စာရေးသူ၏ မိတ်ဆက် . . .
မကွေးတိုင်း ရေနံချောင်းမြို့တွင် ၁၉၅၇ ခုနှစ်ဇွန်လ၌ မွေးဖွားခဲ့ပါသည်။ ၁၉၇၃ ခုနှစ်တွင် အခြေခံပညာ အထက်တန်းစာမေးပွဲကို ရူပဗေဒ၊ ဓာတုဗေဒ(၂)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပြီး စိုက်ပျိုးရေး တက္ကသိုလ်သို့ တက်ရောက်ခဲ့ပါသည်။ ၁၉၇၈ ခုနှစ်အောက်တို ဘာလတွင် စိုက်ပျိုးရေး ပညာဘွဲ့ B.A(Ag) ကိုရရှိခဲ့ပြီး ၁၉၇၉ ခုနှစ်၊ ဧပြီလမှစ၍ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၌ စခန်းတာဝန်ခံအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၈၁ ခုနှစ်တွင် မကွေးတိုင်း လယ်ယာစိုက်ပျိုးရေးနှင့် ကော်ပိုရေးရှင်း တွင် ကျေးရွာမန်နေဂျာ၊ အုပ်စုမန်နေဂျာ၊ ဒုကြီးကြပ်ရေးမှုး ရာထူးရရှိခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် ရန်ကုန်ရုံးချုပ်သို့ ပြောင်းရွှေ့ ထမ်းဆောင်ခဲ့သည်။
ထို့နောက်ဝါသနာပါရာ မြေဆီလွှာကိစ္စရပ်များကို ၁၉၉၃ ခုနှစ်မှစတင်လေ့လာခဲ့ပြီး ၂၀ဝ၃ ခုနှစ်တွင် စိုက်ပျိုးပညာပေးရေးဌာနသို့ ပြောင်းရွှေ့ပြီး ထမ်းဆောင်ခဲ့ရာမှ စိုက်ပျိုးရေးဆိုင်ရာစာအုပ်များ ရေးသား တင်ပြခဲ့သည်မှာ စုစုပေါင်းစာအုပ် (၁၀) အုပ်ကျော်ရှိပြီဖြစ်ပါသည်။ ယခုအခါ နည်းသစ်စွယ်စုံဂျာနယ်၏ စိုက်ပျိုးရေးစိတ်ဝင်စားသူ စာဖတ်ပရိတ်သတ်များအတွက် မြေဆီလွှာအကြောင်းကို စိုက်ပျိုးရေး အထောက် အကူပြု ဆောင်းပါးအဖြစ် ရေးသားတင်ပြလိုက်ရပါသည်။
(၁) ဒါတို့ပြည်၊ ဒါတို့မြေ - ဒို့ပိုင်တဲ့မြေ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးတွင် စုစုပေါင်းဧရိယာ ဧက(၁၆၇)သန်းရှိသည့်အနက် မြေအမျိုးအစားခွဲခြားမှုများအရ ၂၀ဝ၉-၂၀၁၀ ခုနှစ်တွင် ဧရိယာဧက စုစုပေါင်း (၃၀၁၈၇၆၆၁) ကို စိုက်ပျိုး ဧရိယာများ အဖြစ် မြင်တွေ့နိုင်ပါသည်။
(က) လယ်မြေ - ၁၄၈၆၂၁၂၂ ဧက(ခ) ယာမြေ - ၉၄၆၀၉၂၃ ဧက(ဂ) ကိုင်းကျွန်းမြေ - ၁၃၀၆၁၃၉ ဧက(ဃ) တောင်ယာမြေ - ၉၀၈၂၄၀ ဧက(င) ဥယျာဉ် - ၃၅၄၈၃၆၅ ဧက(စ) ဓနိ - ၉၀၈၂၄၀ ဧက……………………………………………………….စုစုပေါင်း – ၃၀၁၈၇၆၆၁ ဧက………………………………………………………..
