Popular Posts!

Thursday, April 4, 2013

အိန္ဒိယကကလာတဲ့ဆေးတွေ သတိပေးပါရစေ

 

Unwholesome Medicines come from China and India တရုပ်နဲ့ အိန္ဒိယကကလာတဲ့ဆေးတွေ သတိပေးပါရစေ အာဖရိကတိုက်က ဂါနာနိုင်ငံကို တင်သွင်းနေတဲ့ တရုပ်နဲ့ အိန္ဒိယလုပ် ဆေးတွေ ဘယ်လောက်စိတ်ချရသလဲ ဆိုတဲ့ စာတမ်းတခု ၁၃-၃-၂ဝ၁၃ နေ့က GhanaWeb မှာ ဖေါ်ပြထားပါတယ်။

သူတို့နိုင်ငံမှာ အဆင့်အတန်းမမီတဲ့ဆေးတွေ အကြောင်း နေ့စဉ်အဓိကသတင်းဌာနတွေရဲ့ သတင်းခေါင်းစဉ်တွေမှာလဲ ပါနေပါသတဲ့။ စိတ်မကောင်းစရာက ဒီလိုအဆင့်မမီတဲ့ဆေးသတင်းဟာ လိင်တူသတင်းလောက် အာရုံမထားကြဘူးလို့ ရေးထားပါတယ်။ ကျွန်တော်တို့ဆီမှာတော့ ဘာသောရေးအခြေခံ အမုန်းတရားလောက် စိတ်မဝင်စားဘူးလို့ ပြောရမလား မသိပါ။

သူတို့ဆီမှာ အဆင့်နိမ့်ဆေးဝါးအရေး ကိုင်တွယ်လိုတဲ့ နိုင်ငံရေးဆန္ဒ ကင်းမဲ့နေတာကိုလည်း ထောက်ပြထားပါသေးတယ်။ ကျွန်တော်တို့ဆီမှာကော ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်တွေထဲမှာ ဘယ်အထိ စိတ်ဝင်စားမှု ရှိနေပါပြီလဲ။

တိုင်းပြည်တိုင်းမှာ ဆေးဝါးနဲ့အစားအသောက်အာဏာပိုင်အဖွဲ့ဆိုတာ ထားရှိပါတယ်။ နိုင်ငံအများဆုံးမှာသုံးတဲ့ အဖွဲ့နာမည်ကတော့ Food and Drug Administration (FDA) ဖြစ်ပါတယ်။ (အက်ဖ်ဒီအေ) ကနေ Post-market surveillance ဈေးကွက်ထဲရောက်ပြီးဆေးဝါးတွေကို လေ့လာစောင့်ကြည့်ပါတယ်။ စိတ်မချမ်းသာစရာအဖြေ တွေ့ရပါသတဲ့။ ဆေးထဲမှာ ပါသင့်ပါထိုက်တဲ့ဆေးပမာဏ မပြည့်မီတာပါ။

ဒီအရေးအတွက် တက်ကြွလှုတ်ရှားနေသူတွေက ၂ဝ၁ဝ ထဲမှာ ထောက်ပြတာရှိပါတယ်။ Antibiotics ပဋိဇီဝဆေး (ဗက်တီးရီးယားအတွက်ဆေး) ၂ မျိုးဖြစ်ပါတယ်။ Cipro-Dor (Ciprofloxacin HCl) နဲ့ Clavu-Dor (Amoxicilin 500mg + Clavulanic Acid 125 mg) တရုပ်ကနေလာတာပါ။ “Unwholesome” သုံးစွဲရန်မသင့်လို့ မှတ်ချက်ပြုပါတယ်။ FDA ကနေလည်း “Substandard” အဆင့်အတန်း နိမ့်ကျတယ်လို့ သတ်မှတ်ပါတယ်။ သုံးစွဲသူလူနာမှာ ရောဂါမပျောက်ပါလို့လဲ ပါရှိပါသေးတယ်။

