Popular Posts!

Wednesday, April 10, 2013

အရှုံးများထေမိစေရန် ကားဟောင်းများ လျော့ဈေးဖြင့်ရောင်းချနေရသော မိုင်ဒါကွင်းသင်္ကြန်အကြိုကုန်စည်ကားပြပွဲနှင့်ကားလောက

 
ကားအရည်ကြိုအပ်နှံ၊ ကားတစ်ပတ်ရစ်တင်သွင်း အစီအစဉ်အရ ကားများကိုတင်သွင်းရောင်းချရာ တွင် ကားလုပ်ငန်းနှင့်မသက်ဆိုင်သော ကျော်မျက် ရတနာရောင်းဝယ်သူလည်း ကားဝယ်ရောင်း Show Room သာဖွင့်လှစ်၊ ဆောက်လုပ်ရေးကုမ္ပဏီလဲ ကား Show Room ဖွင့်နှင့် စီးပွားရေးဂျာနယ်ထုတ် သူလည်း ကားတင်သွင်း၊ တချို့လဲ လုပ်ငန်းစုံ လုပ်ကိုင်ရင်းနဲ့ကားတင်သွင်းရောင်းချလုပ်ငန်းကို ဝင်ရောက်လုပ် ကိုင်ကြရာ၊ ဝယ်သူစိတ်ကြိုတ် ရွေးဝယ်ဝယ်ယူနိုင်သော ခေတ်ရောက်လေပြီ။
ကားတင်သွင်းပြီး ရှုံးနေသူအများစုမှာ ထပ်ကျမည့်ကားဈေးကို ထေမိစေရန်အတွက် Personal Account ဖြင့်တင်သွင်းသော ကားဈေးကွက်ပိတ်တော့မည်ဆိုသည့် ကောလဟာလကိုလည်းကားပြပွဲသွားစဉ် ကြားခဲ့ ရသည်။
၂၃.၃.၁၃မှ ၂၆.၃.၁၃ အတွင်းကျင်းပသည့် မိုင်ဒါကွင်းသင်္ကြန် အကြိုကုန်စည်နှင့် ကားပြပွဲတွင်ုဥျွနဗ နိုင်ငံမှ တင်သွင်းသော Hydai  Light ယခု  ၂ဝဝ၄ model ၂၅ဝဝcc Diesel ၁ Ton ၉ခ စကိနံပါတ်ကို ၁၁၅သိန်းဖြင့်ရောင်း သည်။ ၁နှစ်တိုးတိုင်း ၅သိန်းဈေးပိုပေးရကာ ၂ဝဝ၈ model အထိရောင်းချပေးသည်။ ၁ Ton Box တခုကို ၁၄ဝသိန်းဖြင့်ရောင်းချပေးသည်။
Suzuki မှ တင်သွင်းသည့် Lite Ace အမျိုးအစား Box Truck ကို ၁၄၅ သိန်း၊ ၂ဝဝ၅ model ၁၇၈ဝcc ဖြစ်၍ ၄င်းအမျိုးအစား Pick up ကို ၁၆၂ သိန်းဈေးခေါ်သည်။
ကားShow တစ်ခုမှလည်း ဝယ်သူကကားကို အရမ်းကြိုက်နေသဖြင့် pae၊ တနင်္ဂနွေဖြစ်၍ ဘဏ်ပိတ် ရက်ဖြစ်ပြီး လက်ထဲတွင် ကားတစ်စီး ဝယ်လောက်ရန် ငွေအသင့်အတင့်မရှိ သိန်း၁၂ဝနှင့်ဈေးတည့်၊ပေါက်ဈေးထက် (၁ဝသိန်းသက်သာသဖြင့်) ယနေ့ ၂၃.၃.၁၃နေ့တွင် စရံသိန်း ၅ဝ ပေး မည်ကားယူသွားမည်။ ကျန်ငွေသိန်း ၇ဝ ကို တနင်္လာနေ့ပေးမည်။ 0×158င်းနေ့ မှ စရံသိန်း၁ဝဝ ပေးပါ။ ကားယူသွား ပါ။ ကျန်ငွေသိန်း ၂ဝချန်ပါ။ စာရွက် စာတမ်းပေးမှ ကျန်ငွေရှင်းပါ။ ရောင်း သူဝယ်သူတစ်ဦးနှင့်တစ်ဦး ယုံလဲမယုံရဲ အခြေအနေဖြင့်ရောင်းဝယ်နေကြသည်။ စစချင်းဖွင့်ပွဲနေ့တွင် တခိျု့လည်း အ ရောင်းအဝယ်ဖြစ်ကြသည်။
ဒီလိုအရောင်းအဝယ်ဖြစ် တော့ တခိျု့သောကားဝယ်ရောင်း များကလည်း ဥာဏ်နီဥာဏ်နက်ထုတ် ကြသည်။ အိမ်ကငါတို့ကားတွေကို ရောင်း၊ ပြရောင်းလုပ်လျှင်ရမလား၊ သူ ငယ်ချင်းဟု Show Room သမားတို့ကို ပြောဆို ညှိလေရဲ့။
ယခုကားတင်သွင်းရောင်းချမှုပြပွဲအပေါ်ဘာများဝေဖန်အကြံပြုချက် ပြောချင်ပါသလဲဟု ကားShow Room တစ်ခုကို interview ကြည့်ရာဖြေကြားသည်မှာ ကားဈေးကွက်အပြင်မှာ ကောလဟာလထုတ်လွှင့်နေသော Personal Account တင်သွင်းမှုကို ပိတ်မည်ဆိုသည့် သတင်းကိုအများက ထင်မြင်ယူဆပေမဲ့ ၄င်းအနေနှင့်မထင်မိ ကြောင်း သို့သော်လည်း Personal တင်သွင်းခွင့်ပိတ်ခဲ့ရင်တော့ ”စီးနေတဲ့ ရေကို ပိတ်လိုက်တယ်ဆိုရင်ရှိနေတဲ့ ရေကတော့ တန်ဖိုးရှိမှာပါ”ဟုဆိုသည်။ ”ကားတင်သွင်းခွင့်ပိတ်မှ အရောင်း အဝယ်ကောင်းမည်ဟုလည်း မမြင်မိ” ကြောင်း ပြောကြားသွားသည်။
ယခုအစ်ကို၏ ကားShow Room ၌ ပြသရောင်းချသော ကား လေးများသည် သူဈေးနှင့်သူ အရောင် အသွေးစိုပြေစုံလင် ဈေးလေးတွေသင့် တင့်ဖြစ်ပါကြောင်းယခုတင်သွင်းရောင်း ချမှုအတွက် အမြတ်အစွန်းနှင့် ပတ်သက်၍ မေးမြန်းကြည့်သောအခါ ယခု ကားတင်သွင်းရောင်းချမှု၌ ”သူ့အချိန် နှင့်သူမြတ်စွန်းမှုရှိကြောင်း” အဓိကအချက်အနေဖြင့် ”ဂျပန်လေလံ၌ဈေးပြိုင်ဝယ်တော့မယ်ဆိုရင် အဓိက ကားအပေါ်ကျွမ်းကျင်ပိုင်နိုင်မှုရှိရန်လိုကြောင်းဈေးကြီးကြီးပေး၍ဂျပန်လေလံ၌ဝယ်စရာမလိုကြောင်း”  ၄င်း မှရှင်းပြသည်။

