Popular Posts!

Wednesday, April 10, 2013

အသည်းရောင်အသားဝါ ဘီပိုး အကြောင်းသိကောင်းစရာ


ယနေ့အပြင်၌ နှင်းများကျ နေသည်။ ဖွေးဖွေးဖြူသော နှင်းများ ကျသည်မှာ ကဗျာဆန်ဆန်နှင့် လှပ နေသော်လည်း ဆေးရုံ၌ တာဝန်ကျ နေသော ကျွန်မအဖို့ယင်းအလှအပကို မခံစားနိုင်။ ဝေဒနာခံစားနေရသော လူနာများနှင့် ကျွန်မ၏ စက္ကန့်တိုင်း၊ မိနစ်တိုင်း၊ နာရီတိုင်းသည် လျှင်မြန် စွာ ကုန်ဆုံးနေခဲ့သည်။ ကျွန်မ၏ ဏေါနမ မြည်နေ၍ ကြည့်လိုက်မိသည်။ သြော် အရေးပေါ်ဌာနမှဖြစ်သည်။ မြန်မာလူနာရောက်နေ၍ စကားပြန်လို တယ်တဲ့။ အလုပ်မအားလပ်သော် လည်း မြန်မာလူနာဆို၍ အပြေးအ လွှားသွားခဲ့မိသည်။ သတိရတစ်ချက် မရတစ်ချက်နှင့် တစ်ကိုယ်လုံးဝါထိန် နေသော အသက်(၄ဝ)အရွယ် မြန်မာ အမျိုးသားတစ်ဦးကိုတွေ့လိုက်ရသည်။ လိုအပ်သည်များကို လိုက်လံဆောင် ရွက်ပေးရင်း အသည်းရောင်အသားဝါ ဘီပိုးကို ကုသမှုမခံယူခဲ့၍ အသည်း ခြောက်ခြင်းကြောင်းဖြစ်မှန်းသိလိုက်ရ သည်။ အမှန်ဆိုလျှင် အသားဝါဘီပိုး ရောဂါသည် ထိရောက်စွာ ကာကွယ် နိုင်သည်။ ကုသနိုင်သည်။ ဆေးပညာ ဗဟုသုတနည်းပါးကြ၍သာ ရော၈ါ ကျွမ်းမှသိခဲ့ရသည်။ ဤရော၈ါကြောင့် အသည်းခြောက်ရောဂါဝေဒနာကို ခံ စားနေရသူမှာ ဤလူနာတစ်ဦးတည်း မဟုတ်။ ကျွန်မတာဝန်ကျရာ ဆေးရုံ သို့ အသည်းခြောက်ခြင်းကြောင့် သတိလစ်၍သော်လည်းကောင်း၊ သွေး အန်၍သော်လည်း၊ ရေဖျင်းစွဲ၍သော် လည်းကောင်း၊ လက္ခဏာမျိုးစုံဖြင့် ရောက်ရှိလာသော မြန်မာလူထုမှာ မ နည်းတော့ပေ။ ကျွန်မသတိထားလိုက် မိသည်မှာ ကျွန်မတာဝန်ကျရာ ဆေးရုံ အနီးရှိ မြန်မာလူထုတွင် အသည်းဝါး ဘီနှင့် စီပိုးဖြစ်ပွားမှုမှာ များပြားပေ လိမ့်မည်။ ထို့ကြောင့် အနီးအနားရှိ ဃ့ကမခ့ယ ဘုန်းကြီးကျောင်းများတွင် ကျန်းမာရေးအသိပညာပေးရင်း အ သားဝါဘီနှင့် စီပိုးရော၈ါဖြစ်ပွားမှုကို စစ်ဆေးရန် ဆုံးဖြတ်ချက်ချလိုက်မိ သည်။ ဃ့ကမခ့ များသို့ သွား၍ ကျန်း မာရေးအသိပညာပေးစဉ် ကျွန်ုပ်တို့ မြန်မာပြည်သားများ ကျန်းမာရေးအသိ ပညာနည်းပါးသည်ကို ကြုံတွေ့လိုက်ရ သည်။ မြန်မာပြည်၌ရှိသော ကျွန်ုပ် တို့ တိုင်းရင်းသားညီကိုမောင်နှမများ အားလည်း အသားဝါဘီနှင့် စီပိုး အကြောင်း ကျန်းမာရေးဗဟုသုတပေး လို၍ ဤဆောင်းပါးတိုကို ရေးသား လိုက်ရသည်။ ဤအပတ်တွင် ဘီပိုး အကြောင်းတင်ပြ၍နောက်အပတ်တွင် စီပိုးအကြောင်းတင်ပြသွားမည်ဖြစ် သည်။
