| Wednesday, 07 March 2012 10:49 | |
နိုင်ငံခြားခရီးသွားများကို သိမ်ဖြူငွေလဲစင်တာတွင် တွေ့ရစဉ် ''လာမယ့် ဧပြီလ ၁ ရက်နေ့ကစပြီး ငွေလဲနှုန်းကို နှုန်းရှင်အဖြစ် ထားသွားမယ်၊ အစိုးရရဲ့ အသုံးစရိတ်တွေမှ အမေရိကန်တစ်ဒေါ်လာကို ကျပ် ၈၀၀ အဖြစ် တွက်ချက်မယ်လို့ သိထားပါတယ်။ ပြင်ဆင်ရမယ့် ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေ ကိုတော့ ဒီကြားထဲပြင်ဆင်သွားဖို့ လိုမှာပါ''ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ အကြံပေးအဖွဲ့ဝင် ပါမောက္ခ ဦးမော်သန်း (ပါမောက္ခချုပ်-ငြိမ်း၊ စီးပွားရေး တက္ကသိုလ်)က ပြောကြားပါသည်။ နိုင်ငံတော်သမ္မတရုံး စီးပွားရေး အကြံပေးအဖွဲ့ခေါင်းဆောင် ဦးမြင့်က ''ဧပြီလ ၁ ရက်နေ့ကစပြီး ပြောင်းမယ်လို့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌတစ်ဦးက အစည်းအဝေးတစ်ခုမှာ ပြောသွားတာပါ။ ဒီကိစ္စကို ဗဟိုဘဏ်က ဆုံးဖြတ်တာပါ၊ ကျွန်တော်နဲ့ မဆိုင်ဘူး။ ထင်မြင်ချက်လည်း မပေးလိုပါဘူး'' ဟု ဆိုပါသည်။ ကမ္ဘောဇဘဏ် ဒုဥက္ကဋ္ဌ ဦးသန်းလွင် (မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုဥက္ကဋ္ဌ-ငြိမ်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အကြံပေးအဖွဲ့ခေါင်းဆောင်) ကလည်း ''ဒါက ဗဟိုဘဏ်က ဆုံးဖြတ်ပြီး လုပ်ကိုင်မှရမယ့် ကိစ္စပါ။ ကျွန်တော်တို့က ဆုံးဖြတ်လို့ မရပါဘူး။ အခုထိတော့ တရားဝင် မကြေ ညာသေးဘူး။ ဒီကိစ္စက လုပ်ကိုလုပ်ရမယ့် ကိစ္စပါ။ လုပ်နည်းကိုင်နည်း မှန်ဖို့အရေးကြီးတယ်။ အလောသုံးဆယ်လည်း လုပ်ဖို့မသင့်တဲ့ထဲမှာ ပါတယ်။ အိုင်အမ်အက်ဖ်လို နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ သဘောတူညီမှုလည်း လိုတယ်။ အခုလို နှုန်းရှင်ထားတော့မယ်ဆိုရင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဒီလထဲမှာ ဆွေးနွေးပွဲတစ်ခု ပြုလုပ်သွားနိုင်တယ်''ဟု ထင်မြင်ချက်ပေးပါသည်။ ယင်းကဲ့သို့ ငွေလဲနှုန်းကိုနှုန်းရှင် ထားရှိရာတွင် Managed Float အဖြစ်ထားရှိမည်ဖြစ်ပြီး လိုအပ်ပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၀င်ရောက် ထိန်းကျောင်းဖွယ် ရှိနေကြောင်း၊ အက်ဖ်အီးစီဈေးနှုန်း၊ ပို့ကုန်မှရငွေ (earning) တို့ကိုလည်း ထားရှိတော့မည်မဟုတ်ဘဲ ငွေလဲနှုန်း တစ်မျိုးတည်းသာ ထားရှိတော့မည်ဖြစ်ကြောင်း သိရပါသည်။ မြန်မာနိုင်ငံ၏ ငွေလဲနှုန်း ပြုပြင်ပြောင်းလဲမှုတွင် ဒေသတွင်းနှင့် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုရှိရန် အခြေခံကျသော အချက် နှစ်ချက်ရှိသည်ဟု ဦးမြင့်က သုံးသပ်ထားပြီး ၎င်းတို့မှာဖြစ်ပေါ်နေသော