Popular Posts!

Monday, March 5, 2018

"ဓနုတိုင်းရင်းသားတွေအရေးကို ဆောင်ရွက်မယ်ဆိုပြီး ဖွဲ့စည်းထားတဲ့ ဓနုတိုင်းရင်းသားရေးရာအဖွဲ့ချုပ် ဘယ်သဝေထိုးနေလဲ"


Than Dar Win added 5 new photos — with MW AF and 2 others.
20 hrs
ဖေဖေါ်ဝါရီ ၁၉ရက်နေ့ညနေ ၅နာရီခန့်မှာမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်
အန်တီငြိမ်းဆီကဖုံးဝင်လာပါတယ်
အမရေ ကျမ့မိတ်ဆွေအိမ်မှာထွက်ပြေးလာတဲ့ကလေးမတစ်ယောက်ရောက်နေတယ်။ကြောက်လန့်တုန်ရီပြီးသူ့ကိုရဲစခန်းပို့ပေးပါလ်ု့ပြောနေတယ်တဲ့
အဲဒါကူညီပါအုံးအမရေလို့ပြောပါတယ်။
ကျမ့စဉ်းစားပါတယ် ဒီအခြေနေဟာသာမန်တော့မဖြစ်နိုင်ဖူးလို့တွေးပီး ကျမ့ရဲ့
MWAF mdy ကလူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့
ခေါင်းဆောင်ညီမနဲ့ချိတ်ဆက်ပီး သူ့ကားနဲ့သူရယ်အန်တီင်ြမ်း
ရယ်အဲဒီကလေးမထွက်ပြေးလာတဲ့အိမ်အထိသွားခဲ့ပါတယ်။
ကလေးမလေးကိုတွေ့ခဲ့ပီးကိုယ်တွေကားနဲ့အဆင်မပြေလို့
အိမ်ရှင်ရဲ့ကားနောက်ခန်းမှာထည့်ပီးဒီကလေးကိုခေါ်ထုတ်ခဲ့ပါတယ်။
ကျမတို့ရုံးကိုသူရောက်လာတော့ညနေ၆နာရီခန့်ပေါ့။
ပထမဆုံးရုံးခန်းထဲမှာသူ့ကိုထိုင်ခိုင်းပါတယ်။ဘယ်လောက်တောင်ကြောက်ရွံ့ထိပ်လန့်နေတယ်မသိ
သူ့တကိုယ်လုံးတုန်ရီအေးစက်နေပါတယ်။
၁၀မိနစ်လောက်အနားပေးပီးမှသူနဲ့စကားစပြောခဲ့ပါတယ်။
ဒီသမီးကတစ်ခါသုံးနှုတ်ခေါင်းစီးလေးတပ်ထားတယ်
လည်ပင်မှာလည်းပုဝါလေးတခုရစ်သိုင်းပီးအပေါ်ဝတ်ညအိပ်
အကျီင်္လေးနဲ့ပါ။စကားပြောမယ်လုပ်တော့ကျမ့ကအသံမပီသလ်ု့နှုတ်ခေါင်းစီးလေးကိုဖြုတ်ခိုင်းလိုက်ပါတယ်။
အဲဒီမှာတင်ကျမshock လည်းရ ဒီသမီးကိုလည်းအားနာသွားမိတယ်။သူ့ဘယ်ဘက်မှထိုင်နေတဲ့ကျမ့ သူ့ရဲ့ပျက်စီးနေတဲ့ဘယ်ဘက်မျက်နှာ မျက်လုံး နားရွက်
လည်ပင်း နှုတ်ခမ်းအလုံးစုံကိုအနီးကပ်တွေ့လိုက်ရပါတယ်
ဒီအချိန်မှာဆွံ့အသွားသူကကျမနဲ့ကျမ့အဖွဲ့ဝင်ညီမတို့ပါဘဲ။
သူ့ကိုတဖြေးဖြေးမေးရင်းနဲ့သူ့ရဲ့ဖြစ်ကြောင်းကုန်စင်ကို
ကျမတို့သိခဲ့ရပါတယ်။
ရင်နာစရာ စက်ဆုတ်နာကျည်းစရာ မုန်းတီးစရာ သနားစရာ
ရသစုံ ကျမတို့ခံစားခဲ့ရပါတယ်။
အကြောင်းစုံသိပီးတော့ ကျမတို့ဒီသမီးလေးရဲ့ဆန္ဒကိုမေးပါတယ်။