အသည်းရောင်အသားဝါ ဘီပိုးသည် ကြောက်မက်ဖွယ်ဗိုင်းရပ်စ် တစ်မျိုးဖြစ်ပြီး အသည်းရောဂါကို ဖြစ် ပွားစေနိုင်သည်။ ကမ္ဘာ့လူသန်းပေါင်း (၃၅ဝ)ကျော်တို့သည် ယင်းရောဂါကို ခံစားနေရပြီး ရော၈ါဖြစ်ပွားမှုမှာ နှစ်စဉ် တိုးပွားလာသည်။ မြန်မာပြည်သူပြည် သား (၁ဝ)ဦးလျှင် တစ်ဦးနာတာရှည် ဘီပိုးရောဂါကို ခံစားနေရသည်။ ဘီ ပိုးရောဂါသည် အဖြစ်များသော ရောဂါ တစ်မျိုးဟုဆိုရပေမည်။ ကူးစက်ရန် လည်း စီပိုးနှင့ှ်ုံဠ ဟုခေါ်သော ခုခံ အားကျဆင်းမှုရောဂါထက် အဆများ စွာ လွယ်ကူပေသည်။
အသည်းရောင်အသားဝါ ဘီပိုးသည်သွေးနှင့်သားငန်ရေများတွင် များပြားသည်။ သို့ပါ၍ ဘီပိုးရောဂါရှိ သူမှ သွေးသို့မဟုတ် သွေးမှထွက် သော ပစ္စည်းများ သို့မဟုတ် အင်္ဂါ အစိတ်အပိုင်းများကို လက်ခံယူရာမှ ကူးစက်နိုင်သည်။ ထို့အပြင် မုတ် ဆိတ်ရိတ်ဓါး၊ သွားတိုက်တံများစုပေါင်း ၍ သုံးစွဲခြင်း၊ ဆေးမင်ကြောင်ထိုးခြင်း၊ ဆေးထိုးခြင်း၊ နားဖောက်ခြင်း၊ အပ် စိုက်ခြင်း၊ မူးယစ်ဆေးဝါးထိုးခြင်းတို့ တွင် ဘီပိုးရော၈ါပိုးရှိသော အပ်များကို သုံးမိခြင်းမှလည်း ကူးစက်နိုင်သည်။ ထို့ကြောင့် ဆေးထိုးမှုခံယူလျှင် တစ်ခါ သုံးအပ်များကိုသာ အသုံးပြုရန် အကြံ ပြုသလို သွားစိုက်လျှင်လည်း ပစ္စည်း ကိရိယာများကို အသေအချာပိုးသတ် ခြင်းရှိမရှိ စစ်ဆေးသင့်သည်။ ဆံပင် ညှပ်ဆိုင်မှအစ ဘုန်းတော်ကြီး ကျောင်းများတွင်လည်း တစ်ခါသုံးဓါး များ သို့မဟုတ် မိမိ၏ ကိုယ်ပိုင်ဓါးနှင့် သာဆံချရန် တိုက်တွန်းအပ်ပေသည်။ ဘီပိုးရောဂါရှိသည့် မသန့်ရှင်းသော ဓါး ကို စုပေါင်းသုံးစွဲခြင်းသည် အြုရာယ် ကြီးလှပေသည်။ ဘီပိုးရော၈ါရှိသူနှင့် အကာအကွယ်မသုံးဘဲ လိင်ဆက်ဆံ ခြင်းမှ ကူးစက်တတ်သလို ရောဂါရှိ သော မိခင်မှ ရင်သွေးငယ်သို့ မီးဖွား ချိန်၊ ကိုယ်ဝန်ဆောင်ချိန်များတွင် လည်း ကူးစက်နိုင်သည်။ သို့ပါ၍ မိမိ ၏ အိမ်ထောင်ဘက်၌ ဘီးပိုးရှိလျှင် ရောဂါကာကွယ်ဆေးထိုးရန် အထူး အရေးကြီးပေသည်။ ထိခိုက်ရှနာရှိပြီး အနာနှင့် အနာတိုက်ရိုက်ထိတွေ့ခြင်း မှလည်း ကူးစက်နိုင်သည်။
