Glaucoma မျက်စိ ရေတိမ်
Mon, Jul 23, 2012 at 9:17 AM
ကျွန်မက အခု (့) နိုင်ငံမှာ အလုပ်လုပ်နေပါတယ်။ အသက်က ၄၁ နှစ်ပါ။ အလုပ်က ကွန်ပျူတာကိုသုံးပြီး ပုံတွေ ဆွဲရတာပါ။ တနေ့လုံး ကွန်ပျူတာ သုံးနေရပါတယ်။ ရောက်စက ညာဘက်မျက်စိမှာ အဖြူစက်တွေတွေ့လို့ ဆရာဝန်နဲ့ သွားပြပါတယ်။ အဲဒီအချိန်တုန်းက ဘယ်ဘက်ကိုဖုံးထားပြီး ညာဘက် တဖက်တည်း ကြည့်ရင် အရှေ့မှာ အလွှာပါးပါး တစ်ခု ကာထားသလိုဖြစ်ပြီး ဝါးနေပါတယ်။

အဲဒါ မျက်ကြည်လွှာမှာ အမာရွတ်ရှိနေလို့ဖြစ်တာဆိုပြီး မျက်စဉ်းတွေ ပေးပါတယ်။ အမြဲသွားပြပြီး စစ်ဆေးနေရပါတယ်။ မျက်လုံးကလည်း တဖြေးဖြေး သက်သာလာပြီး ပုံမှန်ဘဲ ပြန်မြင်လာပါတယ်။ မျက်စဉ်းကို လိုအပ်သလို အတိုး-အလျော့ လုပ်သွားပြီး ပေးခဲ့ပါတယ်။ အမာရွတ်ဆိုတာကို ပျောက်ဖို့ဆိုရင် မျက်ကြည်လွှာ အစားထိုးမှ ရမယ်လို့ ပြောပါတယ်။ နောက်ပိုင်း သက်သာလာပြီး အမြင်အာရုံကို အနှောင့်အယှက် မပေးဘူးဆိုတော့ မျက်စဉ်းဘဲ အမြဲခပ်ပြီးနေခဲ့ပါတယ်။ ဘယ်ဘက်မျက်လုံးက ဝါးလာလို့ ဘယ်ဘက်ကိုပါ မျက်စဉ်း ခပ်ခဲ့ရပါတယ်။ ဇွန်လ ၁၁ ရက်နေ့ကတော့ ဘယ်ဘက်က အရမ်းဝါးလာပါတယ်။ ကွန်ပျူတာကိုတောင် ကြည့်ရင် အရမ်း ဝါးနေလို့ အလုပ်လဲ မသွားနိုင်ခဲ့ပါဘူး။ ဆရာဝန်ဆီသွားပါတယ်။ မျက်စဉ်းအသစ် တမျိုး ထပ်ပေးပါတယ်။
အဲဒီ မျက်စဉ်း ခပ်တာလဲ မသက်သာခဲ့တော့ ဇွန်လ ၁၈ရက်နေ့မှာ Consultant တစ်ယောက်နဲ့ သွားပြပါတယ်။ စစ်လိုက်တော့ ဘယ်ဘက်မျက်လုံးမှာ Cataract ရှိနေလို့ ဖြစ်တာလို့ ပြောပါတယ်။ Eye pressure အရမ်း များနေတယ်လို့ ပြောပါတယ်။ မျက်စဉ်းအသစ်တွေ ပေးခဲ့ပါတယ်။ Eye pressure ကို အရင်ကျအောင် လုပ်ရမယ်လို့ ပြောပါတယ်။ မျက်စဉ်းအသစ်တွေ သုံးနေပြီး တပတ်အကြာမှာ Eye pressure လဲ ပုံမှန်ဖြစ်သွားပါတယ်။ ဒါပေမဲ့ ဇူလိုင်လ ၃ ရက်နေ့မှာ Left eye cataract surgery လုပ်ခဲ့ပါတယ်။ ခွဲပြီးတော့ ကွန်ပျူတာကိုလည်း ကြည့်နိုင်ပါတယ်။ စာလည်း ဖတ်လို့ မြင်နေရပါပြီ။ နှစ်ဘက်လုံးမှာ Glaucoma ရှိနေလို့ မျက်စဉ်းကိုတော့ ဆက်ပြီး ခပ်သွားရမယ်လို့ ပြောပါတယ်။ အမာရွတ်က ပျောက်အောင်လုပ်လို့မရဘူး။ သူ့ကြောင့် ဖြစ်လာမဲ့ မျက်လုံးခြောက်တာကို မျက်စဉ်းခပ်ပြီး ထိန်းရမယ်လို့ ပြောပါတယ်။

