Popular Posts!
Thursday, July 12, 2012
Burma OR Myanmar
 Burma OR Myanmar (In English Language)
ဝတ်မှုံ (စင်္ကာပူ) ဇူလိုင်၊ ၁၁၊ ၂၀၁၂၊ (ဝေဖန်ရေးရာ)
အင်္ဂလိပ်လို မြန်မာနိုင်ငံကို Myanmar လို့ခေါ်မှ၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးတွေ မြန်မာပြည်မှာ လုပ်ခွင့်ရမှာလား …
မြန်မာလိုပဲ တင်ပြချင်ပါတယ်။ မြန်မာလို ဗမာနိုင်ငံလား၊ မြန်မာနိုင်ငံလို့ခေါ်မလား ဆိုတာတော့ မဆွေးနွေးလိုပါဘူး။ အင်္ဂလိပ်လို Burma OR Myanmar ကိုပဲ ဆွေးနွေးချင်ပါတယ်။ Burma သမားတွေ အရှုံးပေးခဲ့ရတာ နှစ်ပေါင်း ၂၂နှစ်ကျော်သွားပါပြီ။ အခုလည်း Burma လို့ပြောရင် ထောင်တော့မချပေမဲ့ သတိပေးခံရနိုင်ပါတယ်။
ဒါပေမဲ့ အင်္ဂလိပ်လိုခေါ်တာကိုတော့ အများကြီးဆွေးနွေးလိုပါတယ်။ အခုတော့ နည်းနည်းပဲရေးပါမယ်။
သမိုင်းနောက်ကြောင်းနဲ့ အနာဂါတ်
မြက်ခြောက်ရေနှုး နဲနဲလုပ်ပါမယ်… ။ အများကြီး သမိုင်းနောက်ခံတွေ အကျယ်မရေးပါဘူး။ နောက်၅နှစ်ကြာချိန်တော့ လွှတ်တော်မှာ Debate အချေတင်ဖြစ်လာမည် မျှော်လင့်ပါတယ်။ ဒါကတော့ နောင်အနာဂတ် မြန်မာပြည်ခေါင်းဆောင်များ တာဝန်ဖြစ်ပါတယ်။ လောလောဆယ် ပြုပြင်ပြောင်းလဲရေး နဲ့ အလုပ်အလွန်များနေတဲ့ ခေါင်းဆောင်များ Burma and Myanmar အကြောင်းကို စဉ်းစားချိန်မရပါ။
တလောက လွှတ်တော်အမတ်များကျမ်းကျိန် စာလုံးတလုံး ပြောင်းဖို့တောင် တိုင်းပြုလူထုများ အတော် အလုပ်ရှုပ်သွားတာ မမေ့သင့်ပါ။ လောလောဆယ်တော့ ပြသနာအငယ်လေးလို့ စာရေးသူအနေနဲ့ သဘောထားပါတယ်။
ရခိုင်ပြည်ဆူပူမှု၊ ကချင်ပြည်တိုက်ပွဲများ၊ လျှပ်စစ်၊ ဒု-သမတအဖွဲ့၊ ကျပ်ငွေ၊ FDI နိုင်ငံခြားရင်းနှီးမြုတ်နှံမှု၊ လောင်စာဆီ၊ ကားပါမစ်၊ အတိုက်အခံများ၊ မြစ်ဆုံ၊ ထားဝယ်ရေနက်ကမ်း၊ ကျောက်စိမ်း၊ ကျွန်းသစ်၊ ရေလုပ်ငန်း၊ ရေနံနဲ့ဓါတ်ငွေပိုက်လိုင်း .. အများကြီးရှုပ်နေပါတယ်။ ဒါကြောင့် တိုတိုပဲ မီဒီယာခေတ်နဲ့အညီ ရေးပါမယ်။အမည်ပေးခြင်း
အာဏာရှင်ဖြစ်သူက သူ့ကို မြှောက်စားထားတဲ့ တပည့်များရဲ့ သဘောတော်အတိုင်း သူတို့ကြိုက်သလို လုပ်မယ်ဆိုတာ (အာဏာပြချင်တော့) အလွယ်ဆုံးအလုပ်ဖြစ်တဲ့ နာမည်ပြောင်းတဲ့အလုပ်ကို လုပ်သွားခဲ့ပါတယ်။
သန်း ၅၀ ရှိတဲ့ မြန်မာနိုင်ငံကို အင်္ဂလိပ်လိုပဲ သိတဲ့ သန်း ၅၀၀၀ ကျော်တဲ့ ကမ္ဘာ့လူထုကြီးက တွေဝေ၊ ခက်ခဲသွားစေတာခဲ့ပါတယ်။
ဥပမာ အိမ်နီးချင်း၂နိုင်ငံကို ကြည့်ပါ… ဗမာတွေက ကုလားပြည်လို့ခေါ်တဲ့နိုင်ငံကို India and Bharat လို့ အင်္ဂလိပ်လို ၂မျိုးစလုံး Official Name သတ်မှတ်ထားတယ်။ ကုလားပြည်သားတွေကတော့ Bharat လို့ခေါ်ပေမဲ့ သန်း ၆၀၀၀ ကျော်တဲ့ နိုင်ငံခြားသားတွေကတော့ India လို့ပဲ သတ်မှတ်တယ်။ အိန္နိယအစိုးရက မြန်မာအစိုးရထက် ပညာတတ်တော့ India လို့ နိုင်ငံခြားသားများပေးထားတဲ့ အမည်ကို ဆက်သုံးတယ်။ ကိစ္စမရှိဘူး ။
မြန်မာတွေက တရုပ်လို့ ခေါ်တဲ့ တရုပ်နိုင်ငံကို China and Xinhua လို့ သုံးနှုန်းတယ်။ တရုပ်ကတော့ အိန္နိယထက်တောင် ပြက်သားသေးတယ်။ တရုပ်တွေ ရှေးကတည်းက သုံးတဲ့ ဆင်ဝါ ဆိုတဲ့ တရုပ်အသံထွက်ကို ဆက်မသုံးဘူး။ Official name is China ချိုင်းနား လို့ သုံးတယ်။ တရုပ်လူဦးရေက သန်း၁၂၀၀ကျော်ရှိပေမဲ့ ကမ္ဘာ့သန်း၆၀၀၀ကို လေးစားတယ်။ ကုလားထက် ပိုပြီး ပညာတတ်ပုံရတယ်။ ဒါကြောင့် တရုပ်လွတ်လပ်ရေးရပြီး တရုပ်ကွန်မြူနစ်နိုင်ငံဖြစ်လာတာတောင့် ချိုင်းနားလို့ပဲ ဆက်သုံးတယ်။
အခု မြန်မာနိုင်ငံအကြောင်း ရေးပါမယ်။
Burma or Myanmar ..
၂မျိုးစလုံးသုံးမယ်လို့ ကမ္ဘာ့နိုင်ငံများအကြောင်း သိသူများက ပြောကြတယ်။ မြန်မာပြည်ထဲမှာပဲ ပိတ်လှောင်ခံရသူ လက်ရှိ သန်း ၅၀ ကျော်ရဲ့ လူငယ်များကတော့ ဘုမသိ၊ ဘမသိဖြစ်နေတယ်။ မြန်မာ Myanmar ဆိုတာ တကမ္ဘာလုံး သန်း ၆၀၀၀ လုံး သုံးတဲ့ စကားလုံးလို့ ထင်ကြရှာတယ်။
ချစ်မိတ်ဆွေတို့.. ဘယ်နိုင်ငံတက္ကသိုယ်၊ တိုင်းပြည်များရဲ့ စာရွက်စာတန်းတွေ၊ လေယာဉ်လိုင်း၊ အာမခံ၊ ငွေကြေး၊ ဘဏ်များကို ကြည့်ပါ။ အခုအချိန်ထိ Burma လို့ပဲ သုံးနေပါသေးတယ်။
"သူတို့ တက္ကသိုလ် ပညာသင်ဆုပေးမယ်ဆိုရင် ဘယ်နိုင်ငံက ကျောင်းသားလဲမေးတဲ့အခါ မြန်မာကျောင်းသား ဆိုရင် Myanmar … is that new country? not in our document လို့ ပြောပြီး၊ လူများစု မဲဆုံးဖြက်တဲ့အချိန်မှာ မြန်မာကျောင်းသားအဖို့ မျက်နှာငယ်ရတယ်။ ကံကြောင်းမလှရင် Myanmar OR Burma ကိစ္စနဲ့ပဲ ၊ တက္ကသိုလ်ပညာသင်ဆု Reject ဖြစ်သွားနိုင်ပါတယ်။"
သန်း၆၀၀၀ ကမ္ဘာကြီးက သန်း၅၀ မြန်မာအလိုကျ သူတို့ စာရွက်စာတန်းကို အချိန်ကုန်၊ အလုပ်ရှုပ်ခံပြီး သူတို့ဘုတ်အဖွဲ့တွေမှာ တင်ပြ၊ အဆိုပြု၊ ပြောင်းလဲမှုလုပ်ရမှာလား …
ဒါမှမဟုတ် မြန်မာအစိုးရကပဲ ကမ္ဘာ့အလိုကျ ပြောင်းပေးရမလား၊
ကုလသမဂ္ဂနဲ့ အရှေ့တောင်အာရှနိုင်ငံများကတော့ မြန်မာ Myanmar လို့သုံးနေကြပါပြီး။
သမိုင်း စာအုပ်၊ သုတေသီစာအုပ်၊ တက္ကသိုလ်များများရဲ့ ရာဇ၀င်များမှာတော့ Burma လို့ပဲ ရှိနေပါတယ်။
ပြင်လို့မရတော့ပါဘူး။ Burma လို့သုံးနေတာလည်း ဟိုး … ဒုတိယမြန်မာနိုင်ငံ ပေါ်တူဂီ သံလျှင်က နတ်လျှင်နောင်၊ ငဇင်ကာ လက်ထက်ကတည်းကဆိုတာ့ နှစ်ပေါင်း ၅၀၀ ကျော်ပါပြီ။ Myanmar လို့ စတင်ခဲ့တာတော့ 23 နှစ်ပဲ ရှိပါသေးတယ်။
ပျက်အစဉ် ပြင်ခဏပါ။ မြန်မာပြည်ရဲ့ လွှတ်တော်ကိုရောက်လာသူ ၈၀ ရာနှုန်းဟာ ပညာတတ်များဖြစ်ပြီး၊ မကြာခင် သူတို့လေးများ ကမ္ဘာ့အကြောင်း နားလည်လာပါမယ်။ အဲဒီအချိန်ဟာ Burma or Myanmar ကို ဆုံးဖြက်ပေးရမဲ့ အချိန်ရောက်လာပါမယ်။
ကွန်ဂိုနဲ့ ဇိုင်ယာ အမည်ပြောင်းခြင်း
ဒါနဲ့ မြန်မာနိုင်ငံလို သယံဇာတကြွယ်ဝပြီး အာဖရိကမှာ တောင်အာဖရိကပြီးရင် ဒုတိယအချမ်းသာဆုံး ကွန်ဂိုနိုင်ငံအကြောင်းနဲ့ အဆုံးသပ်ချင်ပါတယ်။ မြန်မာပြည်ထက် နဲနဲကြီးပြီး၊ တိုင်းရင်းသားများလည်း မြန်မာပြည်လို အများကြီးရှိပါတယ်။ သယံဇာတလည်း မြန်မာပြည်လို ပေါများတယ်။ လူဦးရေလည်း မြန်မာပြည်ထက်နဲနဲများတယ်။ သန်း ၇၀ လောက်ရှိတဲ့တိုင်းပြည် …လွန်ခဲ့တဲ့ ၄၀နှစ်မှာ မူဘူတို ဆိုတဲ့ ဗိုလ်ချုပ်ကြီးက (မြန်မာပြည်က ဗိုလ်ချုပ်နေ၀င်း ကဲ့သို့) အာဏာသိမ်းပြီး နှစ် ၃၀ ကျော် အုပ်ချုပ်တယ်။
တိုင်းပြည်နာမည် ကွန်ဂိုနိုင်ငံ ကို ဇိုင်ယာနိုင်ငံ လို့ ပြောင်းပစ်ခဲ့တယ်။
သိပ်မကြာပါ၊ အာဖရိကမှာ အဆင်းရဲဆုံး နိုင်ငံဖြစ်သွားတယ်။ မြန်မာပြည်ဗိုလ်ချုပ်တွေက ကျပ် ငွေစက္ကူတွေမှာ လေးစားရမဲ့ ခေါင်းဆောင်ပုံအစား တိရစ္ဆာန်များကို ထည့်ပေမယ့် မိုဘူတိုကတော့ သူ့ရဲ့ပုံကို ငွေစက္ကူမှာ ထည့်တဲ့အထိ အာဏာရှင်ဆန်လွန်းတယ်။ နောက်ဆုံး ဒီမိုကရေစီသားများက တိုက်ပွဲများနဲ့ အနိုင်ယူပြီး၊ အာဏာရှင်မိုဘူတိုကို ဖြုတ်ချတယ်။ နောက်နှစ်မှာ မိုဘူတို သေဆုံးပါတယ်။
တိုင်းပြည်ရဲနာမည်ကိုလည်း အသစ်တက်လာတဲ့ ဒီမိုကရေစီတပ်ပေါင်းစု အစိုးရက မူလအမည် ကွန်ဂိုနိုင်ငံ လို့ ပြန်လည်ပြောင်းလိုက်ပါတယ်။ ပြည်တွင်းစစ်ကြောင့် တိုင်းပြည်ဖွတ်ဖွတ်ကျေသွားပြီး စစ်သွေးကြွတွေပဲ ဒီမိုကရေစီလုပ်ကြတော့ ထင်သလို Never back to 2nd richest of Africa … နဂို ဒုတိယအချမ်းသာဆုံး နိုင်ငံအဖြစ်ရောက်ဖို့ အဝေးကြီးလိုပါသေးတယ်။
ပြောင်းလဲလာသောမြန်မာပြည်
မြန်မာပြည်က ဒီမိုကရေစီကို ချောမွေ့စွာပြောင်းလဲသွားတော့ တနှစ်အတွင် စာရေးသူ အိပ်မက်တောင် မမက်ဖူးတာမျိုးတွေ ဖြစ်လာပါတယ်။ စီချရေးရင် အများကြီးပါ။ အမြင်တူများ တိုင်းပြည်အုပ်ချုပ်လျှင် တိုင်းပြည်နာပါတယ်။
ဥပမာ မြန်မာပြည် စစ်အာဏာအမြင်တူများ စစ်တပ်အတိုင်းအုပ်ချုပ်တာ ဒီလိုဖြစ်သွားပါတယ်။ မရေးချင်ပါ။ အမြင်မတူသူများ တိုင်းပြည်အုပ်ချုပ်လျှင် (အတိုက်အခံပါတီ အင်အားကောင်းလျှင်) တိုင်ပြည်တိုးတက်ပါတယ်။
တိုင်းပြည်အမည်ကို Burma or Myanmar အကြောင်းကို ချစ်မိတ်ဆွေများအတွက် ဗဟုသုတအဖြစ် တင်ပြလိုက်ပါတယ်။
ဗမာနိုင်ငံ နဲ့ မြန်မာလူမျိုး
Tu Maung Nyo
ဗမာနိုင်ငံ နဲ့ မြန်မာလူမျိုး
တူမောင်ညို။ ဇွန် ၃၀၊ ၂၀၁၂
မြန်မာ ဆိုတာ လူမျိုးရဲ့နာမည်
ဒေါက်တာသန်းထွန်း- မြန်မာသမိုင်းရှာတော်ပုံ စာအုပ် စာမျက်နှာ (၁၀၃- ၁၀၄) တွင် ယခုလိုဖေါ်ပြထားပါသည်။
“မြန်မာလို့ခေါ်ရင်အစပထမလူမျိုးကိုပဲခေါ်တာဖြစ်တယ်။ နောက်တစ်နေရာ တစ်နေရာတည်းမှာပဲ မြန်မာတွေအနေကြာတော့ သူတို့နေတဲ့ နေရာကိုပါ မြန်မာစု၊ မြန်မာရွာ၊ မြန်မာပြည်လို့ခေါ်တယ်၊ မွန်ကျောက်စာ (ခရစ် ၁၁၀၂ ) ထဲမှာ မြန်မာ ကို မိရ်မာ (မွန်ကျောက်စာ ၉ခ/၄၂၊ဒီ ၂၄၊ အိပ်ခ်ျ ၁၂) လို့ရေးထားတာတွေ့ရတယ်။ ထိလိုင်မင် (၁၀၈၄ – ၁၁၁၃) လက်ထက် နန်းသစ် ဆောက်တဲ့ အခါ မွန်၊ ပျူနဲ့ မိရ်မာ လက်သမားတွေပါတယ်လို့ ဆိုပါတယ်။ အဲဒါ မြန်မာနိုင်ငံရဲ့ကျောက်စာတွေထဲမှာ အစောဆုံးတွေ့ရတဲ့ မြန်မာ အကြောင်းပဲဖြစ်ပါတယ်”
“မြမ္မာ” လို့ရေးတာလည်းတွေ့ရတယ်လို့ဆိုပါတယ်။
ဒီတော့ “မြန်မာ” ဆိုတာ မြန်မာလူမျိုးရဲ့မူလနာမည်ပဲ။ တိုင်းပြည်နာမည် မဟုတ်ပါ။
ဗမာနိုင်ငံ၊မြန်မာလူမျိုး
တို့ဗမာအစည်းအရုံးသမိုင်း (ပထမတွဲ)၊ အခန်း ၇၊ စာမျက်နှာ (၂၁၃-၂၁၇)တွင် ယခုကဲ့သို့ဖေါ်ပြထားပါသည်။
တို့ဗမာ အစည်းအရုံးသည် မူလတည်ထောင်စဉ်မှစ၍ သမိုင်းတလျှောက်လုံး လူမျိုးစုအားလုံး၏ ညီညွတ်ရေးကို အလေး ပေးခဲ့ကြောင်း၊ “တို့” ဟူသောစကား၊ “ဗမာ”ဟူသောစကား၊ “ဗမာနိုင်ငံ၊ ဗမာပြည်” ဟူသော စကားတို့ကို တီထွင်၍ တိုင်းရင်းသား စစ်စစ် ဟူသော အမည်နာမ တပ်ဆင်ခဲ့ဖြင့် သိသာထင်ရှားပေသည်။
သခင်များက မြန်မာနိုင်ငံ၊ မြန်မာပြည် ဆိုသော စကားမှာ မြန်မာလူမျိုးနေထိုင်သောမြန်မာနိုင်ငံဟု အဓိပ္ပါယ်ရောက်သည်။
မြန်မာနိုင်ငံဆိုသည်မှာ မြန်မာပဒေသရာဇ်များက ပေးသောနာမည်ဖြစ်သည်။ မမှန်ကန်။ ဗမာနိုင်ငံသည် မြန်မာလူမျိုး တမျိုးတည်းနေထိုင်သော နိုင်ငံမဟုတ်။ ကချင်၊ ကရင်၊ ကယား၊ ချင်း၊ တောင်သူ၊ ပအိုး၊ ပလောင်၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း စသော တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်သော နိုင်ငံဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံကို မြန်မာပြည်ဟုမသုံး၊ ဗမာနိုင်ငံ ဗမာပြည် ဟုသုံး သည်။ သို့မှသာ ညီညွတ်မှန်ကန်မည်။ ဗမာနိုင်ငံတွင်နေထိုင်ကြသော တိုင်းရင်းသားအားလုံးကို ဗမာဟုခေါ်သည်။
မွန်လူငယ် မွန်သင်းလှိုင်၊ မွန်သန်း၊ မွန်ထွန်းဦးစသည်တို့သည် သခင်သင်းလှိုင်၊ သခင်သန်း၊ သခင်ထွန်းဦး
ထားဝယ်လူငယ် ကိုဗသိန်းတင်၊ကိုစံဝင်း၊ ကိုဗဆွေ စသူတို့သည် သခင်ဗသိန်းတင်၊ သခင်စံဝင်း၊ သခင်ဗဆွေ
ရခိုင်လူငယ် ကိုအောင်ကြီး၊ ကိုစန်ရွှေ၊ ကိုဗတင် စသူတို့သည် သခင်အောင်ကြီး၊ သခင်စန်ရွှေ၊ သခင်ဗတင်
ရှမ်းလူငယ် ကိုခွန်တီး၊ ကိုခင်မောင်၊ ကိုငွေ ကိုသစ် စသူတို့သည် သခင်ခွန်တီး၊ သခင်ခင်မောင် (ကမာရွတ်)၊ သခင်ငွေ (ဗိုလ်စောအောင်)၊ သခင်သစ် (ဗိုလ်စောနောင်)
ချင်းလူငယ် ကိုဝမ်းသူမောင်၊ ကိုအောင်မင်း စသူတို့သည် သခင်ဝမ်းသူမောင်၊ သခင်အောင်မင်း
ပအိုးလူငယ် ကိုသိမ်းမောင်၊ ကိုဗရွှေ စသူတို့သည် သခင်သိန်းမောင်၊ သခင်ဗရွှေ
ကရင်လူငယ် ကိုဘိုးကွယ်(မြောင်းမြ) ၊ ကိုစိုန်ရွှေ(မြောင်းမြ) တို့သည် သခင်ဘိုးကွယ်၊ သခင်စိန်ရွှေ ဟူ၍ သခင်အမည်ခံ ယူ ခဲ့ကြသည်။
ထို့အတူ မစ္စတာနာရရန်ဆင်၊ နာရီဒူး၊ ဆင်းဂုပ္ပတား၊ ဘဲလျား၊ အပ္ပနား စသော အိန္ဒိယအမျိုးသားများသည် သခင်နာရရန်ဆင်၊ သခင်နာရီဒူး၊ သခင်ဆင်းဂုပ္ပတား၊ သခင်ဘဲလျား၊ သခင်အပ္ပနား
