ဖန်ခွက်နှင့် ပြဿနာ
စာသင်ခန်း တစ်ခုထဲကို ဆရာဝင်လာပါတယ်။ ယင်းနောက် ကျောင်းသား များ ရှေ့မှာ ဖန်ခွက်ထဲ ရေဖြည်လို့ ကိုင်မြောက်ပြီး ယခုလို စကားဆိုပါတယ်။
တပည့်တို..။ ဒီဖန်ခွက်ကို ဆရာ ကိုင်မြောက်ပြီး ၁ မိနစ်တိတိနေမယ်။ အထဲမှာ ရေဘာဖြစ်သွားမလဲ "
ကျောင်းသားများ -- ဘာမှ ဖြစ်မသွားပါဘူး ဆရာ
ဆရာ ---- အင်း ဟုတ်ပြီ။ ဒါဆို ဒီရေဖြည့်ထားတဲ့ ခွက်ကိုပဲ ၁၅ မိနစ်တိတိ မြောက်ထားမယ်။ ရေဘာဖြစ်သွားမလဲ
ကျောင်းသားများ - ဘာမှ ဖြစ်မသွားပါဘူး ဆရာ
"ဆရာ့လက် အညောင်းမိမှာတော့  အသေအချာပါပဲ" လို့ ကျောင်းသား တစ်ဦးက ဖြေတော့ အားလုံး ပြုံးစိစိနဲ့ ရယ်ပါတယ်။
ဆရာ - ဒါဆို ၂၄ နာရီလုံး မြောက်ထားမယ်ကွာ ။ ဘာဖြစ်သွားမလဲ
" အညောင်းမိလို့ ဘာမှ မလုပ်နိုင်တဲ့ ဆရာ့လက်ကို ဆေးရုံပို့ကုရတော့မှာ အမှန်ပါပဲ" လို့ ဖြေတော့ အားလုံး ဝိုင်းရယ်ကြပါတယ်။
ဒါနဲ့ ဆရာက အောက်ပါ စကားလေး ဆိုပါတယ်။
"အင်း ဖန်ခွက်ထဲက ရေက ဘယ်အခြေအနေရောက် ရောက် မပြောင်းဘူး။ မြောက်ထားတဲ့ လက်ကပဲ အချိန်ကြာသလောက် ညောင်း သွားပါတယ်။ လက်ညောင်းအောင် လုပ်တာကလည်း ဘယ်သူမှ မဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင် ပါပဲ။
ဒီလိုပါပဲ။ လူတွေဟာ ဘဝမှာ အခက်အခဲ ကိုယ်စီ၊ ပြဿနာကိုယ်စီ ရှိနေကြ ပါတယ်။ ဒီ အခက်အခဲ၊ ပြဿနာများကို ကြုံတွေ့ရတဲ့အခါ အမြဲ ပင့်မထား၊ မြောက်မထားမိစေပါနဲ့။ ဒါတွေကို ပင့်ထားလေလေ၊ မြောက် ထားလေလေ၊ ခေါင်းထဲ အမြဲထည့်ထားလေလေ ကိုယ့်အတွက် မကောင်းလေပါပဲ။ အခက်အခဲတွေကို သူ့အချိန်နဲ့သူပဲ စဉ်းစားပါ၊ ဖြေရှင်းပါ၊ ကျန်တဲ့အချိန်မှာ ဘဝကို ပုံမှန် ဖြတ်သန်းနေကျ အတိုင်း ဖြတ်သန်းနိုင် ပါတယ်။ စိတ်ဆင်းရဲစရာများကို အမြဲလွယ်ထားနေစရာ မလိုပါဘူး။ စိုးရိမ်စိတ်ကို ဖယ်ထားလို့ ဘဝကို အကောင်းဆုံး လျှောက်လှမ်းနို င်ပါစေ တပည့်တို့"
Ref: seeknow
အခြားတစ်ဖက်ကို ကြည့်ပါ
အဖေဖြစ်သူ စာဖတ်တိုင်း သမီးက အမြဲ နှောင့်ယှက်ပါတယ
"သမီး.. ဒါလေယူပြီး အခန်းထဲမှာ သွားဆက်ချေ။ ဆက်လို့ပြီး ရင် ဖေဖေ့ဆီ ပြန်လာခဲ့နော" လို့မှာလိုက်ပါတ
မကြာပါဘူး။ အဖေဖြစ်သူက သတင်းစာရဲ့  ပထမစာမျက်နှာမှာ
အံ့သြစွာနဲ့ပဲ ဘာလို့စောစောပြီ
"မြေပုံနောက်ကျေ
--------
--------
-------
သင်ခန်းစာ
ဘဝရဲ့  ကိုယ်တွေ့ကြုံရတ
>အောင်ခမ်း ( work.com.mm )
No comments:
Post a Comment