်မာနိုင်ငံတွင် မြေငလျင် များဖြစ်ပေါ်လာခြင်းသည် India Plate ရွှေ့လျားပြီး Burma Plate နှင့် China Plateတို့ တိုက်မိခြင်း ကြောင့် ဖြစ်သည်။ ယင်းဖြစ်စဉ်ကို အိန္ဒိယငလျင်ကျွမ်းကျင်ပညာရှင်နှ
စင်စစ်ငလျင်လှုပ်မလှုပ်ကို ငလျင်မှတ်တမ်းများ ငလျင်တိုင်းစက် များနှင့် တိုင်းတာတွက်ချက်လည်း မရနိုင်ပေ။ သို့သော်လည်း သဘာဝ ပတ်ဝန်းကျင်ပြောင်းလဲမှုများနှင်
ငလျင်လှုပ်မည်ကို ကြိုတင်ခန့်မှန်းနိုင်သည့်နည်းများ
(၁) Plate ကြီးများ တစ်ခုနှင့် တစ်ခု တိုက်ခိုက်ပါက လူမကြားနိုင်သော အသံလှိုင်းများကို ကျေးငှက်များက ကြားပြီး ဂနာမငြိမ်လှုပ်ရှားမှုကို Electronic Counter ဖြင့်တိုင်းတာ၍ လေ့လာနိုင်မည်ဖြစ်သည်။ ထို Plate ကြီးများသည် ငလျင်မလှုပ်မီအကြိမ် (၃çဝ၀ဝ)ခန့်လှုပ်ရှားပြီး၊ ငလျင်လှုပ် ခါနီးအချိန်တွင် အကြိမ်(၉çဝ၀ဝ) လှုပ်ရှားမှုဖြစ်ပေါ်ခဲ့သည်ကို တရုတ် ငလျင်ပညာရှင်တစ်ဦးက တွေ့ရှိခဲ့ သည်။
(၂) မြန်မာနိုင်ငံတွင် တောအရပ်များ ၌ ငလျင်လှုပ်သည့်အသံကို ပထမဦး ဆုံးကြားသိပြီး ငှက်အုပ်ကြီးများက ထပျံမှု။
(၃) ငလျင်အသေးလေးများ ဆက်တိုက် လှုပ်လာသည်ကို ကြည့်ခြင်းဖြင့် ငလျင်လှုပ်မည်ကို ခန့်မှန်းနိုင်။
(၄) ကမ္ဘာမြေထုထဲရှိ ဏသမန-ှစခေန ပြောင်းလဲမှုကို လေ့လာနိုင်လျှင် ငလျင်လှုပ်မည်ကို ခန့်မှန်းနိုင်။
(၅) တိုက်အိမ်များပေါ်နေ၊ မြေအောက် နေ ပုရွက်ဆိတ်အမြောက်အမြား ပြောင်းရွှေ့သည်ကို လေ့လာတွေ့ရှိ ခြင်း။
(၆) တိရစ္ဆာန်မျာသည် ငလျင်၏လှိုင်း များကို ကြိုတင်သိရှိ၍ အမြင့်နေရာ များသို့ ရွှေ့ပြောင်းခြင်းကို ကြည့်ခြင်း အားဖြင့် သိရှိနိုင်။
(၇) နောက်ဆုံးငလျင်လှုပ်မည်ကို ကြိုတင်သိနိုင်သည့်အချက်မှာ မြေပြင်အနိမ့်အမြင့်ကို တိကျစွာ (Total Station) များနှင့်တိုင်းတာနိုင်ပါက ငလျင်လှုပ်မည်ကို ခန့်မှန်းချေတိကျ နိုင်မည်ဟု ဘူမိဗေဒအမြင်ဖြင့် ငလျင် ဖြစ်နိုင်မည့် ဖြစ်စဉ်ကိုဆိုခဲ့သည်။
ငလျင်တိုင်းတာရန် လိုအပ်ပြီ
ထို့ကြောင့် ငလျင်ဖြစ်ပေါ် မည်ကို တိုင်းတာတွက်ချက်ရန် Long Wave Detector, Electro- magnetic Wave Detectors rsm;vdk များလိုအပ်လာပြီဖြစ်သည်။ မကြာခင်လှုပ် ရှားသွားသည့် ဂျပန်ငလျင်လှုပ်ခတ်မှု တွင် ကမ္ဘာ့မြေလွှာထု Plates တစ်ခု နှင့်တစ်ခုပွတ်တိုက်၍ ထွက်ပေါ်လာ သော အပူလှိုင်းများကို နာဆာ၏ အဆင့်မြင့်နည်းပညာ LANSAT နည်းပညာကို အသုံးပြုတိုင်းတာခဲ့ မည်ဆိုပါက ငလျင်လှုပ်ခတ်မည်ကို နှစ်ရက်ကြိုတင်သိရှိနိုင်မည်ဖြစ
