Written byသန်းဇော်ထွန်း
၂၀၁၂ ခုနှစ် ဇွန်လနဲ့
အောက်တိုဘာလတွေမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ဌာနေ
ရခိုင်လူမျိုးတွေနဲ့ ဘင်္ဂါလီတွေကြားမှာ ပဋိပက္ခ ဖြစ်ပွားမှုတွေ ရှိခဲ့ပါတယ်။ အဲဒီလို
ပဋိပက္ခဖြစ်မှုတွေနဲ့အတူ နိုင်ငံတကာကလည်း မြန်မာနိုင်ငံနဲ့ ရခိုင် လူမျိုးအပေါ်
ပိုမိုအာရုံစိုက်လာမှုတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် 'ရိုဟင်ဂျာ' ဆိုတဲ့စကားလုံးမှာလည်း
ရခိုင်နှင့် သမိုင်းပညာရှင်တွေကြားထဲမှာ မေးခွန်းထုတ်စရာမလိုဘဲ ကျယ်လောင်လာတဲ့
စကားလုံးတစ်ခု ဖြစ်လာခဲ့ပါတယ်။အဲဒီအချိန်မှာပဲ ထိုင်းနိုင်ငံရောက် ရခိုင်လူမျိုးတွေက
ထိုင်းနိုင်ငံ မဟီဒေါ တက္ကသိုလ်မှာ ပြုလုပ်မယ့် ရခိုင်သမိုင်းဆိုင်ရာ
နိုင်ငံတကာပညာရှင်များ ရှင်းလင်းပွဲသို့ တက်ရောက်လေ့လာခွင့် ရခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မရှိပါဘူး။ ရိုဟင်ဂျာဟု ဆိုသူတွေဟာ
ဘင်္ဂါလီတွေသာဖြစ်ကြောင်း ရှင်းလင်းပွဲက အဖြေထုတ်သွားခဲ့ပါတယ်။
ရည်ရွယ်ချက်သုံးရပ်နဲ့
ကျင်းပတဲ့ ရှင်းလင်းပွဲ
ရှင်းလင်းပွဲ
ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်သောင်းက ''ရှင်းလင်းပွဲကို
ဦးတည်ချက်သုံးချက်နဲ့ ကျင်းပတာပါ။ (၁) ကျွန်တော်တို့ ရခိုင်သမိုင်းကို
နိုင်ငံတကာသတင်း မီဒီယာများနဲ့ မိတ်ဆက်ပေးဖို့၊ (၂) ပြည်ပအခြေစိုက် နိုင်ငံတကာသတင်း
မီဒီယာတွေနဲ့ ပြည်ပအခြေစိုက် မြန်မာသတင်းမီဒီယာတွေဟာ ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံ အစိုးရ အဆက်ဆက် ယနေ့ထက်တိုင် အသိအမှတ်မပြုတဲ့ ရိုဟင်ဂျာဆိုတဲ့
အမည်နာမကို တွင်တွင်ကြီးသုံးနေကြတာ တွေ့ရှိရတယ်။ အမှားကြာလျင်
အမှန်ဖြစ်တတ်သွားပါတယ်။ (၃) ဒီကနေ့ နိုင်ငံတကာ သမိုင်းပညာရှင်တွေ
ဟောပြောပို့ချခဲ့တာတွေဟာ ရခိုင်သမိုင်း သုတေသီများအတွက် ကိုးကားနိုင်လောက်တဲ့
အထောက်အထားတွေ အပြည့်အစုံနဲ့ ရခိုင်သမိုင်းစာတမ်း တစ်စောင်ကျန်ရှိနေခဲ့ဖို့
ဖြစ်ပါတယ်'' လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်
မငြိမ်သက်မှုများရဲ့ နိဒါန်းအစ
