Popular Posts!

Friday, December 19, 2014

၂၀၁၄ နိုဝင်ဘာ မြန်မာ့ဈေးကွက် အခြေအနေ!

မြန်မာ့ဈေးကွက် ဝင်ရောက်ရေး စည်းမျဉ်းစည်းကမ်းကြီးလွန်း

ပြည်ပလုပ်ငန်းရှင်များအနေဖြင့်မြန်မာ့ဈေးကွက်သို့ ဝင်ရောက်ရာတွင်လက်ရှိ ကျင့်သုံးနေဆဲ စည်းမျဉ်း စည်းကမ်းများက အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုအဖြစ် ရပ်တည်နေဆဲဖြစ်ကြောင်း မလေးရှား ပြည်ပ ကုန်သွယ်မှု ဖွံ့ဖြိုးရေးကော်ပိုရေးရှင်း (MATRADE)မှ အမှုဆောင်အရာရှိချုပ် Datuk Dr.Wong Lai Sum ­က The Trade Times ကို ပြောသည်။
”အမှန်အတိုင်း ပြောရရင်တော့ရှင်တို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကကျွန်မတို့အတွက် အကြီးမားဆုံးစိန် ခေါ်မှုပါပဲ။ ဒါပေမယ့် ဒီစည်းကမ်းတွေကို တဖြည်းဖြည်း လျှော့ချသွားမယ်လို့ မျှော်လင့်ပါတယ်။ မြန်မာ့ဈေး ကွက်ထဲကို ပြည်ပထုတ်ကုန်တွေ ဝင်လာမှာကို တားလို့ မရဘူးဆိုတာ သိဖို့လိုတယ်။ တစ်ခါတလေမှာ လူတွေက ပြိုင်ဆိုင်မှုကို ကြောက်ကြတယ်။ ဒါပေမယ့် ပြိုင်ဆိုင်မှုကပဲဈေးကွက်ကို ပိုပြီးကြံ့ခိုင်စေမှာပါ။ ဝယ်သူ တွေက ဈေးသက်သာတာကိုကြိုက်ကြတယ်။ အသုံးမဝင်တဲ့စည်းကမ်းတွေကို ပြောင်းလဲပစ်ဖို့တစ်နိုင်ငံလုံးက စီးပွားရေးလုပ်ငန်းရှင်တွေက ဖိအားပေးဖို့ လိုတယ်။ လူတွေက အခြေအနေပေါ် မူတည်ပြီး ပြောင်းလဲတတ် ရမယ်”ဟု ၎င်းကပြောသည်။
ယခု အစိုးရလက်ထက်တွင် စီးပွားရေးတိုးတက်မှုများ ရှိလာကြောင်း၊ ရှေ့ဆက်ရမည့် ခရီးမှာလွယ်ကူ သည့်ခရီးမဟုတ်သည့်အတွက် အားလုံးပူးပေါင်း ပါဝင်ရန် လိုအပ်ကြောင်း၊ လာမည့် ၁ဝ နှစ်အတွင်း မြန်မာ နိုင်ငံသည် အရှေ့တောင်အာရှတွင်ဖွံ့ဖြိုးတိုးတက်မှု အလျင်မြန်ဆုံးနိုင်ငံတစ်ခု ဖြစ်လာမည်ဟု မျှော်လင့် ကြောင်း ၎င်းက ပြောသည်။
”ပြီးခဲ့တဲ့နှစ်က ကျွန်မတို့ရဲ့ဝန်ကြီးချုပ် မြန်မာနိုင်ငံကိုလာပြီးတဲ့နောက်မှာ နှစ်နိုင်ငံဆက်ဆံရေးမြှင့် တင်ဖို့ ကတိပြုခဲ့တယ်။ ဒီနှစ် ဧပြီမှာဆောက်လုပ်ရေးလုပ်ငန်းတွေ ဒီကိုလာပြီးလေ့လာတယ်။ သြဂုတ်လမှာ ICT ဝန်ဆောင်မှုလုပ်ငန်းတွေလာပြီး ဒီမှာရင်းနှီးမြှုပ်နှံဖို့ လေ့လာခဲ့တယ်။ တတိယအဆင့်အနေနဲ့ Showcase Malaysia ကုန်စည်ပြပွဲကို သုံးရက်ကြာ ကျင်းပခဲ့တယ်။ စတုတ္ထအဆင့်အနေနဲ့ ဒီလ ၁၉ ရက်နဲ့ ၂ဝ ရက်မှာ မလေးရှားအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဝန်ကြီး ဒီကိုလာဖို့ရှိတယ်။ သူက ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကိုယ် စားလှယ်အဖွဲ့ကို မြန်မာနိုင်ငံကို ခေါ်လာမှာပါ။ ပြီးတော့ လာမယ့် နိုဝင်ဘာလထဲမှာနောက်ထပ်ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ လာရောက်ပြီး ပလတ်စတစ်လုပ်ငန်းအပါအဝင် ကဏ္ဍများစွာမှာ ရင်းနှီးမြှုပ်နှံဖို့ ဆွေးနွေးကြမှာပါ။ မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေကိုလည်းနိုဝင်ဘာလမှာ ကျင်းပမယ့်  Intrade ကုန်စည်ပြပွဲမှာ ပါဝင်ပြသဖို့ ဖိတ် ခေါ်ထားပါတယ်။ ကုမ္ပဏီတွေ များစွာဆက်တိုက် ဝင်ရောက်ဖို့ ရှိတာကြောင့် မနှစ်က ကုန်သွယ်မှု ပမာဏထက် ဒီနှစ်ပိုလာမယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းက ပြောသည်။
မလေးရှား လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ၌ အများဆုံး ရင်းနှီးမြှုပ်နှံထားပြီး မြန်မာနိုင်ငံ၏ပြည်ပရင်းနှီးမြှုပ်နှံမှု စာရင်းတွင်သတ္တမအကြီးဆုံး ရင်းနှီးမြှုပ်နှံသူအဖြစ် ရပ်တည်လျက်ရှိသည်။
”ရေနံနဲ့ သဘာဝဓာတ်ငွေ့အပြင် ဘဏ်လုပ်ငန်း၊ ICT၊ စာရင်းကိုင်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ Food Franchise လုပ်ငန်းတွေက မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးလာဖို့အားအကောင်းဆုံးအနေအထားမှာရှိနေပါတယ်။ SME လုပ်ငန်းတွေလည်း ပိုမိုအားကောင်းလာမယ်လို့ထင်ပါတယ်” ဟု MATRADE အမှုဆောင်အရာရှိချုပ်က ပြောသည်။
ယမန်နှစ်က မလေးရှား-မြန်မာကုန်သွယ်မှု ပမာဏသည် အမေရိကန်ဒေါ်လာ ၈၈၇ သန်းဖိုး ရှိပြီး မလေးရှားကုမ္ပဏီများက မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလျံဖိုး ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။