Oxytocin injections ခေါ်တဲ့ သားဖွါးလူနာတွေအတွက် ထိုးဆေးလည်း တရုပ်ကနေလာပါသတဲ့။ ဆေးထုတ်တဲ့ကုမ္ပဏီ အမည်မပါဘူးလို့ FDA ကနေ တွေ့ရှိရပြန်ပါတယ်။ ဒီနှစ် ဖေဖေါ်ဝါရီလထဲမှာ အိန္ဒိယကနေတင်သွင်းတဲ့ ပဋိဇီဝဆေး Rox Clave 625 ဆိုတာထဲမှာ အမှန်က Amoxicillin 500mg နဲ့ Clavunate 125mg ပါရမှာကို Clavunate မပါတာ တွေ့ရပြန်ပါတယ်။

ဒီနှစ် ဖေဖေါ်ဝါရီလထဲမှာပဲ တရုပ်က လာတဲ့ Tres-Orix Forte ခေါ်တဲ့ Appetite stimulant အစားစားချင်စိတ် တိုးစေမဲ့ဆေးဟာ Counterfeit ဆေးအတု ဖြစ်တာတွေ့ရပါတယ်။ အမှုအခင်းဖြစ်တော့ ရုံးထိုင် တရားသူကြီးက ဒီလို အဆင့်အတန်းမမီတဲ့ဆေး တင်သွင်းခြင်းဟာ Armed robbery လက်နက်နဲ့ ဓါးပြတိုက်သလိုဘဲလို့ မှတ်ချက်ပြုပါတယ်။ ကွန်တော်တို့နိုင်ငံက တရားသူကြီးမင်းများ ဘယ်လိုမှတ်ချက်များ ပြုချင်ကြပါသလဲခင်ဗျား။

ဒီဆောင်းပါးထဲမှာ အာရှတိုက်ကနေသွင်းယူတဲ့ ဆေးဝါးတွေဟာ ၇ဝ% ရှိတယ်။ အဆင့်အမမီတာတွေ၊ ဆေးအတုတွေ အကြောင်း သိပ်မသိကြရသေးဘူးလို့ ထောက်ပြထားပါတယ်။ ဒီလိုလုပ်နေတာဟာ (၁) Inadvertently မထင်မှတ်ပဲ ဖြစ်တာလား၊ (၂) Intentionally တမင်တကာလုပ်နေတာလားဆိုတဲ့ မေးခွန်းကြီး နှစ်ခုပေါ်လာပါတယ်။

တလောက ဒေလီမှာ မိတ်ဆွေ စီးပွါးရေးလုပ်နေသူတဦးကနေ သတင်းပေးပါတယ်။ “ဆရာ မြန်မာပြည်ကနေ ဆေးလာဝယ်တဲ့ ကုန်သည်တွေ့တယ်။ အိန္ဒိယဆေးကုမ္ပဏီတွေက ဆေးတွေကို (အင်ပို့) လုပ်ဘို့။ အဲတာဗျာ ဆေးအလေးချိန်ကို လျှော့ထုတ်ပေးဘို့ (အော်ဒါ) လုပ်တယ်ဗျ။”

ကမ္ဘာမှာ ဖွံ့ဖြိုးဆဲနဲ့ ဆင်းရဲသေးတဲ့တိုင်းပြည်တွေက သန်းပေါင်းများစွားသော လူတွေဟာ Affordable drugs ကိုယ်တတ်နိုင်တဲ့ဆေးကိုသာ သုံးနိုင်ကြပါတယ်။ ဒီလိုဆေးတွေက တရုပ်နဲ့ အိန္ဒိယကနေလာတာပါ။ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ငရဲကျနိုင်တာ သတိထားစေချင်ပါတယ်။

အစိုးရအဖွဲ့၊ နိုင်ငံရေးပါတီများနဲ့ လူမှုအဖွဲ့အစည်းများခင်ဗျား ဆေးဝါးအရေးလည်း တွေးပေးကြပါအုံးလို့ ပြောပါရစေ။

ဒေါက်တာတင့်ဆွေ
Refdts-medicaleducation.blog's

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!