Popular Posts!

Saturday, July 11, 2015

Stroke ဦးနှောက်သွေးကြော ဖောင်းပြီးပေါက်ခြင်း


mail.google.com
ဦးနှောက်သွေးကြောဖောင်းပြီး ပေါက်သွားတာပေါ့နော်။ အခြေအနေကတော့ စိုးရိမ်ရတယ်။ ကျနော် ဒီလောက်ပဲ ပြောလို့ရမယ်လို့ ကုတင်တစ်ထောင်ဆေးရုံက ဦးနှောက်ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာမြတ်သူဝင်းက ပြောပါတယ်။
Stroke (စထုပ်ခ်) လို့ လူသိများတဲ့ ဦးနှောက်-သွေးကြောရောဂါကို Cerebrovascular accident (CVA); Cerebral infarction; Cerebral hemorrhage; Ischemic stroke စသဖြင့် ခေါ်သေးတယ်။ Brain attack လို့လည်း ခေါ်တယ်။ မြန်မာတွေက လေဖြတ်တာလို့ ခေါ်တယ်။ ရောဂါကဆိုးလွန်းပြီး၊ အဖြစ်လည်း မနည်းလှပါ။
လွန်ခဲ့တဲ့ အနှစ် ၃ဝ အတွင်း ပိုအဖြစ်များလာတယ်။ ၉၅ ရာခိုင်နှုန်းဟာ အသက် ၄၅ နှစ်ကျော်သူတွေ ဖြစ်တယ်။ ၃ ပုံ ၂ ပုံက ၆၅ နှစ်ကျော်သူတွေ ဖြစ်တယ်။ မိသားစုထဲမှာ တယောက်မကဖြစ်တာ တွေ့ရတယ်။ ယောက်ျားတွေက မိန်းမတွေထက် ဖြစ်နှုန်းမှာ ၂၅ ရာခိုင်နှုန်း ပိုပါတယ်။ အမျိုးသမီးတွေက သေဆုံးတာမှာ ၆ဝ ရာခိုင်နှုန်း ရှိတယ်။ ဒါဟာ အမျိုးသမီးတွေက သက်တမ်း ပိုရှည်ကြတာနဲ့ သွေးဆုံးတာတွေနဲ့ ဆက်စပ်နိုင်တယ်။ ကင်ဆာ၊ နာတာရှည် ကျောက်ကပ်ရောဂါ-အဆစ်နာရောဂါ ရှိနေသူတွေ၊ ကိုယ်ဝန်ဆောင်နဲ့ ကလေးဖွားပြီးသူတွေမှာ ပိုဖြစ်တယ်။
Silent stroke (ဆိုင်းလင့်-စထုပ်ခ်) လူမသိ-သူမသိဖြစ်ခြင်း၊
ရောဂါလက္ခဏာတွေ မပေါ်ပေမယ့် ဦးနှောက်ကိုတော့ ထိခိုက်ပျက်စီးနေတာကိုခေါ်တယ်။ ၁၉၉၈ လေ့လာမှုတခုအရ အမေရိကားမှာ လူပေါင်း ၁၁ သန်း Stroke ဖြစ်တယ်။ ၇၇ဝဝဝဝ ယောက်ဟာ Silent strokes ဖြစ်ကြတယ်။ MRI လုပ်မှ အထဲမှာ Infarcts သွေးခဲ ဒါမှမဟုတ် Hemorrhages သွေးယိုနေတာကို သိရတယ်။ ခံစားပြီး ဖြစ်တာထက် ၅ ဆပိုတယ်။ အသက်ကြီးရင် ပိုဖြစ်တယ်။ Cryptogenic ဆိုတာ ဘာလို့လဲ မသိဘဲ ဖြစ်တာကို ခေါ်တယ်။ ၃ဝ-၄ဝ ရာခိုင်နှုန်း ရှိတယ်။
ဘာလို့ဖြစ်ကြသလဲ
  • စိတ်ဖိအားများခြင်းနဲ့ အရက်သောက်ခြင်းတွေဟာ ယောက်ျားတွေအတွက် (စထုပ်) ခေါ်တဲ့ ဦးနှောက်သွေးကြော ရုတ်တရက် မတော်တဆရောဂါကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်းတွေ ဖြစ်ကြတယ်။
  • အိန္ဒိယနိုင်ငံမှာ (စထုပ်) ရတဲ့ လူနာပေါင်း ၂၉ဝ (ယောက်ျား ၂၁ဝ + မိန်းမ ၈ဝ) ကို လေ့လာခဲ့ရာကနေ တွေ့ရှိရတာ ဖြစ်တယ်။
  • ယောက်ျားတွေမှာ စိတ်ဖိအားများခြင်း (၁၈.၆ ရာခိုင်နှုန်း )၊ အရက်သောက်ခြင်း (၁၄.၈ ရာခိုင်နှုန်း)၊ ရောဂါပိုးဝင်ခြင်း (၉ ရာခိုင်နှုန်း)၊ ဒေါစိတ်ဖြစ်ခြင်း (၃.၃ ရာခိုင်နှုန်း)၊ ကေဖင်းသောက်များခြင်း (၈.၆ ရာခိုင်နှုန်း )၊ လိင်နဲ့ပတ်သက်ခြင်း (၂.၄ ရာခိုင်နှုန်း) ကြောင့်ဖြစ်ကြတယ်။
  • မိန်းမတွေမှာ စိတ်ဖိအားများခြင်း (၁၅ ရာခိုင်နှုန်း)၊ ဒေါစိတ်ဖြစ်ခြင်း (၆.၃ ရာခိုင်နှုန်း)၊ ရောဂါပိုးဝင်ခြင်း (၆.၃ ရာခိုင်နှုန်း)၊ ကေဖင်း သောက်များခြင်း (၅ ရာခိုင်နှုန်း) နဲ့ ခွဲစိတ်ကုသရခြင်း (၃.၈ ရာခိုင်နှုန်း) ဖြစ်ကြတယ်။
  • ကေဖင်းဆိုတာ ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာ စတဲ့အရည်တွေဖြစ်တယ်။
  • အရင်က အသက်ကြီးမှဖြစ်တာများပေမယ့် အခု အသက်ငယ်သူတွေမှာလည်း ဖြစ်လာနေတယ်။
  • စိုးရိမ်စိတ်များတာ၊ စိတ်ဖိအားများတာနဲ့ ကြောက်စိတ်တွေဖြစ်လာပြီးနောက် ဒီရောဂါဖြစ်လာကြတတ်တယ်။
ဒီရောဂါဟာ ဦးနှောက်ကိုပေးပို့နေတဲ့ သွေးကြောလမ်းကြောင်းမှာ တခုခုမှားသွားရင် ဖြစ်လာစေတယ်။ ဦးနှောက်က သွေးမရတာကို စက္ကန့်ပိုင်းထက်ပိုပြီး မခံနိုင်ဘူး။ ဦးနှောက် (ဆဲလ်) တွေ သေကုန်တယ်။ ထိခိုက်မှုဟာ ရာသက်ပန် ဖြစ်တယ်။ အဓိက ၂ မျိုးရှိတယ်။
(၁) သွေးခဲလေးကနေ ကျဉ်းနေတဲ့ သွေးလွှတ်ကြောထဲမှာ ပိတ်နေတာကြောင့် ဖြစ်တာကို Thrombotic stroke ခေါ်တယ်။
(၂) ကိုယ်ခန္ဓာရဲ့ တခြားနေရာတွေမှာရှိနေတဲ့ သွေးခဲက ကွဲထွက်ပြီး ဦးနှောက်ဆီကို ရောက်လာတာကြောင့် ဖြစ်တာကို Embolic stroke လို့ခေါ်တယ်။
ရောဂါဖြစ်နိုင်ခြေရှိသူတွေကတော့ -
  • သွေးတိုးရောဂါ၊
  • Atrial fibrillation နှလုံးခုန်မမှန်တာ၊
  • ဆီးချို၊
  • မိသားစုထဲမှာ အဲလိုဖြစ်သူရှိတာ၊
  • (ကိုလက်စထော) များနေတာ၊
  • အသက်ကြီးလာတာ၊ ၅၅ နှစ်ကျော်တာ၊
  • အသားမည်းဖြစ်တာ၊
  • နှလုံးရောဂါလည်း ရှိနေမယ်၊ ခြေထောက်ပိုင်းကို သွေးကြောတွေက ကျဉ်းလို့သွေးလျှောက်တာလဲ နှေးမယ်ဆိုရင်၊
  • လူအဝလွန်သူတွေ၊
  • အရက်သေစာ အသောက်များသူတွေ၊
  • အငန်နဲ့ အဆီစား များသူတွေ၊
  • ဆေးလိပ် သောက်သူတွေ၊
  • (ကိုကိန်း) နဲ့ တားမြစ်တားတဲ့ဆေးတွေကို သုံးသူတွေ၊
  • အသက် ၃၅ နှစ်ကျော်ပြီး ကိုယ်ဝန်တားဆေး သုံးသူအမျိုးသမီးတွေလည်း ဖြစ်နိုင်တယ်။
သွေးခဲကြောင့် ဖြစ်တာမှာ ၂ မျိုးရှိတယ်။ (၁) သွေးလွှတ်ကြောကြီးရောဂါ နဲ့ (၂) Sickle cell anemia သွေးအားနည်းရောဂါကနေ ဖြစ်စေတယ်။ သွေးလွှတ်ကြောတွေကို လာပိတ်စေနိုင်တာက Fat အဆီခဲ၊ Cholesterol (ကိုလက်စထော) နဲ့ ကင်ဆာ (ဆဲလ်) တွေ ဖြစ်နိုင်တယ်။ ဗက်တီးရီးယား ဥပမာ Infectious endocarditis နှလုံးရောဂါကနေ လာတာမျိုးကနေလည်း ဖြစ်တယ်။ Atrial fibrillation နှလုံးရောဂါကနေ ဖြစ်တာများတယ်။ Atrial or ventricular septal defect နှလုံးရောဂါတွေကနေလည်း လာမယ်။ Deep vein thrombosis အတွင်းထဲမှာရှိတဲ့ သွေးပြန်ကြောထဲကနေလည်း လာနိုင်တယ်။ အဆို့ရှင် အတုတပ်ထားတဲ့ နှလုံးကသွေးခဲဟာ ဦးနှောက်ကို လာပိတ်တာလည်း ဖြစ်နိုင်တယ်။ အဲလို တခြားနေရာက လာတာမျိုးအတွက် လာရင်းရောဂါကိုပါ ကုသရမယ်။
