Popular Posts!

Wednesday, January 8, 2014

ရန်ကုန်မြို့နယ် ငါးခုရှိ လမ်းဘေးဆိုင်တချို့မှ အစားအစာများတွင် အစာအဆိပ်သင့်စေသော ပိုးများ တွေ့ရှိခဲ့ရဟုဆို

လမ်းဘေးဈေးသည်တစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - ရဲနောင်(ဖယ်ခုံ) 


ရန်ကုန် ၊ဇန်နဝါရီ ၇ ။       ။ ရန်ကုန် တိုင်းဒေသကြီး မြို့နယ်ငါးခုရှိ လမ်းဘေးဆိုင်တချို့မှ အစား အစာ များအား သုတေသနပြု လုပ်ခဲ့ရာ အစာအဆိပ်သင့်စေ သော အဆိပ်ထွက်ပိုးများကို တွေ့ရှိခဲ့ရကြောင်း ဆေးသုတေ  သနဦးစီးဌာန (အောက်မြန်မာ ပြည်)၏ သုတေသနပြုချက်များ အရသိရသည်။

ယင်းသို့သုတေသနပြု လုပ်ခဲ့ရာတွင် မြို့နယ်တစ်ခုမှ အစားအစာနမူနာ၃၀၊ စုစုပေါင်း ၁၅ဝအား စမ်းသပ်ခဲ့ခြင်းဖြစ် ကာ ယင်းလမ်းဘေးဆိုင်များ တွင် ရောင်းချနေသော အစား အစာများတွင် အစာအဆိပ်သင့် စေသော အဆိပ်ထွက်ပိုးများ ဖြစ်သည့် စတက်ဖိုင်လိုကော ကပ်၊ အောရိယပ်နှင့် ဘက်ဆီး လပ်ဆီးရီးယပ်ပိုးများပါ ရှိနေ တတ်ကြောင်းအား ဖော်ထုတ် လိုသည့်ရည်ရွယ်ချက်ဖြင့် သု တေသနပြုခဲ့ ခြင်းဖြစ်ကြောင်း  ဇန်နဝါရီ၆ရက်က အဆိုပါဌာန တွင်ကျင်းပခဲ့သည့် (၄၂)ကြိမ် မြောက် ဆေးသုတေသနညီလာ ခံတွင် ဆေးသုတေသနဦးစီး ဌာန(အောက်မြန်မာပြည်)၊ အ မျိုးသားအဆိပ်ထိန်းချုပ်မှုဌာန၊ ဇီဝအဆိပ်ဗေဒ သုတေသန ဌာနခွဲမှတင် သွင်းသည့် စာတမ်း တစ်ခုတွင် ဖော်ပြထားသည်။

အဆိုပါအစားအစာနမူ နာ ၁၅ဝတွင် ပူတင်း၊ ဆင်းဒ ဝစ်၊ ကြက်အူချောင်း၊ ပေါင်မုန့် ထောပတ်သုတ်၊ ထမင်းကြော်၊ ရေခဲမုန့် အစရှိသည်တို့ပါဝင် ကာ ယင်းတွေ့ရှိချက်အရ အ စာအဆိပ်သင့်စေသည့် အဆိပ် ထွက်ပိုးများအား တွေ့ရှိရခြင်း သည် အစာတစ်ခုကို စတင်သည့် လယ်ယာ၊ မွေးမြူရေးခြံမှသည် စားသုံးသည့်နေရာအထိ ကြား ကာလတစ်လျှောက်တွင် သန့် ရှင်းရေးညံ့ဖျင်းခြင်း အပါအ ဝင် အစားအစာဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အသိပညာ များ ခေါင်းပါးမှု ကြောင့်ဖြစ် ကြောင်း ပါဝင်ပြီး သုတေသန ပြုလုပ်ခဲ့သည့် မြို့နယ်ငါးခုကို မူ ဖော်ပြခဲ့ခြင်းမရှိပေ။

