Popular Posts!

Saturday, January 24, 2015

တစ်ပတ်အတွင်း အရောင်းအ၀ယ်ဖြစ်ခဲ့တဲ့ အိမ်ခြံမြေဈေးနှုန်းများ


တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သော အိမ်ခြံမြေအငှားဈေးကွက် အခြေအနေ

The Kumudra | 22 January 2015
တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သော အိမ်ခြံမြေအငှားဈေးကွက် အခြေအနေ
                                  
တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သော အိမ်ခြံမြေအငှားဈေးကွက် အခြေအနေ
စဉ်  လိပ်စာ    အကျယ်အ၀န်း     အမျိုးအစား  ဈေးနှုန်း(ကျပ်)
၁။  ရန်ကင်းမြို့နယ် ဆရာစံလမ်း     ၁၂၀၀ စတုရန်းပေ ပထမထပ်  ဒေါ်လာ ၂၃၀၀
၂။  မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူလမ်းကျဉ်း  ၃၅ပေ×ပေ၁၀၀မြေညီထပ်  သိန်း ၄၀
၃။  သင်္ဃန်းကျွန်း မေခအိမ်ယာ     ပေ၅၀×ပေ၆၀2RC  ၂၃ သိန်း
၎။  တောင်ဥက္ကလာပမြို့နယ် ကောလိယ(၂၂)လမ်း  ပေ၂၀×ပေ၆၀2RC  ၃၅၀,၀၀၀
၅။  မြောက်ဒဂုံ(၃၄) ရပ်ကွက်  ပေ၄၀×ပေ၆၀လုံးချင်း  ၆၀၀,၀၀၀
၆။  တောင်ဒဂုံစက်မှုဇုန်(၂)  ပေ၁၀၀×ပေ၁၀၀ဂိုဒေါင်  ၉၅၀,၀၀၀
၇။  လှိုင်သာယာစက်မှုဇုန်     ပေ၁၀၀×ပေ၁၀၀မြေအငှား  ၁၅သိန်း
၈။  ဗဟန်းမြို့နယ် သံလွင်လမ်း  ပေ၁၂၀×ပေ၁၀၀2RC  သိန်း ၈၀
၉။  ဒဂုံမြို့နယ် န၀ဒေးကွန်ဒို  ၂၅ပေ×ပေ၅၀တတိယထပ်  ၁၀ သိန်း
၁၀။  လမ်းမတော်မြို့နယ် (၁၅)လမ်း     ၂၅ပေ×ပေ၅၀တတိယထပ်  ၇၅၀,၀၀၀
၁၁။  ကြည့်မြင်တိုင် အောက်လမ်း  ၁၅ပေ×ပေ၅၀ငါးလွှာ  ၂၀၀,၀၀၀
၁၂။  မြောက်ဥက္ကလာ သံသုမာလမ်း  ၁၂ပေ×ပေ၅၀တတိယထပ်  ၂၅၀,၀၀၀
၁၃။  ရွှေပြည်သာမြို့နယ် ရွှေပြည်သာစက်မှုဇုန်  ၁၄၀၀၀ စတုရန်းပေ   ဂိုဒေါင်  သိန်း ၃၀
၁၄။  ရွှေပြည်သာမြို့နယ် ဇုန်(၁)  ၈၁၀၀ စတုရန်းပေ   ဂိုဒေါင်  ၂၅ သိန်း
၁၅။  အင်းစိန်မြို့နယ် မင်္ဂလာလမ်း  ၂၈၀၀ စတုရန်းပေ2RC  ၅၀၀,၀၀၀
၁၆။  အင်းစိန်မြို့နယ် မဟာသုခိတာလမ်း  ၁၀၀၀ စတုရန်းပေ2RC  ၆၀၀,၀၀၀


