Popular Posts!

Wednesday, April 10, 2013

Vigo Pick Up Brand New 2013 ၂ဝ၁၃ ယခုသိန်း၂၅ဝ နဲ့ရပြီ

လူဦးရေ၁၄ဝလျှင် ကား၁စီးနှုန်းပါမစ်အသစ်ချပေး အာဆီယံစံချိန်စံနှုန်းနှင့်ဆိုလျှင် ကားစီးရေ လိုအပ်လျှက် ရှိနေသေး သို့သော် ယခင်သိန်း၉ဝဝ Vigo Pick Up Brand New 2013 ၂ဝ၁၃ ယခုသိန်း၂၅ဝ နဲ့ရပြီ
မြန်မာနိုင်ငံ၌ယခင်ရှိပြီးသား ကားအစီးအရေ ၃သိန်းခန့်နှင့် ယခုထပ်မံချပေးသောကားပါမစ် ၁၃၅,ဝဝဝ ခန့်ပေါင်းလျှင် လူဦးရေသန်း ၆ဝ ရှိသော မြန်မာနိုင်ငံအတွက် လူ၁၄ဝလျှင်ကား ၁စီးနှုန်းအချိုးနှင့် သွားရောက်ညီ ကြောင်းတွေ့ရှိရသည်။ အာဆီယံ စံချိန်စံညွှန်းဖြစ်သော လူ ၂.၂ ဦးလျှင် ကား ၁စီး ပိုင်ရမည်ဆိုသည်။ မူအနေဖြင့်၊ မြန်မာနိုင်ငံအတွက်၊ မော်တော် ယာဉ်အစီးအရေများစွာလိုအပ်နေပါ သေးသည်။ တပစ်ရစ် မော်တော်ကား များ၏ မူလဝယ်ဈေးတစ်စီးလျှင် အမေရိကန်ဒေါ်လာ၃,ဝဝဝ မှ
၅,ဝဝဝခန့်ဆို သော်လည်း လက်ရှိမြန်မာနိင်ငံ ရောက် ကားတစ်စီးကို အမေရိကန်ဒေါ်လာ ၁ဝ,ဝဝဝမှ    ၁၅,ဝဝဝ ခန့်ဈေးအတွင်းသက် ဆိုင်ရာအခွန်အရပ်ရပ်ပေါင်း၍ဝယ်စီးနေရသည်မှာ ကားများဈေးပေါပေါဖြင့် စီးနိုင်သည်ဟုမခေါ်ဆိုနိုင်သေးပေ။
၎င်းကွာဟချက်ကို သွားရည်ယိုမိသော မြန်မာစီးပွားရေးလုပ်ငန်းရှင်အချို့သည် နိုင်ငံတော်၏ ပွင့်လင်းလာမည့် ဈေးကွက်တည်ဆောက်မှုနှင့်၊ အခွင့်အလန်း များကို မစောင့်ဆိုင်းပဲရှိသည့်အခြေအ နေ၌ပင် မော်တော်ကား ဈေးကွက်၌ ဝိုင်းဝန်းစုပြုံရင်းနှီးမြှပ်နှံကြသဖြင့် ဝယ် ယူသူမည်သို့ပင်ရှိစေကာမူ ရောင်းလို အားများပြီး ကားဈေးကွက်ပျက်သ ယောင် ဖြစ်နေခြင်းဖြစ်သည်။
ယခင်က Toyota Vigo တစ်ခန်းကွဲ တံခါးနှစ် ပေါက်တွေ သိန်း(၉ဝဝ)လောက်ပေးမှ ဝယ်ယူ၍ရသည်။ ယခုတော့ တံခါးနှစ်ပေါက်ဆိုလျှင် Truck အတိုင်း အ ကောက်ခွန်သက်သာခွင့်ရပြီ၊ ယခင်က ဆလွန်းကဲ့သို့ အခွန်ဆောင်ရာက ယခုအခါ Truck ကဲ့သို့ အခွန်ဆောင်ရ သည်။
Brand New ဆိုလျှင် duty  ဖိုး သိန်း(၂ဝဝ)ကျော်သက်သာသည်။ ဒီ အခွင့်အရေးကိုသိတဲ့ ဝယ်ရောင်းတွေ ဘန်ကောက်ကိုပြောင်းပြီး  Vigo တွေပဲ လိမ့်ဝယ်သည်။ Vigo တောင် Brand New တစ်ခန်းခွဲတွေပဲ ဝယ်သည်။ ဒီ တစ်ခန်းခွဲ Vigo တွေက Custom duty သင်္ဘောတင်ခ ရန်ကုန်ဆိပ်ကမ်း အပြင်ရောက် အပြီးအစီးမှ သိန်း(၂၅ဝ) ကျော်ပဲရှိသည်။ စီးပျော်သည်၊ ဒါ့ ကြောင့် ဧပြီလအတွင်းမှာ မြန်မာနိုင်ငံ သို့ Vigo တစ်ခန်းခွဲ Brand New တွေ စီးရေ ရာကျော်ရောက်ဖို့ရှိသည်။ မြန်မာနိုင်ငံသားတွေ သမ္မတကြီးကျေးဇူးတွေ Vigo Brand New ကို ဈေးပေါ ပေါနဲ့ ကောင်းကောင်းစီးနိုင်တော့မယ်။
အချို့သော စီးပွားရေးလုပ်ငန်းရှင်များမှာ၊ အခြားခိုင်မာသေချာခိုင် မာသော စီးပွားရေးလုပ်ငန်းသို့ပြောင်း လဲလုပ်ကိုင်ချင်ကြသည်။ ပွင့်လင်းမြင် သာသောစီးပွားရေးအခွင့်အလန်းများ ပေါ်ပေါက်လာ၍ လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ ကားကုမ္ပဏီများ လာရောက် ရင်းနှီးမြှပ်နှံကားထုတ်လုပ် ရောင်းချလျှင် မိမိဝယ်ယူတင်သွင်းထား သော ကားများ အရှုံးသက်သာလျှော့ ပါးစေရန် ရည်ရွယ်၍အမြတ်မရနေပါ စေ၊ အရင်းရပြီးရော ပုံစံမျိုးသာမက အိပ်ထဲမှ စိုက်ထုတ်မော်တော်ယာဉ် ဝယ်ယူသူများအား ကားကြံ့ခိုင်မှုစစ် ဆေးခြင်းနှင့်ပြုပြင်ခြင်း၁နှစ်လက်ခမဲ့ဝန်ဆောင်မှုပေးခြင်း၊ ပထမအကြိမ်သာမက၊ ဒုတိယအကြိမ်တိုင် အောင် ဝယ်ယူသူမိတ်ဟောင်း မိတ်သစ်များကို ကျေးဇူးတုံ့ပြန်သောအားဖြင့် မော်တော် ကားနှင့် ဆိုင်ကယ်၁ဝစီးခန့်အမည် ပေါက်မဲဖောက်ပေး၍ ဗလာမပါအခြား ဆုမဲပေါင်းများစွာကို သိန်းထောင်ချီ၍ ကံစမ်းမဲဖောက်ကာ ဖျော်ဖြေပွဲများ စီစဉ်၍ဝယ်ယူစိတ်တိုင်းကျမြူဆွယ်ရောင်း ချနေရသော အခြေအနေ သို့ရောက်ရှိ ဖြစ်သည်။
အချို့သောကားဝယ်သူများက ဂျာနယ်စာမျက်နှာတွင်ရင်ဖွင့်ကြ သည်မှာယခုကားအရောင်းကုမ္ပဏီများ၊ ကားများကို ဈေးတင်ရောင်းကံစမ်းမဲ ပေးမည့်အစား၊ တင်သွင်းမော်တော်ကားအပေါ် ဈေးလျှော့ပေါ့ ရောင်းပေးသင့်ကြောင်းလည်း ပြောဆိုကြသည်။
ယခုရောင်းချသော Hire Purcharse System သည် ရောင်းသူ မှာ ထပ်ရှုံးမည့်အခြေအနေကို ရင်စီးခံ နိုင်ပြီး၊ ရောင်းသူ Cover ဖြစ်ပြီး ဝယfol ကားဈေးကျရင်ခံပေတော့စနစ်ဖြစ် သည်။ အကုန်လုံးကားစီးစေချင်လျှင် ကားဈေးတက်ချိန် Hire  Purcharse  ရောင်းပေါ့။ ဘုန်းဘောလအောကား တွေပုံနေမှ Hire  Purcharse ရောင်းတော့ ဝယ်သူသေတာပေါ့ဟု ငြီးတွား ပြောဆိုကြသည်။