ငွေလဲနှုန်းထားအမျိုးမျိုးကို တစ်မျိုးတည်းအဖြစ် ပေါင်းစည်းရန်နှင့် နိုင်ငံ၏ လက်ရှိ ငွေပေး ငွေယူ ရှင်းတမ်း (balance of payments)၊ သာမန်စာရင်း(current account) တို့တွင် ချမှတ်ထားသော အတားအဆီးများကို ဖယ်ရှားရန်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရေးသည် ငွေလဲနှုန်းကိစ္စချည်းသက်သက် မဟုတ်တော့ဘဲ နိုင်ငံအဆင့် စီးပွားရေးမူဝါဒ (macroeconomic policy) များနှင့်ပတ်သက်ပြီး ပြုပြင်ပြောင်းလဲ ရန်လိုအပ်ကြောင်း ယမန်နှစ်က ပြုလုပ်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲတွင် ဦးမြင့်က ထင်မြင် သုံးသပ်ထားပါသည်။ ပါမောက္ခ Dr. Joseph Stiglitz ကလည်း မြန်မာနိုင်ငံအနေဖြင့် သဘာဝ သယံဇာတကျိန်စာသင့်မှုကြောင့် ငွေပုံပေါ်ထိုင်ပြီး သုံးစွဲရင်းက တဖြည်းဖြည်း ဆင်းရဲနွမ်းပါးလျက်ရှိကြောင်း၊ အဆိုပါကျိန်စာကြောင့် ဈေးနှုန်းများ မတည်ငြိမ်ခြင်း၊ နိုင်ငံခြားငွေလဲနှုန်းများ တန်ဖိုးတက်ခြင်း၊ သယံဇာတမှရရှိငွေများကို လွဲမှားစွာ အသုံးချခြင်းဆိုသော ပြဿနာများကို ဖြစ်ပေါ်စေပြီး ၀င်ငွေခွဲဝေမှုမမျှတခြင်းကဲ့သို့ အဆိုးဆုံးအခြေအနေကို ရောက်ရှိနေသော်လည်း စီမံခန့်ခွဲမှု စွမ်းဆောင်ရည် ကောင်းမွန်ပါက ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ပြုလုပ်သော စီးပွားရေးပညာရပ်ဆိုင်ရာ ဟောပြောပွဲတွင် ထည့်သွင်းသုံးသပ်ထားပါသည်။
ပါမောက္ခ Dr. Joseph Stiglitz က ''နိုင်ငံခြားငွေလဲနှုန်း တန်ဖိုးမြင့်ပြီး ကူးစက်တတ်တဲ့ Dutch Disease ပြဿနာကို ရှောင်ရှားနိုင်ဖို့ အရေးကြီးဆုံး ဖြစ်ပါတယ်။ အဲဒီလို ငွေတန်ဖိုးတက်တာက ဖွံ့ဖြိုးတိုးတက်မှုကို အတားအဆီး ဖြစ်စေတာကြောင့် နိုင်ငံခြားငွေလဲနှုန်းကို ကောင်းစွာ စီမံခန့်ခွဲနိုင်ရမှာ ဖြစ်ပါတယ်။ တရုတ်နဲ့ အရှေ့အာရှနိုင်ငံတွေမှာ နိုင်ငံခြား ငွေလဲနှုန်း စီမံခန့်ခွဲမှုကို ထိရောက်ကောင်း မွန်စွာဆောင်ရွက်နိုင်ခဲ့တဲ့ သာဓကကောင်းတွေ ရှိပါတယ်။ ဒါကြောင့် ဖွံ့ဖြိုးရေးလမ်းမှာ တစ်ခုတည်းသော နိုင်ငံခြားငွေလဲနှုန်းသာ ရှိစေတဲ့နည်းနဲ့ ဖွံ့ဖြိုးမှုကို မြှင့်တင်သင့်ပါတယ်။ ငွေလဲနှုန်း အမျိုးမျိုးကြောင့် ဘတ်ဂျက် ခွဲဝေမှုမှာ ထင်သာမြင်သာ မရှိဘဲ ထိရောက်မှုကိုလည်း အားနည်းစေတယ်။ ဘတ်ဂျက်ခွဲဝေမှု စနစ်မကျတာနဲ့ မထိန်းချုပ်နိုင်တာတို့က ငွေကြေးဖောင်းပွမှုကို ဖြစ်စေတယ်။ တစ်ခုတည်းသော နိုင်ငံခြားငွေလဲနှုန်း မထား နိုင်သေးရင်တောင် ဈေးကွက်ပေါက်ဈေးအရ ဖြစ်ပေါ်နေတဲ့ နိုင်ငံခြားငွေလဲနှုန်းကိုတော့ နိုင်နင်းစွာ စီမံခန့်ခွဲနိုင်ရပါမယ်''ဟု ငွေလဲနှုန်းနှင့်ပတ်သက်၍ ဟောပြောခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ငွေလဲနှုန်းကိစ္စ အပါအ၀င် စီးပွားရေးကိစ္စများ ပြုပြင်ပြောင်းလဲမှုပြုလုပ်နိုင်ရန် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်ကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်းများဖြင့် ချိတ်ဆက် လုပ်ဆောင်လျက်ရှိကြောင်း၊ အိုင်အမ်အက်ဖ်အဖွဲ့အနေဖြင့် နိုင်ငံ၏ စီးပွားရေး တည်ငြိမ်စေရန် အမျိုးမျိုးဖြစ်နေသော ငွေလဲနှုန်းများကိုတစ်ခုတည်း ဖြစ်စေရန် ပေါင်းစည်းရေးမှာ အရေးကြီးဆုံး လုပ်ငန်းစဉ်အဖြစ် သုံးသပ်ထားပြီး မြန်မာ့စီးပွားရေးသည် လာမည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ၆ ရာခိုင်နှုန်း တိုးတက်ကာ အနာဂတ်အာရှဒေသ၏ စီးပွားရေး ထွန်းသစ်လာသည့် နိုင်ငံတစ်ခုဖြစ်လာနိုင်သည်ဟု သုံးသပ်ထားပါသည်။ Ref:elevennews |
Popular Posts!
-
ယနေ့ ၁၂/၀၅/၂၀၁၉ ရက်နေ့ ၀၇၁၅နာရီတွင်မြန်မာအမျိုးသားလေကြောင်းလိုင်း ၏ခရီးစဉ်အမှတ် UB103 ရန်ကုန်- မန္တလေး- ရန်ကုန် ခရီးစဉ်ကို လေယာဉ်အမှတ် XY...
-
April 2019 မှာ IMF ကထုတ်ပြန် တဲ့မြန်မာ့ စီးပွားရေး သုံးသပ်ချက် အပြည့်အစုံမှအချို့စာမျက်နှာများကို တင်ပြပေးလိုက်ပါတယ်။ နှစ်လတ်နဲ့နှစ်ရှည်မှာ ...
-
MAC OS Keyboard shortcuts လေးတွေမသိရင်တော်တောကို ဒုက္ခပေးပါတယ်... အခုလဲသုံးနေရင်းနှင့် အဆင်မပြေတာနှင့် Shortcut Keysတွေကို ရှာလိုက်တ...
-
ခိန့်ဟုတ်ဗုဒ္ဓဘာသာဘုရားကျောင်းသမိုင်း ၁၈၆၁ (ချင်အင်ပါယာခေတ်) တွင် ယခုရန်ကုန်မြို့ ကမ်းနားလမ်း ၁၈လမ်းနှင့်စဥ့်အိုးတန်းလမ်းအကြားတွင် ဖူကျန့်လူမ...
-
၂၀၁၅ အတွက် Singapore မှာ IT Jobs မှာ IT Professtionalတွေ ၈သောင်းလိုအပ်နေပြီး ၅သောင်း၅ထောင်ကို ဆက်သွယ်ရေးနှင့်ဆိုင်သော inforcomm အတွက်လိုအပ...
-
ဂျပန်က မြန်မာနိုင်ငံသားတွေကို အကြိမ်ကြိမ်ဝင်ထွက်ခွင့်ဗီဇာပေးပြီ မြန်မာနိုင်ငံသားတွေရဲ့ တချိန်တုန်းကတည်းက အိပ်မက်ကြီး မက်ခဲ့တဲ့ ဂျပန်နို...
-
We make tools Your make do! သူငယ်ချင်းတယောက်က သူဖုန်းလိုင်းသက်တန်းတိုး အသစ်ပြန်စာချုပ်ချုပ်ရတော့မှာမို့..... မူရင်းlock ပိတ်ထားတဲ့iphon...
-
ရာသီဥတုပူပြင်းတဲ့အချိန်မှာ သတိထားသင့်တဲ့ မျက်စိနာရောဂါ (သို့) မျက်မြှေးရောင်ရောဂါ အချိန်အခါမရွေး ဖြစ်ပွားနိုင်ပေမယ့် ရာသီဥတုအပြောင်းအလဲဖြ...
Thursday, March 8, 2012
၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ ငွေလဲနှုန်းကို ဈေးကွက်ပေါက်ဈေးအတိုင်း နှုန်းရှင်အဖြစ် ထားရှိမည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment