Popular Posts!

Wednesday, October 17, 2012

အွန်လိုင်းပေါ်မှာ ကြင်ယာ အစစ်အမှန် ရှာဖွေနည်း ၁၃ နည်း

ရှာနေတာကြာပြီလား။ မတွေ့သေးဘူးဟုတ်။ တကယ့် စိတ်ကြိုက်၊ အဲဒီတစ်ယောက်လေ။ အဲဒီလိုမျိုးလေးပဲ လိုချင်နေတာ။ အော်.. တွေ့နေတာတွေတော့ အများကြီးပဲ.. ဟုတ်လား။ ဒါပေမယ့်.. မတွေ့သေးဘူးပေါ့နော့။
သိပ်လည်း စိတ်ပျက်မနေပါနဲ့ကွယ်။ ကူညီပါရစေ။ ရိုမန်းတစ် ကုသိုလ်အတွက်ပါကွယ်။
xxx xxx xxx
လူမှုဝဘ်ဆိုက်တွေမှာ ဒိတ်လုပ်နေသူများအတွက် အွန်လိုင်း မိတ်လိုက်ရေးရာ ကျွမ်းကျင်သူ ဆိုက်ဘာ အချစ် ဂုရု ဆရာဆရာမကြီးများက တယ်လီဖုန်းလို၊ ဖေ့ဘွတ်လို ဆိုရှယ်နတ်ဝါ့က် သုံးသူတွေအတွက် အကြံဥာဏ်တွေ ပေးထားပါတယ်။
တကယ့် ကြင်ယာအမှန်၊ နှလုံးသားချင်း ဆက်စပ်နိုင်သူ တစ်ယောက်ယောက်တော့ဖြင့် အဲဒီတစ်နေရာရာမှာ ရှိနေနိုင်ပါသတဲ့။ ဘယ်လို ရှာရမှာတုန်းဆိုတော့ကာ..။ ဒီလိုတဲ့..။
ကိုယ့်ရဲ့ ဆုံနိုင်ခွင့် အခွင့်အလမ်း တိုးပွားစေဖို့ (အစစ်အမှန်ဖြစ်သော၊ ဘ၀ ဘ၀များစွာက ပါရမီ ဖြည့်ဖော်ဖြည့်ဖက်၊ သို့တည်းမဟုတ်- လိုက်ဖော်လိုက်ဖက်၊ တိုးဖော်တိုးဖက် ဖြစ်ခဲ့ဖူးပုံ ရသော) ကိုကို၊ မီးမီး၊ ညီညီ၊ မမ၊ ဦးဦး၊ တီတီ၊ မောင်မောင်၊ ဘဲဘဲ၊ ကညာမဒီတွေနဲ့ များများသာ ပွားကြည့်ကြကုန်ပါတဲ့။ စိတ်ပါဝင်စားမှုတွေကို ဆွေးနွေးကြည့်နိုင်တယ်။ နှစ်သက်တဲ့ ဘာသာရပ်ကို ဖလှယ်နိုင်တယ် (ဥပမာ မောက္ခပညာရေး မဂ္ဂဇင်းမှာ ဘယ်ကဏ္ဍကို စိတ်အ၀င်စားဆုံးလဲ) ဆိုတာမျိုး။ အလွန်အမင်းကို တူညီနေပြီ ဆိုခဲ့ရင်ဖြင့်… မတော်တဆရယ်လို့ သဘောမထား လိုက်ပါနဲ့တဲ့။ ရှောင်တခင် မဟုတ်ရပါဘူးကွယ်။ ကိုယ်တို့လေ ပါရမီ တူတူ ဖြည့်ခဲ့ဖူးပါတယ်။ အ၀ုတ်ပါ။ ဟောဒီ ဘဒ္ဒကမ္ဘာရဲ့ အွန်လိုင်းပေါ်မှာ ညဉ့်နက်သန်းခေါင် စောင့်နေခဲ့ရသူပါကွယ်။
ဆက်ဆွေးနွေးကြည့်ခွင့်လေး ပေးပါကွယ်။ လိုင်း မဖြတ်လိုက်ပါနဲ့နော်။ ကီးဘုတ်ပေါ်မှာ ကိုယ့်နှလုံးသား အစစ်ကို တင်လိုက်ပါပြီ။ မင်းပဲဆိုတာ ရှုးဝါး သေချာနေလို့ပါ။ ကိုယ် ရင်တွေ ခုန်နေတယ်။ ပြီးတော့လေ…။