ဘာဖြစ်ခြင်လည်း မိဘထံပြန်ခြင်လား စသဖြင့်
ခုချိန်ထိဒီသမီးရဲ့ဆန္ဒကတခုထဲပါဘဲ။
သမီးကိုလုပ်တဲ့သူတွေ အပြစ်ရစေခြင်ပါတယ်တဲ့။
*************************************
ဒီသမီးရဲ့ဖြစ်စဉ်ကိုနားထောင်ပီးတော့ အမျိုးသမီးရေးရာ အဖွဲ့ဝင်တဦးအနေနဲ့ရှိပီးသားအတွေ့ကြုံဗဟုသုတတွေအရ
့တိုင်ပင်ညှိနှိုင်းပီး ဒီညအတွက်လုံခြုံစိတ်ချရတဲ့နားခိုရာရဖို့ရယ်
အမြဲလက်တွဲဆောင်ရွက်နေတဲ့လူကုန်တားရဲတပ်ဖွဲ့များနဲ့ရော
ဆက်လက်ချိတ်ဆက်ခဲ့ပါတယ်။
နာရီဝက်အတွင်းကျမတို့ဆီကိုအရောက်လာတဲ့အမှတ်၁၁
လုကုန်တားတပ်ဖွဲ့စုကရဲမှုးကြီးမျိုးဇင်နဲ့ ရဲအုပ်မြင့်သိန်း၊
နေပြည်တော်ရောက်ရှိနေရာကချိတ်ဆက်ဆောင်ရွက်ပေးတဲ့
မန်းလူမှုဝန်ထမ်းကတိုင်းဦးစီးမှုးဆရာကြီးဦးကျော်ဝင်းတို့ကိုလည်းကျမတို့ကျေးဇူးတင်မိပါတယ်။
တကယ်တော့ဒီအခိုက်တန့်မှာအချိန်ကလည်းမှောင်ရီပျိုးနေပီ။
အခင်းဖြစ်တဲ့အိမ်ကလည်းကားနှစ်စီးကျမတို့ရုံးဘက်ကိုထွက်သွားတယ်ဆိုတဲ့သတင်း ။လူတစ်ယောက်လုံးဒီလိုနှိပ်စက်ကျူးလွန်ထားတဲ့အဲဒီအိမ်အခြေအနေကလည်းဘယ်လိုအန္တရာယ်ရှိမှန်းမသိ။case ကလည်းအကြီးစား!
မှန်တာပြောရရင်အဲဒီအချိန်က ကျမ့တို့လည်း ကြောက်မိပါတယ်။ညစောင့်က်ုရုံးတံခါး ဝင်းတံခါး သော့
ခပ်ပိတ် ဒီသမီးအပါဝင် ကျမတ်ု့အဖွဲ့ဝင်နှစ်ဦး။ ညစောင့်၊ စုစုပေါင်း ၄ ဦးနဲ့
လမ်းပေါ်ကမြင်မှာစိုးလို့ ကျမတို့ရဲ့counselling ခန်းထဲမှာ
မီးမှိတ်ခါ နာရီဝက်ကို နှစ်ကမ္ဘာအလား ရဲမှုးကြီးမျိုးဇင်
အလာကိုစောင့်ခဲ့ရတာပြန်တွေးတိုင်းအမှတ်တရပါဘဲ။
ရဲမှုးတို့ရောက်လာတော့ဖြစ်စဉ်ကိုအသေးစိတ်ထပ်မေးပါတယ်။အချိန်က၈နာရီကျော်လာပီ။
ရဲကားနဲ့ကျမတို့ လူမှုဝန်ထမ်းရဲ့ကျောင်းတခုမှာဒီသမီးလေးကိုကျမတ်ု့အပ်နှံထား
ခဲ့ပီး အိမ်ပြန်ရောက်တော့ည၉နာရီကျော်ပီပေါ့။
ဒီအခြေနေမှာလူမှုရေးကိစ္စများနဲ့ဘယ်သွားသွားဘာလုပ်လုပ်
ကျမ့ကိုအမြဲခွင့်လွှတ်နားလည်ပေးတဲ့ခင်ပွန့်းဖြစ်သူကိုလည်း
အားနာစွာနဲ့ကျေးဇူးတင်မိပါတယ်။
အိမ်ပြန်ရောက်တော့ကျမ့အလုပ်ကမပီးသေး
ဒီသမီးရဲ့မိသားစုကရွာငံနားကရွာတစ်ရွာမှာနေတယ်
ဖြစ်စဉ်မှာအဓိကကျတဲ့နေရာကသတင်းတခုရဖို့ဒီသမီးရဲ့အဖေကိုကျမတို့အမြန်တွေ့ဖို့လိုနေတယ်။အကယ်၍များတစ်ဖက်က
