Popular Posts!

Saturday, September 22, 2012

ကောင်းမွန်သော အုပ်ချုပ်ရေး

တိုင်းပြည်တပြည် ဖွံ့ဖြိုးတိုးတက်ဖို့ ကောင်းမွန်သော အုပ်ချုပ်ရေး (good governance) လိုအပ်ပါတယ်။ တိုင်းပြည်ရဲ့ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုး တက် အောင်  မည်သို့ မည်ပုံ စီမံခန့်ခွဲ ဆောင်ရွက်တယ် ဆိုတဲ့ နည်းစနစ်များ၊ နည်းလမ်းများအားလုံးဟာ governance နဲ့ ဆိုင်ပါတယ်။ good governance ရှိတဲ့ တိုင်းပြည်ဟာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုး တိုးတက် ပါတယ်။
(၂၀၀၇)ခုနှစ်၊ ဇူလိုင်လမှာ နိုင်ငံပေါင်း (၂၁၂) နိုင်ငံက Governance Indicators တွေကို သုတေသနပြုထားတဲ့ စာတမ်းတခု ထွက်လာပါတယ်။ ကမ္ဘာ့ဘဏ် (World Bank) ရဲ့ သုတေသနစာတမ်းပါ။ ဒီအထဲမှာ Governance Indicators တွေကို dimension ()ခု ခွဲပြထားပါတယ်။ dimension တခုချင်းဆီမှာ governance အကောင်းဆုံးကို (.)၊ အဆိုးဆုံးကို (-.) ပေးပြီး၊ data sources များစွာကနေ အချက်အလက်များရယူတွက်ချက်ထားတာပါ။
ပထမတခုက Voice & Accountability ပါ။ ဒီအချက်က ပြည်သူ့ဝန်ထမ်းတွေရဲ့ တာဝန်ခံမှု၊ စာနယ်ဇင်းလွတ်လပ်ခွင့်ရှိမှု၊ Civil Society အားကောင်းမှု၊ လူ့အခွင့်အရေး၊ လွတ်လပ်စွာ စုဝေးနိုင်မှုစတဲ့အချက်တွေကို တိုင်းတာပါတယ်။ ကျွန်မတို့ မြန်မာပြည်က ဒီdimension မှာ (-.၂၈)နဲ့ အဆိုးဆုံးထဲမှာ ပါပါတယ်။ ဒုတိယတခုက Political stability ပါ။ ဒီအချက်က ပြည်တွင်း ပဋ္ဋိပက္ခ၊ ပြည်ပပဋ္ဋိပက္ခ၊ ပြည်တွင်းစစ်၊ နိုင်ငံရေးအရ လုပ်ကြံသတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ အစွန်းရောက် ၀ါဒီများရှိမှု၊ နိုင်ငံရေးရာများတွင် စစ်တပ်မှ ပါဝင်ပတ်သက်မှု၊ အာဏာသိမ်းမှုများကို တိုင်းတာတဲ့ အချက်ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ score က (-.၆၉) ဖြစ်ပါတယ်။
တတိယအချက်က Government Effectiveness ပါ။ ဒီအချက်က အစိုးရမတည်ငြိမ်မှု၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် အစိုးရရဲ့ စီမံခန့်ခွဲမှု၊ transportation, electricity ဆိုင်ရာ infrastructure များ ရဲ့ အရည်အသွေး စတာတွေကို တိုင်းတာပါတယ်။ မြန်မာပြည်ရဲ့ score က (-.၅၈) ဖြစ်ပါတယ်။ စတုတ္ထအချက်က Regulatory Quality ပါ။ ဒီအချက်က ထုတ်ကုန်၊ သွင်းကုန်မူဝါဒများ၊ ပြည်ပရင်းနှီးမြှုပ်နှံမှု၊ ကူးသန်းရောင်းဝယ်ရေး၊ ငွေကြေးဈေးနှုန်းတည်ငြိမ်မှု၊ ဘဏ်လုပ်ငန်းများ တိုးတက်ကောင်းမွန်မှု စတာတွေကို တိုင်းတာပါတယ်။ မြန်မာပြည်ရဲ့ score က (-.၂၄) ဖြစ်ပါတယ်။ အဆိုးဆုံးပါ။
ပဉ္စမအချက်ကတော့ Rule of Law ပါ။ ဒီအချက်က ရဲတပ်ဖွဲ့အပေါ်တွင် ယုံကြည်ရမှု၊ ဥပဒေစိုးမိုးမှု စတာတွေကို တိုင်းတာပါတယ်။ မြန်မာပြည်ရဲ့ score က (-.၄၅) ဖြစ်ပါတယ်။ နောက်ဆုံးအချက်ကတော့ Control of Corruption ပါ။ လာဘ်ပေးလာဘ်ယူမှုများ၊ လာဘ်ပေး လာဘ်ယူမှုများကို ထိန်းချုပ်သော ဥပဒေ စတာတွေကို တိုင်းတာပါတယ်။ မြန်မာပြည်ရဲ့ score က (-.၆၈) ဖြစ်ပါတယ်။
စစ်အုပ်စုက တပ်မတော်အစိုးရလက်ထက်မှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် မည်သို့ လုပ်ဆောင် နိုင်ကြောင်း၊ တပ်မတော်အစိုးရသာလျှင် တိုင်းပြည်ကို အုပ်ချုပ်နိုင်တဲ့အရည်အချင်းရှိကြောင်း၊ ၀ါဒဖြန့်လေ့ ရှိပါတယ်။ ဘယ်လိုပဲပြောပြော အထက်မှာ ဖော်ပြထားတဲ့ ကိန်းဂဏန်းတွေက စစ်အုပ်စုမှာ တိုင်းပြည် အုပ်ချုပ်နိုင်စွမ်း မရှိကြောင်း ညွှန်းဆိုနေပါတယ်။ တိုင်းပြည်တိုးတက်အောင် လုပ်နိုင်စွမ်း မရှိတဲ့ အစိုးရတရပ်ကို အစိုးရနေရာမှာ ဆက်ထားတာဟာ တိုင်းပြည်ရဲ့ အနာဂတ်ကို ဖျက်ဆီးပစ်တာနဲ့ အတူတူပါပဲ။
ဒါကြောင့် စစ်အုပ်စုအဆက်ဆက်ကို ဖြုတ်ချပစ်ရပါမယ်။ တိုင်းပြည်ကို တိုးတက်အောင် ပြန်လည် ထူထောင်ကြရပါမယ်။ ဒါဟာ မြန်မာအားလုံးရဲ့ တာဝန်သာဖြစ်ပါတယ်။ တူချက်တချက်တည်းနဲ့ ကျောက်တုံးမကွဲတာကို စိတ်ဓာတ်ကျစရာမလိုပါ။ ပိုမိုအင်အားကြီးမားတဲ့ တူချက်ပေါင်းများစွာမှာ ဒီကျောက်တုံးကြီး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားမှာပါ။

Ref:ခင်မမမျိုး (၂၁၊ ၁၂၊ ၂၀၀၇)

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!