Popular Posts!

Tuesday, October 23, 2012

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ၏ ပို့ကုန်များအပေါ် နည်းမျိုးစုံဖြင့် ကန့်သတ်နေသော်လည်း အန္တရာယ်ရှိကုန်စည်များကို နည်းမျိုးစုံဖြင့် တင်သွင်းနေ၊ ပို့ကုန်လုပ်ငန်းရှင်များ အခက်တွေ့နေသကဲ့သို့ အဆင့်မမီ ပစ္စည်းမျိုးစုံကို မြန်မာပြည်သူများ သုံးစွဲနေရကြောင်း သိရ

7503a
မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်ကို သြဂုတ်လအတွင်းက တွေ့ရစဉ် ဓာတ်ပုံ - ထွန်းနေလှိုင်(နောင်ပိန်)
တရုတ်နိုင်ငံအတွင်းသို့ မြန်မာနိုင်ငံမှ တင်ပို့သည့် ကုန်စည်များဖြစ်သည့် ဆန်၊ ကျောက်စိမ်း၊ သားရေ ကုန်ကြမ်း စသည့် ကုန်စည်များနှင့် အခြားသော ကုန်စည်များအပေါ် တရုတ်နိုင်ငံမှ အဆမတန် အခွန်တိုးမြှင့်ကောက်ခံခြင်း၊ အရည်အသွေးမမီဟုဆိုကာ သွင်းကုန်များ ပိတ်ဆို့ ထားခြင်းစသည့် တားဆီးမှုများနှင့် ကြုံတွေ့နေရကြောင်း ပို့ကုန်လုပ်ငန်း ရှင်များထံမှ သတင်းရရှိပါသည်။
ထိုကဲ့သို့ဖြစ်ရပ်များမှာ လက်ရှိ ကာလတွင်မှ ဖြစ်ပေါ်နေခြင်း မဟုတ်ဘဲ ယခင်ကလည်း ရသာချိုစက်မှု လုပ်ငန်းမှ ထုတ်လုပ်သည့်ခေါက်ဆွဲခြောက်ကို တရုတ်နိုင်ငံမှ ကန့်သတ်ထားသည့် ပိုးပမာဏထက် ပါဝင်နေ သည်ဟုဆိုကာ ကန့်သတ်ခဲ့ခြင်း၊ ကဏန်းအရှင်များအပေါ် ပိုးပါသည်ဟုဆိုကာ တင်သွင်းခြင်း တားမြစ်ခဲ့မှုများစသည့် ဖြစ်ရပ်များ အများအပြားရှိခဲ့ကြောင်းလည်း သိရှိရပါသည်။
လက်ရှိကာလတွင်လည်း မြန်မာပို့ကုန်ဖြစ်သည့် ဆန်အား အရည်အသွေးမမီဟုဆိုကာ တရားဝင် တင်ပို့ခွင့် ပိတ်ထားခြင်း၊ မြန်မာပို့ကုန်ကြမ်းဖြစ်သည့် သားရေများကို ရောဂါပိုးပါဝင်နေသည်ဟုဆိုကာ တင်ပို့ခွင့်ပိတ်ထားခြင်း၊ ရေချိုပုစွန်များတွင် ဆပ်ပြာရည်ပါဝင်သည်ဟုဆို ကာ ပြန်လည်ပေးပို့ခဲ့ခြင်းများ၊ မြန်မာ့ အသားထွက်ကုန်များတွင် ခွာနာလျှာနာပိုးရှိ၍ဆိုကာ မြန်မာနိုင်ငံမှ တင်ပို့သည့် အေးခဲအမဲသားအား တင်ပို့ခွင့်ပိတ်ဆို့ခဲ့ခြင်းများ စသည့် ဖြစ်ရပ်များနှင့် ကျောက်စိမ်းနှင့် လယ်ယာထွက်ကုန်များကို အခွန်မြင့်မားစွာ စည်းကြပ်မှုများ ပြုလုပ်နေပြီး မြန်မာပို့ကုန် လုပ်ငန်းရှင် အများစုမှာ တရားဝင်တင်ပို့နိုင်ရေး အခက်တွေ့သဖြင့် တရားမ၀င်လမ်းကြောင်းများမှ ဈေးနှိမ်ခံ၍ တင်ပို့နေရကြောင်းလည်း သိရှိရပါသည်။

၂၅ မှတ်ဆန်ဆိုဗျာ အဆင့်မမီဘူး ပြောပေမယ့် အောက်ဈေးနဲ့ မှောင်ခိုသွင်းတော့ မသိချင်ဟန်ဆောင်နေတယ်။ တချို့တရုတ်နိုင်ငံက လက်မခံတဲ့ ကုန်စည်တွေက စင်ကာပူလို နိုင်ငံမျိုးကတောင် မကန့်ကွက်တဲ့ ကုန်စည်တွေပါတယ်။ အခု ဆပ်ပြာရည်တွေပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရေချိုပုစွန်တွေ လက်မခံဘူး . . .

