Popular Posts!

Wednesday, April 3, 2013

ခြေလှမ်းကျဲကျဲနဲ့ ၀င်လာတော့မယ့် ဂျပန်

ရွှေတွေအားလုံးမျှော်လင့်နေကျတဲ့ နိုင်ငံကြီးက နိုင်ငံခြားသားတွေ မြန်မာစီးပွားရေးဇုံကို ၀င် ရောက်လာကျမယ်လို့...... အမှန်တကယ်ဂျပန်ကမြန်မာနိုင်ကသူတို့အတွက် လျှပ်စစ်ကူးပစ္စည်းတွေမှာ မရှိမဖြစ်တဲ့ အရမ်းကိုအရေးတကြီးကို လိုအပ်နေတဲ့  သဲနက်မြေ လို့ ခေါ်တဲ့ Rare Earth Element တွေကိုလိုချင်လို့ပါဘဲ၊  အမှန်တကယ် ဒီ Rare Earth ကို ကမ္ဘာမှာ တရုတ်တွေက ၇၀% လောက်ကို လက်ဝါးကြီးအုပ်ထားတာပါ၊ အခုတော့ တရုတ်က နိုင်ငံရေးအရ အကန့်အသတ်တွေနှင့် ရောင်းတော့ အကုန်လုံးဒုက္ခရောက်ကုန်တော့ တာပေါ့...အမှန်အမိမြန်မာပြည်က ရွှေလို့ခေါ်တာမှန်ပါတယ် ဒါပေမဲ့ အလွန်ကြွယ်ဝတဲ့ သဘာဝ ကျောက်သံ ဘယံဇာတ ပေးထားပြီး လူတွေမှုတွေအသုံးမကျလို့  ကမ္ဘာပတ်ပြီး အကူညီတွေတောင်းနေရပါတယ်၊ အကြွေးတွေကိုလဲလျှော်ခိုင်းရတယ်လေ....ဂျပန်တွေဆိုတာက သူတို့အတွက်အကျိုးမရှိဘာကိုမှလုပ်တတ်တဲ့သူတွေမဟုတ်ပါဘူး...အများဆုံးလာနေတာက တခြားနိုင်ငံခြား သားတွေထက်ပိုပါတယ် စီးပွားရေးထက်  ဂျပန်တွေစိတ်ဝင်အစားဆုံးက ဘေးနိုင်ငံထက်ပိုသန့်တဲ့ ရွှေမိန်းခလေးပါဘဲလို့ဘဲပြောချင်ပါတယ်၊ ဂျပန်၁၀ယောက်လာ၁၀ယောက်လုံးမကင်းပါဘူး၊
 

ခြေလှမ်းကျဲကျဲနဲ့ ၀င်လာတော့မယ့် ဂျပန်

 
 တိုကျိုမြို့ လယ်တွင် သူငယ်ချင်းနှင့်  စကားဖောင် ဖွဲ့၍ လမ်းလျှောက် နေသော သီတာဦး တစ်ယောက် နောက်မှ အော်ပြီး အတင်းလိုက် နှုတ်ဆက်သော အမျိုးသားကြီး တစ်ဦးကြောင့် လန့်သွားသည်။ အဆိုပါ ဂျပန် အမျိုးသား ကြီးက “ခင်ဗျား တို့က မြန်မာ ကျောင်းသူ တွေလား” ဟုမေးပြီး သူမက “ဟုတ်ပါတယ်” ဟု ဖြေလိုက်သည်နှင့် ထိုပုဂ္ဂိုလ်က လိပ်စာကတ် များပေး၍ အတင်း နှုတ်ဆက် တော့သည်။ လိပ်စာ ကတ်ပေါ်တွင် ထိုပုဂ္ဂိုလ်၏ အမည်နှင့် ရာထူးက အခန့်သား။ ၎င်းကုမ္ပဏီက မြန်မာနိုင်ငံတွင် သွားရောက် လုပ်ကိုင် မည်ဖြစ်၍ ကျောင်းပြီး၍ အလုပ် လုပ်လိုပါက သူ့ကုမ္ပဏီတွင် ၀င်လုပ်ပါဟု လမ်းပေါ်တွင် ချက်ချင်း အလုပ်ခန့် လိုက်လေသည်။
ခြေလှမ်းကျဲကျဲနဲ့ ၀င်လာတော့မယ့် ဂျပန်“အခု ဂျပန်တွေက မြန်မာနိုင်ငံကို အရမ်း စိတ်ဝင်စား နေကြတာ။ ဒီမှာ တက္ကသိုလ် တစ်ခုက ဘွဲ့ရထားတဲ့ သူတွေ ဆိုရင်လည်း အလုပ်ခန့် ချင်ကြတဲ့ သူတွေက အများကြီး။ အဓိက စကားပြန် ခန့်ချင် ကြတာ။ အခု သံရုံးကို သွားရင် ကုမ္ပဏီ တွေက အလုပ်ခေါ်တဲ့ ကြော်ငြာတွေ ပေးတယ်။ အရင်က အဲဒီလို တွေမရှိဘူး” ဟု သီတာဦးက အတွေ့ အကြုံကို ပြောသည်။