ကိုတိတ်ဂွမ် (ရန်ကုန်)၊ ကိုဇေယျခေါ် အင်ပီး (မြောင်းမြ)၊ စူးတူး (ခေါ်) ကံဆင့်(မြောင်းမြ)၊ ချိန်တိတ်(ညောင်ဦး)၊ ဂင်စိန်(မြိတ်) စသော တရုတ်အမျိုးသားများသည် သခင်တိတ်ဂွမ်၊ သခင်ဇေယျ၊ သခင်ကံဆင့်၊ သခင်ချန်တိတ်၊ သခင်ဂင်စိတ် စသဖြင့် သခင်ဘွဲ့ခံယူပြီး တို့ဗမာအစည်းအရုံးတွင်ဝင်ရောက်ကာ တိုက်ပွဲအမျိုးမျိုးကို ဆင်နွှဲခဲ့ကြသည်။
ထို့ကြောင့်ပင် တို့ဗမာသီချင်းတွင်
“ တို့ဗမာ— ၊ ဟေ့— တို့ဗမာ၊ ဗမာပြေတဝှမ်းအကုန် တို့အိမ်မှတ်ပါ၊ တို့ယာမှတ်ပါ၊ အဲဒါ တို့ဗမာ”ဟု ထည့်သွင်းသီဆိုခဲ့ကြသည်။ ထို့အတူ မူလနိုင်ငံတော် သီချင်းတွင်လည်း “ဗမာပြေ”ဟုသာ ထည့်သွင်းရေးသားသီဆိုခဲ့ကြသည်။
နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးမှာ ပါဝင်ခဲ့ကြသည့်ပါတီအဖွဲ့အစည်းများ၏ အမည်များကိုလည်း ဤသို့ ရေးသား ဖေါ်ပြခဲ့ကြပါသည်။
- ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ (ဗကသ)
- ဗမာ့ထွက်ရပ်ဂိုဏ်း
- ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)
- ဗမာ့လက်ရုံးတပ်
- ဗမာ့လွတ်လပ်ရေးတပ်မတော်
- ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားအစည်းအရုံး — သဖြင့်ဖြစ်သည်။
တို့ဗမာအစည်းအရုံးဝင် တိုင်းရင်းသားလူငယ်များကလည်း ၄င်းတို့အမည်ကို ဤသို့ပြောင်းလဲခဲ့ကြသည်။
သမိုင်းကိုပြင်တာမဟုတ်၊ ဖျက်ဆီးနေတာ
ယင်းသို့ သမိုင်းအချက်အလက်များ တိတိကျကျ၊ ထင်ထင်ရှားရှားရှိခဲ့ပါလျက် (နဝတ-နအဖ) စစ်အစိုးရလက်ထက်တွင် ယင်းကဲ့သို့သော သမိုင်းအချက်အလက်မှန်များကို ပြောင်းပြန်ဇောက်ထိုး ဖြစ်အောင်လုပ်ခဲ့ကြသည်။ ထင်သလိုပြင်ဆင်ခဲ့ကြသည်။ တကယ်တော့သမိုင်းကို သမိုင်းအချက်အလက်တွေကို ဖျောက်ဖျက်နေခြင်း၊ ဖျက်ဆီးနေခြင်းသာဖြစ်သည်။
မည်သည့်လူမျိုးပင်ဖြစ်ပါစေ အခြားလူမျိုး၏ ဘာသာစကားနှင့်အသံထွက်ကို အတိအကျပြောဆို အသံထွက်နိုင်လိမ့်မည် မဟုတ်၊ အနီးစပ်ဆုံးသာ ပြောဆိုအသံထွက်နိုင်ပါလိမ့်မည်။
“အသံထွက်မပီကလာပီကလာဖြင့်” မြန်မာကို (Burma/ဘားမား) လို့အသံထွက်တာ၊ (Burma)လို့ သုံးတာဟာ “လူမျိုးရေး သွေးကွဲစေရန်” အစီအမံရှိတာဖြစ်တယ်ဟု ဆိုသော ပြောဆိုရေးသားမှုများဟာ ဆီလျော်မှုမရှိတဲ့ ဇင်နိုဖိုဘီးယား (Xenophobia) အကြောင်းပြချက်များသာဖြစ်ပါသည်။
မြန်မာဆိုတာ လူမျိုးရဲ့နာမည်သာ ဖြစ်တယ်ဆိုတာ ကျောက်စာအထောက်အထားနဲ့ အခြားအိမ်နီးချင်းခေတ်ပြိုင် အထောက် အထားတွေမှာ (Mien-tien) (မီရန်တင့် ) အထင်အရှားတွေ့မြင်နေရပါလျက် မြန်မာ ဆိုသည်မှာ တိုင်းရင်းသားအားလုံးကိုကိုယ်စားပြုပြီး ဗမာ ဆိုသည်မှာ လူမျိုးတစ်မျိုး၏အမည်လို့ ပြောင်းလဲလိုက်ခြင်း/ ပြောင်းလဲလိုခြင်း ကသာလျှင် သမိုင်းကို ပြောင်းပြန်ဇောက်ထိုးပြုလုပ် ခြင်းဖြစ်ပါသည်။ မိမိတိုင်းပြည်သမိုင်းနှင့် လူမျိုးသမိုင်းကို ဖျက်ဆီးပစ်ခြင်းဖြစ်ပါသည်။
(နဝတ)စစ်အစိုးရက (၁၈ – ၆- ၁၉၈၉) နေ့တွင် နိုင်ငံတော်သီချင်းတွင်ပါဝင်သည့် “ဗမာ” ဆိုသည့် စကားရပ်ကို “မြန်မာ” ဆိုသည့်စကားရပ်ဖြင့် ပြောင်းပြန်ဖြစ်အောင်ပြောင်းခဲ့သည်။ (နဝတ) စစ်အစိုးရဥပဒေအမှတ် (၁၆/၈၉) ဖြင့် (Burma) ကို (Myanmar) ဟု တစ်ဖက်သတ်ထင်သလို ပြောင်းလဲခေါ်ဝေါ်စေခဲ့ကြခြင်းသာဖြစ်သည်။
တို့ဗမာအစည်းအရုံးသမိုင်းတွင်ဖေါ်ပြသကဲ့သို့ မြန်မာနိုင်ငံဆိုသည်မှာ မြန်မာပဒေသရာဇ်များက ပေးသောနာမည်ဖြစ်သည်။
ထိုပဒေသရာဇ်များသည်သူတလူငါတမင်းဖြင့် အဖကိုသားသတ်၊ ညီကအကိုကိုသတ် စသဖြင့် သွေးခင်း၍နန်းလုခဲ့ကြသည်။
နောက်ဆုံးတွင် ပဒေသရာဇ်ဘုရင်ကို ကိုလိုနီနယ်ချဲ့သမားက ရာဇပလ္လင်ပေါ်ကဆွဲချပစ်ခဲ့သည်။ ကြက်ကလေးငှက်ကလေး သဖွယ် ပါတော်မူသွားကြရသည်။ ထိုပဒေသရာဇ်များ၊ ထိုပဒေသရာဇ် သက်ဦးဆံပိုင်စနစ်၏ အစဉ်အလာများကို အဘယ့်ကြောင့်ဖက်တွယ် လွမ်းဆွတ် တသနေကြမည်နည်း။ ကိုးကွယ်နေကြမည်နည်း။
တန်ဖိုးထားကြမည်ဆိုလျှင် ကိုလိုနီနယ်ချဲ့သမားများကို ဆန့်ကျင်ခဲ့ကြသည့် သမိုင်းနှင့် ယင်းသို့တောက်ပြောင်သော သမိုင်း အစဉ်အလာများကိုသာ တန်ဖိုးထားကြရမည်မဟုတ်ပါလော။
အုပ်စိုးသူအစိုးရအဆက်ဆက်သည် နယ်ချဲ့ဆန်ကျင့်ရေး၊ ဖက်ဆစ်တော်လှန်ရေးသမိုင်းနှင့် သမိုင်းဝင်အဖွဲ့အစည်းများ၊ ရဟန်း ရှင်လူပုဂ္ဂိုလ်များ၊ သမိုင်းအချက် အလက်များ၊ အထိမ်းအမှတ်များကိုတော့ ကွယ်ပျောက်၊ ပျက်ပျယ်၊ မှုံဝါးသွားစေရန် စနစ်တကျ စီမံ လုပ်ဆောင်ခဲ့ကြသည်။ လုပ်ဆောင်နေဆဲလည်း ဖြစ်သည်။
(နဝတ-နအဖ) စစ်အစိုးရနှင့် လက်ရှိအစိုးရသည် သက်ဦးဆံပိုင်ပဒေသရာဇ် အစဉ်အလာများကိုသာ ဖက်တွယ်ထားလိုကြသည်။ သူတို့သည် သူတို့မမြင်ဖူးခဲ့သော (အနော်ရထာ၊ဘုရင့်နောင်၊ အလောင်းဘုရား) ဘုရင်များကို အရုပ်ထု၍ ကိုးကွယ်နေကြသည်။ ဂုဏ်ယူ နေကြသည်။
ဗြိတိသျှကိုလိုနီနယ်ချဲ့ကို ရဲရဲဝံ့ဝံ့တွန်းလှန်ခဲ့သော “စစ်သူကြီးမဟာဗန္ဓုလ”ကို နေပြည်တော်မှာ အရုပ်ထုပြီး ဘာကြောင့် မကိုး ကွယ်ရတာလဲ။
ဗိုလ်ချုပ်အောင်ဆန်းသည် ဗြိတိသျှကိုလိုနီနယ်ချဲ့သမားကို ဆန်ကျင့်ခဲ့သူ၊ ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့သူ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး(ပင်လုံစာချုပ်) တည်ဆောက်ခဲ့သူဖြစ်ပါသည်။
ဗိုလ်ချုပ်၏ ယင်းသို့ တောက်ပြောင်ခမ်းနားသော နယ်ချဲ့ဆန်ကျင့်ရေးဖက်ဆစ်တော်လှန်ရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး သမိုင်းအစဉ်အလာအမွေကို မျိုးဆက်သစ်လူငယ်များ ဆက်ခံရမည်မဟုတ်ပါလား။
ယခုတော့ သမိုင်း နှင့် မျိုးဆက်သစ်လူငယ်များကို အဆက်ဖြတ်ပစ်နေကြသည်။ အဆက်ပြတ်အောင်လုပ်နေကြသည်။
လွတ်လပ်ရေးဗိသုကာကြီး၊ တပ်မတော်ဖခင်ကြီးဟု လက်ရှိအစိုးရ “ပါးစပ်”က ပြောနေသော်လည်း နေပြည်တော်တွင် ဗိုလ်ချုပ် အောင်ဆန်းရုပ်ထု မရှိပါ။ ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံထည့်သွင်းရိုက်နှိပ်ခြင်းမရှိပါ။
ဒါကြောင့် (နဝတ-နအဖ) စစ်အစိုးရအုပ်စိုးခဲ့တဲ့ကာလ (၁၉၈၈ – ၂၀၁၁) ကို ဗိုလ်ချုပ်အောင်ဆန်းသမိုင်း သေးသိမ် မှေးမှိန် အောင်လုပ်ခဲ့တဲ့ကာလလို့ ပြောမယ်ဆိုရင် အပြောလွန်ရာကြမည်မထင်ပါ။
ထို့အပြင် လက်ရှိ ဦးသိန်းစိန်အစိုးရကလည်း Burma ပါလျှင် “ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ)” တရား ဝင်ဖွဲ့စည်းခွင့်ကို လက်မခံသလို၊ (ဗကသ) လှုပ်ရှားမှုကိုလည်း ဟန့်တား၊ ပိတ်ပင်၊ ခြိမ်းချောက်နေပါသည်။
နိဂုံးချုပ်ရလျှင်
ကျောက်စာအထောက်အထား၊ အိမ်နီးချင်းနိုင်ငံ၏ခေတ်ပြိုင်မှတ်တမ်းများအရ လူမျိုးကို “မြန်မာ”(Myanmar) ဟု ခေါ်ဝေါ်ခြင်း ကသာ မှန်ကန်ပါမည်။
ထိုနည်းတူပင် နိုင်ငံကိုလည်း သမိုင်းအစဉ်အလာကြီးမားသော တို့ဗမာအစည်းအရုံးကြီးက စနစ်တကျ တီထွင် ပေးအပ်ခဲ့ သော၊ ကျွန်သဘောက်ဘဝကို ရွံမုန်းပြီး၊ သခင်တိုင်းပြည် သခင်လူမျိုးများ ဘဝရောက်ရှိလာအောင် (သခင်မျိးဟေ့ ဒို့ဗမာ) ရဲတင်းသံ ပေးခဲ့သော၊ တိုင်းရင်းသား ပေါင်းစုံကို ကိုယ်စားပြုသော “ဗမာနိုင်ငံ” (Burma)ဆိုသည့် အမည်ကို တိတိကျကျ ခေါ်ဝေါ်သုံးစွဲခြင်းကသာ လျှင် မှန်ကန် ဆီလျော် ကိုက်ညီပါလိမ့်မည်။
မြန်မာလူမျိုး၊ ဗမာနိုင်ငံလို့ခေါ်ကြစို့။
(၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၃ ရက်)
ကိုးကား
- တို့ဗမာအစည်းအရုံးသမိုင်း (ပထမတွဲ) ပထမအကြိမ်ပုံနှိပ်ခြင်း၊ ၁၉၇၆
- ဒေါက်တာသန်းထွန်း- မြန်မာသမိုင်းရှာတော်ပုံ ပထမအကြိမ်၊ ၂၀၀၃၊ အောက်တိုဘာ၊ ဒေါင်းစာပေ
Ref:moemaka
Tuesday, July 10, 2012
Work Living Studying in Singapore!
SINGAPORE: A new study has shown that even if Singapore increases the proportion of foreigners in its midst, the population will still get older and the labour growth rate will still fall.
Immigration inevitable for Singapore - 03May2012
After completion of studies in Singapore, student can apply for a job search visa for Singapore which is given for 6 months. During this period students are eligible to work full-time in any field until he/she gets a proper job offer.
After getting a job offer, he/she would have to apply for e-pass (Employment Pass) which would give the applicant eligibility to work full-time in any field.
You would be eligible to apply for Singapore Permanent Residence once you start earning at least SGD 3,000 per month. Processing time for PR is only 73 days.
See Link: Thinkong of Apply for Singapor PR?
See Link: Did you Knowး 70% Risk their PR Application Being Rejected!
Singapore Ggains from inflow of froeigners
Uploaded by NewsSingapore on Aug 30, 2010
Prime Minister Lee Hsien Loong has said welcoming foreign talent and new immigrants benefits Singaporeans. But the government understands Singaporeans' concerns over the negative impact of immigration and will introduce even more policies to ensure that citizens always come first. Prime Minister Lee said this in his National Day Rally speech at the University Cultural Centre on Sunday evening. First published Aug 29 2010. Copyright © 2010 MediaCorp Pte Ltd. All Rights Reserved.
Moore than see Link: Work Living Studying in Singapore!
Population: projected total population target 6.5 million by 2030
Total population: (source: SDOS & ICA)
1970: 2.07 million (2.01m SC/SPR & 61,000 foreigners)
1980: 2.41 million (2.28m SC/SPR & 131,000 foreigners)
1990: 3.05 million (2.74m SC/SPR & 311,000 foreigners)
2000: 4.03 million (3.27m SC/SPR & 745,500 foreigners)
2006: 4.48 million (3.60m SC/SPR & 875,000 foreigners)
2007: 4.5886 million (3.1338 SC / 0.4492 SPR & 1.0055 foreigners)
2008: 4.8394 million (3.1644 SC / 0.4782 SPR & 1.1967 foreigners)
2010: 5.08 million as at 31/06/10 (3.2m SC / 0 .540m SPR & 1.31m foreigners (Advanced Census release)
Singapore citizens and permanent residents
Citizenships & SPRs Granted to foreigners by ICA (source: ST )
Year Citizenships SPRs
2002 7,600 39,500
2003 6,800 32,000
2004 7,600 36,900
2005 12,900 52,300
2006 13,200 57,300
2007 17,334 63,627
2008 20,513 79,167
2009 19,900 59,500
Apr 09 - Mar 10 19,300 46,300
LTSVP applications LTSVP Approved
Mar 2009 - Mar 2010 total 70,300 Applications 56,300 Approved
SC Spouse applications SC Spouse Approved
Annual Average 2005 -2009 15,400 LTSVP 13,200 LTSVP
Annual Average 2005 -2009 9,900 SPR 5,400 SPR
132,000 SPR applications were received by ICA in 2009. 115,000 were processed and 59,500 were successful.
Many of the PRs were family members of new SPRs as well as dependents of Singapore Citizens. The selection process
is stringent. Most new PRs were the Professionals, Technical Personnel and Skilled Workers under the Employment Pass.
