Popular Posts!

Sunday, October 20, 2013

လယ်ယာမြေ၏အဆင်ဒီဇိုင်းနှင့် စက်မှုလယ်ယာဆက်စပ်မှု


မျိုးဗီဇစက်မှုပညာဖြင့် သီးနှံများကို မျိုးစေ့ အဆင့်ကစ၍ စနစ်တကျရွေးချယ်တတ်ရမည့် စက်မှုလယ်ယာစိုက်ပျိုးရေးခေတ်သို့ ရောက်နေ သည်။ တစ်နည်းအားဖြင့် မျိုးဗီဇတော်လှန်ရေး ခေတ်သို့ ရောက်နေသည်။ထို့ကြောင့် မြန်မာ့လယ်ယာစိုက်ပျိုးရေး လုပ် ငန်းများကို စက်မှုလယ်ယာအဖြစ် လျင်မြန်စွာ ပြောင်းလဲရပေတော့မည်။ 
ကမ္ဘာ့ရာသီဥတု ပြောင်း လဲနေသော ယနေ့ခေတ်တွင် ရာသီဥတုအလိုက် မှီပြီး မိရိုးဖလာစိုက်ပျိုးရေးနည်းဖြင့် စခန်းသွားနေ ၍ မရတော့ချေ။ နောက် ၅ နှစ်မှ ၁၀ နှစ်ကြာ လျှင် အရှေ့တောင်အာရှနှင့် တောင်အာရှဒေသ များတွင် မုတ်သုံရာသီနှင့် မုတ်သုံမိုးဟူ၍ အချိန်မှန် ရှိတော့မည်မဟုတ်ကြောင်း ကမ္ဘာ့မိုးလေဝသနှင့် ဇလဗေဒပညာရှင်များက တွက်ဆလျက်ရှိသည်။ နွေ၊ မိုး၊ ဆောင်းဟူသော အချိန်မှန်မှန် လည်ပတ် သည့် ရာသီတစ်နှစ်တာတွင် ပုံမှန်ရှိချင်မှ ရှိတော့ မည်။ မိုးများရမည့် ကာလတွင် မိုးပါးနေမည်။ မိုး နည်းရမည့်အချိန်တွင် မိုးကြီးနေတတ်သည်။ စိုထိုင်း ရမည့်ကာလတွင် ခြောက်သွေ့နေမည်။ ခြောက်ရ မည့်အချိန် စိုမည်။ ပူသည့်အခါ ပူ၍ အေးချင်သည့် အခါ အချိန်ကြာကြာအေးချင် အေးနေမည်။

ရာသီဥတုက ဘာပဲဖြစ်နေနေ မိုးအနည်း အများအလိုက် အပူ အအေး၊ အစို အခြောက် အလိုက် ဖြစ်ပေါ်သည့်အခြေအနေနှင့် လျော်ကန် ကိုက်ညီအောင် မျိုးစေ့များကို ဗီဇပြုပြင်ပြောင်းလဲ သည့်နည်းပညာဖြင့် ကာလ၊ ဒေသ၊ ပယောဂနှင့် ကိုက်ညီအောင် ဗီဇမျိုးပွားစေ့အဖြစ် ဖန်တီးပြီး သီးနှံ အထွက်တိုးအောင် စိုက်ပျိုးကြရတော့မည်။