ပုရွက်ဆိတ်နှင့် ဆူနာမီ ပုရွက်ဆိတ်အမြောက်အမြား တိုက်၊ အိမ်များပေါ်သို့ပြောင်းရွှေ့ သည်ကို လေ့လာခြင်းဖြင့် ဆူနာမီ ဖြစ်ပေါ်နိုင်ကြောင်းလည်းသိရှိနိ
မြန်မာ့ငလျင်
မြန်မာ့ငလျင်များသည် စတင် လှုပ်ရှားသွားပြီးနောက် ယူနန်မြို့တွင် လှုပ်ခါမှုပြီးဆုံးသွားသည်ကို လွန်ခဲ့ သော (၁၅)နှစ်က Basic Software စမ်းသပ်ခဲ့သည့် ဘူမိဗေဒ၏ပညာရှင် တစ်ဦးကဆိုခဲ့ဖူးသည်။ မြန်မာနိုင်ငံ ၏တောင်ပိုင်းနှင့်မြောက်ပိုင်းေ
ငလျင်မလှုပ်မီနှင့် လှုပ်ပြီး လက္ခဏာ ပင်လယ်ကမ်းခြေများတွင် ငလျင်မလှုပ်မီ၌ ပင်လယ်ထဲရှိ ကျွန်းများ တစ်ကျွန်းနှင့် တစ်ကျွန်း တန်းပေါ်လာခြင်းနှင့် ကျွန်းများ ပင် လယ်အောက်နစ်မြှုပ်ခြင်းများသည် မြေငလျင်လှုပ်ပြီး လက္ခဏာများ ဖြစ်သည်။ ဥပမာအနေဖြင့် ကလီယို ပက်ထရာအုပ်စိုးခဲ့သော မြို့တော် သည်ငလျင်ကြောင့်ရေအောက်ရောက် ရှိသွားခြင်းကို ကြားသိခဲ့ရဖူးပေမည်။
သို့သော်လည်း ကျေးငှက်၊ တိရစ္ဆာန်များ၏ ပြောင်းလဲနေသော ဖြစ်စဉ်ကို ကြည့်ခြင်းဖြင့် ငလျင်ဖြစ် ပေါ်နိုင်မည်ကို သတိပြုမိသူမှာ မရှိ သလောက်နည်းပါးနေသည်။ ထို့ပြင် Pole Space များတွန်းမှုကြောင့် တွင်းအောင်းပုရွက်ဆိတ်များ ထွက် လာကြကြောင်းကိုလည်း မသိကြ ပေ။ Pole Space များကို တိုင်းတာ တွက်ချက်၍ ငလျင်ခန့်မှန်းနိုင်သူများ ထွက်ပေါ်လာခဲ့ခြင်းမရှိသလို သဘာဝ ပတ်ဝန်းကျင် အနေအထားနှင့် ဘူမိ ဗေဒဖြစ်စဉ်များအရ ငလျင်လှုပ်မည့် လက္ခဏာများဖြစ်ကြောင်းကို သိရှိမှု နည်းကြောင်း ဘူမိဗေဒပညာရှင် များက သုံးသပ်ကြသည်။
Ref:ဟေမာ-it weekly journal
နေ့စဉ်မိုးလေဝသထုတ်ပြန်ချက်
မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ နေ့စဉ်မိုးလေဝသသတင်း ထုတ်ပြန်ချက် ဖြစ်ပါ သည် – ဤစာမျက်နှာအား REFRESH ပြုလုပ်၍ ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။
တစ်ကျော့ပြန်လှုပ်နိုင်ခြေရှိလာသည့် ပဲခူးငလျင်ကြီး
By mmweather.ygn, on January 15th, 2012
