Popular Posts!

Friday, April 12, 2013

ရွှေ့ပြောင်းသယ်ဆောင်နိုင်သော မိုဘိုင်း အိမ်များ တည်ဆောက်ရောင်းချသွားမည်

အရည်အသွေးပြည့်ကွန်တိန်နာများကို အသုံးပြု၍ ဆောက်လုပ်ထားသောာသဘငူန့ သကျန များကို တွေ့ရစဉ်။ ဓာတ်ပုံ - Suppliedအရည်အသွေးပြည့်ကွန်တိန်နာများကို အသုံးပြု၍ ဆောက်လုပ်ထားသောာသဘငူန့ သကျန များကို တွေ့ရစဉ်။ ဓာတ်ပုံ - Supplied
အရည်အသွေးပြည့် ကွန်တိန်နာများကို ပြုပြင်တည်ဆောက်ထားသည့် ရွှေ့ ပြောင်း သယ်ဆောင် နိုင်သော မိုဘိုင်း အိမ်များကို မြန်မာနိုင်ငံ ဈေးကွက် အတွင်း စတင်ရောင်းချသွားမည်ဖြစ် ကြောင်း Myanmar Home Design ကုမ္ပဏီမှ မြန်မာတိုင်း(မ်)သို့ ဖေဖော်ဝါရီ တတိယပတ်တွင် ပြောကြား ခဲ့သည်။
မိုဘိုင်းအိမ်များစတင်တည်ဆောက်နေသည့် Myanmar Home Design ကုမ္ပဏီနှင့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က တွေ့ဆုံရာတွင် လက်ထောက် မန်နေဂျာ ဖြစ်သူ ဒေါ်သန္တာခိုင်က "ကျွန်မတို့စခဲ့တာ လွန်ခဲ့တဲ့ ခုနစ်လလောက်ကပါ။ ခု ခေတ်မှာ အိမ်တစ်လုံးဆောက်ဖို့ မလွယ် တော့ဘူးလေ။မြေနေရာ၊ အဆောက်အအုံအတွက် အုတ်၊ ဘိလပ်မြေ၊ သစ်သား အစစကုန်ကျစရိတ်တွေက အရမ်း များတယ်။ ကွန်တိန်နာကို ပြုပြင်ထားတဲ့ ဒီမိုဘိုင်းအိမ်လေးတွေကျတော့ ကုန်ကျစရိတ် နည်းသလို ဘယ်နေရာမဆို ရွှေ့ပြောင်းသွားလို့ရတယ်လေ။ ကျွန်မတို့ ရည်ရွယ်ထားတဲ့ ဈေးကွက် ကတော့ ဆောက်လုပ်ရေးလုပ်ငန်း လုပ်နေကြတဲ့ ကုမ္ပဏီတွေ၊ ပင်လယ် ကမ်းခြေနဲ့ မြို့ပြင်က ခြံကျယ်ထဲမှာ သီးသန့်အိမ်ဆောက်ထားချင်တဲ့သူတွေ၊ မြေနေရာကျဉ်းကျဉ်းမှာ ယာယီပဲဖြစ်ဖြစ် ရုံးခန်း၊ ဈေးဆိုင်ဖွင့်ချင်တဲ့သူတွေ အတွက်ပါ။ နောက်ပြီး တရားစခန်းတွေ မှာ သီးသန့်တရားကျင့်တဲ့အဆောက် အအုံလိုမျိုး နေရာလိုမျိုးအသုံးပြုလည်း ရပါတယ်"ဟု ပြောသည်။
Myanmar Home Design ကုမ္ပဏီ အနေဖြင့် ရွှေ့ပြောင်းနိုင်သော မိုဘိုင်း အိမ်များ စတင်ထုတ်လုပ်ဖို့ ဥရောပမှ ပညာရှင်များနှင့် စတင်စိတ်ကူးခဲ့သည် ဟုလည်း သိရသည်။
"ကွန်တိန်နာကို နေအိမ်အဖြစ်၊ ရုံး ခန်းအဖြစ်၊ ဈေးဆိုင်အဖြစ်ပြုပြင်တည် ဆောက်ပြီး အသုံးပြုတာ မြန်မာလူမျိုး တွေအတွက် အစပိုင်းမှာ စိမ်းချင်စိမ်းနေ မှာပါ။ ဒါပေမဲ့ ခုနောက်ပိုင်း မြေဈေး တွေက အရမ်းမြင့်လာပြီ။ မြန်မာနိုင်ငံကလည်း အရမ်းဖွံ့ဖြိုးလာတော့မှာ ဆိုတော့ ဒီလိုလုပ်ဖို့ စိတ်ကူးရခဲ့ တာပါ။ ကျွန်တော် အာရှဒေသတော်တော်များများမှာရော၊ မြန်မာနိုင်ငံနေရာအနှံ့ ရော ရောက်ဖူး ပါတယ်။ မြန်မာလူမျိုး တွေရဲ့ နေထိုင်မှုဓလေ့ကိုလည်း လေ့လာကြည့်မိတယ်။ ဥရောပနဲ့ တခြားနိုင်ငံတွေမှာ ဒီလိုရွှေ့ပြောင်းနိုင်တဲ့ အိမ် သေးသေးလေးတွေဆောက်ပြီး အသုံး ပြုတာကြာပါပြီ" ဟု Myanmar Home Design ကုမ္ပဏီ၏ မန်နေဂျာတစ်ဦး ဖြစ်သူ ဗိသုကာပညာရှင် ပြင်သစ် နိုင်ငံသား မစ္စတာယန်းက ပြောသည်။
ရွှေ့ပြောင်းနိုင်သော မိုဘိုင်းအိမ်များသည် ကုန်တင်သင်္ဘောကျ ကွန်တိန်နာများကို ပြုပြင်တည် ဆောက်ထားခြင်းဖြစ် သော်လည်း အပူဒဏ်၊ မီးဒဏ်နှင့် ရာသီဥတု ဒဏ်ခံနိုင်ရည်ရှိသော အရည်အသွေးပြည့်မီသော ကွန်တိန်နာများကိုသာအသုံးပြုနိုင်သည်ဟုလည်း မစ္စတာယန်းက ပြောသည်။
အနံ၊ အမြင့် ရှစ်ပေနှင့် အလျားပေ ၂၀ ရှိသော ကွန်တိန်နာများအား မိုဘိုင်း အိမ်အဖြစ်အသွင်း ပြောင်းရာတွင်အပြင် ဘက်နံရံအား ကျွန်းသား (သို့မဟုတ်) အခြားအသားတစ်မျိုးမျိုးဖြင့်အလှဆင် ထားခြင်းဖြစ်ပြီး၊ လှပ၍ တာရှည်ခိုင်ခံစေရန် ရေနံချေးသုတ်ထားသည်ဟုလည်း ၎င်းက ပြောသည်။
"ဒီကွန်တိန်နာအိမ်အတွင်းမှာ အခန်းတွေလည်း ကန့်ထားနိုင်ပါတယ်။ အိမ်ခန်း၊ ရေချိုး ခန်းအိမ်သာ နဲ့ လူနေအိမ်အဖြစ် ဖန်တီးလို့ရသလို ရုံးခန်းနဲ့ စားသောက်ဆိုင်လို အပြင်အဆင်မျိုးလည်း ဖန်တီး လို့ရပါ တယ်။ အပြင်ပိုင်းအကာအရံ၊ အတွင်း ပိုင်းနံရံနဲ့ အခန်းဖွဲ့စည်းပုံအားလုံးကို ဒီဇိုင်းမျိုးစုံလုပ် ပေးလို့ ရပါတယ်။ ကျွန်တော်တို့ ဒီဇိုင်းအသစ်တွေထွင်နိုင်ဖို့ အမြဲတမ်းကြိုးစားနေပါတယ်" ဟု လည်း မစ္စတာယန်းက ပြောသည်။
အလေးချိန်အားဖြင့် ၄ ဒသမ ၅ တန် ခန့်ရှိ ရွှေ့ပြောင်းနိုင်သော ကွန်တိန်နာ အိမ်များကို စိတ်ကြိုက် ဒီဇိုင်းမျိုးစုံဖြင့် ပြုပြင်တည်ဆောက်နိုင်ပြီး၊ အသုံးပြု သော ပစ္စည်းအမျိုးအစားအပေါ်မူတည်ပြီး ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
Myanmar Home Design ကုမ္ပဏီ တည်ဆောက်နေသော ကွန်တိန်နာ အိမ်ငယ်များသည် ခန့်မှန်းခြေအားဖြင့် အနည်းဆုံးတန်ဖိုး ကျပ်သိန်း ၁၀၀ ခန့် ကျသင့်မည်ဖြစ်ပြီး၊ ရက်ပေါင်း ၇၀ အတွင်းအပြီးတည်ဆောက်နိုင်သည်ဟု လည်း သိရသည်။
Myanmar Home Design ကုမ္ပဏီ သည် မိုဘိုင်းအိမ်များကို လတ်တလော အနေဖြင့် ပြည်တွင်း ဈေးကွက်အတွက်သာ ရည်ရွယ်ထုတ်လုပ်နေသော်လည်း နောက်ပိုင်းတွင် ပြည်ပဈေးကွက်အထိပါ မျှော်မှန်းထားကြောင်းလည်း သိရသည်။
 
 

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!