ဆွေးနွေးပွဲမှာ
ရခိုင်ပြည်နယ်တွင်း မငြိမ်သက်ရခြင်းတွေရဲ့ အခြေခံအကြောင်းတရားတွေကို
လှစ်ဟပြသခဲ့ရာမှာ ရခိုင်သမိုင်းရှင်းလင်းပွဲ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌက
ရခိုင်တွေဟာ မွတ်စလင်တွေနဲ့ ဆယ်စုနှစ် တော်တော်များများထိ ပြဿနာတွေမဖြစ်ဘဲ
ငြိမ်းချမ်းစွာနဲ့ အတူ ယှဉ်တွဲ နေထိုင်ခဲ့ကြပါတယ်။ ဒီနေ့ အသစ်ရောက်ရှိလာတဲ့
ရိုဟင်ဂျာဆိုတဲ့ သမိုင်းလိမ် ဘင်္ဂါလီမွတ်စလင်တချို့ရဲ့
သွေးထိုးလှုံ့ဆော်မှုတွေကြောင့်သာ ရခိုင်ပြည်တွင်း နေထိုင်ကြတဲ့
မွတ်စလင်ဘာသာဝင်တွေနဲ့ ရခိုင်တွေကြား တင်းမာခဲ့ရတယ်လို့ ဆိုခဲ့တယ်။ မွတ်စလင်တွေဟာ
ရိုဟင်ဂျာဆိုတဲ့ သမိုင်းလိမ် ဘင်္ဂါလီတွေရဲ့စကားကို အများစု နားယောင်ပြီး
ဒေသခံတွေကို ပြဿနာရှာခဲ့ရာက စတင်ခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။ ဒီပြဿနာဟာ
သမိုင်းနဲ့ ဆက်စပ်နေတဲ့အတွက်ကြောင့် သမိုင်းရှုထောင့်မှ ရှင်းရလိမ့်မယ်လို့
ထင်မြင်မိတာကြောင့် ဒီနေ့ ရခိုင်သမိုင်းဟောပြောပွဲကို ကျင်းပရခြင်းဖြစ်ပါတယ်လို့
၎င်းက ထောက်ပြထားခဲ့ပါတယ်။
အဲဒီရှင်းလင်းပွဲမှာ
ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာပညာရှင်တွေ ဖြစ်ကြတဲ့ ပြင်သစ်နိုင်ငံ
အာရှလေ့လာရေးဌာနမှ ဒေါက်တာဂျက်ပလိုင်ဒါ၊ နယ်သာလန်နိုင်ငံ ဟိုက်ဂူးဒေသ၊
ဒတ်ခ်ျဘာသာစကား အသိအမှတ်ပြုအသင်းရဲ့ ညှိနှိုင်းဆောင်ရွက်ရေးမှူး
လိုက်ဒင်းတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာစတီဖင်ဗင်ဂလန်၊ ဂျပန်နိုင်ငံ ကန်ဒါတက္ကသိုလ်
နိုင်ငံတကာ လေ့လာရေးဌာနမှ သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းတို့က ရခိုင်သမိုင်းနဲ့
စပ်လျဉ်းပြီးတော့ အခုလိုရှင်းလင်းခဲ့တယ်။
ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကတော့
မတွေ့မိပါဘူး။ ဒါပေမယ့်လို့ ၁၇ ရာစုလောက်မှာတော့ မွတ်စလင်အုပ်စု မြောက်ဦးမှာ
ရှိနေပါပြီ။ အဲဒီခေတ်မှာ လူတွေက ကိုယ့်ကိုယ်ကိုယ် ရိုဟင်ဂျာလို့
မသတ်မှတ်ကြပါဘူး'ဆိုတာကတော့ ကျွန်တော်တို့ နားထောင်ခဲ့ရတဲ့ သမိုင်းထဲက
အထင်အရှားပြသခဲ့တဲ့ ပြယုဂ်တစ်ခုပါ . . .
|
နိုင်ငံရေး၊ စီးပွားရေး
စေ့ဆော်ချက်များနဲ့ ရခိုင်သမိုင်း
ပြင်သစ်နိုင်ငံရဲ့
အာရှလေ့လာရေးဌာနမှ ဒေါက်တာဂျက်ပလိုင်ဒါ က ရခိုင်ဘုရင်နိုင်ငံ
မြန်မာဘုရင်နိုင်ငံရဲ့ နယ်ပယ်ဖြစ်လာတဲ့အခါ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို
ရှင်းလင်းတဲ့အခါ ရခိုင်ကို ဘိုးတော်ဘုရား သိမ်းပိုက်အနိုင်ယူခဲ့စဉ်က
စေ့ဆော်ချက်တွေထဲမှာ နိုင်ငံရေးနဲ့ သဘောတရားရေး၊ ဘာသာရေး၊ စီးပွားရေး
စေ့ဆော်ချက်များ ရှိခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံရေး
သမိုင်းများကြားက ရခိုင်-မြန်မာဆက်ဆံရေး
ရခိုင်ကို မြန်မာတွေ
(၁၇၈၅-၁၈၂၅) ခုနှစ်အတွင်း အုပ်ချုပ်ခဲ့စဉ် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး
အခြေအနေတွေ ပြောင်းလဲလာပုံတွေ ကို ၎င်းက ဆက်လက်ရှင်းလင်းခဲ့ပါတယ်။ (၁၇၈၅-၁၇၉၅)
ခုနှစ်အတွင်းမှာ ရခိုင်အထက်တန်းလွှာတွေကို နယ်နှင်ဒဏ်ပေးခဲ့တာတွေ၊ မြန်မာ-ရခိုင်
ပူးတွဲအုပ်ချုပ်ရေးဆိုင်ရာ ကဏ္ဍတွေ၊ (၁၇၉၅ -၁၈၁၀) ခုနှစ်အတွင်းမှာ အခွန်အခ
တိုးမြှင့်ကောက် ခံတာတွေ၊ အဓမ္မစေခိုင်းမှုများ ပြုလုပ်ခဲ့တာတွေ၊
မြန်မာဘုရင်ရဲ့စစ်ပွဲများအတွက် စားနပ်ရိက္ခာများ ထောက်ပံ့ခဲ့ရခြင်းတွေ၊ ရခိုင်ကို
မြန်မာတွေ ၀င်ရောက်အခြေချ နေထိုင်ခဲ့ကြတာတွေဟာ အိပ်မက်တစ်ခုလို သမိုင်းတစ်ခုမှာ
ရှိနေခဲ့ကြပါတယ်။
နေထိုင်မှု ပုံစံပြောင်းလဲလာခဲ့တဲ့ ရခိုင်လူမျိုးတွေ
(၁၇၈၇-၁၈၁၅)ခုနှစ်အတွင်းမှာ
တစ်ချိန်တည်းမှာပဲ မြန်မာဘုရင်ရဲ့ အုပ်စိုးမှုကို ပုန်ကန်တဲ့ အရှိန်အဟုန်တွေဟာလည်း
တရိပ်ရိပ် မြင့်လာခဲ့ကြတယ်။ နောက်ပြီး ရခိုင်လူမျိုး အလုံးအရင်းဟာ
ဘင်္ဂလားတောင်ပိုင်းသို့ ရွှေ့ပြောင်းအခြေချသွားခဲ့ကြတယ်။ (၁၈၁၅-၁၈၂၅)
ခုနှစ်အတွင်းမှာ စီးပွားရေးပုံစံ ကူးပြောင်းလာခဲ့ပေမယ့် မြန်မာဘုရင်အုပ်ချုပ်မှုကို
ထိခိုက်စေနိုင်တဲ့ ခြိမ်းခြောက်မှုပုံစံမျိုးတွေတော့ မရှိခဲ့ဘူးလို့ ဒေါက်တာ
ဂျက်ပလိုင်ဒါက ဆိုပါတယ်။
တစ်ချိန်က ရခိုင်နဲ့
ဘင်္ဂါလီ ဆက်ဆံရေး
ရှင်းလင်းပွဲမှာ နယ်သာလန်နိုင်ငံ
ဟိုက်ဂူးဒေသ ဒတ်ခ်ျဘာသာစကား အသိအမှတ်ပြုအသင်းရဲ့ ညှိနှိုင်းဆောင်ရွက်ရေးမှူး
ပါမောက္ခ ဒေါက်တာစတီဖင်ဗင်ဂလန်(လိုက်ဒင်းတက္ကသိုလ်) က ၁၅ ရာစုမှ ၁၈ ရာစုအတွင်းက
ရခိုင်ဒေသမှာရှိခဲ့တဲ့ ရခိုင်လူမျိုးတွေနဲ့ ဘင်္ဂလားအကြား ဆက်ဆံရေးအခြေအနေတွေကို
ရှင်းလင်းခဲ့တဲ့အခါမှာ ကျွန်တော်တို့အတွက် အားတက်သရော နားထောင်စရာ ဖြစ်လာခဲ့တယ်။
သမိုင်းထဲက
ရခိုင်စီးပွားရေး
၁၆၃၅ ခုနှစ်မှာ
ရခိုင်ဘုရင် သြဇာအာဏာ ထိပ်ဆုံးသို့ ရောက်ရှိလာခဲ့ပါတယ်။ ရခိုင်ဘုရင်တွေ သြဇာအာဏာ
ကြီးထွားလာမှုရဲ့ အဓိကအချက်ကတော့ ကုန်သွယ်ရေးက ရရှိတဲ့ အခွန်ဘဏ္ဍာတွေကြောင့်ပဲ
ဖြစ်ပါတယ်။ ဒါကလည်း ရခိုင်နဲ့ ဘင်္ဂလားဒေသတွေမှာ ရှိခဲ့ကြတဲ့ ဒတ်ခ်ျလူမျိုးတွေရဲ့
ကုန်သွယ်ရေး ဖြစ်စဉ်တွေကြောင့်လို့ အထောက်အထားတွေအရ သိခဲ့ရတယ်။ ၁၆၃၈ ခုနှစ်
နောက်ပိုင်း ဘင်္ဂလားအရှေ့တောင်ဘက်ပိုင်းမှာ ရခိုင်တွေရဲ့ ထိန်းချုပ်မှု
စတင်အားလျော့လာခဲ့ရတယ်။ အဲဒီလိုအားလျော့လာ ခဲ့ရတဲ့ အကြောင်းရင်းကတော့
အခွန်ဘဏ္ဍာရရှိမှု လျော့နည်းလာခြင်းကြောင့်ပဲ ဖြစ်ခဲ့တယ်။ ၁၆၆၆ ခုနှစ်
နောက်ပိုင်းမှာတော့ စစ်တကောင်းကို လက်လွှတ်ခဲ့ရတဲ့အတွက် ရခိုင်ဒေသ
အားနည်းလာခဲ့ရတော့တယ်။ ဒါ့အပြင် ရခိုင်ဒေသကနေ ဒတ်ခ်ျ ကုန်သည်တွေ
ထွက်ခွာသွားခြင်းဟာလည်း ရခိုင်စီးပွားရေးအပေါ် သက်ရောက်မှု ရှိစေခဲ့တယ်လို့
သိခဲ့ရတယ်။ ဒီလို ဘင်္ဂလားကနေပြီးတော့ အခွန်ဘဏ္ဍာမရရှိမှု၊ ဒတ်ခ်ျကုန်သည်တွေ
ထွက်ခွာသွားမှုတွေဟာ ရခိုင်စီးပွားရေး ဈေးကွက်ကို အေးစက်စေ ခဲ့ပါတယ်။ ဘင်္ဂလားကို
ထိန်းချုပ်ပြီး ရရှိလာတဲ့ ကြွယ်ဝချမ်းသာမှုနဲ့ ကုန်သွယ်မှုမှ ရရှိတဲ့ အခွန်အခတွေကို
မှီခိုနေရတဲ့ ရခိုင်ဘုရင်ရဲ့ သြဇာအာဏာဟာလည်း ခြိမ်းခြောက်ခံနေခဲ့ရပါတယ်။ ထို့အတူ
၁၇ ရာစုနှောင်းပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကြောင့် လည်း
ရခိုင်ဘုရင့်တိုင်းပြည်ဟာ မြန်မာဘုရင်လက်အောက်မှာ ကျဆုံးခဲ့ရပါတယ်။
သမိုင်းက ပြောလာတယ်။
ရိုဟင်ဂျာ မရှိဘူး။
''ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကတော့ မတွေ့မိပါဘူး။ ဒါပေမယ်လို့ ၁၇ ရာစုလောက်မှာတော့ မွတ်စလင်အုပ်စု မြောက်ဦးမှာ ရှိနေပါပြီ။ အဲဒီခေတ်မှာ လူတွေက ကိုယ့်ကိုယ်ကိုယ် ရိုဟင်ဂျာလို့ မသတ်မှတ်ကြပါဘူး''ဆိုတာကတော့ ကျွန်တော်တို့ နားထောင်ခဲ့ရတဲ့ သမိုင်းထဲက အထင်အရှားပြသခဲ့တဲ့ ပြယုဂ်တစ်ခုပါ။
''ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကတော့ မတွေ့မိပါဘူး။ ဒါပေမယ်လို့ ၁၇ ရာစုလောက်မှာတော့ မွတ်စလင်အုပ်စု မြောက်ဦးမှာ ရှိနေပါပြီ။ အဲဒီခေတ်မှာ လူတွေက ကိုယ့်ကိုယ်ကိုယ် ရိုဟင်ဂျာလို့ မသတ်မှတ်ကြပါဘူး''ဆိုတာကတော့ ကျွန်တော်တို့ နားထောင်ခဲ့ရတဲ့ သမိုင်းထဲက အထင်အရှားပြသခဲ့တဲ့ ပြယုဂ်တစ်ခုပါ။
'ရခိုင်-နယ်စပ်ဖြတ်ကျော်ပြောင်းရွှေ့
နေထိုင်မှုမှသည် လူမျိုးစု အကြမ်းဖက်မှုဆီသို့ '
ဆက်လက်ပြီးတော့ ဂျပန်နိုင်ငံ ကန်ဒါတက္ကသိုလ် နိုင်ငံတကာ လေ့လာရေးဌာနက သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းက 'ရခိုင်-နယ်စပ်ဖြတ်ကျော် ပြောင်းရွှေ့နေထိုင်မှုမှသည် လူမျိုးစုအကြမ်းဖက်မှု (၁၈၂၆-၁၉၇၅) 'ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့တယ်။ ရခိုင်ပြည်နယ်မှာ ၁၈၇၉ ခုနှစ်ကနေ စတင်ပြီးတော့ စစ်တကောင်းသားတွေရဲ့ ပြောင်းရွှေ့နေထိုင်မှုတွေက ပိုပြီးများလာခဲ့ပြီး မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ စစ်တကောင်းဒေသခံတွေ အများဆုံးဖြစ်လာခဲ့တယ်လို့ သိခဲ့ရတယ်။
ဆက်လက်ပြီးတော့ ဂျပန်နိုင်ငံ ကန်ဒါတက္ကသိုလ် နိုင်ငံတကာ လေ့လာရေးဌာနက သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းက 'ရခိုင်-နယ်စပ်ဖြတ်ကျော် ပြောင်းရွှေ့နေထိုင်မှုမှသည် လူမျိုးစုအကြမ်းဖက်မှု (၁၈၂၆-၁၉၇၅) 'ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့တယ်။ ရခိုင်ပြည်နယ်မှာ ၁၈၇၉ ခုနှစ်ကနေ စတင်ပြီးတော့ စစ်တကောင်းသားတွေရဲ့ ပြောင်းရွှေ့နေထိုင်မှုတွေက ပိုပြီးများလာခဲ့ပြီး မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ စစ်တကောင်းဒေသခံတွေ အများဆုံးဖြစ်လာခဲ့တယ်လို့ သိခဲ့ရတယ်။
ကိုလိုနီခေတ်မှတ်တမ်းကပြောတဲ့
အထောက်အထားတွေ
''ကျွန်တော်အသေအချာ
ပြောနိုင်တာကတော့ ယခု ရိုဟင်ဂျာလို့ ကိုယ့်ကိုယ်ကိုယ် ဆိုနေသူတွေဟာ ဘင်္ဂါလီတွေပါပဲ။
ဒါတွေကို ကိုလိုနီခေတ် မှတ်တမ်းတွေမှာ မှတ်တမ်းတင်ထားပါတယ်။ ရိုဟင်ဂျာဆိုတာ
ရခိုင်မှာမရှိပါဘူး''ဆိုတဲ့ အချက်ကိုတော့ သမိုင်းပညာရှင် ဒေါက်တာအေးချမ်းက
အထောက်အထားများနဲ့ ပြောကြားသွားခဲ့တာပါ။ ဒါနဲ့ဆက်စပ်ပြီး ဘင်္ဂါလီတွေဟာ နှစ်ပေါင်း
