Popular Posts!

Monday, March 12, 2018

အခုမှ လွှတ်ချော် ကနေ လွှတ်တော်စစ်စစ်တဖြေးဖြေးပီပြင်လာပါပြီ



ပြည်သူ့လွှတ်တော်မှာ ဒီဆွေးနွေးချက်လေး တော်တော်ကောင်းတယ်။ စီမံကိန်းက သေးသေးလေးကျပ်သိန်း ၁၃၀ ပဲတန်တယ်။ ဒီသေးသေးလေးကို အဆင့်ဆင့်ခိုးကြလို့ အတိုင်ခံရတော့ အရေးယူခံရသူကမြို့နယ်ဦးစီးမှုး၊ ခရိုင်ဦးစီးမှုး၊ ပြည်နယ်ဦးစီးမှုးတွေပါအကုန်ပါတယ်
ပြောစရာရှိတာက ဒုဝန်ကြီးက အောက်ကတင်ပြလိုက်တာပဲသိပြီး အရေးယူပြီးကြောင်းနဲ့စီမံကိန်းပြီးသွားပြီဖြစ်ကြောင်း လွှတ်တော်မှာ လာဖြေတာကို ကိုယ်တိုင်ကွင်းဆင်းစစ်ဆေးခဲ့တဲ့ပြည်သူ့လွှတ်တော်အမတ်က အမှန်တကယ်မပြီးစီးသေးကြောင်း မြေပြင်က အချက်အလက်တွေသက်သေဓါတ်ပုံတွေနဲ့တကွဖြေရှင်းသွားတော့ဒုဝန်ကြီး အရှက်ကွဲသွားတယ်။ အထူးအဖွဲ့ဖွဲ့ပြီး ပြန်လည်စစ်ဆေးပါ့မယ် ဖြစ်သွားရတယ်။
ပြည်သူတွေရွေးချယ်ထားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တန်ဖိုးဆိုတာ အဲ့ဒါပဲ၊ ကိုယ်စားလှယ်အားလုံး ဒေါ်နန်းခမ်းအေးလို အလုပ်လုပ်ကြပါလို့ တိုက်တွန်းလိုပါတယ်။ ဒါမှ တိုင်းပြည်ဘဏ္ဏာ အလေအလွင့်နည်းပြီး ပြည်သူ့အတွက် အကျိုးပြုမယ့် စီမံကိန်းတွေ အမှန်တကယ်ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ ဝန်ကြီးတွေလည်း အောက်က အစီရင်ခံသမျှ မျက်လုံးမှိတ်ပြီး ယုံမနေပါနဲ့။ ခုလိုအရှက်ကွဲစရာတွေ ထပ်ကြုံနေရမယ်။ ခိုးတဲ့သူတွေကိုလည်း ရာထူးက အနားပေးယုံ မဟုတ်ပဲ ပြင်းပြင်းထန်ထန် အရေးယူဖို့ လိုပါတယ် ...
***********
ရေရရှိရေးစီမံကိန်းတစ်ခုပြီးစီးကြောင်း ဒုဝန်ကြီးက ဖြေကြားစဉ် အမတ်ကမပြီးစီးသေးကြောင်း ဓာတ်ပုံများဖြင့် သက်သေပြ
=====================
ကျပ်သိန်းတစ်ရာ့ သုံးဆယ်ကျော် အသုံးပြုတည် ဆောက်သည့် ကျေးလက်ရေရရှိ ရေးစီမံကိန်းတစ်ခု လေးနှစ်ခန့် ကြာသည်အထိ လုပ်ငန်းပြီးပြတ်မှု မရှိ၍ သက်ဆိုင်ရာတာဝန်ရှိသူအဆင့်ဆင့်ကို အရေးယူသင့် ကြောင်း ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါ်နန်းခမ်းအေးက ပြောသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်သည့် ပေ၇,၉၀၀ (ရေ ပိုက်၊ ရေကန်နှင့် ရေတားတမံ) တည်ဆောက်ခြင်း လုပ်ငန်းကို ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင်စတင် ဆောင်ရွက်သော်လည်း လက်ရှိ အထိ ပြီးပြတ်ခြင်းမရှိသေး ကြောင်း ယမန်နေ့ကကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး ၌ မေးခွန်းမေးမြန်းစဉ်ဒေါ်နန်းခမ်း အေးက ပြောသည်။
