Popular Posts!

Tuesday, March 6, 2012

ပါရှန်းပင်လယ်ကွေ့မှ ရေနံ မရပါက ကမ္ဘာကြီး ၂၄ နာရီကြာအောင် မရပ်တည်နိုင်ဟု အီရန်ပြော

Sunday, January 8, 2012
အီရန်မှပိတ်ပစ်မည်ဟု ချိန်းခြောက်နေသော Hormuz ရေလက်ကြား

ပါရှန်းပင်လယ်ကွေ့မှ ရေနံ မရပါက ကမ္ဘာကြီး ၂၄ နာရီကြာအောင် မရပ်တည်နိုင်ဟုအီရန်နိုင်ငံ ရှိ IslamicRevolution Guards Corps (IRGC) ခေါ်တပ်ဖွဲ့၏ အကြီးအကဲဖြစ်သူမှပြောရာ၌ ကမ္ဘာကြီး အနေဖြင့် ပါရှန်းပင်လယ်ကွေ့ မှရေနံများကို မရရှိပါက ၂၄ နာရီပင် ရပ်တည်နိုင်မည် မဟုတ် ဟု ပြောကြားလိုက်ကာ တဟီရန် အနေဖြင့် ဟော်မုတ်ရေလက်ကြားကို ပိတ်ဆို့ရန် အပြည့်အဝ စွမ်းေ ဆာင်နိုင်ကြောင်း လည်း ပြောကြားသွားခဲ့သည်။
hormuz ရေလက်ကြားကို ဂြိုလ်တုမှ မြင်ရသောပုံ

ယနေ့ ကမ္ဘာကြီးတွင် တွက်ရှိနေသော ရေနံစည်ပေါင်း ၁၃၀၀၀ ဘီလီယံ ထဲတွင် ဘီလီယံ ၈၀၀ မှာ ပါရှန်းပင်လယ်ကွေ့ မှ ဖြတ်သန်း သွားလာရခြင်း ဖြစ်သည်ဟု ရေတပ်စစ်ဦးစီးချုပ် Ali Fadavi မှသောကြာနေ့က ပြောကြားလိုက်ကာ ကမ္ဘာကြီးအနေဖြင့် ပါရှန်းပင် လယ်ကွေ့ မှထွက်ရှိသည့် ရေနံများ မရရှိပါက စဉ်းစားနိုင်ဖွယ် အခြေအနေပင်ရှိမည် မဟုတ်ဟု ၎င်းမှသောကြာနေ့ က ပြောကြားသွားခဲ့သ ည်။ဟော်မုတ် ရေလက်ကြားမှာ အိုမန်နှင့် အီရန် နိုင်ငံအကြားတွင်ရှိသော ကျဉ်းမြောင်းသည့် ရေလက်ကြားတစ်ခု ဖြစ်ပြီး ပါရှန်းပင်လယ်ေ ကွ့ မှထွက်ရှိသည့် ရေနံများ အားလုံးမှာ ယင်းဒေသကိုဖြတ်ပြီး သယ်ဆောင်ရခြင်းလည်း ဖြစ်သည်။

presstv.ir ,mrtv4

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!