''ဗက်တီးရီးယားပိုးတွေ ကြောင့်ဖြစ်တဲ့ အစာအဆိပ်သင့် ခြင်းက ကာကွယ်လို့ရပါတယ်။ အစားအစာပြင်ဆင်ကိုင်တွယ် သူ၊ ရောင်းချသူနဲ့ စားသုံးသူ တွေကို ကျန်းမာရေးပညာပေး ဖို့ လိုအပ်နေပါတယ်''ဟု ဆေး သုတေသနဦးစီးဌာန (အောက် မြန်မာပြည်)၊ အမျိုးသားအဆိပ် ထိန်းချုပ်မှုဌာန ဇီဝအဆိပ်ဗေဒ သုတေသနဌာနခွဲမှ တာဝန်ရှိ သူက ပြောသည်။ ယင်းသို့ဆောင်ရွက်ရာ တွင် အရေးပေါ်ကုသမှုလုပ်ငန်း များတွင် အစာအဆိပ်သင့်ခြင်း သည် တစ်ခုအပါအဝင်ဖြစ်နေ ကြောင်း လည်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး အ ထွေထွေရောဂါကု ဆရာဝန် ဒေါက်တာအောင်ဆန်းဝင်းက ''အစာအဆိပ်သင့်ပြီဆိုတာနဲ့  မူးတာတို့၊ အန်တာတို့၊ တချို့ ဆို ဝမ်းလျှောတာတို့ဖြစ်တတ် သလို မူးပြီးအန်တဲ့သူတွေကျ တော့ သူတို့မှာ ရေဓာတ်၊ ဆား ဓာတ်ဆုံး ရှုံးမှုဖြစ်ပြီး အသစ်ပြန် လည်မရနိုင်တော့ဘူးဆိုရင် အသက်အန္တရာယ်အထိတောင် ဖြစ်လာနိုင်တယ်''ဟု ပြောသည်။

ယင်းကဲ့သို့ အစားအစာတိုင်း လိုလို ဓာတုပစ္စည်းပါဝင်မှုနှင့် မကင်းလွတ်နိုင်သည်က မရှိ သလောက်ရှားလာကာ သန့် ရှင်းမှုပိုင်းမှာလည်း အားနည်း လာခြင်း၊ ကူးစက်ရောဂါများ လည်း အဖြစ်များလာခြင်းတို့ ဖြစ်လျက်ရှိရာ အစားအစာစား မည်ဆို ပါက အေးနေသော ထမင်း၊ ဟင်းများ စသောအ စားစာများကို စားသောက်ခြင်း မှ ရှောင်ကြည့်ရမည်ဖြစ်ကာ စားမည်ဆိုပါက ပူအောင်နွှေး ခြင်းများပြုလုပ်ပြီးမှသာ စား သင့်သည်ဟု ယင်းကဆက် လက်ပြောသည်။

''ဒီဥစ္စာက သုတေသန ပြောပြချက်မှမဟုတ်ဘူး။ မြန်မာ နိုင်ငံမှာ အစာအဆိပ်သင့်တာ က အများကြီးပဲ။ အဓိကရောင်း သူတွေ Control လုပ်နိုင်ရမယ်။ စေတနာပါပါနဲ့ စားသုံးသူအ ပေါ်လုပ်ပေးရမယ်။ စားသုံးသူ ကလဲ မိမိကိုယ်ကိုယ် Control လုပ်နိုင်ရမယ်။ ဥပမာ ကြက်အူ ချောင်းတို့ ဘာတို့ ထုတ်လုပ်ပိုင်း ကနေပြီး တစ်ဆင့်ပြီးတစ်ဆင့် သတိနဲ့ ကျန်းမာရေးပိုင်းကိုပါ ထိခိုက်မှုမရှိအောင် ထုတ်လုပ် ပေးရမှာဖြစ်တယ်''ဟု ဆီးချို နှင့် အထွေထွေရောဂါကုသမား တော် အဆိပ်သင့် ကုသမှုဌာန ဒေါက်တာရဲမြင့်က ပြောသည်။

ဇင်မျိုးထက်

Yangon Media Group

Ref:thithtoolwin


ငွေလိုရင် ထီမထိုးနဲ့ နံ့သာဖြူပင် စိုက်ပျိုးပါ .... ထီထိုးတာထက် သေချာတယ်


"ရှစ်နှစ်လောက်ကတည်းက တစ်ပင်ကို သုံးသိန်းလောက် တွက်လို့ရတဲ့အတွက် ထီထိုးတာထက် သေချာတယ်"


ငွေလိုရင် ထီမထိုးနဲ့ နံ့သာဖြူပင် စိုက်ပျိုးပါဆိုတဲ့ အကြံပြုချက်လေးနဲ့ ပတ်သက်ပြီး ပြောပြပေးပါ။လူအများကို နံ့သာဖြူစိုက်ပျိုးစေချင်တာပါ။ ၁၉၆၉ ခုနှစ် မှာ ကျောက်ပန်းတာင်း မြို့နယ်၊ မြေကျေးရှင်းစိုက်ပျိုးရေးဌာနမှာ အလုပ်စ၀င်တယ်။ ၁၉၅၆ ခုနှစ်ကတည်းက ပုပ္ပါးတောင်မှာ.....

