Popular Posts!

Sunday, July 14, 2013

နိုင်ငံခြားရောက် ရွှေတွေအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြည်သူများသိရှိစေရန် ထုတ်ပြန်ထားတဲ့သတင်းလေး!

စကာင်္ပူမှာရှိနေကျတဲ့ရွှေလေးတွေ ဒီသတင်းလေးတွေသိကျပြီးပြီလား!မသိသေးရင်ဒီသတင်းလေးတွေကို ဖတ်ကြည့်လိုက်ကျပါအုံး...
သေသေချာချာဖတ်ကြည့်လိုက်ရင် စင်္ကာပူမှာအခွန်ဆောင်ထားတဲ့သူတွေ တလ၀င်ငွေဒေါ်လာ၁၆၆၆.၆၇
အထက် တနှစ်လျှင်ဝင်ငွေ ဒေါ်လာ ၂သောင်းကျော် တဲ့သူ(SP,EP,PR)တွေလောက်ဘဲ သံရုံးခွန် လွတ်မှာဖြစ်ပြီး ဒီထက်တလ၀င်ငွေ လစာနဲတဲ့သူကျန်တဲ့ WP သမားတွေ (စင်္ကာပူအခွန်မဆောင်ထားသူ) မြန်မာ့သံရုံးခွန်ဆောင်ရမယ်လို့ဆိုလိုတာပါ၊ နားးလည်မှုတွေ မလွဲကျပါနှင့်နော်..

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြည်သူများသိရှိစေရန် ထုတ်ပြန်ကြေညာခြင်း

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ (၂၁-၁၂-၂ဝ၁၁) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ (၅၇/၂ဝ၁၁)ဖြင့် ပြည်ပနေ မြန်မာနိုင်ငံသားများအတွက် ဝင်ငွေခွန်များကို (၁-၁-၂ဝ၁၂) ရက်နေ့မှစ၍ ကင်းလွတ်ခွင့်ပြုကြောင်း ကြေညာခဲ့ပြီး ဖြစ်ပါသည်။ မြန်မာနိုင်ငံကူး လက်မှတ်အသစ် ထုတ်ယူရန်အတွက် ပြည်ပနေ အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ အနေဖြင့် (၃၁-၁၂-၂ဝ၁၁) ရက်နေ့အထိသာ ဝင်ငွေခွန် ပေးဆောင်ရမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံသား အများစုမှာ ပုံမှန်ဝင်ငွေခွန် ဆောင်ခြင်းထက် နိုင်ငံကူးလက်မှတ် အဟောင်း သက်တမ်းကုန်၍ နိုင်ငံကူးလက်မှတ် အသစ် ထုတ်ယူရန် သံရုံးသို့ ဆက်သွယ်သည့် အချိန်မှသာ ဝင်ငွေခွန် ပေးဆောင်လေ့ ရှိသည့်အတွက် သတ်မှတ်အခွန် ကင်းလွတ်ခွင့်ပြုသည့်       အချိန်မတိုင်မီ ကာလများအတွက်သာ ဝင်ငွေခွန် ကြွေးကျန်များကို ပေးဆောင်ရခြင်း ဖြစ်ပါသည်။
  မြန်မာနိုင်ငံသားများ ရရှိသည့် လစာဝင်ငွေအပေါ် အခွန်နှစ်ထပ် စည်းကြပ်မှု ရှောင်ရှားရေး သဘောတူစာချုပ် ADTA agreement စတင် အကျိုးသက်ရောက်သည့် (၁-၄-၂ဝ၁ဝ) ရက်နေ့မှစ၍ စင်ကာပူ နိုင်ငံကသာ အခွန်ကောက်ခံရမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ အခွန်ကောက်ခံခွင့် မရှိတော့ကြောင်း အကြံပြုချက်နှင့် ပတ်သက်၍ စာချုပ်ဝင် နိုင်ငံများတွင် ဘဏ္ဍာရေးနှစ် တစ်နှစ်အတွင်း ရက်ပေါင်း ၁၈၃ ရက်အောက် လျော့နည်း နေထိုင်လုပ်ကိုင်လျှင် သော်လည်းကောင်း၊ ဝင်ငွေ(သို့မဟုတ်) အခကြေးငွေတို့ကို အဆိုပါ စာချုပ်ဝင် နိုင်ငံ၏ ဌာနေပုဂ္ဂိုလ် မဟုတ်သောသူက ထုတ်ပေးလျှင် သော်လည်းကောင်း အဆိုပါ စာချုပ်ဝင် နိုင်ငံရှိ အမြဲတမ်း လုပ်ငန်း တည်ရာဌာန (သို့မဟုတ်) အတည်တကျ နေရာမှ ကျခံခြင်းမရှိလျှင် သော်လည်းကောင်း၊ မြန်မာနိုင်ငံသားများ ရရှိသော လစာလုပ်ခများအပေါ် ဝင်ငွေကောက်ခံမှုကို အဆိုပါ စာချုပ်ဝင် နိုင်ငံများက စည်းကြပ်ကောက်ခံခြင်းမပြုနိုင်ဘဲ မြန်မာနိုင်ငံမှသာဝင်ငွေခွန် ကောက်ခံခွင့် ရှိကြောင်း စာချုပ်တွင် အတိအလင်း ဖော်ပြထားပါသည်။
   ထို့အပြင် အခွန်နှစ်ထပ် စည်းကြပ်မှု ရှောင်ရှားရေး သဘောတူစာချုပ် (ADTA agreement) လက်မှတ်ရေးထိုးထားသည့် နိုင်ငံများတွင် သွားရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား များအပေါ် ဥပဒေမှ ပေးအပ်သည့် အခွင့်အရေး အပြည့်အဝ ရရှိရေးအတွက် ဆောင်ရွက်နိုင်ရန်  အကြံပြုတင်ပြခြင်းနှင့် ပတ်သက်၍ ဘဏ္ဍာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ ......
စင်ကာပူအစိုးရသို့ အခွန်ပေးဆောင်ထားသူများအား အခွန်စည်းကြပ် ကောက်ခံခြင်း မရှိပါကြောင်းနှင့်
(၁-၁-၂ဝ၁၃) မှ (၂၁-၆-၂ဝ၁၃) အထိ အခွန်ကင်းလွတ်ခွင့် ခံစားခွင့်ရရှိသူ စုစုပေါင်း ၃၂၁ ဦး ရှိပါသည်။