စစ်အစိုးရ လက်ထက်တွင် မြန်မာနိုင်ငံ အပေါ် လူသားချင်း စာနာသော အကူအညီ သာပေး၍ ဖွံ့ဖြိုးမှု အကူအညီများ ပေးခြင်း ရပ်ဆိုင်းကာ ပုံမှန် ဆက်ဆံရေး သာရှိခဲ့သော ဂျပန် နိုင်ငံသည် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် နိုင်ငံရေး ဖြစ်ပေါ် ပြောင်းလဲ တိုးတက်မှု များနှင့်အတူ ဂျပန်-မြန်မာ ဆက်ဆံရေး ကဏ္ဍသစ်ကို ဖွင့်လှစ် လိုက်သည်။ မြန်မာ နိုင်ငံအပေါ် တင်ရှိနေသော အကြွေး များကို ပထမဆုံး လျှော်ပေးခဲ့သော နိုင်ငံဖြစ် လာသလို ဖွံ့ဖြိုးရေး အတွက် အကူအညီများ အများဆုံး ပေးသူ ဖြစ်လာသည်။ ထိုနည်းတူ ပွင့်လင်းစ မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီး မြှုပ်နှံရန် အတက်ကြွ ဆုံးမှာလည်း ကမ္ဘာ့ တတိယမြောက် စီးပွားရေး အင်အား အကြီးဆုံး နိုင်ငံဖြစ်သော ဂျပန်တို့ပင် ဖြစ်လာသည်။
“အခုဆိုရင် တရုတ်မှာ ဂျပန်က ကုမ္ပဏီတွေ သွားပြီး အလုပ်လုပ်ဖို့ ခက်နေပြီ။ ထိုင်းမှာ ကျတော့ ရေခဏခဏ ကြီးနေတယ်။ ဗီယက်နမ် ကျတော့ လုပ်သားတွေ ရဲ့ လုပ်ခ လစာတွေ တဖြည်းဖြည်း ကြီးလာပြီ။ ဒါကြောင့် ဘယ်ကို သွားမလဲဆိုရင် နောက်တစ်နိုင်ငံ တွေ့ထား တာက ကမ္ဘောဒီးယား၊ ကမ္ဘောဒီးယားနဲ့ အတူ မြန်မာနိုင်ငံ ကိုပါ ရင်းနှီး မြှုပ်နှံဖို့ ဂျပန် ကုမ္ပဏီတွေ စိတ်ဝင်စား နေကြတာပါ” ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) အရှေ့တောင် အာရှဌာနခွဲ အကြံ ပေးအရာရှိ ကိုဂျိမတာ ကဲဟရု၏ မြန်မာနိုင်ငံ အပေါ် ဂျပန်ကုမ္ပဏီများ ဘာကြောင့် စိတ်ဝင်စား ရသည်ဆိုသော မေးခွန်းအတွက် အဖြေဖြစ်သည်။
ထို့အပြင် ဂျပန်နိုင်ငံမှ ဘဏ်ကြီး တစ်ခုဖြစ်သော JBIC က ဂျပန် စီးပွားရေး လုပ်ငန်းရှင်များကို မေးမြန်းစစ်တမ်း ကောက်ယူ ရာတွင်လည်း လာမည့် သုံးနှစ်အတွက် ဂျပန်လုပ်ငန်း ရှင်များအတွက် ကမ္ဘာတစ်ဝန်း ရင်းနှီး မြှုပ်နှံရန် အလားအလာ အကောင်းဆုံး နိုင်ငံစာရင်းတွင် ပထမဦးဆုံးအကြိမ် မြန်မာနိုင်ငံမှာ ထိပ်ဆုံး ၁၀ နိုင်ငံစာရင်းဝင်နေသည်။ လုပ်သား လုပ်ခလစာ သက်သာခြင်းမှာ မြန်မာနိုင်ငံ၏ အဓိက အားသာ ချက်ဟု ဂျပန် ကုမ္ပဏီများက မြင်သည်။