စစိုက်ထားတယ်။ မြေကျေးရှင်းကနေ တာဝန်ယူပြီး စိုက်ထားတာပါ။ အိန္ဒိယကနေရလာတဲ့ နံ့သာဖြူပင် ပျိုးပင် ၁၉၆ ပင်ကို နှာရောင်ဥယျာဉ်ခြံမှာ စိုက်ခဲ့ပါတယ်။ ၁၉၇၈ ခုနှစ်မှာ နိုင်ငံတော်မှာ စိုက်ပျိုးရေးနဲ့ ပတ်သတ်တဲ့ အကြံပေးအရာရှိ ဦးစုက နံ့သာဖြူပျိုး ပင်ကို စမ်းပြီးစိုက်တယ်။ ဦးတို့လုပ်ခဲ့တဲ့ ၁၀ နှစ်၊ ၁၅ နှစ်လောက်ရှိတဲ့ နံ့သာဖြူက ၁၀ပိဿာ၊ ၁၅ ပိဿာလောက် ထွက်တာ တွေ့ရတယ်။ နံ့သာဖြူ တစ်ပိဿာရဲ့ ကာလ တန်ဖိုးက သုံးသိန်းလောက်ရှိတယ်။ 
နံ့သာဖြူပင်က အပင်ငယ်ငယ်နဲ့တော့ ထုတ်လို့မရဘူး။ အနည်းဆုံး ရှစ်နှစ်လောက်တော့ စောင့်ရတာပေါ့။ ရှစ်နှစ်မှာ တစ်ပိဿာထွက်မယ်ဆိုရင် ကိုးနှစ်မှာ နှစ်ပိဿာ၊ သုံးပိဿာဆိုတော့ သူက နှစ်ကြာလာလေလေ နံ့သာဖြူအနှစ်များလာပြီး တန်ဖိုးများလာလေလေပေါ့။ သူက နှစ်ကြာလေလေ တန်ဖိုးက တက်လာလေဆိုတော့ သူက ချက်ချင်းတော့ ၀င်ငွေမရပေမယ့် ရဖို့ကတော့ သေချာတယ်။ ကာလသတ်မှတ်ချက်တစ်ခု ရှစ်နှစ် ကိုးနှစ်လောက် စောင့်ထားမယ်ဆိုရင် ၀င်ငွေရဖို့ သေချာတယ်။

- နံ့သာဖြူရဲ့ ဈေးကွက်က ဘယ်နေရာတွေမှာ ဖြစ်ထွန်းလဲ။
မြန်မာပြည်မှာတော့ ဘယဆေးဆိုင် တွေမှာ ရောင်းတယ်။ အလေးချိန်နဲ့ရောင်းတာ။ သူက တန်ဖိုးကြီးတဲ့အခါကျတော့ အများကြီးမ၀ယ်နိုင်ဘူး။ တစ်ခါဝယ်ရင် ၁၀ သား၊ ၁၅ ကျပ်သားလောက် ၀ယ်ကြတယ်။ ဒီလောက်ဝယ်ရင်တောင် သူက တော်တော်အသုံးခံတဲ့ပစ္စည်း။ အိန္ဒိယတို့၊ဂျပန်တို့၊ သြစတြေးလျတို့၊ အလယ်ပိုင်းနိုင်ငံတွေဖြစ်တဲ့ အာရပ်နိုင်ငံတွေမှာရေမွှေးမှာ အခြေခံပစ္စည်း အဖြစ်သုံးကြတယ်။ 
သြစတြေးလျမှာဆိုရင်နိုင်ငံခြားဝင်ငွေရတဲ့ သီးနှံတစ်ခုအဖြစ် ထုတ်လုပ်နေတယ်။ သြစတြေးလျမှာ တရားဝင်အစိုးရဈေးက နံ့သာဖြူတစ်တန်ကို သြစတြေးလျ ဒေါ်လာ၁၅,၀၀၀ ရှိတယ်။ မှောင်ခိုဈေးမှာဆို တစ်တန်ကို ဒေါ်လာ နှစ်သန်းခွဲ တန်တယ်။ မြန်မာပြည်အနေနဲ့လည်း ဈေးကွက်ရှိပါတယ်။ အဓိကထွက်ဖို့ပဲလိုတာ။ ထွက်ဖို့ကလည်း စိုက်ဖို့လိုတယ်။ နံ့သာဖြူက အိန္ဒိယ နံ့သာဖြူနဲ့ သြစတြေးလျ နံ့သာဖြူဆိုပြီး နှစ်မျိုးရှိတယ်။ အကောင်းဆုံးကတော့ အိန္ဒိယ နံ့သာဖြူပဲ။ ဒီမှာကတော့ အဆီတစ်အောင်စကို ငွေကျပ် ၁၅,၀၀၀၊ ၂၀,၀၀၀ ရှိတယ်။