ထိုအခါ မျိုးစေ့အပေါ် အခြေခံရသော်လည်း မြေရော၊ ရေပါ ပြုပြင်တတ်ရမည်။ စိုသောမြေကို မည်သည့်ထွန်စက်နှင့် တမန်းညက်အောင် မည်သို့ ထွန်ရမည်။ မည်သို့ ထယ်သုံးရမည်။ မည်ပုံမည်နည်း မျိုးကြဲ၊ ပျိုးနှုတ်၊ ကောက်စိုက်၊ ပေါင်းလိုက်ရမည်။ ဓာတ်မြေဩဇာနှင့် ပိုးသတ်ရေး မည်သို့လုပ်ရမည်။ မည်သို့ ရိတ်သိမ်း၊ ခြွေလှေ့ရမည် စသည်ဖြင့် စလယ်ဆုံး စက်မှုနည်းပညာကို သုံးကြရမည်။ အလားတူ ခြောက်သော မြေ၊ ရေငန်ဖောက်သော မြေ စသည်ဖြင့် မြေနှင့်ရေကိုကြည့်၍ သဘာဝ ရာသီဥတုကို အားမကိုးဘဲ လူကဖန်တီးပြုလုပ်ရ မည်။ မြေအတွက် အတော်ရေးခဲ့ပြီးပြီ။ ယခု ရေ အတွက် အနည်းငယ်ရေးရန်ရှိသည်။

ရေလိုလျှင်မိုးကိုမမျှော်ဘဲ တမံများ၊ ဆည်များ၊ ရေလှောင်တမံများတည်ဆောက်၍ လိုသလို၊ လိုသလောက် ရေလွှတ်၊ ရေထိန်းပေးရမည်။မြစ်ရေတင်လုပ်ငန်းများကို စက်မှုပညာဖြင့် ဆောင်ရွက်ရ မည်။ ရေသွင်း၊ ရေပေးရေးကို ကျွမ်းကျင်စွာ လုပ်ရ မည်ဖြစ်သကဲ့သို့ ရေနုတ် ရေဖယ်၊ ရေရွှေ့ ရေလျှော့ ရေးကိုလည်း ရေစုပ်စက်များ၊ ရေတံခါးအဖွင့်အပိတ် များဖြင့် စိတ်ကြိုက်ဆောင်ရွက်ရမည်။


သီးနှံကို စီမံဖန်တီးပြီး စိုက်ပျိုးထားသည့် မျိုး စေ့ ဗီဇနှင့် ကိုက်ညီသော ရေ၊ မြေ၊ ပတ်ဝန်းကျင် ကို လူတို့ကစိုက်ပျိုးရေးသမားတို့ကပညာသုံး၍စက်ကိရိယာသုံး၍စက်မှုလယ်ယာလုပ်ငန်းကို ဆောင်ရွက်ကြရမည်။

စက်မှုလယ်ယာဆိုသည်မှာ “သိပ္ပံနည်းကျ စိုက်ပျိုးမှုနည်းစနစ်ဖြစ်သည့် မြေကွက်ကိုပြင်၊ ညက် ညက်ထွန်၊ မျိုးသက်မှန်၊ ပျိုးကို စိပ်စိပ်စိုက်၊ မျိုး ကောင်းမျိုးသန့်သုံး၊ ဓာတ်မြေဩဇာ မျှတအောင် ကျွေး၊ ပိုးမွှားနှိမ်နင်း၊ ပေါင်းမြက်ရှင်း၊ ရေသွင်းရေ ထွက်ကောင်းအောင်လုပ်၊ အလေအလွင့်နည်းရန် အချိန်မီရိတ်သိမ်း”ဆိုသော ဆောင်ပုဒ်ကို မြန်မာ့ စိုက်ပျိုးရေးပညာရှင်များက ချမှတ်ပေးခဲ့ဖူးပါသည်။

အဆိုပါ ဆောင်ပုဒ်နှင့်အညီ ဆိုရှယ်လစ် အစိုးရလက်ထက်ကတည်းက အတော်လေးတာ သွားသည်အထိ ကြိုးစားဆောင်ရွက်ခဲ့သည်။ အထူး သဖြင့် ဆန်စပါးစိုက်ပျိုးရေးတွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ကြီး များကိုယ်တိုင် ပြည်နယ်နှင့် တိုင်းအလိုက် တာဝန် ယူ၍ ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ခဲ့ကြသည်။ဆန်စပါးကော်မရှင် ဖွဲ့စည်း၍လည်း စပါးစိုက်ပျိုး ရေးနှင့် ဆန်ထွက်ရေးကို အသေးစိတ်လေ့လာဖော် ထုတ် တင်ပြစေခဲ့သည်။ ထို့ကြောင့် စပါးအထွက် နှုန်းတိုးသည့် လယ်မြေဧကများစွာ ပေါ်ပေါက်ခဲ့ သည်။ အထွက်နှုန်းတိုးသော်လည်း ဆန်စပါး အရည်အသွေးပိုင်းတွင် အဆင့်မြင့် တိုးတက်သင့် သလောက် မတိုးတက်၍ နည်းမျိုးစုံနှင့် တိုးတက် အောင် လုပ်ဆောင်ခဲ့သည်။

