Popular Posts!

Wednesday, April 10, 2013

မွေးဖွားစရိတ်လိုအပ်နေသည့် ကိုယ်ဝန်သည်ဘဝသို့ရောက်နေရသော CAR SHOW ROOM တို့၏ ဘဝနှင့်ကားဝယ်ရောင်းလောက

ပွင့်လင်းမြင်သာသော အစိုးရ၏ ဦးဆောင်မှုဖြင့် မြန်မာ့ဒီမိုကရေ စီစနစ်ကိုဖော်ဆောင်ရာတွင် တိုင်းရင်း သားစီးပွားရေး လုပ်ငန်းရှင်များ၏အခန်းကဏ္ဍမှာ လွန်စွာအရေးပါသောအခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ယခုအခါနိုင်ငံတော်သမ္မတက မလိုလားအပ်သောကုန်သွယ်ရေးအ တားအဆီးများဖြစ်သည့် Transaction Costများကိုဖြေလျှော့ပေးသည့်အနေဖြင့်၊ကုန်ပစ္စည်းများတင်သွင်းရာ တွင်ဖြစ်စေ၊ တင်ပို့ရာတွင်ဖြစ်စေ လွယ်ကူလျန်မြန်စွာဖြင့် တင်သွင်း/တင်ပို့ နိုင်ရန် ရည်ရွယ်၍ သွင်းကုန်လိုင်စင် လျှောက်ထားရယူရာတွင် သွင်းကုန် ၁၆၆မျိုး၊ ပို့ကုန်၁၅၂မျိုးတို့အတွက် လိုင်စင်လျှောက်ထားရန်မလိုအပ်ဘဲ နိုင်ငံတကာစံချိန်စံညွှန်း နှင့်အညီထင်သာ မြင်သာပြုပြင်ပြောင်းလဲပေးခဲ့ကြောင်း နှင့်၊ တိုင်းရင်းသားကုန်သည်များ ခံစား နေရသော ကုန်သွယ်ရေးအတားအဆီး များကို ရင်ကြားစေ့ပေးခဲ့ပြီဖြစ်သည်။
အဆိုပါလိုင်စင်မလိုအပ်သောစနစ်ကို မတ်လ၁ရက်နေ့မှ စတင်ကျင့်သုံးနေပြီးဖြစ်ကြောင်းနှင့် ၃၁၈ခုမျိုးသောပို့ကုန်/သွင်းကုန်အသစ်များကိုသွင်းကုန်လိုင်စင်မဲ့ခွင့်ပြုပေးသည့်အတွက် လူသုံးကုန်ပစ္စည်းများ၏ ဈေးနှုန်းများမှာ ထိုက်သင့်သလောက် ကျဆင်းလာမည်ဖြစ်သည်။
ထို့အတူယခင်ကမော်တော် ကားတင်သွင်းရာတွင် ကားအဟောင်း အရည်ကြိုနံပါတ်ပါမစ်တစ်စောင်လျှင် သိန်း ၉ဝခန့်ဈေးပေါက်ခဲ့သဖြင့်   Mark Grand ရွှေငါးတစ်စီးလျှင် မော် တော်ကားဝယ်ဈေးနှင့် အခွန်တန်ဖိုးတို့ပေါင်းပြီး၊ သိန်း၂ဝဝခန့်နှင့်ရောင်းချခဲ့ ကြပါသည်။ ယခုစနစ်အရသွင်းကုန် လိုင်စင်နှင့်ပါမစ်မလိုအပ်ခြင်းကြောင့်၊ Mark Grand ရွှေငါးတစ်စီးကို သိန်း၁ဝဝခန့်ဖြင့်ဝယ်ယူရရှိနိုင်မည်ဖြစ် သည်။
ထိုကဲ့သို့ဖြစ်ခဲ့လျှင်ပြည်သူများ ဈေးသက်သာစွာမော်တော်ကား စီးနင်း နိုင်မည်ဖြစ်သည်။