It assesses their tertiary and professional qualifications. One criterion used is whether they can integrate well into Singapaore society.
The Straits Times reported on 20th July 2010 that the total population of Non Resident Singaporeans (PRs + foreigners)
is about 1.79 million. The 2009 Ethnic composition (%) of resident population: Chinese 74.2%; Malays 13.4%; Indians 9.2%
& Others 3.2%. Of the 74.2 Chinese a recent S.T. report estimated the Dialectic grouping as 41% Hokkien; 21% Teochew;
15% Cantonese; 8% Hakka; about 200,00 Hainanese and around 50,000 FooChow
Ref:filmo
...............................................................
Singapore Permanent Residence Schemes
Thousands of people have become Singapore permanent residents every year but not all go through the same application process. Permanent Residence (PR) application can be applied for the whole family i.e. the applicant himself plus the spouse and unmarried children under 21. The lure of gaining Singapore permanent residence through a variety of schemes has convinced thousands of foreigners of diverse backgrounds to set up home in the island-state, one of Asia’s most stable and developed countries and a key financial hub. It’s estimated that an average of 36,000 foreigners received permanent residence annually over the past decade.The number of PRs in Singapore as of June 2009 is estimated to be about 553,000 from a population of about 4.9 million people, and the numbers are increasing.
Although, most foreigners become Singapore permanent residents after working in the country for 6 months to 5 years, there are other paths leading you to Singapore PR status. This guide provides an overview of the different types of permanent residence schemes available in Singapore so you can decide on the one that best suits your needs and circumstances. As a permanent resident of Singapore, you will enjoy most of the benefits and rights afforded to citizens. The range of benefits include the right to live in the country without visa restrictions, higher priority public schooling for your children, more freedom to buy property and participation in the retirement fund scheme. etc. At the same time, you are required to make certain commitments, such as sending your sons to compulsory two-year military service once they reach 18. For more details, see Singapore PR Benefits and Obligations.
Singapore PR Scheme for Individuals Working in Singapore
Known as Professionals/Technical Personnel & Skilled Worker scheme (or simply PTS scheme), this scheme is for foreign professionals who are working in Singapore at the time of applying for Singapore permanent residence. The PTS scheme is the easiest and most assured route to Singapore PR. It’s estimated that more than 95% of the people obtain their Singapore Permanent Residence through PTS scheme.
The key requirement under this scheme is that you must be working in Singapore at the time of application. This means you must first relocate to Singapore on a work visa of type Employment Pass or Entrepreneur Pass.
You must show a minimum of six months’ worth of salary pay slips, hence you must have stayed and worked in the country for at least that amount of time before applying. For detailed information about this scheme along with step-by-step filing procedure, see Applying for Singapore PR under PTS Scheme.
Singapore PR Scheme for Capital Investors
You can also invest your way to Singapore permanent residence through Investor Scheme (also known as Million Dollar Scheme). Under this scheme, you may apply for PR for yourself and immediate family by starting a business or investing in Singapore.
At present, under the Investor Scheme, you can choose either of the following investment options:
Option A: Invest at least S$2.5 million in a new business startup or expansion of an existing business operation.
Option B: Invest at least S$2.5 million in a GIP-approved fund.
Apart from funds to invest, you must also have a good business track record, an entrepreneurial background and a business proposal or investment plan. For more information, see Singapore Permanent Residence for Investors.
Singapore PR Scheme for Foreign Artistic Talent
Singapore is keen to promote itself as an arts hub. If you have a talent for arts, photography, dance, music, theatre, literature and film, you can apply for Singapore permanent residence through Foreign Artistics Talent scheme. To qualify for this scheme, you must be a well recognized artist in your own country, preferably with an international reputation.
Singapore Landed Permanent Residence (LPR) Scheme
The LPR Scheme is open to individuals who have either top notch education or professional background. As a rule of thumb, you must be in the top 1% of your competitive landscape on a global basis. To give you an idea, a graduate degree or a PhD from Stanford University would be considered top notch education. Once approved, you must relocate to Singapore within one year and find employment to fully secure your Singapore Permanent Residence status.
In Summary
The Government of Singapore welcomes the arrival of professionals and other foreigners who are able to make a positive contribution to the country’s development and economy. There are various permanent residence schemes in place to help you obtain Singapore permanent residence through the means that is most relevant to your situation.
Ref:guidemesingapore
အွန်လိုင်း ကွန်ပျူတာဒီပလိုမာ Diploma in Science D.sc(Computer Science) နှင့် မဟာဘွဲ့လွန် Master of Science M.Sc(Computer Science)
  • နိုင်ငံခြားရောက်နေပြီး အဝေးရောက် မြန်မာ့ကွန်ပျူတာဒီပလိုမာ Diploma in Science D.sc(Computer Science) နှင့် မဟာဘွဲ့လွန် Master of Science M.Sc(Computer Science)တွေကိုသင်ယူလို့ရပါပြီ!
  • မြန်မာ့ကွန်ပျူတာတက္ကသိုလ်သိပ္ပံကဖွင့်လစ်ထားတဲ့ အင်တာနက်ရှိတဲ့ ဘယ်နေရာမဆို လေ့လာ သင်ယူလို့ရတဲ့ ၀က်ဘေ့သင်တန်းလေးတခုပါဘဲ! အထူးသဖြင့် နိုင်ငံခြားရောက်ပြီး ဈေးသက်သက် တာတာနှင့် လေ့လာလို့ရတဲ့သင်တန်းတခုပါဘဲ၊ သင်တန်းကြေးက ကျပ် ၁သိန်း၂သောင်း(S$200)ထဲပါ၊ ဘယ်နေရာမှာဒီဈေးနှုံးနှင့် မရပါဘူး! နိုင်ငံတကာလက်မှတ်ဖြစ်သော CCNA,CCNP, ITIL,CompTIA,MCSE,MCITP,MCSA,MCTS,MCSM,MCM သင်တန်းတွေက ဈေးကြီးတယ်လေ!
  • အဲ!ကွန်ပျူတာနှင့်ပတ်သက်ပြီးဘာလက်မှတ်မရှိသေးရင် ဒီသင်တန်းက အကောင်းလို့ထင်ပါတယ်၊ မြန်မာပြည်မှာဘာနေမှ သိပ်ပြီးအသုံးဝင်ကျမှာမဟုတ်ပေမဲ့ နိုင်ငံခြားထွက်ရင် ဘာချက်လာဘွဲ့ဆိုတဲ့ degree ဆိုတာက လူတယောက်ရဲ့အရေအချင်းနှင့်ဆိုင်တယ်လေ၊ အလုပ်မှာ အတွေ့ကြုံဘယ်လောက်ရှိရှိ အရာရှိနေရာအတွက် အရမ်းကိုလိုအပ်တဲ့ လက်မှတ်တွေပါ၊ (ဘာလိုဒီလိုပြောရလဲဆိုတော့ မြန်မာပြည်မှာ အထင်မှားနေတဲ့ နိုင်ငံခြားမှာကျောင်းတက်ရင် ကောင်းမယ်လို့ထင်နေကျတာဘဲ! အလုပ်ရှာရတာလွယ်တာနှင့် PR ဆိုတဲ့ Permanet Residence ရတာဘဲ(အခုတော့ ကျောင်းပြီးတာနှင့် PR မပေးတော့ပါဘူး)၊  နိုင်ငံခြားတက္ကသိုလ်ရောက်ဖို့ဆိုတာက ခလေးတွေ စာတော်ပြီး အစိုးရကျောင်းကောင်းတွေမှာဝင်ဖို့ဆိုတာကလဲခက်တယ်လေ၊ ငွေကြေးတတ်နိုင်တဲ့ Inrenational School ဆိုတဲ့နိုင်ငံတကာကျောင်းကောင်း တွေနှင့်  ထားနိုင်တဲ့ မိဘတွေကတော့ ကိစ္စမရှိပေမဲ့ စာမတော်တဲ့ခလေးတွေအတွက်တော့ Polytechnic ဆိုတဲ့  Diploma  အဆင့် နှင့် Institute in Technical Education(ITE College) အဆင့် နှင့်ဘဲ ခလေးတွေရဲ့အရည်အချင်းတွေကို အောက်ကိုချလိုက်တာဘဲ အဖတ်တင်ပါလိမ့်မယ်၊ မြန်မာပြည်မှာဘွဲ့ဆိုတဲ့ GCE O level နှင့် Degree ရဘို့လွယ်နေလို့ပါဘဲ! အဲ! နိုင်ငံခြားဘာသာစကားကောင်းကောင်းပြောနိုင်ဖို့တော့ လိုတယ်နော်!)
  • ဒါပေမဲ့ အစဆုံးကိုယ်တိုင်လေ့လာသင်ကြားမှရမှာမို့ အသေချာရှင်းပြပေးမဲ့အနီးကပ်ဆရာမရှိတော့ သင်ကြားရတဲ့ အပိုင်းမှာ နဲနဲတော့ခက်ပါလိမ့်မယ်၊ အီးမေးနှင့်ဘဲ အမေးအဖြေလုပ်လို့ရအ့တယ်၊ဒါကလဲ နိုင်ငံခြားရောက်ရင် ဒီလိုဘဲလေ့လာပြီး ဘလော့ဂျက်(Project)တွေလုပ်ရဖို့အစပျိုး ပေးတာထင်တာဘဲလို့! တော်တော်လေ့လာပြီးသင်ယူရပါလိမ့်မယ်! ဟဲဟဲ!!!........
    စိတ်ဝင်စားရင်အသေးစိတ်ကို-
    • ရန်ကုန်ကွန်ပျူတာသိပ္ပံပညာဌာန၊ရန်ကုန်မြို့၊
    • Phone:951536635
    • Website:www.wbts.com/dcs/ မှာစုံစမ်းလို့ရပါတယ်၊
    လိုအပ်ချက်ကတော့-
    • တက္ကသိုလ်ဘွဲ့တခုရပြီးသူမည်သူမဆို တက်ရောက်နိုင်ပါတယ်၊
    • သင်တန်းကာလ တနှစ်၊Module ၈ ခုသင်ယူရမည်၊
    • www.wbts.com.mm/dcs ၀က်ဆိုဒ်မှ တဆင့်ကျောင်းဝင်ခွင့် လျှောက်ထားနိုင်ပါတယ်၊
    • ဘွဲ့လွန်ကွန်ပျူတာသိပ္ပံဒီပလိုမာ
    • အင်တာနက် internet connecton ရှိတဲ့ မည်သည့်နေရမဆိုသင်ယူလေ့လာနိုင်ပြီး မိမိအားလပ်တဲ့အချိန်တွေမှာ သင်ယူနိုင်ပါတယ်၊
    • လျှောက်လွှာတင်ခြင်း Application From မှစတင်၍ စာမေးပွဲဖြေဆိုခြင်းထိ Paperless သင်ယူလို့ရပါတယ်၊
    • အသံ၊ရုပ်ပုံ၊စာသားများကို Mutimedia စနစ်ဖြင့် ရှင်းလင်းသင်ယူနိုင်ပြီး အချိန်မရွှေးနေရာမရွှေး မေးမြန်း ဆွေးနွေးနိုင်ခြင်း တို့ပါရှိပါတယ်၊
    • အိမ်စာတင်ခြင်း Assignment နှင့် အစမ်းစာမေးပွဲဖြေဆိုခြင်း Pre Examination တွေပြုလုပ်နိုင်ပါတယ်၊
     စတင်ဖွင့်လှစ်ခြင်း-
    ပညာရေးဝန်ကြီးဌာန ရန်ကုန်တက္ကသိုလ် လူစွမ်းအားဖွံဖြိုးမှုဌာန၏အစီစဉ်ဖြင့် ရန်ကုန်တက္ကသိုလ် ကွန်ပျူတာ ပညာရေးဌာနတွင် ဘွဲ့လွန်ဒီပလိုမာ Diploma in Computer Science ကို  Web Base Techinh System ကို ၂၀၀၅ ဇွန် မှာစတင်ခဲ့ခြင်းဖြစ်ပါတယ်၊
          သင်ကြားပေးတဲ့ဘာသာတွေကတော့-
          • COMP 511- ComputerSystem and Computer Programming
          • COMP 512- Information System I
          • COMP 513- Computer Mathetics Anf Models I
          • COMP 514- Computer Applation I
          • COMP 521- ComputerSystem and Computer Programming II
          • COMP 522- Information System II
          • COMP 523- Computer Mathetics Anf Models II
          • COMP 524- Computer Applation II
          ကဲ! သူငယ်ချင်းများထဲက ကွန်ပျူတာနှင့်ပတ်သက်တဲ့ လက်မှတ်တွေမရှိသေးရင်  ဒီသင်တန်းကသင်ကို အထောက်ကူပြုပါလိမ့်မယ်၊ အဲ! ဆက်လက်ပြီး Master ဆိုတဲ့ M.Sc(Computer Science) ကိုလဲဆက်လက်သင်ယူနိုင်ပါတယ်.....
          Web-Based Teaching System for
          M.Sc. (Computer Science)
          COURSE CATALOG
          COMP 611 - Computer System I
          COMP 612 - Software Engineering I
          COMP 613 - Computational Mathematics I
          COMP 614 - Database Management System I
          COMP 621 - Computer System II
          COMP 622 - Software Engineering II
          COMP 623 - Computational Mathematics II
          COMP 624 - Database Management System II
          COMP 631 - Computer System III
          COMP 632 - Software Engineering III
          COMP 633 - Network Technology I
          COMP 634 - Database Management System III
          COMP 641 - Computer System IV
          COMP 642 - Software Engineering IV
          COMP 643 - Network Technologies I
          COMP 644 - Database Management System IV
          အသေးစိတ်ကို-
          TEL:951536635
          EMAIL:wbts@myanmar.com.mm မှာစုံစမ်းလို့ရပါတယ်!!!