လက်ဦးမှုရသွားရင်အမှုကအားနည်းသွားနိုင်တယ်။
ဒီတော့ကျမ့စဉ်းစားတယ် ရွာငံကကျမတ်ု့အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌကိုချိတ်ဆက်ဖို့။
မြို့နယ်တိုင်းမှာကျမတို့အမျိုးးသမီးရေးရာအဖွဲ့ တွေရှိနေခြင်းကလည်းချိတ်ဆက်ဆောင်ရွက်မှုတွက်
တန်ဖိုးတစ်ခုပါဘဲ။
ကံကောင်းခြင်တော့ရွာငံရေးရာဥက္ကဌက ကျမ့နဲ့လက်တွဲခဲ့ဖူးတဲ့သူ။ည၉နာရီခွဲမှာကျမတို့အဆက်သွယ်ရတယ်။၉: ၄၅မှာ
နားပန်းကြီးနဲ့ချိတ်ဆက်မိပီ။ 20 ရက်နေ့
နောက်နေ့မနက်မှာတော့ကျမတို့တွေးထားတဲ့အတိုင်းရွာကိုတစ်ဖက်ကရောက်သွားကြပါတယ်။နင်တ်ု့သမီးပျောက်သွားလို့
သမီးအဖေကိုအတူရှာဖို့လိုက်ခဲ့ဆိုပီးခေါ်ပါတယ်တဲ့။
ဒါပေမဲ့သူတို့ခေါ်လ်ု့ရမသွားရှာဖူး။
၂၁ ရက်နေ့မှာတော့ ရွာငံ့ မြို့နယ်အုပ်ချူ ပ်ရေးမှုးနဲ့
့မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ အစီစဉ်နဲ့ဒီသမီးရဲ့
အဖေ့ဖြစ်သူကိုမန္တလေးကကျမတို့ဆီရောက်အောင်ပို့ခဲ့ပီး
လူကုန်တားရဲတပ်ဖွဲ့နဲ့ဆက်လက်ချိတ်ဆက်ဆောင်ရွက်ခဲ့ပါတဟ်။ တာဝန်ရှိသူများမှအမှုခိုင်မာအောင်တည်ဆောက်ပီး
1-3-2018 မှာတော့တရားစွဲဆိုမှုပိုင်းကိုဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။ကျမတ်ု့အမျိုးသမီးရေးရာအဖွဲ့ဝင်များအနေနဲ့ကတော့တရားစွဲဆိုမှုလမ်းကြောင်းမှာသက်သေများအဖြစ်ဆက်လက်ကူညီဆောင်ရွက်ပေးသွားမှာဖြစ်သလို။
သမီးနန်းမေဇင်ဦးတွက်စိတ်ပိုင်းရုပ်ပိုင့်းပြန်လည်ထူထောင်ရေးမှာလည်း ကျမတို့အဖွဲ့စည်းရဲ့အဆင့်ဆင့်အမကြီးများတာဝန်ရှိသူ
ဌာနဆိုင်ရာများ ရဲ့လမ်းညွှန်ကူညီမှုနဲ့ပါဝင်ကူညီပေးသွားမှာ့ဖြစ်ပါတယ်။
အထူးတင်ပြလိုတာကတော့သမီးမေဇင်ရဲ့ပြန်လည်ထူထောင်ရေးအတွက်ငွေအားနဲ့လှုဒါန်းလိုတဲ့အလှုရှင်များအချို့ကျမကို
ဆက်သွယ်လာပါတယ်။ကျေးဇူးလည်းအထူးတင်ရှိပါတယ်ရှင်။
ဒါပေမဲ့ငွေကြေးလှုဒါန်းမှုနဲ့ပါတတ်သက်လို့နောက်ပိုင်းတာဝန်ရှိသူများကဆောင်ရွက်ကြတဲ့အခါကျမှသာကျမကချိတ်ဆက်ကူညီပေးသွားမှာဖြစ်ပါကြောင်းနဲ့ကျမထံပေးပို့လှုဒါန်းမှုများကိုလက်မခံပါကြောင်း လေးစားစွာတင်ပြအပ်ပါတယ်ရှင်။
( ဖုံးများနဲ့အထပ်ထပ်မေးသောသတင်းမီဒီယာများလည်းကျမသိသမျှဒါအကုန်ပါဘဲလို့။)