(၁) ကျွန်မမျက်လုံးမှာ အဲဒီိလိုကိစ္စတွေရှိနေတော့ အခုလက်ရှိ လုပ်နေတဲ့ ကွန်ပျူတာကို တနေ့လုံးသုံးနေရတဲ့ အလုပ်ကို ဆက်ပြီးလုပ်သင့်ပါသလား။ ဆက်ပြီးလုပ်နေရင် ပိုဆိုးလာနိုင်ပါသလား။
(၂) Glaucoma ကရော ဘယ်လိုကြောင့်ဖြစ်လာတာပါလဲ။ ပြီးတော့ ဘယ်လိုကုသမှ ပျောက်မှာလဲ။ မျက်စဉ်း အမြဲ ခပ်သွားရမယ်ဆိုတာ ဟုတ်ပါသလား။ အဲလို မျက်စဉ်းအမြဲခပ်သွားရင်ရော Glaucoma ကို ပိုမဆိုးအောင် ထိန်းနိုင်လို့လား။ Glaucoma ဆိုတာ ကုလို့ပျောက်တဲ့ ရောဂါလားဆိုတာသိချင်လို့ပါ။
(၃) Cataract ဆိုတာရော ဘယ်လိုကြောင့်ဖြစ်တာပါလဲ။ ကြားဖူးတာတော့ တစ်ဖက်ဖြစ်ပြီးရင် နောက်တဖက်လည်း ဖြစ်တတ်တယ်လို့ ကြားဖူးပါတယ်။ အဲဒါရော ဟုတ်ပါသလား။ ညာဘက်မှာပါထပ်ဖြစ်မှာ စိုးရိမ်နေလို့ပါ။
(၄) ညာဘက်မျက်လုံးမှာ ရှိနေတဲ့ scar ကိုရော ဘယ်လိုလုပ်သင့်ပါလဲ။ မျက်စဉ်းအမြဲခပ်သွားရမှာလား။
(၅) ပြီးတော့ မျက်စဉ်း ကြာရှည်စွဲခပ်ရင် တိမ်ဖြစ်တတ်တယ်ဆိုတာရော ဟုတ်ပါသလား။
(၆) မျက်လုံးရောဂါရှိနေတဲ့သူတစ်ယောက်က ကျွန်မသုံးနေတဲ့ မျက်စဉ်းကိုယူခပ်ရင် သူ့ရဲ့မျက်လုံးရောဂါ ကျွန်မကို ကူးနိုင်ပါသလား။

အလုပ်နဲ့ ကိုယ့်မျက်စိအခြေအနေကို နောက်ဆုံးကုသပေးတဲ့ မျက်စိ အထူးကုဆရာဝန်က အကောင်းဆုံး အကြံပေးနိုင်ပါတယ်။ ဆင်ခြင်မှု တချို့နဲ့ အလုပ်ဆက်လုပ်နိုင်မယ်လို့ ဆရာအနေနဲ့ ပြောချင်ပါတယ်။ Glaucoma ရေတိမ်အကြောင်း သပ်သပ် မရေးဖြစ်သေးလို့ ရေးပါမယ်။ မျက်စိမှာ အရည်ထွက်လမ်း ကျဉ်းတာ-ပိတ်တာကြောင့် ဖိအားများနေတယ်။ မျက်စိကို ထိခိုက်လာတယ်။ ဒေါင့်ကျဉ်းအမျိုး၊ ဒေါင့်ကျယ်အမျိုးလို့ ရှိတယ်။ တချို့က ချက်ချင်းခွဲရတယ်။ တချို့က မျက်စဉ်းနဲ့ သက်သာနေအုံးမယ်။
Cataract အတွင်းတိမ် ကလဲ အကြောင်းမျိုးစုံကနေဖြစ်စေတယ်။ လူတွေ အသက်ရရင်ဖြစ်ကြတာများတယ်။ အိုနာသဘောလဲ ပါတယ်။ Scar အမာရွတ်ဆိုတာ ထိခိုက်မှုကနေဖြစ်တယ်။ မျက်ကြည်လွှာမှာဖြစ်တာကို အပြင်တိမ်လို့ခေါ်တယ်။ တခုခုကွယ်ထားသလိုနေမယ်။ အမာရွတ်သပ်သပ်ကို ထုတ်လို့၊ ရှင်းလို့မရတာမို့ Cornea မျက်ကြည်လွှာ တခုလုံး အစားထိုးရတယ်။
တိမ်ဖြစ်စေမဲ့ မျက်စဉ်းဆိုရင် ဆရာဝန်က ပေးမှာမဟုတ်ပါ။ ကူးစက်တယ်ဆိုတာ ရောဂါပိုးကသာဖြစ်စေတယ်။ အတွင်းတိမ်၊ အပြင်တိမ်၊ မျက်ကြည်လွှာ အမာရွတ်တွေက ပိုးနဲ့မဆိုင်ပါ။ မျက်စဉ်းဆိုတာလဲ အမျိုးမျိုးရှိလို့ ဘယ်မျက်စဉ်းလဲသိဘို့ လိုပေးပါတယ်။ မျက်စိနာအတွက်သုံးတာကို နောက်တယောက်ခပ်ရင် ကူးနိုင်ခြေ ရှိတယ်။
Glaucoma မျက်စိရေတိမ်

WHO အဆိုအရ တကမ္ဘာလုံးဆိုရင် မျက်စိကွယ်စေတဲ့ အကြောင်းရင်းထဲမှာ ဒုတိယလိုက်တယ်။ ပဌမက Cataracts အတွင်းတိမ် ဖြစ်တယ်။ မျက်စိရေတိမ်ကို "တိတ်တိတ်လေး အမြင်စွမ်းကို အခိုးခံနေရတယ်" လို့ တင်စားကြတယ်။ မျက်စိရောဂါတွေထဲမှာ အရေးကြီးရောဂါတခုဖြစ်တယ်။ မျက်စိအတွင်းထဲမှာ ဖိအားသက်ရောက်တာ ခံနေရတယ်။ အချိန်နဲ့ တပြေးညီ စနစ်တကျကုသမှု မလုပ်ရင် အမြင်အာရုံကြောကို ထိခိုက်ရာကနေ မြင်နိုင်စွမ်းကို ထိခိုက်စေမယ်။ အစပိုင်းမှာ ဘေးပိုင်းအမြင် အားနည်တာဖြစ်စေမယ်။ နောက်ဆုံး မျက်စိကွယ်မယ်။
Types of Glaucoma ရေတိမ်အမျိုးအစားတွေ
(၁) Primary open-angle glaucoma ဆိုရင် အရည်ထွက်လမ်း လုံးဝပိတ်နေတာတော့ မဟုတ်ဘူး။ Trabecular meshwork ဆိုတာလေး တစိတ်တပိုင်း ပိတ်နေတယ်။ တဖြေးဖြေးချင်း မျက်စိနှစ်ဖက်လုံး မှုံလာတယ်။ အသက်ကြီးထာရင် Tunnel vision ဖြစ်လာမယ်။
(၂) Acute angle-closure glaucoma ဆိုရင် မျက်စိအတင်းနာမယ်။ ပျို့-အန်မယ်။ ရုတ်တရက် မျက်စိမှုံလာမယ်။ အဝိုင်းကွင်းတွေ မြင်နေရမယ်။ မျက်စိနီနေမယ်။ Iris သူငယ်အိမ်ကြွက်သား ရှေ့ဖက်ကို ဖေါင်းတာတယ်။ ကြာတော့ Aqueous fluid အရည်က Trabecular meshwork ဆီ မရောက်နိုင်တော့ဘူး။ ရုတ်တရက်လဲဖြစ်သလို ဖြေးဖြေးချင်းလဲဖြစ်နိုင်တယ်။ ဒေါင့်ကျဉ်းနေသူမှာ သူငယ်အိမ်ကျယ်လာရင် Acute angle-closure glaucoma ဖြစ်လာနိုင်တယ်။ အမှောင်ထဲ ဝင်လိုက်ချိန်မျိုး၊ စိတ်ဖိအားများတာမျိုး၊ စိတ်လှုတ်ရှားမှု များတာမျိုး၊ ဆေးတချို့ကြောင့်လဲဖြစ်နိုင်တယ်။ ဥပမာ Desloratadine (Clarinex), Cetirizine (Zyrtec), Doxepin, Protriptyline (Vivactil), Atropine eyedrops
တခြား အမျိုးအစားခွဲနည်းတွေ -
(1) Primary open-angle glaucoma ဖြစ်နေသူ တဝက်လောက်က ဒီရောဂါရှိနေတာကို မသိကြဘူး။
(2) Angle-closure glaucoma ရုတ်တရက်ဖြစ်တယ်။
(3) Normal-tension glaucoma ကို normal-pressure glaucoma, low-tension glaucoma or low-pressure glaucoma လို့လဲခေါ်တယ်။ IOP က များမနေဘူး။ ဘာလို့ဖြစ်သလဲ မသေခြာဘူး။ ဂျပန်လူမျိုးတွေနဲ့ အမျိုးသမီးတွေမှာ ပိုဖြစ်တယ်။
(4) Pigmentary glaucoma ရှားတယ်။ ယောက်ျားတွေနဲ့ အသက် ၃ဝ-၄ဝ ကြားမှာ အဖြစ်များတယ်။
(5) Secondary glaucoma နာတာရှည်ဖြစ်တယ်။ မျက်စိထိခိုက်ခံထားရာကနေ ဆက်ဖြစ်တယ်။ Eye infection, Inflammation, Tumor or enlargement of the lens due to a Cataract တွေကနေလဲ ဆက်ဖြစ်နိုင်တယ်။
(6) Congenital glaucoma မွေးရာပါဖြစ်တယ်။ ကလေးငယ်တော့ စမ်းရခက်တယ်။ ယောက်ျားလေးတွေမှာ ပိုဖြစ်တယ်။

Complications နောက်ဆက်တွဲဖြစ်လာနိုင်တာတွေ -
• Blind spots မျက်စိအမြင်စက်ဝန်း ဘေးပိုင်းမှာ မမြင်နိုင်တဲ့နေရာလေးတွေ ဖြစ်တယ်။
• Tunnel vision မြောင်းထဲကနေကြည့်နေရသလိုဖြစ်မယ်။
• Total blindness လုံးဝ မျက်စိကွယ်မယ်။
Tests and diagnosis စမ်းသပ်နည်းတွေ
အရေးကြီးတဲ့ ရောဂါတွေကို လူနာလာမှ ဆေးကုပေးတာမျိုး တင်မကဘဲ Screening ခေါ်တဲ့ လူအများကို ဆန်ကာတင် စစ်နည်းနဲ့ လုပ်ရတယ်။ ထုံးစံအတိုင်း မျက်စိစစ်ရင် Tonometer ကရိယာသုံးတယ်။ IOP မျက်စိထဲက ဖိအားကို တိုင်းတယ်။ ပုံမှန်ဆိုရင် IOP က 21 mmHg ထက်နည်းရတယ်။ 30 mmHg ထက်များနေရင် မျက်စိကွယ်ဘို့ ကောင်းနေသူတွေ 15 mmHg သာရှိနေသူတွေထက် အဆ ၄ဝ များနေပြီ။
Optic nerve damage မျက်စိအာရုံကြောစစ်ဆေးမယ်။ Visual field test မြင်ကွင်းအကျယ်တိုင်းမယ်။ Cornea thickness မျက်ကြည်လွှာအထူတိုင်းမယ်။ Sophisticated imaging technology နည်းအဆန်းနဲ့လဲ စမ်းနိုင်တယ်။ ဒီနည်းတွေထဲမှာ Scanning laser polarimetry (SLP), Optical coherence tomography (OCT) and Confocal scanning laser ophthalmoscopy တွေပါတယ်။ Gonioscopy နဲ့ Visual field testing ဆိုတာတွေလဲ လုပ်တယ်။
Glaucoma Treatments မျက်စိ-ရေတိမ်ကို ဘယ်လိုကုသမလဲ
