Popular Posts!

Thursday, July 18, 2013

iphon 5 ကိုင်တဲ့သူတွေသတိထားစေချင်!

iphon 5 ကိုင်တဲ့သူတွေသတိထားစေချင်ပါတယ်..အမှန်ဟုတ်တယ်မဟုတ်ဖူးဆိုတာ မသိနိုင်သေးပါဘူး! အတုတွေများတဲ့တရုတ်ပြည်မှာ.....
iphoneက နားကြပ်လေးတွေ၊အားသွင်းတဲ့ adapterလေးတွေက အုပ်ထားတဲ့ပလပ်စတစ်လေးတွေ  တအားညံ့ပါတယ် ကြိုးလေးတွေကို နည်းနည်းလေးခေါက်မိလိုက်ရင် အပိုင်းပိုင်းပြတ်ထွက်သွားတတ်ပြီး ခဏခဏအသစ်ဝယ်ဖူးပါတယ်၊ ပျက်စီးတဲ့ပလပ်စတစ်လွတ်နေရာက၀ါယာကြိုးလေးကိုတွေ့မြင်နေရ တတ် ပါတယ်၊ ဘာမှတော့မဖြစ်ဖူးပါဘူး! အခုဖြစ်ရပ်ကတော့ ထူးစမ်းပါတယ်...  iphone5 ဖုန်းအိမ်က အလူမီနီယမ် သတ္တုအိမ်နှင့် ဖြစ်တာကြောင့်လားမသိပါဘူး! ဒါပေမဲ့ အလူမီနီယမ် သတ္တုအိမ်နှင့် ၁၆.၅ဗို့ထွက်တဲ့
MAC Pro Laptop မှာတောင် ဘာမှမဖြစ်ပါဘူး! မိမိပေါင်ပေါ်မှာ တင်ပြီးလက်ရှိသုံးနေကျတာဘဲ! တခုခုတော့မှားနေပြီထင်ပါတယ်....
 
 
တရုတ်နိုင်ငံ၌ Apple iPhone 5 မှ ဓါတ်လိုက်ပြီး လေယာဉ်မယ်တစ်ဦး သေဆုံး၊ စုံစမ်းစစ်ဆေးမည်ဟု Apple ကုမ္ပဏီမှ ကတိပေး..
Apple iPhone 5 ကို ဓါတ်အားသွင်းထားစဉ် ဖုန်းဖြေမိရာမှ "မာအိုင်းလွန်း" အမည်ရှိ China Southern Airlines ၏လေယာဉ်မယ် ဓါတ်လိုက်သေဆုံးခဲ့ပါသည်။ "မာအိုင်း"သည် (XinJiang)စင်ကျန်းခရိုင်မှဖြစ်ပြီး မိသားစုဝင်များ၏ ပြောကြားချက်အရ လာမည့် သြဂုတ်လတွင် မင်္ဂလာဆောင်ရန် အစီအစဉ်ရှိကြောင်း၊ ၎င်းဖုန်းကို စင်ကျန်းတွင်း ဖွင့်လှစ်ထားသော Apple ကုမ္ပဏီမှ တရားဝင် အသိအမှတ်ပြု စတိုးဆိုင်မှ ဒီဇင်ဘာလက ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။ ထိုသို့ဖြစ်ပွားစဉ်၌ Apple မှုရင်း ဘတ်ထရီအားသွင်းကြိုးဖြင့်ပင် ဓါတ်အားသွင်းထား ခြင်းဖြစ်ကြောင်း လည်းဆက်လက်ပြာပြခဲ့သည်။ ယခုအချိန်၌ သူမ၏ဖုန်းနှင့်ဘတ်ထရီအားသွင်းကြိုး၊ ပလက်ခေါင်းတို့အား အာဏာပိုင်များလက်သို့ စစ်ဆေးရန် အပ်နှံခဲ့ပြီးဖြစ်သည်။

Apple ပစ္စည်းများသည် တရုတ်နိုင်ငံတွင် လူကြိုက်အလွန်များပြီး iphone၊ ipod၊ ipad အတု ထုတ်လုပ်သည့်စက်ရုံများ အမြောက်အများရှိနေသည်။ သို့ဖြစ်၍ ကျန်းမာရေးလုံခြုံစိတ်ချရစေရန် လျှက်စစ်ပစ္စည်းအတုများကို မသုံးစွဲကြရန် အသိပေးချက်များ ယခင်ကတည်းက ရှိခဲ့ပါသည်။ ၂၀၁၁ခုနှစ်တွင် ကူမင်းမြို့ တစ်မြို့တည်း၌ပင် အတုအယောင် Apple Store ၂၂ခုကို ဖော်ထုပ်တွေ့ရှိခဲ့သည်။

