Popular Posts!

Thursday, October 3, 2013

Miss Myanmar University 2013 Final!



၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပ ပြုလုပ်မည့် မယ်စကြာဝဠာ Miss Universe ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်နိုင် ရန်အတွက် မယ်စကြာဝဠာမြန်မာ Miss Universe Myanmar ပြိုင်ပွဲအတွက် Hello Madam Media Group မှ ကြီးမှူးကျင်းပ ပြုလုပ်သွားမည် ဖြစ်ပါသည်။
၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလတွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ ကျင်းပသည့် Miss Universe ၂၀၁၃ ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်မည့် Miss Myanmar အား  Hello Madam Media Group မှ အောက်တိုဘာ (၃)ရက်နေ့တွင် ပြိုင်ပွဲကျင်းပ၍ ရွေးချယ်စေလွှတ် ယှဉ်ပြိုင်သွားမည် ဖြစ်ပါသည်။
Hello Madam Media ၏ Managing Director ဒေါ်စိုးယုဝေ အနေဖြင့် Miss Universe ၂၀၁၃ ပြိုင်ပွဲသို့ စေလွှတ်ယှဉ်ပြိုင်နိုင်ရန် Miss Universe Organization ၏ မြန်မာနိုင်ငံ National Director အဖြစ် စီစဉ်ကျင်းပခွင့် ရရှိထားခြင်း ဖြစ်ပါသည်။ ပထမတွင် အချိန် မလုံလောက်မှုကြောင့် ၂၀၁၄ ခုနှစ်ရောက်မှသာ စေလွှတ်ယှဉ်ပြိုင်ရန် စီစဉ်ထားသော်လည်း Miss Universe Organization နှင့် တွေ့ဆုံချိန်တွင် ၄င်းတို့၏ လိုလိုလားလား ဖိတ်ခေါ် တောင်းဆိုချက်အရ ၂၀၁၃ ခုနှစ်တွင် မဖြစ်မနေ ယှဉ်ပြိုင်ရန် ရုတ်တရက်စီစဉ်ရခြင်း ဖြစ်ပါသည်။