“စာတွေရေးတဲ့အခါမှာ များများ သိလာရတယ်လေ။ တချိန်လုံး သူ (သူမ) နဲ့ ထိုင်နေစရာ မလိုပါဘူး။” အွန်လိုင်းပေါ်မှာ (အင်) မဟုတ်တဲ့ တကယ့် ရေစက်အစစ်ဖြစ်တဲ့ သူမရဲ့ ချစ်သူကိုကို တစ်ယောက်ကို ကီးဘုတ်နဲ့ Yelp လူမှုစီးပွားဆိုက်ပေါ်မှာ ရှာဖွေတွေ့ရှိခဲ့သူ ပျိုကညာလေးတပါးက Huffington Post သတင်းစာကို ပြောပြခဲ့ပါသတဲ့။
၂၁ ရာစုရဲ့ အချစ်စစ်၊ အချစ်မှန် ရှိနေနိုင်တဲ့ နေရာများစွာကိုလည်း ရိုမန်းတစ်ကုသိုလ်အတွက် လမ်းညွန်ခဲ့ပြန်ပါ သေးတယ်။ သီတင်းဝါလ မကျွတ်ခင် မနှေးအမြန် သွားကြပါစို့ သပ္ပူရိသတို့ (ဘီတွင်း တွမ်းတီး အန် ဖောတီးဖိုက် အုန်းလီး)၊ ဆိုး အိုင်အမ် အင်ကလုဒတ်။
အဲဒီ အချစ်များနဲ့ ပြည့်နှက်နေလေသော ဘူမိနက်သန် နေရာမှန်များကတော့ နာမည်ကျော် ဆိုက်များရဲ့ ကွန့်မန့်တွေ ရေးသားဖြန့်ဝေရာ အာဝါဟတရားတော်နှင့် ညီညွတ်သော မင်္ဂလာဘောက်စ်များဖြစ်ပါသတဲ့။
Amazon.com, Youtube, Goodreads, Google+, Pinterest စတဲ့ လျှမ်းလျှမ်းတောက် အွန်လိုင်း ဆိုက်တွေအပြင် အခြားအခြားသော နေရာထိုထို အွန်ကျိုအွန်ကြား မြန်မာဆိုက်တွေလည်း ပါနေပါသတဲ့။ (ဤကား မောက္ခ သုတေသနဒေတာ သုံးသပ်ချက်)။
ကိုယ့်ဖက်ကလည်း ပရိုဖိုင်း အစစ်အမှန်နဲ့ လောင်းကြေးထပ်မှ ဖြစ်မတဲ့။ ဗလာချည်းတော့ မထားလိုက်ပါနဲ့ကွယ်။ သစ်ပင်တောတောင်၊ မြစ်ချောင်းအင်းအိုင်၊ အကောင်ပလောင် ပုံတွေနဲ့လည်း ရှေးရှေး ၁၂ ဘ၀က မင်းရဲ့ ကြင်ဖေါ်ကိုယ့်ကို မလှည့်စား ထားပါနဲ့လားကွယ်။ (၂၁ ရာစု ကိုမင်းနောင် သီချင်း)။
အွန်လိုင်းမိတ်လိုက် ကျွမ်းကျင်သူ ဆရာမကြီး Julie Spira က အခုလို အခိုင်အမာ ဆိုထားပြန်ပါတယ်။ “ဖေ့ဘွတ် သူငယ်ချင်း ဆက်ဆံရေးတွေဟာ တကယ့်ကို အင်အား ကောင်းလွန်းလှပါတယ်ရှင်။”
ဆိုရှယ်မီဒီယာဆိုက်တွေကနေ ကိုယ်ရဲ့ ပိုက်ကွန်ကို ခပ်ဝေးဝေး ပစ်လွှတ်လိုက်စမ်းပါ။ မျက်စောင်းပစ်ဒဏ်တွေကို တွေ့ရတာမှ မဟုတ်တာ။ ဒီခေတ်ကြီးထဲမှာ ထူးဆန်းနေတယ်ဆိုတာ မရှိတော့ပါဘူးကွယ်။ သူငယ်ချင်းတွေပဲ ရှိတော့တဲ့ ခေတ်ကြီး။ ဟေ့.. သူငယ်ချင်း အရမ်းကို ခင်မိပြီကွယ်။