သွေးကြောကျဉ်းရာကနေဖြစ်ရင် Atherosclerotic plaque (ပလိပ်) ခေါ်တဲ့ Sticky substance ခပ်စေးစေးအရာ ဖြစ်လာတယ်။ ဦးနှောက်ထဲက သွေးလွှတ်ကြောလေးတွေ အားနည်းလာရင် ပေါက်ထွက်နိုင်တယ်။ သွေးယိုထွက်ပြီး Hemorrhagic stroke ဖြစ်မယ်။
ဘယ်လိုခံစားရမလဲ
ဦးနှောက်ရဲ့ ဘယ်နေရာမှာ ဖြစ်သလဲအပေါ် မူတည်တယ်။ တချို့မှာ ဖြစ်တာမသိဘဲ နေတတ်တယ်။ ဖြစ်တာက ရုတ်တရက်ပဲ။ ဖြစ်စ ၁ ရက် ၂ ရက်မှာ ဖြစ်လိုက် ပေါ်လိုက်လည်း ဖြစ်နိုင်တယ်။ ပထမဆုံး အကြိမ်က ခံစားရတာ အပြင်းထန်ဆုံးပဲ။ ဒါပေမယ့် နောက်ဖြစ်ရင် ဆိုးဆိုးလာတော့မယ်။
  • ခေါင်းကိုက်မယ်။ ရုတ်တရက်ဖြစ်မယ်။ ပက်လက်လှဲချိန် ဖြစ်တယ်။ အိပ်ရာကနေ နိုးလာမယ်။ အနေအထား ပြောင်းတာနဲ့ ပိုဆိုးမယ်။
  • ခေါင်းမူးနေမယ်၊ အိပ်ချင်နေမယ်၊ သတိမကောင်းဖြစ်မယ်၊ သတိလစ်မယ်၊ နားကောင်းကောင်း မကြားဖြစ်မယ်၊ အရသာ မကောင်း ဖြစ်မယ်၊ စိတ်ရှုတ်ထွေးနေမယ်၊
  • နာတာ-ထိတာ-ဖိတာကို ခံစားမှု၊ အပူ-အအေးသိတာ အရင်လိုမဟုတ်ဖြစ်မယ်၊
  • အမျိုရခက်မယ်၊ စာအရေးရ အဖတ်ရခက်မယ်၊ ဆီး-ဝမ်းအသွားရ အထိန်းရခက်မယ်၊ ကိုယ်ကို ထိန်းမတ်လို့ မရဖြစ်မယ်၊ အပြန်အလှန်ထိန်းညှိ မကောင်းဖြစ်မယ်၊
  • မျက်နှာ-ခြေ-လက် ကြွက်သားတွေ အားနည်းမယ် (တဘက်တည်းဖြစ်တာ များတယ်)၊ ထုံ-ကျင်နေမယ် (တဘက်ထတည်းဖြစ်တာ များတယ်)၊ ကိုယ်ကို မထိန်းနိုင်တာ၊ လမ်းမလျှောက်နိုင်ဖြစ်မယ်။ ကိုယ်တခြမ်း လေဖြတ်တယ်လို့ ခေါ်တယ်။
  • စိတ်လှုတ်ရှားမှု-စိတ်ပုံစံ ပြောင်းမယ်၊ စကားပြောရခက်မယ်၊ သူများပြောတာကို နားမလည်ဖြစ်မယ်၊
  • မျက်ခွံအောက်ကျနေမယ်၊ မျက်စိကို လှုတ်မရဘူး၊ သူငယ်အိမ်ဟာ အလင်းရောင်ကို တုံ့ပြန်တာ နှေးမယ်၊ မျက်စိ အကြည့်ရခက်မယ်၊
  • နှလုံးခုန်-အသက်ရှူ မမှန်တာ၊
  • ခေါင်းကို တဖက်ဖက်ကို ကောင်းကောင်းလှည့်မရတာ၊
  • လျှာကိုကောင်းကောင်း အသုံးမချနိုင်ဘူး၊
  • မှတ်ဉာဏ်လျှော့မယ်။
စစ်ဆေးမှုတွေ
  1. Angiogram လုပ်ရင် ဦးနှောက်ထဲမှာ သွေးကြောပိတ်နေတာ၊ သွေးယိုနေတာ မြင်ရမယ်။
  2. Carotid duplex (Ultrasound) ရိုက်ရင် လည်ပင်းက Carotid arteries သွေးလွှတ်ကြော ကျဉ်းနေတာ မြင်ရမယ်။
  3. CT Scan of the brain နဲ့ MRI Scan of the brain တွေလုပ်နိုင်တယ်။
  4. MRA နဲ့ CT angiography လုပ်ရင် ဦးနှောက်ထဲက သွေလွှတ်ကြောတွေ ပုံမှန်မဟုတ်တာ မြင်ရမယ်။
  5. Bleeding time, Blood cholesterol and sugar, Blood clotting tests, CBC နဲ့ ECG တွေလည်း လုပ်နိုင်တယ်။
ဘယ်လိုကုသမလဲ
တကယ့်အရေးပေါ်ဖြစ်တယ်။ ဆေးရုံတက် ကုသရမယ်။ အများဆုံး လူနာတွေဟာ ၃ နာရီအတွင်း ရောက်ကြတယ်။ သွေးခဲကြောင့် ဖြစ်တာဆိုရင် Thrombolytic therapy သွေးခဲကျေဆေး ချက်ချင်း ပေးရတယ်။ လူတိုင်းကိုတော့ မပေးရပါ။ ရောဂါလက္ခဏာစပြီး ၃ နာရီအတွင်းဆို ပေးနိုင်တယ်။ သွေးခဲလို့ မဟုတ်ဘဲ သွေးယိုလို့ ဖြစ်နေချိန်ဆိုရင် ဒီဆေးကြောင့် ပိုဆိုးစေမယ်။
သွေးခဲကြောင့် ဖြစ်တာအတွက် Blood thinners သွေးကျဲဆေးဖြစ်တဲ့ Heparin or Warfarin (Coumadin) ဆေးကိုလည်း သုံးတယ်။ Aspirin နဲ့ Clopidogrel (Plavix) တွေကိုလည်း ပေးနိုင်တယ်။ သွေးခဲပိတ်လို့ဖြစ်ရင် အချိန်လည်း မီမယ်ဆိုရင် Thrombolysis သွေးခဲကို ချေဖျက်နည်းနဲ့ Thrombectomy ခွဲစိတ်နည်းတွေ လုပ်နိုင်တယ်။ Medications ဆေးပေးနည်းမှာ Aspirin, Clopidogrel, Dipyridamole ဆေးတွေကို Platelets သွေးမှုံတွေစုပြီး သွေးမခဲအောင် လုပ်ပေးနိုင်တယ်။ Thrombolysis ဆိုတာ ဆေးနဲ့ သွေးခဲကို ချေဖျက်နည်း ဖြစ်တယ်။ tissue Plasminogen Activator (tPA) ဆေးမျိုး သုံးတယ်။ ချက်ချင်းဖြစ်တာအတွက် သုံးသင့်-မသင့် အယူအဆ မတူကြဘူး။
သွေးယိုတာအတွက် ခွဲစိတ်နည်း သုံးလို့ရတာလဲ ရှိတယ်။ Carotid artery လည်ပင်း-သွေးလွှတ်ကြောကို ခွဲစိတ်ရတာလဲ ရှိတယ်။ Mechanical thrombectomy စက်သုံးနည်းလဲ ရှိတယ်။ ချက်ချင်းဖြစ်တာအတွက် သုံးတယ်။ ပေါင်ခြံက Femoral artery သွေးလွှတ်ကြောထဲကို Catheter ပိုက်ငယ်လေးတခု ဦးနှောက် သွေးပေးစနစ်ထဲအထိ ထိုးသွင်းရတယ်။ Corkscrew-like device ကရိယာလေးကနေ သွေးခဲကို ဆုပ်ယူစေမယ်။ Angioplasty and stenting နည်းဆိုတာကလဲ ချက်ချင်း ဖြစ်တာကို သုံးတယ်။
ခေါင်းထဲမှာ သွေးယိုတာဖြစ်ရင် Neurosurgical evaluation လေ့လာမှုတွေ လုပ်ရမယ်။ သွေးယိုတဲ့ အကြောင်းကို ရှာပြီး ကုသရမယ်။ ခွဲစိတ်တာ သိပ်မလိုတတ်ဘူး။ သွေးတိုး ရှိနေချိန်မှာ သွေးကျဆေး ပေးရတယ်။ တချို့က အစာအာဟာရနဲ့ အရည်ဖြည့်ပေးဖို့ လိုမယ်။
ဆေးကုတာအပြင် (ဖီဇီကယ်သာရာပီ)၊ စကားပြောနည်း၊ လုပ်ငန်းဆိုင်ရာ ကုသနည်း၊ အစာမျိုနည်းတွေလည်း လိုနိုင်တယ်။ ရေရှည်အတွက် ဆက်လုပ်ပေးရတယ်။ ပြန်ပြီး နာလန်ထရေးနဲ့ နောင်မဖြစ်အောင်အတွက် လုပ်ရတယ်။
နောက်ဆက်တွဲ ဖြစ်နိုင်တာတွေကတော့ အစားအသောက်တွေ အသက်ရှူလမ်းထဲ ရောက်တာ၊ ဉာဏ် သုံးရတဲ့အလုပ် ချို့ယွင်းတာ၊ လိမ့်ကျတာ၊ မလှုပ်ရှားနိုင်တာ၊ ကိုယ်တခြမ်း၊ တချို့နေရာတွေ လေဖြတ်တာ၊ ကြွက်သားတွေ တောင့်တင်းနေတာ၊ အစာအာဟာရ မပြည့်ဝတာ၊ ဖိအားဒဏ်ကြောင့် အနာဖြစ်တာ၊ စကား ကောင်းကောင်းမပြောနိုင်တာ၊ နားမလည်တာ၊ တွေးတောတာ၊ အာရုံစိုက်တာ အားနည်းတာ။
