Popular Posts!

Wednesday, July 10, 2013

စင်ကာပူရောက် မြန်မာလူမျိုးများဖြင့် ဖွဲ့စည်းထားသော အခမဲ့ နာရေးကူညီမှု အသင်းကြီး

စကာင်္ပူက ရွှေဗမာတွေရဲ့လူမူရေးအသင်းကြီးတခုပါ၊ စင်ကာပူရောက် မြန်မာလူမျိုးများဖြင့် ဖွဲ့စည်းထားသော အခမဲ့ နာရေးကူညီမှု အသင်းကြီး!နာရေး အသင်းလို့လဲ လူသိများကျပါတယ်၊
 
 အခုလဲ အသင်းက ဖိတ်ထားတာကိုကြည့်လိုက်ပါ....


Dear MKA Members,
This is Myint Aye from Myanmar Karuna Association.
I hpoe you have received invitation for MKA's Annual General Meeting through email yesterday. It will be held as per the following schedule:
Date: 14-07-13 (Sunday)
Time: 2 to 5 pm
...
Venue: Cultural Hotel
No. 270 Jalan Basar, #01-01/02, Singapore 209019.
We hope you are able to attend & support to MKA continuously.
kindly confirm your availability & attendance by return msg.
Let me contact you personally if require for confirmation.
Thank you very much!
Myint Aye-၉၀၉၉၂၇၆၂

မြန်မာကရုဏာအသင်းကြီး

 
စကာင်္ပူ အစိုးရ အသိအမှတ်ပြု Myanmar Karuna Association (MKA) မြန်မာကရုဏာအသင်းကြီးကို စင်္ကာပူနိုင်ငံတွင်နေထိုင်သော မြန်မာနိုင်ငံသားများ နှင့် မြန်မာနိုင်ငံသားဖြစ်ခဲ့ဖူးသူများကို ကူညီစောင့်ရှောက်ပေးရန် ရည်ရွယ်လျက် ၁၇.၂.၂၀၁၂ မှ စတင် ဖွဲ့စည်းလိုက်ပါပြီ။

MKA အသင်းကြီးမှ အောက်ဖော်ပြပါ ပရဟိတလုပ်ငန်းများကို ဆောင်ရွက်ပေးလျှက်ရှိပါသည်။
  • စင်္ကာပူတွင် နေထိုင်သော မြန်မာနိုင်ငံသား (သို့) မြန်မာနိုင်ငံသားဖြစ်ခဲ့ဖူးသူ များကို လိုအပ်ပါက နာရေးအကူအညီများကို ဆောင်ရွက်ပေးခြင်းဖြင့် လူမှုရေး ဒါနများကို ကူညီဆောင်ရွက်ပေး ပါမည်။
  • ဘာသာမရွေး အကူအညီတောင်းခံသူ မြန်မာနိုင်ငံသားများနှင့် မြန်မာနိုင်ငံသားဖြစ်ခဲ့ဖူးသူများဧ။် အလုပ်ရှင်နှင့် အလုပ်ဝန်ထမ်းကြား ဖြစ်ပေါ်တတ်သည့် အခက်အခဲ များအတွက် ဆောင်ရွက်သင့်သည်များကို တရားမျှတ စွာ အကြံဥာဏ်ပေး ကူညီဆောင်ရွက်ပေးခြင်း၊
  • ထေရ၀ါဒ ဗုဒ္ဒဘာသာ သာသနာ တရားတော်များဧ၊် အကျိုးကို လူသားတိုင်း ခံစားနိုင်ရန် ဘာသာရေး ကုသိုလ် ပါရမီ ဖြည့်ပွဲများစီစဉ်ဆောင်ရွက်ပေးခြင်း၊
  • မြန်မာ့ ယဉ်ကျေးမှု၊ မြန်မာတို့၏ လူမှုရေး နှင့် ပညာရေး တို့ကို အခါအားလျော်စွာ ကူညီမြှင့်တင်ရန်။


ကရုဏာနှလုံးသားပိုင်ရှင်များ
  • စကာင်္ပူတွင် နေထိုင်လုပ်ကိုင် နေကြပြီး မိသားစုအတွက် ရုန်းကန်လုပ်ရှားနေကြရင်း နည်းပါးတဲ့ အချိန်ကို အကျိုးရှိစွာ အသုံးချပြီး မြန်မာနိုင်ငံသား ဆွေမျိုးသားချင်း ညီအစ်ကို မောင်နှမများကို ကူညီတဲ့ လက်တစ်စုံ ပေးနိုင်ဖို့ လူအား ငွေအားဖြင့် ပံ့ပိုး ကူညီမှု များကို ပေးနိုင် ရန် မြန်မာကရုဏာ အသင်းကြီး အတွက် အသင်းဝင်များ လိုအပ်လျှက်ရှိပါသည်။
  • နည်းပါးလှတဲ့ အချိန်၊ ပင်ပန်းတဲ့ ဘ၀အမောတွေကြားမှာ လူမှုရေးဒါန များလုပ်ပြီး မိမိနိုင်ငံနှင့် လူမျိုးကို တတ်စွမ်းသမျှ ကူညီစောင့်ရှောက်ခြင်းဖြင့် မင်္ဂလာ တရားတော်တဲ့ အညီ ကုသိုလ်ယူကြရန် ညီအစ်ကို မောင်နှမများကှိ MKA မှ ရင်းနှီးစွာ ဖိတ်ခေါ်လိုက်ပါသည်။


