Popular Posts!

Thursday, March 8, 2012

စိန်ခေါ်မှုပေါင်းစုံကြုံတွေ့ရမယ့် မြန်မာ့စီးပွားရေးဈေးကွက်သစ်

(ဘန်ကောက်ပို့စ်)
ကိုကို ဘာသာပြန်သည်။
အတွဲ ၂၈ ၊ အမှတ် ၅၆၀ (၉ - ၁၅ ၊ ၃၊ ၂၀၁၂)

မြန်မာနိုင်ငံမှ နိုင်ငံရေးပြုပြင်ပြောင်းလဲ မှုများသည် အားရဖွယ်ဖြစ်ပြီး နောက် ပြန်ဆွဲနိုင်မည့် အလားအလာ မရှိသော် လည်း နိုင်ငံတစ်ခုလုံးအနေဖြင့် ခြုံငုံ ကြည့်ပါက စီးပွားရေး၊ ဘဏ္ဍာရေးစနစ် နှင့် ကျွမ်းကျင်လုပ်သား ရှားပါးမှုပြဿနာ များမှာ ပိုမိုကြီးမားသော ရင်ဆိုင်ရမည့် အခက်အခဲများ ဖြစ်သည်။
အရှေ့တောင်အာရှ၏ စီးပွားရေး နယ်မြေသစ် ဖြစ်လာသော မြန်မာနိုင်ငံ ၏ လက်ရှိ ပြုပြင်ပြောင်းလဲရေး လှုပ်ရှား မှုသည် နောက်ကြောင်း ပြန်လှည့်သွား ဖွယ် မရှိပေရာ ထိုင်းနိုင်ငံအနေဖြင့် ၎င်း၏ စီးပွားရေးလုပ်ငန်းရှင်များအနေ နှင့် လွန်ခဲ့သော အနှစ် ၂၀ က ဗီယက်နမ် နိုင်ငံ စတင် စီးပွားရေးတံခါး ဖွင့်စဉ် အချိန်က ၎င်းတို့ လက်လွတ်ခဲ့ရသည့် အဖြစ်မျိုးကို ယနေ့ မြန်မာနိုင်ငံနှင့် မဖြစ် သင့်ကြောင်း တိုက်တွန်းထားသည်။
"ဗီယက်နမ် စတင် ပွင့်လင်းလာစဉ် က ထိုင်းပုဂ္ဂလိကကဏ္ဍတွေ တုံ့ပြန် လုပ်ဆောင်ခဲ့ကြပုံကို ပြန်ကြည့်ရင် ထိုင်းကုမ္ပဏီတွေဟာ လက်မြန်သင့် သလောက် မမြန်ခဲ့ကြဘူးလို့ ဆိုနိုင်ပါ တယ်"ဟု ယခင် ထိုင်းဘဏ္ဍာရေးဝန်ကြီး ဟောင်း ကွန်ချပ်တီက၀ါနီက၊ဆိုသည်။
ဗီယက်နမ်နှင့် ပတ်သက်၍ တုံ့ပြန်မှု နှေးကွေးနေရခြင်းအတွက် အကြောင်း တရားများစွာ ရှိနိုင်ကြောင်း၊ ၎င်းတို့အထဲ တွင် တစ်ကြောင်းမှာ ပြိုင်ဖက်ဟု အချင်း ချင်းမြင်နေကြသော ထိုင်းနှင့် ဗီယက်နမ် အကြား ဆက်ဆံရေးမှာ သမိုင်းအစဉ် အလာအရ အေးစက်စက် ရှိနေခဲ့သော ကြောင့် ဖြစ်နိုင်ကြောင်း မစ္စတာ ကွန်က ပြောသည်။
မကြာမီက ဘန်ကောက်တွင် ပြုလုပ် ခဲ့သည့် "ထိုင်းနှင့် အိန္ဒိယတို့အတွက် မြန်မာနိုင်ငံမှ အခွင့်အလမ်းသစ်များ"ဟူ သည့်ဆွေးနွေး ပွဲတွင် ကွန်က ပြောသည်။
"မြန်မာနိုင်ငံမှာကျတော့ ဗီယက်နမ်နဲ့ မတူတော့ဘူး။ မြန်မာနိုင်ငံ တိုးတက် ကြီးပွားလာတာဟာ ထိုင်းအတွက် ခြိမ်း ချောက်မှု အန္တရာယ် မဟုတ်တဲ့အပြင် ထိုင်းကုမ္ပဏီတွေအတွက် ကြီးမားတဲ့ အခွင့်အလမ်းတစ်ခု ဖြစ်ပါတယ်။ အိမ်နီး ချင်းနိုင်ငံတစ်နိုင်ငံ ချမ်းသာလာရင် ထိုင်းနိုင်ငံကို လာရောက်လည်ပတ်တဲ့ ဧည့်သည် ပိုများလာနိုင်ပါတယ်"ဟု ၎င်းက ပြောသည်။
၎င်းပြင် ပြင်သစ်နိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများသည် ချမ်းသာသောနိုင်ငံများ သာ ဖြစ်သဖြင့် နိုင်ငံသို့ နှစ်စဉ်လည်ပတ် သည့် ဧည့်သည် ၇၅ သန်းရှိကြောင်း၊ ဤသည်မှာ ပြင်သစ်နိုင်ငံကို မရောက်ဖူး ၍ လာကြည့်ကြခြင်းမဟုတ်ဘဲ အနီး အနားရှိ အိမ်နီးချင်းနိုင်ငံကို မကြာ မကြာ သွားလည်သည့်သဘောသာ ဖြစ် ကြောင်းလည်း ၎င်းက ရှင်းပြသည်။
ထို့ကြောင့် မြန်မာနိုင်ငံ၏ ပွင့်လင်း ကြွယ်ဝလာခြင်းသည် ထိုင်းနိုင်ငံအတွက် အန္တရာယ်မဟုတ်ကြောင်း၊ ထိုင်းနိုင်ငံ ကုန်ထုတ်လုပ်ငန်း အတွက်ရော၊ ခရီး သွားလုပ်ငန်းအတွက်ပါ အန္တရာယ်မဖြစ် လာနိုင်သည်သာမက အခွင့်အလမ်း တစ်ရပ်ပင် ဖြစ်လာမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
တက်ရောက်ဆွေးနွေးကြသူအားလုံး က မစ္စတာ ကွန်၏ အယူအဆကို လက်ခံ ကြပြီး မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲ ရေးသည် နောက်ပြန်လှည့်သွားနိုင်ဖွယ် မရှိတော့ဟု ယုံကြည်ကြသည်။
"သူတို့ရဲ့ ပြုပြင်ပြောင်းလဲရေးတွေ အတော်ခရီးရောက်နေပြီဖြစ်တာမို့ နောက်ပြန်လှည့်နိုင်စရာ အကြောင်းမရှိ တော့ဘူး"ဟု အာရှဖွံ့ဖြိုးရေးဘဏ်၏ ထိုင်းနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဟောင်း ဖြစ်ခဲ့ပြီး ယခုချိန်တွင် 'အနောက် အင်ဒိုချိုင်းနား'အတွက် လုပ်ကိုင်နေသူ ယွန်းပီယဲဗဲဘီးယက်စ်က ပြောသည်။
ထိုင်းအစိုးရအရာရှိများနှင့် ထိုင်း ကုမ္ပဏီ အမှုဆောင်အရာရှိကြီးများ ကလည်း ထိုအတိုင်းပင် ယုံကြည်ကြ သည်။
ထိုကုမ္ပဏီများတွင် PTT Exploration & Production Plc နှင့် မြန်မာအခြေစိုက် Yoma Strategic Holdings ကုမ္ပဏီများပါဝင်ပြီး ယင်း မြန်မာကုမ္ပဏီသည် စင်ကာပူ စတော့ဈေးကွက် (SGX) စာရင်းဝင် ကုမ္ပဏီဖြစ်သည်။
မြန်မာနိုင်ငံသည် ဗီယက်နမ်နိုင်ငံ ထက် နှစ်ဆခန့် ကျယ်ဝန်းပြီး လူဦးရေ သန်း ၆၀ ရှိသည်။ နှစ် ၅၀ လုံးလုံး စနစ် တကျ ထုတ်ယူ သုံးစွဲခြင်း မပြုနိုင်သေး သော သဘာဝသယံဇာတများ ပေါကြွယ် ခြင်း၊ တရုတ်နှင့် အိန္ဒိယနိုင်ငံကြီးနှစ်ခု အကြား မဟာဗျူဟာကျသော နေရာတွင် ရှိနေပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခု လည်း ဖြစ်ခြင်းအစရှိသော ထိုအားသာ ချက်များကို ထောက်ပြကြသည်။
မြန်မာနိုင်ငံသည် အာရှအဆင်းရဲဆုံး နိုင်ငံများတွင် တစ်နိုင်ငံအပါအ၀င်ဖြစ် ပြီး ၂၀၁၀ ပြည့်နှစ်တွင် တစ်ဦးချင်း ကုန်ထုတ်တန်ဖိုးမှာ ၇၄၄ ဒေါ်လာ ရှိသည်။
၂၀၀၉ ခုနှစ်အတွက် တန်းတူ ရည်တူ ၀ယ်နိုင်စွမ်းအားမှာ ဒေါ်လာ ၁,၁၉၆ ရှိသည်။
ထိုင်းနိုင်ငံ လျှပ်စစ်ထုတ်လုပ်ရေး အတွက် အသုံးပြုနေသော ဓာတ်ငွေ့၏ ၂၅ ရာခိုင်နှုန်းခန့်ကို မြန်မာနိုင်ငံမှ ရရှိ နေခြင်းဖြစ်သည်။
ထိုင်းရေနံကုမ္ပဏီ PTTEP သည် မြန်မာ့ရေနံနှင့် ဓာတ်ငွေ့ ရှာဖွေထုတ်ုလုပ်ရေးတွင် ပိုမို ရင်းနှီး ပါဝင်ရန် လုပ်ဆောင်လျက်ရှိရာ မြန်မာ့ ဓာတ်ငွေ့အပေါ် မှီခိုရမှုမှာ ပိုမို တိုးပွား လာစရာ ရှိသည်။
မြန်မာနိုင်ငံ၏ ဓာတ်ငွေ့ထုတ်လုပ်မှု သည် ၂၀၁၄ တွင် နှစ်ဆတိုး ထုတ်လုပ် ရန် လျာထားပြီး မြန်မာနိုင်ငံသည် နောက် အနှစ် ၅၀ တိုင် ထုတ်ယူသုံးစွဲနိုင်သော ဓာတ်ငွေ့သိုက်များကို ပိုင်ဆိုင်သည်ဟု ဗဲဘီးယက်စ်က ပြောသည်။
မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုနှုန်းသည် အနိမ့် ဆုံးအားဖြင့် လွန်ခဲ့သည့် သုံးလေးနှစ်က အတိုင်း ငါးရာခိုင်နှုန်းတော့ ရှိနိုင်သည်။
ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်သာ ရှေ့ဆက် လှမ်းနိုင်ခဲ့လျင် လာမည့်နှစ် များအတွင်း ဖွံ့ဖြိုးမှုမှာ ၈-၁၀ ရာခိုင်နှုန်း အထိ နှစ်စဉ် ဖွံ့ဖြိုးတိုးတက်လာနိုင် သည်ဟု ၎င်းက တွက်ဆထားသည်။
ပြည်ပရင်းနှီးမြှုပ်နှံသူများအတွက် ကျယ်ပြန့်သော အခွင့်အလမ်းများ ရှိနေ လင့်ကစား မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးစ ဈေးကွက်များတွင် မထင်မှတ်သော ပြဿနာမျိုးစုံလည်း ကြုံတွေ့နိုင်သည်။
သို့ဖြစ်ရာ အသစ်ရွေးကောက်ခံ အစိုးရ အနေနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်မှအပ အခြား ဆောင်ရွက် လုပ်ကိုင်စရာ များစွာ ရှိသေးသည်။
အစိုးရ၏ တရားဝင် အခွန်ဘဏ္ဍာ အင်အား နိမ့်ကျနေခြင်း၊ အစိုးရ အသုံး စရိတ် များပြားနေခြင်း၊ ထိန်းချုပ် အတိုး နှုန်းမှန် အနှုတ်ပြနေခြင်း စသည့် ပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံ၏ ခြုံငုံစီးပွားရေး (macro- economy) ကို အလုံးစုံ စစ်ဆေး ပြုပြင်မှု အဓိကလုပ်ဆောင်ရန် လိုအပ်သည်။
နိုင်ငံခြားငွေ ရရှိရေးအတွက် သဘာဝ သယံဇာတနှင့် လယ်ယာထွက်ကုန်များ အပေါ် မှီခိုနေရခြင်းသည် စီးပွားရေး၏ ချွတ်ယွင်း အားနည်းချက်ပင် ဖြစ်သည်။
နိုင်ငံ၏ အခြေခံအဆောက်အအုံ၊ အစိုးရအဖွဲ့အစည်းများနှင့် စီးပွားရေး ဆိုင်ရာ လုပ်ငန်းဆောင်တာများကို အဆင့်မြှင့်ပေးရန် လိုအပ်သည်ဟု ဗဲဘီးယက်စ်က ထောက်ပြသည်။
မည်သို့ဆိုစေ ၂၀၃၀ လောက်တွင် မြန်မာနိုင်ငံ၏ တစ်ဦးချင်းဝင်ငွေသည် ဒေါ်လာ ၃,၅၀၀ အထိ ရှိလာနိုင်ပြီး ခြုံငုံ စီးပွားတန်ဖိုးသည် ဒေါ်လာ ၂၅၀ ဘီလျံ အထိ ရှိလာနိုင်သည်။
ဤကိန်းကဏန်း မှာ ထိုအချိန်လောက်တွင် ထိုင်းနိုင်ငံ GDP ၏၊လေးပုံတစ်ပုံခန့်ပင်ဖြစ်သည်။
မြန်မာနိုင်ငံတွင် စီးပွားရေးစနစ်တကျ လည်ပတ်နိုင်ရန် ကျွမ်းကျင်လုပ်သား များလည်း လိုအပ်နေလိမ့်မည်ဟု ထိုင်း ကုမ္ပဏီကြီး များ၏ အမှုဆောင်အရာ ရှိကြီးများက ထောက်ပြခဲ့ကြသည်။
Ref:mmtime