လက်ရှိကာလတွင်မူ စက်မှုလယ်ယာလုပ် ဆောင်ရာ၌ လယ်ယာမြေအဆင်ဒီဇိုင်း ပြောင်းလဲ ရေးဟူသော လုပ်ဆောင်ချက်သည်လည်း အရေး ပါလာခဲ့သည်။ လယ်ယာမြေ၏ သုံးစွဲပုံအပေါ် မူ တည်၍ ပြောင်းလဲရသည်။ မျိုးတူ၊ ဗီဇတူ အခြေတူ ပြုလုပ်ထားသည့် မျိုးစေ့များကို မြေတူ၊ ရေတူ၊ တမန်းညက်ပုံချင်း တူရုံသာမက အားလုံးတူရန်လို သည်။ လယ်ကွက်ကျဉ်းကျဉ်း သေးသေးများ ခွဲခြား ထားပါက အားလုံးတူရန် ခက်သည်။ ထို့ကြောင့် အားလုံးတူစေရန် လယ်ကွက်အရွယ်အစားသည် တစ်ကွင်းတစ်စပ်တည်း အတော်ကျယ်မှ အခြေတူ ပေမည်။ သို့ဖြင့် အမေရိကန်နိုင်ငံတွင် လယ်ယာ ကွက်အရွယ်ပမာဏကို ကျယ်သည်ထက် ကျယ် အောင်ချဲ့ထွင်ခဲ့သည်။ သိပ္ပံနည်းကျ လယ်ယာလုပ် ငန်း ထိရောက်စွာ စတင်နိုင်သည့် ၁၉၄၀ ပြည့်နှစ် တွင် အမေရိကန်ရှိ လယ်ယာမြေများ၏ အရွယ် အစား အကျယ်အဝန်းသည် ပျမ်းမျှ တစ်ကွက်လျှင် ၁၇၄ ဧက ကျယ်ဝန်းလာ သည်။ ဆက်လက်၍ အရွယ်ချဲ့ခဲ့ရာ ၁၉၅၀ ပြည့် နှစ်တွင် တစ်ကွက်ပျမ်းမျှ ၂၁၃ ဧက၊ ၁၉၆၀ ပြည့် နှစ်တွင် ၂၉၇ ဧက၊ ၁၉၇၀ ပြည့်နှစ်တွင် ၃၇၄ ဧက၊ ၁၉၈၀ ပြည့်နှစ်တွင် ၄၂၆ ဧက၊ ၁၉၉၀ ပြည့်နှစ်တွင် ၄၆၀ ဧကစသည်ဖြင့် လယ်ယာမြေ တစ်ကွက်၏ ပျမ်းမျှအကျယ်သည် ပို၍ပို၍ လာခဲ့ သည်။ ၂၀ဝ၀ ပြည့်နှစ်တွင် တစ်ကွက် ၄၃၆ ဧက သို့ ပြန်၍ အနည်းငယ်ကျဉ်းသွားသော်လည်း ၂၀ဝ၅ ခုနှစ်တွင် ပျမ်းမျှလယ်တစ်ကွက် ၄၄၄ ဧက အဖြစ် ပြန်ကျယ်လာသည်။ ၂၀ဝ၅ ခုနှစ်တွင် အမေရိကန်ပြည်၌ လယ်ယာမြေဧက ၉၃၃.၄ သန်းစိုက်ပျိုးခဲ့သည်။ လယ်ယာမြေကွက်ပေါင်း ၂.၁ သန်းရှိခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀ဝ၈ ခုနှစ်က စိုက်ပျိုးမြေ ဧရိယာ ဧက ၅၃.၁၇ သန်း ရှိခဲ့သည်။ စပါးစိုက် သော မြေဧကမှာ (သီးထပ် သီးညှပ်မပါ) ၁၂ သန်းခန့် ရှိခဲ့သည်။ ၁၉၈၈-၈၉ ခုနှစ်စာရင်းအရ တောင်သူ လယ်သမားဦးရေကို လုပ်ကွက်ရ အိမ်ထောင်စု အရေအတွက် အလိုက်ကြည့်ရာ အိမ်ထောင်ဦးစီး ဦးရေ ၄.၃၁၉ သန်းရှိသည်။ ယင်းအနက် ၆၂ ရာခိုင်နှုန်းသည် လုပ်ကွက်ဧရိယာအကျယ် ၄.၉၄ ဧကနှင့် အောက်သာလုပ်ရသဖြင့် တောင်သူလယ် သမားငယ်များသည် အများအားဖြင့် လုပ်ကွက် အရွယ် ၂.၆၄ ဧကသာ လုပ်ကိုင်လျက်ရှိကြသည်။ တစ်နည်းအားဖြင့် စုစုပေါင်း စိုက်ပျိုးမြေဧရိယာ၏ ၂၅.ဝ၂ ရာခိုင်နှုန်းကို ၅ ဧက အောက်ရှိ လုပ်ကွက် ငယ်များနှင့် လုပ်ကိုင်လျက်ရှိကြသည်။ စုစုပေါင်း ၏ ၃၁.၂၁ ရာခိုင်နှုန်းကို ၅-၉ ဧက လုပ်ကွက်၊ ၂၈.၄၄ ရာခိုင်နှုန်းကို ၁၀-၁၉ ဧက လုပ်ကွက်၊ ၁၁.၈၈ ရာခိုင်နှုန်းကို ၂၀-၄၉ ဧကအရွယ် လုပ် ကွက်၊ ဝ.၄ ရာခိုင်နှုန်းကို ၅၀-၉၉ ဧကအရွယ် လုပ်ကွက်နှင့် ၃.ဝ၅ ရာခိုင်နှုန်းကို ၁၀ဝ ဧကနှင့် အထက်အရွယ်ရှိ လုပ်ကွက်များနှင့် စိုက်ပျိုးလုပ်ကိုင် လျက်ရှိကြသည်။