အသင်းဝင်ရန်နှင့် အလှုငွေလက်ခံဌာနများ
  • အသင်းဝင်ချင်သူများအတွက် အသင်းဝင်ကြေးလုံးဝမရှိပါ။
  • လုပ်အားဖြင့် ဒါနမပြုနိုင်၊ ငွေအားဖြင့် ဒါနပြုချင်သူများနှင့် အသင်းဝင်ချင်သူများအတွက် အောက်ပါ လိပ်စာများနှင့် ဖုန်းနံပါတ်များကို ဆက်သွယ်မေးမြန်းလှုဒါန်းကုသိုလ်ယူနိုင်ပါသည်။

မြန်မာကရုဏာအသင်း

Shwedagon Society (Singapore) Shwedagon Society အမည်ကို လူသိနည်းပြီး ဓာတ်တော်တိုက် ဟု အများခေါ်ဝေါ်ခြင်းကို အကြောင်း ပြု၍ မြင့်မြတ်သော ဓာတ်တော် ရတနာများ ၏ မွှေ့လျှော်ဖွယ်ရာ အာရာမ် အသင်းတော် ဟု မည်တွင်သော VARADHÃTUS RATANÃRÃMA ASSOCIATION (၀ရဓါတု ရတနာရာမ အသင်းတော်) ဓာတ်တော်တိုက် ဟု အမည်သစ်သို့ မှည့်ခေါ်လိုက်ခြင်း ဖြစ်သည်။ အသင်းတော် ၏ သင်္ကေတ ကို ဓာတ်တော်မွေတော်များ ၏ မွှေ့လျှော်ရာ ကမ္ဘာမြေတွင် အစ မြန်မာတွင် အထင်ကရ ရှိသော ရွှေတိဂုံ ပုံတူကို ဖော်ကြူးခြင်း ဖြစ်သည်။
 
လှူခွင့်ကြုံခိုက် လှူဒါန်းထိုက်

သင်…. မိသားစုစိတ်ဖြင့် မျှဝေခံစားလျက် ထောက်ပံ့လှူဒါန်းခြင်းဖြင့် ကုသိုလ်ယူပါ။
နိုင်ငံအသီးသီးရှိ မြန်မာပြည်ဖွား ညီအကိုမောင်နှမများ ခင်ဗျား . . .

မြန်မာပြည် အရှေ့ပိုင်း တာချီလိတ်နယ်တွင် ငလျှင်ဘေးဒဏ် ခံစားနေရသော မိသားစုဖွား တိုင်းရင်းသား ညီအကိုမောင်နှမ များမှာ အမှန်တကယ် အကူညီလိုအပ် နေကြပါသည်။ သို့ပါ၍ ကိုယ်ချင်းစာနာပြီး စေတနာ သဒ္ဓါတရား ထက်သန်စွာ လှူဒါန်းလိုသော ပုဂ္ဂိုလ်များ လွယ်လင့်တကူ အတူလက်တွဲ လှူဒါန်းနိုင်ရန် မိသားစုတမျှ ခင်မင်လေးစားစွာ အသိပေးနိုးဆော် ဖိတ်မန္တက ပြုအပ်ပါသည်။
 
မှတ်ချက်။ ပို့ဆောင်လှူဒါန်းနေပြီဖြစ်ပါ၍ အမြန်ဆုံးဆက်သွယ် လှူဒါန်းနိုင်ပါသည်။
 
ဝရဓာတုရတနာရာမအသင်းတော် (ဓာတ်တော်တိုက်)