Apple ကုမ္ပဏီအတွက် တရုတ်နိုင်ငံသည် ယူအက်(စ်) ပြီးလျှင် ဒုတိယအကြီးဆုံး ဈေးကွက်ဖြစ်ပြီး Apple အနေဖြင့် ယခုကိစ္စနှင့်စပ်လျင်း၍ အသေးစိတ် စုံစမ်းစစ်ဆေးပေးမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် လိုအပ်သည့်အတိုင်း ပူးပေါင်းဆောင်ရွှက်မည်ဖြစ်ကြောင်း ကတိပေးပြောကြားခဲ့သည်။ သို့သော် ဤကိစ္စတစ်ခုတည်းအပေါ်၌ စုံစမ်းအဖြေရှာခြင်းလော (သို့မဟုတ်) iPhone 5 ဖုန်းများအား ဈေးကွက်မှ ပြန်လည်ရုတ်သိမ်းရန် အစီအစဉ် ရှိပါ၏လောဟူသည့် မေးခွန်းများကိုမှု ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။

ပုံမှန်အားဖြင့် လက်ကိုင်ဖုန်းများမှ ထွက်သည့် လျှက်စစ်အားမှာ ၃-၅ ဗို့ခန့်သာရှိ၍ လူတစ်ယောက်အတွက် လျှက်စစ်ဓါတ်လိုက်ခြင်းကို စတင်ခံစားမိရန်အတွက် အနည်းဆုံး ၃၆ ဗို့ လိုအပ်သည်ဟုဆိုပါသည်။ သို့သော် ကျွမ်းကျင်သူမျာ၏အဆိုအရ ဖုန်းဘတ်ထရီအားသွင်းသည့်ကြိုးတွင်သော်၎င်း၊ ဖုန်းတွင်းရှိ လျှက်စစ်ပတ်လမ်းတွင်း၌သော်၎င်း ဝါယာကြိုးပျက်နေခြင်း အစရှိသည့်အမှားအယွင်းတစ်ခုခုရှိပါက ၂၂၀ ဗို့အားဖြင့် ဓါတ်လိုက်နိုင်ခြေရှိသည်ဟုဆိုပါသည်။

ယခင်က Apple ၏ဝန်ဆောင်မှုအပေါ် ဝေဖန်မှုများရှိခဲ့သာကြောင့် လွန်ခဲ့သော ဧပြီလက တရုတ်ပြည်ရှိ ဝယ်ယူအားပေးသူများအား တောင်းပန်ခဲ့သည့်အပြင် iPhone အာမခံမှု ပေါ်လစီများကိုလည်း ပြောင်းလဲပေးခဲ့သည်။ ထို့အပြင် လွန်ခဲ့သော ၂နှစ်ခန့်ကလည်း တရုတ်နိုင်ငံတွင် အခြေချတည်ဆောက်ထားသော Apple စက်ရုံများ၏ အလုပ်သမားများအပေါ် ချမှတ်ထားသည့် ဆိုးရွှားသည့် လုပ်ငန်းခွင်အခြေအနေများကြောင့် အလုပ်သမားအချို့ ကိုယ့်ကိုကိုယ် သတ်သေမူများရှိခဲ့သည်။ ၎င်းစက်ရုံများ၌ ကလေးအလုပ်သမား ခိုင်းစေမှုများရှိနေသည်ဟူသော စွတ်စွဲချက်များလည်း ရှိခဲ့သည်။ယခုအဖြစ်အပျက်သည် Apple ကုမ္ပဏီ၏ဂုဏ်သိက္ခာကို ထပ်မံကျဆင်းခဲ့ရသည်။

တီထွင်မှုတွင် ရှေ့ပြေးဖြစ်သော နည်းပညာကုမ္ပဏီ Apple ၏ သြဇာတိက္ကမကြီးမာသော ပဲ့ကိုင်ရှင် Steve Job သည် ၂၀၁၁ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီး မကြာခင်ကမှ ထုတ်ပြန်သည့် ၂၀၁၃ခုနှစ်၏ အကောင်းဆုံး Brand ၁၀ခုတွင် Apple ပါဝင်ခြင်း မရှိတော့ပေ။
 
Ref:News Watch(စောင့်ကြည့်သတင်းဂျာနယ်)
 

 

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!