ပဲခူးငလျင်ကြီးသည် ၁၉၃၀ ခုနှစ်အတွင်းလှုပ်ခဲ့ပြီး ရန်ကုန်မြို့တွင်လည်း အဆောက်အဦအချို့ ပြိုကျ ပျက်စီးကာ အသေအပျောက်ရှိခဲ့ပါသည်။ အဆိုပါငလျင်နှင့်ပတ်သက်၍ http://blog.mmweather.com/2010/09/09/1930-pegu-quake/ တွင် ရေးသားဖေါ်ပြခဲ့ပြီး ဦးတင့်လွင်ဆွေမှလည်း မှားယွင်းသည့် သတင်းများကို ပြုပြင်ပေးခဲ့ပါသည်။
စစ်ကိုင်းပြတ်ရွေ့ကြီးတစ်လျှောက်တည်ရှိနေကြသည့် ရန်ကုန်မြို့အပါအဝင် ကျွန်ုပ်တို့ မြန်မာနိုင်ငံ မြို့ကြီးများမှာ ကြီးမားသည့် ငလျင်ဘေးအန္တရာယ်ကို ကြုံတွေ့ရခြင်းမရှိခဲ့သည်မှာ ရာစုနှစ်တစ်နှစ်နီးပါးရှိခဲ့ပြီဟု ဆိုနိုင်ပါသည်။ ငလျင်အန္တရာယ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ ငလျင်ကော်မီတီကလည်း http://earthquakemyanmar.wordpress.com/ တွင် တင်ပြထားပါသည်။
ဤအခြေအနေတွင် ဆောင်းပါးအတိုင်း အချိန်မရွေး ရုတ်တရက် ဖြစ်ပေါ်လာနိုင်သည့် ငလျင်ဘေးအန္တရာယ်၏ ဆိုးကျိုးများကို မြေငလျင်ကော်မီတီအဖွဲ့ဝင် ဦးတင့်လွင်ဆွေကလည်း Earthquakes of Myanmar and Risk Management-5 မြန်မာပြည်ငလျင်နှင့် ဘေးအန္တရာယ် ထိန်းချုပ်ရေးအစီအမံများ ဆောင်းပါး အမှတ်စဉ်-၅ တွင် အောက်ပါအဓိက အချက်အလက်များကို ဖေါ်ပြခဲ့ပါသည် -
ပြည်မြို့ ငလျင် (၁၈၅၈)နှင့် မြေလတ်ဒေသငလျင်များပုဂံငလျင် (၁၉၇၅)နှင့် တောင်တွင်းကြီးငလျင် (၂၀၀၃)မြန်မာပြည် အလယ်ပိုင်းကငလျင်များမြစ်ဝကျွန်းပေါ်ဒေသငလျင်များ စသည့် အဓိက အချက်အလက် များအပြင် – ၁၉၃၀ ခုနှစ် ပဲခူးငလျင်လှုပ်စဉ်က ရန်ကုန်မြို့အခြေအနေနှင့် ၂၀၁၂ ခုနှစ် ရန်ကုန်မြို့ အခြေအနေတို့ ကွာခြားမှုများကို အောက်ပါအတိုင်း မီးမောင်းထိုးပြထားပါသည် -၁၉၃၀ နှင့် ၂၀၁၂ ရန်ကုန်မြို့၏ အရွယ်အစား နှိုင်းယှဉ်ချက်
၁၉၃၀ ပဲခူး ငလျင်လှုပ်စဉ်က ရန်ကုန်၌ အဆောက်အဦများ ပြိုသဖြင့် လူ ၅၀ ခန့် ဆုံးရှုံးဖူးသည်။ ထိုစဉ်က လူဦးရေ ၁ သိန်းခန့် နေသည်။ ယခု လူဦးရေ ၅သန်း၊ မြို့ပြဧရိယာ အဆ ၂၀၊ ခံနိုင်ရည် ကျဆင်း နေသော အဆောက်အဦများနှင့်ဆိုလျှင် အထိအခိုက် risk သည် များနိုင်ဖွယ်ရာရှိသည်။ ထို့အပြင် မြို့ဧရိယာကို အရှေ့ဖက်ရှိ စစ်ကိုင်းပြတ်ရွေ့ဖက်သို့ ချဲ့နေသည်။ အင်အားပြင်းသော ငလျင်စက်ကွင်းသို့ တိုးဝင် နေသကဲ့သို့ ဖြစ်သည်။ အခြားမြို့များလည်း ထိုနည်းတူစွာပင် ဖြစ်သည်။ မြို့ပြအုပ်ချုပ်သူများ၊ စီမံခန့်ခွဲရေး သမားများအား ဤအချက်ကို အရေးတကြီး စဉ်းစားကြစေလိုကြောင်း တိုက်တွန်းလိုက်သည်။အထိအခိုက်နည်းရန် နည်းလမ်းများကိုလည်း ကျွမ်းကျင်သူ အင်ဂျင်နီယာများ၊ ပညာရှင်များနှင့် တိုင်ပင်ကာ အဆောတလျင် ဆောင်ရွက်ရန် အထူး တိုက်တွန်းလိုက်ပါသည်