ထို့ပြင် Compay များနှင့် ကားဝယ်ရောင်းများ တင်သွင်းခဲ့သော ကားဈေးကွက်အခြေ အနေကြောင့် ဗိုက်အရမ်းနာသဖြင့် က လေးမွေးချင်သောကိုယ်ဝန်သည်ဘဝကဲ့ သို့ဖြစ်နေပြီး မမွေးလို့လည်းမရ၊ မွေးပြန် တော့လည်းစရိတ်ကကုန်ဦးမည်ဖြစ်သည်။ ထို့အတူမှာယူထားသောကားများ ဆိပ်ကမ်းသို့ရောက်လာ သဖြင့် အကောက် ခွနိကအပနှင့်ကညနခွန်၊ ကားထုတ် စရိတ်များကိုလည်းပေးဆောင်ရဦးမည် ဖြစ်သည်။ ထို့ပြင်ဥပဒေအသစ်ကြောင့် ကားဈေးလည်းကျဆင်းဦးမည့်အရေးကို တွေးပူနေရခြင်းကြောင့် မွေးကာနီး ကိုယ်ဝန်သည်ဘဝသို့ရောက်ရှိနေပါ တော့သည်။
Japan နိုင်ငံမှ ကားမျိုးစုံ ဖြစ်သည့် High Class ကားများတင် သွင်းရောင်းချသော Auto Car Show Room တစ်ခုမှ ကားအရောင်းအဝယ်တွေအပေါ်ယုံကြည်မှုခိုင်မြဲစေရန်၊ မော်တော်ကား၊ Service ဝန် ဆောင်မှုဖြင့်လည်းဝယ်သူများ စိတ်ကျေနပ်မှုရရှိအောင်ဖော်ဆောင်လုပ်ကိုင် ခြင်းဖြင့် ကားရောင်းဝယ်ရေး လောက သို့ ဝင်ရောက်လာသည်ကိုလည်းတွေ့ မြင်နေရပါသည်။
ယခုခေတ်ကာှးံဥျွျှွဥဥြ   အချို့၏ကားရောင်းချနေသောပုံစံမှာ “လာပါ၊ ဝင်ပါ၊  အအေးသောက်ပါ၊ကားကြည့်ပါ၊အကြွေးနှင့်ပါရောင်းပေးမှာ၊ကားServiceလဲလုပ်ပေးဦးမှာ” စသည်ဖြင့်မက်လုံးပေးရောင်းချ နေသောပုံစံသို့ ရောက်ရှိနေပြီးဖြစ် သည်။
ယခုအခါ ကားဈေးကွက် သည် သီရိမင်္ဂလာဈေးဟောင်းနေရာသို့ ပြောင်းရွှေ့ဖွင့်လှစ်ထားရာ အခိျု့သော ကားဝယ်ရောင်းများမှာ စီမံမှုကိုလက်ခံပြီး ကားများရွှေပြောင်းနေရာယူ၍ ရောင်းဝယ်လုပ်ကိုင် ကြသော်လည်း ယခင်ဟံသာဝတီပွဲစားတန်းတွင် မှတ်သား ထားကြသော ဘယ်နားမှာ ရွှေငါး၊ ဘယ်နားမှာ Honda ၊ ဘယ်နားမှာ luger ၊ ဘယ်နားမှာ Probox,AD Van (ကျွန်းတောလမ်းနား)စသည် ဖြင့်သူ့ဈေးကွက်နှင့်သူ အလုပ်ဖြစ်ခဲ့ ကြရာ ၃ရက်အတွင်းငွေ ၁ဝသိန်းမြတ် ခဲ့သည်။ ဌာနဆိုင်ရာ၏ ဥပဒေကိုလိုက်နာသူများမှာ ဖေဖော်ဝါရီလ၁၈ရက် နေ့ကတည်းကပင် ပြောင်းရွှေ့နေရာ ယူရောင်းဝယ် ကြသော်လည်း ယခု မတ်လ၃ရက်နေ့မှ ၁၄ရက်ကြာသည် အထိ၊ ပွဲစားတန်းသစ်သို့ ဝယ်သူမ ရောက်ရှိ၊ ဒီကြားထဲဆန္ဒဝိုင်းပြကြတော့ ဝယ်သူတွေတန့်သွားကြကြောင်း ကားဝယ်ရောင်း ဦးဇော်ရဲမြင့်ကဆိုသည်။
ယခုသဲ့သဲ့ကြားရသော ကား ပွဲစားတန်းနှင့် ပတ်သက်သည့် နောက်သတင်းတစ်ခုမှာ ပြည်လမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့် မင်းရဲကျော်စွာ လမ်းနှင့်ဗိုလ်ချုပ်လမ်းကြား ယခင်ရန် ကုန်ဗဟိုထောင်နေရာ၌ ကုန်ကားများ ရပ်နားရန်နေရာရှင်းလင်းထားပြီး ယခု ကားလေးများရပ်နားရန်နေရာပေးသ ဖြင့် ၂လက်မခန့် ထူသောဖုန်ကို Bulldozer ထိုးတုန်း၊ အရိပ်အာဝသာရှိ၊ သီရိမင်္ဂလာဈေးနေရာမရသူများက သွားရောက်ရန်စီစဉ်နေကြကြောင်းလည်း သိရသည်။