ဘီပိုးရောဂါသည် ကူးစက် ရန် လွယ်ကူသော်လည်း ရေခွက်နှင့် ပန်းကန်ခွက်ယောက်များအတူတကွ သုံးစွဲခြင်း၊ ခြင်ကိုက်ခြင်း၊ ချောင်းဆိုး ခြင်း၊ နှာချီခြင်း၊ လက်ဆွဲနှုတ်ဆက် ခြင်းအစရှိသော သာမန်ထိတွေ့မှုများ မှ မကူးစက်နိုင်ပါ။ သို့ပါ၍ သင့်တွင် ဘီပိုးရော၈ါရှိနေပါသော်လည်း လူအ များနှင့် ပုံမှန်ဆက်ဆံနိုင်ပြီး နေ့စဉ် လုပ်ရိုးလုပ်စဉ်များ၊ အလုပ်နှင့်ကျောင်း သွားခြင်းများ ပုံမှန်လုပ်ဆောင်နိုင်ပါ သည်။ လူအများကို ရှောင်ရှားခြင်း၊ အားငယ်ကြောက်ရွံ့ခြင်းဖြစ်ရန် မလို အပ်ပါ။
ဘီပိုးရော၈ါဖြစ်လျှင် ပိျု့ခြင်း၊ အန်ခြင်း၊ ခံတွင်းပျက်ခြင်း၊ အသားဝါ ခြင်း၊ မျက်စိဝါခြင်း၊ လကျာ်နံပါး အောက်နာခြင်း၊ တာရှည်မောပန်းခြင်း၊ တုပ်ကွေးနှင့်တူသောရောဂါလက္ခဏာ များဖြစ်ပွားနိုင်သည်။ တစ်ခါတစ်ရံ ရောဂါဖြစ်စတွင် ရော၈ါဆိုးရွားစွာဖြစ် ပြီး အသက်ပင်ဆုံးပါးနိုင်သည်။ သို့ သော် အများစုတွင် ရောဂါလက္ခဏာ ပြလေ့မရှိပါ။ မိမိ၏ ခုခံအားမှ ခုခံ တိုက်ခိုက်၍ အနိုင်ရရှိလျှင် ဘီပိုး ရော၈ါ အရှင်းပျောက်ကင်းကာ ခုခံအား ပေါ်ပေါက်လာသည်။ သို့သော် မိမိ၏ ခုခံအားကျရှုံးလျှင် ဘီပိုးရောဂါပိုးသည် အသည်းနှင့် မိမိ၏ ခန္ဓာကိုယ်တွင်း၌ ပွားများကာ နာတာရှည် ဘီပိုးရောဂါ ကို ဖြစ်ပွားစေနိုင်သည်။ အသည်း၏ ဃနူ များလည်း ဘီပိုးကြောင့်တမြေ့မြေ့ ပျက်စီးကာ အချိန်ကြာမြင့်လာလျှင် အသည်းတစ်ခုလုံးပျက်စီးယိုယွင်းကာ အသည်းခြောက်ခြင်၊ ထိုမှတဆင့် အ သည်းကင်ဆာတို့ဖြစ်ပွားနိုင်သည်။ အ သည်းခြောက်၍ ရောဂါကျွမ်းလာလျှင် သွေးအန်ခြင်း၊ ရေဖြန်းရောဂါဖြစ်ခြင်း၊ ဖောရောင်လာခြင်း၊ သတိရတစ်ချက် မရတစ်ချက်ဖြစ်ခြင်းတို့ဖြစ်တတ် သည်။ ဘီပိုးရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများမှာ ဆိုးရွားလှသည်။ နာ တာရှည်ရောဂါဖြစ်ပြီး တမြေ့မြေ့နှင့် ရောဂါဝေဒနာခံစားရပြီးအသက်ဆုံးပါး ရသည်။
