Popular Posts!

Tuesday, March 20, 2018

၂၀၁၈ ပြည်ထောင်စု အခွန်အကောက် ဥပဒေကြမ်းပါ





၂၀၁၈ ပြည်ထောင်စု အခွန်အကောက် ဥပဒေကြမ်းပါ

အပိုဒ် ၂၅ နဲ့ပက်သက်ပြီး၊ အခွန်သက်သာခွင့် မပါတော့လို့ အတော် ဂယက်ရိုက်နေခဲ့ပါတယ်။

အစိုးရနဲ့ လွှတ်တော် အနေနဲ့ tax amnesty ထက် tax rate reduction ကို ပို သွားသင့်ပါတယ်။
နိုင်ငံအတွက် အလုပ်လုပ်နေကြတဲ့ပြည်သူနဲ့ လုပ်ငန်းရှင် အလွှာ အသီးသီးရဲ့ income tax / corporate tax ဟာ ၂၅% ဖြစ်နေပြီး၊
amnesty က ၃% ၅% ဖြစ်နေတဲ့ အဓိက issue ကြောင့် ပယ်ချသွားတယ် ထင်ပါတယ်။

အခွန် ဆောင်ပြီးရင်၊ (ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ public transport) 
အစိုးရရဲ့ ထောက်ပံ့မှု အကုန်ပြန်ရတဲ့ singapore တောင်မှ income tax က ၁၇% ပဲ ရှိနေချိန်မှာအိမ်နီးချင်းနိုင်ငံတွေနဲ့ယှဉ်ရင် (ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ Public Transport၊ Infrastructure)တွေမှာ အခွန်ဆောင်ပြီး၊ ဘာမှ ပြန်မရသလောက်နီးပါး မြန်မာနိုင်ငံ ရဲ့ income tax rate က ၂၅% ဖြစ်နေတာ ကို အရင် ပြင် သင့်ပါတယ်။

income tax rate ကို လဲ ၁၀% လောက်အထိ အရင်ချ ပြီး၊ အခွန်စည်းကြပ်ခြင်း tax rate reduction ကိုလဲ ၇/၁၀/၁၂% အထိ တပြိုင်တည်းချသင့်ပါတယ်။
ဒါမှ တကယ် ထိရောက်ပြီး fair play ဖြစ်မှာပါ။
- - - -
(3% 5% 10% 20% 30% ) က ၂၀၁၄+၂၀၁၅ နှုန်းပါ
(15% 20% 30%) -က ၂၀၁၆ +၂၀၁၇+၂၀၁၈ နှုန်းပါ
ဒီ ၂ ခုမှာ - အခွန် အဆ အများကြီး ကွာသွားပါတယ်။

အဲဒီအတွက် 

ပည်သူတွေ အခွန် ရှောင်လာကြတဲ့အတွက် နိုင်ငံတော်က အခွန်ရသင့်သလောက် မရတော့ပါဘူး။

အခွန်ရှောင်လို့ ရတဲ့နည်းတွေ အများကြီးကနေ အခွန်ထမ်းတွေက ရှောင်ပါတော့တယ်။
- - - - -

မန်မာ့နိုင်ငံဟာ ဖွံ့ဖြိုးဆဲ နိုင်ငံပါ။

ဘာမှ မရှိသေးဘဲ ငွေဖြူ ငွေမည်းတွေ ရှေ့တန်းတင်ရင်လှည့်ပတ်ငွေတွေ - အသုံးချ ဈေးကွက်ထဲ ရောက်မလာတော့ပါဘူး။ ငွေပိုကြပ်လာပါမယ် ။

( အများ စိုးရိမ် ကြတဲ့ အကြမ်းဖက်ကွန်ယက်၊ လက်နက်၊ မူးယစ်ဆေးဝါး၊ တရားမဝင်ငွေကြေးခဝါချမှုတွေ နှင့် ပက်သက်လို့လည်း ဤဥပဒေနှင့်သက်ဆိုင်ခြင်းမရှိစေရ ဆိုတဲ့ အချက်ကြောင့်လည်း၊ 
တရားဥပဒေစိုးမိုးရေး ဌာနတွေကနေ အထက်ပါအကြောင်းအရာများနှင့် စပ်လျဉ်းပြီး သူတို့ အလုပ် သူတို့လုပ်ကြပါစေ။)


အာက်ခြေ ပြည်သူလူထုဆီ လှည့်ပတ်ငွေ မစီးဆင်းတော့ရင် လက်တွေ့ အောက်ခြေက စီးပွားရေး ပို ကြပ်တည်းလာပါမယ် ။

အခွန်နှုန်း နည်းနည်း နဲ့ လူများများ ဆောင်လာစေတဲ့ စနစ်ကို ကျင့်သုံး စေချင်ပါတယ် ။
ထိုင်း၊ မလေးရှား၊ စကာင်္ပူ အဆင့်လောက်ရောက်မှ ငွေဖြူတာ မည်းတာ တင်းကြပ်စေချင်ပါတယ်။
အခွန်ဥပဒေကို ပြင်ရင် လွှတ်တော်ကပဲ မတ်လ မတိုင်ခင် ပြင်မှ ရပါမယ်။
ဒီ နှစ် ဥပဒေမှာ ပြင်ရင် လာမယ့် ဧပြီ၊ မေက စပြီး စီးပွားရေး ပြန် သွက်လာနိုင်ပါတယ်။

အစိုးရလဲ အခွန်ရ ၊ budget လဲတိုးရင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ public transport 
အစစ အရာရာ ပို service ပေးနိုင်မှာပါ။


Government Spending (G) ကောင်းရင် လည်းစီးပွားရေး လုပ်ငန်းတွေကတဆင့် 

အာက်ခြေ ပြည်သူတွေ ဆီ ပြန်ရောက်သွားမယ်။


သူတို့ရဲ့ စား သောက်နေထိုင်မှုတွေကတဆင့် အခွန်ရရင် အစိုးရဆီ လှည့်ပတ်ငွေ ထပ်ရောက်လာပါမယ်။
...........

ဒီနေရာမှာ နိုင်ငံရဲ့ စီးပွားရေးတိုးတက်စေဖို့ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ဖော်ဆောင်ကြမယ့်အစိုးရ နဲ့ လွှတ်တော်၂ ရပ် ရဲ့စွမ်းဆောင်နိုင်မှုနဲ့ စေတနာကို ထင်ထင်ရှားရှား မြင်ရမှာ ဖြစ်ပါတယ်။

Ref:Nay Lin Zin FB

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!