Tuesday, March 6, 2012

အိုင်တီသမားဖြစ်ချင်ရင် ဒါတွေ ခံနိုင်ရည် ရှိပြီလား

Saturday, 03 March 2012 02:25

Knowledge ခေတ်ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်တိုင်းမှာ စိမ်ခေါ်မှုတွေ များပြားလာတာ ကမ္ဘာတစ်ဝှမ်းလုံး ဖြစ်ပါတယ်။ အထူးသဖြင့် IT နဲ့ အသက်မွေးဝမ်းကျောင်းပြုလုပ်သူတိုင်း ပိုသတိထားမှာပါ။ ဘယ်သူဖြစ်ဖြစ် ပညာအလုပ်ရဲ့စိန်ခေါ်မှုတွေကို မခံနိုင်ဘူးဆိုရင် အဲဒီစိန်ခေါ်မှုတွေကို ခံနိုင်ရည်ရှိမယ် နောက်လူတစ်ယောက်အမြဲတမ်းရှိနေမှာပါ။ အဲဒီတော့ ကိုယ်မလုပ်နိုင်ဘူးလား .. ဒါဆို နောက်လုပ်နိုင်မယ့်သူ ကို ခိုင်းမယ်ဆိုမျိုးတွေကြည့်ပါပဲ။


အိုကေ .. ဒါဆို IT မှာ အလုပ်လုပ်မယ့်သူ ဘာတွေပဲ လာလာလုပ်နိုင်ပါတယ်လို့ အာမခံနိုင်အောင် သတိထားရမယ့် အချက်တွေ ရှိပါတယ်။ အဲဒီအချက်တွေက ကိုယ်နဲ့ မကိုက်ညီဘူးဆိုရင်တော့ IT နဲ့ အသက်မွေးမှုကို စွန့်လွှတ်လိုက်တာလိုက်တာ ပိုသင့်တော်ပါလိမ့်မယ်။ မစွန့်လွှတ်ချင်ဘူးဆိုရင်တော့ အနည်းဆုံး အချက်ဆယ်ချက်လောက်တော့ ခံနိုင်ရည်ရှိအောင် လုပ်ရပါ့မယ်။ အဲဒါတွေကတော့

၁၊ စိတ်ရှည်ရမယ်။စိတ်တည်ငြိမ်ရမယ်
ပြဿနာတစ်ခုကို စိတ်တည်တည်ငြိမ်ငြိမ်ထားပီး စိတ်ရှည်လက်ရှည် ဖြေရှင်းတတ်မှုကတော့ IT မှာ အရေးအကြီးဆုံးတစ်ခုပါပဲ။ တစ်ချို့ IT ပြဿနာတွေမှာ အချိန်မှီ မြန်မြန်ဆန်ဆန် ပြန်လည်ဖြေရှင်းပေးရမယ် ကိစ္စတွေရှိပါတယ်။ အဲဒီလိုအချိန်မှာ စိတ်တည်ငြိမ်မှု မရှိဘူးဆိုရင်တော့ ဟိုတွေးဒီတွေးနဲ့ အဲဒီ ပြဿနာကို အချိန်မှီ ဖြေရှင်းနိုင်မှာ မဟုတ်တော့ပါဘူး။ ကိုယ့်စိတ်ကိုယ် မထိန်းနိုင်ဘူးဆိုရင်တော့ IT အလုပ်ဆက်မလုပ်တာ ကောင်းပါတယ်။

၂၊ကျောင်းဆက်တက်ဖို့တွေ စာမေးပွဲတွေ ဖြေဖို့တွေ စိတ်ဝင်စားရပါ့မယ်။
IT က အမြဲတမ်း အသစ်တွေ ထွက်ထွက်နေတာပါ။ အဲဒီတော့ ကိုယ့်ကိုကိုယ် အမြဲတမ်း refresh လုပ်နေရပါမယ်။ စာတွေ ဖတ်ရမယ်။ သတင်းတွေ ဖတ်နေရမယ်။ ဘာတွေ အသစ်တွေ ထွက်နေပြီလည်း အမြဲတမ်းလေ့လာနေရပါမယ်။ selfstudy လုပ်ဖို့ ၀ါသနာကို ပါနေရပါမယ်။ workshop တွေတက်ရမယ်။ အမြဲတမ်း learning လုပ်နေဖို့ လိုပါတယ်။