နည်း (၃) နည်းသုံးတယ်။ မျက်စဉ်း နဲ့ ဆေးတွဲပေးတာဟာ IOP ကျအောင် လုပ်တာဖြစ်တယ်။ နာတာမရှိတော့ မျက်စဉ်း ခပ်ဘို့ ပေါ့ဆတတ်တယ်။

1. Eyedrops မျက်စဉ်း
• Prostaglandin-like compounds = Latanoprost (Xalatan) and Bimatoprost (Lumigan) တွေသုံးတယ်။ ဘေးထွက်-ဆိုးကျိုးတွေ = မျက်စိနဲနဲနီမယ်၊ သူငယ်အိမ်ပိုနက်မယ်။ မျက်ခံအမှော ရောင်ချယ်ပိုများမယ်။ မျက်စိ သိပ်ကြည့်မကောင်း ဖြစ်မယ်။ အမြင်လွှာရောင်မယ်။
• Beta blockers = Timolol (Betimol, Timoptic), Betaxolol (Betoptic) and Metipranolol (Optipranolol) တွေ သုံးတယ်။ ဘေးထွက်-ဆိုးကျိုးတွေ = အသက်ရှူခက်မယ်။ နှလုံးခုန်နှေးမယ်။ ဆံပင်ကျွတ်မယ်။ သွေးဖိအား ကျမယ်။ ကျား-အင်္ဂါသန်မှု နည်းမယ်။ အားယုတ်မယ်။ စိတ်ကျမယ်။ မှန်ဥာဏ်လျှော့မယ်။ ပန်းနာရှိသူ၊ အသက်ရှူလမ်းရောဂါရှိသူ၊ ဆီးချိုရှိသူတွေကို သတိနဲ့သာပေးတယ်။
• Alpha-agonists = Apraclonidine (Iopidine) and Brimonidine (Alphagan) တွေသုံးတယ်။ ဘေးထွက်-ဆိုးကျိုးတွေ = အားယုတ်၊ ခေါင်းမူး၊ မျက်စိနီ-ယား-ရောင်၊ အာခေါင်ခြောက်။
• Carbonic anhydrase inhibitors = Dorzolamide (Trusopt) and Brinzolamide (Azopt) တွေ သုံးတယ်။ ဘေးထွက်-ဆိုးကျိုးတွေ = ဆီးခဏခဏသွား၊ ခြေ-လက်ကျင်။
• Miotic or cholinergic agents = Pilocarpine (Isopto Carpine) and Carbachol (Isopto Carbachol) တွေ သုံးတယ်။ ဘေးထွက်-ဆိုးကျိုးတွေ = မျက်စိနေရာနာ၊ မျက်စိကြည့်မကောင်း၊ နှာစေသလိုဖြစ်၊ တံတွေးများ၊ အစာမကျေ။
• Epinephrine compounds = Dipivefrin (Propine) ကို သုံးတယ်။ ဘေးထွက်-ဆိုးကျိုးတွေ = မျက်စိနီ၊ ရင်တုန်၊ သွေးဖိအားများ၊ ခေါင်းကိုက်၊ စိုးရိမ်။

2. Oral medications စားဆေးတွေ
Eyedrops မျက်စဉ်တခုတည်းနဲ့မရရင် သောက်ဆေးပေးမယ်။ Carbonic anhydrase inhibitor ဆေးကို အစာနဲ့ တွဲသောက်ရတယ်။
3. Surgery ခွဲစိတ်ကုသနည်း
သောက်ဆေး မခံနိုင်ရင်၊ သောက်ဆေး + မျက်စဉ်းနဲ့ မရရင် လိုအပ်ရင် ခွဲရမယ်။
• Laser surgery လေဆာနည်းနဲ့ခွဲခြင်း။ Open-angle glaucoma အတွက် Trabeculoplasty ကိုလုပ်တယ်။