ထို့ကြာင့် နိုင်ငံတော်အတွင်းရှိ ပြည်နယ်ဒေသကြီး (၁၄) ခုတွင် ဟက်တာအားဖြင့် (၆၇၆၅၉ ဟက်တာ) နှင့် ဧရိယာအားဖြင့် (၁၆၇၁၈၅၈၂၄) ရှိပြီး ၄င်းဧရိယာဧကများထဲမှ အသုံးချလျက်ရှိသော မြေမျိုးများ (လယ်ယာ၊ ကိုင်းကျွန်း၊ တောင်ယာ၊ဥယျာဉ်နှင့်တွေ့ ရှိရသောလယ်မြေများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည် ဇယား (၁)။
စဉ်
|
တိုင်းဒေသကြီးနှင့်
ပြည်နယ်အမည်
|
၎င်းဒေသကြီးများတွင်
ရှိသောမြေဧရိယာ
ဧက (၂၀ဝ၉/ ၂၀၁၀)
|
အသုံးပြုလျက်
ရှိသော
မြေအမျိုးပေါင်း
|
လယ်မြေများ
|
၁ | ကချင်ပြည်နယ် |
၂၂၀ဝ၂၇၀၃
|
၈၉၃၆၆၁
|
၄၄၂၃၂၀
|
၂ | ကယားပြည်နယ် |
၂၈၉၈၉၂၁
|
၁၇၉၂၉၆
|
၅၁၈၁၁
|
၃ | ကရင်ပြည်နယ် |
၇၅၀၇၇၄၃
|
၁၀ဝ၉၀ဝ၎
|
၅၉၆၃၁၃
|
၎ | ချင်းပြည်နယ် |
၈၉၀ဝ၄၅၉
|
၃၀၂၂၇၂
|
၂၃၉၂၈
|
၅ | မွန်ပြည်နယ် |
၃၀၃၈၅၆၄
|
၁၅၅၁၀၁၃
|
၇၅၈၇၅၀
|
၆ | ရခိုင်ပြည်နယ် |
၉၀၈၈၀၅၃
|
၁၃၀၄၈၀၇
|
၁၀၈၃၈၉၇
|
၇ | ရှမ်းပြည်နယ် |
၃၈၄၉၉၃၄၉
|
၃၄၇၃၇၆၈
|
၆၄၇၀၉၂
|
၈ | စစ်ကိုင်းတိုင်း |
၂၃၁၅၄၃၈၂
|
၄၆၃၉၂၃၁
|
၁၇၀၂၄၈၈
|
၉ | တနင်္သာရီတိုင်း |
၁၀၇၁၀၇၅၇
|
၁၀၀၈၇၅၇၀
|
၂၆၆၄၀၃
|
၁၀ | ပဲခူးတိုင်း |
၉၇၃၇၀၄၃
|
၃၃၁၇၁၉၈
|
၂၆၄၁၇၁၆
|
၁၁ | မကွေးတိုင်း |
၁၁၀၇၅၄၀၅
|
၂၉၅၇၆၉၁
|
၅၇၇၅၀၆
|
၁၂ | မန္တလေးတိုင်း |
၉၃၇၆၄၅၆
|
၃၅၉၆၇၅၉
|
၁၀၈၃၈၉၇
|
၁၃ | ရန်ကုန်တိုင်း |
၂၅၃၉၄၂၉
|
၁၄၆၄၉၉၂
|
၁၂၂၇၃၄၅
|
၁၄ | ဧရာဝတီတိုင်း |
၈၆၅၆၅၆၄
|
၄၄၈၉၄၀၀
|
၃၇၆၀၄၀၁
|
ပြည်ထောင်စုချုပ် |
၁၆၇၁၈၅၈၂၄
|
၃၀၁၈၇၆၆၁
|
၁၄၈၆၂၁၂၂
|
ဇယား ( ၁ )
ထို့ကြောင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်းရှိ စုစုပေါင်း ဧရိယာဧကထဲမှ အသုံးပြု လျက်ရှိသော မြေအမျိုးပေါင်းသည် ၁၈.ဝ၆ ရာခိုင်နှုန်းရှိပြီး၊ လယ်မြေများမှာ ၈.၉၀ ရာခိုင်နှုန်းထိသာ မိုးစပါးအဖြစ် (၂၀ဝ၉- ၂၀၁၀)ခုနှစ်တွင် တွေ့မြင်ရပါသည်။ နိုင်ငံတော်၏ မိုးစပါးစိုက်ဧက စုစုပေါင်း (၁၇) သန်းရှိသောကြောင့် ကျန်သောတောင်ယာနှင့် ယာမြေအချို့ပါ စပါးစိုက်ပျိုးကြောင်း လေ့လာသိရှိနိုင်ပါ သည်။
စဉ်
|
အကြောင်းအရာ
|
၂၀၀၅-၂၀၀၆
|
၂၀၀၆-၂၀၀၇
|
၂၀၀၇-
၂၀၀၈
|
၂၀၀၈-
၂၀၀၉
|
၂၀၀၉-
၂၀၁၀
|
၁
၂
၃
၎
၅
၆
| အသားတင်စိုက်မြေလှပ်မြေစိုက်ပျိုးနိုင်သော မြေရိုင်း
ကြိုးဝိုင်းသစ်တောမြေ
အခြားသစ်တောမြေ
အခြားမြေ
|
၁၀၅၁၆
၄၃၉
၆၄၁၆