ကားပြပွဲ၌ပြသရောင်းချသော ကားများကို ဖော်ပြရလျှင်-

Standard Sedan ၁၅ဝဝcc-၂ဝဝဝcc
Toyota  Celica   ၂ဝဝ၁ ၉၉ သိန်း+ စလစ်     ဃC နeူl ငi ခcေa
Toyota  Celica  ၁၉၉၈ ၆၅ သိန်း+ စလစ်
Toyota Crown ၂ဝဝ၁ ၁ဝ၅ သိန်း+ စလစ်
Toyota Crown ၂ဝဝ၂ ၁၁၅ သိန်း+ စလစ်
Toyota Crown။ ရျွေသူနညန ၂၃ဝ သိန်း
Toyota Mark II  ၁၉၉၉ျွေသူနညန ၁၆၅သိန်း

Station wagon။van (၁၂ဝဝcc-၂ဝဝဝcc)
Honda Stream      ၂ဝဝ၁ -၁၈၅ သိန်း
Caldina awesome ၂၀၀၀ -၁၅ဝသိန်း            
Caldina awesome ၂ဝဝ၂ -၂၁၅ သိန်း
Toyota Wish၁၈ဝဝcc ၂ဝဝ၃ -၂၁၅ သိန်း
Pro Box ၂ဝဝ၇ manual Gear Diesel ၁၄ဝဝcc ၁၄၅သိန်း

Van ၂၄ဝဝcc-၄၆ဝဝcc
၂ဝဝ၂ model ၂၄ဝက အဖြူရောင် ၁ဈကာ ၂၃ဝ သိန်း
၂ဝဝ၁ model Honda ဃျွဠ အဖြူ ရောင် ၂၃ဝသိန်း
Taxi
Caldina   ၁၉၉၆-၈၈သိန်း+Taxi စလစ်။
Caldina   ၁၉၉၈-၉ဝသိန်း+ Taxi စလစ်။
Caldina   Diesel ၁၉၉၇-၉၉သိန်း+ Taxi စလစ် ရောင်းချင်။
Succeed Van ၂ဝဝ၇-၁၂၅သိန်း။          
Succeed Van ၂ဝဝ၈-၁၂၅သိန်း။
Probox  Van ၂ဝဝ၇-၁၁၅သိန်း။   
Probox  Van ၂ဝဝ၈-၁၅၅သိန်း။ 
Famila  Van ၂ဝဝ၇- ၁၂၅ သိန်း။

Wagon
Hilux Surf ၂ဝဝဝ ဒီဇယ် ၃၃ဝ သိန်း။
Hilux Surf ၁၉၉၆ ဓာတ်ဆီ၂၁ဝ သိန်း။
ြုူ့နြ် ၂ဝဝ၁(၂ီႊ်။) -၂၆ဝသိန်း။
Mercedes ၃၂ဝ ၂ဝဝ၂ model -၃၅၉သိန်း။

