Popular Posts!

Wednesday, December 3, 2014

အမိမြေက ကျေးလက်စီးပွားဖွံ့ဖြိုးရေးအတွက် ဥရောပသမဂ္ဂက ကူညီပေးနေပါတယ်တဲ့ အစီစဉ်လေးတွေ

ကျေးလက်စီးပွားဖွံ့ဖြိုးရေးအတွက် ဥရောပသမဂ္ဂက ကူညီပေးနေပါတယ်တဲ့။ ကျေးလက်နေပြည်သူတွေ ဖူလုံပြည့်စုံဖို့လိုပါတယ်။ သူတို့တွေဟာနိုင်ငံအတွက် အားတရပ်ပါပဲ။ ခုလို အားလုံးတက်တက်ကြွကြွ လှုပ်ရှားနေကြတာဟာလည်း အားရစရာပါ။ မြန်မာပြည်အမြန်ဖွံ့ဖြိုးစည်ပင်ပါစေ။

မိုးစပါးရိတ်သိမ်းချိန်ဖြစ်တဲ့ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ ဆန်ဈေးတွေကျဆင်းလေ့ရှိပါတယ်။ ဒီလိုနှစ်စဉ် ဈေးနှုန်းကျဆင်းတာကို ရေရှည်ဖြေရှင်းနည်းတခုအဖြစ် နည်းလမ်းတွေကျင့်သုံးသွားဖို့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာတခုမှာ တိုက်တွန်းထားပါတယ်။ ဒီကိစ္စနဲ့ပက်သက်ပြီး မြန်မာနိုင်ငံမှာက ဘယ်လိုတွေကြုံနေရသလဲ၊ ဘယ်လိုဖြေရှင်းရမလဲဆိုတာနဲ့ ပက်သက်ပြီး မထက်ထက်အောင် ပြောပြထားတာကို အခု ကြည့်ရတော့မှာဖြစ်ပါတယ်။



မြန်မာနိုင်ငံကနေ တရုတ်ကို ဆန်တင်ပို့ရင်တော့ ဧည့်မထ ၂၅ မတ် ဆန်တတန်ကို အမေရိကန်ဒေါ်လာ ၄၀၀ လောက် ရရှိနိုင်ကြောင်း ဆန်စပါးအသင်းချုပ် တွဲဖက်အတွင်းရေးမှူးက ပြောပါတယ်။

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား တရားဝင်ဆန်တင်ပို့ရေးချုပ်ဆိုလိုက်တဲ့ သဘောတူစာချုပ်တွေအရ ဈေးနှုန်းတွေ သတ်မှတ်မထားပေမယ့် ကမ္ဘာ့ဆန်ဈေးအရ အခုလို ဈေးရနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံကနေ အခုနှစ်ကုန်ပိုင်းနဲ့ လာမယ့် နှစ်ဆန်းပိုင်းတွေမှာ ပင်လယ်ရေကြောင်းကနေတဆင့် ဧည့်မထ ဆန်တန်ချိန် တစ်သိန်း တင်ပို့မှာဖြစ်ပြီး နယ်စပ်လမ်းကြောင်းကနေလည်း တန်ချိန် တစ်သိန်း တင်ပို့သွားမှာဖြစ်ပါတယ်။

အာဖရိကဈေးကွက်ကို တင်ပို့နေတဲ့ ဧည့်မထ ဆန် ၁ တန်ကို အမေရိကန်ဒေါ်လာ ၃၄၀ လောက် ဈေးရနေပြီး တရုတ်ကိုတင်ပို့ရင်တော့ ဆန်အရည်အသွေး ပိုကောင်းမှာဖြစ်တာကြောင့် ဈေးနှုန်းပိုမိုရရှိနိုင်ကြောင်း ဆန်လုပ်ငန်းရှင်တွေကလည်း ပြောပါတယ်။

မြန်မာနိုင်ငံကနေ တရုတ်ကို ဆန်တင်ပို့မှု တရားဝင်ခွင့်ပြုထားပေမယ့် တရုတ်နိုင်ငံဘက်ကတော့ တရားဝင်ဝယ်ယူခဲ့ခြင်းမရှိပဲ အခုနှစ်မှာ စတင်ဝယ်ယူသွားမှာဖြစ်ပါတယ်။


This video is part of 5 releases produced in Myanmar.

LIFT is the Livelihood and Food Security Trust Fund, that ten donors have come together to support. The ultimate goal of LIFT is to improve the Livelihood and Food Security of about 2 million people in Myanmar. 
By supporting this programme, the EU wants to improve the food and livelihood security of the most vulnerable populations in Myanmar. In doing so it contributes to the 1st Millenium Development Goal, aiming to eradicate poverty and hunger.




This video is part of 5 different releases, illustrating projects supported by the EU in Myanmar. The first shows 'EU support to children with disabilities in Myanmar at the Eden Centre'.
With its support to the Eden Center, the EU wants to promote social inclusion of the disabled in Myanmar while improving their access to personal development and education. In this way Europe is contributing to achieving the 1st millennium development goal.





No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!