NO.59 LOR 4 GEYLANG, SINGAPORE (399297)
BUS NO. 7 ,12,32,33, 197
(2.BUS STOPS FROM KALLANG MRT)
PH: 68414540,67487352,86114840

http://shwedagonsociety.org/index.php

စကာင်္ပူမှာရှိတဲ့ အလုပ်သမားတွေကို ကယ်ဆယ်ပေးနေတဲ့ The Humanitarian Organisation for Migration Economics (HOME)ခရစ်ယာန်အဖွဲ့အစည်းလေးတခုပါ၊ ဒုက္ခရောက်နေ တဲ့ အောက်ခြေက အလုပ်ကြမ်းသမား တွေနှင့် အိမ်ဖော်တွေအတွက် အလုပ်ရှင် မတရား ဖိနှိပ် ချုပ်ချယ်နှိပ်စက်နေတာကို ကယ်ဆယ်ပေးနေတဲ့ အဖွဲ့ အစည်းတခုပါဘဲ၊တခုခုဖြစ်ရင်အကူညီတောင်းတိုင်ကြား
ဖို့ဖုန်းနံပတ်တွေထည့်ပေး လိုက်ပါတယ်၊
 
 
 
ဒီလိုဘဲ ရွှေမြန်မာတွေထဲက ကယ်ဆယ်ပေးနေတဲ့အဖွဲ့အစည်းတွေလဲရှိပါတယ်ကြားမိတာက ဓာတ်တော်တိုက်ကြီး   က ဆရာတော်တွေနှင့် လူငယ်စုအဖွဲ့ဝင်တွေ လိုက်ပြီးဆောင်ရွက် ပေးနေပါတယ် လို့သိရပါတယ်..


မြန်မာကရုဏာအသင်း



မြန်မာ ကရုဏာ အဖွဲ့ သည် စင်ကာပူ ရောက်မြန်မာနိုင်ငံသားတို့ အတွက် တရားဝင် ဖွဲ့စည်း ထားသော အဖွဲ့ဖြစ်ပါသည်။
စင်ကာပူနိုင်ငံတွင် မြန်မာပြည်သူ ပြည်သား တစ်ယောက်ယောက် နာရေးဖြစ်လာပါက သေဆုံးသူဧ။် နောက်ဆုံး ခရီးကို အဆင်ပြေချောမောစေရေး၊ death certificate ထုတ်ပေးခြင်း၊ ရုပ်အလောင်းကို ၃ ရက်အထိထားပေးခြင်း၊ အလောင်းပြင် ပေးခြင်း၊ သရဏံဂုဏ် တင်ပေးခြင်း၊ ဘာသာခြားဖြစ်ပါက ထိုဘာသာ ဧ။် ဓလေ့ထုံးစံအတိုင်း ဆောင်ရွက်ပေးခြင်း၊... အရိုးအိုးပြန်သယ်လိုပါက ဆောင်ရွက်ပေးခြင်း၊ စသည် များကို အခမဲ့ လုပ်ဆောင်ပေးပါသည်။

ထိုမျှမက အလုပ်ရှင်နှင့် အလုပ်သမားပြဿနာ ၊ အာမခံ ငွေကြေး ပြဿနာ များ၊ စသော လူမှုရေး ပြဿနာ များဖြစ်လာပါက ရွှေမြန်မာများဘက်မှ မားမားမတ်မတ်ရပ်တည် တာဝန်ယူ ဖြေရှင်းပေးပါသည်။

နာရေးပြဿနာ၊ လူမှုရေးပြဿနာများ ဖြစ်လာပါက ဆက်သွယ် ရန်. ဖုန်း - 6745 5736

Email - info@myanmar-karuna.org.sg


 Myanmar Karuna 24 hours Hot Line - 6745 5736

မြန်မာကရုဏာအသင်း ၂၄ နာရီ ပိတ်ရက်မရှိ ဆက်သွယ်ရန် - 6745 5736

 
 
 
Myanmar Karuna Association (MKA) was registered as a society under the Societies Act on 17th February 2012 to respond to the needs of Myanmar people in Singapore. MKA was founded by individuals who have been giving helping hands to the Myanmar community as much as they can. Now as a registered society, we look forward to rendering more help in an organised and effective manner.


Contact Us
Our Official Address is:

111, North Bridge Road, #02-34, Peninsula Plaza, Singapore 179098

For enquiries, please contact:

Phone: +65 6745 5736

Email: info@myanmar-karuna.org.sg
 
Myanmar Karuna Association (MKA) was registered as a society under the Societies Act on 17th February 2012 to respond to the needs of Myanmar people in Singapore. MKA was founded by individuals who have been giving helping hands to the Myanmar community as much as they can. Now as a registered society, we look forward to rendering more help in an organised and effective manner.
Our Objectives are:
•To provide free of charge funeral services only to those who request for help and are all Myanmar nationals and former nationals or residents who are now residents or visitors to Singapore, according to rules and regulations of the Association
•To render help to the bereaved family
•To encourage the propagation of Theravada Buddhis
•To excel and support the welfare, education and Myanmar culture to Myanmar nationals, former Myanmar nationals or residents who are now resident in Singapore and persons who are interested in Myanmar.



- Posted using BlogPress from my iPhone5

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!