ကားတွေဘယ်လိုပင်များပါစေသူ့ဈေးတန်းနှင့်သူ၊ သူ့အဆင့်နှင့်သူ၊ ဈေးသက်သက်သာသာပေါချောင် ကောင်းစီးကြသလို ဈေးကြီးမှလူရာဝင်သည့် Classရှိသည်။ မိုးကျရွှေကိုယ် ငွေကိုရေလိုသုံးနိုင်သူတွေအဖို့ ငွေမလည်သေးလဲ KZ, Bank တို့ဖြင့် အရစ်ကျပေးသွင်းယုံဖြင့် ဝယ်ယူစီးနင်းနိုင်ခွင့်ရှိသော အဆင့်တန်းမြင့် မြင့် ကားဈေးများကို ဖော်ပြရလျှင်-
၁. BMW ၂ဝ၁ဝ model အနက်ရောင်- ၁၇ဝဝ သိန်း။ 
၂.BMW ဌ၆ (ဌွှျီုဠနွှီု) ၂ဝ၁ဝ model အဖြူရောင် ၁၃၅ဝ သိန်း။
၃.Mercedes ၂ဝ၁၁အနက်ရောင် နြဇြှ ၁ဝ၅ဝသိန်း။ 
၎. ဠင်္နွှူျူုန ဠ၆၂ဝ၁ဝmodel အနက်ရောင် ၁၁၅ဝသိန်း။ 
၅.Hummerံ၂ ၂ဝဝ၆ model အနက်ရောင် ၇၅ဝသိန်း။
၆.Hummerံ၂ ၂ဝဝ၆ ၃၅ဝဝcc အဖြူရောင် ၇၅ဝသိန်း။
၇.Mercedes ၂ဝဝ၇ model ၆ဝဝဝcc (ခြေနင်းအသွင်းအထုတ်ရ သည်) ၇၅ဝ သိန်း။
၈.Mercedes ၂ဝဝ၅ model ၆ဝဝဝcc ၅၅ဝ သိန်း။
၉. Cadillac  ၂ဝဝ၆ model ၆၂၅ သိန်း။
၁ဝ.Cadillac  ၂ဝဝ၃ model ၅ဝဝ သိန်း။
၁၁.Toyota  Landcuiser ၂ဝဝ၂ model ၆ဝဝသိန်း+အရည်ကြိုစလစ်။
၁၂.Custom duty သိန်း ၂၈ဝ အောက်ရတဲ့ကားဖြစ်သော- mark x ၂ဝ၁ဝ ၂၅ဝွ(ရိုးရိုး)(ရှေ့နောက်မီးပုံ ပြောင်း)ှဗျြွှ Key Push Touch ၅၃ဝ သိန်း။
၁၃. Crown Majesta  ၂ဝဝ၄ model နောက်ကြည့် မှန် Signal, Pushွှသကခ့ဠ၈ အဖြူရောင် ၂ဝဝ၄ model ၃ဝဝ သိန်း။
၁၄.Toyota Harrier Lexus ၂ဝဝ၄ model အဖြူရောင် ၃၉၅ သိန်း။
၁၅. Toyota Crown ၂၁၁ဝ ၂၅ဝဝcc ၂ဝဝ၄ model Royal Saloon Toyota  Majesta Original၂၄ဝ သိန်း+ စလစ်။
၁၆.Alpha 4WD Van၂ဝဝ၃ Doucable Power Slide ပစ္စည်းစုံအဖြူရောင် ၂၈၉သိန်း။ ယခင်ကလို သိန်း ၇ဝ၊ ၉ဝ ရှိလျှင်Japan ကားအသစ်ဝယ်၍ရပါမလားဟုပူပန်စရာမလိုတော့ပေ။ အဆိုပါပြဿနာကို အင်ဂျင်ပါဝါနဲနဲအခြေခံလူတန်းစားအတွက်ရည်ရွယ်၍ကားတင်သွင်းသူအချို့ကလေဘီး၊ Familla  စသည့် နေရာတို့၌ အစားထိုး ရန် Mini ယခု ။ Box ကား။ Saloon ငယ်များကို စီစဉ်ရောင်းချပေး နေပြီဖြစ်သည်။
-ှဲုံနွှဲူ  ၂ဝဝ၃ ၆၆ဝcc အဖြူရောင် Pick up စတိနံပါတ်ကို ၆၈ သိန်းဈေးခေါ်သည်။
-Honda ၂ဝဝ၈ model Fit Van ၆၆ဝcc ၂ doors+ Slide doors  model ကိုကျော်၍ ၈ဝ သိန်းဈေးခေါ်ရာ ၈၇သိန်းနှင့်အရောင်း အဝယ်ဖြစ်သည်။
-Honda Fit ၄ခ။၂ဝဝဝ ကျော်  3D colour ၁၂ဝသိန်းနှင့် အရောင်းအဝယ်ဖြစ်သည်။
 
Ref:myanmarnewsweek


- Posted using BlogPress from my iPhone5

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!