၃၊ ရုံးချိန်မဟုတ်တဲ့ အချိန်မှာလည်း အလုပ်လုပ်ရပါ့မယ်
နည်းပညာဆိုတာကြီးက ကိုယ်သတ်မှတ်ထားတဲ့ schedule အတိုင်း တသတ်မှတ်တည်း အမြဲတမ်းသွားနေမှာ မဟုတ်ပါဘူး။ Servers ဆိုတာမျိုးက သူဒေါင်းချင်တဲ့ အချိန် ဒေါင်းမှာ business ဆိုတာကတော့ ဒေါင်းလို့မရဘူး။ အဲဒီတော့ ညကြီးသန်းခေါင်းမှာ Server ဒေါင်းသွားလို့ ထလုပ်ရင်လည်း လုပ်ရမယ်။ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေလည်း သူများတွေလို နားချင်မှ နားရမယ်။ ကိုယ်က ရုံးပိတ်ရက်တွေမှာ သူများတွေ နည်းတူ လုပ်စရာတွေ အမြဲတမ်း ရှိနေတယ်ဆိုရင်တော့ ကိုယ်က IT အလုပ်နဲ့ သိပ်မကိုက်ဘူးလို့ သတ်မှတ်လိုက်ပါ။

၎၊ ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းရပါမယ်
ဒါကတော့ ရှင်းပြဖို့လိုမယ်တောင် မထင်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ IT မှာ support end users ဆိုတာလည်း ပါတာကိုး။ စကားများများပြောရမယ်။ တဖက်လူ နားလည်းအောင် ဥပမာများနဲ့တကွ သေသေချာချာ ရှင်းပြရမယ်။

၅၊ လွယ်လွယ်အရှုံးမပေးနဲ့
ကိုယ့်အရည်အချင်းကို ဘယ်နှစ်ခါလောက် ပြန်လည် သုံးသပ်ဖူးလည်း။ ပြဿနာ တစ်ခုကို အကောင်းဆုံးဖြစ်အောင် ဘယ်နှစ်ခါ ဖြေရှင်းဖူးလည်း။ အဆုံးမသတ်နိုင်တဲ့ ပြဿနာတွေ ဘယ်လောက်များများ ထားခဲ့ဘူးသလည်း။ အဲလိုမျိုးတွေထားထားခဲ့တာကို ကိုယ့်ကိုကိုယ် မွေ့လျှော်နေပီလား။ အဲဒါမျိုးတွေက IT's ethic မှာ ဘယ်လိုမှ လက်မခံနိုင်တဲ့အချက်တွေပဲ။ တစ်ခုတော့ ရှိတယ်။ အချိန်နည်းနည်း ထပ်စောင့်ရအုံးမှာလား။ အဲဒီ ပြဿနာကို ဖြေရှင်းဖို့ skill လိုသေးတာလား။ အိုကေ။ အချိန်စောင့်နိုင်တယ် ထားအုံး။ လက်ခံထားဖို့ တစ်ချက်ကတော့ အဲဒီ အလုပ်ကို ပြီးအောင် အဆုံးသတ်မယ်။ လုပ်ကိုလုပ်ရမယ်ဆိုတာကိုတော့ လက်ခံနိုင်ရပါမယ်။

၆၊ ဒေါသထွက်မလွယ်နဲ့
IT သမားလည်း စိတ်နဲ့ပဲ ဒေါသတော့ တစ်ခါတစ်လေထွက်တာပေါ့နော်။ ဒါပေမယ့် IT သမားက End users တွေရဲ့ ပြဿနာကို အနည်းနဲ့အများ နေ့တိုင်း ဖြေရှင်းပေးနေရတာဆိုတော့ ဒေါသထွက်လွယ်လို့ကတော့ တစ်နေ့လုံး ဒေါသထွက်နေရပြီး သွေးတိုးရောဂါ ရမယ်။

၇၊ multitask လုပ်နိုင်ရမယ်
တစ်ခါတလေကျရင် IT သမားတွေက အချိန်မှီပြီးအောင် အလုပ်နှစ်ခု သုံးခု တစ်ပြိုင်နက်တည်း လုပ်ရတာတွေ ရှိပါတယ်။ အလုပ်ကို တစ်ခုပြီးပြတ်မှ တစ်ခုလုပ်တတ်တဲ့သူလည်း IT လောကမှာ မအောင်မြင်ဘူးလို့တော့ မဆိုလိုပါဘူး။ ဒါပေမယ့် multitask လုပ်နိုင်တဲ့သူက ပိုသာမှာပေါ့လေ။

၈၊ တဖြည်းဖြည်းနဲ့ ရာထူးတွေ တိုးတိုးသွားတာကို လိုချင်တာလား
IT အလုပ်အတွက်တော့ အဲဒါက သိပ်မဖြစ်နိုင်ပါဘူး။ ရာထူးတော့ တိုးတာတော့ ရှိပါတယ်။ အိုင်တီ မန်နေဂျာလောက် အထိပေါ့။ CEO အဆင့်လောက်အထိ မျော်လင့်ထားတယ်ဆိုရင်တော့ ....

၉၊ နည်းပညာတွေ မကြိုက်ဘူးလား
ဒါကတော့ မဖြစ်နိုင်ပါ။ ဥပမာ ဘာလဲဟ စမတ်ဖုန်း၊ ဖုန်းပဲကွာ ဖုန်းပြောလို့ရတော်ရောပေါ့ ဆိုတာမျိုး၊ စာအုပ်ဆို လက်ထိပ်လေး တံတွေးဆွတ်ပြီး လှန်ရမှ စာဖတ်တယ်လို ထင်တာမျိုး (ebook မဖတ်ချင်ဘူးဆိုသလို) Server တွေ Desktop switches, routers ဘာတွေလည်းဟ အင်တာနက်လေး သုံးရဖို့ ဘာတွေ မှန်းကို မသိဘူးဆိုတာမျိုး၊ စက်ပစ္စည်းတွေ များလို့ green earth ထိခိုက်တယ်ဆိုတာမျိုးတွေ ၊ အဲဒါတွေ ရှိနေမယ်ဆိုရင်တော့ ...

၁၀၊ ဖုန်းပိတ် အိပ်တတ်သလား
IT သမားတွေဟာ ညလယ်သန်းခေါင်ကလည်း ကိုယ့်အလုပ်လုပ်ချိန်ပဲ ဖြစ်လာရင် ဖြစ်လာနိုင်တယ်။ မနက်ကတည်းက ညနေအထိ အလုပ်လုပ်ပြီးပြီ အလုပ်ချိန်ပြီးပြီလို့တော့ လက်လွတ်စပယ် နေလို့ မဖြစ်နိုင်ပါ။ 24/7 on call ဖြစ်နေရပါ့မယ်။ မိသားစု တွေ့ဆုံပွဲကိုလည်း ခနထားခဲ့ပြီး Server ဒေါင်းလို့ အလုပ်လုပ်ရင် လုပ်ရပါ့မယ်။ သားဦးလေး မွေးမှာမို့လို့ လာလို့မရဘူးလည်း လုပ်လို့မရပါဘူး။ အလုပ်ချိန်ပြင်ပ ဖြစ်တဲ့အတွက် အလုပ်က ဖုန်းခေါ်ရင် မကိုင်ချင်ဘူး ဆိုရင်တော့ သေချာပါပြီး သင်နဲ့ IT နဲ့ ....

သင့်အမြင်ကော ဘယ်လိုရှိလည်း comment ပေးထားနိုင်ပါတယ်။ IT သမားဘက်က အမြင်တွေကိုပဲ ရေးထားတာပါ။ တစ်ခြား field ထဲက လူတွေကို ထိခိုက်နစ်နာစေလိုခြင်း လုံးဝမရှိပါဗျာ။


Ref:maukkha.org

Microsoft certification exams အတွက် အထောက်အကူပြု website များ

အခု နောက်ပိုင်း ကာလတွေမှ Microsoft Certification စာမေးပွဲဖြေဆိုသူတိုင်းဟာ စာမေးပွဲဟာ သူတို့ ထင်ထားတာထက်ပိုမိုခက်ခဲလာတယ် သတိထားမိလာတယ်။ပြီးတော့လည်း စာမေးပွဲ အောင်တယ် ကျတယ်ဆိုတာမှာ စာမေးပွဲဖြေဖို့လေ့ကျင့်ရတဲ့ဆော့ဝဲတွေကလည်း ထူးခြားတဲ့ ရလဒ်တွေ ထွက်ပေါ်အောင် အကူအညီပေးနေတတ်ပါတယ်။ အင်တာနက်မှာ အဲဒီအတွက် ဆော့ဝဲတော်တော်များများကို အလကားရနေပါတယ်။ ကံဆုံးချင်တော့ အဲဒီဆော့ဝဲတွေ တော်တော်များများကလည်း စာမေးပွဲအောင်ဖို့အတွက် ထိထိရောက်ရောက် အကျိုးမပြုနိုင်ပါဘူး။ အဲဒီအထဲကပဲ အကျိုးဖြစ်မယ့် ဆော့ဝဲ ၅ ခုလောက်ကို ပြောပြချင်ပါတယ်။



