Popular Posts!

Friday, December 19, 2014

စတော့ဈေးကွက် ဒေါက်တိုင်သုံးရပ်နှင့် ရင်းနှီးမြှုပ်နှံသူတို့၏ အခန်းကဏ္ဍ

စတော့ဈေးကွက် ဒေါက်တိုင်သုံးရပ်နှင့် ရင်းနှီးမြှုပ်နှံသူတို့၏ အခန်းကဏ္ဍ

အဓိကအကျဆုံး ဒေါက်တိုင်တစ်ခုမှာ ရင်းနှီးမြှုပ်နှံသူ (investor) များပင် ဖြစ်ပါသည်။ အရည် အချင်းပြည့်ဝသည့် ရင်းနှီးမြှုပ်နှံသူ . . .
အဓိကအကျဆုံး ဒေါက်တိုင်တစ်ခုမှာ ရင်းနှီးမြှုပ်နှံသူ (investor) များပင် ဖြစ်ပါသည်။ အရည် အချင်းပြည့်ဝသည့် ရင်းနှီးမြှုပ်နှံသူ . . .
စတော့ရှယ်ယာ ဈေးကွက် (သို့) အရင်းအနှီးဈေးကွက်အတွင်းတွင် အဓိကကျသည့် ဒေါက်တိုင်ကြီး သုံးခုရှိပါသည်။ ပထမ ဒေါက်တိုင် မှာ ငွေချေးသက်သေခံလက်မှတ် လဲလှယ် ရောင်းဝယ်ရေး ဥပဒေ ဖြစ်ပြီး ယင်းဒေါက်တိုင်က ငွေချေး သက်သေခံလက်မှတ်လုပ်ငန်း ကြီး ကြပ်ရေးကော်မတီ (Securities Exchange Commission-SEC) ကို ထောက်မပေးထားပါသည်။ ဒုတိယ ဒေါက်တိုင်တစ်ခုမှာ အများ နှင့် သက်ဆိုင်သည့် စာရင်းဝင် ကုမ္ပဏီများ ဖြစ်ပြီး ယင်းဒေါက်တိုင် က စတော့အိတ်ချိန်းကို အထောက် အကူပြုထားပါသည်။ တတိယ ဒေါက်တိုင်မှာ ရင်းနှီးမြှုပ်နှံသူ ပြည်သူများ ဖြစ်ပြီး ယင်းဒေါက်တိုင် က ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီ (Securities Companies) များကို အထောက်အကူပြုထားပါ သည်။ယင်းဒေါက်တိုင်ကြီး သုံးခု သည် အပြန်အလှန် မှီခိုနေရပါသည်။ ဒေါက်တိုင်သုံးခု ပြည့်စုံ ညီညွတ်မှသာ စတော့ရှယ်ယာဈေးကွက် အောင် မြင်နိုင်ပါသည်။
မြန်မာနိုင်ငံတွင်လည်း စတော့ ရှယ်ယာဈေးကွက် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် အထက်ဖော်ပြပါ ဒေါက်တိုင် သုံးခု ဟန်ချက်ညီညီ ပေါ်ပေါက်လာရန် လိုအပ်ပါသည်။ ဈေးကွက်ပေါ်ပေါက် ရေး၏ ကနဦး အဆင့်အနေဖြင့် ၂ဝ၁၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်တွင် ငွေချေး သက်သေခံလက်မှတ်များ လဲလှယ် ရောင်းဝယ်ရေး ဥပဒေကို ပြည် ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂ဝ ဖြင့် ပြဋ္ဌာန်းပေးခဲ့ပြီး ဖြစ်ပါသည်။ ထို့ပြင် ဥပဒေအရ ဈေးကွက်ကြီး တစ်ခုလုံးကို ထိန်းကျောင်းမည့် ငွေ ချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် (SEC) ကို လည်း ဖွဲ့စည်းခဲ့ပြီးဖြစ်သဖြင့် ပထမ ဒေါက်တိုင်တစ်ခု ဖြည့်ဆည်းပြီးသွား ပြီဖြစ်ပါသည်။
မကြာတော့သည့် ကာလအတွင်း နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်တော့မည်ဖြစ်ပြီး စတော့ ဈေးကွက်တွင် ပါဝင်မည့် ဒေါက်တိုင် များ ဖြစ်သည့် စတော့အိတ်ချိန်း၊ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ (Securities Companies) များ ဖွဲ့စည်းခွင့်ပြုခြင်း၊ အရည်အချင်း ပြည့်စုံသည့် အများပိုင်ကုမ္ပဏီများ အား စတော့အိတ်ချိန်းတွင် စာရင်း ဝင်ကုမ္ပဏီ (listed co.) အဖြစ် ပါဝင် ခွင့်ပြုခြင်း စသည် အဆင့်များကို ဆက်လက် ဆောင်ရွက်သွားမည်ဟု သိရပါသည်။
ဤနေရာတွင် အဓိက အကျဆုံး ဒေါက်တိုင်တစ်ခုမှာ ရင်းနှီးမြှုပ်နှံ သူ (investor) များပင် ဖြစ်ပါသည်။ အရည်အချင်း ပြည့်ဝသည့် ရင်းနှီး မြှုပ်နှံသူများ မရှိဘဲ၊ အသိပညာ ကြွယ်ဝသည့် ရင်းနှီးမြှုပ်နှံသူများ မရှိဘဲ စတော့ဈေးကွက်တစ်ခုကို အောင်မြင်စွာ လည်ပတ်နိုင်ဖို့ မဖြစ် နိုင်ပါ။ အဆိုပါ ရင်းနှီးမြှုပ်နှံသူများက သာ ဈေးကွက်အတွင်းတွင် မည် သည့် ကုမ္ပဏီများမှ ထုတ်ဝေသည့် စတော့များက အောင်မြင်မှု ရရှိနိုင် သည်၊ မည်သည့် စတော့များက စွန့်စားရမှုနှင့် ဆုံးရှုံးနိုင်ခြေ (Risk) များသည်၊ မည်သည့်ကုမ္ပဏီ၏ လုပ်ငန်းမဟာဗျူဟာများက ရေရှည် တွင် အကျိုးဖြစ်ထွန်းနိုင်သည်၊ မည် သည့် ကုမ္ပဏီ၏ အုပ်ချုပ်စီမံမှုစနစ် များက ကောင်းမွန်သည် စသည်ဖြင့် ခွဲခြမ်းစိတ်ဖြာနိုင်မည်ဖြစ်ပါသည်။
ရင်းနှီးမြှုပ်နှံသူများတွင် တစ်ဦး ချင်း ရင်းနှီးမြှုပ်နှံသူများ ရှိရန် လိုအပ် သလို အဖွဲ့အစည်းအလိုက် ရင်းနှီးမြုပ်နှံသူများလည်း ပေါ်ပေါက်ရန် လိုအပ်ပါသည်။ အဖွဲ့အစည်းအလိုက် ရင်းနှီး မြှုပ်နှံသူများဆိုရာတွင် ပင်စင် ရန်ပုံ ငွေအဖွဲ့များ၊ အာမခံ ရန်ပုံငွေအဖွဲ့ များ၊ အကျိုးတူ ရန်ပုံငွေအဖွဲ့များ၊ ဘဏ်များ၊ ဌာနဆိုင်ရာ သက်သာ ချောင်ချိရေးအဖွဲ့များ၊ ဘာသာရေး ဂေါပကအဖွဲ့များနှင့် လူမှုရေးအသင်း အဖွဲ့များ စသည်တို့ဖြစ်ပါသည်။