Hire Purcharse System ဖြင့် ရောင်းချမည့်ကားများဖော်ပြရလျှင်.....
Suzuki Swift Model ၂ဝဝ၈ ကြက် သွေးရောင် -၁၂၈ သိန်း
Mazada emio        ၂ဝဝ၈ အဝါရောင်           -၁၂၈ သိန်း
Toyota RAV4CV     ၂ဝဝ၈ပစ္စည်း စုံ             -၁၂၈ သိန်း
Mitsubishi  Cott    ၂ဝဝ၈ ပစ္စည်းစုံ              -၁၃၃ သိန်း။
Honda Fit            ၂ဝဝ၈ ပစ္စည်းစုံ              -၁၃၆ သိန်း

Hire Purcharse  ၃ဝ% ပေး တစ်နှစ် ဆပ် တစ်လအချိုးကျသွင်း..
Suzuki   every                           ၂ဝဝ၈ပစ္စည်းစုံ -၁၂၅ သိန်း။
Bongoှုှုဗ ကိုးရီးယား Truck Diesel ၂၀၀၄-၁၁၅သိန်း၊ ၂၀၀၅၀-၁၂ဝ သိန်း၊
CDGS ၁၂၆  PS Hyundai             ၂ဝဝ၄ ၁၁၅ သိန်း ၊ ၂ဝဝ၅ ၁၂ဝ သိန်း။
Suzuki Cammy Truck                ၂ဝဝ၅ ၆၆ဝcc -၇ဝ သိန်း။
Honda Partner                         ၂ဝဝ၇ ၁၅ဝဝcc ၁၅ဝ သိန်း။
 
Ref:myanmarnewsweek

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!