Breast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်များ
(၁) ကျွန်မ အသက် ၂၇ ပြည့်ပြီးပါပြီ။ အိမ်ထောင်ရှိပါတယ်။ ၄ လပိုင်း ၂ဝ၁၄ မှ စပြီး ရင်သားမှာ အကျိတ်တည်လာတာပါ။ စဖြစ်ဖြစ့့် မြို့ ဆးခန်းမှာပြတော့ ကင်ဆာတော့မဟုတ်ဘူး၊ အဆီကျိတ်၊ ချက်ချင်း ခွဲထုတ်ရမယ်ပြောပါတယ်။ ကျွန်မက ခွဲရပြုရမှာ အရမ်းကြောက်ပါတယ်။ ရန်ကုန်မြို့ ဆေးခန်းမှာ ထပ်ပြကြည့်တော့ ခွဲစိတ်ဆရာဝန်က ခွဲစရာမလိုဘူးဆိုပြီး Eposoft သုံးလစာ ဆေးပေးပါတယ်။ သူကတော့ ကလေးယူလိုက်ရင် ကောင်းသွားမယ်လို့ ပြောပါတယ်။ ဒါပေမယ့် အလုပ်နဲ့ ကလေးယူဖို့ အဆင်မပြေသေးပါဘူး။ အခုအကျိတ်က ကြီးလာတယ်လို့ထင်ပါတယ်။ ဘယ်ဘက်ရင်သားမှာပဲ မာမာချွန်ချွန်ရှည်ရှည် အကျိတ် တလုံးရှိနေပါတယ်။ ကျန်တဲ့အကျိတ် သေးသေးလေးတွေကတော့ နဲနဲပါးပါးရှိပါတယ်။ ညာဘက်မှာတော့ အကျိတ်သေးသေးလေး နဲနဲရှိပါတယ်။ ဆက်ကြီးလာမှာလဲကြောက်ပါတယ်။ ခွဲထုတ်ပစ်ရကောင်းမလားလို့ တခါတခါ တွေးမိပါတယ်။ မခွဲပဲနဲ့လဲ ပျောက်ချင်တာကြောင့် ဘယ်လိုလုပ်ရကောင်းမလဲလို့ ဆရာံ့အကြံညဏ်ကို တောင်းခံပါတယ်ရှင့်။
(၂) ဆရာ ကျမနာမည်က့၊ အသက် ၃၁၊ အပျိုပါ၊ ကျမအခု့မှာပါ။ ကျမဘယ်ဖက်နို့ဘေး ချိုင်းအောက်မှာ အလုံးတစ်လုံး ဂေါ်လီလုံးအရွယ်ရှိတယ်။ သုံးနစ်လောက်ကြာပြီ။ အလုံးကမာပြီး ရွေ့လို့ရတယ်၊ ဆရာဝန် တစ်ခါပြဖူတယ်၊ ဘာမှာမဖြစ်ဘူးဆိုပြီး ဒီတိုင်ထားတယ်တယ်။ အခုရာသီလာချိန် နည်းနည်းကိုက်သလိုခံစားရတယ်။ ရင်သားကင်ဆာ ဖြစ်နိင်ပါသလား။ ခွဲစိတ်ဖို့ လိုမလားလို့ဆရာကို လှမ်းမေးကြည့်တာ၊ မျိုးရိုးမှာလဲ ကင်ဆာတော့ မရှိဘူးဆရာ။
(၃) သမီး 18 March က Breast Ultrasound ရိုက်ပြီးပါပြီဆရာ။ Attachment နဲ့ပို့ပေးလိုက်ပါတယ်။ သွားပြန်ပြတော့ အကျိတ်ကသေးတယ်၊ ခွဲစရာမလိုဘူး၊ မစိုးရိမ်ရဘူးပြောပါတယ်။ အမြဲတော့ကိုယ်ဖာသာကို သတိထားပြီးကြည့်၊ တစ်နှစ်တစ်ခါ Ultrasound ပြန်ရိုက်ကြည့်လို့ပဲ ပြောပါတယ်။ ဘာဆေးမှမပေးလိုက်ပါဘူးဆရာ။ ဆေးခန်းပြပြီး တစ်ပတ်လောက်နေတော့ မာမာအမြောင်းလိုလို အလုံးလိုလိုအကျိတ်က သေးလဲမသေးသွားတော့ စိတ်ပြန်ပူလာတယ်၊ စိုးရိမ်စိတ်လဲဖြစ်လာတယ်။ မေးစရာမေးခွန်းနဲ့ သိချင်တာတွေလဲရှိလာလို့ ဆရာ့ကို Email ထပ်ပို့လိုက်ရတာပါ။ ဘာဆေး သောက်ရင်ပျောက်နိုင်လဲ။ စိုးရိမ်ရလားဆရာ။