၁၅၃၈၂
၁၈၁၃၄
၁၆၇၂၂
|
၁၁၃၇၉
၂၉၈
၅၉၇၂
၁၆၄၆၂
၁၆၉၈၅
၁၆၅၆၃
|
၁၁၇၀၇
၂၆၄
၅၇၈၉
၁၆၇၅၆
၁၆၅၄၈
၁၆၅၉၄
|
၁၁၈၇၈
၂၅၆
၅၆၇၀
၁၆၈၃၇
၁၆၄၁၉
၁၆၅၉၉
|
၁၁၉၆၄
၂၄၃
၅၆၁၈
၁၇၁၄၅
၁၆၀၈၀
၁၆၆၀၉
|
ပြည်ထောင်စုချုပ် |
၆၇၆၅၉
|
၆၇၆၅၉
|
၆၇၆၅၉
|
၆၇၆၅၉
|
၆၇၆၅
|
ဇယား ( ၂ )
ထို့အပြင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး မြေယာအသုံးချမှုများကို (၅) နှစ်ကာလ (၂၀ဝ၅- ၂၀ဝ၆) (၂၀ဝ၉-၂၀၁၀) အတွင်း ဖြစ်စဉ်ပြောင်းလဲမှုများကို ဇယား(၂) တွင် ကြည့်ရှုနိုင်ပါသည်။ အဆိုပါ ( ၅ )နှစ်တာကာလ မြေယာအသုံးချမှုအပေါ်သုံးသပ်ပါက အသားတင်စိုက်မြေများသည် တစ်နှစ်ထက် တစ်နှစ်တိုးလာသည်ကို တွေ့ရှိရပြီး အခြားသစ်တောမြေနှင့် အခြားမြေများသည် နည်းလာ သောကြောင့် စိုက်ပျိုး မြေများလေလွင့်ဆုံးရှုံးမှုမရှိရန်အတွက် သီးနှံစိုက်ပျိုးထုတ်လုပ်သူများက အထူး သတိပြု၍ဆောင်ရွက်ရန် လိုအပ်နေ ကြောင်း တွေ့ရှိရသည်။
(၂) မြေအမျိုးအစားများ
မြန်မာနိုင်ငံ၏ မြေမျက်နှာပြင်ရာသီဥတု၊ သဘာဝပေါက်ပင်များနှင့်မြေဆီလွှာ အခြေအနေများ သည် ဆက်စပ်တည်ရှိနေပါသည်။ အထူး သဖြင့်မြေဆီလွှာတစ်ခုပေါ်တွင် လွှမ်း မိုးထားသော အချက်ကြီး (၅)ချက်အရ မြန်မာနိုင်ငံ၏မြေမျက်နှာပြင်ကိုအောက်ခံကျောက်လွှာများ(Parent material) အရ အောက်ပါ အတိုင်း အပိုင်းကြီး (၄)ပိုင်းခွဲခြားထားသည်။ ၎င်းတို့မှာ-
(က) အရှေ့ဘက်ကုန်းမြင့်ဒေသ (ရှမ်း၊ ကယား၊ တနင်္သာရီ မှ ကော့သောင်း အထိ)
(ခ) အနောက်ပိုင်းတိဘက်ကုန်းမြင့် တောင်ဘက်၊ ဟိမဝန္တာဒေသမှ တောင်ဘက်သို့ ဆင်းလာသော တောင်စဉ်တောင်တန်းများ (ချင်း)
(ဂ) အလယ်ပိုင်းချိုင့်ဝှမ်း (မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ပဲခူး၊ ရန်ကုန်)
(ဃ) ရခိုင်ကမ်းရိုးတန်းဒေသနှင့် ကျွန်းကြီးများ(ရခိုင်၊ ဧရာဝတီ)ဟူ၍ ဘူမိဗေဒပညာရှင်များက ခွဲခြား သတ်မှတ်သည်။
သို့ရာတွင် စိုက်ပျိုးရေးပညာ ရှင်များနှင့်ဘူမိဗေဒပညာရှင်များ ပူးပေါင်း၍ မြေဆီလွှာကို မြေဆီလွှာ မျိုးစဉ်(Soil Order)အရ အောက်ပါဇုန်နယ်(၃)မျိုးကို သတ်မှတ်ထားကြောင်း လေ့လာတွေ့ရှိရပါသည်။ ၎င်းး ဇုန်နယ် (၃) မျိုးမှာ -
(က) ဇုန်နယ် မြေဆီလွှာ
(ခ) အင်တြာဇုန်နယ် မြေဆီလွှာ
(ဂ) အေဇုန်နယ် မြေဆီလွှာ တို့ဖြစ်ကြသည်။