- နံ့သာဖြူကို ဘယ်နေရာတွေမှာ အသုံးပြုလို့ရပါသလဲ။
နံ့သာဖြူတို့၊ ကရမက်တို့ဆိုတာ မြန်မာအမျိုးသမီးတွေအတွက်တော့ နေ့စဉ်လိမ်းသင့်တဲ့ပစ္စည်း။ နံ့သာဖြူလိမ်းရင် အပူငြိမ်းတယ်။ သူ့ကိုလိမ်းရင် စိတ်ရွှင်လန်းသွားတယ်။ ပေါ့ပါ့ပါးပါး ဖြစ်သွားတယ်။ နောက်တစ်ခုက ဖျားတယ်၊ နာတယ် အပူများမယ်ဆိုရင် နံ့သာဖြူလိမ်းရင် အပူကျသွားမယ်။ ကလေးတွေ ဒတ်တွေ၊ ၀ဲတွေပေါက်ရင် နံ့သာဖြူသွေးပြီး လိမ်းပေးရင်ပျောက်တယ်။ 
တစ်ကမ္ဘာလုံး အတိုင်းအတာ အရကတော့ အလှကုန်ပစ္စည်းတွေမှာ သုံးတယ်။ အဓိကကတော့ ရေမွှေးတို့၊ အလှ ကုန်ပစ္စည်းတို့ ထုတ်တဲ့အခါမှာ အခြေခံ ပစ္စည်းပေါ့။နံ့သာဖြူအဆီပဲ ဖြစ်ဖြစ်၊ အနှစ်ပဲဖြစ်ဖြစ် ဘယ်လောက်ကြာကြာ အနံ့က ပြယ်မသွားဘူး။ သူ့ရဲ့ အဆီနည်းနည်းလေး ထည့်လိုက်တာနဲ့ အနံ့က လွှမ်းသွားတယ်။ သြစတြေးလျ နံ့သာဖြူကတော့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ နံ့သာကုထုံးတွေမှာ သုံးတယ်။

- ဘယ်လို မြေအမျိုးအစားတွေမှာ စိုက်ပျိုးတာ သင့်တော်ပါသလဲ။
ဒီအပင်က သစ်တောပင်ဖြစ်တဲ့အတွက် မြေသိပ်မရွေးဘူး။ မြေညံ့တဲ့နေရာဆို အနှစ်ပိုကျစ်လစ်တယ်။ မြေကောင်းတဲ့နေရာဆို ဖြစ်ထွန်းတာမြန်တယ်၊ နည်းနည်းပွတယ်။ အဓိကကတော့ စိမ့်စွဲနေတဲ့ နေရာမျိုး၊ ဆပ်ပြာပေါက်တဲ့နေရာမျိုးကလွဲရင် ဖြစ် ထွန်းတယ်။ ကျောက်တောင် ကျောက်ကြားတွေ၊တောင်ကုန်းတွေ ၊ ကျောက်စရစ်မြေတွေမှာလည်း ဖြစ်တယ်။ အဖြစ်နှေးတဲ့အတွက် စိတ်ရှည်အောင် စောင့်ရပေမယ့် ရှစ်နှစ် နောက်ပိုင်းဆို ထွက်မှာသေချာတယ်။ ရှစ်နှစ်လောက်ကတည်းက တစ်ပင်ကို သုံးသိန်းလောက် တွက်လို့ရတဲ့အတွက် ထီထိုးတာထက် သေချာတယ်။ ၁၀ နှစ်၊ ၁၂ နှစ်သားဆို သုံးပိဿာ၊ သုံးပိဿာခွဲ လောက်ကနေ လေးပိဿာ၊ ငါးပိဿာ လောက် ထွက်နိုင်တယ်။

