| Written by ရီတာအောင် |
| Saturday, 10 March 2012 15:06 |
မီရှဲလ်က “ဒီရုပ်ရှင်ဟာ ရိုက်ကူးရေးပြီးဆုံးသွားတဲ့အခါ အဖွဲ့သားအားလုံးကို လက်ဆွဲ နှုတ်ဆက်၊ နောက် ရုပ်ရှင်တစ်ကား ရိုက်ဖို့ ဆက်ပြင်ဆင် နိုင်လောက်တဲ့ အထိ ပေါ့သေးသေး ရုပ်ရှင် မဟုတ်ဘူး။ ကျွန်မ အတွက်တော့ ဘ၀နဲ့ ဆိုင်တဲ့ တွေးခေါ်မှု၊ အယူအဆတွေ ပေါ်ပေါက် လာခဲ့တယ်”လို့ ဆိုပါတယ်။ သူမက ၁၉၈၃ ခုနှစ် ၂၁ နှစ် အရွယ်မှာ Miss Malaysia ဘွဲ့ရပြီး အော်စကာ ဆုတွေ တစ်ပုံကြီးဆွတ်ခူးခဲ့တဲ Crouching Tiger, Hidden Dragon မှာ ပါဝင်ခွင့် ရခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မီရှဲလ်ကိုယ်တိုင် မြန်မာပြည်သို့ သွားရောက် တွေ့ဆုံခဲ့ဖူးတယ်။ မင်းသမီးက “အဲဒီ့ တွေ့ဆုံမှုက ကျွန်မဘ၀ အတွက် အမှတ်ရစရာ အကောင်းဆုံး တစ်ခုဖြစ်ခဲ့တယ်။ ကျွန်မ စိတ်တွေလည်း လှုပ်ရှားလို့ပေါ့။ (မီရှဲလ်က ဒေါ်အောင်ဆန်းစုကြည်ကိုစုလို့ ခေါ်ဝေါ်ပါတယ်) စုအကြောင်း ကျွန်မ လေ့လာ သုတေသန လုပ်ခဲ့တာ ၄ နှစ် ကြာတယ်။ ရုပ်ရှင် မရိုက်ခင် ၆ လလုံးလုံး ကျွန်မ မြန်မာစကား သင်နေပြီး စု စကားပြောပုံ၊ လမ်းလျှောက်ပုံနဲ့ တူအောင် လေ့ကျင့် နေခဲ့ရတယ်။ အဲဒီ အချိန်က ကျွန်မမှာ အခြား ဘာကိုမှ စိတ်ထဲ မထားနိုင်ဘူး။ ကျွန်မရဲ့ ချစ်သူ Jean ကတော့ သနားစရာပါ။ ကျွန်မ ကိုတောင် သူက စိတ်ကစဥ့်ကလျား ရောဂါ ဖိစီးနေပြီ ထင်ခဲ့တာပါ။ “စုရဲ့အိမ်ကို အသွား ခြံထဲ လှမ်းဝင် လိုက်တော့ အိပ်မက် မက်နေသလိုပဲ။ ဒီ နေရာတွေကို ရောက်ဖူးနေသလိုပဲ။ ဘာ ကြောင့်လဲဆိုတော့ ထိုင်းနိုင်ငံရုပ်ရှင် ရိုက်ကွင်းမှာ ဆောက်ထားတဲ့ ဆက်တင်က လုံးဝ တထေရာတည်း တူနေတာကိုး။ ကြိုဆိုတဲ့ အဖွဲ့ဝင်တွေက အိမ်ဆီကို လက်ညှိုး ထိုးပြတော့တောင် ကျွန်မက “ရပါတယ်။ ကျွန်မ ဘယ်ကို သွားရမယ်မှန်း သိပါတယ်”လို့ ပြောမိသေးတယ်။ အိမ်ထဲရောက်တော့ စာအုပ်တွေ၊ ပန်းချီကား တွေကြည့်နေတုန်း အသံကြားလို့ ကြည့် လိုက်တော့ စု အခန်းထဲ ၀င်လာပြီးပြီ။ သူ့လက်နှစ်ဖက်ကို ဖွင့်ပြီး ကျွန်မကို လှိုက်လှဲ နွေးထွေးစွာ ဖက်ထားခဲ့တယ်။ မိသားစုဝင် တစ်ယောက်ကို ကြိုဆိုသလိုမျိုး။ စစ်မှန် နွေးထွေးပြီး ရိုးသားတဲ့ အမျိုးသမီး တစ်ယောက်ပါပဲ။ “ ဒါရိုက်တာ Luc Besson က Printer တစ်ခု၊ Laptop တစ်ခု သယ်သွားပြီး စုကို ပေးပေးပါတဲ့။ စုက အဲဒါတွေ အားလုံးကို ငြင်းပယ်ခဲ့တာလေ။ ကျွန်မကို မှောင်ခို ကုန်ကူးနေတယ် ဆိုပြီး တားမြစ်ခံရမှာလည်း စိုးရိမ်မိသေးတယ်။ ဒီတော့ ကျွန်မက ကျွန်မတို့ မိန်းကလေးတွေ လုပ်တတ်တဲ့ အရာကလေး လုပ်သွားတယ်။ ကျွန်မအကြိုက် နှုတ်ခမ်းနီတောင့်လေးတွေ သယ်သွားပေးတယ်။ ပြီးတော့ ကျွန်မက Guerlain မိတ်ကပ် အလှကုန် လုပ်ငန်းရဲ့ ပြောရေး ဆိုခွင့်ရှိသူ တစ်ယောက်မို့ အဲဒီက ထုတ်တဲ့ အလှဆီ တချို့လည်း စုကို လက်ဆောင်ပေးခဲ့တယ်။ စုက သဘောကျ ပါတယ်။ ဟန်ဆောင်ပန်ဆောင် မဟုတ်ဘဲ မေတ္တာနဲ့ပေးတဲ့ လက်ဆောင်ဆို စုက ကြည်နူးပီတိ ဖြစ်လေ့ရှိတယ်။ သူ့ခေါင်းမှာ ပန်းတွေ ဝေနေအောင် ပန်ထားတာ တွေ့ရဲ့ မဟုတ်လား။ အဲဒါ သူ့ကိုချစ်လို့ ပေးထားတဲ့ လက်ဆောင်တွေ။ လက်ဆောင်ပန်းတွေ ပန်ထားခြင်းက ချစ်ခြင်း မေတ္တာတွေကို ပန်ထားတာတဲ့လေ။ ကျက်သရေရှိရှိ၊ ဖြောင့်မှန်တဲ့ အမျိုးသမီးပါ”လို့ ပြောပြခဲ့ပါတယ်။ မီရှဲလ်က မလေးရှားနိုင်ငံ Ipoh မှာမွေးတဲ့ တရုတ် မိသားစုဝင်တစ်ဦးပါ။ နိုင်ငံရေးသမားဖခင် Kian Teik, ရှေ့နေ မိခင် Janet တို့မှ ၁၉၆၃ ခုနှစ် သြဂုတ် လ ၆ ရက်နေ့မှာ မွေးဖွားခဲ့တယ်။ သူမ အသက် ၄ နှစ်အရွယ်က စပြီး ဘဲလေး အက သင်ယူခဲ့တယ်။ အသက် ၁၅ နှစ် မှာ မိဘတွေနဲ့ အတူ အင်္ဂလန်သို့ ပြောင်း ရွှေ့ခဲ့တယ်။ လန်ဒန်မြို့Royal Academy မှာ အက သင်တန်းဆက်တက် ခဲ့ပေမဲ့လည်း ကျောရိုးဒဏ်ရာ တစ်ခုရခဲ့ တဲ့အတွက် ကချေသည် အကျော်အမော် ဖြစ်ချင်ခွင့် လက်လျှော့ခဲ့ရတယ်။ တက္ကသိုလ် ဆက်တက်ရာ အနုပညာရပ် ဆိုင်ရာ ဘီအေဘွဲ့ ရရှိခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပိုပြီးတူ အောင် နဂိုက သွယ်နွဲ့တဲ့ ခန္ဓာကိုယ်ကို အလေးချိန် ၁၈ ပေါင်ခန့် ကျအောင် ၀ိတ်လျှော့ချခဲ့သေးတယ်။ မီရှဲလ်က “ကျွန်မ စုရဲ့သားအငယ် Kim နဲ့လည်း တွေ့ဆုံခဲ့တယ်။ ကင်မ်က တွေ့တွေ့ချင်း ကျွန်မကို ကျွန်တော့် မေမေက ခင်ဗျားထက် ပိုပိန်တယ်”လို့ပြောတာ။ ကျွန်မ က ကျွန်မထက်တော့ မပိန်လောက်ပါ ဘူးလို့ တွေးမိတယ်။ မေမေ့အကြောင်း ပြောပြပါဦး ဆိုတော့ ကင်မ်က “ကျွန်တော် ၁၂ နှစ်သားက ခွဲခဲ့ရတာ။ မှတ်မိတာ တွေအများကြီး မင်းကို ပြန်မပြောပြနိုင် တော့ပါဘူး”တဲ့။ “မိန်းမသားတွေက စုရဲ့အကြောင်း ကြားရင် သူ ဘာကြောင့် သားလေး ၁၄ နှစ်နဲ့ ၁၂ နှစ် ခွဲနေနိုင်တာလဲ ဆိုတဲ့မေးခွန်း ပထမဆုံး မေးလေ့ရှိတယ်။ မိခင်တွေ ကတော့ ငါ့သားသမီး သာလျှင် အဓိက ပထမ ဦးစားပေးလို့ ပြောကြတယ်။ ဒါ ပေမဲ့ စု ဘယ်သူ၊ ဘယ်က ဆင်းသက် လာတယ်ဆိုတာ သိသွားတဲ့ အခါမှာတော့ စုလုပ်ရပ်နဲ့ စွန့်စားမှုကို နားလည်သဘော ပေါက်သွားကြပါတယ်။ သားနှစ်ယောက်စလုံး အမေနဲ့ ဝေးနေရတော့ အခက်အခဲတွေ ကြုံခဲ့ပေမဲ့ သူတို့ အမေကို အပြစ်မတင်ဘူး။ သူတို့ ကြီးလာတော့ အမေ အလုပ်တွေက မိသားစုထက် အရေး ပါမှန်း ပိုနားလည်လာတယ်”လို့ မီရှဲလ်က ပြောပြသွားခဲ့တယ်။ မိခင်အကြောင်း၊ သားတွေ အကြောင်းပြောနေပေမဲ့ မီရှဲလ်ရဲ့တကယ့် ဘ၀မှာတော့ မိခင်ဘ၀ကို ခံယူခွင့်မရခဲ့ ပါဘူး။ သူမရဲ့ ခင်ပွန်းဟောင်း၊ ပထမ အိမ်ထောင်ဖက် Dickson Poon နဲ့တုန်းက ရင်သွေးလေးမွေး၊ မိသားစုထူထောင် ချင်ခဲ့ပေမဲ့ အဆင်မပြေခဲ့ပါ။ “ကျွန်မ နောင်တရနေဖို့တော့ မရှိပါဘူး။ ကျွန်မမှ ကိုယ်တိုင်မလုပ်နိုင်ခဲ့တာပဲ။ အဲဒီအိမ် ထောင်ကို ဖြိုခွဲ ထွက်လာခဲ့တာ ဒီအချက် ကလည်း တစ်ခု အပါအ၀င်ပေါ့။ သူက လည်း သားသမီးလိုချင်ပါတယ်။ ဖြစ် မလာတာဟာ သူ့အတွက်လည်း တရား မမျှတဘူးလေ။ “ကျွန်မရင်ခွင်ထဲမှာ ကိုယ်ပိုင်ရင် သွေးလေးဖက်ပွေ့ ထားချင်လိုက်တာလို့ တမ်းတမိခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကျွန်မမှာ အခု မွေးစားသားသမီးတွေ ၅ ယောက်တောင် ရှိနေပါပြီ။ (၅ ယောက် အနက် တစ်ယောက်မှာ ခင်ပွန်းသည် နောက်အိမ်ထောင်မှ မွေးတဲ့ သမီးလေး ဖြစ်တယ်။) သွေးသားတော်စပ်သည် ဖြစ်စေ၊ မတော်စပ်သည်ဖြစ်စေ ချစ်ခြင်း မေတ္တာသာ ပါဝင်ရင် မြင့်မြတ်တဲ့အချစ် တွေ ဖြစ်လာမယ်လို့ ကျွန်မယုံကြည် ပါတယ်” ပြီးတော့ မီရှဲလ်က The Lady ရုပ်ရှင် ရိုက်ကူးနေရင်း “စုနဲ့ သူမရဲ့ ခင်ပွန်းတို့ အကြားက နှလုံးသားကို လေ့လာခွင့် ရခဲ့တယ်။ စုက မိသားစုနဲ့ ရှိနေချိန် မိသားစု အပေါ် တာဝန်ကျေတဲ့ မိခင်ဖြစ်ခဲ့တယ်။ တစ်ချိန်တည်းမှာပဲ စာအုပ်တွေ ကိုယ်တိုင် ရေးနိုင်ခဲ့သေးတယ်။ ဇနီးသည်ရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ရပ်ကို သူ့ ခင်ပွန်းက ပံ့ပိုးသေးတာ။ တစ်စုံတစ် ယောက်ကို အမှန်တကယ် ချစ်ရင်၊ အဲဒီ လူကို ပြောင်းလဲပစ်ဖို့ မကြိုးစားဘူး။ “ကိုယ်ချစ်ရသူ ဖြစ်ချင်တဲ့ ဆန္ဒကို အထောက်အက သာပေးတယ် ဆိုတဲ့ သဘောထားလေးကို နားလည်လာမိ တယ်” မီရှဲလ်ရဲ့ တကယ့် ဘ၀မှာလည်း စေ့စပ်ထားတဲ့ ချစ်သူ Jean Todt အပေါ် အဲဒီလိုပဲ သဘောထားကြောင်း နှိုင်း ယှဉ်ပြောပြပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ က မော်နာကို တိုင်းပြည်မှာ မင်းသား အဲလ်ဘတ်နှင့် ရှာလင်းဝစ်စတော့ခ်တို့ တော်ဝင် မင်္ဂလာပွဲကို အတူတွဲ တက်ခဲ့ကြ တယ်။ “ကျွန်မ သူ့ကိုကြည့်ပြီး သေချာ ပေါက်ပြောနိုင်တာ ပိုကောင်းတဲ့ လူတစ် ယောက်ဖြစ်လာအောင် ကျွန်မကို ကူညီ ပံ့ပိုးခဲ့တယ်။ ကိုယ်ချစ်ရတဲ့ သူက တာဝန်တွေ၊ အလုပ်တွေကြောင့် အဝေး မှာ ရောက်နေခြင်းအပေါ် “မင်းက ငါ့ အနား မနေချင်ဘူး မဟုတ်လား” လို့ အပြစ်တင်တာ၊ အပြစ်ရှိသလို ခံစားရ အောင် လုပ်တာကတော့ အဆိုးဆုံးပါပဲ။ “ကျွန်မ ချစ်သူကတော့ ဒါမျိုး မဟုတ်တဲ့ ဆန့်ကျင်ဘက်ပါ။ ကျွန်မ အနုပညာအလုပ်ကို ချစ်မှန်းသိတယ်။ ကျွန်မ ပျော်နေရင်သူလည်း ပျော်နေ တယ်။ ကျွန်မရဲ့ ကမ္ဘာထဲ သူရှိတဲ့အချိန် ဆို သူက ရှေ့တန်း မထွက်ဘူး။ နောက်တန်းမှာပဲ နေပြီး ကျွန်မအတွက် ဂုဏ်ယူနေတယ်။ ပထမ ခင်ပွန်းနဲ့တုန်းက အနု ပညာ အလုပ်ကို ရပ်ဆိုင်းလိုက်ပြီး အိမ်ထောင်ရှင်မ ပီသအောင် နေခဲ့တယ်။ အဲဒါက ကျွန်မရဲ့ ရွေးချယ်မှုပါ။ စွန့် လွှတ်စွန့်စားမှုရယ်လို့ ကျွန်မကတော့ မမြင်ပါဘူး။ အိမ်ထောင်သာယာမှုကို အဓိက ဖြစ်စေချင်တာပါ။ မိသားစုလေး ထူထောင်မယ်ဆိုတော့ ကျွန်မတို့ ၂ ယောက်စလုံးခရီးတွေပဲ သွားနေကြ တယ်။ ဘာကြောင့်များ လက်ထပ်ခဲ့ပါ လိမ့်လို့ တွေးမိတယ်။ ဒီကနေ့ မင်းသမီး သရုပ်ဆောင်တွေများ အနုပညာအလုပ် လည်းလုပ်၊ ခင်ပွန်းသည်နဲ့ ကလေးတွေလည်း မွေးထားတာမြင်တော့ အံ့သြမိ သလို၊ သူတို့ကိုလည်း ချီးကျူးအလေး ပြုပါတယ်။ ကျွန်မ သူတို့လို မလုပ်နိုင် ခဲ့ဘူး။ ကျွန်မက တစ်ခုခုကို စလုပ်ပြီ ဆိုရင် တစ်ခုတည်းမှာပဲ အာရုံစိုက်နိုင် တယ်” အင်တာဗျူးသူက ဒီနေရာမှာ မီရှဲလ်ယိုးက ၄ နှစ်လုံးလုံး ဒေါ်အောင်ဆန်းစုကြည်နှင့် ရုပ်ရှင်အတွက် အာရုံ စိုက်နေရလို့ လက်မထပ်နိုင်သေးတာ များလားလို့ တွေးမိကြောင်း ဆိုပါတယ်။ “ကျွန်မချစ်သူ ဂျင်းက ကျွန်မကို အပတ်စဉ် လက်ထပ်ခွင့် တောင်းနေဆဲ ပါပဲ။ ဘယ်လောက် ချစ်စရာ ကောင်းသလဲ။ ကျွန်မက ခေါင်းညိတ်လိုက်ရင် သူက အဲလို ချစ်စဖွယ် လက်ထပ်ခွင့် ဘယ်တောင်းတော့မလဲလို့ ရယ်မောရင်း ပြောပြပါသေးတယ်။ ကျွန်မတို့ ၂ ယောက် Geneva နဲ့ ပဲရစ် တစ်လှည့်စီ နေပါတယ်။ ကျွန်မ မိသားစု ရှိတဲ့ မလေးရှားကို ၂ လတစ်ခေါက်လောက် သွား ဖြစ်တယ်။ ကြီးကြီးကျယ်ကျယ် မင်္ဂလာ ပွဲမကျင်းပ ချင်ပေမဲ့ ကျွန်မတို့မှာ မိတ်ဆွေတွေက အများသား။ အားလုံး ကလည်း လာချင်ကြတာ။ ပျော်စရာ ကြီး ဖြစ်မှာလို့ ထင်ပါတယ်” တစ်ဖန် မီရှဲလ်က “ကျွန်မ အခုချိန် အထိ စုရဲ့သားအငယ် ကင်မ်နဲ့ အဆက် အသွယ် မပြတ်ပါဘူး။ မိသားစုတွေလိုပဲ ဖြစ်လာတယ်” တဲ့။ အဲဒီ ရုပ်ရှင်ကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မကြည့်ရှုရသေးပေ။ မင်းသမီးက “ကျွန်မ ထင်တာတော့ ဒီရုပ်ရှင်ကို စု ကြည့်ဖို့ တော်တော်တော့ အားတင်းရမယ်။ ကျွန်မ အခါပေါင်းများစွာ ကြည့် ပြီးပေမဲ့၊ ကြည့်တိုင်း ခံစားရတုန်းပဲ” လို့ ရင်ဖွင့်ပါတယ်။ ရီတာအောင်(NY) (ရွှေအမြုတေ မဂ္ဂဇင်း၊မတ်လ ၂၀၁၂) |
Popular Posts!
-
မောင်ကျေးရေ ကယ်လီဖိုးနီယား ဇန္န၀ါရ်ီလ ၅၊၂၀၁၃။ စကားဦး သတ္တုတွင်းမျာ၏ ဘေးထွက်ဆိုးကျိုးများသည် လူနှင့်သဘာဝပတ်ဝန်းကျင်အများစုကို နှစ်က...
-
တရုတ်နှင့်မြန်မာလူကြီးတွေက အနောက်နိုင်ငံကြီးတွေကို နိုင်ငံရေးကစားကွက်လေး တအားလှ ပါတယ်ဗျ..... ဘယ်သူတွေ ဘာဖြစ်ကျန်ခဲ့မလဲတော့ မသိသေးပါဘူး...
-
Do you dare smash your phone with a hammer? If you have this screen protector on, you'd probably won't either but this person did...
-
မြင့်လှိုင်၊ စက်တင်ဘာ ၂၈ ရက်၊ ၂၀၁၂ အမေရိကန်ဘဏ်ကြီးများ ဖြစ်ကြတဲ့ Bank of America ၊ JPMorgan Chase ၊ Wells Fargo ၊ US Bank နဲ့ PNC ...
-
မိမိရဲ့ဝတ်လ်ဆိုဒ် ဘလော့တန်ဖိုး ဘယ်လောက်တန်နေပြီလဲ ဆိုတာကိုတော့ဝတ်လ်ဒီဇိုင်းနာ၊ ဘလော့ဂါသမားတွေတိုင်း သိချင်ကျမှာပါနော်! ဒါတွေကို တွက်ချက်တဲ့...
-
Hakka people https://en.wikipedia.org/wiki/Hakka_people တရုတ်ကြီး ဦးနေဝင်း၊ တရုတ်မြေး အေးနေဝင်း(မိဘဘိုးဘွား ဇာတိမှန်ကို ဖုံးကွယ်ခြင်းသ...
-
(၁) ဆရာသမီးကကျီးဘောင်ဖြစ်နေတာပါသမီးဂုတ်မှာဖြစ်နေတာပါ။ သမီးဆေးကုနေတာစုံနေပါပြီ။ သမီးက အရမ်း အကြောတတ်တာပဲ။ အမြဲနှိပ်နေရတယ်ဆရာ။ နည်လမ်းလေးသမ...
-
How Much Do You Need To Earn To Survive In Singapore? Do you earn enough to survive in Singapore? I did some calculations to try to fi...
Friday, March 16, 2012
မီရှဲလ်ယိုး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment