အတော်ကိုရှက်ဖို့ကောင်းတဲ့ရွှေလို့တောင်မခေါ်သင့်တော့တဲ့ ရွှေဗမာလေးတွေရဲ့လုပ်ရပ်လေးတွေပါ...အမိနိုင်ငံမှာ ဘွဲ့တဲ့သူတွေ အတော်များပါတယ်၊ နည်းနည်းလေးဆက်ပြီး နိုင်ငံတကာအသိအမှတ်ပြုတဲ့ ဒီပလိုမာ (သို့) လက်မှတ်လေးတွေကို နည်းမည်းလေးအပင်ပန်းခံပြီးဆက်ကြိုးစားလိုက်ရင် ဘွဲ့ဆိုတဲ့ ဂုဏ်သိက္ခာလေးတွေနှင့် ဒီမှာအလုပ်ရှာတာပိုလွယ်ပြီးပိုအဆင်ပြေကျတာကို အမိရွှေလေးတွေ အတော် များများက မသိကျတာလဲပါမှာပေါ့နော်... သိလဲမသိကျပါဘူး.....
လက်ရှိသူငယ်ချင်းရွှေလေး ရိုးရိုးဘွဲ့ရလူငယ်လေးတွေ ဘယ်လိုနည်းတွေနှင့် ဒီမှာအလုပ်ရနေကျတယ် ဘာလိုအဆင့်မြင့်သင်တန်းတွေတက်ပြီးဘယ်လိုလက်မှတ်တွေလိုအပ်တယ်၊ ဒီပကလိုမာတွေအောင်ပြီး မှ သက်ဆိုင်ရာအလုပ်လက်တွေ့အတွေ့အကြုံရှိပြီး၊ ပြင်ဆင်ပြီးမှတက်လာရင် အလုပ်ရတာများနေတာကို သတိထားမိလို့အသိပေးလိုက်ပါတယ်...
အခုလိုဖမ်းဆီးတဲ့အထဲမှာ ရွှေလေးတွေ၂၁ဦးဆိုတော့ အများဆုံးဖြစ်နေတာက အခုနှစ်ပိုင်းမှာ နိုင်ငံတကာမှာ ပေါ်ပြူလာအဖြစ်ဆုံး မြန်မာနိုင်ငံရဲ့က ရွှေလေးတွေရဲ့အကျင့်စရိုတ်တွေကို ဖော်ပြလိုက် သလို ဖြစ်နေပြီး နောက်တက်စရွှေလေးတွေကို အတော်ကိုအဟန့်အတားဖြစ်စေပါတယ်...
ဒီမှာအတော်များများသိကျတာက ရွှေလေးတွေကို အလုပ်ကြိုးစားတယ်၊ရိုးသားတယ်လို့ဘဲသိကျတာလေ၊ အခုဖြစ်ရပ်က နိုင်ငံနှင့်လူမျိုးတွေကို အောက်ဆုံးအဆင့်ကိုထိုးဆင်းစေပါတယ်၊ ကိုယ်နိုင်ငံလောက် ပညာတတ်ဘွဲ့ရ မများတဲ့အိန္ဒိယတောင် ၃ဦးလောက်ဘဲလိမ်တယ်လေ....
ရန်ကုန်က မဟာဗန္ဓုလအောက်လမ်း(ယခင်ကဘားလမ်းဟောင်း)မှာ ဘယ်လောက်ထိ ဘာတွေအတုတွေ လုပ်လို့ရလဲဆိုတာ လုပ်ဖူးသူတွေဘဲသိကျပါလိမ့်မယ်လေ...
thithtoolwin.info မှကူးယူထားတာပါ...