ပြိုင်ပွဲဝင်သည် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အသက် (၁၈) နှစ်ပြည့်ပြီးသူဖြစ်ရမည့် အပြင် အသက် (၂၇) နှစ်ထက် မကြီးသူဖြစ်ရပါမည်။ ပြိုင်ပွဲဝင်သည် အရပ် ၅ပေ ၆လက်မနှင့် အထက် ရှိရပါမည်။ Hello Madam Media Group မှ ချီးမြှင့်မည့် ဆုကြေးငွေများမှာ Miss Universe Myanmar Title ဆုအတွက် သိန်း(၁၀၀) နှင့် Honda Fit ကား (၁) စီး၊ First Runner Up အတွက် သိန်း(၅၀)၊ Second Runner Up အတွက် (25) သိန်း၊ ဆန်ကာတင် (၁၅) ဦးအတွက် (၃) သိန်းစီ ချီးမြှင့်ပေးသွားမည်ဖြစ်ပါသည်။
စက်တင်ဘာ (၁၂) ရက်နေ့တွင် လူတွေ့ စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ပါသည်။ ၂၆.၉.၂၀၁၃ မှ ၃၀.၁၀.၂၀၁၃ ထိ ပဏာမ ရွေးချယ်ခံရသော Miss Myanmar များအား လူမှုရေးလှည့်လည်ဆောက်ရွက်ခြင်းများ ပြုလုပ်ပါမည်။ ၁.၁၀.၂၀၁၃ မှ ၂.၁၀.၂၀၁၃ ထိ ပြိုင်ပွဲဝင် အစမ်းလေ့ကျင့်မည် ဖြစ်ပြီး ၃.၁၀.၂၀၁၃ ရက်နေ့တွင် ပြိုင်ပွဲအား အမျိုးသားကဇာတ်ရုံ၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ ရုရှားနိုင်ငံ မော်စကို မြို့၌ Miss Universe 2013 ပြုင်ပွဲကို ၁၇.၁၀.၂၀၁၃ မှ ၉.၁၁.၂၀၁၃ ထိသွားရောက် ယှဉ်ပြိုင်မည် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ၁၉၅၉ ခုနှစ်တွင် မယ်မြန်မာ၊ ၁၉၆၀ ခုနှစ် မယ်မြန်မာ နှင့် ၁၉၆၁ ခုနှစ်တွင် မယ်မြန်မာ တို့မှ Miss Universe ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့ကြပြီးနောက်ပိုင်း နှစ်ပေါင်း ၅၀ ကျော်အကြာတွင် ယခုကဲ့သို့ ပြန်လည် ၀င်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ပါသည်။
Miss Universe Myanmar ပြိုင်ပွဲကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ နိုင်ငံတကာ စံချိန်စံညွန်းများနှင့် ကိုက်ညီသော မြန်မာနိုင်ငံ ကိုယ်စားပြု Miss Myanmar ပေါ်ထွက်လာစေရန်၊ နှစ်ပေါင်း (၅၀) ကျော်ကြာ မယှဉ်ပြိုင်ခဲ့သော မယ်စကြာ ၀ဠာပြိုင်ပွဲသို့ ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်၊ မြန်မာ အမျိုးသမီး များ ကိုယ်ကာယလှပ ကြံ့ခိုင်မှု အားကစားနည်းကို ပိုမိုစိတ်ဝင်စားလာစေရန်၊ အတွေ့အကြုံဗဟုသုတများ ကြွယ်ဝသည့် ထက်မြက်သောနိုင်ငံ ဂုဏ်ဆောင် အမျိုးသမီးများ ပေါ်ထွက်လာစေရန်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု နှင့် လှပသော သဘာဝ ပတ်ဝန်းကျင်အနေအထားကို နိုင်ငံတကာမှ သိပြုမိစေရန်၊ နိုင်ငံတကာ နှင့် အပြန်အလှန်ထိတွေ့ ဆက်ဆံမှုများ ပိုမိုရရှိစေရန် ရည်ရွယ်ပါသည်။
Miss Universe ပြိုင်ပွဲသို့ စေလွှတ်မည့် Miss Myanmar ပြိုင်ပွဲဝင် လျှောက်လွှာများကို Hello Madam Media Group ရုံးခန်းနှင့် www.missmyanmaruniverse.org တို့တွင် Download  ပြုလုပ်၍ လျှောက်ထား နိုင်မည်ဖြစ်ပါသည်။ သြဂုတ်လကုန်ပိုင်းတွင် လျှောက်လွှာများကို အပြီးသတ် စိစစ်သွားမည် ဖြစ်ပြီး စက်တင် ဘာလဆန်းပိုင်းတွင် လူတွေ့ စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ပါသည်။ ပြိုင်ပွဲကျင်းပမည့် အချိန်၊ ထုတ်လွှင့် ပြသမည့် ရုပ်သံလိုင်းတို့အား Hello Madam Media Group မှ အချိန်နှင့် တပြေးညီ ထုတ်ပြန်ကြေငြာသွားမည် ဖြစ်ပါသည်။လျှောက်လွှာများကို သြဂုတ်လကုန်တွင် တိုက် (အေ-၃-၁)၊ အခန်း (၇၀၃)၊ (၇)လွှာ၊ မြန်မာ့ဂုဏ်ရည်အိမ်ရာ၊ အထက်ပန်းဆိုးတန်းလမ်း၊ မင်္ဂလာတောင်ညွှန့် မြို့နယ်၊ ရန်ကုန်မြို့သို့ နောက်ဆုံးထား၍ ပေးပို့သွားရမည် ဖြစ်ပါသည်။ အသေးစိတ်အချက်အလက်များအား သိရှိ လိုပါက ဖုန်း- ၀၉ ၈၆၃၃၅၀၀၊ ၀၉ ၈၆၀၁၈၅၄၊ ၀၁ ၃၉၂၀၉၉ တို့တွင် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။



ပြိုင်ပွဲဝင် မယ်လေးတွေအားလုံးရင်ခုံနေကပါတယ်တဲ့လေ….