အောက်ပါဆောင်းပါးကို ကျနော် EMail မှ တစ်ဆင့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်တွင် ရရှိ ဖတ်ရှုရပါသည်။
TUESDAY, MARCH 15, 2011“လာမဲ့ Supermoon ကြောင့်ပဲခူးနှင့် ခရမ်းသုံးခွတွင် အချိန်မရွေး ငလျင်ကြီး လှုပ်ခတ်နိုင်ခြေရှိ၊ ထိုငလျင်ဂယက် ရန်ကုန်အထိ သက်ရောက်နိုင်” ဆိုသည့် ခေါင်းစဉ်ဖြင့် ၂၀၁၁ ခုနှစ်မတ်လ ၁၅ ရက်တွင် ရေးသားခဲ့သည့် ဆောင်းပါးကို ပြန်လည်ဖတ်ကြည့်ရန် http://arzarni.blogspot.com/2011/03/supermoon.htmlအချိန်မရွေး လှုပ်နိုင်ခြေ ရှိသော သုံးခွ ငလျင် (ဦးစိုးသူရထွန်း, မြန်မာနိုင်ငံမြေငလျင်ကော်မတီ အတွင်း ရေးမှူး)သုံးခွ- ဖလေးဘုရား ပဲခူးငလျင်ပြတ်ရွေ့သည် အချိန်မရွေး ၇ ဒဿမ ၂ ရစ်ခ်ျစတာ စကေးအထိ ရှိသော ငလျင်ကြီး လှုပ်ခတ်နိုင်ခြေ ရှိနေသည်ဟု ငလျင်ကော်မတီ အတွင်းရေးမှူး ဦးစိုးသူရထွန်းက ပြောသည်။ အဆိုပါ ငလျင်ကြောကို တစ်ကျော့ပြန် ငလျင်လှုပ်နိုင်ခြေ ရှိ၊ မရှိ လေ့လာခဲ့ရာ အပြီးသတ် မသုံးသပ်ရသေး သော်လည်း ငလျင်ကြီး ပြန်လှုပ်နိုင်ခြေ ရာခိုင်နှုန်းများသည်ကို တွေ့ရှိရသည့် အတွက် အသေးစိတ် ဆက်လက် လေ့လာနေကြောင်း၊ ၁၉၃၀ ခုနှစ် ပဲခူးငလျင်ကြီး၏ ဗဟိုချက်သည် သုံးခွမြို့နယ်တွင် ရှိသည်ဟု အင်္ဂလိပ် ပညာရှင်များက သတ်မှတ်ထားသဖြင့် အသေးစိတ် လေ့လာမှုကို ၂၀၀၂ – ၂၀၀၃ နှင့် ၂၀၀၈ – ၂၀၀၉ ခုနှစ် တို့တွင် ပြုလုပ်ခဲ့ကြောင်း သုံးခွမြို့နယ်မှ သက်ကြီးရွယ်အိုများ၊ ဘုန်းတော်ကြီးများနှင့် စကားပြောဆို သည့်အခါ ၎င်းတို့က သုံးခွမြို့နယ်အတွင်း ငလျင်ကြောင့် ဖြစ်သော ငလျင်ခွဲချောင်းနှင့် ရေကန်များစွာ ရှိသည်ဟု ဆိုသဖြင့် ဟုတ်မဟုတ် လေ့လာခဲ့ရာ ဟုတ်သည့်ရာခိုင်နှုန်း များသည်ကို တွေ့ရကြောင်း ၎င်းက ပြောသည်။“အခုချိန်မှာ အန္တရာယ် ရှိနေပြီလို့ ပြောလို့ရတယ်။ ပမာဏကြီးတဲ့ ငလျင်ကြီး မလှုပ်ရင်တောင် ပမာဏတစ်ခုခုနဲ့ ငလျင်လှုပ်နိုင်ခြေ ရှိတယ်။ အမြဲ သတိထားသင့်တယ်” ဟု ၎င်းက