(၄) ဆရာ သမီးညီမလေးက ရင်သားမှာ အကျိတ်ဖြစ်နေတာကို လွန်ခဲ့တဲ့ ၁ လလောက်က စပြီးစမ်းမိပါတယ်။ ခွဲမယ် ခွဲမယ်နဲ့ မခွဲဖြစ်ပဲနေနေရတုန်းပဲ။ အသက်က ၃၁ နှစ်ပါ အိမ်ထောင် မရှိပါဘူး။
(၅) ဆရာရှင့် ကျွန်မအသက် ၃၅ နှစ်ပါ။ အိမ်ထောင် (ရည်းစား) မရှိပါ။ ညာဘက် nipple အပေါ်တည့်တည့်နားလောက်မှာ မာမာခဲခဲ mass လေးတစ်ခု စမ်းမိသလိုရှိလို့ပါ။ ဆရာ့ blog ထဲက ရင်သားကင်ဆာနဲ့ပတ်သက်တဲ့ post တွေတော့ အားလုံးလိုလိုဖတ်ပြီးပါပြီ။ ပုံမှန်ဟုတ်သလိုလို မဟုတ်သလိုလို ဝေခွဲမရဖြစ်နေလို့ပါဆရာ။ ဘယ်ဘက်မှာလည်း ရှိသလိုလို ထင်မိပေမယ့် ညာဘက်က တော်တော်ထင်ရှားပါတယ်။ ညာဘက် breast က ဘယ်ဘက်ထက် အပေါ်နည်းနည်း ရောက်နေသလိုတော့ ရှိပါတယ်။ မာခဲပါတယ်။ ဖိလိုက်ရင်နေရာရွေ့သလိုလိုရှိပါတယ်။ နည်းနည်းနာတာ သူ့သဘာဝလား လက်ဖိအားကြောင့်လား မသဲကွဲပါဘူးဆရာ။ အဲဒီနေရာမှာ အဲလိုမာခဲခဲအလုံးလေးလိုလိုအမြှောင်းလေးလိုလိုရှိနေတာ ဘာဖြစ်နိုင်ပါသလဲဆရာ။
မိန်းကလေးတိုင်း အမျိုးသမီးကြီးငယ်တိုင်း ကိုယ့်ရင်သာကိုယ် စမ်းသပ်ပြီး၊ သံသယရှိရင် ချက်ချင်း ဆရာဝန်ကို ပြသင့်တာ သိနေကြပါပြီ။ ကင်ဆာဆိုရင် ကြောက်စရာမှန်ပေမဲ့ စောစောသိလို့ စနစ်တကျကုသရင် အများကြီး ကောင်းစေတဲ့ ကင်ဆာထဲမှာ ရင်သားကင်ဆာက ထိပ်ကနေတယ်။ ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်တွေက ၈ဝ% ရှိတယ်။ အမျိုးအစားကတော့ များပါတယ်။ ယေဘုယျပြောရရင် အကျိတ်နခမ်းသားက ချောမွေ့နေမယ်၊ ရွေ့ရှားလို့လဲ လွယ်တယ်။ နောက်ပြီး အကျိတ်ရယ်လို့ မဟုတ်ဘဲ ထိခိုက်မိလို့။ လစဉ်နဲ့ အသက်ကြောင့် ဟော်မုန်းအပြောင်းအလဲ၊ ဆေးဝါးတွေကနေလည်း ရင်သားမှာ အရင်လိုမဟုတ်တာမျိုး ဖြစ်လာစေနိုင်ပါတယ်။ ကုန်ကုန်ပြောရရင် ရင်သား နှစ်ဘက်ဟာ တသက်လုံး ပြောင်းလဲနေတာပါ။
ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်တွေကတော့ -
