Popular Posts!

Tuesday, March 27, 2012

Water poisoning ရေအဆိပ်သင့်ခြင်း

Friday, December 16, 2011

16 Dec 11, 06:58
Please answer my question. I want to know about poison of water. If we drink water more than required amount that can cause a disease because I hear it from my friend.

ရေဆိပ်သင့်ခြင်းလို့ ခေါင်းစဉ်တပ်ပေမဲ့ သောက်တဲ့-သုံးတဲ့ရေထဲမှာ အဆိပ်ပါတာ မဟုတ်ပါ။ ရေသန့်ဗူးထဲကရေတွေ တအားကြီး သောက်ရင်လဲ အဆိပ်သင့်နိုင်တာကို ပြောတာဖြစ်ပါတယ်။ ဆေးစာနဲ့ဆို Water intoxication လို့ ခေါ်တယ်။ သေကောင်း သေနိုင်တယ်။ ဦးနှောက် လုပ်ငန်းတွေ ထိခိုက်စေမယ်။ Electrolytes ဓါတ်ဆား အချိုးအစား မမျှရာကနေ Hyponatremia ခေါ်တဲ့ (ဆိုဒီယမ်) နည်းတာဖြစ်စေတယ်။
အမှတ်တမဲ့တော့ ရေတွေ တအားသောက်တယ် ဆိုတာတော့ ရှားပါတယ်။ Water drinking contests ရေသောက် ပြိုင်ကြရင် ဖြစ်နိုင်တယ်။ ၁၂-၁-၂ဝဝ၇ တုံးက Hold Your Wee for a Wii ရေသောက်ပြီး သေးမပေါက်နဲ့ ဆိုတဲ့ ပြိုင်ပွဲဝင်သူ ၂၈ နှစ်အရွယ်၊ ကလေး ၂ ယောက်အမေ Jennifer Strange ဟာ သေသွားလို့ ပြိုင်ပွဲစီစဉ်တဲ့ The End ရေဒီယိုက ဒေါ်လာ ၁၆့၅ သန်း လျှော်လိုက်ရတယ်။

ဆေးရုံတွေမှာ လူနာကို လိုတာထက် ရေပါတဲ့ Drips တွေ အများကြီး သွင်းရင်လဲ ဒုက္ခပေးမယ်။ ရေကောင်းရေသန့်ကနေ အဆိပ်လို့ ခေါ်တော့မယ်။ တန်ဆေး၊ လွန်ဘေး အစစ်ဖြစ်တယ်။

လူ့ကိုယ်ခန္ဓာမှာ ပါးစပ်နှုတ်ခမ်းကနေ စအိုအထိရှိတဲ့ အစာလမ်းကနေ ရေကို စုပ်ယူနိုင်စွမ်းရှိတယ်။ အစာအိမ်နဲ့ အူတွေကနေ အများဆုံး စုပ်ယူပေးတယ်။ ရေ နဲ့ Sodium (ဆိုဒီယမ်) ဓါတ်ဆားက တွဲနေတယ်။ တသမတ်ထဲ မျှနေရတယ်။ (ဆဲလ်) တခုရဲ့ အပြင်ဝန်းကျင်နဲ့ (ဆဲလ်) အတွင်ကလဲ မျှနေရတယ်။ ရေက များသွားချိန်မှာ (ဆိုဒီယမ်) က နည်းသွားမယ်။ Hyponatremia ခေါ်တယ်။ တနေရာရာမှာ ဓါတ်ဆားအချိုးအဆ ကဲမယ်-နည်းမယ်ဆိုရင် (ဆဲလ်) နံရံကနေ Osmosis (အော့စ်မောဆစ်) အပြန်အလှန် စုပ်ယူ-စုပ်ထုတ်ခြင်း ဖြစ်စဉ်အရ ညီစေအာင် ကြိုးစားလိမ့်မယ်။ (ဆဲလ်) တွေ ဖေါင်းကားလာလိမ့်မယ်။ Intracranial pressure ဦးနှောက်ထဲမှာ ဖိအားတွေ တက်လာလိမ့်မယ်။