ဇုန်နယ်မြေဆီလွှာများသည် သက် ရင့်မြေများအဖြစ် ထင်ရှားပြတ်သား သောလက္ခဏာရပ်များ ရှိသည်။ မြေဆီလွှာဖြစ်စဉ်တွင် ရာသီဥတုနှင့် သဘာဝပေါက်ပင်များ၏ လွှမ်းမိုးပြုပြင်မှုကို ခံယူရပြီး ၎င်းးတို့ ၏ သက်ရောက်မှုများကို မြေဆီလွှာလက္ခဏာရပ်များတွင် ထင်ရှားပြတ်သားစွာ တွေ့မြင်ရသည်။
မြန်မာနိုင်ငံ၌တွေ့ရသော ဇုန်နယ်မြေဆီလွှာများမှာ -
နီညိုတောမြေ၊ ဝါညိုတောမြေ၊ ဂဝံမြေ၊ မြေနီသဲဝန်း၊ မြေဝါသဲဝန်း၊ စနယ်မြေ၊ မြေနီနှင့် မြေဝါတို့ဖြစ်ကြသည်။
အင်တြာဇုန်နယ် မြေဆီလွှာများတွင်ပါဝင်သော မြေမျိုးများ၌ ရေဆင်းညံခြင်း၊ မူလဝတ္ထု တစ်မူ ခြားနား ကွဲ ပြားခြင်း၊ ရေငွေ့ပျံဆုံးရှုံးမှု များလွန်းခြင်း စသည့် အခြေအနေများတွေ့ရှိရသည်။ မြန်မာနိုင်ငံ၌ တွေ့ရှိရသော အင်တြာဇုန် မြေဆီလွှာများမှာ -
နွံပေါက်မြေ၊ မြေအောက်ရေ ရေနီးသောမြေ၊ ဆားပေါက်မြေ၊ ဆပ်ပြာပေါက်မြေ၊ ထုံးပေါက် လယ် မြေ၊ ယာမြေ များ ပါဝင်သည်။
အေဇုန်နယ်မြေများတွင် မြေဆီလွှာ ဒေါင်လိုက်ဖြစ်ပေါ်မှု မတွေ့ရ သေးပါ။ လေတိုက်ခတ်ပို့ချသော သဲပြင်များနှင့် သက်နုနုံးမြေများသည် အေဇုန်နယ်မြေ အလွှာများ ဖြစ်ကြသည်။ အသက် နုလွန်းခြင်း မြေပြင်လက္ခဏာ မတ် စောက်ခြင်းနှင့် အလွန်သဲဆန်သော မူ လဝတ္ထုများကြောင့် သက်နုမြေဆီလွှာ များကို တွေ့ရသည်။ မြန်မာနိုင်ငံတွင် တွေ့ရသော အေဇုန်နယ်မြေအမျိုးအစားများမှာ-
ကျောက်ကြေမြေနု၊ မြစ်ထူမြေနု၊ သဲမြေများနှင့် နုံးမြေများဖြစ်ကြောင်း ခွဲခြား၍ လေ့လာတွေ့ရှိနိုင် သည်။ ထို့ကြောင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် တွေ့ရှိရသောမြေ အမျိုးအစားများကို ယေဘူယျအားဖြင့် အဓိကကျသော -
၁။ သစ်တောမြေများ
၂။ မြေဝါသဲဝန်း (တောခြောက်မြေများ)
၃။ မြေနီသဲဝန်း
၎။ စနယ်မြေများ
၅။ မြေနီ၊ မြေဝါ
၆။ လယ်မြေများဟူ၍ ခွဲခြားလေ့လာနိုင်သည်။
၎င်းမြေအမျိုးအစားများထဲမှ လယ်မြေများအကြောင်းကို အဓိကထား၍ ဆွေးနွေးတင်ပြလိုပါသည်။
(၃) လယ်မြေများ (Paddy Soil)
မြန်မာနိုင်ငံတွင် မြစ်ချောင်းများက ပို့ချသော နုံးမြေနှစ်များတွင် သက်နုမြေများပါဝင်ရာ အချို့မြေ များမှာ အလွန်အဖိုးတန်သောမြေများ ဖြစ်ကြသည်။ ရေဆင်းအခြေအနေအရ မြေဆီလွှာအမျိုးမျိုး ဖြစ်ပေါ် လျက်ရှိသည်။ ၎င်းတို့တွင် ရေဆင်းအသင့်အတင့် လယ် မြေ များ၊ ရေဆင်းအနည်းငယ် ညံ့သော လယ်မြေ ပြာ၊ နုံးနုများသော နုံးရော လယ်မြေ၊ ဆားပေါက်လယ်မြေ၊ ဆိုလိုနက်လယ်မြေ၊ ဆိုလိုချက် လယ်မြေ၊ တိုက်စားခံရသော လယ်မြေ စသည်ဖြင့် အမျိုးမျိုးတွေ့ရှိရ သည်။
