Popular Posts!

Friday, November 28, 2014

ရှယ်ယာအရောင်းအဝယ်ကြားခံပွဲစားလုပ်လိုသည့်လုပ်ငန်းရှင်များ လိုင်စင်လျှောက်ရမည်


ဂျပန်နိုင်ငံစကော့ဈေးကွက်ပြ ကိန်းဂဏန်းများ(Yoshikazu Tsuno/AFP)
စတော့အိတ်ချိန်းဈေး ကွက် ရှယ်ယာအရောင်း အဝယ် တွင် ကြားခံပွဲစားလုပ်လိုသည့် လုပ်ငန်းရှင် များ လုပ်ငန်းလိုင်စင် လျှောက်ထားနိုင်မည်ဖြစ် ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန် ကြီး ဒေါက်တာမောင်မောင်သိမ်း က ပြောသည်။
 လိုင်စင်ချထားရန် စံနှုန်း သတ်မှတ်ချက်များကို စတော့ အိတ်ချိန်းဈေးကွက်ကြီးကြပ်ရေး အဖွဲ့က သတ်မှတ်ခဲ့ပြီးဖြစ်သည်။
ယင်းသတ်မှတ်ချက်များကို ယခုလကုန်ပိုင်းတွင် သက်ဆိုင်ရာ ဌာနများထံ  တင်ပြအတည်ပြု ချက်  ရယူသွားမည်ဖြစ်ကြောင်း သိရသည်။
‘‘ကြားခံပွဲစား ကုမ္ပဏီလိုင် စင်လျှောက်ထားနိုင်ပြီ။ အသင့် ပြင်ထားလို့ရပြီဆိုတာ ကြေညာ ချက်ထုတ်မယ်။ အဲဒီလိုလုပ်ဖို့ ဘယ်လိုအချက်တွေလိုမယ်ဆို တာပါ  ကြေညာပေးသွားမှာပါ’’ဟု ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။
လာမည့် ဇန်နဝါရီ၊ ဖေဖော် ဝါရီလများတွင် ရွေးချယ်ခံရသည့် ကုမ္ပဏီစာရင်းကို ကြေညာချက် ထုတ်ပေးသွားမည်ဟုဆိုသည်။

စတော့ဈေးကွက်ကြီးကြပ် ရေးအဖွဲ့ဖြစ်သော SECM က သတ်မှတ်ချက်များကို ပြင်ဆင်ပြီး ဖြစ်သော်လည်း သက်ဆိုင်ရာဌာန ၏ အတည်ပြုချက်များမရရှိသေး ကြောင်း ၎င်းက ဆိုသည်။

 လက်ရှိတွင် မြန်မာနိုင်ငံ၌ တည်ငြိမ်သော စတော့ရှယ်ယာ ဈေးကွက်တည်ထောင်ရန် ငွေ ကြေးဆိုင်ရာသက်သေခံလက် မှတ်လဲလှယ်ရောင်းဝယ်ရေးနည်း ဥပဒေကို အချက်ပေါင်း ၂၁၃ ခု ထည့်သွင်းရေးဆွဲပြီး သက်ဆိုင် ရာဌာနများသို့ တင်ပြထားခြင်း ဖြစ်သည်။
 ငွေကြေးဆိုင်ရာ သက်သေ ခံသတ်မှတ်လဲလှယ်ရောင်းဝယ် ရေးဥပဒေတွင်  အချက်ပေါင်း ၇၁ ချက်သာ ပြဋ္ဌာန်းထားပြီး ငွေ ကြေးဆိုင်ရာ  ကိစ္စရပ်ဖြစ်ခြင်း ကြောင့် နည်းဥပဒေတွင် အချက် များစွာထည့်သွင်းထားရခြင်းဖြစ် သည်ဟု ဒေါက်တာမောင်မောင် သိမ်းက ဆက်လက်ရှင်းပြသည်။
ယင်းကုမ္ပဏီများကို ၂၀၁၅ နှစ်ဆန်းပိုင်းတွင် ချထားရန်စီစဉ်ရ ခြင်းမှာ လုပ်ငန်းဆိုင်ရာပြင်ဆင် ချိန်ရရန်ဖြစ်သည်။
၂၀၁၅  နှစ်ကုန်ပိုင်းတွင် စတင်မည့်စတော့အိတ်ချိန်း ထူထောင်ရန် မြန်မာနိုင်ငံစီးပွားရေးဘဏ်၊ ဂျပန်ဘက်မှ ဒိုင်ဝါအင်စတီကျူ့ဒ်နှင့် ဂျပန်စတော့ အိတ်ချိန်းတို့ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်သည်။
Ref:7daydailynews

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!