ကုန်သွယ်မှု မြန်ဆန်ရန် ဖြေလျှော့မှုများ ပြုလုပ်ပေးနေ( နိုဝင်ဘာ ၁၉  ၂၀၁၄)



ဈေးကွက်စီးပွားရေးစနစ် အောင်မြင်ဖြစ်ထွန်းစေရန်နှင့် ကုန် သွယ်မှုစနစ်များ လျင်မြန်လာစေရန် အခွန်လျှော့ချပေးခြင်း၊ ပို့ကုန်သွင်း ကုန်များအတွက် လိုင်စင်လိုအပ် ချက်များကို ဖြေလျှော့ပေးခြင်းနှင့် အတူ လိုင်စင်လိုအပ်ပါကလည်း လွယ်လင့်တကူ လျှောက်ထား နိုင်ရန် ဖြေလျှော့ပေးခြင်းဖြင့် အချိန် နှင့် ငွေကြေး သက်သာစေရန် စဉ်ဆက်မပြတ် ဆောင်ရွက်ပေး လျက်ရှိကြောင်း စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ယခင်က ပို့ကုန်သွင်းကုန်များ အတွက် လိုအပ်သည့် လိုင်စင် လျှောက်ထားမှုများကို နေပြည်တော် သို့ သွားရောက် လုပ်ကိုင်ရသော် လည်း အများပြည်သူတို့ လွယ်ကူ အဆင်ပြေစေရန်အတွက် မြို့ကြီး များဖြစ်သည့် ရန်ကုန်နှင့် မန္တလေးမြို့များသာမက နယ်စပ်ဝင်ထွက်ပေါက် များ၌ပင် လျှောက်ထားနိုင်သည် အထိ ဖြေလျှော့ပေးနေသည့်အပြင် အချိန်နှင့် ငွေကြေးကုန်ကျမှု သက် သာစေရန်အတွက် အရေးကြီးသည့် လိုင်စင်ခွင့်ပြုချက် အနည်းငယ်မှ အပ ကျန်ရှိသည့် လိုင်စင်ခွင့်ပြုချက် များကို ၂၄ နာရီအတွင်းရရှိရန် လုပ် ဆောင်ပေးနေကြောင်း သိရသည်။
”ကုန်သွယ်မှုကို လမ်းကြောင်း မှန်ပေါ်ဆွဲတင်နေသလို ကုန်သည် တွေအနေနဲ့လည်း တရားဝင်လမ်း ကြောင်းကို သုံးစေချင်တယ်။ အခု ကောက်နေတဲ့ ၂ ရာခိုင်နှုန်းကလည်း အခွန်ရှောင်ပြေးတဲ့ကိစ္စတွေ ရှိနေ လို့သာ ကောက်နေရတာဖြစ်ပြီး နှစ် ကုန်ရင် ပြန်စာရင်းရှင်းလို့ ရတယ်။ တစ်ပိုင်တစ်နိုင် ကုန်သည်တွေအနေ နဲ့ ကုမ္ပဏီဖွင့်ဖို့ ခက်တာကြောင့် တစ်ဦးချင်းကုန်သွယ်နိုင်ခွင့် (ICT) ကတ်တွေ လုပ်ပေးတယ်။ အရင်က တစ်ပိုင်တစ်နိုင် သယ်ခွင့်ပေးနေတာ ကနေ အခုဆို သိန်း ၁ဝဝ ဖိုးအထိ ခွင့်ပြုထားတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က ပြော သည်။
market2
Mobie Team အဖွဲ့များ ဖွဲ့စည်းကာ စစ်ဆေးလုပ်ဆောင်နေ သော်လည်း ကုန်စည်များ တရားမဝင် ဝင်ရောက်မှုကို အပြည့်အဝထိန်းချုပ် နိုင်ရန် ခက်ခဲလျက်ရှိနေသည်။ ”နယ်စပ်ထွက်ပေါက်တွေက အများကြီး ရှိနေတဲ့အပြင် ထိစပ်နေ တဲ့ ဧရိယာကလည်း များတော့ တရားမဝင် ကုန်သွယ်မှုတွေ ရှိနေသေး တယ်” ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အထွေထွေအတွင်းရေး မှူး ဦးရဲမင်းအောင်က ပြောသည်။

ဇေယျာလင်း
Ref:the tradetimemedia

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!