ကုန်းမြင့်နှင့်တောင်ကြားရှိ မြစ်ငယ်၊ ချောင်းငယ်များတည်ဆောက်ထားသော လွင်ပြင်တိုင်းတွင် မြေနုနုံးများရှိရာ ၎င်းတို့တွင် ဖြစ်ပေါ်သော မြေဆီလွှာများသည် အသက်နုငယ်သော(ဗ) အလွှာမှာ မသိသာ မထင်ရှားဘဲ အနည်းငယ်သာဖြစ်ပေါ်နေသည်။ မြေဆီလွှာ၏ အရာင်မှာ မီးခိုးရောင်၊ အညိုရောင်ဖြစ်ပြီး ပေါင်းစပ်မှုကို ကောင်းစွာမတွေ့ရပါ။ မြေမျိုးအနေဖြင့် နုံးမြေနှင့် မြေများ၏ရေဆင်းမလွယ် သောကြောင့် စပါးစိုက်ရန်အသင့်တော်ဆုံးမြေဖြစ်၍ လယ်မြေဟုသတ်မှတ်ထားခြင်းဖြစ်သည်။ မြေမှာမာစေး၍ ရေမဆင်း နိုင်သောကြောင့် မိုးတွင်းကာလများ၌ ရေ ဝပ်နေသည်။ ၎င်းမြေများကို လယ်မြေပြာများဟု ခေါ်သည်။ ဤလယ်မျိုးပေါင်း ဧက (၁၁) သန်းခွဲရှိရာ မြစ်ဝ ကျွန်းပေါ်ဒေသတွင် ဧက(၈) သိန်း၊ ရခိုင်တွင်ဧက (၉) သိန်းခန့်၊ တနင်္သာရီတွင် ဧက (၇) သိန်းခွဲနှင့် မြန်မာနိုင်ငံ အလယ်ပိုင်းတွင်ဧက (၁) သန်းကျော်ရှိ ကြောင်း တွေ့ရှိရသည်။ မြစ်ဝကျွန်းပေါ်ရှိ စပါးကျီများ၏စပါးများမှာ ဤမြေမျိုးများမှ ထွက်ရှိလာသော အရည်အသွေး ကောင်းဆန်များဖြစ်ကြသည်။ မြစ်ဝှမ်းတွင် လည်းကောင်း မြစ်နုကျွန်းများပေါ်တွင်လည်းကောင်း၊ အဆက် မပြတ်မိုးရွာသွန်းမှုကြောင့်နုံးမြေများကိုရရှိစေပါသည်။ ထိုမြေမျိုးကို သက်နုမြေမျိုးဟုခေါ်သည်။ သဲပါဝင် ပါက မြေသည် အနည်းငယ်ဖွပြီး၊ နုံးနုမြေစေးပါဝင်ပါက မြေစေးပါသည်။ မြေဩဇာ ကောင်းမွန်ကြသည်။ ထို့ကြောင့် အချို့ ဒေသများတွင် “ကိုင်း” သီးနှံစိုက်ကြသည့် မြန်မာနိုင်ငံတွင် ထိုမြေမျိုးကို (သက်နုမြေ) ဟုခေါ်ပြီး ဧက (၅) သိန်း ခန့် ရှိပါသည်။
မြစ်ကျိုးအင်းများ-စိမ့်စွဲ မြေများ၌ နွံပေါက်မြေများကို တွေ့ရှိရသည်။ ၎င်းမြေများသည် သစ်ကိုင်း၊ သစ်ရွက်များကြေပျက်ခြင်းဖြစ်ပေါ်ကာ၊ ဆွေးမြေ့သွားသောအခါ ၎င်းမြေများကို ပြုပြင်ပေးခြင်း (ရေနုတ် ပေးခြင်း ) ဖြင့်စပါးစိုက်ပျိုးနိုင်ပါသည်။ အချို့သောမြေများ သည်တစ်နှစ်လျှင် (၆-၉)လကြာ ရေများ ဖုံးလွှမ်း နေသောကြောင့် ခြောက်သွေ့သောရာသီ၌ပင် အသုံးမပြုနိုင်သော မြေမျိုးများကိုလည်းတွေ့မြင်နိုင်ပါသည်။ ဧရာဝတီ၊ စစ်တောင်း၊ သံလွင်၊ ကုလားတန်၊ လေးမြို့မြစ်ဝကျွန်း ပေါ် များမှာ တစ်နှစ်ထက် တစ်နှစ် တိုးချဲ့ တည်ဆောက်လျက်ရှိရာ ၎င်းမြေများသည်လည်း နှစ်စဉ်တိုးတက်လျက် ရှိသည်။