လူလတ်ပိုင်းကျန်းမာနေစဉ် ၌ အသားဝါဘီပိုးရော၈ါဖြစ်ပွားလျှင် မိမိ၏ ခုခံအားက အနိုင်ရရှိရန် အခွင့် အလမ်းသာသော်လည်း ကလေးသူ ငယ်များ၊ မွေးကင်းစကလေးငယ်များ၌ ရောဂါဖြစ်ပွားလျှင် နာတာရှည်ဘီပိုး ရော၈ါ၏ နောက်ဆက်တွဲဆိုးကျိုးများ ကို ခံစားရဖို့များပေသည်။ ထို့ကြောင့် မိမိ၏ ရင်သွေးငယ်ကို မွေးကင်းစ ကတည်းက ကာကွယ်ဆေးထိုးပေးရန် တိုက်တွန်းအပ်ပေသည်။


သို့သော် သတင်းကောင်း တစ်ရပ်မှာ ဘီပိုးရော၈ါ
သည်ကာကွယ် နိုင်သည်။ ကုသနိုင်သည်။ ဘီပိုးရော ဂါကာကွယ်ဆေးသုံးကြိမ်ထိုးပြီး ခုခံ အားပေါ်လျှင် ရောဂါဖြစ်ပွားမှုကို ထိ ရောက်စွာ ကာကွယ်နိုင်သည်။ ရော၈ါ ကာကွယ်ဆေးထိုးရန် ကာကွယ်ဆေး မထိုးမီ ဘီပိုးရောဂါရှိမရှိ၊ ဘီပိုးခုခံ အားရှိမရှိကို စစ်ဆေးသင့်သည်။ အ ဘယ်ကြောင့်ဆိုသော် ဘီပိုးရော၈ါရှိ နေလျှင်သော်လည်းကောင်း၊ ဘီပိုးခုခံ အားရှိနေလျှင်သော်လည်း ကာကွယ် ဆေးထိုးရန် မလိုအပ်ပါ။ ရောဂါရှိနေ လျှင် ကာကွယ်ဆေးမှာအချည်းနှီးပင်။ ထို့အတူတခိျု့သူများတွင် ဘီပိုးရောဂါ တိတ်ဆိတ်စွာ ဖြစ်ပွားပြီးမိမိ၏ခုခံအား မှ အနိုင်ရရှိ၍ ဘီပိုးအရှင်းပျောက် ကာ ထိရောက်သောခုခံအားပေါ်ပေါက် လာသည်။ ထိုလူများမှာ အလွန်ကံ ကောင်းသောသူများဖြစ်သည်။ ခုခံ အားရှိနေ၍ ကာကွယ်ဆေးထိုးရန် မလိုအပ်ပေ။ ဘီပိုးလည်းမရှိ၊ ဘီပိုး ခုခံအားလည်းမရှိသူများသည် ရော၈ါ ကာကွယ်ဆေးသုံးကြိမ်ထိုးသင့်သည်။ ပထမအကြိမ်ထိုးပြီး တစ်လပြည့်လျှင် ဒုတိယအကြိမ်ထိုးကာ ခြောက်လ ပြည့်လျှင် တတိယအကြိမ်ထိုးရပေ မည်။ ထို့နောက် ရော၈ါခုခံအားရှိမရှိ စစ်ဆေးသင့်သည်။ အများစုတွင် ရော ၈ါခုခံအားပေါ်ပေါက်လာသော်လည်း တစ်ခိျု့တွင် ခုခံအားမရှိသေးသည်ကို တွေ့ရသည်။ ဤသို့ဖြစ်လျှင် နောက် ဘီပိုးကာကွယ်ဆေးတစ်မျိုးကို ပြောင်း ၍ ထိုးခြင်း၊ ဆေးဝါးပမာဏကို တိုး၍ ထိုးခြင်းများပြုလုပ်ရန် အကြံပြုပါ သည်။ ကာကွယ်ဆေးအောင်၍ ခုခံ အားပေါ်လျှင် ယင်းခုခံအားမှာ ပုံမှန် လူများတွင် ရေရှည်နှစ်လများခံသည်။