မန္တလေးမြို့တွင် အိမ်အကူမိန်းကလေးကို မျက်လုံးတစ်ဖက်ကွယ်ကာ မျက်နှာတစ်ခြမ်း ပျက်စီးသည်အထိ အက်စစ်ဖြင့် ပက်ခြင်း၊ ရှစ်နှစ်ခန့်ကြာ ပိတ်လှောင်ထားခြင်းတို့ပြုလုပ်ခဲ့သည့် အိမ်ရှင်အမျိုးသမီးနှစ်ဦးအား မတ် ၁ ရက်က ဖမ်းဆီးအမှုဖွင့်ထားကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ၂၀၀၈ ခုနှစ်ခန့်က ရွာငံမြို့နယ် နဘမ်းကြီးကျေးရွာတွင်နေထိုင်သည့် မနန်းမေဇင်ဦးအား ဒေါ်မိုးမိုးဆိုသူက မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာ ရပ်ကွက်ရှိ ကုန်စုံဆိုင်တွင် တစ်လကျပ်တစ်သောင်းဖြင့် အလုပ်လုပ်ရန်ခေါ်ဆောင်လာခဲ့ကြောင်း၊ ထို့နောက် ဒေါ်မိုးမိုး ကုန်စုံဆိုင်ပိတ်လိုက်သဖြင့် ဒေါ်မိုးမိုး၏ အစ်ကိုဖြစ်သူ ကုန်စုံဆိုင်သို့ ထပ်မံအလုပ်လုပ်ခဲ့ရပြီး ထိုသို့ အလုပ်လုပ်နေစဉ် ၂၀၁၀ ပြည့်နှစ်တွင် ဒေါ်မိုးမိုး၏ ချွေးမတော်စပ်သူ မနီနီနုနွယ်၏ သူငယ်ချင်းများနှင့် သင်္ကြန်လည်ခဲ့ကြောင်း သိရသည်။
ထိုသို့ သင်္ကြန်လည်စဉ် မနီနီနုနွယ် သူငယ်ချင်းဆိုသူ ဟိန်းကိုကိုက မနန်းမေဇင်ဦးအား ချစ်ကြိုက်ကြောင်း ပြောဆိုရာမှစ၍ မနီနီနုနွယ်က မနန်းမေဇင်ဦးကို ရိုင်းပျစွာ ဆက်ဆံလာခဲ့ပြီး ၂၀၁၀ ပြည့်နှစ် သင်္ကြန်နှစ်ဆန်းတစ်ရက်တွင် မနန်းမေဇင်ဦးရေချိုးနေစဉ် မနီနီနုနွယ်က အက်စစ်ဖြင့် ပက်ရာ ၀ဲဘက် မျက်နှာတစ်ခြမ်းပျက်စီးခဲ့ပြီး ၀ဲဘက်မျက်လုံး ကွယ်ခဲ့ရသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြမှုများအရ သိရသည်။
“ကောင်မလေးရဲ့ ပြောပြချက်နဲ့ သံသယဖြစ်ဖွယ်တွေ့ရှိရပါတယ်။ ဒီကလေးမလေး အိမ်ထဲမှာ ကိုယ်တိုင်ခံစားခဲ့ရတာတွေ အရ ဖြစ်ဖို့များပါတယ်။ မျက်မြင်တွေ့ရှိချက်ကတော့ ဒဏ်ရာတွေ အတော်ဆိုးပါတယ်။ ခန္ခာကိုယ်ဘယ်ဘက်ခြမ်းက အရေပြားတွေအ ကုန်ပျက်စီးသွားသလို ဘယ်ဘက်မျက်လုံးလည်း ကွယ်သွားပါတယ်” ဟု အမှတ် (၁၁) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (မန္တလေး)မှ ရဲမှူးမျိုးဇင်က ပြောကြားသည်။