ထပ်လောင်းပြောသည်။ယင်းပြတ်ရွေ့တွင် ငလျင်ကြီး ဖြစ်ပေါ်ပါက ၎င်း၏ ဂယက်ကို ရန်ကုန်မြို့ပါ ခံစားရနိုင်မည် ဖြစ်ကြောင်း ဦးစိုးသူရထွန်းက ဆိုသည်။ရန်ကုန်မြို့၏ ငလျင်သဘာဝမှာ စိတ်မချရ၊ အသင့်အတင့် သွက်သည့် ငလျင်ရပ်ဝန်း အတွင်းတွင် တည်ရှိနေသဖြင့် မကြာခဏ ခံရမည် ဖြစ်သော်လည်း အင်အား မပြင်းထန်ကြောင်း ရန်ကုန် ဝန်းကျင်ကို ဗဟိုပြု၍ မကြာခဏ လှုပ်နေခြင်းကြောင့် ရန်ကုန်မြို့နံဘေး (ဝါ) မြို့အောက်တွင် အားနည်းသော မြေကြောတစ်ခု ရှိနေသည်ဟု ယူဆ နိုင်ကြောင်း၊ ပဲခူးမြို့မှာမူ အလွန်သွက်သည့် ငလျင်ရပ်ဝန်းအတွင်း တည်ရှိနေသည် ဖြစ်၍ ခံရလျှင် ရန်ကုန် ထက် ပိုနာတတ်ကြောင်း ပဲခူးတွင် ငလျင် ခပ်ပြင်းပြင်း ခံရသည်မှာ ၃၂ ကြိမ် ရှိပြီ ဖြစ်ကြောင်း ၁၉၇၈ ခုနှစ်တွင် ထုတ်ဝေသော ဦးမင်းထွေးနောင် (ပညာရေး) ရေးသည့် မြန်မာ့ငလျင် စာအုပ်တွင် ဖော်ပြထားသည်။ယင်းပြတ်ရွေ့သည် စစ်ကိုင်းပြတ်ရွေ့၏ အစိတ်အပိုင်း တစ်ခု ဖြစ်သည်။စစ်ကိုင်းပြတ်ရွေ့၏ သဘောမှာ အကြမ်းဖျင်း နှစ် ၁၆၀ အတွင်း တစ်ကျော့ပြန် ငလျင် ပြန်လှုပ်တက်သည့် ရာခိုင်နှုန်း များသည်ဟု ဆိုသည်။သုံးခွမြို့ ၉ ရပ်ကွက်တွင် နေထိုင်သော အမျိုးသမီးတစ်ဦးက ငယ်စဉ်မှစ၍ ယခု ၃၅ နှစ်အထိ သုံးခွတွင် ငလျင်ပြတ်ရွေ့ ရှိသည်ကို လူကြီးသူမများ ပြောသည်ကိုလည်း မကြားမိကြောင်း လွန်ခဲ့သော ၁၅ နှစ်ခန့်က ငလျင်အနည်းငယ် လှုပ်သောကြောင့် သုံးခွမြို့နယ် ဘုရားကြီးကျေးရွာမှ ဘုရားကြီး ဘုရားထီးတော် ဆောင်းသွားသည်ကိုသာ သိရှိကြောင်း သုံးခွ မြို့သူမြို့သားတို့၏ စကားထဲတွင် ငလျင်ဆိုသည့် ဝေါဟာရကို ပြောလေ့ပြောထ မရှိသည်မှာ သေချာကြောင်း ပြောသည်။ သုံးခွမြို့ပေါ်မှ အသက် ၆၁ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက လွန်ခဲ့သော ၃၅ နှစ်ခန့်က အတန်အသင့်ပြင်းသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ဖူးသော်လည်း ပျက်စီးသေဆုံးမှု မရှိဟု ဆိုသည်။“မနှစ်က ရန်ကုန်နဲ့ ပဲခူးမှာ ငလျင်နဲ့ ပတ်သက်တဲ့ ဟောပြောပွဲတွေ၊ ဝပ်ရှော့တွေ လုပ်ခဲ့တယ်။ သုံးခွတို့လို မြို့တွေအထိတော့ မလုပ်နိုင်သေးဘူး။ အန္တရာယ်ဇုန် အတွင်းက မြို့နယ်တွေမှာ အသိပညာပေးဖို့ အမှန်တကယ် လိုအပ်ပါတယ်။ငလျင်ကော်မတီ အနေနဲ့ အကုန်လုံး လိုက်မလုပ်နိုင်ဘူး။ မြို့နယ်တွေက အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့တွေကို လူမှုဝန်ထမ်းနဲ့ပေါင်းပြီး သင်တန်းပေးတာမျိုး ရှိပေမယ့် သူတို့ကနေ လူထုဆီ အဆင့်ဆင့် ပညာပေးတာမျိုး မရှိသလောက် ဖြစ်နေတယ်” ဟု ငလျင်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ခရမ်းသုံးခွမြို့ပေါ်တွင် ယခင်က သစ်သားအိမ်များသာ အဓိက ဆောက်လုပ်ကြသော်လည်း ၂၀၀၀ ခုနှစ်ကျော် ကာလမှ စတင်ကာ တိုက်အိမ်ဆောက်လုပ်မှု များလာသည်ဟု သိရသည်။ သုံးခွမြို့ပေါ်မှ အိမ်ဆောက်ပေးရသူ တစ်ဦးက “ခရမ်းသုံးခွက အိမ်တွေကို အခုနောက်ပိုင်း ရန်ကုန် ဆောက်လုပ်ရေး ကုမ္ပဏီတွေက လာဆောက်တာ ရှိပေမယ့် နည်းတယ်။ ကျွန်တော်တို့ မြို့ပေါ်ကပဲ အဓိက ဆောက်ပေးတာ။ ကျွန်တော်တို့က အတွေ့အကြုံအရ ကျွမ်းကျင်လာတာဆိုတော့ ငလျင်ဒဏ်ခံ အဆောက်အအုံမျိုး ဘယ်လိုဆောက်ရမယ် ဆိုတာတော့ မသိဘူး” ဟု ဆိုသည်။သုံးခွမြို့နယ် စစ်ပင်ကန်ရွာနှင့် ဖရုံရွာမှ ရွာသား ၅ ဦးအား ငလျင်အန္တရာယ် ရှိသည်ကို သိ၊ မသိ မေးမြန်းခဲ့ရာ မသိပါဟု တညီတညွတ်တည်း ပြောကြားခဲ့သလို ခရမ်းမြို့ပေါ်မှ ကုန်သည်တစ်ဦးကလည်း မသိရှိပါဟု ပြောသည်။နိုင်ငံတော်အစိုးရ အနေဖြင့် သဘာဝ ဘေးအန္တရာယ် တည်မြဲမိန့်ကို ပြဋ္ဌာန်းထားပြီး ထိုအမိန့်တွင် ပြည်သူများအား သဘာဝ ဘေးအန္တရာယ် အသိပညာပေးမှုကို ဆင့်ကဲပြုလုပ်ရန် ညွှန်ကြားထားသော်လည်း ပေါ်လစီသဘောသာ ရှိနေသေးကြောင်း သိရသည်။မြန်မာနိုင်ငံတွင် ပြင်းထန်အား အများဆုံးဟု သတ်မှတ်ထား သော ငလျင်ဇုန်များမှာ ပဲခူး၊ ဖြူး၊ မန္တလေး – စစ်ကိုင်း၊ တကောင်း၊ ပူတာအို တနိုင်းနှင့် ကလေးမြို့ – ဟုမ္မလင်း ဒေသတို့ ဖြစ်သည်။မှ/ရတနာပုံ
ပညာရှင်များက တစ်ဘက်မှာ အသေးစိတ် ဆက်လက် လေ့လာနေကြသလို ရန်ကုန်မြို့နေလူထုနှင့် ခရမ်းသုံးခွ၊ ပဲခူးမြို့များမှာနေထိုင်ကြသည့် ပြည်သူလူထုတို့ အနေဖြင့်လည်း ငလျင်ဘေးဖြစ်လာလျှင် ရင်ဆိုင်ကြုံတွေ့ရမည့် အခြေအနေအတွက် ကြိုတင် တွက်ဆ ပြင်ထားကြရန် လိုအပ်မည်ဖြစ်ပါသည်။ ဤဆောင်ပါးအား MMW တွင် တင်ပြရသည့် ရည်ရွယ်ချက်မှာ ငလျင်ဘေးကျရောက်လာလျှင် ရင်ဆိုင်နိုင်ကြရန် မည်သို့ ပြင်ဆင်ထားရမည်ကို သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အစီအမံများရေးဆွဲသူ ပညာရှင်များအနေဖြင့် မည်သို့ ဆောင်ရွက်ထားကြသည်ကို အများသိရှိနားလည်စေရန် ဖြစ်ပါသည်။ ငလျင်ဘေးဒဏ်ကျရောက်နိုင်သော ဒေသတွင်း နေထိုင်ကြသော ပြည်သူလူထုမှ သိရှိနားလည်ခြင်းဖြင့် အန္တရာယ်ကြုံတွေ့လာရသည့်အခါ မည်ကဲ့သို့ နေထိုင်ဆောင်ရွက်သင့်သည်ကို ဗဟုသုတ အဖြစ်သိရှိကြစေရန်ဖြစ်ပါသည်။