- နံ့သာဖြူကို ဘယ်လိုမျိုး ပြုစုစိုက်ပျိုးရပါသလဲ။
စိုက်ဖို့က ကိုယ့်ခြံစည်းရိုး ပတ်လည်မှာ စိုက်လည်းရတယ်။ စီးပွားဖြစ် စိုက်လည်း ရတယ်။ ကိုယ့်သားသမီးကို အကောင်းဆုံး အမွေပေးချင်တယ်ဆိုရင် သူသုံးနှစ်သားလောက်ကတည်းက စိုက် ထားရင် ၁၀နှစ်၊ ၁၂ နှစ်ရှိတဲ့အခါကျရင် သူ့အတွက် စရိတ်မလိုဘူးပေါ့။ ခက်ခဲတာတစ်ခုက အပင်ကနုတဲ့အတွက် ပထမ တစ်နှစ်မှာ ဂရုစိုက်ပေးဖို့လိုတယ်။ ဂရုစိုက်ရတယ်ဆိုတာက မှိုသတ်ဆေး၊ ပိုးသတ်ဆေးဖျန်းတာတို့ ပေါင်းရှင်းတာတို့ပေါ့။ တစ်ပေခွဲ၊နှစ်ပေ မြင့်သွားပြီဆိုရင်တော့ ဂရုစိုက်စရာ မ လိုတော့ဘူးပေါ့။ သာမန်ထိန်းသိမ်းရုံ နဲ့ ၀င်ငွေရတယ်ပေါ့။ 
တစ်နှစ်လောက် ပြုစုရတယ်ဆိုတာက အပင်ကငယ်တော့ အရွက် ကနုတယ်။ မှိုရောဂါကျတတ်တယ်။ မှိုဆေးကို တစ်လတစ်ကြိမ် ဖျန်းပေးရတယ်။ ပေါင်းမြက်ရှင်း ပေးရတယ်။ အဓိကက တော့ ဒီအပင်ကိုသတ်မယ့် နွယ်ပင်ကြီးတွေ မရှိဖို့လိုတယ်။ တစ်နှစ်ကြာပြီး တစ်ပေခွဲ၊ နှစ်ပေခွဲမြင့်လာတဲ့အခါ၊ အရွက်က ကြီးရင့်လာတဲ့အခါမှာ သူတို့ခံနိုင်ရည်ရှိလာမယ်။ နောက်ပိုင်းကျရင် တစ်လတစ်ကြိမ်လောက်ပဲ ပုံမှန်ပေါင်းရှင်းတာလုပ်ပေးရင် ရတယ်။
မျိုးစေ့ကိုလည်း စိုက်လို့ရတယ်။ ပျိုးပင်ကိုလည်း စိုက်လို့ရတယ်။ နံ့သာဖြူစေ့က မာတော့ အစေ့ကို ရေနှစ်ရက်လောက် စိမ်ရတယ်။ စိမ်ပြီးတော့မှ ပျိုးဘူးထဲမှာလည်း တိုက်ရိုက် စိုက်လို့ ရ တယ်။ ပျိုးဘောင်ထဲမှာ ပျိုးပြီးမှ စိုက်လည်းရတယ်။ မျိုးစေ့ကနေ အပင်ပေါက်ဖို့
က နှစ်လကနေ သုံးလထိ အောင် ကြာတတ်တယ်။ အဲဒီလိုကြာတတ်
တဲ့အတွက် ပျိုးဘူးထဲမှာကျတော့ အပင်ပေါက်ရခက်တယ်။ အဲဒီတော့ ပျိုးဘောင်မှာထောင်ပြီး အပင်ပေါက်တော့မှ ရွှေ့စိုက်ရတယ်။ နံ့သာဖြူက ကပ်ပါးပင်၊ အခြား အပင်ကို မှီခိုပြီးမှ စားသောက်လို့ရတဲ့ အပင်မျိုးပေါ့။ အခြားအပင်ရဲ့ အမြစ်ကို မှီခိုပြီး စားသောက်တယ်။ သူနဲ့ယှဉ်တွဲပြီး အခြားအပင်ကို စိုက်ရတဲ့အခါကျတော့ နံ့သာဖြူပျိုးပင်လေး ရှစ်လက်မလောက် ရှိတဲ့အခါကျမှ အခြားမယ်ဇလီတို့၊ ဘောစကိုင်းတို့ ထည့်ပေးရတယ်။ ပျိုးပင်လေး ရှစ်လက်မလောက်ရှိမှ ထည့်ခိုင်းလဲဆိုတော့ သူ့ရဲ့ကပ်ပါးပင်က သူ့ထက်ကြီးသွားလို့ မရဘူး။ ဒါကြောင့်မို့ နံ့သာဖြူပင်လေး ကြီးသွားမှ မယ်ဇလီစေ့ကို ထည့်လို့ရမယ်။