အဆိုပါရေရရှိရေးကို နမ္မတူ မြို့နယ် နမ့်မျှော်ကျေးရွာအုပ်စု မန်မိုင်လွိုင်ငင်းကျေးရွာ၌ ခွင့်ပြု ရန်ပုံငွေ ကျပ်သိန်းတစ်ရာ့သုံး ဆယ်ကျော်ဖြင့်ဆောက်လုပ်ခြင်း ဖြစ်သည်။ ဌာနအနေဖြင့် စိစစ် တွေ့ရှိချက်အရ လုပ်ငန်းပြီးစီး ကြောင်း အထောက်အထားရယူ ၍ လုပ်ငန်းရန်ပုံငွေကို လက်ဝယ် ထားရှိသည့် လုပ်ငန်းတာဝန်ခံ အင်ဂျင်နီယာကို ရာထူးမှထုတ် ပယ်ခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေး မြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယ၀န်ကြီးဦးလှကျော်က ရှင်းလင်းသည်။
ထို့ပြင် နမ္မတူမြို့နယ်ဦးစီးမှူး ကို ရာထူးတစ်ဆင့်လျှော့ချခြင်း၊ ခရိုင်ဦးစီးမှူးကို နှစ်တိုးလစာရပ် ဆိုင်းခြင်းနှင့် ပြည်နယ်ရုံးခွဲဦးစီး မှူးကို စာဖြင့်သတိပေးခြင်းစ သည့်ပြစ်ဒဏ်များချမှတ်သည့် အပြင် စီမံကိန်းလုပ်ငန်းအားလုံး ပြီးစီးရေး ဆောင်ရွက်ထားကြောင်း ၎င်းကပြောသည်။
သို့သော် ဒေါ်နန်းခမ်းအေး က ၀န်ကြီး၏ဖြေကြားချက်သည် မြေပြင်အခြေအနေနှင့်ကွဲလွဲနေ ပြီး လုပ်ငန်းသည် လက်ရှိအချိန် ထိ ပြီးပြတ်မှုမရှိသေးကြောင်း ဆက်စပ်မေးခွန်း မေးမြန်းစဉ် ဓာတ်ပုံများထုတ်ပြပြီး ထပ်မံပြော ကြားသည်။ စီမံကိန်းသည် ပေ ၇,၉၀၀ ဖြစ်သော်လည်း မြေပြင် တွင် ပေတစ်ထောင်ပင်မရှိသည့် အပြင် ရေတားတမံသည်လည်း ရေသိုလှောင်နိုင်စွမ်းမရှိကြောင်း ၎င်းကထောက်ပြသည်။
‘‘အခုလိုတည်ဆောက်မှု လုပ်ငန်းအသေးစားလေးတစ်ခု တောင်မှ ထပ်ခါထပ်ခါဒီလိုပြန်ပြီး တော့ ထိန်းကျောင်းနေရတယ်ဆို တာဟာ သက်ဆိုင်ရာဌာနရဲ့ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးအား နည်းချက်ရှိတယ်ဆိုတာကို ဖော် ညွှန်းနေပါတယ်’’ ဟု ဒေါ်နန်းခမ်း အေးက ဝေဖန်သည်။
ထို့ကြောင့် တည်ဆောက် ရေးလုပ်ငန်းများ စံချိန်စံညွှန်းညီ ညွတ်မှုရှိ၊မရှိ အထူးအဖွဲ့ဖွဲ့၍ ပြန်လည်ကွင်းဆင်းစစ်ဆေးကာ စစ်ဆေးတွေ့ရှိချက်အပေါ် မူ တည်၍ တာဝန်ရှိသူများကို နိုင်ငံ့ ၀န်ထမ်းဥပဒေနှင့်အညီ အရေး ယူမည်ဖြစ်ကြောင်း ဒုတိယ၀န် ကြီးဦးလှကျော်က ပြန်လည်ဖြေ ကြားသည်။
‘‘ဒီလိုသေးသေးမွှားမွှား စီမံကိန်းတောင်မှ နှစ်ခါပြန်ထိန်း ကျောင်းရတယ်ဆိုတော့ ကြီးတဲ့စီ မံကိန်းတွေဆိုရင် တချို့ကိုယ်စား လှယ်တွေကွင်းမဆင်းနိုင်ဘူးဆို ရင် ကျွန်မတို့နိုင်ငံအတွက်ယိုစိမ့် မှုဘယ်လောက်များသလဲဆိုတာ သိနိုင်မှာပါ’’ ဟု ဒေါ်နန်းခမ်းအေး က လွှတ်တော်အစည်းအဝေးအ ပြီးတွင် ပြောသည်။
Source: 7 Day
ZN.H

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!