Popular Posts!

Tuesday, March 20, 2018

အဆိုတော် တသသ ရဲ့ အိမ်ခြံဝန်းထဲကို ရဲတပ်ဖွဲ့ဝင်များ အင်နဲ့ အားနဲ့ ဝင်ရောက်ခဲ့ခြင်းမှတ်တမ်း …








အဆိုတော် အမ"တသသ" ရဲ့ ပိုင်ဆိုင်မူတွေအားလုံးဆုံးရူံးနစ်နာနေရတာတောင် တရားရုံးက ထင်တာလုပ်နေတုန်းပါလား၊ အဆိုတော် တသသပိုင်၏ ကျပ်သန်း (၄၃၁၇၂) ကျော်ဖိုးရှိ ပစ္စည်းများ ခိုးယူခံရမှု ခရိုင်တရားရုံးသို့ပြင်ဆင်မိန့်တင်မည် ===================== 

 မန္တလေး၊ မတ် ၁၈၊ ၂၀၁၈ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် စဥ့်ကူးမြို့နယ် ကန်တောင်ကျေးရွာရှိ မခိုင် (ခ) အဆိုတော် တသသပိုင်၏ ကျပ်သန်း (၄၃၁၇၂) ကျော်ဖိုးရှိ ပစ္စည်းများ ခိုးယူခံရမှုကိုမြို့နယ်တရားရုံးက ပယ်ချလိုက်သောကြောင့် ခရိုင်တရားရုံးသို့ ပြင်ဆင်မိန့်တက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုတော် တသသပိုင်၏ နေအိမ်အတွင်းမှ ရွှေပါ ဗြုံးအိတ်များနှင့် မြေများ စုစုပေါင်း ကျပ်သန်း (၄၃၁၇၂) ကျော်ဖိုးရှိ ပစ္စည်းများကို ကန်တောင်ကျေးရွာနေ ဇော်မျိုးထွန်း ၊ ဒေါ်ဝေစန်း ၊ ညီညီဇော် နှင့်အလုပ်သမား (၁၃) ဦး တို့က ၂၀၁၄ ခုနှစ် ဇူလိုင်လအတွင်း ခိုးယူသွားခဲ့သည်။ ၂၀၁၅ ခုနှစ် ဇွန်လတွင် ယင်းကိစ္စအတွက် လက်ပန်လှရဲစခန်းတွင် (ပ) ၇၂/၂၀၁၅ ၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ထားခဲ့သည်။ ``အဲ့ဒီခိုးမှုပုဒ်မက ရဲစခန်းက တပ်ပေးတာ ။ ကျွန်မ ပစ္စည်းတွေ ယူသွားတုန်းက ရဲတွေလည်းပါတယ် ။ ရဲတွေကို အမှုဖွင့်မရဘူးလို့ ပြောလို့ အဲ့ဒီကတည်းက အပြင်အရပ်သားတွေပဲ အမှုဖွင့်ထားတာ ။ အမှုဖွင့်ပြီးတော့လည်း ရဲတွေက မဖမ်းဘူး ။ တရားခံတွေက အလှူတောင်ပေးကြသေးတယ် ။ အဲ့ဒီလို အမှုဖွင့်ဖို့ကိုလည်း ကျွန်မရှေ့နေကနေ တစ်ဆင့် ကျပ်သိန်း ၃၀၀ ပေးပြီးမှ ဖွင့်ရတယ် ။ မဖမ်းလို့ဆိုပြီး နေပြည်တော်က အထူးတပ်ဖွဲ့လား ဘာလား မသိဘူး သူတို့ လာဖမ်းမယ်ဆိုပြီး ခရီးစရိတ် သိန်း ၂၅၀ ပေးရတယ် ။ ဒါလည်း ဖမ်းမသွားဘူး ။ ကျွန်မတို့ ကိုယ်တိုင်ဖမ်းပေးမှ မိတ္ထီလာဘက်မှာ မိတာ။´´ ဟု အဆိုတော် တသသပိုင် က ပြောသည်။ စဥ့်ကူးမြို့နယ် တရားသူကြီးသည် အဆိုပါအမှုမှ ကျူးလွန်သူများကို အာမခံပေးခြင်း ပြုလုပ်ခဲ့ပြီး ၂၀၁၈ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် ခိုးမှုမမြောက်ကြောင်း အမိန့်ချမှတ်ခဲ့သည်။ ``သူတို့ လာတာ က ရဲအင်အား ၁၀၀ လောက်နဲ့ တရားခံလာရှာမယ်ဆိုပြီး ဝင်တယ်။ ပြီးတော့ ဗြုံးအိတ်တွေ မသွားတယ် ။ အကုန်ယူသွားတယ် ။ ပေါ်တင်သယ်တာ၊ ရဲတွေတောင် သယ်သွားတဲ့အထဲပါတယ်။ဒါကိုလည်း သက်သေတွေရှိတယ် ။´´ ဟု အဆိုတော် တသသပိုင်က ဆက်ပြောသည်။ ယင်းအမှုအတွက် မတ်လ တတိယအပတ်အတွင်း ပြင်ဦးလွင်ခရိုင်တရားရုံးသို့ ပြင်ဆင်မိန့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုတော် တသသ ရဲ့ အိမ်ခြံဝန်းထဲကို ရဲတပ်ဖွဲ့ဝင်များ အင်နဲ့ အားနဲ့ ဝင်ရောက်ခဲ့ခြင်းမှတ်တမ်း …
ဗွီဒီယိုဖိုင်များ (၁) (၂) (၃)
မန္တလေး က အဆိုတော် တသသ (ရွှေတူးဖော်ရေးလုပ်ငန်းတရားဝင်လုပ်ကိုင်သူ) ရဲ့ ခြံဝန်းထဲကို ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက်ခဲ့ခြင်း