(၁) Fibrocystic changes (ဖိုက်ဘရိုဆစ်စတစ်) အပြောင်းအလဲ။ ဟော်မုန်းပြောင်းလဲနေတာကနေ ဖြစ်စေတယ်။ နှစ်ဘက်လုံးမှာ ဖြစ်တာများတယ်။ ဥပမာ ရာသီမလာခင် တင်းပြီး နာချင်တာမျိုး။ တခါတလေ နို့သီးအဖျားကိုညှစ်ကြည့်ရင် အရည်လိုပါ ထွက်နိုင်သေးတယ်။ အကျိတ်လိုဖြစ်နေတာ အချောင်းလိုက်၊ အမြှောင်းလိုက်နေမယ်။ စမ်းကြည့်ရင် ခပ်မာမာ ရာဘာနဲ့တူတယ်။ အသက် ၄ဝ အောက်မှာသာအဖြစ်များတယ်။
(၂) Simple Cysts ရိုးရိုး (ဆစ်)။ အရည်ပြည့်နေတဲ့အိတ်လေးမျိုးဖြစ်တယ်။ တခုတည်းရော တခုမကပါဖြစ်နိုင်တယ်။ အရွယ်အစားလဲ အမျိုးမျိုးရှိနိုင်တယ်။ နာနိုင်တယ်။ နာတာကလည်း ရာသီခွင်နဲ့အမျှပြောင်းတယ်။
(၃) Fibroadenomas (ဖိုက်ဘရိုအဒီနိုးမား)။ အများဆုံးတွေ့ရတဲ့ အမျိုးအစားဖြစ်တယ်။ အစိုင်အခဲဖြစ်နေမယ်။ စမ်းကြည့်ရင် ရင်သားအတွင်းထဲမှာ ရွေ့တာ သိပ်လွယ်ကူတယ်။ ဒါကြောင့် နို့ထဲကကြွက်လို့တင်စားခေါ်ကြတယ်။ ခွဲစိတ်ပေးရတာများတယ်။ အသက် ၂ဝ-၃ဝ အတွင်း အများဆုံးဖြစ်တယ်။
(၄) Intraductal papillomas နို့ပြွန်တွင်းက (ပက်ပလိုမား)။ သေးတယ်၊ အသေအချာကြည့်ရင် ကြွက်နို့လိုတူတယ်။ နို့သီးအနာတဝှိုက်မှာတွေ့ရတယ်။ အသက် ၄ဝ-၅ဝ တွေမှာပိုဖြစ်ပြီး နို့သီးအဖျားကနေ သွေးထွက်နိုင်တယ်။
(၅) Traumatic fat necrosis ထိခိုက်မိလို့ အဆီခဲတွေပျက်စီးခြင်းဖြစ်တယ်။ ခပ်ဝိုင်းဝိုင်း။ ခပ်တင်းမာမာ၊ တခုတည်းရှိပြီး၊ မနာဘူး။
(၆) Mastitis (Breast Infection) နို့နာ။ နို့ပိုးဝင်ခြင်းလည်းဖြစ်နိုင်တယ်။ အကျိတ်ဖြစ်မယ်၊ နာမယ်၊ အပေါ်ယံအရေပြား နီမြန်းနေမယ်။ အနာက အရေပြားနဲ့နီးမှသာ နီတာမြင်ရမယ်။ အပူချိန်စမ်းရင် ပိုပူနေမယ်။
(၇) Breast Pseudolumps အကျိတ်မဟုတ်တဲ့ အကျိတ်။ ရင်သားအတုထဲက (စီလီကွန်) တနေရာကထူပျစ်လာတာ၊ အဆီခဲတချို့သေတာ၊ အောက်ကနံရိုး။ Breast cancer ကင်ဆာ၊ Lipoma အဆီအကျိတ် နဲ့ Milk cyst (galactocele) နို့ရည်ခဲတွေလည်း ထည့်စဉ်းစားရမယ်။
ဘယ်လိုကုသမလဲ
ရောဂါနာမည်တွေ အင်္ဂလိပ်လိုပါရေးထားလို့ စိတ်မပူ၊ စိတ်မရှုတ်ပါနဲ့။ ၁၊ ၂၊ နဲ့ ၃ တွေ အများဆုံးဖြစ်တယ်။ နံပါတ် (၃) ကိုသာ ခွဲပေးရတာများပါတယ်။ နို့နာတဆိုတာလဲ တခြားနေရာတွေမှာဖြစ်တဲ့အနာလိုပါဘဲ။