Ref : The Kumudr


The Kumudra | 16 January 2015


တစ်ပတ်အတွင်း အရောင်းအ၀ယ်ဖြစ်ခဲ့တဲ့ အိမ်ခြံမြေဈေးနှုန်းများ
တစ်ပတ်အတွင်း အရောင်းအ၀ယ်ဖြစ်ခဲ့တဲ့ အိမ်ခြံမြေဈေးနှုန်းများ
  စဉ်  မြို့နယ်    အမျိုးအစား  အကျယ်အ၀န်း      တန်ဖိုး(ကျပ်)
၁။   ဒဂုံအရှေ့(၁၅၅) ရပ်ကွက်  ပါမစ်  ပေ၂၀×ပေ၆၀     ၁၀၅ သိန်း
၂။   တောင်ဒဂုံ(၅၃) ရပ်ကွက်  ပါမစ်  ပေ၄၀×ပေ၆၀  သိန်း ၃၄၀
၃။  မြောက်ဒဂုံ(၃၂)ရပ်ကွက်  ဂရန်  ပေ၄၀×ပေ၆၀  သိန်း ၂၂၅၀
၎။  ဒဂုံဆိပ်ကမ်း(၆၉)ရပ်ကွက်  ပါမစ်  ပေ၈၀×ပေ၆၀  သိန်း ၄၅၀
၅။  ဒဂုံအရှေ့(၁၂၇)ရပ်ကွက်  ပါမစ်  ပေ၄၀×ပေ၆၀  သိန်း ၂၀၀
၆။  ရွှေပြည်သာ(၁၄)ရပ်ကွက်  ပါမစ်  ပေ၂၀×ပေ၆၀  သိန်း ၂၀၀
၇။  မရမ်းကုန်း(၅)ရပ်ကွက်  သုံးထပ်     ၁၂ပေခွဲ×ပေ၅၀  သိန်း ၃၅၀
၈။  သန်လျင်အောင်ချမ်းသာ(၃)ရပ်ကွက်  တိုက်လုံးချင်း  ပေ၄၀×ပေ၆၀  ၇၂၅ သိန်း
၉။  မြောက်ဒဂုံ(၃၉)ရပ်ကွက်  ဂရန်  ပေ၄၀×ပေ၆၀  သိန်း ၁၆၅၀
၁၀။  ဒေါပုံ     ဒုတိယထပ်ကြိုပွိုင့်     ၁၁ပေခွဲ×ပေ၅၀  သိန်း ၃၀၀
၁၁။   ကမာရွတ်(ဆင်ရေတွင်း)  ပထမထပ်     ၁၆ပေ×၄၅ပေ  သိန်း ၆၈၀
၁၂။  တောင်ဥက္ကလာ(၄)ရပ်ကွက်  တိုက်ပါ     ၂၃ပေ×ပေ၆၀  သိန်း ၂၃၀၀
၁၃။  တောင်ဒဂုံ(၂၆)ရပ်ကွက်  ပါမစ်  ပေ၄၀×ပေ၆၀  သိန်း ၁၃၀
၁၄။  မင်္ဂလာတောင်ညွန့် ပုသိမ်ညွန့်ရပ်ကွက်  ပထမထပ်     ၁၂ပေ×၅၄ပေ  သိန်း ၅၀၀
၁၅။  ဒဂုံအရှေ့(၁၃)ရပ်ကွက်     ပါမစ်  ပေ၄၀×ပေ၆၀ပေ  သိန်း ၇၀၀
၁၆။  ကြည့်မြင်တိုင် ကမ်းနားလမ်း     ခုနစ်လွှာ     ၂၇ပေ×၄၅ပေ  သိန်း ၆၂၀