အာက်တွင် အမိန့်ချပြီးနောက်ပိုင်း အဆိုတော် တသသမှ မကျေနပ်၍ တရားရုံးမှ တရားသူကြီးများကို အော်ဟစ်ပြောဆိုနေတဲ့ ဗွီဒီယိုဖိုင် ပါရှိပါသည်။

“အောက်ခြေတရားရုံးတွေမှာ စုတ်ပြတ်သတ်နေတာပဲ” လို့ ပြောလိုက်တဲ့ အဆိုတော် တသသ

နာမည်ကျော် မြန်မာသံအဆိုတော်တစ်ယောက်ဖြစ်တဲ့ တသသရဲ့ မြန်မာ့တရားစီရင်ရေးအပေါ် တရားရုံးများ
အပေါ် ဝေဖန်ထားတဲ့ဗွီဒီယိုဖိုင်ဟာ ဖေ့စ်ဘွက်လူမှုကွန်ယက်မှာ ပြန်နှံ့ လူသိများခဲ့ပါတယ်။ မနေ့ မတ်လ ၁၆ ရက်နေ့က စဥ့်ကူးမြို့နယ် တရားရုံးရှေ့မှာ တရားစီရင်ရေး မမျှတကြောင်း တသသက ဖေ့စ်ဘွက်တိုက်ရိုက် ဗွီဒီယိုဖိုင်တစ်ခု လွှင့်ခဲ့ပါတယ်။

သူမကိုယ်တိုင်ရဲ့ အကောင့်က ဗွီဒီယိုဖိုင်ကို ကြည့်ရှုသူ ၃သိန်းခန့်ရှိခဲ့ပြီး ပြန်လည်မျှဝေသူ ၁သောင်း ၆ ထောင်ကျော်ရှိပါတယ်။ ယင်းဗွီဒီယိုဖိုင်ဟာ ဖေ့စ်ဘွက်မှာ ပြန့်နှံ့ခဲ့ပြီး ပြန်လည်တင်ကြသူတွေကြောင့် ကြည့်သူ သန်းနဲ့ချြီ့ပီး ရှိခဲ့တာ ဖြစ်ပါတယ်။ အဆိုတော်တသသဟာ သူမရဲ့ ရိုးသားစွာရှိဖွေထားသော ပစ္စည်းဥစ္စာများကို ရဲတပ်ဖွဲ့ဝင်အချို့က မတရားသိမ်းဆည်းရယူထားကြောင်း တသသက မျက်ရည်ကျသည်အထိ ရင်ဖွင့်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အဆိုတော်တသသက အောင်မြင်တဲ့ ကိုယ်ပိုင်သံစဉ်အဆိုတော်တစ်ယောက်ဖြစ်ပြီး ပရိတ်သတ်အားပေးမှုလည်း အခိုင်အမာရရှိထားပါတယ်။ ဒါပေမယ့်လည်း သူမရဲ့ဘဝက ယခင်ကလည်း ကြမ်းတမ်းခဲ့ပြီး ယခုလည်း ဒုက္ခများစွာနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။
မြန်မာ့တရားစီရင်ရေးဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂုလ် ကြွေးကျော်ထားသည့် တရားဥပဒေစိုးမိုးရေး ဆိုတဲ့ ဦးတည်ချက် ရည်မှန်းချက်ကို စိန်ခေါ်နေတာ ဖြစ်ပါတယ်။ တရားရုံးများရှေ့တွင် ဖေ့စ်ဘွက်တိုက်ရိုက်လွှင့်ပြီး တရားရုံးများက မျှတမှုမရှိကြောင့် ပြောဆိုဝေဖန်သည့် ဗွီဒီယိုဖိုင်များ လူမှုကွန်ယက်မှာ များစွာ ပြန့်လာနေကြပါတယ်။
Video - Crd
ရန်နောင် ရန်နောင်စိုး
     မန္တလေးတိုင်းတရားရုံး သတင်းစာရှင်းလင်းပွဲ အင်တာနက်မှာပြန့်ခဲ့တဲ့ အဆိုတော် တသသ အမှုနဲ့ ပြည်ကြီးတံခွန်တရားရုံးကို ဖိနပ်နဲ့ ပစ်ပေါက်သတိပေးရတဲ့ အထိ ဆိုးရွားခဲ့တဲ့ အမှု ဒီအမှု နှစ်ခု အကြောင်းရှင်းလင်းနေတာပါ။

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!