မြန်မာနိုင်ငံ၏ လယ်ယာမြေစိုက်ပျိုးရေးလုပ် ကိုင်နေသည့် မြေကွက်များကို ဂြိုဟ်တုမှ ဓာတ်ပုံ ရိုက်ကြည့်ပါက မြေယာအဆင်ဒီဇိုင်းပုံမှာ ကျဉ်း မြောင်း သေးငယ်သောအကွက်များ၊ အရွယ်မညီ မညာနှင့် ရှုပ်ထွေးပုံပဲ့နေသည်ကို တွေ့မြင်ရပါ မည်။ ဤသို့သော မြေယာအဆင်ဒီဇိုင်းမှာ စက်မှု လယ်ယာ သို့မဟုတ် သိပ္ပံနည်းကျစိုက်ပျိုးရေးကို ထိရောက်စွာ လုပ်ဆောင်ရန်မသင့်လျော်ပေ။ထို့ကြောင့် စက်မှုလယ်ယာလုပ်ငန်းသို့ ပြောင်းလဲမည် ဆိုပါက ထိုလယ်ယာမြေအဆင်အကွက်ပုံစံကို ပြောင်းလဲပစ်ရန် လိုသည်။ အကွက်သေးများ ပေါင်းစပ်ပြီး လုပ်ကွက်အရွယ်ကို တစ်ဆက်တစ် စပ်တည်း အနည်းဆုံး ဧက ၁၀ဝ ကျယ်အောင် လုပ်ပေးရမည် ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံတွင် စပါးစိုက်သော လယ် ယာမြေများကို ပဲမျိုးစုံ၊ နေကြာစသော အခြားသီးနှံ များဖြင့် သီးထပ်သီးညှပ်အဖြစ် စိုက်ပျိုးဖြစ်ထွန်း လျက်ရှိရာ ထိုကြားဖြတ်သီးနှံများ စိုက်ပျိုးပြီးချိန်၌ စပါးသွားရောက်ရိတ်သိမ်းရန်နှင့် ရိတ်သိမ်းပြီး စပါးများ သယ်ထုတ်ရန် လမ်းကြောင်းပိတ်နေသည့် ဖြစ်ရပ်များစွာရှိသည်။အကယ်၍မည်သည့် သီး ထပ်သီးညှပ်မျှ မစိုက်ဘဲထားသည်ဆိုပါကလည်း အတွင်းပိုင်းက လယ်ကွက်များဆီရောက်အောင် ရှေ့ပိုင်းရှိ လယ်ကွက်များထဲမှ လှည်း၊ ထော်လာဂျီ၊ နောက်တွဲယာဉ်ပါသော ထွန်စက်၊ မော်တော်ယာဉ် ထရပ်ကားစသည်တို့ဖြင့် ဖြတ်မောင်းကြရသည်။ ထိုသို့ဖြတ်၍ ဖြတ်၍ ယာဉ်မျိုးစုံမောင်းနှင်သွား-ပြန် လုပ်ခဲ့သော လယ်ယာမြေထဲမှ လမ်းနေရာများ သည် မြေမာ မြေကျစ်ကာ မြေ၏သဘာဝ အနေ အထားပျက်ကြရသည်။ နောက်ရာသီ လယ်ထွန် သောအခါ ထိုဘီးရာထပ်ခဲ့သော လမ်းနေရာများ ရှိ မြေများတွင် မျိုးစေ့များ အခြားနေရာကဲ့သို့ ရှင် သန်မှုအားမကောင်းဘဲ ပိန်လှီချို့ယွင်းမှုများ ရှိတတ် သည်။

