စီးပွားရေးပိတ်ဆို့ထားတာ ကို ရှောင်ကွင်းဖို့အတွက် စင်ကာပူနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ အမေရိကန်ကုမ္ပဏီတချို့ဟာ စင်ကာပူ ကုမ္ပဏီနာမည်နဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံလာကြတဲ့အတွက် ၂ဝ၁၄ ခုနှစ်အတွင်း စင်ကာပူ နိုင်ငံဟာ တရုတ်နိုင်ငံကို ကျော် တက်ပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံဖြစ်လာတယ်လို့ မြန်မာ့ဘဏ္ဍာရေးဌာန ဒုတိယ ဝန် ကြီးတစ်ဦးက ပြောကြား ပါတယ်။
သူက ''တချို့ အမေရိကန်ကုမ္ပဏီတွေဟာ စင်ကာပူနိုင်ငံ မှာ မှတ်ပုံတင်ပြီး စင်ကာပူကုမ္ပဏီ တစ်ခုအနေနဲ့ ကျွန်တော်တို့နိုင်ငံ မှာ လာရောက် ရင်းနှီးမြှုပ်နှံနေကြ ပါတယ်။ ဒါကြောင့် စင်ကာပူဟာ တရုတ်နိုင်ငံကို ကျော်တက်နိုင်တာ ပါ'' လို့ ပြောပါတယ်။ ဒါပေမယ့် သူက အဲဒီကုမ္ပဏီတွေဟာ ဘယ် ကုမ္ပဏီတွေလဲလို့ အတိအကျ နာ မည်နာမနဲ့ ထုတ်ဖော်ပြောကြားဖို့ ငြင်းဆိုခဲ့ပါတယ်။ ၂ဝ၁၂ ခုနှစ်မှာ သမ္မတ အိုဘားမားက ၁၉၉၇ ခုနှစ်နောက်ပိုင်း အမေရိကန် ကုမ္ပဏီတွေကို မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံကြဖို့ ပထမဆုံးအကြိမ်ခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ စစ်အစိုးရနဲ့ ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ဖက်စပ်ပြီး လုပ်ကိုင်ခွင့် ကို တော့ ဆက်လက် ပိတ်ဆို့ ထားရှိ ပါတယ်။ ၂ဝ၁၄ ခုနှစ် မေလအ တွင်းမှာတော့ အမေရိကန်နိုင်ငံရဲ့ အမျိုးသားအရေးပေါ် ဥပဒေအရ ၁၉၉ဝ ပြည့်နှစ်တွေအတွင်း ဒီမိုက ရေစီ လှုပ်ရှားမှုတွေကို ဖိနှိပ်ခဲ့တဲ့ စစ်အစိုးရနဲ့ ဆက်နွယ်နေတဲ့ နာမည်ပျက်စာရင်းဝင် ပုဂ္ဂိုလ်တွေနဲ့ ဖက်စပ်ပြီး စီးပွားရေး မလုပ်ကိုင် ကြဖို့ အမေရိကန်ကုမ္ပဏီတွေကို ဆက်လက် တားမြစ်ခဲ့ပါတယ်။ တရုတ်နဲ့ အိန္ဒိယနိုင်ငံကြားမှာ တည်ရှိတဲ့ မြန်မာနိုင်ငံဟာ စစ်အုပ်ချုပ်ရေးစနစ်ကနေ ဒီမိုကရေစီနိုင်ငံအဖြစ် အသွင်ကူး ပြောင်းနေပြီး ယခု ၂ဝ၁၅ ခုနှစ်မှာ ရွေးကောက်ပွဲတွေ ကျင်းပသွားဖို့ ရှိနေပါတယ်။ လွန်ခဲ့တဲ့ ဒီဇင်ဘာ လအတွင်းက သမ္မတအိုဘားမား ဟာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့အိမ်ကို သွားရောက်လည်ပတ်စဉ် မြန်မာ နိုင်ငံအနေနဲ့ ဒီမိုကရေစီစနစ်ကို ချီ တက်ရာမှာ ပြည့်စုံဖို့ အလှမ်းကွာ ဝေးနေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။ သူကဆက်လက်ပြီး ''ဒါကြောင့်ဘယ်လောက် ခက်ခက် ခဲ ခဲလုပ်ဆောင်ဖို့ လိုအပ်နေသေးတာ တွေ့နိုင်ပြီး ရှေ့မှာ စိန်ခေါ်မှု အများအပြားနဲ့ ကြုံတွေ့နိုင်တယ်'' လို့ ပြောပါတယ်။ အမေရိကန်ဘဏ္ဍရေး ဌာနဟာ အမေရိကန် ရင်းနှီးမြှုပ်နှံသူတွေ ဖက်စပ်လုပ်ကိုင်ခွင့်မရှိတဲ့ မြန်မာကုမ္ပဏီ ရာပေါင်းများစွာရဲ့ အမည်တွေကို ထုတ်ပြန်ထားခဲ့ပါတယ်။ အဲဒီစာရင်းတွေထဲက ပယ်ဖျက်ခဲ့သူတွေထဲမှာ သမ္မတဦးသိန်း စိန်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းတို့ ပါဝင်ခဲ့ပါတယ်။ အဲဒီ နာမည်ပျက်စာရင်းကနေ ပယ်ဖျက်ဖို့ စံနှုန်းတွေကတော့ စစ်အစိုးရရဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ အဆက် အသွယ်ဖြတ်တောက်ပစ်ပြီး စီးပွား ရေးလုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ ပွင့်လင်းမြင်သာရှိဖို့ လိုတယ် လို့ အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါ တယ်။ အမေရိကန်အစိုးရရဲ့ ပိတ်ဆို့အရေးယူမှုကို ဖောက်ဖျက်တဲ့ အမေရိကန် ကုမ္ပဏီတွေကိုလည်း ဒဏ်ငွေအဖြစ် အမေရိကန် ဒေါ်လာ ၂ သိန်းခွဲ ဒါမှမဟုတ် တရားမဝင် ရင်းနှီးမြှုပ်နှံငွေရဲ့ နှစ်ဆကို ပေးဆောင်ရမယ့်အပြင် ထောင်ဒဏ် အနှစ် ၂ဝ လည်း ကျ ခံရမယ်လို့ အမေရိကန်ဘဏ္ဍာရေး ဌာနက ထုတ်ပြန်ထားပါတယ်။ အဲဒီ စီးပွားရေးပိတ်ဆို့မှု ကို ရှောင်ကွင်းဖို့ စင်ကာပူမှာ မှတ် ပုံတင်ထားတဲ့ အမေရိကန်ကုမ္ပဏီ တွေရဲ့ ရင်းနှီးမြှုပ်နှံမှုကြောင့် စင် ကာပူဟာ တရုတ်နိုင်ငံကို ကျော် တက်ပြီး မြန်မာနိုင်ငံမှာ နံပါတ် ၁ ရင်းနှီးမြှုပ်နှံသူ ဖြစ်လာတယ်ဆိုတဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး အမေရိကန်အရာရှိကြီးတစ်ဦးက တော့ မဟုတ်ဘူးလို့ တုံ့ပြန် ငြင်းဆို ခဲ့ပါတယ်။ သူက တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု ကျဆင်းလာတာဟာ မြန်မာအစိုးရရဲ့ နိုင်ငံစုံ ဖြန့်ကျက် ပြီး လာရောက် ရင်းနှီးမြှုပ်နှံဖို့ လို လားတဲ့ ဆန္ဒကြောင့် ဖြစ်တယ်လို့ ထောက်ပြထားပါတယ်။ စင်ကာပူ နိုင်ငံဟာ အမေရိကန်နိုင်ငံနဲ့ တခြားနိုင်ငံတွေက ကုမ္ပဏီတွေ လာရောက် မှတ်ပုံတင်ပြီး လုပ်ကိုင်ဖို့ ဆွဲဆောင်မှုရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ ဘာကြောင့်လို့လဲဆိုတော့ စင်ကာပူနိုင်ငံရဲ့ နိုင်ငံရေး၊ တရား ဥပဒေနဲ့ ဘဏ္ဍာရေးစနစ်တွေက ကောင်းမွန်တည်ငြိမ်လို့ပဲ ဖြစ်တယ် လို့ သူက ထောက်ပြပါတယ်။ ၂ဝ၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ တိုက်ရိုက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဟာ ၂ဝ၁၃ ခုနှစ် ထက် လေးပုံတစ်ပုံ မြင့်တက်လာ ပြီး အမေရိကန်ဒေါ်လာ ၅ ဘီလီ ယံအထိ၊ စံချိန်တင် မြင့်မားလာခဲ့ ပါတယ်။ ၂ဝ၁၅ ခုနှစ်မှာလည်း အဲဒီနှုန်းအတိုင်း တိုးမြင့်လာနိုင် တယ်လို့ ဘဏ္ဍာရေးဌာန ဒုဝန်ကြီးက ခန့်မှန်းထားပါတယ်။ သူက ''နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို စတင် ဖိတ်ခေါ်ခဲ့တဲ့ ၁၉၈၉ ခုနှစ်တုန်း က ဆိုရင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဟာ အမေရိကန်ဒေါ်လာ နှစ်သန်း လောက်ပဲ ရှိခဲ့တယ်'' လို့ ပြောပါ တယ်။ လက်ရှိ မြန်မာနိုင်ငံမှာ အများဆုံး ရင်းနှီးမြှုပ်နှံလာတဲ့လုပ်ငန်းတွေကတော့ တယ်လီဖုန်း ဆက်သွယ်ရေးလုပ်ငန်းနဲ့ ရှေ့ပြေး စက်မှု လုပ်ငန်းတွေ လို့ခေါ်တဲ့ စား သောက်ကုန်လုပ်ငန်းနဲ့ အထည်ချုပ်လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး ရဲ့ ပြောကြားချက်အရ မြန်မာနိုင်ငံဟာ မိမိကုန်ထုတ်လုပ်မှုလုပ်ငန်းတွေရဲ့ အခြေခံစခန်းတွေကို တည် ထောင်သွားဖို့ ကြိုးပမ်းနေ တယ်လို့ ပြောပါတယ်။ အဲဒီလုပ်ငန်းဟာ လောလောဆယ် ဗီယက်နမ်နိုင်ငံရဲ့ ထက်ဝက်လောက်ပဲ ရှိသေးတယ်လို့ သူက ထောက်ပြ ထားပါ တယ်။ ဒါ့အပြင် ပြည်တွင်း ရောင်းချဖို့နဲ့ ပြည်ပတင်ပို့ဖို့ မော် တော်ကားအစိတ်အပိုင်းတွေ တပ် ဆင်ထုတ်လုပ်တဲ့လုပ်ငန်းတွေကို လည်း လုပ်ကိုင်ဖို့ နိုင်ငံ အတော်များများနဲ့ ဆွေးနွေးထားတယ်လို့ ပြောပါတယ်။ သူက ''တခြားနိုင်ငံတွေရဲ့ အတွေ့အကြုံတွေအပေါ် အခြေ ခံပြီး ကျွန်တော်တို့ဟာ ကိုယ် ပိုင်ပုံစံနဲ့ ဆောင်ရွက်သွားမယ်'' လို့ ဆိုပါတယ်။ မက်ကင်းဆေးကုမ္ပဏီရဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ မိမိရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံဖို့အမေရိကန် ဒေါ်လာ ၆၅ဝ ဘီလီယံလိုအပ်ပြီး အဲဒီထဲမှာ နိုင်ငံခြားတိုက်ရိုက်ရင်း နှီးမြှုပ်နှံမှုဟာ အမေရိကန်ဒေါ် လာ ၁၇ဝ ဘီလီယံ ပါဝင်ဖို့ လို တယ်လို့ အကြံပြုထားပါတယ်။ ဂျပန်နိုင်ငံက နစ်ဆန်း မော်တော်ကားကုမ္ပဏီဟာ မြန်မာ နိုင်ငံမှာ ပထမဆုံးမော်တော်ကား ထုတ်လုပ်တဲ့ နိုင်ငံခြားကုမ္ပဏီဖြစ် လာပါ တယ်။ ရန်ကုန်မြို့ရဲ့ မြောက်ဘက် ပဲခူးတိုင်းဒေသကြီးမှာ စက်ရုံ တည်ဆောက်ထားပြီး ယခု ၂ဝ၁၅ ခုနှစ်အတွင်း နစ်ဆန်းကား တွေ ထုတ်လုပ်ဖို့ ရှိပါတယ်။ လွန်ခဲ့တဲ့ အောက်တိုဘာလအတွင်းက လည်း နိုင်ငံခြားငွေချေးဘဏ် ၉ ခု ကို လုပ်ကိုင်ခွင့်ပေးခဲ့ပါတယ်။ ဒီလို နိုင်ငံတကာ ငွေချေးဘဏ်တွေကို ခွင့်ပြုခဲ့တာဟာ နိုင်ငံရဲ့ငွေချေးငှား