          Credit@ Ko Nge
          Monday, July 9, 2012
          ကမ္ဘာ တစ်ဝန်းမှ ဆေးပညာ တွေ့ရှိချက် အသစ်များ
          09 Jul 2012 | By Good Health
          ရှာဖွေတွေ့ရှိချက်ဂျပန်နိုင်ငံ၏ တွေ့ ရှိချက်
          ခံတွင်းနံ့နံခြင်း၏ အသုံးဝင်မှု
          သွားမြစ် ထုတ်ကုသနေစဉ် ဖယ်ရှား လိုက်တဲ့ သွားအတွင်းရှိ တစ်သျှူးပျော့ (Dental pulp) မှာ အရင်က ထင်ထား တာထက် ပင်မဆဲလ် ၈၀ဆ ပိုများတယ် လို့ နီပွန်သွားဘက်ဆိုင်ရာတက္ကသိုလ်လေ့ လာသူတွေက တွေ့ရှိခဲ့ပါတယ်။ ခံတွင်း နံ့နံတာကြောင့် ကြက်ဥပုပ်နံ့ဖြစ်စေတဲ့ ဟိုက်ဒရိုဂျင်ဆာလဖိုက်ဟာ အသည်းပင် မဆဲလ်တွေဖြစ်ဖို့ ပံ့ပိုးပေးပါတယ်။ ဒါ ကြောင့် နုတ်ထားတဲ့ အံဆုံးသွား ဒါမှ မဟုတ် ကလေးသွားတွေဟာ အသည်း ကျွတ်တာနဲ့ အသည်းရောင်အသားဝါစီ ပိုးကြောင့် အသည်းထိခိုက်မှု အနာကျက် အောင် အကူအညီပေးနိုင်လိမ့်မယ်လို့ သိပ္ပံ ပညာရှင်တွေက ယုံကြည်ထားပါတယ်။
          အမေရိကန်ပြည်ထောင်စု ၏ တွေ့ရှိချက်
          ကင်ဆာရှာဖွေမည့် နည်းပညာ
          လွန်ခဲ့တဲ့နှစ်က ဝက်ဆန်ကွန်ပျူတာ ဟာ Sloan-Kettering ကင်ဆာ စင် တာနဲ့ ပူးပေါင်းပြီး ကင်ဆာရောဂါရှာ ဖွေဖို့နဲ့ ကုသဖို့အတွက် အလုပ်လုပ်ခဲ့ပါ တယ်။ ဝက်ဆန်ကွန်ပျူတာဟာ လူနာ တွေရဲ့ ရောဂါတွေနဲ့ ပတ်သက်ပြီး သင် ခန်းစာတွေနဲ့ သတင်းအချက်အလက် တွေကို လေ့လာခဲ့ပါတယ်။ ကွန်ပျူတာ က လေ့လာပြီးတဲ့အခါ ဆရာဝန်တွေက မေးခွန်းတွေ ထုတ်ခဲ့ရာ မြန်ဆန်ပြီး ဆီ လျှော်တဲ့ အဖြေကို ပေးခဲ့ပါတယ်။ (ဝက် ဆန်ဟာ စာအုပ် တစ်သန်းကို သုံးစက္ကန့် မကြာဘဲ စကင်ဖတ်နိုင်ပါတယ်။) ဒါ ကြောင့် ဒီနှစ်ကုန်မှာ ဆရာဝန်တွေက ဒီစနစ်ကို သုံးပြီး အဆုတ်၊ ရင်သားနဲ့ ဆီး ကျိတ်ကင်ဆာတွေကို ရှာဖွေမှာ ဖြစ်ပါတယ်။
          ဂျာမနီနိုင်ငံ၏ တွေ့ ရှိချက်
          နားအူခြင်းအတွက် ကိရိယာ
          ကိရိယာအသစ်တစ်မျိုးဟာ ဦး နှောက်ကို ကုသတာကြောင့် နားအူတဲ့ ဝေဒနာကို သက်သာစေနိုင်ပါလိမ့်မယ်။ နားအူတဲ့သူတွေမှာ ဦးနှောက်ဆဲလ်တွေ က ထူးခြားဆန်းကြယ်တဲ့ တက်ြွကလွန် စည်းချက်သံကြောင့်ထွက်လာတဲ့ ဆူညံ သံဟာ နားအူသံ ကြားရသလိုမျိုး စိတ် ကို လှည့်စားတတ်ပါတယ်။ iPod အရွယ် ကိရိယာဟာ ပုံမှန်မဟုတ်တဲ့ အသံတွေ ကို ရပ်ပစ်ပြီး ငြိမ်သက်တဲ့အသံတွေကို ကြားရစေတာကြောင့် အစောပိုင်းစမ်း သပ်မှုအရ လူနာတွေမှာ နားအူတာကို ၇၅ ရာခိုင်နှုန်း လျော့ကျစေပါတယ်။ ဒီ ကိရိယာကို ဈေးကွက်မှာ မိတ်ဆက်ဖို့ Partners ရှာနေပါတယ်။
          ဩစတြေးလျနိုင်ငံ၏ တွေ့ ရှိချက်
          ကားမောင်းရင်း အိပ်ငိုက်မှု မဖြစ်စေရန် ကာကွယ်ပေးမည့် မျက်မှန်
          ကားမောင်းတဲ့အခါ တပ်ရမယ့် မျက်မှန်အသစ်တွေမှာ ကိုင်းထဲမြှုပ်ထား တဲ့ အာရုံခံကိရိယာတွေ ပါဝင်ပြီး မျက် တောင်ခတ်တဲ့ အကြိမ်ရေနဲ့ တစ်ကြိမ်နဲ့ တစ်ကြိမ်ကြား မျက်တောင်ဘယ်လောက် ခတ်သလဲ ဆိုတာကို တိုင်းတာပါတယ်။ အာရုံခံကိရိယာတွေက အိပ်ငိုက်တဲ့ အ ကြိမ်ရေကို ယာဉ်မောင်းရှေ့ရှိ ဒိုင်ခွက် ဘောင်ပေါ်မှာ ဖော်ပြမှာဖြစ်ပြီး အကြိမ် ရေက အန္တရာယ်ကင်းတဲ့ အတိုင်းအတာ ထက် ကျော်လွန်ရင် သတိပေးချက်ကို ပြောကြားမှာ ဖြစ်ပါတယ်။ ဒီမျက်မှန်ကို နောင်နှစ်နှစ်အတွင်းမှာ ပုံမှန်ယာဉ်မောင်း တွေ ရရှိနိုင်တော့မှာ ဖြစ်ပါတယ်။
          စင်ကာပူနိုင်ငံ၏ တွေ့ ရှိချက်
          အစာအိမ်ကင်ဆာအတွက် ကဏန်းစက်ရုပ်
          အကျိတ်တွေကို ခပ်မြန်မြန်ဖယ်ရှား ဖို့နဲ့ အမာရွတ်မထင်စေဖို့အတွက် စက်ရုပ် စနစ်ကို လေ့လာသူတွေက ဖော်ထုတ် ခဲ့ပါတယ်။ ဝမ်းဗိုက်ကို လှီးစရာမလိုဘဲ ပါးစပ်အတွင်းမှ ခွဲစိတ်မယ့် နေရာအထိ ကိရိယာကို လမ်းညွှန်ဖို့ ကင်မရာတစ်ခု ကို အသုံးပြုတဲ့နည်းပါ။ စက်ရုပ်ရဲ့ က ဏန်းခြေထောက်တွေက ကင်ဆာတစ် သျှူးတွေကို ကုပ်တွယ်ဖို့ ညှပ်တစ်ခုနဲ့ ဖြတ်တောက်ဖို့ ချိတ်တစ်ခု ပါရှိပါတယ်။ လူနာတွေကို ကုသမှု ငါးခုအနက် ရိုးရိုး ခွဲစိတ်ရင် ရှစ်နာရီကျော်ကြာမယ့် ခွဲစိတ် မှုတွေဟာ ပျမ်းမျှအားဖြင့် ၁၈ မိနစ်ပဲ ကြာခဲ့တယ်လို့ သိရပါတယ်။
          ကနေဒါနိုင်ငံ၏ တွေ့ ရှိချက်
          ပိုးမွှားနှင့် ကြမ်းပိုးများအတွက် အခန်းတွင်းဗုံး
          အိုဇုန်းနဲ့ ဟိုက်ဒရိုဂျင်ပါအောက် ဆိုက်တို့ ပေါင်းစပ်ထားတဲ့ အခန်းတွင်းဗုံး စပရေးဟာ တစ်နာရီအတွင်းမှာ ဘက်တီး ရီးယားပိုးတွေကို သေစေပြီး အခန်းကို ပိုးသေစေတယ်လို့ Queen တက္ကသိုလ်ရဲ့ လေ့လာသူတွေကဆိုပါတယ်။ ဆေးရုံအ တွင်း ကူးစက်ပိုးတွေမရှိအောင် ကာကွယ် ဖို့သုံးတဲ့ ဒီစပရေးဟာ ဗိုင်းရပ်စ်တွေ၊ မှို တွေနဲ့ ကြမ်းပိုးတွေကိုတောင် သေစေနိုင် တယ်လို့ လေ့လာသူတွေက ယုံကြည်ကြ ပါတယ်။ စစ်ချတဲ့ ဖြစ်စဉ်ဟာ လေထဲက ဓာတုပစ္စည်းတွေကို ဖယ်ရှားပေးပြီး ကောင်း ကောင်း အသက်
          ရှူနိုင်လောက်အောင် အန္တရာယ်ကင်းပါတယ်။ ဖျန်းဆေးကို သင်္ဘော တွေနဲ့ ဟိုတယ်တွေမှာလည်း သုံးနိုင်ပါတယ်။
          အမေရိကန်ပြည်ထောင်စု၏ တွေ့ ရှိချက်
          သွေးတွင်းသကြားဓာတ် ဆေးမင်ကြောင်
          အရင်က သွေးတွင်း သကြားဓာတ် ကို စစ်ဆေးဖို့သုံးတဲ့ ကိရိယာဟာ လက် ထိပ်ကို ဖောက်ပြီး အသုံးပြုခဲ့ပါတယ်။ သွေးတွင်း ဂလူးကို့စ်ကို စစ်ဆေးဖို့ အ ရေပြားအောက်မှာ သေးငယ်တဲ့ မီးချောင်း လို အလင်းထွက်တဲ့ အာရုံခံကိရိယာကို ထိုးသွင်းဖို့ နည်းတစ်ခု ဖန်တီးခဲ့တယ်လို့ အရှေ့မြောက်တက္ကသိုလ်မှ ဓာတုပညာ ရှင်တွေက ဆိုပါတယ်။ ဒီနည်းနဲ့ မှဲ့ ခြောက်အရွယ် ယာယီဆေးမင်ကြောင်ပုံ တစ်ပုံယူပြီး သင့်လက်ကိုင်ဖုန်းကင်မရာ မှန်ဘီလူးနဲ့ တွယ်ဆက်ထားမှာ ဖြစ်ပါ တယ်။ ပြီးရင် ကွန်ပျူတာ ပရိုဂရမ်က ဒီပုံကို စစ်ဆေးပြီး သွေးတွင်း သကြား ဓာတ်ကိန်းဂဏန်းကို ဖော်ပြပေးမှာ ဖြစ် ပါတယ်။ ဒီစစ်ဆေးနည်းကို နောက်သုံး နှစ်အကြာမှာ ရနိုင်ပါလိမ့်မယ်။
          ယူကေနိုင်ငံ၏ တွေ့ ရှိချက်
          စမတ်ကျသော ဆေးလုံးများ
          ဒီနှစ်အကုန်ပိုင်းမှာ ဗြိတိန်ဆေး ရောင်းစင်တာက လူနာတွေ ဆေးကုတဲ့ အလေ့အထအရ ဆေးဝါးသောက်သုံး မှုကို သိနိုင်ဖို့ တချို့ဆေးပြားတွေထဲမှာ သေးငယ်တဲ့ အာရုံခံကိရိယာတွေ မြှုပ်နှံ ထားပါလိမ့်မယ်။ ဒီစမတ်ကျတဲ့ ဆေးလုံး တွေကို အမေရိကန် Proteus ဆေးကုမ္ပ ဏီကထုတ်လုပ်ပြီး သင်သောက်တဲ့ ဆေး ဝါးအမည်၊ သောက်တဲ့အချိန်နဲ့အတူ အိပ် စက်မှုအလေ့အထ၊ သွေးခုန်နှုန်းစတဲ့ အ ချက်အလက်တွေကိုလည်း စမတ်ဖုန်းထဲ ကို ပို့ပေးမှာ ဖြစ်ပါတယ်။
          ဒိန်းမတ်နိုင်ငံ၏ တွေ့ ရှိချက်
          စစ်သားများအတွက် ရေမြှုပ်
          အထူးဖော်စပ်ထားတဲ့ လိုသလို ဆွဲ ပြီး ပက်ဖျန်းနိုင်တဲ့ရေမြှုပ်တွေက စစ်မြေပြင် မှာ ဒဏ်ရာနဲ့ မထိန်းချုပ်နိုင်အောင် သွေး ထွက်ကာ နာကျင်နေတဲ့ စစ်သားတွေရဲ့ သေစေနိုင်တဲ့ ပြဿနာကို ဖြေရှင်းပေး ပါလိမ့်မယ်။ သွေးထဲမှာတွေ့ရတဲ့ သဘာ ဝ သွေးခဲစေတဲ့ပစ္စည်း ပရိုတင်းနဲ့ ဓာတု ပစ္စည်းတွေ ပေါင်းစပ်ထားတဲ့ ရေမြှုပ်ကို MIT သုတေသီတွေက ဆေးရုံတွေမှာ ဖျန်းခဲ့ပါတယ်။ ဒီသေးငယ်တဲ့ ရေမြှုပ်နဲ့ ပက်ဖျန်းရင် တိရစ္ဆာန်တွေမှာ စက္ကန့် ၆၀ အတွင်း သွေးထွက်တာ လုံးဝရပ်တန့် သွားခဲ့တယ်လို့ ဒိန်းမတ်မှာ စမ်းသပ်တွေ့ ရှိခဲ့ပါတယ်။ ဒီရေမြှုပ်ကို နှစ်အနည်းငယ် အတွင်း အသုံးပြုနိုင်မယ်လို့ သုတေသီ တွေက မျှော်လင့်နေပါတယ်။
          ဇွန် ( Ref;RD)
          Good Health
          မြန်မာ့ သရက်သီး တန်ဖိုးမြှင့် တင်ပို့နိုင်ရေး
          09 Jul 2012 | By Commerce Journal
          မြန်မာ့ သရက်သီး တန်ဖိုးမြှင့် တင်ပို့နိုင်ရေး            အသီးတို့ရဲ့ဘုရင်
          ''အသီးမှာ သရက်၊ အရွက်မှာ လက်ဖက်"လို့ မြန်မာ့ ဆိုရိုး ရှိသလို သစ်သီး အမျိုးမျိုးထဲမှာ သရက်သီးက ''အသီးတို့ရဲ့ဘုရင်" အဖြစ်လည်း နိုင်ငံတကာက အသိအမှတ်ပြုကြပါတယ်။ ကမ္ဘာ့တစ်ဝန်းလုံးမှာ တစ်နှစ်ကို သရက်သီးတန်ချိန် သန်း ၄၀ ခန့်ထုတ်လုပ်တဲ့အနက် အိန္ဒိယက တန်ချိန် ၁၃ သန်းကျော်နဲ့ ကမ္ဘာမှာ အများဆုံးထုတ်လုပ်သူ ဖြစ်ပြီး တရုတ်က တန်ချိန် ၄ သန်းဝန်းကျင်နဲ့ ဒုတိယ ပါကစ္စတန်က တန်ချိန် ၂ သန်းကျော်နဲ့ တတိယအများဆုံး ထုတ်လုပ်ပါတယ်။ အဲဒီနောက်မှာ မက္ကစီကို၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့ ကလည်း ကမ္ဘာ့သရက် သီးထုတ်လုပ်မှု အများဆုံး ၁၀ နိုင်ငံထဲမှာ အပါအ၀င်ဖြစ်ပါတယ်။
          ကမ္ဘာမှာ တရုတ်က ဒုတိယအများဆုံး သရက်သီးတင်သွင်း
          ပြည်ပတင်ပို့မှု အများဆုံးနိုင်ငံတွေထဲမှာ မက္ကစီကိုက ကမ္ဘာ့တင်ပို့မှုရဲ့ ၁၀ ဒသမ ၃၀ ရာခိုင်နှုန်း၊ ဖိလစ်ပိုင်က ၇ ဒသမ ၈ ရာခိုင်နှုန်း၊ ပါကစ္စတန်က ၇ ဒသမ ၆ ရာခိုင်နှုန်း၊ ဘရာဇီးက ၆ ရာခိုင်နှုန်း၊ အိန္ဒိယက ၅ ဒသမ ၂ ရာခိုင်နှုန်းစီအသီးသီး တင်ပို့မှု ရှိတာတွေ့ရပါတယ်။ တင်သွင်းမှုအများဆုံး နိုင်ငံတွေကတော့ အမေရိကက ၄၃ ဒသမ ၂ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ပြီး တရုတ်က ၁၀ ဒသမ ၁၈ ရာခိုင်နှုန်း၊ နယ်သာလန်က ၇ ဒသမ ၅ ရာခိုင်နှုန်း၊ ယူအေအီးက ၅ ဒသမ ၂ ရာခိုင်နှုန်း၊ ပြင်သစ်က ၄ ဒသမ ၉ ရာခိုင်နှုန်း၊ မလေးရှားက ၄ ဒသမ ၅ ရာခိုင်နှုန်း၊ စင်ကာပူက ၂ ဒသမ ၃ ရာခိုင်နှုန်း အသီးသီး တင်သွင်းမှုရှိတယ်လို့ သိရပါတယ်။
          အိန္ဒိယ သရက်တင်ပို့တဲ့ ဈေးကွက်အခြေအနေ
          ကမ္ဘာမှာ ထုတ်လုပ်မှုအများဆုံးဖြစ်ပေမဲ့ ပြည်ပတင်ပို့မှုမှာ တန်ချိန် ၉ သောင်း ၀န်းကျင်ရှိတဲ့ အိန္ဒိယနိုင်ငံရဲ့ သရက်သီးတင်ပို့မှုကို လေ့လာကြည့်ရင် အရှေ့အလယ် ပိုင်း၊ အမေရိကန်၊ သြစတြေးလျ၊ ဂျပန်အစရှိတဲ့ နိုင်ငံတွေကို တင်ပို့တယ်လို့ သိရပါတယ်။ ဒီဈေးကွက်တွေကို တင်ပို့တဲ့ နေရာမှာ အရှေ့ အလယ် ပိုင်းဈေးကွက် ကို အိန္ဒိယသရက်သီးတင်ပို့မှုအတွက် လွယ်ကူပေမဲ့ အမေရိကန်ဈေးကွက်ကို တင်ပို့ရာမှာတော့ ရောဂါပိုးမွှားကင်းစင်မှုနဲ့ပတ်သက်လို့ တင်းကျပ်တဲ့ စည်းမျဉ်းများ ရှိပြီး X ray လို စက်ပစ္စည်းများနဲ့ စမ်းသပ်ထားတဲ့ သရက်သီးများ ဖြစ်ရမယ်လို့ သိရပါတယ်။ သြစတြေးလျနဲ့ ဂျပန်ဈေးကွက်များကို တင်ပို့ ရာမှာလည်း VHP လို့ခေါ်တဲ့ ရေနွေးငွေ့အပူပေးသန့်စင်နည်းများပြုလုပ်ဖို့လိုတယ်လို့ သိရပါတယ်။ သရက်သီး အများဆုံး ထုတ်လုပ်တဲ့ Nashik နဲ့ မဟာရှပ်တရာမှာ X ray လို အခြေခံအဆောက်အအုံများရှိသလို စံချိန်စံနှုန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနဲ့ ပတ်သက်လို့လည်း သြစတြေးလျအစိုးရနဲ့ ပူးပေါင်းပြီး ပြင်ဆင်ဆောင်ရွက်နေတယ် လို့သိရပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ လတ်ဆတ် သရက်သီး တင်ပို့မှုရှိသလို တန်ဖိုး မြှင့်ထုတ်ကုန် သရက်ဖျော်ရည်များလည်းတင်ပို့တယ်လို့ သိရပါတယ်။ တင်ပို့မှု အနေနဲ့ ၂၀၀၈-၀၉ မှာ တန်ချိန် ၈၃၇၀၃ ရှိခဲ့ရာမှ ၂၀၁၀-၁၁ မှာ တန်ချိန် ၅၉၂၂၀ ကို ၃၀ ရာခိုင်နှုန်း ကျဆင်းလာခဲ့တယ်လို့ သိရပါတယ်။
          မြန်မာ့သရက် တရုတ်ကို အသွားများ
          မြန်မာနိုင်ငံရဲ့ သရက်သီးအများဆုံး တင်ပို့မှုကတော့ ကမ္ဘာမှာ ဒုတိယအများဆုံး တင်သွင်းတဲ့ အိမ်နီးချင်း တရုတ်နိုင်ငံကို အများဆုံးသွားတာဖြစ်ပါတယ်။ ယခင်နှစ်များက သရက်သီးစိမ်း၊ အမှည့်တို့ကို တင်ပို့မှုရှိခဲ့ရာမှ နောက်ပိုင်းနှစ်တွေမှာ သရက်ပြား၊ သရက်ပြင်တင်ပို့မှုလည်း ပိုမိုလာခဲ့သလို စင်ကာပူ၊ ဟောင်ကောင်၊ မလေးရှားနဲ့ ထိုင်းတို့အထိ ဈေးကွက် တွင်ကျယ်လာတာ လည်း တွေ့ရပါတယ်။
           "ပြည်ပတင်ပို့မှုအနေနဲ့ တရားဝင်စာရင်းများအရ ၂၀၀၆-၀၇ မှာ တန်ချိန် ၂၄၁၃၆၊ ၀င်ငွေအားဖြင့် ကန်ဒေါ်လာ ၁၃ သန်းကျော်၊ ၂၀၀၇-၀၈ မှာ တန်ချိန် ၁၇၀၄၈ မှာ ကန်ဒေါ်လာ ၇ သန်း ကျော်၊ ၂၀၀၈-၀၉ မှာ တန်ချိန် ၂၁၇၆၀ မှ ကန်ဒေါ်လာ ၇ သန်းနီးပါး ၊ ၂၀၀၉-၁၀ မှာ တန်ချိန် ၄၄၃၆၀ မှ ကန်ဒေါ်လာ ၁၂ သန်းနီးပါး၊ ၂၀၁၀-၁၁ မှာ တန်ချိန် ၃၄၂၇၆ မှ ကန်ဒေါ်လာ ၁၁ သန်းနီးပါး၊ ၂၀၁၁-၁၂ မှာ တန်ချိန် ၄၀၁၉၃ တန်မှ ကန်ဒေါ်လာ ၁၆ သန်းကျော်ရှိပြီး ၂၀၁၂-၁၃ လက်ရှိဘဏ္ဍာနှစ် ဇွန်လ ၂၂ ရက်နေ့အထိ တန်ချိန် ၃၆၂၇၆ မှ ကန်ဒေါ်လာ ၁၃ သန်းခန့်ရရှိပြီးတာ တွေ့ရပါတယ်။ မနှစ်က ဘဏ္ဍာနှစ်ကာလတူအတွင်းမှာ ၃၂၆၉၇ တန်ချိန် မှ ကန်ဒေါ်လာ ၁၂ သန်းကျော်ရရှိခဲ့လို့ ဒီနှစ်ကာလတူမှာ ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။"
