သင်္ကြန်မယ်တွေသတိထားဖို့ ရေနွေးမလိုတဲ့ရေအေး၊အအေး၊ဖျော်ရည်ဘယ်ဟာထဲမှာမဆိုသူများမသိ အောင် ထည့်သုံးနိုင်တဲ့ ရမ္မစိတ်ကြွဆေးတမျိုးကို ဗဟုသုတအနေနှင့် ရွှေမိန်းခလေးတွေ သိထားသင့်တယ် ထင်လို့ကူးယူတင်ပေးလိုက်ပါတယ်၊
မြန်မာသင်္ကြန်တွင်းမှာ ရွှေမမလေးတွေမြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် မကိုက်ညီစွာကို အရမ်းကို သောင်းကြမ်း လာတာကိုတွေ့လာရပြီး ရွှေမမလေးတွေအထူးသတိထားစရာ Spanische Fliege ဆေးဆိုတဲ့ဟာတွေ ဂျာမန်စကားဖြစ်ပြီး ဂျာမန်ဘုရင် (Heinrich IV. (1050–1106) ကတည်းက A power increase is the center rumored by a massive irritation of the urinary tract, which leads to a strong erection of up to painful priapism can lead. Das sexuelle Verlangen wird durch die Einnahme der Spanischen Fliege nicht gesteigert, sie ist also kein Aphrodisiakum . Sexual desire is not increased by the ingestion of the Spanish Fly, so it is not an aphrodisiac . Auch der deutsche König Heinrich IV. (1050–1106) riskierte für die Potenz seine Gesundheit und konsumierte die Spanische Fliege. Even the German king Henry IV (1050-1106) risked his health for potency and consumed the Spanish Fly.) ပိုးတောင်မာစိမ်းတွေဆီကထုတ်ယူထားတဲ့ ရမ္မက်စိတ်ကြွဆေးဖြစ်ပြီး သစ်သီးရနံ့တွေနှင့် ဗူးပုလင်းတွေအရောင်စုံလာတတ်ပါတယ်၊ အထူးသဖြင့် သစ်သီးရနံ့တွေဖြစ်တော့ ဘယ်သူတွေကမှသံသယဖြစ်ကျမှာမဟုတ်ပါဘူး!အရည်ရော၊ဆေးမှုန့်လေး တွေနှင့် လာတတ်ပါတယ်၊ မိန်းခလေးတွေအတွက်ကို တော်တော်ကို အန္တရယ်များပါတယ်၊ သင်္ကြန်မှ မဟုတ်ပါဘူး တခြားအချိန် တွေမှာလဲ သတိထားလို့ရအောင်တင်ပေးလိုက်ပါတယ်၊ လမ်းဘေးဆေးဆိုင် တွေမှာ အလွယ်တကူရှာဝယ်လို့ရတဲ့ ပစ္စည်းတွေပါဘဲ!....
ညစ်ညမ်းလက်ဖက်ရည်၊ လေဒီကော်ဖီ နဲ့ ညစ်ညမ်းကော်ဖီတွေကို ရေးထားပြီးပါပြီ။ ဒီကော်ဖီဆိုတာတွေက ရေနွေးမှာဖျော်ပြီး မိန်းကလေးတွေကို ရိုးရိုးကော်ဖီဆိုပြီး ဖျားယောင်းတိုက်တဲ့ ဆေးကော်ဖီတွေပါ။
သင်္ကြန်မှာ ရေအေးနဲ့ပက်ဖြန်းပြီး အအေးသောက်ရ၊ တိုက်ရတာက ပိုလွယ်ကူပါတယ်။ ရေနွေးမလိုတဲ့ ရေအေး၊ အအေး၊ ဖျော်ရည် ဘယ်ဟာထဲမှာမဆို သူများမသိအောင် ထည့်သုံးနိုင်တဲ့ ဆေးတမျိုးကို ရေးပါမယ်။

• Spanische Fliege
• German Spanische Love 20ml drop
• Spanische Fliege extra konzentriert Liebesstropfen 15ml
• Die Spanische Fliege စတဲ့နာမည်တွေနဲ့ ရောင်းပါတယ်။
ဆေးအရည်ပုလင်းငယ်လေးတွေပါ။ ၁၅-၂ဝ (စီစီ = မယ်လ်) သာပါလို့ ထိုးဆေးပုလင်းအတိုင်းပါဘဲ။ မိန်းကလေးတယောက်ကိုဖျားယောင်း သွေးဆောင် ဘို့ရာ (သားကာင်းကို ကျော့ကွင်းထောင်ဘို့ရာ) ဆေး ၁ဝ-၁၅ စက်သာလိုပါတယ်။
"ညီမလေး အအေးလေးသုံးဆောင်ပါအုံး" ဆိုပြီး တစိမ်းယောက်ျားဖြစ်ဖြစ် သမီးရည်းစားကဖြစ်ဖြစ် တယောက်ယောက်ကဖြစ်ဖြစ် သဘောကောင်းချင်ယောင်နဲ့ တိုက်လာရင် သတိထားပါလေ။ ငါးမျှားချိတ်ကိုမမြင်ကြဘဲ စားစရာသာမြင်လို့သာ ငါးတွေဟာ တငါသည်ဖမ်းတာ ခံကြရတာပါ။ သင်္ကြန်တွင်းမှာသာ အဲလိုလုပ်နိုင်တာ မဟုတ်တာလည်း သတိထားပါ။ ဒီဆေးကို ယင်ကောင်တမျိုးကနေ ထုတ်တာပါ။ အညှီရှိရင် ယင်အုံတယ် မဟုတ်ပါလား။
ဆေးအစွမ်းက သောက်မိလိုက်တဲ့ မိန်းကလေးဟာ ခဏလေးနဲ့ (၁၅-၃ဝ မိနစ်) ကိုယ်နဲ့စိတ် ပြောင်းလဲမှုတွေဖြစ်လာမယ်။ လိင်စိတ်တွေ မကဲသင့်ဘဲ ကဲပိုလာမယ်။ အတူနေချင်စိတ်တွေ ဖြစ်ပေါ်လာမယ်။ မဖြစ်သင့်တာအတွက် အဆင်သင့် ဖြစ်လာတော့မယ်။ သတိလက်မလွတ်ပါ။ ဆေးအရှိန်ကုန်ပြီး တခုခုဆက်ဆံတာ အပြုခံရပြီးမှ နောင်တရပါလိမ့်မယ်။ နောက်ကျသွားပါပြီ။
ပိုဆိုးမှာက “မစွမ်းရင်းကလည်းရှိ ကန်စွန်းခင်းကလည်းငြိ” အဖြစ်မျိုးဆိုတာ သင်္ကြန်ကာလမှာ ပိုပြီးဖြစ်နိုင်ပါတယ်။ သင်္ကြန်ကို ပျော်စရာတခုတည်းအတွက်သာ ထင်သူတွေမှာ ဖြစ်နိုင်ပါတယ်။
မြန်မာပြည်မှာ FDA မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနကနေ ကြိုးစားနေပေမဲ့ ဖျက်ဆီးခံထားရတဲ့ ကာလကြီးက ကြာခဲ့တာမို့ ဆင့်ပါးစပ်နှမ်းပက်သာ စစ်ဆေးတာ၊ အရေးယူတာတွေ လုပ်နိုင်ပါသေးတယ်။ ဒီဆေးမျိုး လက်သိပ်ထိုးရောင်းတာတွေ သေချာပေါက်ရှိမှာပါ။
အမှောင်ခေတ်လူဖြစ်လာသူတွေကံဆိုး ကြလိုဘဲ အလင်းရောင် ခပ်ဝါးဝါးကာလကလူတွေလဲ ကံမကောင်း ကြသေးပါ။ ဝိုင်းဝန်းပြုပြင်ရေး အားပေးပါရစေ။
ဒေါက်တာတင့်ဆွေ
Ref:dts-medicaleducation.blogs

အမှောင်ခေတ်လူဖြစ်လာသူတွေကံဆိုး
ဒေါက်တာတင့်ဆွေ
Ref:dts-medicaleducation.blogs
ဒီမှာဖတ်ကြည့်လိုက်ပါ...Spanische Fliege....
ဒါကနယ်စပ်ကနေလာတတတ်တဲ့ တရုတ်ဆေးစုံတွေပါ၊မြင်ဖူးတယ်ရှိအောင်တင်ပေးလိုက်ပါတယ်၊ အဓိက စုံတွဲတွေအတွက်ဘဲဖြစ်ပါတယ်၊ ဗဟုသုတအနေဖြင့် သိထားသင့်တဲ့ပစ္စည်းတွေပါ၊ စိတ်ဝင်စားရင် ကလစ်နှိပ်ပြီးသူရဲ့web ထဲကိုဝင်ကြည့်လိုပရပါတယ်၊
ဆက်စပ်သတင်း....
သင်္ကြန်တွင် မူးယစ်ထောင်ချောက် သတိထားရန်လို...
လူငယ်ထု အတွင်းမှာ ရေပန်းစားနေတဲ့ နတ်ဒေ၀ီလေး (သို့)့ Ecstacy
No comments:
Post a Comment