ကားလာဝယ်သူအများpk မှာလည်းဈေးကွက်သာယာမှရောင်းဝယ် ၍ရသဖြင့်ဒို့အရေးလုပ်နေပြီး ကား ဈေးကွက် ကစဥ့်ကလျားဖြစ်ပြီး ပျက်နေ သဖြင့်၊ ယခုလောလောဆယ်အခြေအ နေ၌ှံဥျွျှွဥဥမျြားမှာအ ရောင်းအဝယ်ပိုဖြစ်နေကြကြောင်း စုံ စမ်း သိရှိရသည်။
ဗဟုသုတအဖြစ်လာရောက် ကြည့်ရှုဈေးမေး၊ ပေးဈေးမထွက်၊ ပြန် သွား၊အရောင်းအဝယ်မဖြစ်ပုံစံမျိုးကို ပွဲစားတန်းအသစ်၌ကြုံတွေ့ခံစားနေရ ကြောင်းတွေ့ရသည်။
ကားဝယ်ရောင်းတစ်ဦး က Honda Fit လေး၂စီးလုပ်တာ October ကသွင်းတာ Jan ရောင်းတာ ၁၅ သိန်းရှုံးတယ်။ Honda Fit October ၁၅ဝ ဝယ်ရောင်း ၁၄ဝရောင်းချိန်မှီာနခာဘနမ င်္ဃှု ဈေးသတင်းကြောင့် ၁၂ဝသိန်းပေါက် တယ်။ သွင်းသူတွေက နိုဝင်ဘာ၊ ဒီဇင်ဘာမှာ အရင်းရရင်ပြီး ရောဝယ်ရောင်းကြလို့ခပ်ပါးပါးအမြတ် နဲ့ရောင်းကြလို့ကားဈေးအကျဆုံးဖြစ်ခဲ့တယ်။ အခုမတ်လရောက်တော့ကား ဈေးတစ်စီးကို ၁ဝသိန်းလောက်ထပ် တက်တယ်။ အရင် Honda Fit ၁၄ဝူ ဂရိတ်ကိုရောက်တယ်။ မှန်အမည်း ၁၃၅သိန်းရောက်တယ်။ အရင်ဈေးကို ဘယ်တော့မှ ပြန်မရောက်ဘူးလို့ဆို တယ်။ ကားလုပ်တာရှုံးပြီးရင် ရှုံးရင်၊ ရှုံြးွေကးကိုမဆပ်နိုင်ဘူး”ဟုဆိုသည်။
ရွှေငါး ၂ဝဝ၃မီးခွက်ပြောင်း ကို ၂၁၈သိန်းကျော်လောက်ဖြစ်တယ်။ Pearl White ၂.ဝ Original အပြည့် TV,Back Camera,  စတီယာရင်ကျွန်း ခွက်၊ ဂီယာဘု သီးကျွန်းခွက်၊ တံခါးအ ဆင်းအတက် ခြေကျော်မှာ Markှု ဆိုတဲ့ စာတန်းပါတယ်။ မြန်မာပြည်ဈေး ကွက်က တော်တော်ရယ်ရတယ်။
Crown Auriga  လ၈ ၄.ဝ ၉ဂအနက်ရောင်ကိုသိန်း၁၃ဝကို ဝယ်သူမရှိဘူး၊ ၄င်းက ၁.၃ ဈေးရဲ့အောက် ကိုရောက်နေတယ်။ ရွှေငါးမှာ ၂.ဝ ရယ် ၂.၅ ရယ်ရှိတာ ၂.၅ ကိုဝယ်သူမရှိဘူး။
အင်ဂျင်ပါဝါ၂.၅ကို ၁၆ဝသိန်းနဲ့ ရောင်း လိုက်ရတယ်။  jesta ဈေးဘဲ။ Crown Majesta စီးပြီးအထင်မကြီးနဲ့။
Crown Majesta မှာ ၄.ဝ ကိုဝယ် သူမရှိဆီစားလို့ ၃.ဝအသစ်ဆိုရင် အလွန်ချိုရင် ၁၈ဝ၊ ၂ဝဝ ရွှေငါးဈေးကို မကျော်ပါ။ရွှေငါးသည်အရောင်းအဝယ် လောကမှာ ဈေးအစွာဆုံးလူကြိုက်အ များဆုံးဖြစ်တယ်။