          မလေးနဲ့ ဟောင်ကောင်ကိုပါ ဈေးကွက်ချဲ့လာ
          ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း တင်ပို့ခဲ့တဲ့ပမာဏတွေထဲမှာ စင်ကာပူ၊ ဟောင်ကောင်ကို တင်ပို့မှုမှာ တစ်နှစ် တန်ချိန် ၃၀ ကျော်ခန့်ပါဝင်မှုရှိခဲ့ပါတယ်။ နယ်စပ်မှတစ်ဆင့် တင်ပို့နေရာမှ လေကြောင်းမှ စင်ကာပူ ဈေးကွက်ကို မာလာမြိုင်ကုမ္ပဏီက ပြီးခဲ့တဲ့ ၂၀၁၀-၁၁ ရာသီကစပြီး ပြန်လည်ထိုးဖောက် တင်ပို့ နိုင်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ ခင်သန်းရတနာ၊ သိန်းဟန်ခိုင်မြဲ စတဲ့ကုမ္ပဏီတွေကပါ မလေးရှား၊ ဟောင်ကောင်ဈေးကွက်တွေအထိ ချဲ့ထွင် တင်ပို့လာခဲ့တာတွေ့ရပါတယ်။
          မန္တလေးတိုင်းဒေသကြီး ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံအသင်း ဥက္ကဌ ဒေါ်သန်းသန်းဆွေက သရက်သီးနဲ့ ပတ်သက်လို့ ပြောကြားရာမှာ '' မန္တလေးသရက်သီးအစုအဖွဲ့ကနေ သရက်သီးပြည်ပ တင်ပို့မှု အတွက် အထူးသဖြင့် စင်ကာပူကို ရေနွေး စိမ်၊ ရေအေးစိမ်၊ ဆိုဒ်ခွဲ၊ အလေးချိန်ချိန်ပြီး ပြင်ဆင်ပေးပါ တယ်လို့"ဆိုပါတယ်။ ဆက်လက်ပြီး ''မန္တလေးကနေ မနှစ်က ထိုင်းနိုင်ငံ ဘန်ကောက်ကို မြ၀တီ ကနေ တစ်ဆင့် ၃ တန်တင်ပို့ခဲ့ပြီး ဒီနှစ်တော့ ၂ တန်တင်ပို့ထားပါတယ်။ ထိုင်းက ၀ယ်လိုအားရှိတယ်။ ၀ယ်လို အားရှိသလောက် အရည်အသွေးမီတဲ့ သရက်သီးမရနိုင်တဲ့အတွက် တင်ပို့နိုင်ခြင်းမရှိသေးပါဘူး။
          မန္တလေးဒေသက တစ်နှစ်ကို သရက်သီး တန် သိန်းချီပြီး ထွက်တယ်။ ဒါပေမဲ့ ပြည်ပ၀ယ်လိုအားကောင်းတဲ့ အိတ်စွပ်သီးက လိုသလောက်မရ နိုင်သေးပါဘူး။ ပြီးတော့မနှစ်က စိန်တလုံးတွေကို တရုတ်ကိုပို့တဲ့နေရာမှာ တချို့မမှည့်ဘဲ ဆေးတို့ပြီး ရောင်းချခဲ့တဲ့အတွက် မနှစ်က ရာသီနောက် ပိုင်းမှာ ဈေးကွက်ပျက်တဲ့ အနေ အထားရှိခဲ့ပါတယ်။ အဲဒါကြောင့် ဒီနှစ်မှာ ကျမတို့ရဲ့ သဇင်နွယ်ခြံမှာ အသင်းသားတွေနဲ့ ပူးပေါင်းပြီး ဒေသက တစ်နိုင်တစ်ပိုင် လာရောင်းတဲ့ သူတွေဆီက မူဆယ်ဈေးနဲ့ အနည်းငယ်ခွာပြီး ၀ယ်ယူပေးတယ်။
          နောက် အရည် အသွေး အတန်းအစားခွဲပြီး တင်ပို့လို့ရတဲ့ သရက်သီးကို ပို့ပြီး ၊ ပယ်သီး၊ ကျသီးတွေကို fooenzen mago ၊ သရက်ဖျော်ရည်၊ သရက်ပြင်စတဲ့ တန်ဖိုးမြင့်ထုတ်ကုန်တွေအဖြစ် စပြီးပြုလုပ်နေတာ အခုဆိုရင်တော်တော်လေးစုမိနေပြီ။ မန္တလေးတိုင်းဒေသကြီး စားသောက်ကုန် အသင်းကနေ FDA ကို ပေးပို့ စစ်ဆေးတာလဲ အောင်မြင်ပါတယ်။
          တရုတ်ဘက်က ကုန်သည်တစ်ဦး က ဖျော်ရည်စပြီးမှာနေပြီ။ ဒီနှစ်တော့ ပြည်တွင်းမှာပဲ စဖြန့်အုံးမယ်။ ဒီလိုတန်ဖိုးမြင့်ထုတ်ကုန်လုပ်ဖို့ ဖြစ်လာတာကတော့ FAO အဖွဲ့လာပြီး သရက်ပြင်လုပ်နည်းကို စနစ်တကျနဲ့ ပြသပေးခဲ့တဲ့ နောက်မှာ အတွေးရပြီး လုပ်ဖြစ်သွား တာပါ။ ကျွန်မတို့ တစ်နိုင်ငံလုံးမှာ တစ်နှစ်ကို သရက်သီးအလေအလွင့် ဖြစ်တာ ၃၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။ အခုလို လာရောင်းတဲ့ သရက်သီးမှန်သမျှကို ၀ယ်ပြီး ပို့လို့ရတာပို့ပြီး ကျသီးတွေကို အခုလို ပြုပြင်ထုတ်လုပ်တော့ မနှစ်က လေလွင့်ဆုံးရှုံးမှု ၁၀ ရာခိုင်နှုန်းလောက်လျှော့ချနိုင်ပြီး ဒီနှစ်မှာ ၅ ရာခိုင်နှုန်း လောက် လျှော့ချနိုင်ပါတယ်" လို့ ဆိုပါတယ်။
          ဆက်လက်ပြီးလည်း '' ပြီးခဲ့တဲ့လက မန္တလေးမှာရှိတဲ့ အိန္ဒိယကောင်စစ်ဝန်ရဲ့ စီစဉ်ပေးမှုအရ မြန်မာ နိုင်ငံ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံအသင်း၊ အော်ဂဲနစ်အစု တာဝန်ရှိတဲ့ ဦးနှင်းဦး၊ ဦစံလင်း တို့နဲ့အတူ ကျွန်မတို့ မန္တလေးတိုင်းဒေသကြီးက သရက်သီးအစုအဖွဲ့ဝင် ၄ ဦးပါဝင်ပြီး အိန္ဒိယသရက်သီး စိုက်ပျိုး ထုတ်လုပ်မှု၊ ဈေးကွက်၊ ပြုပြင်ထုတ်လုပ်တဲ့ စက်ရုံတွေကို ၈ ရက်ကြာ သွားရောက်လေ့လာခဲ့ပါတယ်။ တော်တော်လေး ဗဟုသုတရခဲ့ပါတယ်။ အဲဒီမှာ အများစုကို ဖျော်ရည်ပြုလုပ်တာတွေ့ရတယ်။
          ဒါကြောင့် သရက်သီးကို ဘယ်လိုလုပ်ရင်ကောင်းမယ်ဆိုတာ သိလာရတယ်။ ဒါကြောင့် ကျွန်မတို့လဲ small scale အနေနဲ့ စပြီး လုပ်နေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ နှစ်က ဂျပန်က လုပ်ငန်းရှင်တစ်ဦးလဲလာပြီး လေ့လာတယ်။ မြန်မာက သရက်သီးကို ကြိုက်တယ်။ ဒါပေမဲ့ ဂျပန်ကို တင်ပို့ဖို့ဆိုရင် X ray စက်တွေလိုအပ်တဲ့ အတွက် ကျွန်မတို့ဆီက တိုက်ရိုက်ပို့လို့မရဘူးဖြစ်နေတယ်။ ဒါကြောင့် လိုအပ်တဲ့ စက်ပစ္စည်းတွေကို အစိုးရပိုင်းက ကူညီပေးမယ်ဆိုရင် ဒီ့ထက်ပိုပြီး ဈေးကွက်ချဲ့နိုင်လာမှာပါ။ နောက်ပြီး တောင်သူတွေ ကျယ်ကျယ်ပြန့်ပြန့် သိရှိဖို့လဲ ကျွန်မတို့တွေ သင်တန်းတွေပေးဖို့လည်း လုပ်နေပါတယ်။
          စိုက်ပျိုးရေးဌာနနဲ့ စီးပွားကူးသန်း ၀န်ကြီးဌာနကလည်း အကူအညီအများကြီး ပေးနေပါတယ်။ တိုင်းအတွင်းမှာ အိတ်စွပ်တာ အခုဆိုရင် ၂ ဆလောက်တိုးလာပါပြီ။ ဒါပေမဲ့ ၀ယ်လိုအားက အရမ်းများတဲ့အတွက် တောင်သူတွေ ဒီ့ထက်ပိုပြီး သိလာအောင်၊ တိုးထုတ်လာအောင် လုပ်ဖို့လိုပါသေးတယ်" လို့ဆိုပါတယ်။
          ရှမ်းပြည်နယ်တောင်ပိုင်း ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံအသင်းဥက္ကဌ၊ မြတ်ရတနာ သရက်ခြံမှ ဦးစိုးသိန်းက ပြောကြားရာမှာ '' ဒီနှစ်လေပြင်းထန်ပြီး အချိန်အခါမဟုတ် မိုးရွာလို့ ကျွန်တော်တို့ ဒေသမှာ သရက်သီးအထွက်နည်းခဲ့တယ်။ ပြီးတော့ ပိုးထိန်းချုပ်မှုနည်း တဲ့အတွက် ပိုးကျရောက်ခဲ့လို့လည်း ဒီနှစ်မှာ ရှမ်းတောင်သရက်က ထင်သလောက်ထွက်မလာခဲ့ဘူး။ ကျွန်တော့မြတ်ရတာခြံက မနှစ်က ပြည်ပတင်ပို့ဖို့ အရည်အသွေးမီတဲ့ သရက် ၇၀ ရာခိုင်နှုန်းလောက် ထွက်ခဲ့ပေမဲ့ ဒီနှစ်မှာတော့ ၅၀ ရာခိုင်နှုန်းတောင် အရည်အသွေးမမီဘူး။ ဈေးကွက်သစ်တွေ ရှိလာပြီး ၀ယ်လိုအားတွေတက်လာတဲ့အချိန်မှာ သရက်သီးက မပေးနိုင်ဘူးဖြစ်ရပါတယ်။
          ရှမ်းတောင်က သရက်တွေကို နယ်စပ်မှ တစ်ဆင့် တရုတ်နိုင်ငံ ကွမ်ကျိုး ၀ယ်လက်တွေနဲ့ တိုက်ရိုက်ချိတ်ဆက်ထားတယ်။ ပြီးတော့ ရန်ကုန်ကုမ္ပဏီတွေကတစ်ဆင့်လည်း စင်ကာပူ၊ မလေးရှားတို့ကို ပို့ပါတယ်။ မနှစ်ကကွမ်ကျိုးတစ်နေရာထဲကိုပဲ တန် ၃၀ ကျော် ရောင်းချရပေမဲ့ ဒီနှစ် တော့ မပို့နိုင်တော့ဘူး။
          ရှမ်းတောင်မှာ သရက်အစုအဖွဲ့ဝင် ၇၀၀ နီးပါးရဲ့ စိုက်ပျိုးမှုက ဧက ၁၄၀၀၀ နီးပါးရှိပြီး တစ်နှစ်ကို တန်ချိန် ၁၄၀၀ လောက်ထွက်မယ်လို့ ခန့်မှန်းရပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်လောက်က စပြီး စိန်တလုံးသရက်စိုက်ဧက တိုးလာခဲ့လို့ အခုဆိုရင် စိန်တလုံးက အများဆုံးဖြစ်ပြီး ဒုတိယကတော့ ရင်ကွဲသရက်ဖြစ်ပါတယ်။ တရုတ်က အခုနောက်ပိုင်း အရည်အသွေးကိုကြည့်ပြီး ၀ယ်လာတော့ ရှမ်းတောင်အိတ်စွပ်သရက်က ဈေးကွက်နေရာရလာပါတယ်။ ဒီလိုအိတ် စွပ်ပြီး အရည်အသွေးထိန်းထားဖို့ကလည်း ရင်းနှီးမြုပ်နှံမှုလိုပါတယ်။
          သရက်သီးစိုက်ပျိုးရောင်းဝယ်မှုမှာ စိုက်ပျိုးရေးဝန်ကြီးဌာနနဲ့ စီးပွားကူးသန်းဝန်ကြီးဌာနတို့က ပုံမှန်ပဲ သင်တန်းတွေ၊ လိုအပ်တဲ့အကူအညီတွေ ပေးပါတယ်။ လာမယ့် သြဂုတ်လမှာလည်း ဒီနှစ်လို ပိုးကျရောက်မှုကို ကာကွယ်ဖို့ အရည်အသွေးကောင်း သရက်သီး ရရှိဖို့ ပြုစုနည်းသင်တန်း ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်။ သရက်သီးက ၀ယ်လိုအားအရမ်းကြီးပြီး ရောင်းမယ်ကြံရင် ပစ္စည်းက ထွက်မလာဘူး။ သရက်ကနေ ၀င်ငွေကောင်းတဲ့အတွက် တောင်သူတွေ အခုထက် တိုးထုတ်လုပ်ဖို့သာ လိုအပ်ပါတယ်" လို့ ဆိုပါတယ်။
          သရက်သီးလုပ်ငန်းကျွမ်းကျင်သူများရဲ့ ခန့်မှန်းပြောကြားချက်အရ ထုတ်လုပ်မှုတွေ တစ်နှစ်ထက် တစ်နှစ် ပိုလာခဲ့ သလို ဈေးပိုမိုရရှိလာတဲ့အတွက်လည်း ပြည်ပတင်ပို့မှုလည်း ပိုမိုလာတာ သက်ဆိုင်ရာ စာရင်းတွေအရ သိရပါတယ်။ အိမ်နီးချင်း တရုတ်နိုင်ငံက ကမ္ဘာမှာ သရက်သီးတင်သွင်းမှု ဒုတိယ အများဆုံးဖြစ်လို့ မြန်မာနိုင်ငံကရောင်းတဲ့ သရက်မှန်သမျှ ကိုဝယ်နေဦးမှာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာ သရက်တွေ ဈေးနှိမ်ခံပြီး မရောင်းရဖို့တော့ လိုပါတယ်။ နောက်ပြီး High End Market တွေဖြစ်တဲ့ ဂျပန်၊ အီးယူ၊ ကိုရီးယားဈေးကွက်တွေကို တင်ပို့နိုင်မယ်ဆိုရင် စိန်တလုံးလို အရသာထူးခြားကောင်းမွန် တဲ့ မြန်မာ့သရက်က ဈေးကောင်းရမှာ အသေအချာပဲ ဖြစ်ပါတယ်။
          အဲဒီဈေးကွက်တွေကလည်း မြန်မာ့ သရက်ကို ၀ယ်လိုကြပါတယ်။ ဒါပေမဲ့လည်း ဒီလိုဈေးကွက်ကြီးတွေ တင်ပို့ဖို့ဆိုရင် သူတို့ရဲ့ စံချိန်စံနှုန်းတွေမီဖို့ Vapour Heat Treatment(VHT)၊ X-ray စတဲ့ အရည်အသွေးကောင်းသရက်များ ပြုလုပ်စစ်ဆေးနိုင်တဲ့ စက်ပစ္စည်းတွေ လိုအပ်မှာဖြစ်ပါတယ်။ အသင်းအဖွဲ့နဲ့ သက်ဆိုင်ရာဌာန များအနေနဲ့ မိမိတို့ပြည်တွင်းမှာ ထုတ်လုပ်မှု မြှင့်တင်ခြင်းတွေ ဆောင်ရွက်သလို တစ်ဖက်မှာလည်း ဈေးကွက်ေ ကာင်းတွေ ချိတ်ဆက်နိုင်ဖို့ လိုအပ်တဲ့ အခြေခံအဆောက်အဦတွေကိုလည်း ဖြည့်ဆည်းရမှာဖြစ်ပါတယ်။
          ဥပမာအနေနဲ့ ပြောရရင် သရက်သီး တင်ပို့နေတဲ့ ပါကစ္စတန်မှာဆိုရင် ဂျပန်နိုင်ငံနဲ့ ပူးပေါင်းပြီး VHT စက်ပစ္စည်းတွေ တပ်ဆင်ပြီး ဂျပန်ကို တင်ပို့ဖို့ ဆောင် ရွက်နေသလို အရည်အသွေးဆိုင်ရာ စစ်ဆေးရေး စက်ပစ္စည်းများ ပြည့်စုံတဲ့ အိန္ဒိယ နိုင်ငံမှာဆိုရင်လည်း သြစတြေးလျ နဲ့ ပူးပေါင်းပြီး သရက်တင်ပို့ဖို့ စံချိန်စံနှုန်းမီလုပ်ကိုင်နိုင်ရေး လုပ်နည်း ကိုင်နည်း (SOP) ကို ပြင်ဆင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
          ဒီလိုဘဲ မြန်မာနိုင်ငံ ဟင်းသီး ဟင်းရွက်နဲ့ သစ်သီးဝလံအသင်း၊ သရက်သီးအစုအဖွဲ့အပြင် ပြည်ပတင်ပို့နေတဲ့ ကုမ္ပဏီများအနေနဲ့လည်း မိမိတို့နိုင်ငံရဲ့ သရက်သီးထုတ်လုပ်မှုပမာဏကို စစ်တမ်းကောက်ယူစိစစ်ပြီး နိုင်ငံတကာအဖွဲ့အစည်းများ၊ သရက်သီး တင်သွင်းတဲ့နိုင်ငံ များမှ ရင်းနှီးမြှုပ်နှံသူများနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် သရက်မှ ပြည်ပ ၀င်ငွေများ စွာ ရရှိနိုင်မှာဖြစ်ပါတယ်။
          ဒါ့အပြင် ပြည်ပတင်ပို့ဖို့ အရည်အသွေးမမီတဲ့ သရက်သီးများကိုလည်း ဆုံးရှုံးမှုနည်းပါးစေဖို့အတွက် မန္တလေးတိုင်းဒေသကြီး သရက်အစုအဖွဲ့မှ လက်ရှိ ဦးဆောင်စမ်းသပ်ထုတ်လုပ်နေသလို တန်ဖိုးမြှင့် ထုတ်လုပ်မှုကိုလည်း သရက်သီးအများဆုံးထုတ်လုပ်ရာ စစ်ကိုင်း၊ ပဲခူးနဲ့ ရန်ကုန်စတဲ့ တိုင်းဒေသကြီး များမှာလည်း တိုးချဲ့လုပ်ကိုင်သင့်ပါတယ်။ ပယ်သီး၊ ကျသီးများကို သရက်ပြင်၊ သရက်ပြားခြောက်၊ အေးခဲ သရက်၊ သရက်ဖျော်ရည် စတဲ့တန်ဖိုးမြှင့်ထုတ်ကုန်တွေ ထုတ်လုပ်ရာမှာ တစ်နိုင်တစ်ပိုင်လည်း လုပ်ကိုင်နိုင်တာဖြစ်လို့ စနစ်တကျ၊ ကျန်းမာရေးနဲ့အညီ ဆောင်ရွက်နိုင်ဖို့အတွက်ကိုတော့ ပညာပေး လေ့ကျင့်မှုတွေ အရှိန်မြှင့်တင်ရမှာ ပဲ ဖြစ်ပါတယ်။
          ရာသီဥတုပြောင်းလဲလာမှုကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီး က သစ်သီးဝလံများ ထုတ်လုပ်မှု လျော့ကျလာနိုင်ခြင်း၊ လူဦးရေတိုးပွားလာမှု၊ ၀င်ငွေမြင့်မား လာမှုစတဲ့ အကြောင်းရင်းတွေအရ ၀ယ်ယူစားသုံးမှု တိုးပွားလာနိုင်ခြင်းတွေကြောင့် မိမိတို့နိုင်ငံရေမြေအရ ဖြစ်ထွန်း နေတဲ့ သစ်သီးဝလံများ အထူးသဖြင့် နိုင်ငံတကာက အသီးတို့ရဲ့ ဘုရင်အဖြစ် အသိအမှတ်ပြုထားတဲ့ သရက်သီးကို တိုးပွားအောင်ထုတ်လုပ်ဖို့အပြင် လေလွင့်ဆုံးရှုံးမှုနည်းပါးကာ တန်ဖိုးမြှင့်ထုတ်ကုန်များ ပိုမို ထုတ်လုပ်တင်ပို့နိုင်ရေး တိုက်တွန်းလိုက်ရပါတယ်။
          Commerce Journal
          မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ရဲ့ လွှမ်းမိုးနိုင်တဲ့ ဖက်ရှင်!
          အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၃ နှစ်တာအတွင်း ပထမဆုံး ဥရောပခရီးစဉ် တလျှောက်လုံးမှာ သူရဲ့ သွားလာလုပ်ဆောင်မှု မှန်သမျှကို မြန်မာပြည်သူတွေ အပါအ၀င်၊ နိုင်ငံတကာက စိတ် ၀င်တစား စောင့်ကြည့်ကြ၊ ကမ္ဘာ့မီဒီယာ၊ မြန်မာ့မီဒီယာတွေက ပုံစံမျိုးစုံနဲ့ တင်ပြကြသလို သတင်းဓာတ်ပုံတွေ ထွက်ပေါ်လာတိုင်း မြန်မာပြည်သူတွေ အထူးစိတ်ဝင်တစား ပြောဆို ဖြစ်ကြတာကတော့ သူ့ရဲ့  ၀တ်စားဆင်ယင် မှုပါပဲ။
          ဥရောပကို ခရီးထွက်တယ်ဆိုပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ အနောက်တိုင်းဝတ်စုံတွေ မ၀တ်ဘဲ ပြည်တွင်းဖြစ် ရိုးရာထည်တွေကိုပဲ ၀တ်ဆင်ခဲ့တာက မြန်မာပြည်သူတွေအတွက် အားကျစရာ၊ ဂုဏ်ယူ
          Facebook လူမှုကွန်ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်အကြောင်း ပြောဆိုကြတဲ့အခါ သူ့ရဲ့ ၀တ်စားဆင်ယင်မှု အကြောင်းကို အမျိုးသမီးတွေသာမက အမျိုးသားတွေကပါ စိတ်ဝင်တစား ပြောဆိုကြတာကို တွေ့ရပါတယ်။
          တချို့တွေဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၀တ်စားဆင်ယင်ပုံ အမျိုးမျိုးနဲ့ ဓာတ်ပုံတွေကို စုစည်းထားပြီး Facebook ပေါ်မှာ အချင်းချင်းဖြန့်ဝေကြ၊ မြန်မာဆန်တဲ့ ၀တ်စားဆင်ယင်မှုနဲ့ အနောက်တိုင်းဆန်တဲ့
          ဥရောပ ခရီးစဉ်တလျှောက်လုံး မြန်မာအ၀တ်အစားကိုပဲ ၀တ်ခဲ့တာ၊ ဥရောပကိုရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ကို လာတွေ့တဲ့အခါ ကိုယ့်ရိုးရာဝတ်စုံတွေကိုပဲ အများစု ၀တ်ဆင်ခဲ့ကြတာတွေကို ထောက်ပြပြီး
          ဒေါ်အောင်ဆန်းစုကြည်ကြောင့် မြန်မာ့ရိုးရာဝတ်စုံတွေအကြောင်း ကမ္ဘာက ပိုသိသွားရတယ်၊ မြန်မာ
          ဒေါ်အောင်ဆန်းစုကြည်ကြောင့် ဥရောပတိုင်းသားတွေအပေါ် မြန်မာဝတ်စုံဖက်ရှင်တွေ လွှမ်းမိုးမှု ရှိတယ်၊ မရှိဘူးဆိုတာကို သေချာမသိနိုင်ပေမယ့် အိမ်နီးချင်း အာရှနိုင်ငံတွေပေါ်ကိုတော့ လွှမ်းမိုးမှု တစုံတရာ ရှိနေပါတယ်။
          “ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၀တ်စားဆင်ယင်မှုတွေဟာ ကျမကို အင်မတန် လွှမ်းမိုးပါတယ်။ သူနေအိမ်အကျယ်ချုပ်က လွတ်လာပြီးကတည်းက သူဝတ်တာတွေကို ကျမ သတိထားမိပြီး အဲ့ဒီ
          ဂျန်က သူ့မှာ မြန်မာအင်္ကျီတွေနဲ့ မြန်မာဝတ်စုံ ၇ စုံရှိတဲ့အကြောင်း၊ အဲ့ဒီဝတ်စုံလေးတွေကို မြန်မာပြည်ကနေ မှာယူခဲ့တဲ့အကြောင်း၊ ဖက်ရှင်ချစ်သူ အမျိုးသမီးတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာဝတ်စုံ ဖက်ရှင်လေးတွေကို ၀တ်ကြည့်စေချင်ကြောင်း သူက ပြောပြပါတယ်။
          “အဲ့ဒီအင်္ကျီလေးတွေကို စကပ်လေးနဲ့ တွဲဝတ်တယ်။ ထမီနဲ့ ၀မ်းဆက်လေးတွေကိုတော့ အခမ်းအနား၊ ပွဲလမ်းတွေ ရှိတာအခါ ၀တ်တယ်။ ၀တ်စုံလေးတွေက သိပ်လှတယ်။ အရည်အသွေးလည်း သိပ်ကောင်းတာပဲ။ တခါ အခမ်းအနားတခုသွားတော့ ကျမလို မြန်မာထည်လေးတွေဝတ်တဲ့ အမျိုးသမီးတွေကို တွေ့တယ်ရှင့်။ ကျမတို့ စကားပြောဖြစ်တော့ အောင်ဆန်းစုကြည်ဟာ ကျမတို့ လေးစားတဲ့ စံပြအမျိုးသမီး၊ ကျမတို့ရဲ့ ဖက်ရှင် စံပြပုဂ္ဂိုလ် ဖြစ်နေတာကိုး” လို့ ဂျန်က ပြောပါတယ်။
          ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်က ဆရာမတယောက်ဖြစ်တဲ့ ၀မ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၀တ်စုံတွေနဲ့ဆင်တူ ၀တ်စုံတွေ ၀ယ်ထားသလို ဥရောပခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ဝတ်ခဲ့တဲ့ ၀တ်စုံမျိုးကိုလည်း ၀ယ်မယ်လို့ ဆိုပါတယ်။
          “သူဝတ်တာလေးတွေ သဘောကျလွန်းလို့လေ။ ရန်ကုန်က ကျမသူငယ်ချင်းတွေဆီကနေ မှာထားတာ။ သူ ILO မှာ မိန့်ခွန်းပြောတဲ့ အဖြူနဲ့အနက် ၀တ်စုံလေးရယ်၊ နိုဗယ်လ်ဆုယူတုန်းက၀တ်တဲ့ အဖြူပေါ် ခရမ်းရင့်ရောင်အပွင့်ထမီနဲ့ ခရမ်းရင့်အင်္ကျီဝတ်စုံမျိုး လိုချင်လို့ ထပ်မှာထားတယ်” လို့ ဆရာမ ၀မ်က ပြောပြပါတယ်။
          ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမား သမဂ္ဂ (ILO) မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းပြောချိန် ၀တ်ခဲ့တဲ့ ပိုးသားအနက်ရောင်ပေါ် အဖြူနဲ့ မီးခိုးဆေးရေးထမီနဲ့ အဖြူရောင်ပေါ် အနက်ရောင်အနားကွပ်အင်္ကျီ၊ အစိမ်းရောင်ပုဝါနဲ့ ၀တ်စုံ၊ နော်ဝေနိုင်ငံ အော်စလိုမြို့ နိုဗယ်လ်ဆုယူချိန်မှာ
          “ကျမအရင်က မြန်မာဝတ်စုံတွေကို သိပ်စိတ်မ၀င်စားခဲ့ဘူး။ အောင်ဆန်းစုကြည် ILO မှာ မိန့်ခွန်းမပြောခင် ထိုင်စောင့်နေတဲ့ ပုံလေးကို တွေ့လိုက်တော့ မြန်မာဝတ်စုံက တယ်လည်း ကျက်သရေရှိပါလားဆိုပြီး ကျမလည်း အဲ့ဒါမျိုးလေး သိပ်ဝတ်ကြည့်ချင်မိသွားတယ်” လို့ ရန်ကုန်မြို့က ဂျပန် NGO တခုမှာ တာ
          အရွက်စိမ်းစိမ်း၊ သစ်ခွဖြူလွလွတွေနဲ့ ပြည့်နေတဲ့ ပန်းအိုးကြီးရဲ့ရှေ့မှာ အဖြူအနက်ဝတ်စုံ၊ အစိမ်းရောင်
          ပုဝါလေးခြုံပြီး ထိုင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟန်ပန်ဟာ ပန်းပွင့်ဖြူတွေနဲ့ ပနံရလှပြီး သူ့ကိုဖမ်းစားခဲ့ပါတယ်တဲ့။
          ရန်ကုန်မှာ မြန်မာအမျိုးသမီးတွေ တော်တော်များများက ခေတ်ရဲ့သမီးပျိုတွေပီပီ အနောက်တိုင်း
          “စကတ်တို့၊ ဘောင်းဘီတို့ကတော့ ဘယ်နိုင်ငံသွားသွား မြင်နေရတော့ မထူးဆန်းဘူး။ မြန်မာ
          မြန်မာနိုင်ငံက Facebook အသုံးပြုသူတွေကြားထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ် ဓာတ်ပုံတွေအောက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့ကျက်သရေဆောင်ဖြစ်တယ်၊ မြန်မာမိန်းကလေးတွေ မြန်မာဆန်ဆန်ဝတ်သင့်တယ်၊ အတုယူသင့်တယ်လို့ တိုက်တွန်းပြောဆိုရေးသားမှုတွေ ပိုမို ပြုလုပ်လာတာကိုလည်း တွေ့ရပါတယ်။
          “အခုခေတ် မိန်းကလေးတွေ တော်တော်များများက အတိုတွေ၊ အပြတ်တွေဝတ်မှ လှတယ်၊ ခေတ်မီတယ်ထင်ကြတယ်။ ဥရောပကို သွားတယ်ဆိုပေမယ့် ဘိုလို မ၀တ်ဘဲ မြန်မာဆန်ဆန်ဝတ်ဆင်ခဲ့တဲ့ အမေစုရဲ့ ရှေ့ဆောင်လမ်းပြ ၀တ်စားဆင်ယင်ပုံကို ကြည့်ပြီး မြန်မာဝတ်စုံလေးတွေဟာလည်း လှတယ်၊ ခေတ်မီတယ်ဆိုတာ မြန်မာမလေးတွေ သိနားလည်သင့်တယ်။ အတုယူသင့်တယ်” လို့ ရန်ကုန်မြို့က မသန္တာက ပြောပါတယ်။
          Facebook သုံးသူ တယောက်ကလည်း “အမေစုနဲ့ သူ့ရဲ့ဝတ်စားဆင်ယင်မှုကြောင့် မြန်မာကို ကမ္ဘာက ပိုသိသွားပြီ။ ယဉ်ကျေးတဲ့ မြန်မာတွေဆိုပြီး အမေက ရှေ့က ပုံဖော်ပေးနေသလို၊ မြန်မာမလေးတွေကိုလည်း အမေ့လိုပဲ ရိုးရိုးယဉ်ယဉ်နဲ့ ကျက်သရေရှိစေချင်တယ်။ ကမ္ဘာက မြန်မာကိုသိတာထက် မြန်မာနိုင်ငံက မိန်းကလေးတွေ ပိုသိဖို့လိုတယ်” လို့ ရေးသားထားပါတယ်။
          မြန်မာဆန်ဆန် ၀တ်စားဆင်ယင်တာနဲ့ မျိုးချစ်စိတ်ဓာတ်ရှိတယ်လို့ ပြောလို့မရဘူးလို့ ဆိုသူတွေရှိသလို အမျိုးဂုဏ်ဇာတိဂုဏ် ထိန်းသိမ်းတယ်ဆိုတာ ၀တ်စားဆင်ယင်မှုလည်းပါတယ်၊ ဘာပဲဖြစ်ဖြစ် ဒီလိုလေး
          အာရှနိုင်ငံတော်တော်များများက ခေါင်းဆောင်တွေဟာ အခုအချိန်မှာဆိုရင် အများစုက အနောက်တိုင်း
          ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းရေး အားကောင်းတဲ့ အိန္ဒိယနိုင်ငံက ခေါင်းဆောင်တွေကတော့ အမြဲတစေ ရိုးရာဝတ်စုံတွေကို ၀တ်လေ့ရှိတာကို သတိပြုမိမှာပါ။ ဒါတွေနဲ့ပတ်သက်လို့ အိန္ဒိယ နိုင်ငံရေး တက်ကြွသူ လူငယ်တယောက်ဖြစ်တဲ့ အမ်မိခ်ကတော့ ရိုးရာထိန်းသိမ်းတယ်၊ အနေထိုင် သိမ်မွေ့တယ်ဆိုတာထက် နိုင်ငံခေါင်းဆောင်တွေရဲ့ ပြည်သူအပေါ်၊ နိုင်ငံအပေါ် ထားရှိတဲ့ စေတနာနဲ့ သူတို့ရဲ့ အမှန်တကယ် လုပ်ဆောင်မှုတွေက ပိုအရေးကြီးတယ်လို့ ဆိုပါတယ်။
          “ကျနော်တို့ရဲ့ ဂန္ဓီကြီး ပြောဖူးတယ်။ ကိုယ့်ရဲ့ စိတ်ကတော့ တိုင်းတပါးက အလေ့အထတွေကို လေ့လာပါ၊ ဖလှယ်ပါ။ ဒါပေမယ့် ကိုယ့်ရဲ့ခြေထောက်ကိုတော့ ကိုယ့်တိုင်းပြည်ရဲ့ မြေပေါ်မှာပဲ စွဲစွဲမြဲမြဲထားပါ။ ဒါမှ တိုင်းတပါးက လေကြမ်းတွေ တိုက်တဲ့အခါ ကိုယ့်ရဲ့ ကိုယ်ပိုင်တန်ဖိုး လှုပ်ခါယုတ်လျော့မှု မရှိမှာဖြစ်တယ် ဆိုတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့နိုင်ငံအပေါ်ထားတဲ့ သူ့စေတနာကြောင့် နိုင်ငံတကာမှာ သူ့နိုင်ငံကို ကိုယ်စားပြုပြီး တောက်ပနေတော့ သူ့ကြောင့် မြန်မာ့ယဉ်ကျေးမှုက ဂုဏ်ပိုတက်သွားတယ်လို့ ပြောရမှာပါ” လို့ အမ်မိခ် က ပြောပါတယ်။
          ဘန်ကောက်က ထိုင်းအမျိုးသမီး ဂျန် ကတော့ “အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံတခုတည်း အတွက်တင်မကဘူး၊ ကျမတို့ အာရှအမျိုးသမီးထုအတွက် စံပါပဲ။ ၀တ်စားဆင်ယင်မှု၊ ရိုးရာယဉ်ကျေးမှုကို မြတ်နိုးတဲ့စိတ်၊ သူ့တိုင်းပြည်အပေါ်ထားတဲ့ စေတနာနဲ့ အနစ်နာခံမှုတွေကို မြန်မာမိန်းကလေးတွေသာမက အမျိုးသမီးတိုင်း သူ့ကို စံနမူနာယူသင့်တယ်” လို့ ဆိုပါတယ်။
          Ref:burma.irrawaddy.org
          မြန်မာနဲ့ စင်္ကာပူ အကူအညီ
          မြန်မာနိုင်ငံမှာ ကောင်းမွန်တဲ့ စီးပွားရေးအခြေခံနဲ့ ကျွမ်းကျင်တဲ့အလုပ်သမား ပေါ်ထွက်လာဖို့အတွက် အတတ်ပညာပိုင်းမှာ ကူညီဖို့ စင်္ကာပူက သဘောတူလိုက်ပါတယ်။ မကြာမီက သမ္မတဦးသိန်းစိန် စင်္ကာပူကို သွားရောက်စဉ် နားလည်မှုစာချွန်လွှာကို လက်မှတ်ထိုးပါတယ်။ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်း အင်္ဂလိပ်စာ၊ အိုင်တီအတတ်ပညာ စတဲ့ ဘာသာရပ်တွေမှာ စင်္ကာပူက သင်တန်းလုပ်ပေးပါလိမ့်မယ်။ ၂၀၁၄ မှာ အာဆီယံဥက္ကဌ ဖြစ်လာမယ့် မြန်မာအစိုးရရဲ့  အမှုထမ်းတွေကို အာဆီယံလုပ်နည်းလုပ်ထုံး သင်ပေးဖို့လည်း စင်္ကာပူက တာဝန်ယူထားပါတယ်။ အာဆီယံအစည်းအဝေး (၂၅၀) (၃၀၀) လောက် နှစ်စဉ်ကျင်းပနိုင်ဖို့အတွက် ကျွမ်းကျင်သူတွေရှိဖို့ လိုတာကို ဗမာအစိုးရ သဘောပေါက်ပုံရပါတယ်။
          တကယ်တော့ ဗမာစစ်အစိုးရကို အပယ်ခံဘဝကတည်းက စင်္ကာပူက ကူညီနေတာမို့ စင်္ကာပူကို အားကိုနေတာ အနှစ် (၂၀) ကျော်နေပါပြီ။ ၁၉၈၈ လူထုအုံကြွမှုကြောင့် အကျပ်အတည်းဖြစ်နေတဲ့ စစ်အစိုးရကို ပထမဆုံး လက်နက်နဲ့ငွေကြေး ကူညီသူဟာ စင်္ကာပူပါ။ စစ်ခေါင်းဆောင်တွေကို ဆေးဝါးကုသပေးနေတာလည်း စင်္ကာပူပဲ ဖြစ်ပါတယ်။ ဗမာစစ်အုပ်စု အသိုင်းအဝိုင်းရဲ့  ဒေါ်လာငွေမဲတွေကို ထိန်းသိမ်းစောင့်ရှောက်ရာ နေရာအဖြစ်လည်း စင်္ကာပူကဟာ နာမည်ကြီးပါတယ်။