Ref : The Kumudra

၂၀၁၅ ခုနှစ် အိမ်ခြံမြေအရောင်းအ၀ယ် ဘယ်လို ဆက်ဖြစ်မလဲ

Myanmar Times | 19 January 2015




၂၀၁၅ ခုနှစ် အိမ်ခြံမြေအရောင်းအ၀ယ် ဘယ်လို ဆက်ဖြစ်မလဲ မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်း များနှင့်အတူ စီးပွားရေးဇုန်များ ဖော်ထုတ် လာခြင်း၊နိုင်ငံတကာနှင့် ပူးပေါင်းကာ အခြေခံ အဆောက်အအုံ များ မြှင့်တင်ရန်ပြင်ဆင်ခြင်းနှင့် စီးပွား ရေး အရအကျိုးတူ ပူးပေါင်းဆောင်ရွက်လာခြင်းများက ပြီးခဲ့သည့်   နှစ်အနည်းငယ်အတွင်း ပြည်တွင်းအိမ်ခြံမြေဈေးကွက်ကို သိသာစွာလှုပ်ခတ်ခဲ့သည်။

၂၀၁၂ နှင့် ၂၀၁၃ ခုနှစ်များတွင် ရန်ကုန် မြို့၏ အိမ်ခြံမြေဈေးကွက်သည် မြေအရောင်း အ၀ယ်၊မြေငှားရမ်းမှု၊ အခန်းငှားရမ်းမှုများ၊ စက်မှုဇုန်မြေနှင့်  အခြားလူနေထိုင်သည့် မြေ နေရာများကိုစီးပွားဖြစ် ၀ယ်ယူရင်းနှီးမြှုပ်နှံ မှုများ ပြုလုပ်လာခြင်းကြောင့် အိမ်ခြံမြေ ဈေးကွက်မှာ အကျိုးအမြတ်များသည့် စီးပွား ရေး လုပ်ငန်းတစ်ခုသဖွယ် ဖြစ်လာခဲ့သည်။ ၂၀၁၄ ခုနှစ်တွင်မူ အထပ်မြင့်ကွန်ဒိုနှင့် အဆင့်မြင့်အိမ်ရာများ တည်ဆောက်ကြသည့်ဘက်တွင် ရင်းနှီးမြှုပ်နှံမှုပိုများလာခြင်း ကြောင့်အိမ်ခြံမြေ အရောင်းအ၀ယ်မှာ ငြိမ်သက်လာခဲ့သည်။ အိမ်ခြံမြေ လုပ်ငန်းလုပ်ကိုင်သူများက ရန်ကုန်မြို့၏ အိမ်ခြံမြေ ဈေးကွက်သည် ယခု နှစ်၌ ၅၀ ရာခိုင်နှုန်းခန့် လျော့သွားခဲ့ပြီး လက်ရှိ အခြေ
အနေအရ ဈေးကွက်ကို စောင့်ကြည့်လေ့လာနေသည့် အနအထားဖြစ်ကြောင်း မြန်မာတိုင်း(မ်)ကိုပြောသည်။


"၂၀၁၄ ခုနှစ်ကတော့ အိမ်ခြံမြေဈေးကွက် က ထက်ဝက်လောက်ကို အေးသွားတယ်။ အရောင်းအ၀ယ်တွေလဲ တော်တော်ငြိမ်ကုန် တယ်။ ဒီနှစ်ထဲမှာ အပြောင်းအလဲတွေက လည်းများတော့အားလုံးက ဈေးကွက်အခြေ အနေတွေကို စောင့်ကြည့်လာတဲ့အနေအထား ပဲ ဖြစ်နေတယ်။   နှစ်ကုန်ပိုင်းရောက်လေ ဈေးကွက်ကအေးလေပဲ" ဟု ဏ့သနညငထ အိမ်ခြံ မြေ အကျိုးဆောင်လုပ်ငန်းက ကိုထွန်းထွန်း က ပြောသည်။ ၂၀၁၄ ခုနှစ် နှစ်စပိုင်းတွင် ၂၀၁၃ ခုနှစ်၏ အိမ်ခြံမြေဈေးကွက်ကောင်းသည့် အရှိန်ဖြင့် ဖွံ့ဖြိုးစ မြို့စွန်ဒေသများ၊ စီးပွားရေးဇုန်များနှင့် စက်မှုဇုန်များ၊ အစိုးရစီမံကိန်းများလုပ်ဆောင် ရန် လျာထားသည့်နေရာများတွင် အိမ်ခြံမြေ ဈေးကွက် အခြေအနေကောင်းခဲ့ပြီးနှစ်လယ်ပိုင်းမှ    စတင်၍ ဈေးကွက်မှာ ရောင်းလိုသူများ သာရှိခဲ့ပြီး ၀ယ်လက်များ လျော့နည်းလာကြောင်း ၎င်းကပြောသည်။

