Popular Posts!

Friday, October 31, 2014

အိမ်ခြံမြေအခွန် ပြည်တွင်းအခွန်ဌာနရဲ့ သတ်မှတ်နှုန်းအတိုင်းဆောင်ပါ


Kumuda | 22 October 2014


အိမ်ခြံမြေ၀ယ်ယူခြင်းအတွက် အခွန်ပေးဆောင်မှုမှာ ကျပ်သိန်း၁၀၀၀ နဲ့ အထက်ကို ၃၀ရာခိုင်းနှန်း ပေးဆောင်ရမယ်ဆိုရင် အခွန်ဆောင်ဖို့ အဆင်မပြေဘူးလို့ ၀ယ်ယူသူအချို့ ဆီက သိရပါတယ်။

မကွဲပြားတာက

အခွန်ပေးဆောင်ရမှုနဲ့ ပတ်သက်ပြီး တချို့ ကပြည်တွင်းအခွန်များဦးစီးဌာနက သတ်မှတ်ပေးထားတဲ့အတိုင်း ပေးဆောင်ရမှာ သိပေမယ့် သိန်း၁၀၀၀နဲ့အထက် ရောင်းဝယ်မှုမှာ ၃၀ရာခိုင်နှုန်းပေးဆောင်ရမယ်ဆိုတဲ့ ငွေကြေးခ၀ါချမှနဲ့ ပတ်သက်တဲ့ ပေးဆောင်ရမှုနဲ့ ရောထွေးပြီး အိမ်ခြံမြေအခွန် ပေးဆောင်ရမှုမှာ မကွဲပြားမှုတွေ ဖြစ်နေတာပါ။

ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး အခွန်ဦးစီးဌာနမှုး ဦးဇော်မြင့်အောင်က “အိမ်ခြံမြေ၀ယ်ယူခြင်းအတွက် အခွန်ကတော့ လက်ရှိမှာ သတ်မှတ်ပေးထားတဲ့ နှုန်းထားတွေနဲ့ပဲ ဆောင်ရမှာပါ၊ ၁၈နှစ်ပြည့်ပြီးတဲ့ နိုင်ငံသားတစ်ဦးက တစ်သက်မှာ တစ်ကြိမ်အကျိုးခံစားခွင့်အနေနဲ့ ၀င်ငွေလမ်းမပြနိုင်တဲ့ ငွေပေါ်မှာ ဒီနှုန်းထားတွေနဲ့ ပေးဆောင်ခံစားခွင့်ရှိတယ်၊ ငွေကြေးခ၀ါချမှုနဲ့ မဆိုင်ဘူး” လို့ရှင်းပြပါတယ်။

အိမ်ခြံမြေ၀ယ်ယူခြင်းနဲ့ ပတ်သက်ပြီး အရင်ကတံဆိပ်ခေါင်းခွန်နဲ့ ၀င်ငွေခွန်ပါ ၃၇ရာခိုင်နှုန်းပေးဆောင်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၃ခုနှစ်ကစပြီး မြေကွက်စံနှုန်း (တန်ဖိုး)အလိုက်ပေးဆောင်ရမဲ့ ၀ယ်ခွန်နှုန်းထားတွေကို ခွဲခြားသတ်မှတ်ပေးခဲ့ပါတယ်။

“ဈေးကွက်ထဲမှာ သိန်း၁၀၀၀နဲ့ အထက်ဆို ၃၀ရာခိုင်နှုန်း ပေးဆောင်ရမယ်လို့ ကြားနေရတော့ သတ်မှတ်ပေးထားတဲ့ နှုန်းအတိုင်းမဟုတ်ဖူးလို့ ထင်ခဲ့တာ၊ ပြည်တွင်းအခွန်က သတ်မှတ်ပေးထားတဲ့ နှုန်းအတိုင်းဆိုရင်တော့ လူတိုင်းအခွန်ဆောင်နိုင်ပါတယ်”လို့ မြေကွက်ဝယ်စုထားတဲ့ ဒေါ်သီတာ(အမည်လွှဲ)က ပြောပါတယ်။


တန်ဖိုးကွာခြားထက်နဲ့ သတ်မှတ်ထားတဲ့ ၀ယ်ခွန်နှုန်းထားများ
တန်ဖိုး ၀ယ်ခွန်
၁ကျပ်−ကျပ်သိန်း ၅၀၀၃ရာခိုင်နှုန်း
ကျပ်သိန်း၅၀၁−သိန်း၁၅၀၀ ၁၀ရာခိုင်နှုန်း
ကျပ်သိန်း၁၅၀၀−သိန်း၃၀၀၀ ၂၀ရာခိုင်နှုန်း
ကျပ်သိန်း၃၀၀၀နှင့်အထက် ၃၀ရာခိုင်နှုန်း