ထို့အပြင် အရည်အသွေး ပြည့်မီသော လူသား အရင်းအမြစ် ရရှိနိုင်ခြင်း၊ လူဦးရေ သန်း ၆၀ ကျော်ရှိသော မြန်မာ နိုင်ငံ၏ ပြည်တွင်း ဈေးကွက် အလား အလာ ကောင်းခြင်း၊ ကုန်ကြမ်း ပစ္စည်း ရရှိရန် လွယ်ကူပြီး ဈေးမကြီးခြင်း၊ ကုန်စည် မျိုးစုံ ထုတ်လုပ်နိုင်ခြင်း၊ ထုတ်ကုန်များကို ဂျပန်သို့ တင်ပို့ရန်နှင့် အခြား နိုင်ငံ များသို့ တင်ပို့ရန် လွယ်ကူခြင်း စသော အားသာချက် များကြောင့် မြန်မာနိုင်ငံတွင် ဂျပန် လုပ်ငန်း ရှင်များ ရင်းနှီး မြှုပ်နှံရန် မျက်စိကျ နေခြင်းဖြစ်သည်။ အခြေခံ အဆောက်အအုံ တည်ဆောက်မှု၊ ကားလုပ်ငန်း၊ အီလက် ထရွန်းနစ် ပစ္စည်း ထုတ်လုပ်ခြင်း လုပ်ငန်းများ၊ ငွေကြေး ဆိုင်ရာ ၀န်ဆောင်မှု လုပ်ငန်း၊ စွမ်းအင် ကဏ္ဍ စသည်တို့တွင် ဂျပန်တို့ ရင်းနှီး မြှုပ်နှံလိုနေခြင်း ဖြစ်သည်။ သို့သော် ဂျပန် ရင်းနှီးမြှုပ်နှံ သူများအတွက် ပူပန်မှု များလည်း ရှိသည်။
အခြေခံ အဆောက်အအုံ မဖွံ့ဖြိုး သေးခြင်း၊ နိုင်ငံရေးနှင့် လူမှုရေး မဖွံ့ဖြိုးမှု၊ သတင်း အချက် အလက်အမှန် ရရှိရန် ခက်ခဲမှု၊ ဥပဒေနှင့် လုပ်ထုံး လုပ်နည်းများ မရှင်းလင်း မှုတို့မှာ မြန်မာ နိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံ လိုသူများ အတွက် အဓိက အခက်အခဲ များဖြစ်ကြောင်း ဂျပန် ကုမ္ပဏီ များက ဆိုကြသည်။ တိုင်းပြည် စီးပွားရေး နိမ့်ကျသော်လည်း ဆန့်ကျင်ဘက် အဖြစ် မြန်မာနိုင်ငံ၏ မြေဈေးနှုန်းများ ဖြစ်သင့်သည်ထက် များစွာမြင့်မားနေခြင်းမှာ ဂျပန်ကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်နှံရန် နောက်တွန့်စေသော အချက်တစ်ချက်ဖြစ်ကြောင်း ဂျပန်လုပ်ငန်းရှင်တစ်ဦးကလည်း ပြောသည်။ ဂျပန် စီးပွားရေး လုပ်ငန်းရှင်များ မြန်မာနိုင်ငံသို့ လာရောက်သောအခါ စီးပွားရေးပြည်ဝင်ခွင့် ဗီဇာလုပ်ရသည်မှာလည်း ခက်ခဲနေသေးပြီး၊ အစိုးရဌာနများနှင့် ဆက်စပ်လုပ်ငန်းများလုပ်ကိုင်ရာတွင် ဟိုသွားရ၊ ဒီသွားရနှင့် လုပ်ငန်းစဉ် များပြားနေခြင်းမှာလည်း အခက်အခဲတစ်ခုဖြစ်ကြောင်း ဂျပန်နိုင်ငံရှိ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး ရေးအတွက် အဓိကအကူအညီ ပေးနေသော အသင်းဖြစ်သည့် JCCI မှ တာဝန်ရှိသူတစ်ဦးကလည်းပြောသည်။