စင်ကာပူတွင် ပညာရေး အထောက်အထား လိမ်လည်မှုဖြင့် နိုင်ငံခြားသား ၂၅ ဦးကို ပြစ်ဒဏ်ချ
စင်ကာပူ၊ ဇူလိုင် ၁၇
စင်ကာပူနိုင်ငံတွင် အလုပ် လုပ်ကိုင်ခွင့် ရရန်အတွက် ပညာရေး အထောက်အထား တင်ပြရာတွင် လိမ်လည် တင်ပြမှုဖြင့် အစစ်ဆေးခံနေ ရသော နိုင်ငံခြားသား ၂၅ ဦးကို ဇူလိုင်လ ၁၆ ရက်နေ့က ပြစ်ဒဏ်များ အသီးသီး ချမှတ်ခဲ့သည်ဟု CNA သတင်း ဌာနတွင် ဖော်ပြထားသည်။
အဆိုပါ နိုင်ငံခြားသား ၂၅ ဦးမှာ အလုပ်လုပ်ခွင့် ပါမစ် လျှောက်ထားရာ၌ ပညာရေး အထောက်အထား စာရွက် စာတမ်း အတုများကို တင်ပြခဲ့သည့် အတွက် မေလအတွင်းက တရားစွဲဆို ခံခဲ့ရပြီး ယခုအခါတွင် ပြစ်မှု ထင်ရှား သဖြင့် ပြစ်ဒဏ် ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။
ထိုနိုင်ငံခြားသား ၂၅ ဦးမှာ မြန်မာနိုင်ငံမှ ၂၁ ဦး၊ အိန္ဒိယနိုင်ငံမှ သုံးဦးနှင့် ဖိလစ်ပိုင်နိုင်ငံမှ တစ်ဦး ဖြစ်ပြီး အမျိုးသား ၂၀ ဦး၊ အမျိုးသမီး ငါးဦးဖြစ်ကာ အသက် ၁၉ နှစ်မှ ၄၈ နှစ် ကြား ရှိသူများ ဖြစ်ကြောင်း သိရသည်။
ထို ၂၅ ဦးသည် ၂၀၁၂ ခုနှစ် မေလမှ သြဂုတ်လအတွင်းတွင် အလုပ်လုပ်ခွင့် ပါမစ် ကြီးကြပ်ရေးဌာန သို့ အလုပ် လုပ်ခွင့် ပါမစ် လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ၂၅ ဦး စလုံးမှာ အချက်အလက် အမှားများဖြင့် လိမ်လည် လျှောက်ထား ခဲ့ခြင်း ဖြစ်သည်။
၂၅ ဦး အနက်မှ ၂၄ ဦးမှာ ၎င်းတို့၏ ပညာရေး အထောက်အထား စာရွက်စာတမ်း အတုများကို ၎င်းတို့၏ မိခင် နိုင်ငံများမှ ရယူကာ ထိုအထောက်အထား အတုများဖြင့် အလုပ်သမား ဝန်ကြီးဌာနသို့ ၎င်းတို့ ဘာသာ အလုပ်လုပ်ခွင့် ပါမစ် လျှောက်ထားခဲ့ကြခြင်း ဖြစ်သည်။
ကျန်တစ်ဦးမှာမူ အလုပ်လုပ်ခွင့် ပါမစ်ကို ပညာရေး အထောက်အထား အတုဖြင့် အလုပ်အကိုင် ရှာဖွေရေး အေးဂျင့် တစ်ခုမှ တစ်ဆင့် လျှောက်ထား ခဲ့ခြင်း ဖြစ်သော်လည်း ထိုအလုပ်အကိုင် ရှာဖွေရေး အေးဂျင့်က ထိုစာရွက်စာတမ်း အတုနှင့် ပတ်သက်၍ စင်ကာပူနိုင်ငံ အလုပ်သမားရေးရာ ဝန်ကြီးဌာနသို့ အကြောင်းကြားခဲ့ခြင်း မရှိကြောင်း သိရသည်။
ထိုကဲ့သို့ လျှောက်ထားသည့် အချိန်က စင်ကာပူ အလုပ်သမားရေးရာ ဝန်ကြီးဌာနသည် စာရွက် စာတမ်း အတုများကို စစ်ဆေး တွေ့ရှိခဲ့ခြင်း မရှိသဖြင့် အလုပ်လုပ်ခွင့် ပါမစ်များ ထုတ်ပေးခဲ့ပြီး ယခုနှစ် မေလတွင်မှ စာရွက်စာတမ်း အတုများဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရသည့်အတွက် ဖမ်းဆီး စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
လိုအပ်သည့် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ပြီးသည့်နောက်တွင် တရားစွဲဆိုခြင်း ခံရသော နိုင်ငံခြားသား ၂၅ ဦးစလုံးမှာ အပြစ်ရှိကြောင်း ထင်ရှားသဖြင့် ထိုနိုင်ငံခြားသား ၂၅ ဦးအနက်မှ ၂၀ ဦးကို ထောင်ဒဏ် လေးပတ် ချမှတ်ခဲ့ပြီး ကျန်ငါးဦးကို ငွေဒဏ် စင်ကာပူ ဒေါ်လာ ၅၀၀၀ ချမှတ်ခဲ့ခြင်း ဖြစ်သည်။
The Voice Weekly

ဒါက မူရင်း MOM website မှပါ....