1: Transcender
Transcender ကတော့ တော်တော်ရှေးကျတဲ့ စာမေးပွဲပြင်ဆင်မှု ဆော့ဝဲပါပဲ။ ၁၉၉၀ လောက်ကတည်းက Exchange Server exam တွေအတွက် လေ့ကျင့်နိုင်တယ် ဆော့ဝဲပါ။ အခုခေတ် မှာေ တာ့ အသေးစိတ်ကလေးတွေက အစ ပိုမိုကောင်းမွန်တဲ့ အရည်အသွေးမျိုးရှိနေပါပြီ။
Transcender က operation လုပ်ဖို့အတွက် နည်းလမ်းနှစ်ခုရှိပါတယ်။ တစ်ခုက သမရိုးကျ စာမေးပွဲအတွက် ပြင်ဆင်ခြင်းနဲ့ နောက်တစ်ခုကတော့ တစ်ကယ့်စာမေးပွဲ မေးခွန်းပုံစံ အတိုင်း အစမ်းအနေနဲ့ ဖြေဆိုကြည့်ခြင်းပါပဲ။



















2:TrainSignal
စာမေးပွဲအတွက် စာတွေ ဖတ်ရတာ စိတ်ရှုပ်တယ်ဆိုရင်တော့ trainsignal နဲ့ စမ်းသပ်ကြည့်စေချင်ပါတယ်။ တစ်မူထူးခြားတဲ့ video-based တွေနဲ့ ပြသပေးမှာဖြစ်ပါတယ်။


3: uCertify
uCertify ကတော့ စာမေးပွဲအားလုံးနည်းပါးရဲ့ အခြေခံ လိုအပ်ချက်တွေ ကို ဖြည့်ဆည်းပေးမှာဖြစ်ပါတယ်။ အမေးအဖြေပုံစံတွေနဲ့ သွားတာ ဖြစ်ပါတယ်။ MS exam အများစုမှာ မေးခွန်းပေါင်း ၆၀ ကျော်လောက်ပဲ ရှိပေမယ့် uCertify မှာတော့ မေးခွန်းပေါင်း ၃၆၂ ခုပါဝင်ပါတယ်။ ucertify မှာ chapter တစ်ခုချင်းစီအတွက် study guide တွေနဲ့ အဖြေတွေကိုလည်း ရှင်းလင်းချက်တွေနဲ့ အတူဖော်ပြပေးထားပါတယ်။


4: Pass-Guaranteed
Pass-Guaranteed ကတော့ အစမ်းမေးခွန်းတွေအတွက် ကိုကိုယ်တိုင် ရွေးချယ်ပြီး အချိန်အတိအကျသတ်မှတ်ကာ လေ့ကျင့်ဖြေဆိုကြည့်နိုင်မှာဖြစ်ပါတယ်။


5: SelfTest
SelfTest ကတော့ ဘယ်စာမေးပွဲအတွက် လေ့ကျင့်မလည်းဆိုတာပေါ်မူတည်ပါတယ်။ လေ့ကျင့်ခန်းတွေမှာ flash card အမျိုးအစားကတော့ ၂၈၁ ခုပါပါတယ်။
လေ့လာနည်းကတော့ တစ်ခါတည်း အဖြေနဲ့ ရှင်းလင်းချက်ပါတဲ့နည်းနဲ့ အမှန်တကယ် စာမေးပွဲပုံစံအတိုင်း ဖြေဆိုကြည့်တဲ့နည်းပါ။ စာမေးပွဲပုံစံအတိုင်း ဖြေဆိုနည်းကတော့ မေးခွန်းအားလုံးဖြေပြီးမှသာ အဖြေတွေကို ပြန်လည်ဖော်ပြပေးမှာ ဖြစ်ပါတယ်။


Source:techreplic
Ref:maukkha.org

ပါရှန်းပင်လယ်ကွေ့မှ ရေနံ မရပါက ကမ္ဘာကြီး ၂၄ နာရီကြာအောင် မရပ်တည်နိုင်ဟု အီရန်ပြော

Sunday, January 8, 2012
အီရန်မှပိတ်ပစ်မည်ဟု ချိန်းခြောက်နေသော Hormuz ရေလက်ကြား

ပါရှန်းပင်လယ်ကွေ့မှ ရေနံ မရပါက ကမ္ဘာကြီး ၂၄ နာရီကြာအောင် မရပ်တည်နိုင်ဟုအီရန်နိုင်ငံ ရှိ IslamicRevolution Guards Corps (IRGC) ခေါ်တပ်ဖွဲ့၏ အကြီးအကဲဖြစ်သူမှပြောရာ၌ ကမ္ဘာကြီး အနေဖြင့် ပါရှန်းပင်လယ်ကွေ့ မှရေနံများကို မရရှိပါက ၂၄ နာရီပင် ရပ်တည်နိုင်မည် မဟုတ် ဟု ပြောကြားလိုက်ကာ တဟီရန် အနေဖြင့် ဟော်မုတ်ရေလက်ကြားကို ပိတ်ဆို့ရန် အပြည့်အဝ စွမ်းေ ဆာင်နိုင်ကြောင်း လည်း ပြောကြားသွားခဲ့သည်။
hormuz ရေလက်ကြားကို ဂြိုလ်တုမှ မြင်ရသောပုံ

ယနေ့ ကမ္ဘာကြီးတွင် တွက်ရှိနေသော ရေနံစည်ပေါင်း ၁၃၀၀၀ ဘီလီယံ ထဲတွင် ဘီလီယံ ၈၀၀ မှာ ပါရှန်းပင်လယ်ကွေ့ မှ ဖြတ်သန်း သွားလာရခြင်း ဖြစ်သည်ဟု ရေတပ်စစ်ဦးစီးချုပ် Ali Fadavi မှသောကြာနေ့က ပြောကြားလိုက်ကာ ကမ္ဘာကြီးအနေဖြင့် ပါရှန်းပင် လယ်ကွေ့ မှထွက်ရှိသည့် ရေနံများ မရရှိပါက စဉ်းစားနိုင်ဖွယ် အခြေအနေပင်ရှိမည် မဟုတ်ဟု ၎င်းမှသောကြာနေ့ က ပြောကြားသွားခဲ့သ ည်။ဟော်မုတ် ရေလက်ကြားမှာ အိုမန်နှင့် အီရန် နိုင်ငံအကြားတွင်ရှိသော ကျဉ်းမြောင်းသည့် ရေလက်ကြားတစ်ခု ဖြစ်ပြီး ပါရှန်းပင်လယ်ေ ကွ့ မှထွက်ရှိသည့် ရေနံများ အားလုံးမှာ ယင်းဒေသကိုဖြတ်ပြီး သယ်ဆောင်ရခြင်းလည်း ဖြစ်သည်။

presstv.ir ,mrtv4

နိုင်ငံတော်သမ္မတ၏ လွှတ်တော်တွင်ပြောကြားသော မိန့်ခွန်းအပြည့်အစုံ (အသံဖိုင်)

<iframe width="100%" height="166" scrolling="no" src="http://w.soundcloud.com/player/?url=http%3A%2F%2Fapi.soundcloud.com%2Ftracks%2F38314574&show_artwork=true" frameborder="0" ></iframe>

အမှောင်လှိုင်းထဲက ငမွဲတို့တိုင်းပြည်

Monday, January 9, 2012

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအတွင်း တည်ဆောက်ရန်စီစဉ်ထားတဲ့ မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်မည့် ကျောက်မီးသွေးဓာတ်အားပေး စီမံကိန်းကို အစိုးရက ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ယနေ့နံနက်လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တယ်လို့ သတင်းတွေအရ သိရပါတယ် ။

အကြောင်းကတော့ အဲဒီစီမံကိန်းဟာ သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာထိခိုက်နိုင်သည့် အပြင် ကျောက်မီးသွေး စီမံကိန်း၏ ဆိုးကျိုးများကို မီဒီယာများက ထောက်ပြ၀ိုင်းဝန်းရေးသားမှုများ စသော အကြောင်းများကြောင့် အစိုးရက စီမံကိန်းရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ် ။

တစ်ခုပေးမှတစ်ခုရတဲ့ လောကကြီးမှာ ဘာမှမပေးပဲလိုချင်လို့ကတော့ ဘာမှမရနိုင်ပါဘူး ၊ အသက်ရှည်ချင်လား အိုရပါ့မယ် ၊ မအိုချင်ဘူးလား အူဝဲဆိုတာနဲ့ ခေါက်ကနဲသေလိုက် မအိုရတော့ပါဘူး ၊ ခုလဲဒီလိုပါဘဲ လျှပ်စစ်စွမ်းအင်လိုချင်လား သဘာဝပတ်ဝန်းကျင်ဆုံးရှုံးမှုတစ်ခုခု အနည်းနဲ့အများပေးရပါ့မယ် ၊ ဘာမှမပေးချင်ဘူးလား အမှောင်ထဲမှာငုတ်တုတ် နေလိုက် ဒါဘဲရှိပါတယ် ။ဘာမှလဲမပေးချင်ဘူး မီးလဲလင်းချင်တယ် ခေတ်လဲမီချင်တယ်ဆိုလို့ကတော့ရကိုမရပါဘူး။