ထိုနည်းတူ နိုင်ငံတော်အစိုးရမှ ပြည်ပတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများအား ဝင်ငွေခွန် ကင်းလွတ်ခွင့် ပြုခဲ့သည့် (၁-၁-၂ဝ၁၂) ရက်နေ့ နောက်ပိုင်းကာလအတွက် ဝင်ငွေခွန်များကို ကောက်ခံခြင်း မရှိပါကြောင်းနှင့် စင်ကာပူနိုင်ငံတွင် နေထိုင်အလုပ်လုပ်ကိုင်လျက် ရှိကြသည့် မြန်မာနိုင်ငံသားများ အနေဖြင့် အခွန်ငွေ ပေးဆောင်ရန် တာဝန်ရှိသည့် (၃၁-၁၂-၂ဝ၁၁) ရက်နေ့ မတိုင်မီ ကာလအတွက်သာ ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ ဝင်ငွေခွန် စည်းကြပ်ခြင်း ဖြစ်ပါသည်။
ထို့ကြောင့် စင်ကာပူနိုင်ငံတွင် နေထိုင် အလုပ်လုပ်ကိုင်လျက် ရှိကြသည့် မြန်မာနိုင်ငံသားများသည် ဥပဒေမှပေးအပ်သည့် အခွင့်အရေးခံစားရလျက်ရှိပါကြောင်းနှင့် အခွန်ထမ်းပြည်သူများထံမှ ကောက်ခံရရှိသည့် အခွန်ငွေများကို စင်ကာပူနိုင်ငံရှိ UOB (United Oversea Bank) မှတစ်ဆင့် ဘဏ္ဍာ ရေးဝန်ကြီးဌာနသို့ နေ့စဉ်ပုံမှန်ပေးပို့လျက်ရှိပါကြောင်း၊ အကြံပြုတင်ပြချက်များအပေါ် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အရေးယူ ဆောင်ရွက်ချက်များကို ပြည်သူများ သိရှိစေရန် ထုတ်ပြန် ကြေညာအပ်ပါသည်ဟု ၂၀၁၃ ခုနှစ် ဇူလိုင် ၁၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

ဒါက စကာင်္ပူနှင့်မြန်မာအခွန်အတွက် သဘောတူဟစာချုပ်လေးတွေပါ...
Income Tax Act
Income Tax (Singapore — Myanmar) (Avoidance of Double Taxation Agreement) Order 2000
O 19B
G.N. No. S 161/2000
REVISED EDITION 2002
(31st January 2002)
WHEREAS it is provided by section 49 of the Income Tax Act that if the Minister by order declares that arrangements specified in the order have been made with the Government of any country outside Singapore with a view to affording relief from double taxation in relation to tax under the Act and any tax of a similar character imposed by the laws of that country, and that it is expedient that those arrangements should have effect, the arrangements shall have effect in relation to tax under the Act notwithstanding anything in any written law:
AND WHEREAS by an Agreement dated 23rd February 1999, between the Government of the Republic of Singapore and the Government of the Union of Myanmar, arrangements were made for, amongst other things, the avoidance of double taxation:
NOW, THEREFORE, it is hereby declared by the Minister for Finance —
(a)
that the arrangements specified in the Schedule have been made with the Government of the Union of Myanmar; and
(b)
that it is expedient that those arrangements should have effect notwithstanding anything in any written law.

http://statutes.agc.gov.sg/aol/search/display/view.w3p;ident=ba8cc6d4-dd2b-429e-941e-e36067a30817;page=0;query=CompId%3A04cf4c08-78ec-4780-9f3a-c25efd20efa5%20ValidTime%3A20130514000000%20TransactionTime%3A20130514000000;rec=0#Sc-.

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!