“တွစ်တာကတော့ ကျမအတွက် ဟေးလားမောင်တို့ဝါး ကမ္ဘာငယ်လေးပါ။ တွေ့ပြီးရင်းတွေ့နေတဲ့ နေရာလေ။ သူငယ်ချင်းတွေ ဘုံးဘောလအောပဲ။” အဲဒီ တွစ်တာအာဝါဟ လမ်းကြားလေးထဲမှာ မိုက်ခရိုဘလော့ဂင်း လုပ်နေရင်းနဲ့ ချစ်သူမောင်ကို ထိမ်းမြားခဲ့သူ Christina Coster က မင်္ဂလာဦး ရှင်းတမ်းမှာ ပြောပြခဲ့ပါတယ်။
ဆိုရှယ်ဆိုက်တွေ အကုန်လုံး ပါနေပါတယ်တဲ့။ ဖေ့ဘွတ်ရဲ့ မတ်ဆေ့တွေ၊ Instagram ရဲ့ ပရိုက်ဗိတ် မတ်ဆေ့၊ ဓါတ်ပုံမှာ ကွန့်မန့် ပေးမယ့်အစား KiKi application ရဲ့ မတ်ဆေ့၊ စတာတွေအပြင် ရိုးရာမပျက် Gmail talk, Skype နဲ့ AOL instant messanger တွေ အပါအ၀င်ပါပဲ။
“အွန်လိုင်း အချစ်ကမ္ဘာမှာ အရေးကြီးတာကတော့ (ရိုးရာနည်းနဲ့ ဖြစ်ဖြစ်၊ အွန်အွန်နည်းနဲ့ဖြစ်ဖြစ်) အော့ဖ်လိုင်း ဖြစ်သွားကြဖို့ပါပဲ” eFlirt Expert ချစ်မှုရေးရာ ကုမ္ပဏီရဲ့ ချစ်လမ်းပြမှူး Laurie Davis က ထောင်တန် အကြံဥာဏ်ကို ပေးထားပါတယ်။
တစ်ခါလာ တစ်မျိုးနဲ့ ရေးသား၊ ပြောဆိုသူတွေကိုတော့ဖြင့်ရင် ချင့်ယုံဖို့လိုမယ်လို့လည်း ဆိုထားပါတယ်။
ဓါတ်ပုံတွေကို မယုံကြည်ဖို့လည်း မှာထားပါသေးတယ်။ အခြားသူတွေနဲ့ အီစီကလီ လုပ်နေပုံတွေကိုလည်း ဖတ်ရှုလေ့လာ၊ ဝေဖန်သုံးသပ် အကဲဖြတ်ပြီးသကာလ အစစ်အမှန်ကို ရွေးကြပါကုန်လော့။
ယခု ၀ါကျွတ်ပွဲမှာ မြန်မာ လူပျိုကြီးများ၊ အပျိုကြီးများနှင့်တကွ ပြည်ထောင်စုနိုင်ငံတော်သူ နိုင်ငံတော်သားများ မင်္ဂလာရှိကြပါစေသော်စ်။
ယခုပြုရသော ရိုမန်းတစ်ကုသိုလ်ကိုလည်း အမျှဝေပါတယ်။
မြတ်ပန်းရှင်
Ref: Huffington Post and စဏကျနီတိ
မောက္ခပညာရေး မဂ္ဂဇင်း (အွန်လိုင်းချစ်မှုရေးရာ)

ဆက်စပ်သတင်း-တစ်ခေတ်ဆန်း လာသော ဘဝကြင်ဖော် ရှာဖွေနည်း
ရွှေတွေအတွက် ရွှေချစ်မှုရေးရာဝတ်လ်ဆိုဒ်-http://www.skylark-vivahaa.com

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!