စတော့ဈေးကွက်တွင် တစ်ဦးချင်းရင်းနှီးမြှုပ်နှံသူများသည် ဈေး ကွက်လှုပ်ရှားတက်ကြွစေရေး အတွက် အဓိကကျသည့် နေရာမှ ပါဝင်ဆောင်ရွက်သလို အဖွဲ့အစည်း လိုက် ရင်းနှီးမြှုပ်နှံသူများသည်လည်း စတော့ ထုတ်ဝေရောင်းချသည့် ကုမ္ပဏီများအတွက် အားကိုး အား ထားပြုရာ အဖွဲ့များဖြစ်ပါသည်။ အဖွဲ့ အစည်းလိုက် ရင်းနှီးမြှုပ်နှံသူ အများစု သည် စတော့ဈေးကွက်၏ ဆင့်ပွား ဈေးကွက် (Secondary Market) ၌ ဝင်ရောက် ရောင်းဝယ်ခြင်းမပြုဘဲ အမြတ်ဝေစုရရှိရေး၊ အဖွဲ့ဝင်များ၏ ဝင်ငွေရရှိရေးအတွက်သာ အာရုံ စူးစိုက်လေ့ရှိပါသည်။ ယင်းအဖွဲ့များ ကို Strategic Investor များဟု လည်း ခေါ်ဆိုပါသည်။ ၎င်းတို့သည် ဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံမည့် ငွေချေးသက်သေခံလက်မှတ်များ အတွက် သုတေသနဌာနများ ဖွဲ့စည်း ခြင်း၊ ပြင်ပ သုတေသနအဖွဲ့များကို ငှားရမ်းခြင်းများ ပြုလုပ်ပြီး အကောင်း ဆုံး ရင်းနှီးမြှုပ်နှံမှု ပုံသဏ္ဌာန်ကို ဖွဲ့စည်းလေ့ရှိပါသည်။ စတော့ဈေး ကွက်ကို တည်ငြိမ်စေရေးအတွက် အဖွဲ့အစည်းလိုက် ရင်းနှီးမြှုပ်နှံသူ များက အဓိကနေရာမှ ပါဝင်လျက် ရှိပါသည်။
သို့သော်လည်း မြန်မာနိုင်ငံသည် နှစ်ကာလများစွာ စတော့ဈေးကွက် နှင့် ကင်းကွာခဲ့မှုကြောင့် စတော့ဈေး ကွက် ကျွမ်းကျင်သူ ပညာရှင်များ နည်းပါးခြင်း၊ အဖွဲ့အစည်းလိုက် ရင်းနှီးမြှုပ်နှံသူများ နည်းပါးခြင်း အပြင် တစ်ဦးချင်း ရင်းနှီးမြှုပ်နှံသူ များအနေနှင့်လည်း ဈေးကွက်ဆိုင် ရာ ဗဟုသုတများ ဖြည့်ဆည်းပေးရန် လိုအပ်လျက်ရှိပါသည်။ သို့အတွက် စတော့ဈေးကွက်ဆိုင်ရာ ပညာရပ် များ အများပြည်သူတို့ သိရှိနားလည် စေရေးအတွက် အများပြည်သူပညာ ပေးရေးလုပ်ငန်းများကို အရှိန်အဟုန် ဖြင့်ဆောင်ရွက်ရန် လိုအပ်လာသည်။
အများပြည်သူ ပညာပေးရေး လုပ်ငန်းများတွင် စတော့ရှယ်ယာ ထုတ်ဝေရောင်းချမည့် အများနှင့် သက်ဆိုင်သော ကုမ္ပဏီများအား ပညာပေးရေးလုပ်ငန်းများ ဆောင် ရွက်ရမည့်အပြင် High net-worth investor ဟု ခေါ်သည့် ဈေးကွက် တွင် ငွေကြေးအလုံးအရင်းနှင့် ပါဝင် မည့် တစ်ဦးချင်း ကြွယ်ဝချမ်းသာ သူများ ပါဝင်လာစေရေး၊ သာမန် လူလတ်တန်းစား ပြည်သူများနှင့် အဖွဲ့အစည်းလိုက် ရင်းနှီးမြှုပ်နှံမည့် သူများ ပါဝင်လာစေရေးတို့အတွက် ပညာပေးရေးလုပ်ငန်းများကို လုပ် ဆောင်ရန် လိုအပ်မည်ဖြစ်ပါသည်။
