Popular Posts!

Monday, July 1, 2013

ယာဉ်ရောင်းဝယ်ရေးစခန်းလာရောက် ဖွင့်လှစ်မည်ဆိုသောကြောင့် ပုလဲမြို့သစ်မြေကွက်များ ပေါက်ဈေးထက် ကျော်လွန်ခေါ်ယူနေ



myanmar property journal | 26 June 2013
ယာဉ်ရောင်းဝယ်ရေးစခန်းလာရောက် ဖွင့်လှစ်မည်ဆိုသောကြောင့် ပုလဲမြို့သစ်မြေကွက်များ ပေါက်ဈေးထက် ကျော်လွန်ခေါ်ယူနေ
မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေးစခန်းလာရောက်ပြောင်းရွေ့ဖွင့်လှစ်မည် ဆိုသောကြောင့်မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်ရှိ မြေကွက်များ လက်ရှိပေါက်ဈေးထက် ကျော်လွန်ကာ ဈေးမြင့်ခေါ်ယူလျက်ရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရှိရသည်။

မင်္ဂလာဒုံမြို့နယ်အတွင်း ပုလဲမြို့သစ်မြေကွက်များမှာ အမှတ် ၃ လမ်းမကြီး ဖွင့်လှစ်ပြီးစီးသည့်အချိန်မှစ၍ ဈေးနှုန်းများ မြင့်တက်လာခဲ့ပြီး လက်ရှိတွင် မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေးစခန်းလာရောက် ဖွင့်လှစ်မည်ဆိုသောကြောင့် မြေကွက်များအား လက်ရှိပေါက်ဈေးမြင့်မားနေသလောက် အရောင်းအဝယ်ဖြစ်မှု နည်းပါးကြောင်း သိရသည်။

“ဒီဘက်မှာ မြေကွက်ပေါက်ဈေးက ဒီလောက်အမြင့်ကြီးမဟုတ်ဘူး၊ မြေရှင်တွေက ဈေးစွတ်ခေါ်နေတာ၊ ဈေးမြင့်တော့ အဝယ်လည်းမလိုက်တော့ဘူး၊ အလုပ်မဖြစ်ဘူး၊ တကယ့်တကယ်အကွက်ကောင်းတွေ ကျတော့လည်း ဗိုလ်မှူးတွေ၊ အကြီးစားကုမ္ပဏီအုပ်စုတွေ၊ သက်ဆိုင်ရာလူကြီးတွေပဲ ပိုင်ကြတာ၊ အမှတ် ၃ လမ်းမကြီးဖွင့်ကတည်းက သင်္ဃန်းကျွန်း၊ ပုလဲ၊ ထောက်ကြန့်၊ နွယ်ခွေဘက်က မြေကွက်တွေရဲ့ ဈေးကမြင့်လာတာ ခုထိပဲ”ဟု အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောသည်။

လက်ရှိတွင် ပုလဲမြို့သစ်၊ အမှတ် ၃ လမ်းမတန်းတစ်လျှောက်ရှိမြေဧကနှင့် မြေကွက်များမှာဝယ်ယူမှုများရှိ သော်လည်း ရောင်းချမည့်မြေကွက်မှာ မရှိသလောက်နည်းပါးပြီး အမှတ် ၃ လမ်းမတန်းတစ်လျှောက် မြေတစ်ဧကလျှင် ငွေကျပ်သိန်း ၂,၅၀၀ မှ ၃,၀၀၀ အထိပေါက်ဈေးရှိကြောင်း၊ ပေ ၁၅၀ -၂၀၀ ပတ်လည် မြေကွက်တစ်ကွက်လျှင်မှု၊ ငွေကျပ် သိန်း ၅,၅၀၀ အထိ ပေါက်ဈေး ရှိကာ အဝေးပြေးလမ်းမတန်းဖြစ်သည့်အတွက် အများစုမှာ ဓာတ်ဆီဆိုင်များ၊ မော်တော်ယာဉ် အရောင်းပြခန်းများ၊ ယာဉ်ကြီးပြုပြင်သည့်ဝပ်ရှော့များ ဖွင့်လှစ်ရန်ဝယ်ယူကြကြောင်း သိရသည်။
 
 

ခြံ ၊ မြေကွက် : ရောင်းရန် - မင်္ဂလာဒုံ ရွှေနံ့သာရွာမ ခြံကျယ်ကျယ်ရောင်းမည်။

ကျားခေါင်းသစ်စက်လမ်း
ရန်ကုန်တိုင်းဒေသကြီး | မင်္ဂလာဒုံ
လုပ်ငန်းရ
Listed on 30 June 2013
6500.00 သိန်း (ညှိနှိုင်း)
အကျယ်အဝန်း : (200'x200')
No
No

    အိမ်ခြံမြေကြော်ငြာအသေးစိတ်

    အသေးစိတ်အချက်အလက်များ

    အိမ်ခြံမြေ အမည် :မင်္ဂလာဒုံ ရွှေနံ့သာရွာမ ခြံကျယ်ကျယ်ရောင်းမည်။
    အိမ်ခြံမြေ အမျိုးအစား :ခြံ ၊ မြေကွက်
    လမ်းအမည် :ကျားခေါင်းသစ်စက်လမ်း
    တိုင်း၊ပြည်နယ် :ရန်ကုန်တိုင်းဒေသကြီး
    မြို့ ၊ မြို့နယ် :မင်္ဂလာဒုံ
    ဈေးနှုန်း :6500.00 သိန်း (ညှိနှိုင်း)
    အကျယ်အဝန်း :(200'x200')
    အထပ် :
    တယ်လီဖုန်း :Yes
    အဲယားကွန်း :No
    အိပ်ခန်း :No
    ရေချိုးခန်း :No
    စတင်အသုံးပြုနိုင်မည်နေ :
    ပိုင်ဆိုင်မှု :စာချုပ်

    တခြားပါဝင်သော အရာများ

    လုပ်ငန်းရ

    အနီးအနားထင်ရှားသည့်နေရာများ

    ငွေနံ့သာ သစ်ခွဥယျာဉ်၊ ပုလဲမြို့သစ်၊ အမှတ် (၃) လမ်းမကြီး အနီး၊

    မှတ်ချက်

    အမှတ် (၃) လမ်းမကြီးမှ ကားဖြင့် ၅ မိနစ်ခန့်သွားဝင်ရသည်။ ဆယ်ဘီးကားကြီးများ ၀င် ထွက်သွားလာနိုင်သောလမ်းဖြစ်သည်။ မီး၊ ဖုံး၊ အ၀ီစိရေ၊ ရေတွင်းရေ၊ ရေကန် (၃)လုံး၊ တစ်ထပ်တိုက်ပု တစ်လုံး၊ အခြေခံ ဂိုဒေါင်တွဲလျက်ပါသည်။ အတွင်း ဂုတ်ခြံဖြစ်သည်။ ခြံရှေ့လမ်း နဲ့ ခြံဘေးတွင် ဖြတ်လမ်းတိုတစ်ခုရှိသည်။ လုပ်ငန်းလုပ်ရန်သင့်တော်သည်။
    Ref:shweproperty journal

    ပုလဲမြို့သစ်က မြေဈေးလေးတွေကို နှိုင်းယှဉ်ကြည့်လိုက်ရင်.....
     
     Ref:myanmarproperty

    ကားပွဲစားတန်း ပြောင်းမည်ဆို၍ ပုလဲမြို့သစ်တစ်ဝိုက် မြေဈေးများ အချိန်တိုအတွင်း နှစ်ဆနီးပါးထိုးတက်

    mizzima | 9 July 2013
    ကားပွဲစားတန်း ပြောင်းမည်ဆို၍ ပုလဲမြို့သစ်တစ်ဝိုက် မြေဈေးများ အချိန်တိုအတွင်း နှစ်ဆနီးပါးထိုးတက်ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ် မင်းရဲ ကျော်စွာလမ်းရှိ ယာဉ်ရောင်းဝယ်ရေး စခန်း အား မင်္ဂလာဒုံမြို့နယ်ရှိ ပုလဲမြို့သစ်သို့ ပြောင်း ရွှေ့ဖွင့်လှစ်မည်ဟု သတင်းထွက်ပေါ်မှု ကြောင့် ပုလဲမြို့သစ်နှင့် အနီးတစ်ဝိုက်ရှိ မြေကွက် ဈေးနှုန်းများ အချိန်တိုအတွင်း နှစ်ဆကျော် အထိ ထိုးတက်သွားကြောင်း အိမ်ခြံမြေအကျိုး ဆောင်များက ပြောကြား သည်။