- နံ့သာဖြူပင်ကို ဘယ်လိုကပ်ပါးပင် အမျိုးအစားတွေနဲ့တွဲပြီး စိုက်ပျိုးသင့်ပါသလဲ။
နံ့သာဖြူနဲ့ယှဉ်တွဲပြီး စိုက်လို့ရတဲ့ ကပ်ပါးပင် အမျိုးပေါင်း ၃၀၀ ကျော်လောက်ရှိပါတယ်။ မယ်ဇလီပင်ကတော့ အသင့်တော်ဆုံးလို့ ပြောပါတယ်။ ရှားတို့၊ ထနောင်းတို့၊ ဘောစကိုင်းတို့လည်း တွဲ စိုက်ကြပါတယ်။
အမျိုးပေါင်းကတော့ တော်တော်များပါတယ်။ မြန်မာနိုင်ငံရဲ့ ဘယ်ဒေသတွေမှာ နံ့သာဖြူ အဓိကစိုက်ပျိုးပါသလဲ။ အစကတော့တို့က ပုပ္ပါးမှာစိုက်တာ နှာရောင် နံ့သာဖြူစန္ဒာကူးတောဆိုပြီး စိုက်ထားတာ။ မင်းဘူးဘက်မှာတော့ စီးပွားဖြစ်စိုက်ကြပါတယ်။ ဦးတို့ကို ဒါကိုစိုက်ထားရုံပေါ့၊ တစ်နှစ်လောက်ပဲ ပြုစုပြီး နောက်ပိုင်းပစ်ထားလို့ရလို့ စိုက်ဖို့တိုက်တွန်းတာပါ။

- နံ့သာဖြူက အတု၊ အစစ်ရှိလား။ အရည်အသွေးကောင်း၊ မကောင်း ဘယ်လိုကြည့်ရမလဲ။
နံ့သာဖြူမှာ အတု၊ အစစ်ရှိတယ်။ နံ့သာဖြူအဆီက တစ်ပေါင်ကို အကြမ်းဖျင်းဈေး ဒေါ်လာ တစ်ထောင်ရှိတယ်။ နံ့သာဖြူရဲ့အဆီနဲ့ မာလကာသားကိုပေါင်းလိုက်တယ်။ အနံ့ကစွဲသွားတယ်။ ချက်ချင်းတော့ သူက နံ့သာဖြူအနံ့ပဲ။ ခဏနေကြည့်တဲ့အခါကျတော့ အနံ့ပြယ်သွားတယ်။ နံ့သာဖြူအနှစ်က
သေးပေမယ့် သိပ်သည်း ကျစ်လစ်တယ်။ လေးတယ်။ ရေထဲမှာပေါ်မနေဘဲ နစ်သွားတယ်။ အသားက အ၀ါရောင်သန်းတယ်။ သူက အရင်းက ပိုရင့်တယ်။ အဖျားပိုင်းက အနှစ်က လျော့သွားတာပေါ့။ အပင်က ၁၅ ပေလောက်ရှိရင် အနှစ်က အခြေကနေ ငါးပေ လောက်အထိရှိတယ်။ နံ့သာဖြူအစစ်က ဘယ်တော့မှ အနံ့မပြယ်ဘူး။