ရုရှားနဲ့ ညူကလီးယားဓါတ်ပေါင်းဖိုလုပ်ပြီး လျှပ်စစ်ထုတ်မယ်ဆိုတုန်းကလဲ ၀ိုင်းကန့်ကွက်လို့ ရုရှားနဲ့မျက်နှာပျက်ပြီး အစိုးရကရပ်ပေးလိုက်ရတယ် ။ ဒီတော့ ရေအားကထုတ်မယ်လုပ်တယ် ဒီတော့လဲ သဘာဝပတ်ဝန်းကျင် ဘာဖြစ်တယ်ညာဖြစ်တယ် ဆိုလို့ မြစ်ဆုံစီမံကိန်းကို တရုတ်နဲ့မျက်နှာပျက်ပြီး အစိုးရက ရပ်ပေးလိုက်ရတယ် ။ ခုကျောက်မီးသွေးကနေ ထုတ်မယ်ဆိုတော့လဲ လာပြန်ပြီ ဒီသဘာဝပတ်ဝန်းကျင် ကြောင့် ထိုင်းနဲ့မျက်နှာပျက်ပြီး ရပ်ပေးလိုက်ရပြန်ပြီ ။

Data from the BP Statistical Review

ဒီပုံက ကမ္ဘာ့လျှပ်စစ်စွမ်းအင် ထုတ်လုပ်မှုရဲ့ ထက်ဝက်နီးပါးကို ကျောက်မီးသွေးက ထုတ်လုပ်နေတယ်ဆိုတာကို ပြနေပါတယ် ၊ အခုမြန်မာပြည်မှာလုပ်သလိုသာ ကျောက်မီးသွေးကလျှပ်စစ် ထုတ်တာ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်လို့ တစ်ကမ္ဘာလုံးရပ်လိုက်ကြမယ်ဆိုရင် ကမ္ဘာကြီးတစ်ဝက် အမှောင်ကျသွားပါ့မယ်။ဒီအထဲမှာ ညူကလီးယားစွမ်းအင်တွေနဲ့ ခေတ်မီလှပါတယ်ဆိုတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ၄၅ % ၊ တရုတ်ပြည်ရဲ့ ၇၉% ၊ အိန္ဒိယရဲ့ ၆၉ %ဟာ ချက်ချင်းအမှောင်ထဲကိုရောက်သွားပါ့မယ် ။

ကျောက်မီးသွေးကထုတ်မယ်ဆိုတိုင်း ငယ်ငယ်က ကျောက်မီးသွေးသုံးမီးရထားကြီးလို မီးခိုးတွေတလူလူထွက်ပြီး တလောကလုံး ဒုက္ခရောက်ကုန်တော့မယ်လို့ ဒီနေ့လို နည်းပညာတွေ တိုးတက်လှတဲ့ ခေတ်ကြီးမှာ တွက်လို့ မ၇တော့ပါဘူး clean coal technology ဆိုတာ ပေါ်နေပါပြီ ဒီနည်းပညာမှာ ကျောက်မီးသွေးကို raw Material အဆင့်မှာသန့်စဉ်လို့ရပါတယ် ၊


ဒါ့အပြင် လောင်ကျွမ်းတဲ့အဆင့် coal burning stage မှာလည်း totally burning process တွေကိုသုံးပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လျော့ချလို့ရပါသေးတယ် ၊ ဒီလိုအခြေအနေမျိုးနဲ့ နိုင်ငံအတွက် လျှပ်စစ်လဲရ သဘာဝပတ်ဝန်းကျင်လဲ ထိခိုက်မှုသက်သာ ဆိုတဲ့ win - win အခြေအနေမျိုးကို ရနိုင်ပါတယ် ။

ဒီလိုပြောလိုက်တိုင်း မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် တစ်ခုတည်းကိုပဲ တရားသေဆုတ်ကိုင်ပြီး ပြောနေဆိုနေတဲ့ သဘာဝပတ်ဝန်းကျင်ဝါဒီတွေက ဘာကိုထောက်ပြသလဲဆိုရင် GAS ကနေထုတ်ဘို့ ထောက်ပြတတ်ကြပါတယ် ။ သဘာဝဓါတ်ငွေ့ကနေထုတ်လုပ်တာတဲ့နေရာမှာ အားသာချက်တွေ ရှိသလို အားနည်းချက်တွေလဲ အများကြီးရှိပါတယ် ။ဥပမာဆိုပါတော့ဗျာ ထားဝယ်ရေနက်ဆိပ်ကမ်း မှာ gas နဲ့လျှပ်စစ်ထုတ်ပြီဆိုပါစို့ သဘာဝဓါတ်ငွေ့ကို source တစ်ခုကနေယူရပါ့မယ် ၊ ဒီ source က သတ်မှတ်ကာလတစ်ခုထိ ၁၀၀ % ရနေမယ်လို့မသေချာပါဘူး ၊ အချိန်မရွေး မြေအောက်လှုပ်ရှားမှုကြောင့် pressure ကျပြီး ပိတ်လိုက်ရတဲ့ ဓါတ်ငွေ့တွင်းတွေကမ္ဘာပေါ်မှာ အများကြီးပါ ၊ ဒိလိုအခြေအနေမျိုးရုတ်တရက် ဖြစ်လာပြီဆိုရင် ထားဝယ်စက်မှုဒေသကြီးတစ်ခုလုံး ခဏရပ်ပြီးနောက်ထပ် GAS တစ်တွင်းရှာလိုက်ဦးမယ်ဆိုပြီး လုပ်လို့မရပါဘူး ။

နောက်တစ်ခုက သဘာဝဓါတ်ငွေ့ထွက်တဲ့နေရာကနေ ပိုက်လိုင်းအရှည်ကြီးတွေနဲ့ သွယ်တန်းရတာ ဖြစ်လို့ ဒီပိုက်လိုင်းတစ်လျှောက် တစ်စုံတစ်ယောက်က နှောက်ယှက်ဖျက်ဆီးလို့ပဲဖြစ်ဖြစ် ၊ သဘာဝဘေး အန္တရယ်တစ်ခုခုကြောင့် ဖြစ်ဖြစ် တစ်ခုခု ဖြစ်တိုင်း ဒီစက်မှုဒေသကြီးတစ်ခုလုံးဟာ တော်ကြာရပ်လိုက် ၊ တော်ကြာပြန်ကောင်းလိုက် ဖြစ်လို့မရပါဘူး ။


တစ်ခြားအခြေအနေတွေ အများကြီးရှိပါသေးတယ် ၊ ဒါမြင်သာတဲ့ဥပမာ ၂ ခုကို ထုတ်နှုတ်တင်ပြတာသာဖြစ်ပါတယ် ။ ကျောက်မီးသွေးစက်ရုံက ဒီလိုမဟုတ်ပါဘူး ကျောက်မီးသွေး အရင်းအမြစ်သာရှိနေ ပါစေ သူဟာ ၁၀၀% ထုတ်လုပ်နိုင်ဘို့သေချာပါတယ် ၊ စက်ချွတ်ယွင်းရင် အရန်ထားတဲ့ စက်က ထပြီးလည်လိုက်ရုံပါဘဲ ၊ ဒါကြောင့်ခေတ်မီလှပါတယ်ဆိုတဲ့ အမေရိကန် ပြည်ထောင်စုလိုနိုင်ငံမျိုးဟာ ဘယ်လောက်ပဲ သဘာဝဓါတ်ငွေ့တွေ ရှိနေပါစေ ၊ ဘယ်လောက်ပဲ ညူစွမ်းအင်တွေ ရှိနေပါစေ ကျောက်မီးသွေးကနေထုတ်တဲ့ စနစ်ကို လက်မလွှတ်တာဖြစ်ပါတယ် ။

ကျောက်မီးသွေးစက်ရုံကိုလည်း မီဂါဝပ် အတန်အသင့်လျော့ချ ၊ သဘာဝဓါတ်ငွေ့စက်ရုံလည်း တည်ဆောက်ပြီး အမျိုးသားအကျိုးစီးပွားအတွက် ရှေးရှုဆောင်ရွက် ခြင်းသည်သာလျင် အကောင်းဆုံးဖြေရှင်းနည်းဖြစ်နိုင်ပါသည် ။

သဘာဝပတ်ဝန်းကျင်ကြောင့်သာ အရာရာကို လိုက်ရပ်ပေးနေရင် ကျွန်တော်တို့ တိုင်းပြည်ဟာ အမှောင်လှိုင်းထဲက ငမွဲတို့ တိုင်းပြည် ဘ၀ကနေ တက်တော့မှာကို မဟုတ်ပါဘူး....

