Popular Posts!

Wednesday, July 31, 2013

အသက်မွေးဝမ်းကျောင်း တက္ကသိုလ်အချို့ ကျောင်းဝင်ခွင့် အမှတ်များကို တိုးမြှင့်ကာ ကျောင်းသားဦးရေ ကို ထောင်ဂဏန်းကျော် လျှော့ချခေါ်ယူ..

We make tools Your make do!
 
 

 
တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရန် အမှတ်စာရင်း ထုတ်ယူနေကြသူများကို တွေ့ရစဉ်

Photo: အသက်မွေးဝမ်းကျောင်း တက္ကသိုလ်အချို့ ကျောင်းဝင်ခွင့် အမှတ်များကို တိုးမြှင့်ကာ ကျောင်းသားဦးရေကို ထောင်ဂဏန်းကျော် လျှော့ချခေါ်ယူ

    Created on Wednesday, 31 July 2013 01:56 


အသက်မွေးဝမ်းကျောင်း တက္ကသိုလ်အချို့၌ ၂၀၁၃-၁၄ ပညာသင်နှစ်အတွက် ကျောင်းဝင်ခွင့်များ ခေါ်ယူရာတွင် ၀င်ခွင့်အမှတ်များကို ယခင်နှစ်ကထက် တိုးမြှင့်ထားပြီး ကျောင်းသားဦးရေကိုလည်း ထောင်ဂဏန်းကျော် လျှော့ချခေါ်ယူထားကြောင်း ပညာရေး ၀န်ကြီးဌာနမှ သိရသည်။

အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များဖြစ်သည့် ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များ၊ ဆေးဝါးတက္ကသိုလ်များ၊ ဆေးဘက်ဆိုင်ရာ နည်းပညာ တက္ကသိုလ်များ၊ သူနာပြု တက္ကသိုလ်များ၊ အခြေခံကျန်းမာရေး တက္ကသိုလ်၊ တိုင်းရင်းဆေး တက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်များ၊ အစိုးရ နည်းပညာကောလိပ်များနှင့် အစိုးရ စက်မှုလက်မှု သိပ္ပံများ၊ ကွန်ပျူတာ တက္ကသိုလ်များ၊ မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်၊ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်၊ စီးပွားရေး တက္ကသိုလ်များနှင့် ပညာရေး တက္ကသိုလ်များအနက်မှ နည်းပညာ တက္ကသိုလ်များ၊ အစိုးရနည်းပညာ ကောလိပ်များနှင့် အစိုးရ စက်မှုလက်မှု သိပ္ပံများနှင့် ကွန်ပျူတာ တက္ကသိုလ်များတွင် ကျောင်းဝင်ခွင့် လျှောက်ထားနိုင်သည့် အနိမ့်ဆုံး ၀င်ခွင့်ရမှတ်များနှင့် ၀င်ခွင့်ပြုနိုင်မည့် ကျောင်းသားဦးရေမှာ ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက သိသာစွာ ကွာခြားမှုများ ရှိနေခဲ့သည်။

အစိုးရနည်းပညာ ကောလိပ်များနှင့် အစိုးရစက်မှုလက်မှု သိပ္ပံများ၌ ကျောင်းဝင်ခွင့် လျှောက်ထားနိုင်သည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အနိမ့်ဆုံးရမှတ် သတ်မှတ်ချက်များမှာ ၂၀၁၁ ခုနှစ်တွင် ၃၂၀ မှတ်နှင့် အထက်၊ ၂၀၁၂ ခုနှစ်တွင် ၃၆၀ မှတ်နှင့်အထက်၊ ယခုနှစ်တွင် ၃၇၀ မှတ်နှင့်အထက် သတ်မှတ်ထားခဲ့ပြီး ကျောင်းဝင်ခွင့်ပြုနိုင်မည့် ကျောင်းသားဦးရေ သတ်မှတ်ချက်မှာလည်း ၂၀၁၁ ခုနှစ်တွင် ၂၉၂၅၀ ဦး၊ ၂၀၁၂ ခုနှစ်တွင် ၁၆၀၀၀ ဦး၊ ယခုနှစ်တွင် ၁၁၆၅၀ ဦး သတ်မှတ်ထားခဲ့သည်။

ကွန်ပျူတာ တက္ကသိုလ်များ၌ ကျောင်းဝင်ခွင့် လျှောက်ထားနိုင်သည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အနိမ့်ဆုံးရမှတ် သတ်မှတ်ချက်များမှာ အမှတ် ၃၆၅ မှတ်နှင့်အထက် သုံးနှစ်ဆက်တိုက် ပြောင်းလဲမှု မရှိခဲ့သော်လည်း ကျောင်းဝင်ခွင့်ပြုနိုင်မည့် ကျောင်းသားဦးရေမှာ ၂၀၁၁ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်တို့တွင် ၇၀၀၀ ဦး သတ်မှတ်ခဲ့သော်လည်း ယခုနှစ်၌မူ ၅၂၄၀ ဦးသာ သတ်မှတ်ခဲ့သည်။

တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရန် အမှတ်စာရင်း ထုတ်ယူနေကြသူများကို တွေ့ရစဉ်

အေးချမ်းမွန် Credit To >> Eleven Media Group <<Thanks
Re-posted By ACM 31-7-2013
https://www.facebook.com/excellencemedia
အသက်မွေးဝမ်းကျောင်း တက္ကသိုလ်အချို့၌ ၂၀၁၃-၁၄ ပညာသင်နှစ်အတွက် ကျောင်...းဝင်ခွင့်များ ခေါ်ယူရာတွင် ၀င်ခွင့်အမှတ်များကို ယခင်နှစ်ကထက် တိုးမြှင့်ထားပြီး ကျောင်းသားဦးရေကိုလည်း ထောင်ဂဏန်းကျော် လျှော့ချခေါ်ယူထားကြောင်း ပညာရေး ၀န်ကြီးဌာနမှ သိရသည်။

အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များဖြစ်သည့် ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များ၊ ဆေးဝါးတက္ကသိုလ်များ၊ ဆေးဘက်ဆိုင်ရာ နည်းပညာ တက္ကသိုလ်များ၊ သူနာပြု တက္ကသိုလ်များ၊ အခြေခံကျန်းမာရေး တက္ကသိုလ်၊ တိုင်းရင်းဆေး တက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်များ၊ အစိုးရ နည်းပညာကောလိပ်များနှင့် အစိုးရ စက်မှုလက်မှု သိပ္ပံများ၊ ကွန်ပျူတာ တက္ကသိုလ်များ၊ မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်၊ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်၊ စီးပွားရေး တက္ကသိုလ်များနှင့် ပညာရေး တက္ကသိုလ်များအနက်မှ နည်းပညာ တက္ကသိုလ်များ၊ အစိုးရနည်းပညာ ကောလိပ်များနှင့် အစိုးရ စက်မှုလက်မှု သိပ္ပံများနှင့် ကွန်ပျူတာ တက္ကသိုလ်များတွင် ကျောင်းဝင်ခွင့် လျှောက်ထားနိုင်သည့် အနိမ့်ဆုံး ၀င်ခွင့်ရမှတ်များနှင့် ၀င်ခွင့်ပြုနိုင်မည့် ကျောင်းသားဦးရေမှာ ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက သိသာစွာ ကွာခြားမှုများ ရှိနေခဲ့သည်။

အစိုးရနည်းပညာ ကောလိပ်များနှင့် အစိုးရစက်မှုလက်မှု သိပ္ပံများ၌ ကျောင်းဝင်ခွင့် လျှောက်ထားနိုင်သည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အနိမ့်ဆုံးရမှတ် သတ်မှတ်ချက်များမှာ ၂၀၁၁ ခုနှစ်တွင် ၃၂၀ မှတ်နှင့် အထက်၊ ၂၀၁၂ ခုနှစ်တွင် ၃၆၀ မှတ်နှင့်အထက်၊ ယခုနှစ်တွင် ၃၇၀ မှတ်နှင့်အထက် သတ်မှတ်ထားခဲ့ပြီး ကျောင်းဝင်ခွင့်ပြုနိုင်မည့် ကျောင်းသားဦးရေ သတ်မှတ်ချက်မှာလည်း ၂၀၁၁ ခုနှစ်တွင် ၂၉၂၅၀ ဦး၊ ၂၀၁၂ ခုနှစ်တွင် ၁၆၀၀၀ ဦး၊ ယခုနှစ်တွင် ၁၁၆၅၀ ဦး သတ်မှတ်ထားခဲ့သည်။

ကွန်ပျူတာ တက္ကသိုလ်များ၌ ကျောင်းဝင်ခွင့် လျှောက်ထားနိုင်သည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အနိမ့်ဆုံးရမှတ် သတ်မှတ်ချက်များမှာ အမှတ် ၃၆၅ မှတ်နှင့်အထက် သုံးနှစ်ဆက်တိုက် ပြောင်းလဲမှု မရှိခဲ့သော်လည်း ကျောင်းဝင်ခွင့်ပြုနိုင်မည့် ကျောင်းသားဦးရေမှာ ၂၀၁၁ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်တို့တွင် ၇၀၀၀ ဦး သတ်မှတ်ခဲ့သော်လည်း ယခုနှစ်၌မူ ၅၂၄၀ ဦးသာ သတ်မှတ်ခဲ့သည်။


Ref:news-eleven


 

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!