နိုင်ခွင့်ကို ထောက်ခံမှုရရှိစေပြီး ရင်းနှီးမြှုပ်နှံမှုကို ပိုမိုကောင်းမွန်စေ နိုင်တယ်လို့ သြသိပ ရင်းနှီးမြှုပ်နှံ သူများ ဝန်ဆောင်မှုလုပ်ငန်းက ထောက်ပြထားပါတယ်။ မြန်မာ့ ဘဏ္ဍာရေးဌာန ဒုဝန်ကြီးက ''မြန်မာနိုင်ငံဟာ လာအိုနိုင်ငံလို အစိုးရ ငွေသိုက် ငွေချေးစာချုပ်တွေကို တခြားနိုင်ငံတွေအား ထုတ်ရောင်း ပြီး ငွေချေးမှာ မဟုတ်ဘူး။ ကိုယ်ပိုင် ငွေကြေးရန်ပုံငွေ စီမံကိန်းရှိတဲ့အတွက် တခြားနိုင်ငံ ငွေကြေးဈေး ကွက်ကနေ ရရှိအောင် ဆောင် ရွက်လိုခြင်း မရှိဘူး'' လို့ ပြော ကြောင်းပါ ခင်ဗျား။ ။ မောင်ပုဆိုးကြမ်း Ref : "Us Companies Skirting Myanmar Sanctions Fuel Record Investment" By David Tweed (Bloomberg) (mmbiztoday.com, Nov 27 - Dec 3, 2014.) |
Popular Posts!
-
Do you dare smash your phone with a hammer? If you have this screen protector on, you'd probably won't either but this person did...
-
တရုတ်နှင့်မြန်မာလူကြီးတွေက အနောက်နိုင်ငံကြီးတွေကို နိုင်ငံရေးကစားကွက်လေး တအားလှ ပါတယ်ဗျ..... ဘယ်သူတွေ ဘာဖြစ်ကျန်ခဲ့မလဲတော့ မသိသေးပါဘူး...
-
မိမိရဲ့ဝတ်လ်ဆိုဒ် ဘလော့တန်ဖိုး ဘယ်လောက်တန်နေပြီလဲ ဆိုတာကိုတော့ဝတ်လ်ဒီဇိုင်းနာ၊ ဘလော့ဂါသမားတွေတိုင်း သိချင်ကျမှာပါနော်! ဒါတွေကို တွက်ချက်တဲ့...
-
ဒါက f lash drive s တွေနှင့် Window နှင့် MAC OSတွေကို တွဲသုံးချင်သူတွေတွက်ပါ... Format မတူတာကိုပြထားတာပါ.... NTFS vs FAT vs exFAT ...
-
တိဗက်၏ ကျင့်စဉ်တခုဖြစ်သည့် " တူနှစ်ကိုယ် ကျင့်စဉ် " နှင့်ပက်သက်ပြီး " ဒလိုင် လားမား " အပေါ် ဆန့်ကျင် ကန့်ကွက်မှုမ...
-
ဤစာမျက်နှာတွင် ရေးသားထားသော ဆေးဝါးများအကြောင်းသည်သူနာပြု၊ ဆေးမှူး၊ ဆေးခန်းလက်ထောက်၊ လူထု-ကျန်းမာရေး-လုပ်သားများ အတွက်နှင့် ဆရာဝန်မှဆေးညွှန်းလ...
-
WHY... ....????? မိန်းမတွေ ဘာကြောင့် ဖောက်ပြန်ကြသလဲ? လောကကြီးမှာ အမျိုးသားတွေချည်းပဲ ဖောက်ပြန်တတ...
-
A lover knows only humility, he has no choice. He steals into your alley at night, he has no choice. He longs to kiss every lock of your hai...
Saturday, January 24, 2015
စီးပွားရေး ပိတ်ဆို့မှု ရှောင်ကွင်းရန် အမေရိကန် ကုမ္ပဏီများ စင်ကာပူမှတစ်ဆင့် မြန်မာ နိုင်ငံမှာ ရင်းနှီးမြှုပ်နှံနေသလော၊
Subscribe to:
Post Comments (Atom)
No comments:
Post a Comment