အခြားဆက်စပ်မှုရှိသောဆောင်းပါး

ဒါဖတ်ပြီးမှ ထားဝယ်ရေနက်ဆိပ်ကမ်းက ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ စီမံကိန်းကို ကန့်ကွက်ပါ

Ref:DrSatephar

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းနောက်ဆက်တွဲ အပိုင်း(၂)

“ဒါဖတ်ပြီးမှ ထားဝယ်ရေနက်ဆိပ်ကမ်းက ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ စီမံကိန်းကို ကန့်ကွက်ပါ“ 


နိုင်ငံတစ်နိုင်ငံတိုးတက်ဖို့ ခေတ်မီဖို့ ဆိုတာဟာ လျှပ်စစ်စွမ်းအင်ရဲ့ အခန်းကဏ္ဍဟာ အဓိကကျ အရေးပါလှတယ်ဆိုတာ ငြင်းစရာမရှိပါဘူး ၊ ဒါကြောင့် မြန်မာနိုင်ငံခေတ်မီချင်ရင် လုံလောက်တဲ့ လျှပ်စစ်ရှိရမယ်ဆိုတာ သေချာနေပါပြီ ၊ ဒါဆိုရင် နိုင်ငံမှာလျှပ်စစ်လုံလောက်အောင် ဘယ်လို လုပ်ကြမလဲ မစဉ်းစားခင် တစ်ကမ္ဘာလုံးမှာလျှပ်စစ်စွမ်းအင်ကို ဘယ်လိုအရင်းအမြစ်တွေကနေ ထုတ်ကြသလဲဆိုတာ အရင် လေ့လာကြည့်ရအောင်ပါ ....

Data from the BP Statistical Review

ဒီပုံကိုကြည့်လိုက်ရင် ကမ္ဘာ့လျှပ်စစ်စွမ်းအင် ထုတ်လုပ်မှုအများဆုံးဟာ ကျောက်မီးသွေးကဖြစ်ပြီး တစ်ကမ္ဘာလုံး လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုရဲ့ ၄၁ % ဖြစ်တယ်ဆိုတာတွေ့ရမှာပါ သူ့နောက်မှာမှ သဘာဝဓါတ်ငွေ့က ၂၁% နဲ့ ဒုတိယ ၊ ရေအားက ၁၆ % နဲ့ တတိယ ၊ ညူကလီးယားက ၁၄ %းနဲ့ စတုတ္ထ အသီးသီး ရပ်တည်နေတာကို တွေ့ရမှာပါ ။

အကြောင်းအရာတစ်ခုကို စဉ်းစားရင် ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီး ဖြစ်တဲ့ အမေရိကန်နိုင်ငံကို စံထားပြီး နှိုင်းယှဉ်ချိန်ထိုးလေ့ရှိကြပါတယ် ။ ဒါဆိုရင် အမေရိကန်ပြည်ထောင်စုရဲ့ လျှပ်စစ်စွမ်းအင် ထုတ်လုပ်မှုအခြေအနေကို လေ့လာကြည့်ရအောင်ပါ ....

Source: International Energy Agency 2011


ဒါကတော့ အမေရိကန်ပြည်ထောင်စုရဲ့ လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုအခြေအနေပါ ၂၀၁၀ ခုနှစ် စာရင်းအရ သူလည်း ကျောက်မီးသွေးကနေထုတ်လုပ်မှုဟာ ၄၅%နဲ့ အများဆုံးဖြစ်ပြီး သဘာဝဓါတ်ငွေ့ကနေ ၂၄% ၊ ညူကလီးယားကနေ ၁၉% ၊ ရေအားကနေ ၆% အစရှိသဖြင့် ထုတ်လုပ်နေတာကို တွေ့ရမှာဖြစ်ပါတယ် ။


ဒီစာရင်းကတော့ အမေရိကန်နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ကျောက်မီးသွေးစွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံ စာရင်းပါ ၊ အမေရိကန်ပြည်ထောင်စုမှာ ကျောက်မီးသွေးစွမ်းအင်သုံး ဓါတ်အားပေးစက်ရုံ ၆၁၅ ရုံရှိတာဖြစ်ပြီး စက်ရုံတွေရဲ့ ထုတ်လုပ်နိုင်မှုစွမ်းအားအလိုက် စာရင်းပြုစုထားတာဖြစ်ပါတယ် ။

အိမ်နီးချင်းနိုင်ငံကြီးတွေ ဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေကို ကြည့်မယ်ဆိုရင်လည်း တရုတ်နိုင်ငံဟာ တစ်နိုင်ငံလုံးလျှပ်စစ်ထုတ်လုပ်မှု ရဲ့ ၇၉% ကို ကျောက်မီးသွေးကထုတ်ပါတယ် ။အိန္ဒိယနိုင်ငံကတော့ တစ်နိုင်ငံလုံး လျှပ်စစ်ထုတ်လုပ်မှုပမာဏရဲ့ ၆၉% ကို ကျောက်မီးသွေးကနေထုတ်ပါတယ် ။

Source: International Energy Agency 2011
ဒီဇယားကတော့ ကမ္ဘာ့ကျောက်မီးသွေးထုတ်လုပ်မှုမှာ ထိပ်တန်းနိုင်ငံတွေရဲ့ စာရင်းဖြစ်ပါတယ် တန်(သန်းပေါင်း) နဲ့ စာရင်းကိုပြထားပါတယ် ။ ဒီနိုင်ငံတွေဟာ ကမ္ဘာ့စက်မှုထိပ်သီးနိုင်ငံကြီးတွေ ဖြစ်သလို ကမ္ဘာပေါ်မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အရေးတယူလုပ်တဲ့ နိုင်ငံတွေ ပါနေတာကို တွေ့ရမှာပါ ။
Coal Consumption by Country

ဒါကတော့ ကမ္ဘာ့ကျောက်မီးသွေး အသုံးအပြုဆုံး (၁၀) နိုင်ငံစာရင်းပါ ၊ ဒီစာရင်းအရဆိုရင် မြန်မာနိုင်ငံဟာ အဆင့် ၈၀ မှာရှိပါတယ် ၊ ဒီကမ္ဘာ့ကျောက်မီးသွေးအသုံးဆုံးပါဆိုတဲ့တိုင်းပြည်တွေကိုကြည့်ရင် ဒီမိုကရေစီစံနစ်အထွန်းကားဆုံးနိုင်ငံတွေ ၊ စီးပွားရေးအရ အတိုးတက်ဆုံးနိုင်ငံတွေ ၊ စက်မှုနည်းပညာအဆင့်မြင့်ထွန်းကားတဲ့နိုင်ငံတွေဖြစ်ကြလို့ ဒီနိုင်ငံတွေကို အုပ်ချုပ်နေတဲ့အစိုးရတွေနဲ့ အဲဒီမှာနေထိုင်ကြတဲ့ တိုင်းသူပြည်သားတွေဟာ သဘာဝပတ်ဝန်းကျင်ကို အလေးမထားပဲ နေမှာမဟုတ်ပါဘူး ၊ တစ်ချိန်တည်းမှာပဲ အမျိုးသားအကျိုးစီးပွားကိုလဲ လက်လွှတ်ပြီး စဉ်းစားကြမှာမဟုတ်ပါဘူး ဒီနှစ်ခုကိုအဘက်ဘက်က နှိုင်းယှဉ် ချိန်ထိုးပြီး လုပ်သင့်တဲ့ဘက် ၊ အလေးသာတဲ့ဘက်၊ ကောင်းကျိုးပိုတဲ့ဘက် ကိုလုပ်နေတယ်လို့ပဲ မှတ်ယူရမှာဖြစ်ပါတယ် ။

ဒါဆိုရင် မြန်မာနိုင်ငံမှာကော ?????????
ဒေါက်တာဆိတ်ဖွား

( တကယ်တောင်းဆိုသင့်တာက ကျောက်မီးသွေးကနေ လျှပ်စစ်ထုတ်တဲ့ နည်းစဉ်အမျိုးမျိုးထဲက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံး နည်းစဉ်ကို သုံးပြီး ထုတ်လုပ်ဘို့ တောင်းဆိုသင့်တယ် )

