Popular Posts!

Wednesday, January 8, 2014

၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ (၁)ရက်နေ့စတင်၍ လူစီးမော်တော်ယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များနှင့် ယန္တရားယာဉ်များ တင်သွင်းခွင့်ကို ယာဉ်အမျိုးအစားအလိုက်သတ်မှတ်

၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ (၁)ရက်နေ့စတင်၍ လူစီးမော်တော်ယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များနှင့် ယန္တရားယာဉ်များ တင်သွင်းခွင့်ကို ယာဉ်အမျိုးအစားအလိုက်သတ်မှတ်ဖော်ပြထားပါသည်-

  စီပွားရေးနှင့်ကူးသန်းရောင်းဝယ်ကြီးဌာနအနေဖြင့် ပြည်ပမှ မော်တော်ယာဉ်များ   တင်သွင်းခွင့်ပြုရာတွင်   မော်တော်ယာဉ်အမျိုးအစားအလိုက် ထုတ်လုပ်သည့်   ခုနှစ်ကို သတ်မှတ်၍ တင်သွင်းခွင့်ပြုလျက် မော်တော်ယာဉ်လျှောက်ထားမှုကို နေ့စဉ် နံနက် (၀၉း၃၀)မှ (၁၆း၃၀)နာရီအချိန်အထိ လက်ခံထုတ်ပေးလျှက်ရှိပါသည်။
                 သို့သော် ယခုအချိန်သည် နှစ်ကုန်ခါနီးအချိန်ဖြစ်ပြီး လိုင်စင်လျှောက်ထားမှု များပြားလျှက်ရှိသဖြင့် လျှောက်ထားသူများအဆင်ပြေစေရေးအလို့ငှာ ၃၀-၁၂-၂၀၁၃ ရက်နေ့နှင့် ၃၁-၁၂-၂၀၁၃ ရက်နေ့များတွင်  မော်တော်ယာဉ်တင်သွင်း  လျှောက်ထားမှု၊  လက်ခံထုတ်ပေးမှုကို  အောက်ပါအတိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးကြညာအပ်ပါသည်-
                 (က)    ၃၀-၁၂-၂၀၁၃ ရက်နေ့တွင် မော်တော်ယာဉ်တင်သွင်းလျှောက်ထားမှု၊ လက်ခံထုတ်ပေးမှုကို နံနက် ၈း၀၀ နာရီမှ ၆း၀၀ နာရီအထိလက်ခံဆောင်ရွက်မည်                            ဖြစ်ပါသည်။
                 ( ခ )   ၃၁-၁၂-၂၀၁၃ ရက်နေ့တွင် မော်တော်ယာဉ်တင်သွင်းလျှောက်ထားမှုကို နံနက် ၈း၀၀ နာရီမှ နေ့လည် ၁၂း၀၀ နာ၇ီအထိ လက်ခံပြီး လိုင်စင်၊ ပါမစ်ထုတ် ပေးခြင်းကို ညနေ ၆း၀၀ နာ၇ီ အထိဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!