(၁) Fibrocystic breast changes ဆိုတာ ကုစရာမလိုပါ။ နာတာရောင်တာအတွက် အနေရခက်ရင် အနာ-အကိုက် သက်သာဆေးသောက်နိုင်ပါတယ်။
(၂) Simple cysts ဆိုရင် ဆေးထိုးအပ်သုံးပြီး စုပ်ထုတ်နိုင်တယ်။ ကင်ဆာမဟုတ်တာသေခြာဘို့လုပ်တာလည်း ဒီလိုမျိုး လုပ်တာပါဘဲ။
(၃) Fibroadenomas နဲ့ Intraductal papillomas တွေကို ခွဲစိတ်ကုသရမယ်။ Lumpectomy အကျိတ်ခွဲထုတ်နည်းက သမားရိုးကျနည်းဖြစ်တယ်။ Laser ablation, Cryoablation တခြားနည်းတွေလဲ ခုခေတ်မှာ စမ်းသုံးပါတယ်။
(၄) Mastitis နို့နာကို အပူကပ်ရေးရမယ်။ ပိုးသေဆေး နဲ့ အနာသက်သာဆေးပေးပြီး ပြည်တည်ရင်တော့ ပြည်ကိုခွဲစိတ်နည်းနဲ့ထုတ်ရမယ်။
ဆက်စပ်ဖတ်နိုင်တဲ့စာများ -
1. Breast Abscess and Mastitis နို့နာ
2. Breast Beauty ရင်သားအလှ
3. Breast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်များ
4. Breast Cancer Chemotherapy ရင်သား-ကင်ဆာကို ဆေးပေးကုသခြင်း
5. Breast Cancer Today ရင်သား-ကင်ဆာ အရင်ကနဲ့မတူပါ
6. Breast Cancer Treatment regimes ရင်သား-ကင်ဆာ ကုထုံးများ
7. Breast Cancer ရင်သား-ကင်ဆာ
8. Breast Conditions ရင်သား ကျန်းမာရေး
9. Breast Enlargement ကလေးအတွက်မို့ မသေးချင်တာ ရင်သားပါ
10. Breast Fibroadenosis (ဖိုက်ဘရို-အဒီနိုးဆစ်) ရင်သားရောဂါ
11. Breast Implant ရင်သားအတု
12. Breast Inverted nipples နို့ပါးစပ်
13. Breast Itching ရင်သား ယားခြင်း
14. Breast Lumps ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်များ
15. Breast Massage ရင်သား နှိပ်နယ်ခြင်း
16. Breast Milk Supply နို့ထွက်နည်းနေရင်
17. Breast Pain ရင်သားနာတာ ဘာလို့ပါလဲ
18. Breast Reconstruction ရင်သား အသစ်တပ်ပေးခြင်း
19. Breast reduction ရင်သားသေးအောင်လုပ်ခြင်း
20. Breast self examination ရင်သားအား မိမိဖါသာ စမ်းသပ်နည်း
ဒေါက်တာတင့်ဆွေ
No comments:
Post a Comment