20 sentenced to four weeks’ imprisonment; five fined $5,000
17 July 2013
- The Ministry of Manpower (MOM) charged 25 foreigners on 16 July 2013 for furnishing false information to the Controller of Work Passes by submitting forged academic certificates to obtain work passes. This is the largest number of individuals brought to court so far this year for this offence.Accused persons fraudulently obtained 24 S Passes and one Employment Pass
- Investigations revealed that the 25 accused persons1 furnished false information to the Controller of Work Passes between May and August 2012 in their applications for work passes.
- Of the 25 accused, 24 obtained forged academic certificates from their home countries and used them to apply for work passes. The other accused person knew that a forged academic certificate was submitted on her behalf by an employment agent and intentionally failed to notify MOM. All the accused did not possess university degree qualifications and the forged academic certificates were knowingly used to mislead MOM into issuing them with the work passes.
- Based on the information declared, the 25 accused were issued with work passes to perform work in operations, sales and retail. Among them were also chefs, a hairstylist and a dance choreographer.
- MOM’s investigations into the 25 cases commenced after the ministry had verified with the institutions issuing the certificates that they were forged. The work pass holders were less than one year into their employment here when they were arrested and investigated in May 2013. At the conclusion of the investigations, MOM brought the 25 foreign nationals to court and charged them under the Employment of Foreign Manpower Act for furnishing false information and for intentionally omitting to furnish information to the Controller of Work Passes.
- All 25 accused pleaded guilty to the charges on 16 July 2013. Of the 25, 20 were sentenced to four weeks’ imprisonment. The remaining five accused were fined $5,000 or in default to 20 days’ imprisonment. As these five accused were unable to pay up their fines, they would be serving the default sentence.
- In 2012, MOM successfully prosecuted 43 offenders for similar offences. In the first half of 2013, a total of 28 offenders were convicted. The majority of these offenders were jailed for up to four weeks by the Court.Responsibility of Foreign Workers to Make Truthful Declarations
- It is the responsibility of all applicants to make accurate, complete and truthful declarations to the Controller of Work Passes. Making a false declaration to the Controller through the fraudulent submission of forged academic certificates to by-pass work pass eligibility criteria is a deliberate attempt to mislead the Controller. Applicants are warned not to fabricate and submit forged documents as there are stringent checks by MOM to detect and enforce against such false applications. MOM will not condone such acts of false declaration, and will take severe actions against offenders.
- Members of the public who have information of persons or employers who contravene the Employment of Foreign Manpower Act should report the matter to MOM at Tel: (65) 6438 5122 or email mom_fmmd@mom.gov.sg. All information will be kept strictly confidential.
1 Twenty-one from Myanmar, three from India and one from the Philippines, comprising 20
males and five females aged between 19 and 48 years old.
No comments:
Post a Comment