Friday, March 2, 2012

မြန်မာ့စီးပွားရေးနှင့် လျှပ်စစ်စွမ်းအင် လိုအပ်ချက်

မြန်မာနိုင်ငံတွင် အထူးစီးပွားရေး ဇုန်များ၊ ဆိပ်ကမ်းများ၊ မီးရထားလမ်းများ၊ စက်ရုံများ၊ ပြည်တွင်းဝင်လာမည့် နိုင်ငံခြားခရီးသွား ဧည့်သည် ၅ သိန်းကျော် အစရှိသည်ဖြင့်အောင်မြင်သော စီးပွားရေးတခုစီသို့ အရောက် လှမ်းမည့်အရေး တွင်တွင် ကျယ်ကျယ် ဆွေးနွေးပြောဆို နေကြချိန်တွင် အလွန်အရေးကြီးသော အရာတခု ကျန်နေသေးသည်။ ထိုအရာသည်ကား လျှပ်စစ်စွမ်းအင်ပင် ဖြစ်သည်။
ကချင်ပြည်နယ်ရှိ မြစ်ဆုံရေကာတာ စီမံကိန်း ဆောက်လုပ်ရေး လုပ်ငန်းခွင် (ဓာတ်ပုံ - ဧရာဝတီ)
မြန်မာနိုင်ငံ လူဦးရေသည် ထိုင်းနိုင်ငံ လူဦးရေနှင့် မတိမ်းမယိမ်း ဖြစ်သော်လည်း လျှပ်စစ်စွမ်းအား ထုတ်လုပ်မှုမှာတွင် ထိုင်း၏ ၁၃ ရာခိုင်နှုန်းထက် ပိုနည်းနေသည်။
မြန်မာနိုင်ငံတွင် မဂ္ဂါဝပ် ၂၀၀၀ သာ ထုတ်လုပ်နိုင်ပြီး ထိုင်းနိုင်ငံမှာမူ မဂ္ဂါဝပ် ၂၆၀၀၀ ထုတ်လုပ်နိုင်သည်။ လူဦးရေ ၆ သန်းသာရှိပြီး ကျေးလက်ဒေသအများဆုံးရှိသည့် လာအိုနိုင်ငံ၏ လျှပ်စစ်ထုတ်လုပ်နိုင်စွမ်းသည် မြန်မာနိုင်ငံနှင့် အတူတူပင်ဖြစ်သည်။ သို့ဖြစ်၍ ယခုနှစ်နှင့် လာမည့်နှစ်များတွင် ဆောင်ရွက်ရန် စီစဉ်ထားသည့် ဖွံ့ဖြိုးရေး လုပ်ငန်းများအားလုံးအတွက် မည်သို့ စွမ်းအင်ဖြည့်ဆည်းပေးမည်နည်း။
ထိုမေးခွန်းနှင့် ပတ်သက်၍ စွမ်းအင်ဝန်ကြီး ဦးသန်းဌေးက ဤကိစ္စသည် ပုဂ္ဂလိကလုပ်ငန်းများ၏ လက်အတွင်း ရှိပါလိမ့်မည်ဟုသာ ပြောကြားနိုင်ရုံမှအပ တခြား အဖြေရှိဟန်မတူပေ။
မဂ္ဂါဝပ် ၇၆၀၀ ခန့်ထုတ်နိုင်မည့် ဆောက်လက်စ စီမံကိန်းနှစ်ခုကိုလည်း မြန်မာအစိုးရက မကြားသေးမီက ရပ်နားခဲ့သည်။ တရုတ်က ဆောက်လုပ်ပေးမည့် မဂ္ဂါဝပ် ၃၆၀၀ ထုတ်နိုင်သော မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနှင့် အရှေ့တောင်ပိုင်းကမ်းရိုးတန်း၊ ထားဝယ်စီးပွားရေးအထူးဇုန်ကို မဂ္ဂါဝပ် ၄၀၀၀ စွမ်းအင်ဖြည့်ဆည်းပေးနိုင်မည့် ကျောက်မီးသွေးစက်ရုံစီမံကိန်းတို့ ဖြစ်သည်။
မြန်မာနိုင်ငံသည် လျှပ်စစ်မီး မကြာခဏ ပြတ်တောက်ခြင်းကြောင့် နာမည်ပျက်နေသည့် တိုင်းပြည်တခုဖြစ်သည်။ အသေးစား စီးပွားရေးလုပ်ငန်း ရာပေါင်းများစွာမှသည် ဟိုတယ်ကြီးများ၊ စက်ရုံကြီးများအထိ နိုင်ငံခြားမှ ဈေးကြီးပေးဝယ်ယူရသော ဒီဇယ်နှင့်မောင်းနှင်ရသည့် မီးစက်များကိုသာ အားထား အသုံးပြုနေရသည်။
စွမ်းအင်ဝန်ကြီးက Reuters သတင်းဌာနကို ပြောကြားချက်အရ မြန်မာနို်င်ငံ၏ အိုမင်းရင့်ရော်နေသော အသေးစား လောင်စာဆီချက်စက်ရုံများက တိုင်းပြည်တပြည်လုံး လိုအပ်သော ဓါတ်ဆီနှင့် ဒီဇယ်ပမာဏ၏ သုံးပုံတပုံကိုသာ ထောက်ပံ့ပေးနိုင်သည်ဟု သိရသည်။
မြန်မာနိုင်ငံ စုစုပေါင်းလူဦးရေ၏ ၂၅ ရာခိုင်နှုန်းနီးပါးသည်သာ ထိန်းသိမ်းပြင်ဆင်ထားခြင်းမရှိ၊ ယိုယွင်းပျက်စီးနေသော လျှပ်စစ်ဓာတ်အား လိုင်းနှင့် ချိတ်ဆက်ထားသည်။ ယခုနှစ်အကုန်တွင် ဓာတ်အားလိုင်းသစ်များ အပြီးသတ် တပ်ဆင်ပြီးဖြစ်ရမည် ဖြစ်သော်လည်း ၎င်းလိုင်းသစ်များသည် ရန်ကုန်၊ မန္တလေးမြို့ကြီးနှစ်မြို့ကြားတွင်သာ အဓိက တပ်ဆင်သွားမည်ဖြစ်သည်။
“မြန်မာနိုင်ငံမှာ နာတာရှည် လျှပ်စစ်စွမ်းအင်ပြဿနာ ရှိနေတဲ့အပြင် စွမ်းအင်ထောက်ပံ့ပေးဖို့နဲ့ လိုင်းကြိုးတွေ ချဲ့ထွင်ဖို့အတွက်က အချိန်ရော၊ ငွေပါ သုံးရမှာပါ” ဟု ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် စွမ်းအင်လုပ်ငန်း အကြံပေးနှင့် လေ့လာအကဲဖြတ်သူ ကောလင်း ရေးနိုးစ်က ဧရာဝတီ၏ မေးမြန်းမှုတခုတွင် ပြောကြားခဲ့သည်။
“မဂ္ဂါဝပ် ၉၀၀၀ ကျော် ထုတ်လုပ်နိုင်ဖို့ ရေအားလျှပ်စစ်ထုတ် ရေကာတာကြီးတွေ များစွာကို တည်ဆောက်ဆဲ၊ တည်ဆောက်ပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီလုပ်ငန်းရဲ့ ကံကြမ္မာက မြစ်ဆုံရေကာတာ တည်ဆောက်မှုကို ယာယီ ရပ်ဆိုင်းခဲ့ပြီးနောက်မှာ အခြေမလှဖြစ်ခဲ့ရတယ်။ အဲဒီလုပ်ငန်းတွေကရ ရမယ့် စွမ်းအင်စုစုပေါင်းရဲ့ ၈၅ ရာခိုင်နှုန်းကိုလည်း တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံကို တင်ပို့ရောင်းချမှာပါ” ဟု ၎င်းက ထောက်ပြသည်။
“လူမှုရေးအရရော၊ သဘာဝပတ်ဝန်းကျင်အရပါ ထိခိုက်မှုများတဲ့ ရေကာတာကြီးတွေကို ရပ်ဆိုင်းတာ နားလည်ပေးနိုင်ပါတယ်။ ဒါပေမယ့် အဲဒီလောက် သက်ရောက်မှုမရှိတဲ့ ထားဝယ်ကျောက်မီးသွေးစက်ရုံကိုလည်း ရပ်ဆိုင်းလိုက်တယ်” ဟု ရေးနိုးစ်က ပြောဆိုခဲ့သည်။
“ကျောက်မီးသွေးက ဖောချင်းသောချင်းပဲ။ ပြီးတော့ လောင်စာဆီလိုမျိုး ဈေးနှုန်းအတက်အကျလည်း မရှိလောက်ဘူး။ မြန်မာနိုင်ငံမှာ သဘာဝဓာတ်ငွေ့တွေ အများကြီးရှိပေမယ့်လည်း အများစုကို ပြည်ပနှစ်ရှည် စာချုပ်တွေနဲ့ ပို့ပေးဖို့ သဘောတူထားပြီးပြီ” ဟု ၎င်းက ဆိုသည်။
ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ချုပ်ဆိုထားတဲ့ အဆိုပါစာချုပ်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးပါမည်ဟု စွမ်းအင်ဝန်ကြီး ဦးသန်းဌေးက ပြီးခဲ့သည့် ဇန်န၀ါရီလက ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံတွင် အရံ သဘာဝဓာတ်ငွေ့ ၂၂.၅ ထရီလီယံကုဗပေ ရှိသည်ဟု စွမ်းအင်ဝန်ကြီးက Reuters သတင်းဌာနသို့ ပြောကြားခဲ့သော်လည်း ထိုပမာဏ ရှိ မရှိကို သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။ ၂၀၁၃ ခုနှစ်မှစ၍ ပြည်တွင်း စွမ်းအင်ထုတ်လုပ်မှုအတွက် သဘာဝဓာတ်ငွေ့ကို ပိုမိုသုံးစွဲမည်ဟုလည်း ၀န်ကြီးက ပြောဆိုခဲ့သည်။
အရှေ့တောင်အာရှသည် လောင်စာဆီအသုံးပြုမှုကို လျှော့ချနိုင်သည့် နည်းလမ်းကို ရှာဖွေနေပြီး သဘာဝဓာတ်ငွေ့ အလုံအလောက်မရှိသည့် ပြဿနာကို ရင်ဆိုင်နေရသောကြောင့် ကျောက်မီးသွေးအားနှင့် လျှပ်စစ်ထုတ်လုပ်ရန် စိုင်းပြင်းနေကြသည်။ ထားဝယ်ကျောက်မီးသွေးစက်ရုံ ရပ်ဆိုင်းလိုက်ခြင်းသည် အရှေ့တောင်အာရှ၏ လက်ရှိ စွမ်းအင်ထုတ်လုပ်မှု လားရာနှင့် ကွဲလွဲနေသည်။ ထားဝယ်တွင် မဂ္ဂါဝပ် ၄၀၀၀ အားသုံး စက်ရုံကို စွမ်းအင်ပေးနိုင်ရန် လုံလောက်သည့် ဓာတ်ငွေ့ပမာဏရမည်ဟု မည်သူကမှ တထစ်ချ မပြောနိုင်ပေ။
၂၀၁၁ နောက်ပိုင်းတွင် သဘာဝဓာတ်ငွေ့ ဆက်လက်ရရှိနိုင်မှု ပြဿနာရှိလာနိုင်ပြီး လျှပ်စစ်ထုတ်လုပ်မှု အားနည်းလာနိုင်သောကြောင့် မလေးရှားနိုင်ငံက မဂ္ဂါဝပ် ၁၀၀၀ ထုတ်နိုင်သော ကျောက်မီးသွေးအားသုံး စက်ရုံနှစ်ရုံ တည်ဆောက်နေသည်။
လတ်တလောအခြေအနေတွင် မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံ နှစ်နိုင်ငံစလုံးသည် စုစုပေါင်း လျှပ်စစ်ဓါတ်အားထုတ်လုပ်မှု၏ ၇၀ ရာခိုင်နှုန်းအတွက် ပြည်တွင်းနှင့် ပြည်ပမှ တင်သွင်းသော သဘာဝဓာတ်ငွေ့ကို မှီခိုနေရသည်။ ထိုင်းနိုင်ငံဆိုလျှင် လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှုအတွက် လိုအပ်သော လောင်စာသုံးပုံတပုံကို မြန်မာ့ဓာတ်ငွေ့နှင့် ထုတ်လုပ်နေခြင်း ဖြစ်သည်။
လုံလုံလောက်လောက် ထုတ်ယူနိုင်ခြင်းမရှိသော ပြည်တွင်းဓာတ်ငွေ့ကိုသာ အဓိက မှီခိုနေရသည့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း စွမ်းအင်ပြတ်လပ်မှုပြဿနာ ရင်ဆိုင်နေရသည်။ သို့သော် အစိုးရအပေါ် မကျေနပ်ဖြစ်နေသော စက်ရုံလုပ်သားများ၏ ဆန္ဒပြမှုများ၊ လျှပ်စစ်ပြတ်တောက်၍ ဒုက္ခရောက်နေရသော ချည်ထည်စက်ရုံများ၏ ဖိအားများကြောင့် ဘင်္ဂလားဒေ့ရှ် အစိုးရအတွက် မဖြစ်မနေ အရေးတယူ လုပ်ဆောင်ရတော့မည့် အခြေအနေ ရောက်ရှိနေသည်။ မြန်မာနယ်စပ်အနီး ကောက်ဘဇားမြို့တွင် ကျောက်မီးသွေးစွမ်းအင်သုံး ၁၄၀၀ မဂ္ဂါဝပ် ဓာတ်အားထုတ် စက်ရုံတရုံဆောက်ရန် စီစဉ်နေခြင်းသည် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုပြဿနာကို ဖြေရှင်းခြင်း၏ တစိတ်တဒေသဖြစ်သည်။ အမေရိကန် ဒေါ်လာ ၂.၅ ဘီလီယံတန် ဓာတ်အားပေးစက်ရုံကို မလေးရှားနိုင်ငံပိုင် လျှပ်စစ်ကုမ္ဗဏီတခုဖြစ်သည့် Tenaga Nasional Berhad က တည်ဆောက်သည်။
ထားဝယ်စီမံကိန်းအပြင် နောက်ထပ် အထူးစီးပွားရေးဇုန်ု ၃ ခု တည်ဆောက်ရန် မြန်မာအစိုးရက လေသံပစ်နေသည်။ ထို ၃ ခုမှာ ရန်ကုန်တောင်ဘက်ခြမ်းရှိ သီလ၀ါ အပါအ၀င် ကျောက်ဖြူဝန်းကျင်တ၀ိုက်တွင် ဖြစ်သည်။ ကျောက်ဖြူတွင် ရေနံတင်သင်္ဘောဆိပ်ကမ်းတခုကို တရုတ်နိုင်ငံက လက်ရှိဆောက်လုပ်နေဆဲ ဖြစ်သည့်အပြင် မြန်မာနိုင်ငံကို ဖြတ်ပြီး တရုတ်နိုင်ငံ အနောက်တောင်ဘက်ခြမ်းဆီသို့ ရေနံစိမ်းများ ဖြတ်သန်းသယ်ယူမည့် ပိုက်လိုင်းများပါ တည်ဆောက်နေသည်။
ထားဝယ်စီးပွားရေးဇုန်ုအတွက် နေပြည်တော်က တာဝန်ပေးထားသည့် အဓိက ဆောက်လုပ်ရေးကုမ္ဗဏီမှာ ဘန်ကောက်အခြေစိုက် အီတလီ-ထိုင်း ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီဖြစ်သည်။ အီတလီ-ထိုင်း ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီက လောင်စာဆီမှ ထုတ်လုပ်သော တခြားကုန်ကြမ်းပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် သံရည်ကျို စက်ရုံအတွက် ရင်းနှီးမြုပ်နှံသူများ ရရှိရန် ယခုလအကုန်တွင် တောင်ကိုးရီးယားတွင် လုပ်ငန်းတခုလုံးနှင့်ပတ်သက်ပြီး ရှင်းလင်းပြသရတော့မည်။ လျှပ်စစ်စွမ်းအင် ရရှိမည်ဟူသော အာမခံချက် မပေးနိုင်ပါက စီးပွားရေးလုပ်ငန်းကြီးများထံမှ စိတ်ဝင်စားမှုရရန် ခက်ခဲမည်။
ကမ္ဘာ့အခင်းအကျင်းတွင် အထီးကျန် အကျဉ်ခံရခြင်းနှင့် အဆိုးအဆင့် သတ်မှတ်ခံရခြင်းမှ မြန်မာနိုင်ငံ ကင်းလွတ်လာပြီဟူသော ပျော်ရွှင်ခြင်း၏ နောက်ကွယ်တွင် နိုင်ငံခြား စီးပွားရေးကုမ္ဗဏီများက မြန်မာနိုင်ငံတွင် မည်သို့ လုံလုံခြုံခြုံ ရင်းနှီးမြုပ်နှံနိုင်မည် ဆိုသည်နှင့်ပတ်သက်၍ သံသယ ရှိနေဆဲပင်ဖြစ်သည်။
ပြီးသည့်အပတ်တွင် ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေးလေ့လာချက် တခုကလည်း သတိပေးချက်တခု ဖော်ပြခဲ့သည်။
“နှစ်ပေါင်းများစွာကြာ အထီးကျန်မှုနှင့် စစ်အုပ်ချုပ်မှုတို့ကြောင့် အခြေခံ အဆောက်အဦများနှင့် အင်စတီကျူးရှင်းများ၏ ဖွံ့ဖြိုးမှု နောက်ကျကျန်ခဲ့သည်” ဟု စီးပွားရေးလုပ်ငန်းများ ကြုံတွေ့နိုင်သည့် ဆိုးကျိုးများ လေ့လာသုတေသနပြုသော ဗြိတိန်နိုင်ငံမှ Maplecroft ကုမ္ဗဏီက ပြောဆိုခဲ့သည်။
“လာဘ်ပေးလာဘ်ယူမှုတွေရှိနေတာ၊ အားနည်းတဲ့ ဥပဒေနှင့် တရားရေးစနစ်၊ ဆက်လက်ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုအပြင် ရင်းနှီးမြုပ်နှံသူတွေအတွက် ဥပဒေကြောင်းအရ အကာအကွယ်ပေးမှု အားနည်းနေတာတွေကြောင့် စီးပွားရေးလုပ်ငန်းတွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့အပြင် အဲဒီပြဿနာတွေ အပြည့်အ၀ ဖြေရှင်းနိုင်ဖို့ မြန်မာနိုင်ငံဟာ အချိန်အတန်ကြာ ယူရဦးမှာဖြစ်ပါတယ်” ဟု Maplecroft ကုမ္ဗဏီ အမှုဆောင်အရာရှိချုပ် Alyson Warhust က ပြောဆိုခဲ့သည်။
“စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ပွင့်ထွက်လာတော့မယ့် အခွင့်အလမ်းတွေကို အသေအချာ အသုံးချနိုင်ဖို့အတွက် တိုင်းပြည်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ အန္တရာယ်ရှိမှုတွေကို စောင့်ကြည့်နေဖို့၊ စနစ်တကျ စီမံကိုင်တွယ်တတ်ဖို့ လိုပါလိမ့်မယ်” ဟုလည်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!