ဤသို့သော မလိုလားအပ်သည့် ပြဿနာများ မရှိရလေအောင် လယ်ယာမြေအဆင်ဒီဇိုင်းပုံစံကို ချမှတ်ရာ၌ အကွက်ချ၍ စနစ်ကျသော လမ်းအူ ကြောင်းများကို လယ်ကွက်အနေအထားပေါ်မူ တည်၍ အပြီးဖောက်လုပ်ပေးထားရသည်။တရုတ်နိုင်ငံကွမ်တုံပြည်နယ်မှလယ်ကွက်များတွင်ဤသို့သော စပါးရိတ်သိမ်း ရေး၊သယ်ယူရေးနှင့်အခြား ကိစ္စရပ်အသီးသီးအတွက် လယ်ကွက်များဆီသို့ သွားလာရန် ကွန်ကရစ်လမ်းများကိုနေသားတကျ စီစဉ်ဖောက်လုပ်ပေးထားသည်ကို စာရေးသူကိုယ်တိုင် သွားရောက်လေ့လာမြင်တွေ့ ခဲ့ဖူးပါသည်။ထိုကွမ်တုံပြည်နယ်၌ ကားလမ်း-ရထားလမ်းမကြီး များ၏ ဘေးဝဲယာရှိ စပါးစိုက်ကွင်းများသည် ကား လမ်းဘေး ၆ ပေအကွာနားအထိ ကပ်လျက်နေရာ မှ လယ်ကွက်အနားအဖြစ် စတင်ထားသည်ကို လည်းကောင်း၊ ရထားလမ်းဘေးဆိုပါက ၈ ပေ အကွာလောက်တွင် လယ်ကွက်အနားကပ်လျက်ရှိ သည်ကိုလည်းကောင်း တွေ့ခဲ့ဖူးသည်။ ကားလမ်း ဆိုပါက လမ်းပခုံးနှင့်ကပ်လျက် သစ်ပင်တန်းရှိ တတ်သည်။ ထိုသစ်ပင်တန်းနောက် ၄ ပေခန့် အကွာတွင် ကွန်ကရစ်ရေမြောင်းရှိသည်။ ရေ မြောင်းဟိုဘက်နှုတ်ခမ်းမှစ၍ လယ်ကွက်အနား ဖော်ထားသည်။ ဤပုံစံသည် စိုက်ဧက အလေ အလွင့်၊ အလျော့အနည်းမရှိစေခြင်းနှင့် ရေပေးဝေ ရေး အဆင်ပြေခြင်း၊ လူတို့ လက်တစ်ကမ်းမီ စောင့် ကြပ်နိုင်ခြင်း စသည့်ကောင်းကျိုးများရှိသည်။ ဆိုး ကျိုးအချို့ရှိသော်လည်း ထိုအတွက် ကြပ်မတ်ပေး ထားပြီးဖြစ်သည်။