လွန်ခဲ့သည့် လအနည်းငယ်အတွင်း ဂျပန်နိုင်ငံရှိ အကြီးစား ကုမ္ပဏီကြီးများ၊ လုပ်ငန်းများက လာရောက်လေ့လာသကဲ့သို့၊ အလတ်စားကုမ္ပဏီများကလည်း လာရောက်လေ့လာခဲ့ကာ၊ အသေးစား ကုမ္ပဏီများကလည်း မြန်မာနိုင်ငံကို လာရောက်လေ့လာရန် ပြင်ဆင်နေသည်။ အသေးစား၊ အလတ်စား လုပ်ငန်းများအနေဖြင့် မြန်မာနိုင်ငံရှိ ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်ရန် စိတ်ဝင်စားနေကြကြောင်းလည်း အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့်လည်း ဂျပန်ကုမ္ပဏီများ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံရန် စိတ်အားထက်သန်နေကြောင်းကို အကဲခတ်နိုင်ပါသည်။
သို့သော် လက်ရှိတွင် ဂျပန်တို့မှာ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသူများစာရင်းတွင် ကုမ္ပဏီ ၃၁ ခု၏ ရင်းနှီးမြှုပ်နှံငွေ ဒေါ်လာ သန်း ၂၆၀ ခန့်ဖြင့် အဆင့် ၁၁ သာ ရှိနေသည်။ တိုကျိုရှိ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ပြီးခဲ့သည့် မတ်လ ၁၃ ရက်၌ မြန်မာနိုင်ငံသို့ အကူအညီများပေးအပ်ရန်၊ ဖွံ့ဖြိုးရေး အကူအညီနှင့် ချေးငွေများ ပေးအပ်ရန် ပထမဆုံးအကြိမ် အစည်းအဝေးလုပ်ခဲ့သည်။ မြန်မာနိုင်ငံအပေါ် ဘာကြောင့် ဂျပန်တွေက ဖော်ရွေသဘောကောင်းနေရပါသလဲဟု ကျွန်တော်၏မေးခွန်းကို အစိုးရဌာနမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ တူညီစွာ ဖြေသောအဖြေ တစ်ခုရှိသည်။ မြန်မာနိုင်ငံ ဖွံ့ဖြိုးလာပြီး ပြည်သူလူထု စားဝတ်နေရေး အဆင်ပြေလာသည်နှင့်အမျှ နိုင်ငံရေး ပိုမိုတည်ငြိမ်လာကာ ဂျပန်အပါအ၀င် ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများအတွက် ပြန်လည်အကျိုးရှိနိုင်သည်ဆိုသော အချက်ပင် ဖြစ်သည်။
မြန်မာနိုင်ငံဖွံ့ဖြိုးလာပါက ၎င်းနှင့်ဆက်စပ်လုပ်ကိုင်နေသော နိုင်ငံများ၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနေသော ဂျပန်အပါအ၀င် ပြည်ပနိုင်ငံများလည်း အကျိုးရှိပြီး၊ နှစ်ဦးနှစ်ဖက် အကျိုးရှိမှုကို လိုလား၍ဖြစ်သည်ဟု ဖြေကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှာ ဈေးကွက်အသစ်ဖြစ်နေခြင်း၊ နိုင်ငံ၏ ပထ၀ီအနေအထား အရေးပါခြင်း၊ နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်ပြီး ယဉ်ကျေးမှု အပါအ၀င် ကဏ္ဍပေါင်းစုံ နီးစပ်မှုများမှာ ဂျပန်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသော အဓိက အကြောင်းအရင်းများ ဖြစ်နိုင်သည်ဟု မြန်မာနိုင်ငံအရင်းအမြစ်ဖွံ့ဖြိုးရေးစင်တာ (MDRI) စီးပွားရေးဌာန အကြံပေး ဒေါက်တာဇော်ဦးက သုံးသပ်သည်။ ဂျပန်အပါအ၀င် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ လှိမ့်၍ ၀င်ရောက်လာပါက အဆိုပါ အခွင့်အလမ်းကို အသုံးချနိုင်ရန် အသေးစား၊ အလတ်စား လုပ်ငန်းများပြင်ဆင်ထားရန် လိုကြောင်းလည်း ဒေါက်တာဇော်ဦးက အကြံပြုသည်။