TV လိုင်းက မကြည်လင်တာတော့ ဘယ်လိုမှ ကြည့်လို့မကောင်းပါဘူး…
သူမတို့တတွေရဲ့လှပမှု  ရေကူးဝတ်စုံတွေနှင့် ပထမဆုံးဖြစ်လို့လားမသိဘူး

Top 10 က ခါးနံပတ် ၁၊ ၄၊ ၉ ၊ ၁၀၊ ၁၁၊ ၁၃၊ ၁၅၊ ၁၆၊ ၁၉၊ ၂၀

ဆုတွေရတဲ့သူတွေ က ခါးနံပတ်  ၄ အေးချမ်းမိုး  - Photo genic
                                         ၅   မီချယ်      - Miss environment
                                       ၁၀  မေချစ့်ပုံ    - Beautiful smile 
                                       ၁၅ မြတ်နှင်းဖြူ  - Healthy body beautiful skin
                                       ၁၆  မိုးစက်ဝိုင်း  - Healthy Skin and Miss Famous 


Top 5   က ခါးနံပတ် ၄၊ ၁၀၊ ၁၅၊ ၁၆၊ ၁၉ ကရရှိပါတယ်…ဘယ်သူတွေလဲဆို ? အောက်ပါပုံတွေမှာကြည့်လိုက်ပါ….

ပဉ္စမဆုကို ခါးနံပတ်      - ၁၀  မေချစ်ပုံ

စတုတ္ထဆုကို ခါးနံပတ်   - ၁၉   နှင်းယမုံဦး

တတိယဆုကို ခါးနံပတ် - ၁ ၅  မြတ်နှင်းဖြ

ဒုတိယဆုကို ခါးနံပတ်   - ၄  အေးချမ်းမိုး

ပထမဆုကို ခါးနံပတ်   - ၁၆  မိုးစက်ဝိုင်း တို့မှ ရရှိသွားသည်။            



နောက်ဆုံး Miss University 2013 ဆုရတဲ့သူကတော့ နာမည်ကြီးနေတဲ့ ခါးနံပတ် ၁၆ မေစက်ဝိုင်း ဘဲဖြစ်ပါတယ်...


Live streaming video by Ustream
Poe Kyar Phyu
798
Shwe Thun Eain
1713
Hla Myat Thu
1282
Aye Chan Moe
2233
Michelle
1584
One Thiri Phyo
397
Khin Khin Htay
168
Yu Thitsar Ko
591
Emerald Nyein
1052
May Chit Pone
3616
Thet Htar
1233
Khin Myat Noe Oo
1157
Kyi Pyar
19481
Yoon Me
467
Myat Hnin Phyu
3432
Moe Set Wine
30851
Khin Eain Si
640
Nan Mwe Hom
654
Hnin Yamone Oo
1266
Ngwe Hnin Hmone
639
Miss Universe Myanmar website voting များကို 2013 စက်တင်ဘာ 17 ရက် မှ 2013 အောက်တိုဘာ 3ရက် ညနေ 5နာရီ အထိ ကောက်ယူခဲ့ပါသည်။ 2013 အောက်တိုဘာ 3ရက် ညနေ 5:30pm တွင် Website voting result များကို Miss Universe Myanmar website နှင့် Facebook များတွင် ကြော်ငြာပေးသွားမည်ဖြစ်ပါသည်။ ထို့ကြောင့် 5:00pm ကျော်မှပေးသော voting များကို ကောက်ယူမည်မဟုတ်ပါ..





No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!