ရောဂါလက္ခဏာတွေ ဆင်တူတိုင်းတော့ Stroke မဟုတ်ပါ။ Brain tumor ဦးနှောက်ကင်ဆာ၊ Subdural hematoma ဦးနှောက်အဖုံးလွှာအောက်မှာရှိတဲ့သွေးခဲ၊ ဗက်တီးရီးယား၊ မှိုကနေဖြစ်စေတဲ့ ဦးနှောက်ထဲမှာ ပြည်တည်နာ၊ ဗိုင်းရပ်စ် ဦးနှောက်ရောင်ရောဂါ၊ တချို့ဆေးတွေ များသုံး-ပေးတာ၊ Sodium, Calcium, Glucose ဓယတ်ဆားတွေ နည်းသွားတာတွေကနေ ခပ်ဆင်ဆင် ဖြစ်တတ်တယ်။
ဒုတိယအကြိမ် ထပ်မဖြစ်အောင်
၁. Anticoagulation သွေးမခဲဆေးနည်း သုံးတယ်။ Non-valvular atrial fibrillation ဖြစ်နေသူတွေဆိုရင် ဒီနည်းကြောင့် ၆ဝ ရာခိုင်နှုန်း သက်သာစေနိုင်တယ်။ Antiplatelet agents ကနေ ၂ဝ% လျှော့နည်းစေမယ်။ Embolic stroke ဖြစ်တာကို Anti-coagulation စောစောပေးလို့ ဘေးဖြစ်စေနိုင်တာကိုလဲ ထောက်ပြထားတယ်။
၂. Carotid stenosis ဖြစ်နေရင် Carotid endarterectomy ခွဲစိတ်ပေးတာကလည်း အကျိုးများစေမယ်။
၃. ဆေးလိပ်မသောက်ပါနဲ့၊ (ကိုလက်စထော) ထိန်းပါ၊ သွေးတိုးထိန်းပါ၊ ဆီးချိုထိန်းပါ၊ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန် တနေ့ နာရီဝက်လုပ်ပါ၊ ကိုယ်အလေးချိန် ထိန်းပါ၊ အရက်ဖြတ်ပါ-လျှော့ပါ၊ မူးယစ်ဆေးဝါး ဖြတ်ပါ၊
၎. အစာအဟာရ မျှတပြည့်စုံပါစေ။ အသီး-အရွက်၊ အသီးအနှံစားပါ၊ အဆီး-အချို-အငန် လျှော့စားပါ၊ အဆီလွတ်အသား စားပါ၊ နို့ထွက်အစာတွေ လျှော့ပါ၊ ဆိုင်ဝယ်စား အစာတွေ သတိထားပါ၊ Saturated fat, Partially-hydrogenated နဲ့ Hydrogenated fats တွေ သတိထားပါ။
၅. ကိုယ်ဝန်-တားဆေးသုံးရင် ဆရာဝန်ကို တိုင်ပင်ပါ၊
အလားအလာ
အမျိုးအစား၊ ဘယ်လောက်ပျက်စီးသွားခဲ့သလဲ၊ ဘယ်နေရာတွေကို ထိခိုက်သွားသလဲ၊ ဆေးကုသမှုကို ဘယ်လောက်မြန်မြန် ရခဲ့သလဲ ဆိုတာတွေအပေါ် မူတည်ပြီး –
  • လုံးဝကောင်းတာနဲ့ တချို့အလုပ်တွေ ပြန်မကောင်းနိုင်တော့တာ ဖြစ်တယ်။ တဝက်မက လူနာတွေဟာ အိမ်မှာတင်နေနိုင်ပြီး အတော်ပြန်လုပ်နိုင်ကြတယ်။
  • Ischemic stroke ဖြစ်သူတွေက Hemorrhagic stroke ဖြစ်သူတွေထက် ကံကောင်းကြတယ်။
  • ဒုတိယအကြိမ် ထပ်ဖြစ်တာဟာ ပထမအကြိမ်နောက် လနည်းနည်းအကြာမှာ ဖြစ်တတ်တယ်။
  • Disability မသန်မစွမ်းဖြစ်တာ ၇၅ ရာခိုင်နှုန်း ရှိတယ်။ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ထိခိုက်စေမယ်။
  • Post stroke depression စိတ်ဓါတ်ကျတာ ၃ဝ-၅ဝ ရာခိုင်နှုန်းမှာ ခံစားရမယ်။
  • Emotional lability ခံစားမှု အားနည်းသွားတာ ၂ဝ ရာခိုင်နှုန်း မှာ ဖြစ်စေတယ်။
  • Seizures တက်တတ်တာကို ၁ဝ ရာခိုင်နှုန်း မှာ ဖြစ်နိုင်တယ်။
ဒေါက်တာတင့်ဆွေ
(စာရေးသူ၏ ဖေ့စ်ဘွတ်ခ်မှ ခွင့်ပြုချက်ဖြင့် ဖော်ပြသည်)

Saturday, July 4, 2015

Alibaba.com Business Tips: Finding Suppliers and Manufacturers

ကမ္ဘာကျော် အရမ်းကို ဗိုလ်တကာဗိုလ်လုပ်နေတဲ့ အမေရိကန်လိုနိုင်ငံကြီးတောင် စီးပွားရေးမှာ နှစ်တိုင်းလိုငွေပြနေပြီး လက်မြှောက်လိုက်ရတော့မဲ့အခြေနေထိရောက်နေရတဲ့ခေတ်သစ်ဂျုးတွဖြစ်တဲ့ တရုတ်ပြည်
ကြီးက  Alibaba ကုမ္ဗဏီသေးသေးလေတခု အကြောင်းလေးပါ၊ သူဒုက္ခပေးနေတာက ဘယတွေလဲ ကြည့်လိုက်ကျပါအုံး ....


The Alibaba Effect

Alibaba is the biggest business story of 2015. Why? Because it is poised to take the e-commerce world by storm.

Jim Tompkins, supply chain and retail operations strategy expert, reveals what your business needs to know about this Chinese e-marketplace that is quickly becoming the fastest growing e-commerce company in the world. With more than $1 billion invested in businesses across the U.S., Alibaba’s IPO launched in New York City on September 19, 2014.

To learn more about Alibaba, its IPO, Jack Ma’s strategies, and what all of this means for your business, review the additional resources on the web page below.



Alibaba is the biggest business story of 2015. Why? Because it is poised to take the e-commerce world by storm.

Jim Tompkins, supply chain and retail operations strategy expert, reveals what your business needs to know about this Chinese e-marketplace that is quickly becoming the fastest growing e-commerce company in the world. With more than $1 billion invested in businesses across the U.S., Alibaba’s IPO launched in New York City on September 19, 2014. To learn more about Alibaba, its IPO, Jack Ma’s strategies, and what all of this means for your business, review the additional resources on Alibaba that are listed below the video.
In The Alibaba Effect Video, you will learn:
  • The top 5 things today’s retailers need to know about Alibaba.
  • Why they are investing so much in logistics over the next decade.
  • How final delivery, the “get local” movement, e-commerce planning, and demand-driven supply chains are key to competing.
  • How Alibaba will continue to expand both in the U.S. and globally.
  • Why Jack Ma is a global leader, teacher, and visionary.
  • Why Alibaba is your competition, whether you realize it or not, and what actions you need to take to respond.
Alibaba is changing the game, and it is changing the way supply chains are viewed in the U.S. To take advantage of this huge opportunity, plan your counteroffensive now. Contact Tompkins International to discuss how you can leverage your knowledge of The Alibaba Effect and lead your company to success.
The Alibaba Effect YouTube Video launched on June 25, 2014. As of May 26, 2015 at 10 am (EST) the Alibaba Effect has been viewed 187,826 times. How many views do you think the Alibaba Effect video will have by June 25, 2015 at 10 am (EST) one year after it’s launched? If your guess is the closest to the number of views without going over the number of views, you will be the winner of the Alibaba Effect contest. Win a free registration package for the Supply Chain Leadership Forum 2015. While at the forum you will have the opportunity to meet with Jim Tompkins in a one on one and learn even more about the Alibaba Effect.

The Alibaba Effect Video Contest  [Rules]


  • One winner.
  • You must submit your entry for your chance to win by 10 am (EST) on Tuesday, June 23, 2015.
  • By submitting your entry you will agree to receive Tompkins International newsletters.
  • Must be at least eighteen (18) years old at time of entry.
  • Only one submission per person per email address allowed.
  • Winner will be notified on or after Thursday, June 25, 2015 by email and will have 48 hours to confirm their mailing address & accept winnings or forfeit prize.
  • If no reply is received, another winner will be chosen and the same process will take place until a winner accepts winnings.
  • Once selected winner confirms their mailing address & accepts winnings, the winner will officially be announced on the Tompkins International Website, Facebook, LinkedIn & Twitter pages thereafter.
  • Participation in the contest constitutes entrants full and unconditional agreement to and acceptance of these Official Rules.
  • Email addresses will not be sold to 3rd parties.