လယ်ကွက်များကို ရေပေးဝေရေးတွင်လည်း အလွန်စနစ်ကျရန် လိုသည်။ ရေသွင်းရေထုတ် ကောင်းအောင် စိတ်ကြိုက်စီစဉ်ပေးထားရသည်။ လယ်ကွက်ဆီသို့ ရေအဝင်အထွက်မျှအောင် ရေ သွားရေလာမြောင်းများ နေသားတကျ ဖန်တီးပေး ရန်လိုသည်။ တရုတ်ပြည်၌ လယ်ကွက်များသို့ ရေ ပေးဝေသော ထူးခြားသည့် နည်းတစ်ခု တွေ့ခဲ့ဖူး သည်။ လယ်ယာမြေများအပေါ်မှ ကွေ့ပတ်သွား နေသည့် ရေပိုက်ကြီးပင် ဖြစ်သည်။ ရန်ကုန်မှ ဂျိုးဖြူ ပိုက်ကြီးနီးပါး အရွယ်ကြီးသည့် ရေပိုက်လိုင်းကြီးကို မိုးပျံတံတားကြီးတစ်စင်းကဲ့သို့ တည်ဆောက်ထား ခြင်းဖြစ်သည်။ ဤစင်တင် တောင်ကုန်းပေါ်ဖြတ် သည့် လယ်ယာမြေများသို့ ရေပေးဝေရမည့် နေရာ များအပေါ်က ဖြတ်သွားနေသည့် ရေပိုက်လိုင်းကြီး သည် မည်မျှရှည်သည် မသိရ။ အဝေးပြေးကား လမ်းမကြီးမှ ခပ်လှမ်းလှမ်းတွင် ဘေးချင်းယှဉ်၍ မိုင်နှင့်ချီပြီး သွားလိုက်၊ ကွေ့ပြီးကွယ်ပြီး ပျောက် သွားလိုက်၊ တစ်နေရာတွင် ပြန်ပေါ်လာလိုက်နှင့် ခရီးမိုင် ၅၀ ခန့်အတွင်း ဤသို့မြင်တွေ့နေရသည်။ထိုပိုက်ကြီးသည် ရေနံပိုက်လိုင်းကြီးလို သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကြီးလို ပြေးသွားနေပြီး ထိုရေပိုက် ကြီးမှ လိုရာလယ်မြေဆီသို့ ပိုက်ခွဲကလေးများ လက် တက်ခွဲ၍ သူ့နေရာနှင့်သူ အသီးသီးပို့ပေးသွားပုံမှာ ချီးကျူးဖွယ်ကောင်းသော လယ်ယာမြေအဆင်ဒီဇိုင်းသဏ္ဌာန် မြင်ကွင်းတစ်ရပ် ဖြစ်သည်။