မြန်မာနိုင်ငံရှိလယ်မြေများ ကို (၇) မျိုးခွဲခြားတွေ့နိုင်သည်။
(က) လယ်မြေပြာ
(ခ) လယ်မြေ
(ဂ) နွံပေါက်လယ်မြေ
(ဃ) လယ်မြေနုံးမြေ
(င) ဆားပေါက်လယ်မြေ
(စ) လယ်မြေပျက်
(ဆ) ရေသွင်းစနယ်မြေသဲဝန်း တို့ ဖြစ်ကြပါသည်။ ဇယား (၃)ကို ရှုပါ။
စဉ်
|
မြေအမျိုးအစား
|
နေရာဒေသအလိုက်ထုပ်လုပ်နိုင်သည့် မြေအမျိုးအစား
| |||
အောက်
မြန်မာပြည်
|
မြစ်ဝ
ကျွန်းပေါ်
|
အထက်
မြန်မာပြည်
|
စုစုပေါင်း
(ဟတ်တာ)
| ||
၁
၂
၃
၎
၅
၆
၇
|
လယ်မြေပြာ
လယ်မြေ
နွံပေါက်လယ်မြေ
လယ်မြေနုံးမြေ
ဆားပေါက်လယ်မြေ
လယ်မြေပျက်
ရေသွင်းစနစ်သဲဝန်း
|
၁.၅၂
ဝ.၈၈
ဝ.၁၀
ဝ.၁၅
ဝ.ဝ၁
ဝ.၁၉
-
|
၁.၄၃
-
ဝ.၂၈
ဝ.ဝ၇
ဝ.၃၀
-
-
|
ဝ.၅၁
၁.၁၀
ဝ.ဝ၇
ဝ.၁၄
-
ဝ.ဝ၅
ဝ.၂၁
|
၃.၄၆
၁.၉၈
ဝ.၄၅
ဝ.၃၆
ဝ.၃၁
ဝ.၂၄
ဝ.၂၁
|
ပြည်ထောင်စုချုပ်
|
၂.၈၅
|
၂.ဝ၈
|
၂.ဝ၈
|
၇.ဝ၁
|
အထက်ဖေါ်ပြပါလယ်မြေများနှင့်ပတ်သက်၍ နေရာဒေသဆိုင်ရာ ရုပ်ဂုဏ်သတ္တိ၊ ဓာတ်ဂုဏ် သတ္တိ နှင့်ဇီဝဂုဏ်သတ္တိများကို ရုရှားမြေဆီလွှာပညာရှင် Dr.B.Rogaror (၁၉၅၈-၆၁) က လယ်မြေများ ပျံနှံ့ တည်ရှိပုံကို တိုင်းတာစစ်ဆေးတွေ့ရှိချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
အဆိုပါလယ်မြေအမျိုးစား (၇)မျိုးကို နိုင်ငံတော်အတွင်းပျံနှံ့စွာတည်ရှိနေပြီး စုစုပေါင်းဟက်တာမှာ (၇.၁-ဟက်တာ_ ၂.၄၅ ဧက= ၁၇.၁၈ သန်း) ရှိကြောင်း လေ့လာတွေ့ရှိရပါ သည်။
မြန်မာနိုင်ငံရှိ နေရာဒေသအလိုက် မြေများပျံ့နှံ့တည်ရှိပုံ
မြန်မာနိုင်ငံ၏ မြေမျက်နှာသွင်ပြင် အနေအထားကို အပိုင်း (၉) ပိုင်းဖြင့် ခွဲခြားထားပြီး၊ ထိုကဲ့သို့ ကွဲပြားခြားနားသော မြေမျက်နှာပြင်အနိမ့်အမြင့်၊ မြေမျက်နှာသွင်ပြင်၊ ရာသီဥတု၊ သဘာဝပေါက်ပင်များ နှင့် စိုက်ပျိုးမှုများအရ ဖြစ်ပေါ်နေသည့် အပိုင်းကြီးများမှာ
(၁) ရခိုင်ကမ်းမြှောင်ဒေသ
(၂) အနောက်ဘက်တောင်တန်းဒေသ
(၃) မြောက်ပိုင်းတောင်တန်းဒေသ
(၄) မြန်မာနိုင်ငံ အလယ်ပိုင်းအပူပိုင်းဇုန်ဒေသ
(၅) ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ
(၆) ပဲခူးရိုးမ
(၇) စစ်တောင်းမြစ်ဝှမ်း
(၈) ရှမ်းတောင်ကုန်းတောင်တန်းနှင့်
(၉) တနင်္သာရီကမ်းရိုးတန်းဒေသ တို့ဖြစ်ကြသည်။