How Alibaba Works: Explained With 280 Pairs of Pant

Sept. 15 (Bloomberg) –- Alibaba's IPO could be the biggest in history. Bloomberg's Sam Grobart explains how Alibaba works through the experience of ordering 280 pairs of pants manufactured overseas. Video by: Dan Przygoda, David Yim (Source: Bloomberg)

-- Subscribe to Bloomberg on YouTube: http://www.youtube.com/Bloomberg

Bloomberg Television offers extensive coverage and analysis of international business news and stories of global importance. It is available in more than 310 million households worldwide and reaches the most affluent and influential viewers in terms of household income, asset value and education levels. With production hubs in London, New York and Hong Kong, the network provides 24-hour continuous coverage of the people, companies and ideas that move the markets.

Alibaba.com Business Tips: Finding Suppliers and Manufacturers

Successful entrepreneurs explain how they used Alibaba.com to locate Chinese companies to manufacture their innovative products


Alibaba.com

At Alibaba.com, we're helping make sourcing easy! Find just about anything from millions of manufacturers and distributors, worldwide.

Top 6 Reasons Why You Should Watch The Alibaba Effect

How many of you have heard of Alibaba, the Chinese e-marketplace? Alibaba is the fastest growing e-commerce company in the quickest growing market in the world. CEO Jim Tompkins recently sat down to discuss how Alibaba is changing the way supply chains are viewed in the U.S. Here are the top 6 reasons why you need to watch The Alibaba Effect:
  1. Alibaba does 80% of the online business in the largest e-commerce market in the world.
  2. Out of every dollar of revenue, Alibaba makes 43 cents profit.
  3. Alibaba marketplaces have more than 10 million sellers and more than a billion product listings.
  4. Jack Ma, founder of Alibaba, and Alibaba itself have invested over $1 Billion in businesses in the United States.
  5. Alibaba is planning to invest more than $20 billion in logistics over the next eight years.
  6. Most importantly, Alibaba will either be your competition or your biggest ally. You have no choice but to respond.
What you will hear in The Alibaba Effect video is critical and has never been discussed in detail from a supply chain perspective. Alibaba is changing the game when it comes to supply chains in the U.S.  Watch this video so you can plan your counteroffensive now and lead your company to success in omnichannel.
Ref:http://www.industryweek.com/blog/top-6-reasons-why-you-should-watch-alibaba-effect


Alibaba Founder Jack Ma: Ideas & Technology Can Change the World

Jack Ma, the founder of China's most profitable e-commerce company Alibaba Group, made his last public speech at Stanford University on May 4th, 2013 before stepping down as CEO. In his talk, Ma discussed why embracing change is critical for global leaders managing the fast turnover of technology.

The event was co-hosted by Alibaba Group and the Stanford Graduate School of Business's Stanford Program on Regions of Innovation and Entrepreneurship (SPRIE): http://stnfd.biz/lVQGt

Transcript (English): http://stnfd.biz/mZAZw 
Transcript (Mandarin): http://stnfd.biz/mZB1D

Jack Ma Speech - How to Run Business

Jack Ma's Top 10 Rules for Success

He started his business with $20,000 that his wife and friend helped him raise. He is the first mainland Chinese entrepreneur to appear on the cover of Forbes. He is the richest man in China and 18th richest man in the world with an estimated net worth of $29.7 billion. He's Jack Ma, founder of Alibaba.com, and here are his Top 10 Rules for Success.

* Join my BELIEVE newsletter: http://www.evancarmichael.com/newslet...

1. Get used to rejection
2. Keep your dream alive 
3. Focus on culture
4. Ignore the #LittleMan
5. Get inspired
6. Stay focused
7. Have a good name 
8. Customers are #1 
9. Don't complain, look for opportunities
10. Have passion



Jack Ma On 60 Minutes CBS [Full Version & Chinese subtitles][HD] 馬雲美國CBS《60分鐘》專訪[中英字幕][高清完整版]

 

Jack Ma Speech - How to Run Business


Alibaba's Ma Reflects On 12-Year Journey at China 2.0 Conference

Jack Ma, Chairman and CEO of Alibaba Group, delivered the closing keynote address at the conference "China 2.0: Transforming Media and Commerce", hosted by the Stanford Program on Regions of Innovation and Entrepreneurship (SPRIE) at the Stanford Graduate School of Business, on Sept. 30, 2011. 

Ken Chenault & Jack Ma: A Conversation about U.S. Small Businesses

Ken Chenault, chairman & CEO of American Express and Jack Ma, founder & executive chairman of Alibaba Group discuss issues related to small businesses at a meeting in Chicago. Introduction by Karen Mills, senior fellow at the Harvard Business School and the Harvard Kennedy School. Mills served in President Barack Obama's Cabinet as the Administrator of the U.S. Small Business Administration from 2009 to 2013.

