Popular Posts!

Sunday, October 28, 2012

နိုင်ငံခြားခရက်ဒစ်ကဒ်များ ၂၀၁၃ မှာ သုံးစွဲနိုင်မည်

ဗွီအိုအေ (မြန်မာဌာန)- 29.07.2012
 
မြန်မာဘဏ်တွေက နိုင်ငံခြား Credit Card အကြွေးစနစ်နဲ့ ၀ယ်လို့ရတဲ့ ကဒ်ပြားတွေကို ၂၀၁၃ ခုနှစ်ကစပြီး ငွေလွှဲ ငွေခြေ အတွက် လက်ခံပေးနိုင်တော့မယ်လို့ ရက်ကုန်ကလာတဲ့ AP သတင်းမှာ ဖော်ပြလိုက်ပါတယ်။ လောလောဆယ် ကမ္ဘောဇဘဏ်ရဲ့ ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်နဲ အကြွေးစနစ်အရ ငွေကြိုတင်ပေးချေတဲ့ VISA ဘဏ္ဍာရေးကုမ္မဏီတို့ အကြား ဆွေးနွေးနေကြပြီ လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုကရော EU ဥရောပသမဂ္ဂကပါ မြန်မာနိုင်ငံနဲ့ ဘဏ္ဍာငွေကြေးဆိုင်ရာ ဆက်ဆံမှုတွေကို ၂၀၀၃ ခုနှစ်ကတည်းက ကန့်သတ်ထားခဲ့တဲ့ အတွက် မြန်မာနိုင်ငံမှာ ကမ္ဘာလှည့် ခရီးသည်တွေ Credit Card မသုံးနိုင်ခဲ့ကြပါဘူး။

မြန်မာအစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကြောင့် အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ ထားရှိခဲ့ပေမဲ့ သမ္မတဦးသိန်းစိန် လက်ထက်မှာ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ စတင် ဆောင်ရွက်ခဲ့တဲ့ အတွက် ပိတ်ဆို့မှုတွေ လျော့ကျစ ပြုလာပါပြီ။

Visa အပြင် Master Card၊ China Union Pay နဲ့  Japan Credit Card တို့နဲ့ပါ ဆွေးနွေးမှုတွေ ရှိနေတယ်ဆိုတဲ့ အမည်မဖော်လိုသူ ဘဏ်အရာ ရှိတယောက်ရဲ့အပြောကို ကိုးကားပြီး ၂၀၁၃ ခုနှစ်လောက်ကစလို့ Credit Card အကြွေးစနစ်နဲ့ ငွေကြိုတင် ပေးချေတဲ့ လွှဲပြောင်းမှုတွေ စတင်နိုင်လိမ့်မယ်လို့ AP သတင်းမှာ ဖော်ပြထားပါတယ်။
 
ဆက်စပ်သတင်း-

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!