iBG Starအမည်ရှိ စတာလင် ၄၈ ပေါင် တန်ပစ္စည်းတစ်မျိုးအား iPhone နှင့် တွဲဖက်အ သုံးပြု၍ ဆီးချို၊ သွေးချိုတိုင်းတာနိုင် ရန်ဖန်တီး ပေးလိုက်ပြီဖြစ် သည့်အတွက် iPhone အသုံးပြု နေကြသော ဆီးချို၊ သွေးချိုဝေဒနာရှင်များအ တွက် သတင်းကောင်းပင်ဖြစ်သည်။
အဆိုပါiBG Starကို iPhone နှင့်သာမ က iPod Touchနှင့်လည်း တွဲဖက်အသုံးပြု နိုင်မည်ဖြစ်ပြီး တစ်ပါတည်းအခမဲ့ Diabetes Manager App ကို အသုံးချ၍ သွေးအတွင်းရှိ သကြားပမာဏကို စစ်ဆေးနိုင်မည်ဖြစ်သလို ဆီး ချို၊ သွေးချိုရောဂါအုပ်စုတွင် နံပါတ်တစ်အမျိုး အစားဖြစ်သော Auto-Immune ရောဂါ၏ ဖြစ် နိုင်မည့် ရောဂါလက္ခဏာများကိုပါ မှန်းဆနိုင် မည်ဖြစ်သည်။
သွေးအတွင်း၌ သကြားဓာတ် များပြားခြင်းသည် နှလုံး၊ ကျောက်ကပ်နှင့် မျက်စိ ပျက်စီးခြင်းတို့ ဦးတည်နိုင်သည့်နည်းတူ အာရုံကြောစနစ်များ ချို့ယွင်းခြင်းလည်း ဖြစ်နိုင် သည့်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO က အလေးထား ကုသရန်အတွက် ဂရု တစိုက်သတိပေးထားပြီဖြစ်သည်။ ဗြိတိန်နိုင်ငံ တွင် ဆီးချို၊ သွေးချိုရောဂါခံစားရသူ ၂ ဒသမ ၉ သန်းခန့်ရှိနေသည်။Ref:yoyalay
No comments:
Post a Comment