အလားတူ လုပ်သားများ၏ လုပ်ခလစာ သက်သာသည်ဆိုသော အချက်ဖြင့် ရေရှည်သွား၍ မရနိုင်သောကြောင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရန် ကြိုးပမ်းရမည်ဟုလည်း ၎င်းက ဆက်ပြောသည်။ ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာပါက အလုပ်အကိုင်အခွင့်အလမ်းများ၊ နည်းပညာများ ရရှိမည်ဖြစ်ပြီး ပူးပေါင်းလုပ်ကိုင်မည့် လုပ်ငန်းရှင်များအတွက် အကျိုးရှိမည်ဖြစ်၍ ကြိုဆိုကြောင်း မော်တော်ကားတင်သွင်း ရောင်းချသူများအသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ မြန်မာနိုင်ငံတောင်သူလယ်သမားများ အသင်းဥက္ကဋ္ဌဖြစ်သူ ဒေါက်တာစိုးထွန်းက ပြောသည်။
ဝန်ထမ်းလုပ်ကိုင်လိုသူများအနေဖြင့် ကိုယ်ရည်ကိုယ်သွေး တိုးတက်အောင်ကြိုးစားရန်နှင့် ပြည်ပကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်လိုသော ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုမ္ပဏီ၏ဘဏ္ဍာရေးနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာရန်၊ ဖွဲ့စည်းပုံမှာ နိုင်ငံတကာလက်ခံနိုင်သော ပုံစံဖြစ်အောင် ပြင်ဆင်ထားရန်လိုကြောင်း ကိုယ်တိုင်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သော ဒေါက်တာစိုးထွန်းက အကြံပြုသည်။ စက်ရုံ၊ အလုပ်ရုံဖြစ်ပါက နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်တစ်ခုခုရရှိရန် လိုကြောင်းလည်း ၎င်းက ဆက်ပြောသည်။
အရေးကြီးသည်မှာ ပြည်ပရင်းနှီးမြှုပ်နှံမှုများမှ တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုကြောင်း ဒေါက်တာဇော်ဦးက ပြောသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် အထူးစီးပွားရေးဇုန်များမှာ မဟာဗျူဟာကျသည့်အတွက် ဂျပန်နှင့် ပူးပေါင်းဆောင်ရွက်မည့် သီလ၀ါ အထူးစီးပွားရေးဇုန်မှာလည်း အလွန်အရေးပါကြောင်းလည်း ဒေါက်တာဇော်ဦးကပြောသည်။ ဂျပန်တို့ ၀င်လာတော့မည့်အတွက် ဂျပန်သို့ရောက်ရှိနေသော မြန်မာများ မြန်မာနိုင်ငံပြန်၍ အလုပ်လုပ်ရန် ယခင်ကထက် ပိုစိတ်ဝင်စားနေကြပြီဖြစ်သည်။ ။
 
Ref:7Day News

 

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!