• Filtering surgery မျက်စဉ်းရော လေဆာရောမရရင် Trabeculectomy နည်းလုပ်တယ်။
• Trabecular meshwork တစိတ်တပိုင်းကို Electrocauterizing tool သုံးပြီး ထုတ်ပေးတယ်။
• Drainage implants ဆိုတာ ထည့်ပေးတယ်။

Lifestyle and home remedies အိမ်မှာ ဘယ်လိုနေမလဲ
• Acute angle-closure glaucoma ဒေါင့်ကျဉ်းရေတိမ်ဆိုတာ အရေးပေါ်ဖြစ်တယ်။ ချက်ချင်း မျက်စိ အထူးကုဆရာဝန်ကို ပြပါ။
• Sip fluids frequently ရေ-အရည် များများသောက်ပါ။
• Exercise safely သင့်တော်တဲ့ ကိုယ်လက်-လေ့ကျင့်ခန်းလုပ်ပါ။
Cataract မျက်စိတိမ် http://dts-medicaleducation.blogspot.in/2012/03/cataract.html

Eye Drops for Glaucoma မျက်စိရေတိမ်အတွက် မျက်စဉ်းများ
Sun, Dec 2, 2012 at 10:18 AM
ဆရာ့ကို နိုဝင်ဘာ (၂၄) ရက်နေ့က တစ်ခါမေးဖူးပါတယ်။ ကျွန်တော့ကို ရေတိမ်ရောဂါ ဖြစ်နေတာ ၉၀% ကျိန်းသေနေပြီလို့ ပြောပါတယ်၊ ကျွန်တော့မျက်စိကတော့ ဘယ်လိုမှ မနေပါဘူး IOP က 17mmHg ရှိပါတယ်။ ဆရာမကတော့ OCT အဖြေကို ကြည့်ပြီး အခု Timolol အမျိုးအစားထဲက မျက်စဉ်း ပေးထားပြီး တစ်လကြာမှ ပြန်လာပြရန် ပြောထားပါတယ်။ ကျွန်တော်က Timolol မျက်စဉ်းရဲ့ ဘေးထွက်ဆိုးကျိုး ကိုကြောက်လို့ တစ်ခြား အမျိုးအစားကို ပြောင်းပြီး သုံးချင်ပါတယ်။ ကျွန်တော် ဘာဆက်လုပ်ရမယ်ဆိုတာ အကြံပေးပါဦး။ မျက်စဉ်းကရော သုံးမယ်ဆိုရင် ဘယ်လောက်လောက် ဆက်ပြီးသုံးရတယ်ဆိုတာ သိချင်ပါတယ်။
Glaucoma ရေတိမ်အတွက် မျက်စဉ်းတွေကို မျက်စိအခြေအနေအလိုက် ရွေးသုံးရမယ်။ရေတိမ်အတွက်မျက်စဉ်းဟာ မျက်စိ ရှေ့ခန်းထဲမှာ Aqueous humor အရည်တွေ မထွက်နိုင်ဘဲပိတ်နေလို့ Intra-ocular pressure မျက်စိဖိအား များနေတာကို သက်သာစေဘို့ ဖြစ်တယ်။ Drainage ထွက်လမ်းသာစေဘို့ဖြစ်တယ်။ ဒါမှသာ Optic nerve မျက်စိအာရုံကြော ပျက်စီးမှာကို ကာကွယ်နိုင်တယ်။
Timolol eye drops ရေတိမ်အတွက်သုံးစွဲရတဲ့ မျက်စဉ်းဖြစ်တယ်။ ဆရာဝန်လက်မှတ်နဲ့သာ ရောင်းတယ်။ သွေးတိုးနဲ့ နှလုံးရောဂါအတွက် သောက်ဆေးလဲ ရှိတယ်။ Beta blockers ဆေးဖြစ်ပြီး အရည်ထုတ်လုပ်တာနည်းစေမယ်။