Jack Ma - China Will Be Largest Buyer In The World - 11 Jun 15 | Gazunda


Jack Ma Speech - Small is Beautiful

Monday, June 29, 2015

Interview With Aung San Suu Kyi: Myanmar's Future 2015


Aung san suu kyi interview media

Leader of Myanmar’s opposition Aung San Suu Kyi sits down with The Globe


Talk to Al Jazeera - Aung San Suu Kyi: 'There is no rule of law'


Italia 2015 - Il messaggio di Aung San Suu Kyi

Suu Kyi says boycott of Myanmar election an option


Myanmar opposition leader Aung San Suu Kyi said boycotting an upcoming historic election was an "option" if a military-drafted constitution that bars her from becoming president remains unchanged.
In an interview on Friday, the Nobel laureate told Reuters that her opposition National League for Democracy (NLD) party was "ready to govern" but that President Thein Sein was insincere about reform and might try to postpone the election.
She also said U.S. praise for Myanmar's semi-civilian government, which took power in 2011 after nearly 50 years of brutal military rule, had made it "complacent" about reform.
While scathing about what she called Thein Sein's "hardline regime", Suu Kyi emphasised the need to reconcile with the military which detained her for 15 years until her release from house arrest in 2010.
"We don't think that boycotting the election is the best choice," said Suu Kyi, when asked whether her party would run with the constitution unchanged. "But we're not ruling it out altogether. We are leaving our options open."
However, she stressed the importance of the November general election, describing it as "the real test of whether we are on the route to democracy or not."
The NLD won Myanmar's last real election in 1990 by a landslide, but the military nullified the result.
The party boycotted the 2010 poll, widely regarded as rigged, which installed Thein Sein, a former general and junta stalwart.
His government launched a series of political and economic reforms. Many people now feel the reform process has stalled, and the military - its immense power largely unchecked - again casts a shadow over the voting.
Suu Kyi said Thein Sein was "sincere" about reform during their first meeting in 2011. But now, he was not.
"Because if he had been sincere about reform, then we would be much further ahead than we are," she said, speaking in a meeting room in Myanmar's sprawling parliamentary complex in the capital Naypyitaw.
She expressed concern that Thein Sein might use peace talks with ethnic rebels as a pretext to delay the election.
MYANMAR'S HOPE
For Suu Kyi, who turns 70 in June, this is a pivotal year.
She and 42 other NLD members entered parliament after a 2012 by-election. Since then, say critics, Suu Kyi has lent her hard-won democratic credentials to a questionable government that has given little in return.
But many more in this large, poor and ethnically diverse nation still see Suu Kyi as Myanmar's best hope. Reforms have raised expectations among its 53 million population but left most people's lives unimproved.
The constitution, drafted by the former junta, reserves a quarter of parliamentary seats for military delegates, which effectively allows them to veto any constitutional change.
It also bars presidential candidates with a foreign spouse or child. Suu Kyi's late husband and two sons are British.
She said the presidency was still within her reach. "Why not?" she said. "Constitutions are not permanent."
But changing it, she admitted, depended upon a government she repeatedly described in the interview as a "regime" of hardliners.
"They are not interested in negotiations or in amending the constitution or taking seriously the will of the people...you could hardly say they are moderates."
Suu Kyi said she questioned U.S. praise of Myanmar's government in the hopes of encouraging further reforms.
"I would ask whether it actually encourages them to do more or it simply makes them more complacent," she said.
"The United States and the West in general are too optimistic and a bit of healthy scepticism would help everybody a great deal."
A U.S. official told Reuters in November, ahead of President Barack Obama's second visit to the country, that Washington had decided not to press for changes to Myanmar's constitution in a bid to maintain influence with its government.
But Suu Kyi said she did not feel abandoned by the United States and had "good friends" there.
MILITARY MANOEUVRES
One "absolute necessity" was mending relations with the military. "We can't have a country that is split between the military and the rest of the people," she said.
In 2012, Suu Kyi upset many supporters by saying she had a "soft spot" for the military. It was founded by her father Aung San, Myanmar's independence hero, whose portrait hung on the wall behind her.
Now, she rejects criticism that she had been outmanoeuvred by Myanmar's generals.
"We've always known that they would not give up their privileges easily," she said. "There's a time when we have to stand up for our principles and there's a time when one of the principles should be national reconciliation rather than digging up the past."
Suu Kyi also denied claims she had failed to speak up for the Rohingya Muslims, a mostly stateless people living in wretched conditions in western Myanmar after deadly clashes with majority Buddhists in 2012.
"When I talked about rule of law and the fact that we condemned all forms of violence, nobody was interested," she said. "This wasn't news."
(Editing by Raju Gopalakrishnan)



Aung San Suu Kyi: "I have condemned Rohingya persecution"

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!