၄၀ အတွင်း (၁၈၇၁ ခုနှစ်မှ ၁၉၁၁ ခုနှစ်)မှာ လူဦးရေတိုး ပွားမှု အမြင့်ဆုံးနှုန်း
ရှိခဲ့တာကိုလည်း အထောက်အထားတွေနဲ့ တင်ပြခဲ့တာ တွေ့ခဲ့ရပါတယ်။ နှစ်ပေါင်း ၄၀
အတွင်းမှာ ဘင်္ဂါလီ အစ္စလာမ် ဘာသာဝင်ဦးရေ ၅၈၂၅၅ မှ ၁၇၈၆၄၇ ဦးရေအထိ တိုးပွားလာပုံ၊
ရခိုင်ရွာတွေကို မူဂျာဟစ် သူပုန်တွေက ဖျက်ဆီးပုံနဲ့ မူဂျာဟစ်ပါတီရဲ့
တောင်းဆိုချက်တွေအရ မောင်တော၊ ဘူးသီးတောင်မြို့နယ်တွေမှာ ဘင်္ဂါလီတွေက ၉၄ ရာ
ခိုင်နှုန်း၊ ၈၄ ရာခိုင်နှုန်းတို့နဲ့ လူအများစု ဖြစ်နေခဲ့ကြောင်း ရှင်းလင်းပွဲမှာ
ပြောကြားသွားခဲ့တယ်။ မစ္စတာကာဇိုင်းက မြန်မာတွေ အနေနဲ့ မောင်းထုတ်ပိုင်ခွင့်ရှိတဲ့
ရခိုင်ပြည်နယ်က ဘင်္ဂါလီကျူးကျော်သူ ငါးသိန်းကျော်ရှိတယ်ဆိုတာကို ၀န်ခံခဲ့ပါတယ်။
နောက်ပြီး သူက ဘင်္ဂလားနိုင်ငံရဲ့ လက်ရှိပြဿနာတွေ အတောအတွင်းမှာ ဒီပြဿနာကို အင်တိုက်အားတိုက်
မလုပ်ဖို့ မြန်မာအစိုးရကို တောင်းပန်ခဲ့ပါတယ်။ နောက်ပြီးသူက မြန်မာနိုင်ငံကို
လူတွေအစုလိုက် အပြုံလိုက် ၀င်ရောက်သွားခြင်း မရှိကြောင်း ငြင်းဆိုခဲ့တယ်လို့ The
National Archives , London:FCO 15/2041 C 384097 ကို ကိုးကားပြီး
ဒေါက်တာအေးချမ်းက ပြောကြားခဲ့ပါတယ်။
ရိုဟင်ဂျာ စကားလုံးရဲ့အစ
ရိုဟင်ဂျာစကားလုံးကို
မည်သည့်အချိန်တွင် မည်သူက စတင်သုံးစွဲခဲ့ကြောင်းကိုတော့ သမိုင်းပါမောက္ခ
ဒေါက်တာအေးချမ်းက ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို ၁၉၅၁ ခုနှစ်တွင် ဘူးသီးတောင်မှ Mr.
Abdul Gaffa က တီထွင်ခဲ့ကြောင်း၊ စင်စစ်တွင် ၎င်းမှာရိုဟင်ဂျာ ဆိုသောစကားလုံးကို
Roshang or Rohan က ယူတာဖြစ်ကြောင်းနှင့် Roshang or Rohan စကားရပ်မှာ
ဘင်္ဂါလီစကားရပ်ဖြစ်ပြီး ရခိုင်လူမျိုးကိုသာ ခေါ်တွင်သည့် စကားရပ်ဖြစ်ကြောင်း
ဖြေကြားသွားခဲ့ပါတယ်။ ဘင်္ဂါလီအရေး ဆောင်ရွက်ရေးသားနေသူ ဦးဌေးလွင်ဦးက Francis
Buchanan ရေးသားခဲ့တဲ့ စာတမ်းမှာ ရခိုင်ပြည်မှာ ကာလကြာရှည် နေထိုင်ခဲ့ကြတဲ့
မိုဟာမေဒင်များဟာ သူတို့ကိုယ်သူတို့ rooinga လို့ ခေါ်ဆိုကြောင်း၊ အဆိုပါစာတမ်းမှာ
ဗြိတိသျှတွေ ရခိုင်ကို မရောက်ခင် ၁၈၀၁ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့တာဖြစ်ကြောင်း၊