ထိုသို့ အက်စစ်ဖြင့် အလောင်းခံရသည့် ဒဏ်ရာများကြောင့် မနန်းမေဇင်ဦးကို ဒေါ်မိုးမိုးက ပြုစုပေးခဲ့ကြောင်း သိရပြီး မနန်းမေဇင်ဦး၏ဖခင်ဖြစ်သူ ရောက်လာချိန်တွင် ဆေးကုသပေးမည်ဖြစ်သဖြင့် အမှုမဖွင့်ရန် ရပ်ကွက်ရုံးသို့ ခေါ်ဆောင်ပြီးလက်မှတ်ရေးထိုးခိုင်း ခဲ့ကြောင်း၊ မနန်းမေဇင်ဦး၏ ဖခင်ဖြစ်သူကို ကျပ်တစ်သိန်းတစ်ကြိမ်၊ သုံးလခန့်အကြာတွင် ကျပ်နှစ်သိန်းတစ်ကြိမ်ပေးခဲ့ကြောင်း၊ ထိုသို့အက်စစ်ဖြင့် ပက်ခဲ့သည့်ဒဏ်ရာများကြောင့် အခန်းတွင်းပိတ်လှောင်ထားခဲ့ရာ လေးနှစ်ခန့်ကြာခဲ့သည်ဟု သိရသည်။
ထိုသို့ နေထိုင်စဉ် မနန်းမေဇင်ဦးသည် အမှိုက်ပုံးသွန်ရာ မနိုင်သဖြင့်မှောက်ကျခဲ့ရာ မနီနီနုနွယ်က နံရံနှင့် တွန်းကန်ဆောင့်လှဲခြင်း၊ ၀က်စာပုံးထဲသို့ မျက်နှာအပ်ပြီး ဖိချခြင်း၊ ဆဲဆိုကြိမ်းမောင်းခြင်းများပြုလုပ်ခဲ့သဖြင့် ၎င်းတို့ အလစ်တွင် နေအိမ်မှထွက်ပြေးခဲ့ရာ အမျိုးသမီးရေးရာအဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး ယခုဖြစ်စဉ် ပေါ်ပေါက်ခဲ့ရသည်ဟု သိရသည်။
“အက်စစ်နဲ့ ပက်ခံရတဲ့ ဒဏ်ရာတွေရရှိကတည်းက အိပ်ခန်းထဲပိတ်လှောင်တာ လေးနှစ်လောက်ကြာတယ်လို့ သိရပါတယ်။ ရေချိုးချိန်လောက်ပဲ အပြင်ထုတ်တယ်။လေးနှစ်လောက်ကြာပြီး ဒဏ်ရာတွေသက်သာတော့မှ အိမ်ထဲမှာပဲ နေထိုင်သွားလာခွင့်ရပြီး အိမ် အလုပ်တွေလုပ်ပေးခဲ့ရတယ်လို့ သိရတယ်။ အပြင်ကိုတော့ ထွက်ခွင့်မရဘူး။ အလုပ်လုပ်ပေးခဲ့ရတာ လေးနှစ်ဆိုတော့ စုစုပေါင်း ရှစ်နှစ်ပေါ့။ သူအိမ်ကထွက်လာခဲ့တာတော့ ၁၄ နှစ်အရွယ်ပဲ ရှိသေးတယ်။ မျက်လုံးတစ်ဖက်ကတော့ ကွယ်သွားပြီ။ ခန္ဓာကိုယ်တစ် ခြမ်းလုံး အက်စစ်ပက်ခံရတဲ့ဒဏ်ရာတွေ ကုသဖို့အတွက်လည်း ကျွန်မတို့ဆောင်ရွက်ပေးရမှာဖြစ်လို့ ကူညီကြစေလိုပါတယ်” ဟု မနန်းမေဇင်ဦးကိစ္စ လိုက်ပါကူညီဆောင်ရွက်ပေးနေသည့် မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ တိုင်းအတွင်းရေးမှူး ဒေါ် သန္တာဘုန်းဝင်းက ဆိုသည်။
အဆိုပါဖြစ်ရပ်များ ကျူးလွန်ခဲ့သူ မနီနီနုနွယ်နှင့် ဒေါ်မိုးမိုးအား ရဲမှူးမျိုးဇင်က တရားလိုပြုလုပ်ကာ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ အရ အမှုဖွင့် ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။
writer: ယဉ်မျိုးသွယ်
#EMG

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!