• မျက်စိဘေးထွက်-ဆိုးကျိုးတွေ = ခပ်ခပ်ခြင်း ပူလောင်တာခံစားရနိုင်တယ်။ စိုးရိမ်စရာမရှိပါ။
• အမြင်အတွက် ဘေးထွက်-ဆိုးကျိုးတွေ = ခပ်ခပ်ခြင်း မျက်စိဝေဝါးမယ်။ မိနစ်အနည်းငယ်ကြာမယ်။
• တခြား ဘေးထွက်-ဆိုးကျိုးများ = ထူးခြားဆိုးဝါးတာမရှိပါ။ စိတ်မူအပြောင်းအလဲ တချို့မှာရှိနိုင်တယ်။ စိတ်ကျတာမျိုး၊ ခေါင်းမူး၊ အိပ်ချင်၊ နှလုံးခန်မမှန်၊ အသက်ရှူခက်။ ဒါတွေဖြစ်ရင် ဆရာဝန်ပြန်ပြောပါ။ ပန်းနာ ရှိနေသူ၊ ဆီးချိုးရှိနေသူ၊ လည်ပင်းကြီးရောဂါ၊ နှလုံးရောဂါ၊ (အလာဂျီ) ရှိသူ၊ ကိုယ်ဝန်ဆောင်နေသူတွေ သတိနဲ့သာ သုံးရမယ်။ Reserpine, Calcium channel blockers, Epinephrine, Clonidine, beta-blockers နဲ့ Quinidine ဆေးတွေနဲ့ တွဲမသောက်သင့်ပါ။
ရေတိမ်မျက်စဉ်းတွေနဲ့ ဘေးထွက်-ဆိုးကျိုးတွေ -
1. Alpha agonists မျက်စဉ်း။ အရည်ထွက်တာလဲနည်းစေပြီး ထွက်မျာကိုလဲအားပေးတယ်။ Alphagan P နဲ့ iopidine တွေ ဖြစ်တယ်။ (အလာဂျီ) ဖြစ်နိုင်တယ်။ ခေါင်းကိုက်၊ အားယုတ်၊ အာခေါင်ခြောက်၊ နှာခေါင်းခြောက်နိုင်တယ်။
2. Alpha-adrenergic agonists မျက်စိနီရဲစေမယ်။ သူငယ်အိမ်ကျယ်စေမယ်။ ယားမယ်။ Iopidine (Alcon), Alphagan (Allergan) နဲ့ Alphagan-P (Allergan) တွေဖြစ်တယ်။
3. Beta-blockers တွေကို အရင်ဆုံးသုံးခဲ့ကြတယ်။ ဒီမျက်စဉ်းမျိုကြောင့် နှလုံးခုန်နှေးစေမယ်။ အသက်ရှူ တိုနိုင်တယ်။ သွေးဖိအားကျမယ်။ လိင်စိတ်နည်းနိုင်တယ်။ စိတ်ကျနိုင်တယ်။ Prostaglandins နဲ့လဲ တွဲသုံးနိုင်တယ်။ Timoptic XE (Merck), Istalol (ISTA) and Betoptic S (Alcon) တွေဖြစ်တယ်။
4. Carbonic anhydrase inhibitors မျက်စဉ်းကနေ မျက်စိအနေရခက်နိုင်တယ်။ ပူလောင်မယ်။ များသောအားဖြင့် တွဲသုံးတယ်။ သောက်ဆေးလဲရှိတယ်။ ပူလောင်တာခံစားရမယ်။ အရသာခါးမယ်။ မျက်စိနီမယ်။ Trusopt (Merck) and Azopt (Alcon) မျက်စဉ်းနဲ့ သောက်ဆေးအဖြစ် Carbonic anhydrase inhibitors (CAI) are Diamox (Sigma), Neptazane (Wyeth-Ayerst) and Daranide (Merck, Sharp, & Dohme) တွေရှိတယ်။ လူနာတဝက်လောက်က ဆေးကိုမခံနိုင်ဘူး။ အားယုတ်တာ၊ စိတ်ကျတာ၊ အစာမစားချင်တာ၊ ကိုယ်အလေးချိန်ကျတာ၊ လိင်စိတ်နည်းတာ၊ ခြေဖျားလက်ဖျား ထုံကျင်တာ နဲ့ သတ္တုအရသာ ဖြစ်နေတာတွေကို မခံနိုင်တာဖြစ်တယ်။ အရည်ထွက်တာနည်းစေတယ်။
5. Epinephrine ဆေးကတော့ အရည်ထုတ်လုပ်တာနှေးစေမယ်။ ထုတ်ပြစ်တာမြန်စေမယ်။ မျက်ခွံလွှာ အရောင် ဖြစ်လာစေနိုင်တယ်။ မျက်ရည်လမ်းပိတ်မယ်။ ရင်တုံမယ်။ Epinephrine နဲ့ Allergan's Propine (Dipivalyl epinephrine) တွေဖြစ်တယ်။
6. Glycerin သောက်ဆေး။ Isosorbide သောက်ဆေး နဲ့ Mannitol နဲ့ Urea သွေးကြောထဲထိုးဆေးတွေ ဖြစ်တယ်။
7. Hyperosmotic agents ဆေးကို ဖိအားသိပ်များနေသူတွေအတွက်ပေးတယ်။ တခါတည်းသာ သုံးလေ့ရှိတယ်။
8. Parasympathomimetics ဆေးက အရည်ထွက်ပိုစေမယ်။ Narrow-angle glaucoma ဒေါင့်ကျဉ်းရေတိမ် အတွက် သုံးတယ်။ သူငယ်အိမ်ကျဉ်းစေတယ်။ မျက်ခုံးကိုနိုင်တယ်။ ပူလောင်မယ်။ ညပိုင်းမှာ မျက်စိ ကြည့်မကောင်းဘူး။ Pilocarpine, Carbachol, Echothiophate နဲ့ Demecarium တွေဖြစ်တယ်။
9. Prostaglandin analogs မျက်စဉ်းကနေ မျက်လုံး (သူငယ်အိမ်ကြွက်သား) ကို အရောင်ပြောင်းစေနိုင်တယ်။ အမြင်ဝေဝါးစေနိုင်တယ်။ မျက်စိနီရဲနိုင်တယ်။ ပူလောင်တာခံစားရနိုင်တယ်။ ယားနိုင်တယ်။ မျက်တောင်တွေ ပိုရှည်ပြီး ကောက်လာစေနိုင်တယ်။ Prostaglandins မျက်စဉ်းကို အများသုံးတယ်။ တနေ့မှာ တခါသာခပ်ရလို့ လူကြိုက်များတာလဲပါတယ်။ မျက်စိထဲကကြွက်သားတွေကို ပြေလျှော့စေလို့ အရည်ပိုထွက်စေတယ်။ Xalatan (Pfizer), Lumigan (Allergan), Travatan Z (Alcon) နဲ့ Rescula (Novartis) တွေဖြစ်တယ်။ အရည်တွေ ထွက်ဘို့ အားပေးမယ်။
တချို့လူနာတွေက ဆေး တမျိုးမက လိုနိုင်တယ်။ Cosopt ဆေးထဲမှာ ဆေးတမျိုးမက ရောထားတယ်။ စမ်းသပ်သုံးနေတဲ့ ဆေးကုသနည်းတွေလဲ ရှိပါသေးတယ်။ Namenda (Memantine), Copaxone (Glatiramer acetate), Gingko biloba နဲ့ Nanoparticles ဆေးတွေဖြစ်တယ်။
• Glaucoma မျက်စိ ရေတိမ် http://dts-medicaleducation.blogspot.in/2012/07/glaucoma.html
ဒေါက်တာတင့်ဆွေ
၂-၁၂-၂ဝ၁၂

- Posted using BlogPress from my iPhone5
No comments:
Post a Comment