သတိပြုရမည့် အချက်မှာ ငလျင်ကို မည်သည့်နေရာ၊ မည်သည့်အချိန်တွင် မည်မျှပြင်းပြင်းလှုပ်မည်ဟု မည်သည့် သိပ္ပံပညာရှင်ကမှ အတိအကျ ခန့်မှန်း တွက်ချက် အတည်ပြုနိုင်ခြင်း မရှိသေးပါ။ ဖြစ်နိုင်ခြေရှိကြောင်းကိုသာ ပြောနိုင်သေးသည့် အခြေအနေဖြစ်ပါသည်။ သို့သော် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ စိတ်ဝင်စားစွာ လေ့လာနေကြသည့် သိပ္ပံပညာရှင်ဟုတ်သူ/မဟုတ်သူ အားလုံးသည် ငလျင်လှုပ်မည့် အခြေအနေအား ကြိုတင် ခန့်မှန်းနိုင်ရန် အမြဲတစေ ရှာဖွေလေ့လာနေကြဆဲ၊ သီအိုရီများစွာဖြင့် လေ့လာနေကြဆဲ၊ လေ့လာတွေ့ရှိချက်များအပေါ် ငြင်းခုန်ကြဆဲ ဖြစ်ပါသည်။
မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံ မြေငလျင်ကော်မီတီမှ တင်ထားသည့် ငလျင်များနှင့်နေထိုင်ခြင်း ပညာပေးစာမျက်နှာများသည် ပြည်သူလူထုလက်ဝယ်တွင် ရှိနေရမည့် စာစောင်တစ်ခု ဖြစ်ပြီး အောက်ပါလင့်တွင် ရယူနိုင်ပါသည် -
မသိသေးသူများအတွက် MMW မှ တစ်ဆင့် အလွယ်တကူရယူနိုင်ရန် ဤနေရာတွင် တင်ပေးထားမည်ဖြစ်ပါသည်။
ငလျင်များနှင့်နေထိုင်ခြင်း
ငလျင်များနှင့်နေထိုင်ခြင်း
မြန်မာငလျင်နှင့်ပတ်သက်တဲ့သတင်းများကိုဒီမှာကြည့်လိမ့်ပါ အတော်စုံပါတယ်.. မြန်မာငလျင်သမိုင်းများ
(၆) Earthquakes of Myanmar and Risk Management-1 မြန်မာပြည်ငလျင်နှင့် ဘေးအန္တရာယ် ထိန်းချုပ်ရေးအစီအမံများ
(၇) Earthquakes of Myanmar and Risk Management-2 မြန်မာပြည်ငလျင်နှင့် ဘေးအန္တရာယ် ထိန်းချုပ်ရေးအစီအမံများ
(၈) Earthquakes of Myanmar and Risk Management-3 မြန်မာပြည်ငလျင်နှင့် ဘေးအန္တရာယ် ထိန်းချုပ်ရေးအစီအမံများ
(၉) Earthquakes of Myanmar and Risk Management-4 မြန်မာပြည်ငလျင်နှင့် ဘေးအန္တရာယ် ထိန်းချုပ်ရေးအစီအမံများ
(၉) Earthquakes of Myanmar and Risk Management-5 မြန်မာပြည်ငလျင်နှင့် ဘေးအန္တရာယ် ထိန်းချုပ်ရေးအစီအမံများ
Ref:tintlwinswe blog's
No comments:
Post a Comment