ယနေ့ခေတ်တွင် စက်မှုလယ်ယာကို ချီတက် နေသော လယ်ယာထုတ်ကုန်လုပ်ငန်းကို ပီပီပြင် ပြင်လုပ်ဆောင်နေသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်နေ သည့် နိုင်ငံတိုင်းတွင် သီးနှံရိက္ခာ၏ ဖြန့်ဖြူးရေးလမ်း ကြောင်း ကောင်းအောင်နှင့် တောင်သူလယ်သမား များကိုယ်တိုင် ပါဝင်ပတ်သက်စေသည့် သီးနှံရိက္ခာ ဈေးကွက်ကိုလည်း ဖန်တီးပေးရမည်ဟူ၍ ဖြစ် သည်။ တောင်သူလယ်သမားများ၏ ဝင်ရောက် သွားလာခွင့် လမ်းကြောင်းကို တိုးချဲ့မြှင့်တင်ပေး ရမည်ဟူသော အရေးကြီးသည့်အချက်ကို စက်မှု လယ်ယာလုပ်ငန်း၏ အသက်သွေးကြောသဖွယ် ထည့်သွင်းဖန်တီးပေးလျက် ရှိသည်။

ဤလမ်းကြောင်းသည် အလွန်ခေတ်မီကျယ် ပြန့်လှသည်။ ကျေးလက်မှ လယ်စောင့်တဲအရောက် လက်ကိုင်ဖုန်းများရှိအောင် လုပ်ပေးခြင်း၊ လယ်ယာ မြေများ ဘေးအရောက် လမ်းမများ ဖောက်လုပ်ပေး ခြင်း၊ လယ်ယာထွက်ကုန် ပေါကြွယ်ဝသည့် ကျေးရွာ ဘေးရှိ ကားလမ်း၊ ရထားလမ်း ဘေးဝဲယာတွင် စပါး ကျီ၊ စပါးသိုလှောင်ရုံ၊ ဆိုင်လို၊ ဆန်စက်၊ ဆန်ဂိုဒေါင် များ တည်ဆောက်ပေးခြင်း၊ ထိုဒက်ထိနေရာ စပေါ့ များတွင် ဘူတာရုံ၊ကားဂိတ်များထားရှိပေးခြင်း၊ သယ်ယူပို့ဆောင်ရေး ယာဉ်မျိုးစုံ အလွယ်တကူ ဝင်ထွက်ရောက်ရှိအောင် စီစဉ်ပေးခြင်း၊ သယ်ယူပို့ ဆောင်ရေး စက်ကိရိယာမျိုးစုံ ခေတ်မီအောင် ဖန်တီး ပေး၍ ခေတ်နှင့်အညီ အသုံးပြုတတ်အောင်သင်ကြားပေးခြင်း၊ဘဝမြင့်သောခေတ်ပညာတတ်သော တောင်သူလယ်သမားများဖြစ်လာ အောင် အခြေခံအဆောက်အအုံများ ဖန်တီးပေး ခြင်း စသည်များသည် စက်မှုလယ်ယာသို့ ကူး ပြောင်းစဉ် လိုအပ်ချက်များဖြစ်သည်။
ဤသို့ ကုန်လုပ်ဆက်ဆံရေးလောကကြီးကို တောင်သူလယ်သမားတည်းဟူသော ၆၀ ရာခိုင် နှုန်းသော စုစုပေါင်းလူဦးရေ၏ အများစုလူထုကြီး ကို နှစ်ပေါင်းများစွာ ဤအတိုင်းမျှောမထားဘဲ သူတို့ ထဲက ဂျင်မီကာတာလို သမ္မတဖြစ်မည့် မြေပဲစိုက် ကွင်းမှ တောင်သူမျိုးဆက်များပင် ပေါ်ထွန်းနိုင် အောင် ဖန်တီးပေးရန် တာဝန်ရှိသည့် နိုင်ငံ့ခေါင်း ဆောင်သစ်များ အာရုံရောက်လာရန် လိုအပ်ပေ တော့သည်။

အောင်ချိန်ဘွား

Ref:http://agrotechni-pedia.com

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!