          ၂၀၀၇ နှစ်ဆန်းပိုင်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စင်္ကာပူအစိုးရဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ပြီး မကြာမီ လပိုင်းအတွင်းမှာ ကွယ်လွန်သူဝန်ကြီးချုပ်၊ ဗိုလ်ချုပ်ကြီးစိုးဝင်းလည်း ဒီဆေးရုံမှာပဲ ကုသခဲ့ပါတယ်။ စစ်အုပ်စုအသိုင်းအဝိုင်းရဲ့  သားသမီးမြေးမြစ်တွေဟာ စင်္ကာပူမှာ ပညာသင်ကြပါတယ်။ မသမာငွေကြေးနဲ့ တည်ထောင်ထားတဲ့ Asia World ကုမ္မဏီရဲ့  စင်္ကာပူကစီးပွားနဲ့ စင်္ကာပူအစိုးရရဲ့  မြန်မာပြည်က စီးပွားကို ဖော်ပြဖို့ စင်္ကာပူအစိုးရက အမြဲတမ်းငြင်းဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စင်္ကာပူဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ချီစွန်ယွမ်း မေးမြန်းတာကို စင်္ကာပူအစိုးရက မကျေမနပ်ဖြစ်ပြီး အရေးယူတဲ့အတွက် ၂၀၁၁ အထိ ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ခံရပါတယ်။ မြန်မာပြည်က စင်္ကာပူရင်းနှီးမြှပ်နှံမှု တဝက်လောက်ဟာ ဘိန်းမှောင်ခိုဟောင်း လောစစ်ဟန် တည်ထောင်တဲ့ Asia World ကုမ္မဏီနဲ့ ပတ်သက်နေတယ်လို့ အမေရိကန်အစိုးရ အရာထမ်းဟောင်း Robert Gelberd က ပြောပါတယ်။
          ဒု-ဗိုလ်ချုပ်ကြီးသိန်းစိန် ဝန်ကြီးချုပ်တာဝန် စတင်ထမ်းဆောင်ချိန်မှာ ၂၀၀၇ ပထမ (၆) လပိုင်းမှာ စင်္ကာပူမြန်မာပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန် တိုးပွားလာတယ်လို့ ဆိုနိုင်ပါတယ်။ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ၂၀၀၇ ဧပြီလအစောပိုင်းမှာ မြန်မာပြည်ကိုလာရောက်ပြီးချိန်ကစပြီး စင်္ကာပူအစိုးရဟာ ဗမာဗိုလ်ချုပ်တွေရဲ့  အကြံပေးအဖွဲ့လို ဖြစ်လာပါတယ်။ ခေတ်နောက်ကျနေတဲ့ မြန်မာ၊ ကမ္ဘောဒီယား၊ လာအို နဲ့ ဗိယက်နမ်ကို အတတ်ပညာပိုင်းမှာ ကူညီဖို့အတွက် စင်္ကာပူအစိုးရက ဒေါ်လာသန်း (၃၀) ရင်နှီးပါတယ်။ ဒီအထဲမှာ ဗမာအစိုးရဝန်ထမ်းကို လေ့ကျင့်ပေးတာလည်းပါဝင်ပါတယ်။ ၁၉၉၆ ကတည်းက စင်္ကာပူ အန်ဂျီအိုတွေ ပါဝင်လာခဲ့တာဖြစ်ပြီး စင်္ကာပူ အန်ဂျီအို ကို အစိုးရလက်အောက်ခံလို့ မြန်မာဘက်က မြင်တာကြောင့် လုပ်ရကိုင်ရတာ အဆင်ပြေကြောင်း သိရပါတယ်။
          ဆေးဝါကုသရေး၊ ဘဏ္ဍာရေး၊ စီးပွားရေး နဲ့ နိုင်ငံတကာရေးရာမှာ စင်္ကာပူအစိုးရက ဗမာအစိုးရကို ရင်းရင်းနှီးနှီး အကူအညီပေးသလို ဝေဖန်အကြံပေးတာမျိုးလည်း ရှိပါတယ်။ စစ်အစိုးရ စီးပွားရေး နားမလည်ကြောင်း စင်္ကာပူမင်းဆရာ လီကွမ်ယု က မကြာခဏပြောတတ်ပါတယ်။ ဝန်ကြီးချုပ်အဖြစ် (၁၄) နှစ် လုပ်ခဲ့သူ စင်္ကာပူငွေကြေး အာဏာပိုင်အဖွဲ့ဥက္ကဌ ဂိုချောက်တောင် ၁၀၀၉ ဇွန်လက နေပြည်တော်ကို လာရောက်စဉ်ကလည်း စစ်ခေါင်းဆောင်ပိုင်းကို သတိပေးစကားပြောကြားပါတယ်။ တိုးတက်မှု ဆိတ်သုဉ်းနေရင် စင်္ကာပူအနေနဲ့ ငွေရင်းဆက်လက်မြှပ်နှံဖို့ ခက်ခဲမယ့်အကြောင်း ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကို ကမ္ဘာက အာရုံစိုက်နေတာကိုလည်း လျစ်လျူရှုလို့ မဖြစ်ကြောင်း သတိပေးစကားပြောကြားသွားပါတယ်။ ဗမာအစိုးရရဲ့  အခက်အခဲကိုလည်း စင်္ကာပူအစိုးရက သဘောပေါက်ပုံ ရပါတယ်။
          သဘာဝဓါတ်ငွေ့ရောင်းလို့ရတဲ့ ဒေါ်လာငွေသန်းငါးထောင်ကို ဗမာအစိုးရက စင်္ကာပူဘဏ် (၂) ခုမှာ အပ်နှံထားတယ်လို့ Earth Rights International အဖွဲ့က ၂၀၀၉ က ကြေညာပါတယ်။ စင်္ကာပူအစိုးရ တည်ထောင်ထားတဲ့ DBS (Development Bank of Singapore) နဲ့ OCBC (Overseas Chinese Banking Corporation) မှာ သဘာဝဓါတ်ငွေ့ကရတဲ့ ဒေါ်လာငွေတွေကို အပ်နှံထားတယ်လို့ ထုတ်ဖော်ပါတယ်။
          DBS ဘဏ်ဟာ အရှေ့ တောင်အာရှမှာ ငွေရင်းနှီအများဆုံးဘဏ်ဖြစ်ပြီး မြန်မာနဲ့ ထိုင်းအပါအဝင် နိုင်ငံပေါင်း (၁၅) နိုင်ငံမှာ ဘဏ်ခွဲတွေ ဖွင့်ထားပါတယ်။ အင်ဒိုနီးရှားအာဏာရှင် ဆူဟာတို လက်ထက်မှာ မသမာတဲ့နည်းနဲ့ ရယူထားတဲ့ ဒေါ်လာငွေကို စင်္ကာပူမှာ ရင်းနှီးမြှပ်နှံပြီး စည်းစိမ်ခံနေတဲ့ အင်ဒိုနီးရှားနိုင်ငံသား သန်းကြွယ်သူဌေး (၂) သောင်းနီးပါးဟာ ဒီမိုကရေစီခေတ်ရောက်တော့လည်း စင်္ကာပူမှာ ဇိမ်ခံနေတုန်းပဲလို့ ၂၀၀၆ ခုနှစ်ထုတ် Merrill Lynch ကုမ္မဏီအစီရင်ခံစာမှာ ဖော်ပြပါတယ်။
          မိမိနိုင်ငံမှာ အခွန်မဆောင်ချင်လို့ တိမ်းရှောင်နေတဲ့ အနောက်နိုင်ငံသားသူဌေးတွေ၊ မသမာနည်းနဲ့ ဒေါ်လာတွေရထားလို့ ချမ်းသာနေသူတွေရယ် ပေါင်းလိုက်ရင် စင်္ကာပူမှာ သန်းကြွယ်သူဌေး ငါးသောင်းကျော် ရှိမယ်လို့ ခန့်မှန်းကြပါတယ်။ ငွေမဲကို ခဝါချပြီး တရားဝင်အောင်လုပ်တာကို တားမြစ်တဲ့ဥပဒေ စင်္ကာပူမှာရှိပေမယ့် ငွေမဲကို ဘယ်သူကမှ စုံစမ်းစစ်ဆေးနေတာ မဟုတ်တဲ့အတွက် ဒီ ဥပဒေကို ကျင့်သုံးဖို့ အခွင့်အလမ်း မရှိသလောက် ဖြစ်နေပါတယ်။
          Ref:voaburmese
          Sunday, July 8, 2012
          မြန်မာ့သင်္ဘောကျင်း၊ သင်္ဘောလိုင်း၊ ကွန်တိန်နာဆိပ်ကမ်းတို့အတွက် စံနမူနာ
          Sunday, July 08, 2012 
          ဇော်အောင် (မုံရွာ)
          "---ပြည်ပရောက် မြန်မာအင်အားကို သုံးမယ်ပြောပြီး ပြန်လာမယ့် လူများကိုလည်း နေရာမပေးချင်၊ အထူးသဖြင့် လွှတ်တော်ထဲရောက်လာတဲ့ NLD နဲ့ အတိုက်အခံများကို ဘာမှ လုပ်ခွင့်မပေးဘဲ၊ ထိုင်နားထောင်ခိုင်းထားရင်တော့ နောက် ၁၈ နှစ်ကြာတဲ့အချိန်မှာ ယခု ဗီယက်နမ် လိုပဲ ပျော်ပျော်ပါးပါးပဲ ဆင်းရဲနေဦးမှာဖြစ်ပါကြောင်း---"
          • ဗီယက်နမ်ရောက် မြန်မာပရိုဖက်ရှင်နယ် အင်ဂျင်နီယာ
          ကိုပြေတယောက် ဗီယက်နမ်ကို (၂) ပတ် သင်္ဘောတစင်းမှာ Innert Gas System ကော်မရှင်နင် အလုပ်လုပ်ဖို့ ရောက်လာတယ်။ ဟိုချီမင်း မြို့ကို စင်ကာပူက လေယာဉ်ဆိုက်ပြီး၊ ချက်ချင်း နောက်လေယာဉ်တစီး ဆက်စီးပြီး Da Nanag မြို့ကိုရောက်တယ်။ ဟိုတယ်မှာ တည်းခိုပြီး သင်္ဘောရပ်ထားတဲ့သင်္ဘောကျင်းကို သွားရတယ်။
          သင်္ဘောကျင်းထဲ ၀င်ရတာတော့ လွယ်ပါတယ်။ ဒါပေမဲ့ သင်္ဘောက ရေထဲရပ်ထားတော့ ကရိန်းကြီး၊ ပစ္စည်းသည်တဲ့ ခြင်းတောင်းထဲ လူ (၂၀) လောက် စီးပြီး၊ မော်တော်ဘုတ်ပေါ်ကို လူတွေသယ်ပေးရတယ်။ အသဲတယားယားနဲ့ပါ။ နောက် မော်တော်ဘုတ်ကို ထပ်စီးရတော့ South China Sea က မုန်တိုင်းလေထန်ချိန် ဆိုတော့ စက်လည်ပတ်ရေးအတွက် ဗီနာရှင်း သင်္ဘောကျင်းကို ၁၉၉၆ ပြုပြင်ပြောင်းလဲရေးအစမှာ တည်ထောင်ခဲ့ပါတယ်။ ၃နှစ်ကြာမှ သင်္ဘောကျင်းတည်ဆောက်မှုပြီးစီးခဲ့ပါတယ်။ ဟွန်ဒိုင်း ကိုးရီးယားနဲ့ ဖက်စပ်သင်္ဘောကျင်းလုပ်ငန်းဖြစ်ပါတယ်။ ၂၀၀၁ နောက်ပိုင်းမှာ တနှစ်ကို သင်္ဘောအကြီးစား ၂ စင်းလောက် Docking & Repair လုပ်ငန်းစခဲ့ပြီး၊ သင်္ဘောအသေးများစွာ ပြင်ဆင်ပေးနိုင်ပါတယ်။ ၂၀၁၀မှာတော့ ဗီယက်နမ်ရေနံလုပ်ငန်းလည်း တိုးတက်လာတော့ ရေနံတင်သင်္ဘောကြီးများစွာ၊ ရုရှားနဲ့ဖက်စပ် ရေနံတူးစင်၊ ရေနံတူးတဲ့ သင်္ဘောများစွာ ပြင်ဆင်တဲ့လုပ်ငန်းများ လုပ်နိုင်ခဲ့ပါတယ်။ ဟွန်ဒိုင်း ကိုးရီးယားက ဖက်စပ်လုပ်တယ် ဆိုပေမဲ့ ဗီ ယက်နမ်အစိုးရက လုပ်တဲ့လုပ်ငန်းများမှာ အရှုံးများစွာ ပေါ်ခဲ့ပါတယ်။ ဒါကြောင့် သင်္ဘောကျင်းလုပ်ငန်းတောင် ဒေ၀ါလီခံရမဲ့အခြေအနေ ဖြစ်လာလို့ Patro Vietnam ဆိုတဲ့ ရေနံရောင်းစားတဲ့ အမြတ်ထွက်တဲ့ အစိုးရကုမ္ပဏီက ကျားကန်၊ ၀ယ်ယူပေးရပါတယ်။
          အင်္ဂလိပ်ကုမ္ပဏီ Harmworthy ဆိုတဲ့ ဘွိုင်လာမီးခိုးနဲ့ Inert Gas စနစ်ကို သင်္ဘောအတွက်ဝယ်ပြီး ဗီယက်နမ်တွေပဲ တပ်ဆင်ကြတယ်။ လွန်ခဲ့တဲ့ ၄ နှစ်လောက်က ဗီနာရှင်းသင်္ဘောကျင်းက ဆောက်တဲ့ သင်္ဘောကြီးတစင်း ပရိုဂျက်။ အစိုးရပိုင်သင်္ဘောဆိုတော့ အာဏာပိုင်များ၊ အာဏာပြိုင်နေတာနဲ့ မပြီးနိုင်ဘူး။ စင်ကာပူမှာ ၂ နှစ်နဲ့ပြီးစီးမဲ့ သင်္ဘောဟာ အခု ၆ နှစ်ကြာတဲ့အထိ ဆောက်နေဆဲဖြစ်ပါတယ်။ အခု ၆ နှစ်ကြာမှ ပြီးပြီဆိုတော့ စင်ကာပူ Harmworthy က မြန်မာအင်ဂျင်နီယာ ကိုပြေ တယောက်တည်း Commission လာလုပ်ပါတယ်။ စင်ကာပူ၊ ကိုးရီးယား၊ တရုတ်ပြည်မှာဆို သင်္ဘောတစင်း အမြန်ဆောက်ပြီး၊ ၂ နှစ်အကြာ ကုန်တင်၊ ပြေးနိုင်တော့ နောက် ၃ နှစ်လောက်ဆို အရင်း ကြေသွားလေ့ရှိပါတယ်။ အခုတော့ ၆ နှစ်ကြာလည်း သင်္ဘောကြီးက အိပဲ့၊ အိပဲ့နဲ့ မပြီးနိုင်ဖြစ်နေတယ်။
          ဗီယက်နမ် အလုပ်သမား၊ အင်ဂျင်နီယာတွေ အလုပ် အင်မတန်လုပ်တယ်လို့ ကိုပြေက ပြောပြပါတယ်။ သင်္ဘောပိုင်တာက ဟိုချီမင်းမြို့နားက ဗီနာရှင်းသင်္ဘောကျင်း၊ သင်္ဘောတပ်ဆင်တဲ့နေရာက ဟိုချီမင်းမြို့နဲ့ မိုင် ၄၀၀ ကျော်ဝေးတဲ့ Da Nang ဆိုတဲ့ ဗီယက်နမ်အလယ်ပိုင်း ဆိပ် ကမ်းမြို့။ ကိုပြေကို ကူညီလုပ်ကိုင်ပေးဖို့ သင်္ဘောကျင်းက ဗီယက်နမ်အင်ဂျင်နီယာ ၂ ယောက် ထည့်ပေးတယ်။ အရမ်းအလုပ်လုပ်တယ်ဆိုပဲ။ သင်္ဘောအင်ဂျင်နီယာ၂ ယောက်က အသက် ၃၂ နှစ်၊ ဗီယက်နမ်မှာ တခုတည်းသော ရေကြောင်းသိပ္ပွံတက္ကသိုလ် Maritime University က ဘွဲ့လွန်၊ မာစတာဘွဲ့ပိုင်ရှင် ၂ ယောက်ဖြစ်တယ်။ သူတို့ကိုကူညီဘို့ အသက် ၂၅ နှစ်အရွယ် စက်ပြင်လေးတွေလည်း အရမ်းကြိုးစားပြီး၊ တပ်ဆင်၊ ဖြုတ်တပ်လုပ်ပေးကြပါတယ်။
          နောက်ဆုံးတော့ ဗီယက်နမ်မှာ ၂ နှစ်နဲ့ပြီးရမဲ့ အစိုးရပိုင်ကုမ္ပဏီရဲ့ သင်္ဘောကြီး ၆ နှစ်ကြာအောင် အကြီးကျယ်ရှုံးပြီး လုပ်နေရတာ အလုပ်သ မားတွေ အလုပ် မလုပ်လို့ မဟုတ်တာ သေချာပါတယ်။ ဗဟိုဦးစီးမှု များလွန်းပြီး အာဏာပြိုင်နေကြတော့ ဌာနအချင်းချင်း သူ့စောင့်၊ ငါ့စောင့်နဲ့ ကြာသွားကြောင်း၊ လဘ်စားလို့လား Corruption ကိစ္စကြောင့် ရှုံးသလား မေးစရာရှိပါတယ်။ စားတာတော့ စားမှာပေါ့။ သို့သော် လူတွေ အများကြီး ၀ိုင်းလုပ်တဲ့ သင်္ဘောသစ်ဆောက်တဲ့လုပ်ငန်းမှာ လဘ်စားလို့တော့ သိပ်မလွယ်တော့၊ အာဏာပြမယ်၊ ပစ္စည်းတွေ မလိုလားအပ်ပဲ ၀ယ်မယ်၊ သုံးမယ်၊ ဖြုန်တီးမှုကြောင့်လို့ ပြောရပါမယ်။
          အဲဒီ Da Nang မြို့မှာ ရေနံချက်လုပ်ငန်း၊ စက်ရုံတွေလည်း အများကြီးရှိပါတယ်။ ရေနံတူးလုပ်ငန်းလည်း အများကြီး၊ ဗီယက်နမ် အင်ဂျင်နီ ယာများဟာ လစာငွေ ဒေါ်လာ ၁,၀၀၀ ထက်တော့ ပိုမရကြပါဘူး။ တကယ်အလုပ်လုပ်ဖို့ကျတော့ မလေးရှား၊ စင်ကာပူ၊ ရုရှား၊ ကိုးရီးယား စတဲ့ Equipment Maker တွေကပဲ လာလုပ်သွားကြတယ်။ ဗီယက်နမ်အင်ဂျင်နီယာလေးများက Operation & Maintenance တွေပဲ လုပ် ကြပါတယ်။ ဈေးချိုတဲ့ ပြည်တွင်း အလုပ်သမားတွေကို လွယ်တဲ့နေရာတွေမှာပဲ လုပ်ခိုင်းကြပါတယ်။
          http://www.hyundai-vinashin.com
          • ဖက်စပ်စနစ် Joint Venture
          နိုင်ငံပိုင်စီးပွားရေးများကတော့ ဖက်စပ်လုပ်ငန်းနဲ့ပဲ စတင်ရပါတယ်။ အစိုးရက လူအင်အား၊ မြေနေရာ၊ စွမ်းအင်၊ လေ၊ ရေနဲ့ Facility လုပ် ပိုင်ခွင့်၊ အခွန်လျှော့ပေးခြင်းများကို ပေးမယ် ၅၁ ရာနှုန်း သတ်မှတ်ပြီး၊ နိုင်ငံခြားကုမ္ပဏီက နည်းပညာ၊ စက်ပစ္စည်း၊ ကျွမ်းကျင်သူ၊ စက် အပိုပစ္စည်း၊ ကုန်ကြမ်းအချို့အပြင် အရေးကြီးဆုံးဖြစ်တဲ့ ပစ္စည်းဝယ်မဲ့သူ Marketing များကို တာဝန်ယူကြပါတယ်။ သင်္ဘောကျင်း၊ ရေနံ၊ ဓါတ်ငွေ့လိုအလုပ်မျိုးကတော့ Joint Venture အစိုးရနဲ့ ပေါင်း ပြီး လုပ်ချင်သူပေါပါတယ်။