    ဟံသာဝတီယာဉ်ရပ်နားစခန်းမှနေ၍ မင်းရဲကျော်စွာယာဉ်ရပ်နားစခန်းသို့ ပြီးခဲ့သည့် မတ်လတွင် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကာ ယင်းနောက် မကြာမီပင် မင်းရဲကျော်စွာယာဉ်ရပ်နားစခန်း နေရာအား အဆင်မြင့်ဆေးရုံ တည် ဆောက်မည်ဖြစ်ခြင်းကြောင့် ယာဉ်ရပ်နားစခန်းကို ပုလဲမြို့သစ်သို့ ပြောင်းရွှေ့မည်ဟု သတင်း များထွက်ပေါ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါသတင်း အပေါ်အခြေပြုကာ ဇွန်လလယ်ခန့်မှစတင်ပြီး ယင်းသို့ဈေးနှုန်းများပြောင်းလဲလာခဲ့ခြင်း ဖြစ်ကြောင်း ယင်းတို့က ပြောကြားသည်။
    ပုလဲမြို့သစ်ရှိ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ''အခုအချိန်ကတော့ အသံမကြားလိုက်နဲ့ ဈေးတက်မယ့်လူ နဲ့ လိုက်ဝယ်မယ့် လူနဲ့ ဈေးကွက်က အဲဒီလိုဖြစ်နေတာ''ဟု ပြောသည်။
    ပုလဲမြို့သစ်တွင် မြေဈေးနှုန်းများသည် အဓိကအားဖြင့် လမ်းမတန်းများတွင် မြင့်တကနေခြင်းဖြစ်ကာ ယခင်က ပေ ၁ဝဝပတ်လည် မြေတစ်ကွက်လျှင် ကျပ်သိန်း ၃,ဝဝဝခန့်ဖြစ် ရာမှ ယခုအခါ ကျပ်သိန်း
    ၅,ဝဝဝအထိ မြင့်တက်သွားခြင်းဖြစ်ပြီး အမှန်တကယ်အရောင်း အဝယ်ဖြစ်လျက်ရှိကာ ဓာတ်ဆီဆိုင်၊ စားသောက်ဆိုင် အစရှိသော စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် ဝယ်ယူကြခြင်းဖြစ်ပြီး ရပ်ကွက်အတွင်း၌ မူလမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် ဈေးနှုန်းပမာဏထူးခြားစွာမြင့်တက်ခြင်း မရှိကြောင်း စိုင်းခွန်နောင်အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
    ပုလဲမြို့သစ်နှင့်အနီးတစ်ဝိုက်ရှိ မြေဈေးနှုန်း များမှာ အမှတ်(၃)လမ်းမကြီးတစ်လျှောက် တွင် တစ်စတုရန်းပေလျှင် ကျပ်တစ်သိန်းခန့် ဖြစ်ပြီး ပေ ၄ဝx ၆ဝ၊ ပေ၆ဝx၈ဝနှင့် ပေ၁ဝဝ ပတ်လည် စသဖြင့် မြေကွက်များရှိပြီး လုပ်ငန်းပေါ်မူတည်ကာ ဈေးနှုန်းအမျိုးမျိုးဖြင့် အရောင်း အဝယ်ဖြစ်နေကြပြီး ရက်ပိုင်းအတွင်း၌ပင် မြေကွက်ကြီးသုံးခုခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း နယ်မြေခံ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။
    အမှတ်(၃)လမ်းမကြီးတစ်လျှောက်တွင် ဓာတ်ဆီဆိုင်၊ မော်တော်ယာဉ်အရောင်းပြခန်း များ၊ မော်တော်ယာဉ်အကြီးစားပြုပြင်မှုဝပ်ရှော့ စသည့် စီးပွားရေးလုပ်ငန်းများ တည်ထောင်မှု လျင်မြန်စွာတိုးပွားလာနေပြီး ယခုကဲ့သို့ ဈေး နှုန်းတစ်ဟုန်ထိုးမြင့်တက်ခြင်းသည် အမှတ် (၃)လမ်းမကြီးကို စတင်ဖွင့်လှစ်ပြီးနောက်ပိုင်း မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ပုလဲမြို့သစ်၊ သင်္ဃန်း ကျွန်းကြီး၊ ထောက်ကြံ့၊ နွယ်ခွေ စသည့်ဒေသများတွင် ဒုတိယအကြိမ်အဖြစ် ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်သည်။
     Ref:mizzimaburmese
     

    - Posted using BlogPress from my iPhone5

    No comments:

    *** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

    ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!