ပညာပေးရေးလုပ်ငန်းများတွင် ကာလတိုသင်တန်းများ ပို့ချခြင်း၊ ဆီမီနာများ၊ ဝပ်ရှော့များ ပြုလုပ်ခြင်း၊ ဆင်မြူလေးရှင်းဟု ခေါ်ဆိုသည့် စတော့ဈေးကွက် သဏ္ဌာန်တူများ ဖန်တီးကာ ပြည်သူလူထုကို ပါဝင် စမ်းသပ်စေခြင်း၊ ရုပ်မြင်သံကြား လိုင်းများမှတစ်ဆင့် စတော့ဈေး ကွက်ဆိုင်ရာ ဆွေးနွေးပွဲများ၊ သင်ခန်း စာများ၊ ပညာပေးဇာတ်လမ်းများ ရိုက်ကူးပြသခြင်း၊ စတော့ဈေးကွက် ဂိမ်းများကို မိုဘိုင်းလ်ဖုန်းများတွင် ထည့်သွင်းပေးခြင်း၊ ပညာပေး အင် တာနက် ဝက်ဘ်ဆိုက်များ ဖန်တီး ခြင်း၊ လက်ကမ်းစာစောင်များ ဝေငှ ခြင်းစသည်တို့ကို တာဝန်ရှိ အဖွဲ့ အစည်းများမှ ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပါသည်။ ဈေးကွက် အတွင်း နိုင်ငံတစ်ဝန်းမှ ပြည်သူအများ ပါဝင်လာစေရေးအတွက် အချက် အချာကျသည့် စီးပွားရေးမြို့တော် များအထိ ခြေဆန့်ကာ ဟောပြော ဆွေးနွေးခြင်းများကိုလည်း ပြုလုပ် ဆောင်ရွက်ရန် လိုအပ်ပါသည်။
ထို့ပြင် စတော့ဈေးကွက်ဖြင့် အသက်မွေးဝမ်းကျောင်းပြုလိုသူ များအတွက်လည်း စတော့ဈေးကွက် ဆိုင်ရာ ကာလရှည်၊ ကာလလတ် သင်တန်းများ ဖွင့်လှစ်ခြင်း၊ သင်ရိုး ညွှန်းတမ်းများရေးဆွဲခြင်း၊ လိုင်စင်ရ စာမေးပွဲများ စစ်ဆေးခြင်း၊ လိုင်စင် များထုတ်ပေးခြင်း၊ စတော့ဈေးကွက် အာဏာပိုင်တို့၏ အသိအမှတ်ပြု သင်တန်းကျောင်းများ တည်ထောင် ခြင်း၊ ပြည်ပနိုင်ငံတို့ရှိ စတော့ဈေး ကွက်ဆိုင်ရာ သင်တန်းကျောင်းများ နှင့် ဆက်သွယ်ကာ ပညာပေးရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းစသည် တို့ကိုလည်း အရှိန်မြှင့်လုပ်ဆောင် သွားရမည်ဖြစ်ပါသည်။
ပို၍ အရေးကြီးသည့် အချက်မှာ စတော့ဈေးကွက်ဆိုင်ရာ ပညာရပ် များကို ကျောင်းနေအရွယ်၊ ကလေး အရွယ် မျိုးဆက်သစ်များမှ စတင်၍ သိရှိနားလည်စေရန်အတွက် အလယ် တန်း၊ အထက်တန်းဘာသာရပ်များ တွင် စတော့ဈေးကွက်ဆိုင်ရာ ဗဟု သုတများကို ထည့်သွင်းပေးခြင်း၊ လူငယ်များအား စတော့ဈေးကွက် များသို့ လက်တွေ့ လေ့လာစေခြင်း များကို ပြုလုပ်ပေးခြင်းဖြင့် အနာဂတ် ကာလတွင် စတော့ဈေးကွက် ကျွမ်း ကျင်သည့် လူငယ်မျိုးဆက်သစ်များစွာ ကို မွေးထုတ်နိုင်မည် ဖြစ်ပါသည်။

ထွန်းသက်ထွန်း
Ref:thetrademedia

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!