တစ်ကယ်လို့ ရိုဟင်ဂျာတွေသာ အဲဒီမှာ မရှိဘူးဆိုရင် ဘာကြောင့် ယခုလို
အသုံးအနှုန်းမျိုးကို ထည့်သွင်းရေးသားခဲ့ရတာလည်းဆိုပြီး မေးမြန်းခဲ့ပါတယ်။ ဒီအခါမှာ
ဒေါက်တာအေးချမ်းက ဒါဟာ ရိုဟင်ဂျာတွေကို ဆိုလိုတာ မဟုတ်ကြောင်း၊ စာတမ်းရှင်က
Rohhawn, Roan လို့လည်း သုံးနှုန်းခဲ့ကြောင်း၊ ထိုအချိန်က ဘင်္ဂါလီတွေဟာ ရခိုင်တွေကို
Rohhawn, Roan လို့လည်း ခေါ်ဆိုခဲ့ကြောင်း၊ ဒီ Rohhawn, Roan ဆိုတာဟာ နောက်မှ
တရားမ၀င် ရွှေ့ပြောင်း ရောက်လာတဲ့ ဘင်္ဂါလီတွေကို ခေါ်ဆိုခြင်း မဟုတ်ကြောင်း၊ primary
sources များကို ကိုးကားပြီး မေးမြန်းချက်ကို ချေပခဲ့ပါတယ်။နောက်ပြီး
ဒေါက်တာအေးချမ်းက သူ့ကိုးကားချက်တွေဟာ primary sources တွေဖြစ်ပြီး ဦးဌေးလွင်ဦး
ပြောကြားခဲ့တာတွေက Secondary Sources ဖြစ်ပြီး Article သာ ဖြစ်တဲ့အတွက် ဒီအပေါ်မှာ
အားထားယုံကြည်လို့ မဖြစ်နိုင်ဘူးလို့ ပြောကြားသွားခဲ့ပါတယ်။
ရိုဟင်ဂျာ ပြဿနာ၏
အရင်းအမြစ်
ရှင်းလင်းပွဲကို တက်ရောက်
လာသူတစ်ဦးက ရခိုင်ပြည်မှာ ဖြစ်နေတဲ့ ပဋိပက္ခရင်းမြစ်ရဲ့ အဓိက အကြောင်းရင်းကို
မေးမြန်းတဲ့အခါ ဒေါက်တာအေးချမ်းကပဲ ''ဒါဟာ ဗြိတိသျှ ကိုလိုနီမူဝါဒတွေရဲ့
အကျိုးဆက်တွေကြောင့် ဖြစ်ရတာပါ။ သူတို့ဟာ ဘင်္ဂါလီတွေကို မြန်မာနိုင်ငံ ရဲ့
လယ်ယာလုပ်ငန်းခွင်တွေမှာ လုပ်ကိုင်ဖို့ ခေါ်ဆောင်လာခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ကတော့
ဗြိတိသျှအစိုးရအနေနဲ့ ဒီတာဝန်ကို ယူဖို့ တွန့်ဆုတ်နေတယ်ဆိုတာ ရှင်းနေတာပါပဲ။
နောက်တစ်ချက်က ဘင်္ဂါလီတွေ ပြောတဲ့စကားဟာ စစ်တကောင်းဘက်မှာ ပြောတဲ့လူမျိုးတွေရဲ့
ဘာသာစကား သုံးစွဲပုံခြင်း တူနေတဲ့အချက်ပါပဲ''လို့ ထောက်ပြ ပြောဆိုသွားခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံကို ၀င်ရောက်လာတဲ့ ဘင်္ဂါလီတွေရဲ့ မိခင်နိုင်ငံအနေနဲ့လည်း
ဒီရွှေ့ပြောင်းလာမှုတွေအတွက် အပြစ်တင်သင့်တယ်လို့လည်း ဒေါက်တာအေးချမ်းက ဆိုပါတယ်။
''ကျွန်တော်တို့ဟာ အိမ်ရှင်ပါ။ သူတို့တွေက ဧည့်သည်ပါ။'' ဆိုပြီးတော့ အဆုံးသတ်ခဲ့ပါတယ်။
ရိုဟင်ဂျာ မရှိကြောင်း
ရှင်းရှင်းလင်းလင်း သိရပြီ
''ဒီရှင်းလင်းပွဲကြောင့်
လူတွေဟာ ရိုဟင်ဂျာ မရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိသွားတာပေါ့။ရိုဟင်ဂျာ
မြန်မာနိုင်ငံမှာ မရှိဘူး'' ဆိုတာကတော့ သမိုင်းပညာရှင် ဒေါက်တာအေးချမ်းက
နိုင်ငံတကာနှင့် ပြည်တွင်းမှာ အာရုံစိုက်နေသည့် ရိုဟင်ဂျာ ဆိုသည့်
အငြင်းပွားဖွယ်ရာ ပြဿနာများအား အဆုံးသတ်ပေးသွားခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင်
ရခိုင်တွင် ဖြစ်ပေါ်နေသော မတည်ငြိမ်မှု၊ ပဋိပက္ခများအား နိုင်ငံတွင် အုပ်ချုပ်နေသော
အကြီးအကဲများက ဖြေရှင်းပေးရန် မျှော်လင့်ကြောင်း၊ အမြန်ဆုံးငြိမ်း ချမ်းနိုင်စေရန်
ဆန္ဒပြုကြောင်း၊ စီးပွားရေး၊ လူမှုရေး မငြိမ်မသက် ဖြစ်နေခြင်းများအား အမြန်ဆုံး
အဆုံးသတ်စေရန် မျှော်လင့်ကြောင်းကို ဆွေးနွေးပွဲ တက်ရောက်လာတဲ့ ထိုင်းနိုင်ငံရှိ
ချူလာလောင်ကွန်းတက္ကသိုလ်၊ ဗုဒ္ဓဘာသာ ပထမနှစ် တက်ရောက်နေသော အရှင်တေဇက
မိန့်ကြားခဲ့ပါတယ်။
ဆွေးနွေးပွဲသို့
တက္ကသိုလ်အသီးသီးမှ သမိုင်းပါမောက္ခများ၊ နိုင်ငံတကာ သံအရာရှိများ၊ သတင်းဌာနများနဲ့
ဖိတ်ကြားထားသူများ၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တက္ကသိုလ်အသီးသီးတွင်
ပညာသင်ကြားနေကြတဲ့ ရခိုင်ရဟန်းသံဃာများနဲ့ ကျောင်းသား၊ ကျောင်းသူများ ၁၅၀ ကျော်
တက်ရောက်ခဲ့ပါတယ်။ ထို့ပြင် မြန်မာနိုင်ငံမှ ရခိုင်နိုင်ငံရေးပါတီများ ဖြစ်ကြသည့်
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီတို့မှ
ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးအေးသာအောင်၊ ဒေါက်တာအေးမောင်နဲ့ တာဝန်ရှိသူများလည်း
တက်ရောက်ခဲ့ကြပါတယ်။ ဒါ့အပြင် ၈၈ မျိုးဆက်မှ ကိုမြအေးကိုလည်း ဒီပွဲတက်ရောက်ဖို့
ဖိတ်ကြားခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမယ်လို့ တက်ရောက်နိုင်ခဲ့ခြင်း မရှိပါဘူး။
ငါးနာရီကျော်ကြာ
ပြုလုပ်ခဲ့တဲ့ ရခိုင်သမိုင်း ဆွေးနွေးပွဲကနေ နှစ်ပေါင်းများစွာ သန္ဓေတည်နေခဲ့တဲ့
ဘင်္ဂါလီ၊ ရိုဟင်ဂျာဆိုတဲ့ ပြဿနာတွေကို အထောက်အထားတွေ၊ ကိုးကားချက်တွေ အစုံအလင်နဲ့
အဆုံး သတ်ပေးနိုင်ခဲ့ပါတယ်။ လက်တွေ့အနေအထားမှာတော့ မည်သို့မည်ပုံ
အဖြေထုတ်လာနိုင်မည်ဆိုတဲ့ အချက်ကို ကျွန်တော်အပါအ၀င် ရခိုင်လူမျိုးတွေရဲ့ ရင်ထဲမှာ
မေးခွန်းထုတ်နေမိပါတယ်။
No comments:
Post a Comment