“တရုတ်နိုင်ငံရဲ့ မြန်မာပို့ကုန် တွေအပေါ် နည်းအမျိုးမျိုးသုံး ကြပ်မတ်မှုက တဖြည်းဖြည်း ပိုဆိုးလာပါတယ်။ ၂၅ မှတ်ဆန်ဆိုဗျာ၊ အဆင့်မမီဘူးပြောပေမယ့် အောက်ဈေးနဲ့ မှောင်ခိုသွင်းတော့ မသိချင်ဟန်ဆောင်နေတယ်။ တချို့တရုတ်နိုင်ငံက လက်မခံတဲ့ ကုန်စည်တွေက စင်ကာပူလိုနိုင်ငံ မျိုးကတောင် မကန့်ကွက်တဲ့ ကုန်စည်တွေပါတယ်။ အခုဆပ်ပြာရည် တွေပါတယ်ဆိုတဲ့ အကြောင်းပြချက် နဲ့ ရေချိုပုစွန်တွေ လက်မခံဘူး။ ဒီအကြောင်းပြချက်က ဖြစ်နိုင်ပါ့မလားဗျာ၊ ပုစွန်ကအရမ်းနု၊ အရမ်းအသန့်ကြိုက်တာ”ဟု ပို့ကုန်လုပ်ငန်း ရှင်တစ်ဦးက ပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံမှ အရည်အသွေး နိမ့်ကုန်စည်များကို မြန်မာနိုင်ငံအတွင်း သုံးစွဲမှုမှာ ၇၀ ရာခိုင်နှုန်းခန့် ရှိပြီး ဒုတိယအများဆုံး ပြည်တွင်း အသုံးပြုသည့် ကုန်စည်များမှာ ထိုင်းနိုင်ငံထုတ် ကုန်စည်များဖြစ်ကြောင်း လည်း ပို့ကုန်လုပ်ငန်းရှင်များ၏ ပြောကြားချက်အရ သိရှိရပါသည်။
7503
တရုတ်နိုင်ငံဖြင့် အဓိက ကုန်သွယ်နေသည့် မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်း တစ်နေရာကို တွေ့ရစဉ်
ဓာတ်ပုံ - ထွန်းနေလှိုင်(နောင်ပိန်)
မြန်မာနိုင်ငံအတွင်း တရုတ် နိုင်ငံမှ အဆင့်မမီ တင်သွင်းသည်ဟု လတ်တလော သတင်းထွက်ပေါ်ခဲ့ သော ကုန်စည်များမှာ ကြက်ဥအတု၊ ဆေးဝါးအတု၊ စွန့်ပစ်ဆီများကို ပြန်လည်ပြုပြင်၍ မြန်မာနိုင်ငံအတွင်း တင်သွင်းခဲ့မှု၊ တားမြစ်ဆေးပါ ပျားရည်များကို မြန်မာနိုင်ငံအတွင်း တင်သွင်းခဲ့မှုများ၊ ချယ်ရီ
ဝက်ဂွန်ယာဉ်နှင့် အန္တရာယ်ရှိ စားသောက်ကုန်များဖြစ်ကြောင်းလည်း သိရှိရသည်။
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ ပို့ကုန်များအပေါ် နည်းမျိုးစုံ ဖြင့် စစ်ဆေးကန့်သတ်မှုများပြုလုပ် နေသော်လည်း မြန်မာနိုင်ငံတွင် စားသုံးသူအကာအကွယ်ပေးရေးဥပဒေ ပြဋ္ဌာန်းနိုင်မှုမရှိသေးခြင်း၊ တာဝန် အရှိဆုံးကြပ်မတ်စစ်ဆေးရမည့် FDA (အစားအသောက်နှင့် ဆေးဝါးကွပ် ကဲမှုဦးစီးဌာန)မှာလည်း လူအင်အား နှင့် စမ်းသပ်စစ်ဆေးရမည့်ပစ္စည်း များ မပြည့်စုံမှုအချို့ကြောင့် မြန်မာ နိုင်ငံအတွင်း အဆင့်မမီ တရုတ်စား သောက်ကုန်များဝင်ရောက်နေမှုအား ကြပ်မတ်နိုင်မှု အားနည်းနေကြောင်း လည်း သိရှိရပါသည်။
“ံFDA ဟာ ၀န်ကြီးဌာန တစ်ခုလောက်အထိကို ပြည့်ပြည့်စုံစုံ ဖြစ်သင့်တယ်။ FDA ကဘာလို့ ဒီလောက် ကြီးကျယ်သင့်လဲ မေးရင် တစ်မျိုး သားလုံးအသက်ဘေးနဲ့ အရေးအကြီးဆုံး ကျန်းမာရေးအတွက်ကြောင့်ပါ။ အခုလက်ရှိ မြန်မာနိုင်ငံရဲ့ FDA မှာ ဘာမှပြည့်စုံတာမရှိဘူး။ အများကြီး မြှင့်တင်ပေးဖို့ လိုအပ်ပါတယ်”ဟု ဆေးဝါးသုတေသနဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