  မြေအရောင်းအ၀ယ် လုပ်ကိုင်မှုများ နည်းလားခြင်းနှင့်အတူ ဆောက်လုပ်ရေးလုပ်ငန်းများ ပိုမိုတိုးတက်လာခြင်းသည် ရန်ကုန်မြို့၏ အိမ်မြေ ရင်းနှီးမြှုပ်နှံမှုပိုင်းကို အားနည်းစေခဲ့သော်လည်း အိမ်မြေဈေးနှုန်း မြင့်တက်ခြင်းမှာမူ ကျဆင်းသွားခြင်းမရှိပေ။

 ထို့ပြင် ၂၀၁၄ ခုနှစ်၊ ဩဂုတ်လတွင် အကောင်အထည်ဖော်ရန် ကြေညာခဲ့သည့် မသေချာသည့်မြို့သစ်စီမံကိန်းကြောင့် လည်း အိမ်ခြံမြေဈေးကွက်ကို ရိုက်ခတ်ခဲ့ပြီး အိမ်ခြံမြေ အရောင်းအ၀ယ်လုပ်ကိုင်သူများ လည်း အကျပ်ရိုက်ခဲ့ရသည်။ ထို့ပြင် ယခုနှစ်၏ အောက်တိုဘာလတွင် အခွန်ဆောင်ရန် တစ်ပေပတ်လည်မြေစံနှုန်း သတ်မှတ်ခြင်း၌ မြေစံနှုန်းဈေးများ ယခင် နှစ်ထက်မြင့်ခဲ့ပြီး
အခွန်နှုန်း သတ်မှတ်ပြီး သည့်နောက်တွင် အိမ်ခြံမြေဈေးကွက်မှာ ပိုမို ငြိမ်သက်သွားကြောင်းအိမ်ခြံမြေ အကျိုး ဆောင်များက ပြောသည်။


 "ဒီနှစ်က အခွန်စည်းကြပ်တာများတော့ ဈေးကွက်ကအေးသွားတယ်။ ၀ယ်ရောင်းသမားတွေကလည်း အခွန်ဆောင်ဖို့ အဆင် မပြေတော့ ၀ယ်ရောင်းသိပ်မလုပ်တော့ဘဲဈေးကွက်ထဲမှာက ရောင်းမယ့်သူလောက်ပဲ ရှိတော့တယ်။ နောက်ပြီး ဒီနှစ်က ကွန်ဒိုတွေ၊ တိုက်ခန်းတွေဆောက်တာများပြီးဝယ်ရောင်း လုပ်တဲ့သူတွေကလည်း ကန်ထရိုက်ဘက် ကို လှည့်ကုန်တာတွေလည်းရှိတယ်" ဟု
ရွှေကံ မြေ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းက ဦးခင်မောင်အေးက ပြောသည်။


 ထို့ပြင် အခွန်စည်းကြပ်မှုများအပြင် မြေ ဈေးနှုန်းများမှာလည်း လွန်ခဲ့သည့်နှစ်နှစ်အတွင်း ဆက်တိုက်အရှိန်အဟုန်ဖြင့်တက်ခဲ့ခြင်းကြောင့် ယခုနှစ်တွင် မြေဈေးနှုန်း များမှာ အဆမတန်မြင့်မားသည့် အနေအထား များဖြစ်ခဲ့ကာ တက်ဈေးများတွင်သာ ရပ်တန့်  နေပြီး   ပြန်လည်ကျဆင်းမှုများမရှိခြင်းကြောင့် ၀ယ်လိုအားပါ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက သုံးသပ်သည်။

Ref : Myanmar Times

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!