မြန်မာနိုင်ငံတွင် မြေအမျိုးအစားပေါင်း ၂၄ မျိုး တွေ့ရှိရပြီး ၎င်းမြေများ၏ဧရိယာဧက၊ ရာခိုင်နှုန်းနှင့် သင့်တော်သော သီးနှံများမှာ ဇယား(၄) အတိုင်းဖြစ်သည်။ ယခုဖေါ်ပြခဲ့သော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အတွင်းရှိ နေရာဒေသအသီးသီးတို့တွင် တွေ့မြင်ရသော မြေအမျိုးအစားများကို အသေးစိတ်လေ့လာခြင်းအားဖြင့် မိမိတို့စိုက်ပျိုး ထုတ်လုပ်သည့် စပါးမျိုးများ၏တစ်ဧကအထွက်နှုန်း တိုးတက်ရေးအတွက် လိုအပ်သည့် ရုပ်-ဓါတ်-ဇီဝသတ္တိများအား ကြိုတင် ၍ ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရန် အထောက်အကူပြု မိတ်ဆက်အဖြစ် ဤစာစောင်ကို ရေးသားပြုစု ဖေါ်ပြခြင်း ဖြစ်ပါသည်။
သို့မှသာ မိမိစိုက်ပျိုးလိုသော စပါး မျိုးကွဲများ၏ တစ်ဧကအထွက်နှုန်း အတွက်လိုအပ်သည့် စပါး ကြိုက်နှစ်သက်သော မြေဆီလွှာများရွေးချယ်စိုက်ပျိုးခြင်းအားဖြင့် စိုက်ပျိုးရေး အပါအဝင် သွင်းအားစုများ ဖြစ်သည့် သဘာဝမြေဩဇာနှင့်ဓါတ်မြေဩဇာများ သုံးစွဲမှုညီညွတ်မျှတစေပြီး မျှော်မှန်းသော အထွက်နှုန်း များ ရရှိနိုင်မည် ဖြစ် ကြောင်း စေတနာကောင်းဖြင့် ကြေညာ မောင်းခတ်သကဲ့သို့ တင်ပြလိုက်ရပါ သည်။ မည်သူမဆို မိမိလယ်မြေတွင် စပါးစိုက်ပျိုး ထုတ်လုပ်မည်ဆိုပါက၊ လယ် မြေကောင်းတစ်ခုတွင် ရှိရမည့် (သို့မဟုတ်) သိထားသင့်သော အချက်များရှိကြောင်းကို ဆက်လက်၍ဖေါ်ပြပေးပါမည်။ ၎င်းအချက် များနှင့် မိမိလယ်မြေသည် ကောင်း၊ မကောင်းကြိုတင်သိနိုင်ပြီး မိမိမျှော်မှန်းသောအထွက်နှုန်းကို ထုတ်လုပ် ပေးနိုင်မည်ဖြစ်ပါသည်။
စဉ်
|
မြေအမျိုးအစား
|
ဧရိယာ
(ဝ၀ဝ ဟတ်တာ)
|
%
|
သင့်တော်သောသီးနှံများ
|
၁
၂
၃
၎
၅
၆
၇
၈
၉
၁၀
၁၁
၁၂
၁၃
၁၄
၁၅
၁၆
၁၇
၁၈
၁၉
၂၀
၂၁
၂၂
၂၃
၂၄
၂၅
|
နုံးမြေ
မြေမာနုံးမြေ
မြေမပြာ/နွံပေါက်မြေ
ထုံးပေါက်လယ်မြေ
နွံပေါက်မြေ
ကနစိုတောမြေ
ဆားပေါက်နွံပေါက်မြေ
ဂဝံမြေ
နီညိုတောမြေ
ဝါညိုတောမြေ
သဲကုန်းတောမြေ
ဝါညိုတောခြောက်၊အင်တိုင်း
မြောက်ပိုင်းတောင်တန်းမြေ
ရေခဲဖုံးတောင်တန်းမြေ
မြေနီ/မြေဝါ
တောင်မြင့်ညိုရောင်တောမြေ
တောင်မြင့်နီညိုတောမြေ
မြစ်ထူမြေနု
ကျောက်ကြေမြေနု
ပုပ္ပါးမီးတောင်မြေ
စနက်မြေ
ချင်းတောင်မြေ
မြေနီသဲဝန်း
မြေ၀ါသဲဝန်း (တောခြောက်မြေ)
စိုက်ပျိုးရန်မသင့်သောမြေ
|
၇၃၆
၃၀၅၁
၂၂၄၁
၅၅
၂၀၃
၄၂
၅၅၅
၅၈၈
၉၉၇၁
၈၄၆၃
၂၄၄
၁၀၈၅
