Popular Posts!

Wednesday, March 28, 2012

ဘေလီတံတား အနီး ရပ်ကွက်များ တွင် အိမ်၊ခြံ၊ မြေဈေး ထိုးတက်

20 Mar 2012 |By Venus News Journal 
ဘေလီတံတား အနီး ရပ်ကွက် များတွင် အိမ်၊ခြံ၊မြေဈေး တစ်ဟုန်ထိုးတက်ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ်ရှိ ဘေ လီ တံ တား တိုးချဲ့ ဖောက်လုပ်မှု ကြောင့် တံတား အနီးရှိ ရပ်ကွက် များတွင် အိမ်၊ ခြံ၊ မြေများသာ အရောင်းအဝယ် ဖြစ်နေ သည်ဟု ဒဂုံ မြို့သစ် မြောက်ပိုင်း အခြေစိုက် အိမ် ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်း လုပ်ကိုင်နေသူများ ထံမှ စုံစမ်း သိရှိရသည်။
"ပင်လုံ လမ်းမကြီး ပေါ်မှာ အခုချိန်ဆို သိန်း(၂၅၀ဝ) အထိပေးပြီး ဝယ်နေ ကြတယ်၊ အခုတော့ ဈေးက နည်းနည်း ငြိမ်နေပါပြီ၊ တံတား ဖောက်လုပ်ချိန် နှင့် အိမ်၊ ခြံ၊ မြေ ဈေးတက်ချိန်နဲ့ သွားပြီးတိုက်ဆိုင် တော့ ဈေးက အဆမတန်တက် လာတာ၊ ဖေဖော်ဝါရီနဲ့ မတ်လမှာ အမြင့်ဆုံး ဈေး နီးပါး ရောက်ပြီးတော့ မှပြန်ငြိမ်သွားတယ်"ဟု ပါရမီလမ်း (၁၆)ရပ်ကွက်၊ လှိုင်မြိုင်နယ်ရှိ မင်း မဟာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းမှ မန်နေဂျာ ဦးမင်းမင်းက ပြောသည်။
"တံတားဖောက်လုပ်လိုက် တော့ ပင်လုံလမ်းမကြီးနားက အိမ် တွေဆိုရင် သိန်း ၁၀ဝ၀ လောက် ဈေးတက်လာတယ်။ ဒါပေမယ့် အဲ့ လောက်ကြီး အရောင်းအဝယ်မဖြစ် ပါဘူး။ သိန်း ၁၅၀ဝကနေ သိန်း၁၇၀ဝ လောက်ဆိုရင်တောင်ဝယ် တဲ့သူက အဲလောက်မရှိဘူး။အိမ်ရှင် မြေရှင်တွေကသာ ဈေးတွေခေါ် တာ။ ဒါပေမယ့် အရောင်းအဝယ် ဖြစ်ရင် ဒီလောက်ဈေးနဲ့ မဟုတ် ဘူး"ဟုမြောက်ဒဂုံစက်မှုဇုန်ရှိ ရွှေ မြန်မာစံ အိမ်၊ ခြံ၊ မြေ အကျိုး ဆောင်လုပ်ငန်းမှ ဦးကျော်စိုးသန်း က ပြောသည်။
ယခုကဲ့သို့ ဘေလီတံတား အနီးရှိ ရပ်ကွက်များ၏ အိမ်၊ ခြံ၊ မြေဈေးကွက် မြှင့်တက်လာရခြင်း မှာ ယခု နှစ်ဆန်းပိုင်းလောက်မှ စတင်ခြင်းဖြစ်၍ အစပိုင်းတွင် ဝယ် ယူသူအနည်းအကျဉ်းရှိပြီး ယခု အချိန်တွင် ဝယ်ယူသူအလွန်နည်း ပါးပြီး အရောင်းမဖြစ်ဟု တာမွေ မြို့နယ်ရှိ စိုင်းခွန်နောင် အိမ်၊ ခြံ၊ မြေအကျိုးဆောင်လုပ်ငန်းမှ ဦးရန် အောင်က ဆိုသည်။
ပြည်ထောင်စု လမ်းမကြီး အနီးရှိရပ်ကွက်၏ အိမ်၊ ခြံ၊ မြေဈေး ကွက်မှာ ယခင်ဘေလီတံတား တိုး ချဲ့ဖောက်လုပ်မှုမပြုခင်က အမြင့် ဆုံးမှာ သိန်း(၁၂၀ဝ) အထိသာရှိ၍ ယခု ဘေလီတံတားတိုးချဲ့ဖောက် လုပ်ပြီး နောက်ပိုင်းမှစ၍ အနိမ့်ဆုံး သိန်း ၁၀ဝ၀ မှ အမြင့်ဆုံး ၃၅၀ဝ နီးပါးအထိရှိသည်ဟု အိမ်၊ ခြံ၊ မြေ လုပ်ငန်း လုပ်နေသူများ ထံမှ သိရ သည်။
ထိုကဲ့သို့ပင် ဗိုလ်မှူးဗထူးလမ်း၌ ခြောက်လမ်းသွား လမ်းမ ကြီးဖောက်လုပ်မှုကြောင့် အိမ်၊ ခြံ၊ မြေဈေးကွက်မှာသိန်း ၁၀ဝ၀ အထိ မြင့်တက်လာပြီး အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်အခြေအနေမှာ ပုံမှန်သာ ရှိနေသည်ဟု ရွှေမြန်မာစံ မှ ကိုကျော်စိုးသန်းက ဆိုသည်။
"ပထမကတော့ အဝယ်တွေ ရှိသေးတယ်၊ နောက်ပိုင်းကြတော့ ဈေးသက်သာမှ ဝယ်ကြတာများ တယ်။ သိန်း ၁၄၀ဝ၊ ၁၅၀ဝ ဆို ဝယ်ကြသေးတယ်။ သိန်း ၁၇၀ဝ ဆိုရင်မဝယ်ကြတော့တာများတယ်" ဟု မင်းမဟာအိမ်ခြံမြေလုပ်ငန်းမှ ဦးမင်းမင်းကဆက်လက်ပြောသည်။
ဗိုလ်မှူးဗထူးလမ်းအနီးရှိ ရပ် ကွက်တွင် ယခင်က သိန်း ၈၀ဝ ပတ်ချာလည်မှ ယခုသိန်း ၁၂၀ဝ ကျော်အထိ ဈေးခေါ်သူများရှိနေ သည်ဟု စိုင်းခွန်နောင် အိမ်၊ ခြံ၊မြေ အကျိုးဆောင်လုပ်ငန်းမှ ဦးရန် အောင်က ပြောသည်။
အချို့အိမ်ရှင် များသည် သိန်း ၂၀ဝ၀ အထက်ထိ ဈေးခေါ်နေသောကြောင့် အရောင်း အဝယ်မဖြစ်ဘဲရှိနေပြီး အချို့ရင်းနှီး မြှပ်နှံမှုပြုလိုသူများကလဲ အိမ်၊ ခြံ၊ မြေများဝယ်၍ ရင်းနှီးမြှုပ်နှံမှုပြုလုပ် ထားသည်ဟု မြောက်ဒဂုံအခြေစိုက် အိမ်၊ ခြံ၊ မြေအကျိုးဆောင်လုပ်ငန်း လုပ်နေသူများကပြောကြားသည်။
ညိမ်းပြည့်စုံ-Venusnes
Ref:yoyalay

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!