          ကိုးရီးယား၊ တိုင်ဝမ်၊ စင်ကာပူ သူတို့လည်း သင်္ဘော ကျင်း၊ လျှပ်စစ်ထုတ်လုပ်ရေးတွေမှာ စက်ပစ္စည်းနဲ့ နည်းပညာမတတ်နိုင်လို့ (ငွေရင်းမရှိလို့) ဖက်စပ်နဲ့ စတင်ပါတယ်။ နှစ် ၃၀ ကနေ နှစ် ၉၉ နှစ် အလွန်ဆုံးပါပဲ။ ဟောင်ကောင်ကျွန်းနဲ့ မကာအိုကျွန်းတို့ကို တရုတ်က ဖက်စပ်ပုံစံငှားရမ်းခြင်း ၉၉ နှစ်စာချုပ် မတရားချုပ်ဆိုခံရပါတယ်။
          ဒီလိုပဲ စင်ကာပူက နိုင်ငံခြားအလုပ်သမားများစွာ အလုပ်လုပ်တဲ့ သင်္ဘောကျင်းများ Jurong Shipyard, Keppel Shipyard, Sambawang Shipyard .. ဧရာမသင်္ဘောကျင်းများလည်း ဂျပန်နဲ့ ဖက်စပ် စတင်ရပါတယ်။ နောက် နှစ် ၃၀ ကြာမှ စင်ကာပူအစိုးရ ငွေရှိလာတော့ ဂျပန် ပိုင် ရှယ်ယာများကို ပြန်လည် ၀ယ်ယူလိုက်ပြီး စင်ကာပူပြည်သူများပိုင် Public Listed Company အဖြစ် လုပ်လိုက်ပါတယ်။ အဲဒီအချိန်မှာ ဂျပန်နည်းပညာ အထူးသဖြင့် စီမံခန့်ခွဲမှု Management Technique ကို စင်ကာပူအစိုးရက ရအောင်ယူလိုက်ပါတယ်။ သူများဆီက ပညာရဖို့ဆိုတာ ကိုယ်တိုင်က ပညာအခြေခံ ရှိမှ ဖြစ်တော့ စင်ကာပူအစိုးရက လူငယ်ပညာတတ်များကို ဂျပန်၊ အမေရိကန်၊ အင်္ဂလန်၊ ဂျာ မဏီ၊ ပြင်သစ်၊ နောက်ဆုံး အစ္စရေးအထိ ပညာတော်သင်များ၊ State Scholars များကို နှစ်၂၀ စီမံကိန်းနဲ့ ပြုစုပျိုးထောင်ပါတယ်။
          Human Resource is the Best Investment ဆိုတာ မြန်မာအစိုးရမျိုးတောင် သိပါတယ်။ လက်တွေ့ လုပ်ဖို့ကတော့ မလွယ်လှပါဘူး။ ကိုယ့်လူချည်းပဲ ..ဆိုရှယ်လစ်ပါတီဝင်ချည်း ရုရှားနိုင်ငံကို ပညာသင်စေလွှတ်နေတဲ့ ဗီယက်နမ်လိုနိုင်ငံမျိုး သိပ်မတိုးတတ်တာ မဆန်းလှပါဘူး။
          ဘယ်လိုဖြစ်စေ.. ဖက်စပ်စနစ်ဟာ အနှစ်၂၀ ကျော်သွားရင် နိုင်ငံပိုင်ဖြစ်သွားရပါတယ်။ ဂျပန်၊ ကိုးရီးယားများလည်း အနှစ်၂၀ ငွေရင်းနှီးပြီး၊ အမြတ်များစွာ ရရှိသွားကြတယ်။ တရုတ် ဗီယက်နမ်များလည်း သင်္ဘောကျင်းနဲ့ သင်္ဘော အဟောင်းများကို အပိုင်ရရှိသွားပါတယ်။ Management နည်းစနစ်ကို ဂျပန်၊ ကိုးရီးယားများထံမှာ ရအောင် မယူနိုင်ရင်တော့ လွှဲပြောင်းယူပြီး ကုမ္ပဏီ ဒေ၀ါလီခံရမလို၊ အရှုံးပြသွားတဲ့ ဗီယက်နမ်က ဗီနာရှင်း VINASHIN သင်္ဘောကျင်းလိုမျိုးဖြစ်ရပ်တချို့တလေ အနာဂတ်မြန်မာပြည်မှာ မလွဲမသွေ ပေါ်လာဦးမှာပါ။
          ၂၀၀၀ နောက်ပိုင်းမှာ ဗီယက်နမ်ရဲ့ သင်္ဘောလုပ်ငန်း၊ သင်္ဘောပြင်၊ ရေနံတွင်းလုပ်ငန်း၊ ရေနံချက်လုပ်ငန်းတွေ တိုးတက်လာပေမဲ့ ဖက်စပ်လုပ် ကိုင်ရတော့ အရေးကြီးတဲ့နေရာတွေမှာ နိုင်ငံခြားဖက်စပ်လုပ်တဲ့ကုမ္ပဏီက သူတို့နိုင်ငံက အလုပ်သမားတွေပဲ ခေါ်ပြီး လုပ်စေတယ်။ ဒါမှ မြန် မြန်ကုန်ထုတ်လုပ်နိုင်၊ ရောင်းချနိုင်မှာကိုး၊ အရေးမကြီးတဲ့နေရာတွေတော့ ဗီယက်နမ်တွေကို လုပ်စေတယ်။ ဗီယက်နမ်တွေလုပ်ရင် ဌာန တွေ အချင်းချင်း အာဏာပြိုင်ပြီး၊ ဖြုန်းတီးမှုတွေ ဖြစ်လာကြတယ်။
          နောက်ပိုင်းတော့ နိုင်ငံခြားကုမ္ပဏီများလည်း ဖက်စပ် မလုပ်ကြတော့ဘူး။ သူတို့ပိုင် ၁၀၀% လုပ်ကြတော့တယ်။ အရင်ကလုပ်ခဲ့တာတွေက တော့ ဆက်လုပ်ပေါ့။
          နောက်ဆုံး အနှစ်ချုပ်လိုက်ရင် ဖက်စပ်တွေလည်း သိပ်မရှုံးပါ။ ဗီယက်နမ်တွေချည်းလုပ်တဲ့ ကုန်ထုတ်လုပ်ငန်းတွေ ရှုံးမြဲရှုံးနေပါတယ်။ ဗီယက်နမ်နည်း၊ ဗီယက်နမ်ဟန်နဲ့လုပ်ကြတော့ ဆိုရှယ်လစ်စနစ်ကို Attitude ကို မဖျောက်နိုင်ကြသေးပါ။ နိုင်ငံခြားသား ၁၀၀% ပိုင်တဲ့ စက်ရုံတွေတော့ ဗီယက်နမ်များစွာကို ခန့်ထားနိုင်ပြီး၊ အမြတ်လည်း ထွက်ကြပါတယ်။
          သင်္ဘောလုပ်ငန်းကို ကြည့်ရင် အလွန်အမြတ်ထွက်တဲ့ လုပ်ငန်းဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံမှာ စက်မှု၊ ကုန်ထုတ်လုပ်ငန်းတိုးတက်လာလေ၊ ကုန်သယ်ဖို့ သင်္ဘောလုပ်ငန်းလည်း တိုးတက်လာပါမယ်။ ထို့အတူ ကွန်တိန်နာဆိပ်ကမ်း၊ ကွန်တိန်နာသင်္ဘောတွေလည်း အများကြီးလို လာပြီး၊ ကိုယ့်နိုင်ငံအတွက် ကုန်ပစ္စည်းကို ကိုယ့်နိုင်ငံကုမ္ပဏီရဲ့ သင်္ဘောလိုင်းနဲ့ပဲ သယ်ယူပို့ဆောင်ရင်း စီးပွားရေးလုပ်ငန်းအားလုံး တပြိုင် တည်း တိုးတက်လာကြပါတယ်။
          စင်ကာပူမှာ သင်္ဘောကျင်း ၃ ခုဟာ ကမ္ဘာ့အမြန်ဆုံး သင်္ဘောပြင်၊ သင်္ဘောဆောက်လုပ်ငန်းများဖြစ်ပါတယ်။ ကိုးရီးယား၊ ဂျပန်များကို အ ဆင့်မှီပါတယ်။ ရေနံနဲ့ပတ်သက်တဲ့ သင်္ဘော၊ ရေနံတူးစင်များကို အဆင့်မြင့် ဆောက်နိုင်ပါတယ်။ သင်္ဘောလိုင်း Naptune Oriental Line NOL ကလည်း သင်္ဘောပေါင်းများစွာ ပိုင်ဆိုင်ပြီး အလွန်ကြီးပါတယ်။ သင်္ဘောကျင်းများ၊ သင်္ဘောလိုင်များဟာ ဘီလျံပေါင်းများစွာ တန်ဖိုး ရှိတဲ့ အမြက်အစွန်းကောင်းလှတဲ့ ကုမ္ပဏီများဖြစ်ပါတယ်။
          တရုတ်ပြည် COSCO သင်္ဘောလိုင်းက အနှစ် ၂၀ အတွင်း ကမ္ဘာပေါ် အကြီးဆုံးသင်္ဘောလိုင်းဖြစ်နေပါပြီ။
          မြန်မာပြည်က ကြယ်ငါးပွင့်သင်္ဘောလိုင်း ရှိပါတယ်။ ဟိုးတုန်းက COSCO, NOL တို့ မပေါ်ခင်ကတည်းက ဗြီတိသျှတို့ တည်ထောင်ပေးတဲ့ ပင်လယ်ကူးသင်္ဘောလိုင်းဖြစ်ပါတယ်။ အနှစ် ၄၀ အတွင်း ဘာမှ မတိုးတက်ပါဘူး။
          ဗီယက်နမ်က Vietnam National Shipping Line VINALINE သင်္ဘောလိုင်းကလည်း ၁၅နှစ်အတွင်း ဘီလျှံဒေါ်လာ ကုမ္ပဏီဖြစ်သွားပါတယ်။ နိုင်ငံခြားသားတွေကို ထိပ်ပိုင်းရာထူးတွေ ခန့်ပြီး၊ စီးပွားရေးဆန်ဆန် လုပ်ရင်တော့ တရုတ်ပြည်၊ စင်ကာပူ က သင်္ဘောလိုင်းတွေလို အမြတ်များစွာရမှာဖြစ်ပေမဲ့၊ အခုတော့ ဆိုရှယ်လစ်ပါတီ ထဲက လူတွေအများကြီးခန့်ထားပြီး၊ ကြိုးနီစနစ်နဲ့ ဆိုရှယ်လစ် အာဏာပိုင်တွေပဲ အုပ်ချုပ်နေတော့ တိုးတက်မှုနှေးကွေးပါတယ်။ မြန်မာပြည် က စစ်အစိုးရလက်ထက်တုံးက စစ်ဗိုလ်တွေချည်းပဲ လုပ်ခိုင်းတာထက်တော့ တော်သေးပေမဲ့ ထူးမခြားနားပါပဲ။ ကောင်းတာတခုတော့ လူ အင်အား၊ ပေါများလှတဲ့ ဗီယက်နမ် အလုပ်သမား၊ အင်ဂျင်နီယာ များစွာခန့်ထားနိုင်တာ အမြတ်တခုပါ။
          http://www.vinalines.com.vn/?page=about&show=1&act=0
          မြန်မာ ကြယ်ငါးပွင့်သင်္ဘောလိုင်း ၀က်ဆိုဒ် www.fivestarship.com
          သီလ၀ါဆိပ်ကမ်း Myanmar International Terminals Thilawa (MITT)
          Joint Venture with Hutchison Port Holdings (HPH)
          မြန်မာ့သင်္ဘောကျင်းလုပ်ငန်း http://www.mot.gov.mm NLDအဖွဲ့ကို အခုကတည်းက အာဏာခွဲဝေပေးထားသင့်ပါတယ်။
          သို့မှသာ မြန်မာ့စီးပွားရေးဟာ တောင်ကိုးရီးယားလို တိုးတက်လာမှာပါ။
          မြန်မာပြုပြင်ပြောင်းလဲရေးနဲ့သင့်တော်တဲ့ နမူနာအဖြစ် ဗီယက်နမ် သင်္ဘောဆောက်၊ သင်္ဘော၊ ရေနံတူးလုပ်ငန်းကုမ္ပဏီများအကြောင်း တစိတ်တဒေသ အနည်းငယ်ရေးသား ဝေငှလိုက်ပါတယ်။
          ညွှန်း - မိုးမခ http://moemaka.com/
          ပြည်တွင်းမှာတော့ အခြေခံဖက်စပ်လုပ်ငန်း၊ FDI နိုင်ငံခြားရင်းနှီးမြှုပ်နှံအဖွဲ့၊ ဦးပိုင်အဖွဲ့၊ ကျပ်ငွေကြေးဆိုင်ရာအဖွဲ့၊ စတော့အိတ်ချိန်း ၂၀၁၅ မှာ စတင်ရေး စတဲ့လုပ်ငန်းများအပြင် စီးပွားရေးလုပ်ငန်းများအတွက် အခြေခံ သွင်းကုန်၊ ပို့ကုန် ဥပဒေ၊ ရင်းနှီးမြှုပ်နှံဥပဒေ၊ ငွေကြေး၊ ဘဏ်လုပ်ငန်းဥပဒေ၊ ကုမ္ပဏီဥပဒေ စတဲ့ဥပဒေများကို နိုင်ငံခြားပညာရှင်များနဲ့ ပူပေါင်းရေးဆွဲ၊ ပြဋ္ဌာန်းနေပါပြီ။
          အဲဒီဥပဒေများကို လက်တွေ့အကောင်အထည်ဖေါ်ဖို့အတွက် ပြည်ပရောက်မြန်မာပညာရှင်များကို ခေါ်ဖို့ အရေးတကြီး လိုအပ်နေပါတယ်။ ပြည်ပရောက် မြန်မာအင်အားကို သုံးမယ်ပြောပြီး ပြန်လာမယ့် လူများကိုလည်း နေရာမပေးချင်၊ အထူးသဖြင့် လွှတ်တော်ထဲရောက်လာတဲ့ NLD နဲ့ အတိုက်အခံများကို ဘာမှ လုပ်ခွင့်မပေးဘဲ၊ ထိုင်နားထောင်ခိုင်းထားရင်တော့ နောက် ၁၈ နှစ်ကြာတဲ့အချိန်မှာ ယခု ဗီယက်နမ် လိုပဲ ပျော်ပျော်ပါးပါးပဲ ဆင်းရဲနေဦးမှာဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံကိုမှီဖို့ ဆိုရင် ပြည်ပရောက်မြန်မာအင်အားကို လမ်းဖွင့်ပေးရင်း၊ လွှတ်တော်မှာ လည်း ဒေါ်အောင်ဆန်းစုကြည်တို့
          - Posted using BlogPress from my 4GiPhone
          • မြန်မာသင်္ဘောလုပ်ငန်းများအတွက် နမူနာ
          ဗီယက်နမ်နိုင်ငံအကြောင်း ရေးခြင်းဟာ သူတို့ရဲ့အားနည်းချက်ကို မြန်မာအာဏာပိုင်များ မကျင့်သုံးဖို့၊ အတိုက်အခံများ လွှတ်တော်တွင်း ရောက်ပြီဖြစ်တဲ့အတွက် လုပ်သင့်တဲ့အလုပ်တွေကို ကြံ့ဖွံ့တွေထက် သာအောင်နည်းလမ်းကတော့ ပြည်ပရောက် မြန်မာပညာရှင်များကို NLD များ အင်အားများစွာ ဖြည့်ဆည်းထားဖို့ ဖြစ်ပါတယ်။
          မြန်မာပြည်ပြုပြင်ပြောင်းလဲတဲ့ အခုချိန်ကာလမှာ လုပ်ရမဲ့အလုပ်တွေ အလွန်များလှပါတယ်။ သမ္မတဦးသိန်းစိန်က ပြည်ပရောက် မြန်မာများ ပြန်လာလုပ်ကြဖို့၊ မြန်မာပြည်တွင်းမှာ တတ်ကျွမ်း နားလည်တဲ့ လူအင်အား Human Resources နည်းတဲ့အကြောင်းပြောသော်လည်း၊ လက် တွေ့မှာတော့ အာဏာပိုင်များပဲ၊ သူတို့လူများနဲ့ ဆက်လက် လုပ်နေဆဲဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲမှု အရှိန်အဟုန်ကောင်းနေပေမဲ့ အာဏာ ပိုင်များကလည်း သူတို့ အာဏာမြဲအောင် နည်းမျိုးစုံ ရှာကြံပြီး၊ ရတဲ့အခွင့်အရေးကို ခိုးသားငါးရာ စုပေါင်းပြီး ဘောင်ဝင်အောင် ဗီယက်နမ်ပုံစံ လုပ်ဆောင်နေပါတယ်။
          လုပ်ဆောင်နေတဲ့ စီးပွားရေးလုပ်ငန်းများစွာမှာ လူသိထင်ရှား ကျော်ကြားတဲ့၊ ဓာတ်ငွေ့၊ ကျောက်စိမ်း၊ လျှပ်စစ်၊ ကျွန်းသစ်၊ သားငါးလုပ်ငန်း ..စတဲ့ ပြည်တွင်းကုန်ကြမ်းကို ထုတ်ရောင်းတဲ့အလုပ်ကို အထူးသဖြင့် တရုတ်ကုမ္ပဏီများက ဖက်စပ် (သို့မဟုတ်) အပိုင် လုပ်ကိုင်ကြပါတယ်။ စက်ရုံနဲ့သင်္ဘောကျင်းလို Service Industry ကိုတော့ စင်ကာပူ၊ ထိုင်းနိုင်ငံများက ပူးပေါင်း ဖက်စပ် လုပ်ကိုင်လိုကြပါတယ်။ အနောက် နိုင်ငံများကတော့ တိုက်ရိုက်ဝင်လာတာ သိပ်နည်းပါတယ်။ အရှေ့တောင်အာရှနိုင်ငံများကတဆင့် ရင်းနှီးမြှုပ်နှံကြမှာပါ။
          သင်္ဘောလုပ်ငန်းအကြောင်း မြန်မာပြည်မှာ သင်္ဘောကျင်း၊ သင်္ဘောဆိပ်ကမ်း၊ ကြယ်ငါးပွင့်သင်္ဘောလိုင်း စတဲ့လုပ်ငန်းများ ဖက်စပ်လုပ် ကိုင်ခြင်းတွေစတင်နေတာ နှစ်တော်တော်ကြာပါပြီ။ ထုံးစံအတိုင်း နိုင်ငံခြားကုမ္ပဏီများ အိပ်ထဲနဲနဲရောက်ပြီး၊ စစ်အစိုးရအရာရှိကြီးများ အိပ်ထဲများများရောက်တဲ့ခြစားမှုကြောင့် မအောင်မြင်တာတွေ၊ အခုအစိုးရအသစ်မှာတော့ ပညာနည်းပါးပြီး၊ အာဏာသုံး အုပ်ချုပ်တဲ့ စစ်ခေါင်း ဆောင်များကို ဝေစုပေးပြီး၊ ဖယ်ထုတ်ဖို့ လုပ်နေပါတယ်။
          *** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***
          ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!