FDA အနေဖြင့် နယ်စပ်ဒေ သများမှ ၀င်ရောက်နေသည့် စားသောက်ကုန်များကို ကြပ်မတ် စစ်ဆေးနိုင်ရန်အတွက် တရုတ်နယ်စပ် မူဆယ် ၁၀၅ မိုင်နှင့် ထိုင်းနယ်စပ် မြ၀တီမြို့များတွင် ဌာနခွဲများဖွင့်လှစ် ရန်စီစဉ်နေပြီး အခြားသောနယ်စပ် ကုန်သွယ်ရေးစခန်းများတွင်လည်း ဆက်လက်ဖွင့်လှစ်နိုင်ရန် ကြိုးပမ်း သွားမည်ဖြစ်ကြောင်း သတင်းရရှိ ပါသည်။
ပြည်တွင်းမှ တင်ပို့နေသည့် ကျောက်စိမ်းအပေါ် တရုတ်နိုင်ငံမှ အခွန် ၃၄ ရာခိုင်နှုန်းခန့် ကောက်ခံပြီး ဆန်၊ ပြောင်း၊ နှမ်း အစရှိသည့် လယ်ယာထွက်ကုန်စည်များအပေါ်၆၀ ရာခိုင်နှုန်းဝန်းကျင်အထိ အခွန်စည်းကြပ်မှု မြှင့်တင်ထားသဖြင့် မြန်မာကုန်စည်အများစုမှာ တရားမ၀င် လမ်းကြောင်းမှသာ တင်ပို့နေရပြီး နစ်နာမှုများရှိနေကြောင်းလည်း ပို့ကုန် လုပ်ငန်းရှင်များက ဆိုပါသည်။
“တရုတ်ကမြန်မာနိုင်ငံက ထုတ်တဲ့ သဘာဝပစ္စည်း တမာပိုးသတ်ဆေး ကိုထုတ်သမျှ အကုန်ဝယ်ပြီး သူတို့ထုတ်တဲ့ အန္တရာယ်ရှိ ဓာတုဆေးသုံးဆေးတွေ၊ ဓာတ်မြေသြဇာတွေ ပြန်သွင်းတယ်။ ပြီးတော့ ကြက်ဥအတု တွေ ဓာတုဆေးပါတဲ့ အေးခဲအသားတွေ သွင်းတယ်။ သူတို့ ပြန်ဝယ်တာ ကျတော့ ကျောက်စိမ်း၊ ကျွန်းသစ်၊ မြစ်ဆုံတုန်းကဆိုရင် ရွှေပါတဲ့မြေကြီး ကို တရုတ်အထိ သယ်တာမျိုးတွေ ရှိတယ်။ စီးပွားရေးနဲ့ ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာနအနေနဲ့လည်း တရုတ်နိုင်ငံရဲ့ သွင်းကုန်တွေအပေါ် စနစ်တကျကြပ်မတ်သင့်ပါတယ်။ကျောင်းတွေမှာဆိုလည်း တရုတ် နိုင်ငံက တင်သွင်းလာတဲ့ အစပ်ချောင်း တွေ ဂျုးမြစ်လိုမုန့်တွေက အန္တရာယ်ရှိလို့ မကြာခဏ ရောဂါဖြစ်ပွားနေတာ အားလုံးသိပါတယ်။ တရုတ်နိုင်ငံ ကလာတဲ့ ကစားစရာတွေထဲမှာ ခဲဓာတ် တွေပါတော့ ကလေးတွေအတွက် အာရုံကြောထိခိုက်တာ၊ ထိတွေ့မှု ကြာရင် ပန်းသေရောဂါ စွဲကပ်တာ မျိုးတွေဖြစ်တတ်လို့ ကျောင်းမုန့်ဆိုင် တွေမှာ တရုတ်နိုင်ငံထုတ်ကုန်စည် တွေ မသုံးစွဲရေး ဒီလကုန်မှာ အသိ ပညာပေးဆွေးနွေးမှုတွေ ပြုလုပ်သွား ပါမယ်”ဟု မြန်မာနိုင်ငံ စားသုံးသူ အကာအကွယ်ပေးရေးအသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံတွင် စားသုံးသူအ ကာအကွယ်ပေးရေးဥပဒေပြဋ္ဌာန်းနိုင် မှုမရှိသေးခြင်းနှင့်ပတ်သက်၍ ဒေါ် ရီရီမြင့်(စီးပွားရေးတက္ကသိုလ် အငြိမ်း စားပါမောက္ခ)က “ကျွန်မလေ့လာဖူး တဲ့ thesis တစ်ခုမှာဆိုရင် ဒီလိုအဆင့်မမီ စားသောက်ကုန်တွေ တင်သွင်းလာတာမျိုးကို စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေ မပြဋ္ဌာန်းနိုင်သေးပေမဲ့ တခြားဆက်နွှယ်နေတဲ့ ဥပဒေတွေနဲ့ အရေးယူလို့ ရတာရှိပါ တယ်။ ပြည်သူတွေကြားမှာက နွမ်းပါးမှုအပြင် အသိပညာချို့တဲ့မှုလည်း ဖြစ်နေတယ်။ awareness လည်း အရမ်းနည်းတော့ တရုတ်စားကုန် တွေသုံးနေကြတာပါ။ ဒီလိုအဆင့်မ မီတင်သွင်းနေတဲ့ စားသုံးကုန်တွေကို consumer group လေးတွေ ဖွဲ့ပြီး စနစ်တကျ ကာကွယ်ရပါမယ်”ဟု သုံး သပ်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ မှောင်ခိုကုန် သွယ်မှုပမာဏသည် တရားဝင်ကုန်သွယ်မှု ပမာဏထက် ၁၀ ဆမှအဆ ၂၀ ရှိလာကြောင်း စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့သည်။
“ တရုတ်နိုင်ငံက မြန်မာနိုင်ငံ ကတင်သွင်းတဲ့ ဆန်ကို အဆင့်မမီပါဘူး ဆိုပြီး တရားဝင်တင်သွင်းခွင့်ပိတ် ထားပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံက ပို့တဲ့ပို့ကုန်တွေကို တရားဝင်လက်ခံဖို့ အခွန်အခတွေ လျှော့ချဖို့အတွက် ဆွေးနွေးစရာတွေ ရှိပါတယ်”ဟု ဦးဝင်းမြင့်က ပြောကြားခဲ့ပါသည်။
“လက်ရှိမှာ ကျွန်တော်တို့နိုင်ငံအတွင်း တရုတ်က တင်သွင်းလာတဲ့ ပစ္စည်းတွေကြည့်ရင် သုံးစွဲရမယ့်အညွှန်းတွေကို တရုတ်လိုပဲ ရေးထားတယ်။ ကျွန်တော်တို့ နားမလည်ဘူး၊ မဖတ်တတ်ဘူး။ စားသုံးသူအများစု ကလည်း နားလည်မှာမဟုတ်ဘူး။ ဒါတွေကို စိစစ်တင်သွင်းနိုင်ဖို့ လိုအပ်နေပါတယ်”ဟု မြန်မာနိုင်ငံစားသောက် ကုန်ထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြော ကြားခဲ့သည်။
၂၀၀၅ ခုနှစ်မှ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအထိ နယ်စပ်စခန်းများနှင့် ကန့်သတ်ကုန် စစ်ဆေးရေးစခန်းများ မှ ဖမ်းဆီးရမိသည့် တရားမ၀င်ကုန်ပစ္စည်း ၀င်ရောက်မှု အမှုတွဲပေါင်း ၁၁၄၅၇ ရှိပြီး ခန့်မှန်းတန်ဖိုး ကျပ် ၄၇ ဒသမ ၅၃၂ ဘီလျံခန့် တားဆီး ထိန်းသိမ်းနိုင်ခဲ့ကြောင်းလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က ပြောကြားခဲ့သည်။

COMMENTS....
တရုတ်တွေ စီးပွားအရတိုက်ခိုက်နေပြီ မြန်မာအစိုးရနှင့်သဘောတူထားတဲ့ စာချုပ်တွေပယ်ဖျက်လိုက်လို့လေ!
ရွှေတွေကလဲ ခေတ်မှီအရည်းသွေးမှီတဲ့ တခြားနိုင်ငံကို အကူညီတွေတောက်လျှောက်ယူမှရတော့မယ် ဆိုတယ် သိပြီမဟုတ်လား! ရွှေတွေကလဲ ထိမှသိကျတာကိုး!
လူထုတွေ့ အဆင့်မမှီအရည်သွေးနှိမ့်တွေသုံးနေရာကနေ အရည်းသွေးမှီတဲ့ ပစ္စည်းတွေ သုံးဖို့ခေတ်ရောက်လာပြီလို့ဘဲမှတ်လိုက်တော့!.......ဒါကောင်းတဲ့ အချက်တွေဘဲ!

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!