၂၄၆၁
၂၅၉၆
၄၁၃၀
၆၂၈၇
၁၃၇၀
၂၉၀
၂၄၁
၄၆
၄၈၂
၂၁၈၈
၁၇၈၁
၅၃၀
၁၈၁၂၃
|
၁.၁
၎.၅
၃.၃
ဝ.၁
ဝ.ဝ၃
ဝ.၁
ဝ.၈
ဝ.၉
၁၄.၇
၁၂.၎
ဝ.၄
၁.၆
၃.၆
၃.၈
၆.၈
၉.၃
၂.ဝ
ဝ.၎
ဝ.၎
ဝ.၁
ဝ.၇
၃.၂
၂.၆
ဝ.၈
၂၆.၈
|
ပဲမျိုးစုံ၊ငရုတ်၊ကြက်သွန်၊ဟင်းသီးဟင်းရွက်၊ မြေပဲ၊ စပါး၊ဂျုံ၊ ပြောင်း၊နှမ်း
စပါး၊ပဲမျိုးစုံ၊နှမ်း၊ပြောင်းဖူး၊
ကြံ၊ဟင်းသီးဟင်းရွက်၊မြေပဲ၊ဝါ၊ ဂုန်လျှော်၊
ဆေးရွက်ကြီး
စပါး၊ဟင်းသီးဟင်းရွက်၊ဂုန်လျှော်၊ ကြံ၊ပဲမျိုးစုံ
စပါး၊ငရုတ်၊ပဲမျိုးစုံ၊နှံစားပြောင်း၊ပြောင်းဖူး၊ဝါ
ဓနိတော
ဓနိတော
စပါး၊ဂုန်လျှော်
ရော်ဘာ၊ ဥယျာဉ်ခြံသီးနှံ
ဝါညိုတောမြေ
-၎င်း-
တောင်ယာ၊ဟင်းသီးဟင်းရွက်၊ပြောင်းဖူး၊နှမ်း
သစ်တော
သဘာဝထိန်းတော
တောင်ယာ၊ကော်ဖီ၊ဟင်းသီးဟင်းရွက်၊ မြေပဲ၊ ပြောင်းဖူး၊ပဲမျိုးစုံ
သစ်တော
သစ်တော
စားကျက်
သစ်တော
သစ်တော၊စပါး၊မြေပဲ၊ နှမ်းပဲ
နေကြာ၊ဝါ၊ကြံ၊ငရုပ်
သစ်တော
စပါး၊ငရုပ်၊မြေပဲ၊နှမ်း၊ ပဲမျိုးစုံ၊ကြံ၊နေကြာ၊
ဟင်းသီးဟင်းရွက်
နှမ်း၊မြေပဲ၊ဟင်းသီးဟင်းရွက်၊သစ်တော
|
စုစုပေါင်း
|
၆၇၆၅၉
|
၁၀၀%
|
ဟက်တာ
|
(၄) ရေရှည်တည်တံ့သော ထာဝရ စိုက်ပျိုးရေးအတွက် လိုသောမြေဆီလွှာ၏အခန်းကဏ္ဍ
စိုက်ပျိုးရေးအခြေခံ မြေမှန် ဟူသောဆိုစကားအရ မိမိတို့ စိုက်ပျိုး ထုတ်လုပ်မည့် သီးနှံများအတွက် တစ် ဧက အထွက်နှုန်းတိုးတက် မြင့်မားရေး သည် မြေဆီလွှာအပေါ်တွင် အဓိက မူတည်နေ ကြောင်း ကိုဖော်ပြခြင်းဖြစ်ပါသည်။
အထူးသဖြင့် တိုးတက်ဖွံ့ဖြိုး ပြောင်း လဲလာသော ဒီမိုကရေစီစည်ကြီးနှင့် အတူ နိုင်ငံတော်အတွင်း နေထိုင်ကြသူ လုပ်သားပြည်သူနှင့် တောင်သူလယ်သမားများသည် ပြည်တွင်းရိက္ခာဖူလုံ ရေးအတွက် ထုတ်လုပ်သည့်သီးနှံများ ဈေးကွက် ကောင်းရရှိရေးသည် ဤမြေဆီလွှာက အဓိကအခန်းကဏ္ဍမှ ပါဝင်ပတ်သက်နေသောကြောင့် ယခုကဲ့သို့ စာစောင်ဂျာနယ်ကို ဖတ်ရှုလေ့လာသူ အပေါင်းအား လေးစား စွာဖြင့် ဖိတ်ခေါ်မှုပြုတင်ပြလိုက်ရခြင်းဖြစ်ပါသည်။ နောက်နောင် အခန်းဆက်ဆောင်းပါးများအဖြစ် တိုင်းဒေသကြီး နှင့် ပြည်နယ်ဒေသများရှိ မြေအမျိုး အစားများ၏ ရုပ်ဂုဏ်သတ္တိ၊ ဓါတ်ဂုဏ်သတ္တိ နှင့် ဇီဝဂုဏ်သတ္တိများအကြောင်း အပါအဝင် မြေနှင့်သီးနှံ စပ်ဟပ်မှု၊ သီးနှံပုံစံ၏အကျိုးကျေးဇူး၊ မြေဆီလွှာလက်တွေ့အသုံးချနည်းများကို ဆက်လက်ဖော်ပြ ရန်စီစဉ် ထားပါသည်။
ထင်အောင်ရှိန်(စိုက်ပျိုးရေး)