lugerl မှာလည်း ၂.၄အင်ဂျင်အတူတူပဲ။ ၄ Wheel သိန်း ၄ဝလောက်ဈေးလျော့ပြီး ရောင်း ရတယ်။ ဂျပန်မှာဆိုရင် ယန်း၅သိန်းဆို ရင် ၂ Wheel ကဂျပန်ယန်း ၁ဝသိန်း ဖြစ်နေတယ်။ အရင်ကမြန်မာငွေနှင့် ဂျပန်ယန်းလဲလှယ်ရာမှာ ၁၁ဆကွာ တယ်၊ အခုမြန်မာငွေမာလာလို့ ၉.၅ ဆပဲပေးရတော့တယ်။ ယခင်ကားတင် သွင်းစဉ် ၆ဂ/၇ဂဈေး တန်းတုံးက ရွှေ ငါး ၂.၅ က ၃၈ဝ သိန်း၊ ၂.ဝ ရွှေငါးက ၃၂ဝသိန်း၊ ၂.၅ွ ဂီယာ က ငါးချက် ၄၂ဝသိန်း”ဈေးပေါက်တယ်ဟု ဆို သည်။
ထို့ပြင် ကားဝယ်ရောင်း တစ်ဦးကလည်း အခုမတ်လမှာ ၇ဂ ၂.၅ွ ကို ၁၅ဝသိန်းနဲ့ရတော့ ကားစီး တာ၂၇ဝသိန်းရှုံးတယ်။ စားပြီးသောက် ပြီး စရိတ်ငြိမ်း ရေ၊ မီးအပြည့်အစုံ ကျိုးခဲ့တယ်”ဟုဆိုသည်။ ကားဈေးကွက် အတွင်း
၁။ ၇င/၂ဝဝ၈ Honda Fit မှန်ဖြူ အဖြူရောင်- ၁၃ဝ ရောင်းချင်။
၂။၇င/၂ဝဝ၂ lugerl 4WD အဖြူရောင်- ၂၅ဝသိန်းရောင်း ချင်။
၃။ ၇င/၂ဝဝ၇ Nissan Wing Road (AD Van ထက်မြင့်တယ်) အဖြူရောင် ၁၅ဝ သိန်း၊အနက်ရောင် ၁၆ဝ သိန်း။
၎။ Suzuki Swift Grade ၅ဗ Kilo ၁၈ဝဝဝ ဓာတ်တိုင်ရောင် ၁၂၅ သိန်း။
၅။ ၂ဝဝ၇ jeta ၁.၃ – Power ၄ချပ်-၁၄ဝ-၁၄၅ သိန်း။ ၁.ဝ-၁၃ဝသိန်း ရောင်းချင်ဟု သိရသည်။

ထို့ပြင်ဖားပြုတ်တွေမခုန် နိုင်တော့ပါ၊ Mitsubishi ဖြစ်၍ နုသည်၊ ဒီဇယ်ဆိုပိုဆိုး၊ နယ်တွင်မသန့် သောဆီထည့်သဖြင့် Direct Injection ပန့်ပျက်ပြင်က သိန်းသုံးဆယ်၊ မြန်မာနိုင်ငံတွင် ပစ္စည်းရှားမပြင်တတ် ၍ဖြစ်သည်မဟုတ်။ ခေါင်း ၆ခေါင်း spary ခေါင်းလဲလိုက်၍ Pressure Pump ပါပျက်လာလည်း သိန်း၃၀လောက်ကုန်ပေရော့၊ သိန်း၆ဝပြင်ဆင်စရိတ် ဆိုတော့ ဖားပြုတ်လှလည်း မခံနိုင်တော့ ပါ။ ဓာတ်ဆီအင်ဂျင်ပျက်ရင်လဲ သိန်း ၅ဝ၊ ၆ဝပဲ။ ဒါကြောင့်ဖားပြုတ်မကြိုက် တော့ပါ။ ဒီဓာတ်ဆီဖားပြုတ်ကို ၁၆ဝသိန်းနှင့်ရောင်းသည်။ Diesel လည်းမကြိုက်တော့ပါ။
 Pajero ၁၉၉၃,၁၉၉၄,၁၉၉၅,၁၉၉၆ များက Electronic Pump ဖြစ်၍၄င်းမော်ဒယ်များ သာအသုံးများသည်။ ယခုအင်ဂျင်လည်းမကိုင်တော့၊ အလုံး လိုက်လဲကြသည်။၊ စရိတ်မှာအတူတူပင် ဖြစ်၍ ကားပစ္စည်းအသစ်လဲစနစ်ဖြစ်ပြီှးကဘျအငအကအငသညအစား ထိုးစနစ်သာ ကျင့်သုံးနေကြသည်။
 
Ref:myanmarnewsweek

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!