မိမိ၌ ဘီပိုးရောဂါရှိပါက အသည်းအထူးကုဆရာဝန်နှင့် ပြသ ကာ ဆေးဝါးကုသမှုခံယူသင့်သည်။ ထိရောက်သော ဆေးဝါးများရှိနေ၍ ရောဂါပျောက်ကင်းသည်အထိ ကုသ နိုင်သည်။ ဘေးထွက်ဆိုးကျိုးနည်း သော ခေတ်မီဆေးဝါးများလည်း ပေါ် ပေါက်နေပြီဖြစ်သည်။ သုတေသနပြု ချက်များအရ ဆေးဝါးများသည် ဘီပိုး ကြောင့် အသည်းကျွမ်းနေခြင်းကိုပင် ကုသနိုင်သည်။ ယခင်က အသည်း ကျွမ်းခြောက်နေလျှင် ကုသရန် ဆေး ဝါးမရှိ၍ အသည်းအစားထိုးကုသမှုကို ခံယူရသည်။ ယနေ့ခေတ်တွင် ဘီပိုး ရော၈ါသတ်ဆေးသည် ကျွမ်းခြောက် နေသောအသည်းကိုပြန်လည်ကောင်း စေလာနိုင်သည်။ ပုံမှန်အတိုင်း ဖြစ်မ လာနိုင်သော်လည်း ရောဂါကိုသက် သာစေနိုင်သည်။ အသည်းခြောက်ခြင်း ကို ကုသရန်ဆေးဝါးများလည်း တီ ထွင်နေကြပြီ။ စစ်တမ်းကောက်ချက် များအရ အမေရိကန်နိုင်ငံတွင် နာတာ ရှည်ဘီပိုးကြောင့်အသည်းကျွမ်းခြောက် ကာ အသည်းအစားထိုးကုသရမှုများ ကျဆင်းလာသည်ကိုတွေ့ရသည်။ ထို့ ကြောင့် အသင်နာတာရှည် ဘီပိုးရော ဂါခံစားနေရပါလျှင် စိတ်ဓါတ်မကျပါ နှင့်။ ထိရောက်သော ကုသမှုများကို ခံယူပါ။ ကုသမှုခံယူရာတွင်လည်း ကာလရှည်ကြာစွာ ကုသမှုခံယူရပေ မည်။ ထို့အတူ ဘီပိုးအကြောင်းအရာ များကို ရှောင်ကြဥရပါမည်။ ဥပမာ အရက်သေစာရှောင်ရှားခြင်း။ တခိျု့ သော အကိုက်အခဲပျောက်ဆေးဝါးများ (ပါရာစီတီမော (ခေနအောငညသစ့နည)ယ (ငဘကစမသ်နညယနအခ))၊ အခြားအသည်းကို ထိခိုက်စေမည့် ဆေးဝါးမျာကို ရှောင် ကြားသင့်သည်။ ထို့ကြောင့် ဆရာဝန် နှင့်ပြသလျှင် မိမိ၌ အသည်းရောဂါ ရှိကြောင်း ပြောပြသင့်သည်။ သို့ပါမှ ဆရာဝန်က မိမိအား အသည်းကို ထိ ခိုက်စေမည့် ဆေးဝါးများကိုပေးမည် မဟုတ်ပေ။ ထို့အတူ ဆရာဝန်၏ှူန်ကြားချက်ကြောင့်မဟုတ်ဘဲ မိမိ ၏ သဘောအရ ဆေးဝါးများဝယ်၍ သုံးစွဲလျှင်လည်း ယင်းဆေးကို မ သောက်သုံးမီ ဆေး၏ဘေးထွက်ဆိုး ကျိုးများကို ဦးစွာဖတ်ရှုသင့်သည်။ မှို တက်နေသော၊ ပျက်စီးနေသော အ စားအစာများ စားသုံးခြင်းကိုလည်း ရှောင်ကြဉ်ပါ။ အသည်းဝါး အေပိုး မဖြစ်ပွားရန်လည်း ကာကွယ်ဆေးထိုး သင့်သည်။ မိမိ၏ မိသားစုဝင်များ ဘီ ပိုးရောဂါရှိမရှိကိုလည်း စစ်ဆေးပေါ့။ ရောဂါမရှိပါက ကာကွယ်ဆေးထိုးသင့် သည်။ ဤသို့ပြုလုပ်ပါလျှင် အသည်း ရောင်အသားဝါဘီပိုးရောဂါရှိသော်လည်း လူ့သက်တမ်းစေ့အသက်ရှည်နေထိုင် နိုင်မည်ဖြစ်သည်။
မေသက်ခိုင် (ဆေး-၁)

Ref:myanmarnewsweek

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!