နေအိမ်ငှားရမ်းခ ကျပ်နှစ်သိန်းခန့်ရရှိသည့် အိမ်ပိုင်ရှင်များ 

အခွန်ပေးဆောင်ရန်မလို

28/10/2014 

အခွန်ဥပဒေအရ အိမ်ရှင်၊ အိမ်ငှားစာချုပ် ချုပ်ဆိုလျင် အိမ်ရှင်များက အခွန်ပေးဆောင်ရန် သတ်မှတ်ထားသော်လည်း နေအိမ် ငှားရမ်းခ တစ်လ ကျပ်နှစ်သိန်း ရရှိနေသူ နေအိမ်ပိုင်ရှင်များသည် အခွန်ပေးဆောင်ရန် မလိုအပ်ဟု ပြည်တွင်း အခွန်များဦးစီးဌာနမှ အောက်တိုဘာ ၂၇ ရက်က ရှင်းလင်းထုတ်ပြန်သည်။
မြေ ၊ အဆောက်အအုံငှားရမ်းမှုဖြင့် ငှားရမ်းခရရှိသည့် အိမ်ပိုင်ရှင်များမှ ကျသင့်သည့် ဝင်ငွေခွန်ကို ထမ်းဆောင်ရမည်ဖြစ်ပြီး ငှားရမ်းသူများထံမှ သွယ်ဝိုက်၍ ထပ်ဆောင်းကောက်ခံရန် မဟုတ်ဟု အသိပေးရှင်း လင်းထားသည်။ သို့သော် နေအိမ်ငှားရမ်းသူအချို့သည် မိမိထမ်းဆောင်ရမည့် အခွန်အတွက် ငှားရမ်းခများ ပိုမိုတောင်းခံနေခြင်းကြောင့် နေအိမ် ငှားရမ်းနေထိုင်သူများ အခက်အခံကြုံနေကြသည့်အတွက် ငှားရမ်းခဝင်ငွေရရှိသူများအတွက် ပြည်ထောင်စုအခွန်အကောက်ဥပဒေအရ သက်သာခွင့်များအရ တစ်လလျှင် ပျမ်းမျှ ကျပ်နှစ်သိန်း ရရှိ နေသူများသည် အခွန်ပေးဆောင်ရန် မလိုအပ်ကြောင်း ရှင်းလင်းထားခြင်းဖြစ်သည်။
အခြေခံသက်သာခွင့်အတွက် ခွင့်ပြုငွေကို စုစုပေါင်းဝင်ငွေ၏ ၂၀ ရာခိုင်နှုန်းနှင့် ညီမျှသော ဝင်ငွေ (ကျပ်သိန်း ၁၀၀ ထက်မပိုစေရ)၊ အိမ်ထောင်ဖက်တစ်ဦးအတွက် ခွင့်ပြုငွေမှ ကျပ်ငါးသိန်း၊ သားသမီးတစ်ဦး အတွက် ခွင့်ပြုငွေ ကျပ်သုံးသိန်းစီတို့ကို ပြည်ထောင်စု အခွန်အကောက်ဥပဒေအရ သက်သာခွင့်ပေးထားခြင်း ဖြစ်သည်။
နေအိမ်ငှားရမ်းခဖြင့် ၀င်ငွေရရှိသူများထမ်းဆောင်ရမည့် ၀င်ငွေခွန်စည်းကြပ်ရာတွင် သက်သာခွင့်များ နုတ်ပယ်တွက်ချက်လျှင် တစ်နှစ်အတွက် ငှားရမ်းခဝင်ငွေ ကျပ်သိန်း ၂၀ အထိ ရရှိသူများသည် အခွန်ကျသင့်ခြင်းမရှိဘဲ ကျပ်သိန်း ၃၀ ရရှိသူ ကျပ် ၁၅,၀၀၀၊ ကျပ်သိန်း ၃၀ အထက် ရရှိသူသည် ကျပ် ၆၅၀,၀၀၀ အထိ ဝင်ငွေခွန်ကျသင့်မည်ဖြစ်သည်။
ကျပ်သိန်း ၁၀၀ မှ ကျပ်သိန်း ၂၀၀ အထိ ငှားရမ်းခ ပမာဏရရှိသူသည် ၀င်ငွေခွန် ကျပ် ၂,၁၅၀,၀၀၀၊ ကျပ်သိန်း ၂၀၀ မှ ကျပ်သိန်း ၃၀၀ အထိ ငှားရမ်းခရရှိသူသည် ကျပ် ၄,၁၅၀,၀၀၀ ကျသင့်မည်ဖြစ်ပြီး ကျပ်သိန်း ၃၀၀ အထက် ငှားရမ်းခရရှိသူကို ဝင်ငွေခွန်၂၅ ရာခိုင်နှုန်းဖြင့် တွက်ချက်ကောက်ခံမည်ဖြစ်သည်။
မြေနှင့်အဆောက်အအုံ ငှားရမ်းခတွက်ချက်ရာတွင် အမှန်ရရှိသော ငှားရမ်းခနှင့် စည်ပင်သာယာ ရာဖြတ်တန်ဖိုးတို့အနက် များရာကို အခြေခံတွက်ချက်မည်ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ အသိပေး ရှင်းလင်းထားသည်။
မြေနှင့်အဆောက်အအုံငှားရမ်းမှုဆိုင်ရာ သတင်းအချက်အလက်များကို သက်ဆိုင်ရာ မြို့နယ်အခွန် ဦးစီးဌာနမှူးရုံးများသို့ ဆက်သွယ်ပေးပို့ရန် ထုတ်ပြန်ထားသော်လည်း လာရောက်ဆက်သွယ်သူ နည်းပါးသည့်အတွက် မြို့နယ်များအလိုက် ကွင်းဆင်းစာရင်းကောက်မှုနေသည်ဟု အခွန်ဌာနမှတာဝန်ရှိသူများက ဆိုထားသည်။
Credit : mizzima

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!