Water intoxication ရေအဆိပ်သင့်ခြင်း လက္ခဏာတွေစတော့မယ်။
• Headache ခေါင်းကိုက်မယ်၊
• Personality changes (ပါဇင်နယ်လ်တီ) ပြောင်းမယ်၊
• Changes in behavior အမူအယာပြောင်းမယ်၊
• Confusion စိတ်ရှုတ်ထွေးလာမယ်၊
• Irritability ဂနာမငြိမ်ဖြစ်လာမယ်၊
• Drowsiness အိပ်ချင်လာမယ်။
ဆက်ပြီးတော့
• Difficulty breathing during exertion ကြိုးစားမှုရှိချိန်မှာ အသက်ရှူလို့ခက်လာမယ်၊
• Muscle weakness ကြွက်သားတွေ အားနည်းလာမယ်၊ Twitching အလိုလိုလှုတ်မယ်၊ Cramping နာမယ်၊
• Nausea ပျို့မယ်၊ Vomiting အန်မယ်၊
• Thirst ရေသန်သလိုဖြစ်မယ်၊
• Sensory information နာတာ-ထိတာ-ဖိတာကိုသိမှုတွေ အားယုတ်လာမယ်။
ဆက်ဆိုးလာမယ်ဆိုရင်
• Papillary သူငယ်အိမ်တုံ့ပြန်မှုလျှော့လာမယ်၊
• Vital signs အရေးအကြီးဆုံး လက္ခဏာတွေ ထိခိုက်လာမယ်။ ဥပမာ Bradycardia နှလုံးခုန်နှေးမယ်၊ Widened pulse pressure သွေးဖိအားပြောင်းလာမယ်။
• Cerebral edema ဦးနှောက်ရောင်လာမယ်။ Brain stem ဦးနှောက်အခြေနေရာကိုဖိအားသက်ရောက်လို့ ဆက်ဖြစ်စရာတွေ ဖြစ်လာမယ်။ Central nervous system dysfunction ဗဟိုဦးနှောက်-အာရုံကြောစနစ် ထိခိုက်လာမယ်။
• Seizures တက်မယ်၊ Coma သတိလစ်မယ်၊ Death သေမယ်။

Risk factors ဘယ်လိုလူတွေမှာ ပိုဆိုးသလဲ။
• ကလေး ငယ်လေ ဆိုးလေ။ ၉-၆-၂ဝဝ၂ မှာ ၄ နှစ်သမီးလေး Cassandra Killpack ကို မအေဖြစ်သူက ရေတဂါလံ ကုန်အောင် အသောက်ခိုင်းရာကနေ သေသွားလို့ သူ့အမေ Jennette Killpack ထောင်ကျတယ်။
• Marathon runners မာရသွန်အပြေးသမား အဖြစ်များတယ်။ ရေသောက်များရာကနေ Sodium levels 135 mmol/L ထက်ကျလာချိန်မှာ ရောဂါလက္ခဏာတွေ ဖြစ်လာမယ်။
• Overexertion ခွန်အား အသုံးများတာကနေလဲဖြစ်စေနိုင်တယ်။ မောလွန်းလို့ ရေတွေ တအား သောက်ရင် ဖြစ်မယ်။ ၁၂-၉-၁၉၉၉ မှာ စစ်သင်တန်းဆရာ Michael J. Schindler သေဆုံးရတယ်။
• MDMA (Ecstasy) ဆေးမျိုးသောက်ပြီး လုပ်သင့်တာတဲ့ပိုပြီး ခွန်အားစိုက်ရာကနေလဲဖြစ်မယ်။
• Heat stress သိပ်ပူချိန်မျိုးမှာ နားနေရင်နဲ့ ရေတွေ အသောက်များရင်လဲ ဖြစ်မယ်။
• Psychogenic polydipsia စိတ်ရောဂါရှိသူတွေက ရေပိုသောက်တယ်။
• Oxcarbazepine ဆေးကြောင့်လဲ ဖြစ်နိုင်တယ်။
• Diabetes insipidus ဆီးချိုကြောင့်လဲ ဖြစ်နိုင်တယ်။

Treatment ဘယ်လိုကုသမလဲ
• Mild intoxication တော်တော်တန်တန်က ရောဂါလက္ခဏာမပြသေးပါ။ ဖြစ်လာပြီဆိုရင်
• Diuretics ဆီးသွားစေတဲ့ဆေး ပေးရမယ်။
• Vasopressin receptor antagonists ဆေးကိုလဲ သုံးတယ်။

Dr. တင့်ဆွေ
၁၆-၁၂-၂ဝ၁၁

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!