- နံ့သာဖြူပျိုးပင်နဲ့မျိုးစေ့တွေက ရောင်းဈေး ဘယ်လောက်ရှိပါသလဲ။
မျိုးစေ့ကတော့ ကာလအချိန်အလိုက် တစ်ပြည်ကို ကျပ် ၁၀,၀၀၀ ကနေ ၅၀,၀၀၀ အထိရှိတယ်။ ပျိုးပင် အနိမ့်အမြင့်ကိုလိုက်ပြီး ပျိုးပင် တစ်ပင်ကို ကျပ် ၁,၅၀၀၊ ၂၀၀၀ ရှိတယ်။ မျိုးစေ့ထွက်တဲ့အချိန်က ဇူလိုင်လ၊ သြဂုတ်လ၊
စက်တင်ဘာလ။ နံ့သာဖြူပင်က သုံးနှစ်သား၊ လေးနှစ်သားလောက်မှာ အသီးအပွင့် ပွင့်တယ်၊ သီးတယ်။

- နံ့သာဖြူနဲ့ ပတ်သက်ပြီး ဘယ်လိုများ အကြံပြုချင်ပါသလဲ။
အဓိကကတော့ စိုက်ဖို့ပြောချင်တယ်။ အချိန်တစ်ခုတော့ စောင့်ရမယ်။
စောင့်တယ်ဆိုတာကလည်း သေချာတဲ့စောင့်နည်းမျိုး ဖြစ်တယ်။ ဦးတို့ကလည်း အပင်ရဲ့သဘာဝကို သေချာလေ့လာပြီးဖြစ်လို့ စိုက်ဖို့တိုက်တွန်းချင်တယ်။ အခက်ခဲရှိ ရင်လည်း ဦးတို့ဆီကနေ အကြံဉာဏ် တောင်းလို့ရပါတယ်။




Credit @ Ko Nge

Tuesday, January 7, 2014

အပူကန်လည်ချောင်းနာအတွက် ဆေးတစ်ခွက်





*** အပူကန်လည်ချောင်းနာအတွက် ဆေးတစ်ခွက် ***


 ဆောင်းရာသီကဲ့သို့ အေးမြတဲ့ရာသီရောက်လာတဲ့အခါတိုင်း၊ ခန္ဒာကိုယ်တွင်း အပူ ဓာတ်များသူတွေမှာ အပူကန်ထွက်လာပြီး လည်ချောင်းနာလေ့ရှိကြပါတယ်။ အဲဒီလို အပူဓာတ်များသူတွေအဖို့ ခါတိုင်း
ထက်ရေပိုသောက်ပေးရမှာဖြစ်ပြီး၊ 
 ပုံမှန်ရေချိုးနေကျ အတိုင်း တစ်နေ့  ၂-ကြိမ်(သို့ မဟုတ်)အနည်းဆုံး ၁-ကြိမ် နေ့ စဉ်ရေချိုးပေးဖို့ လို ပါ တယ်။ 
 ကိုယ်လက်လှုပ်ရှား များများလုပ်ကာ၊ ကောက်ညှင်းပေါင်းလို ၀မ်းချုပ် စာတွေမ စားဘဲ၊ သင်္ဘောသီး၊ ဌက်ပျောသီးတို့ လိုဝမ်းနူးစာတွေကိုစားပေးသင့်ပါတယ်။ 

 အပူကန်၍ လည်ချောင်းနာတဲ့ဝေဒနာဟာ လည်ချောင်းထဲကို မီးစနဲ့ ထိုးခံရသလို ပူစပ်ပူလောင်ခံစားရပြီး၊ အာသီးရောင်သကဲ့ သို့ တံတွေးမြိုချတဲ့အခါ တိုင်းနာ တဲ့အပြင်၊ လည်ချောင်းထဲက ယား၍ချောင်းဆိုး
တတ်ပြန်တာကြောင့် အင်မတန် ခက်ရခက်တဲ့ ဝေဒနာတစ်မျိုးပါဘဲ။ဒိအတွက် စိတ်ညစ်မနေပါနဲ့ ။
 ဟောဒီ မှာ ဆေးကောင်းတစ်လက်ရှိပါတယ်။ဒီဆေးဖော်စပ်နည်းက လုပ်ရ တာလွယ်ကူ လို့  အထင်မသေးလိုက်ပါနဲ့ .ဘေးထွက်ဆိုးကျိုးမရှိဘဲ ပျောက်ကင်းသက်သာသွားစေမယ့် ဆေးကောင်း တစ်ခွက်ဖြစ်လို့ ပါ။ 


ပြုလုပ်နည်း....


 သဘာဝပျားရည်စစ်စစ်၊ သံပုရာသီး၊ ဂျင်း စတဲ့ ပစ္စည်း ၃-မယ်ရှိရင် ဆေးဖော်စပ် ဖို့  ရပါပြီ။ 
(၁၀၀% သဘာဝပျားရည်စစ်စစ် ကို City Mart ဆိုင်များနဲ့ ဆေးဆိုင်တွေမှာ အလွယ်တကူ ၀ယ်ယူရရှိနိုင်ပါတယ်။ 
 သံပုရာသီး ၁-လုံး ကို အစေ့ဖယ် အရည်မညှစ် ဘဲ ခပ်ပါးပါး အချပ်လေးတွေ လှီးပေးရပါမယ်။ 
(ဂျင်း လက် ၂-ဆစ်ခန့် ကို အ ခွံနွှာပြီးနောက် ခပ်ပါးပါး အချောင်းမျှင်မျှင်လေးတွေရ အောင်လှီးဖြတ်ပါ) စောစော က လှီးဖြတ်ထားတဲ့ သံပုရာသီးအလွှာချပ်လေးတွေနဲ့  ဂျင်းအချောင်းလေးတွေ ကို ခြောက်သွေ့  သန့် ရှင်းတဲ့ ဖန်ပုလင်း လွတ် ၁-လုံး ထဲမှာထဲ့ပြီး၊ ၄င်း တို့ မြုပ်ရုံ ပျားရည်စစ်စစ်ကို အပေါ်ကလောင်း ချပေးပါ။
  ပြီးရင် ဖန်ပုလင်းလေလုံအောင် အဖုံးကို ကျပ်ကျပ်ပိတ်၍ ထိုအရောအနှော ၃-မျိုး ဂျယ်လီပုံစံပြောင်းသွားတဲ့ အထိ ရေခဲသေတ္တာ ထဲမှာ သိမ်းထားရပါမယ်။ 
ဂျယ်လီဖြစ်လာ တဲ့အခါ ၄င်းကိုဇွန်းနဲ့ ခပ်ကာ မတ်ခွက် တစ်ခွက်ထဲပြောင်းထဲ့ပြီး ရေနွေးဆူဆူလောင်းချ၍ ခပ်နွေးနွေးအနေ အထားမှာ စားလို့ ရ ပါပြီ။ ပျားရည်နဲ့ ဓာတ်ပြုထားတာကြောင့် သံပုရာခွံကိုဝါးစား လို့  ရပါတယ်။ 
အဲဒီအချိုးအစားအတိုင်း တစ်နေ့ တစ်ကြိမ်ကျ သောက်ပေးခြင်းဖြင့် ၃-ရက်မျှကြာ တဲ့အခါ အပူကန်လည်ချောင်းနာများ ပျောက်ကင်းသွားပါ လိမ့်မယ်။ (ပုလင်းဖုံး လုံလုံပိတ်ပြီး ရေခဲသေတ္တာထဲ မှာ ၂-လ ၃- လ ကြာတဲ့အထိ သိမ်းထား လည်း ဆေးဓာတ်မပြယ်နိုင်ပါဘူး) (ပေါက်ပေါက်….မျှဝေသည်) (ကိုးကား…..BeautyTips4Her.com

Monday, January 6, 2014

မြန်မာနိုင်ငံတွင် တစ်ရက်လျှင် အမျိုးသမီးနှစ်ဦးခန့် မုဒိမ်းမှု ကျူးလွန်ခံနေရ

ရွှေရည်စောမြင့် | Thursday, 28 November 2013

မြန်မာနိုင်ငံတွင် မုဒိမ်းမှုသည် ဒုတိယဖြစ်ပွားမှု အများဆုံး ရာဇ၀တ်မှုဖြစ်ပြီး တစ်ရက်လျှင်အမျိုးသမီး နှစ်ဦးခန့် မုဒိမ်းမှု ကျုးလွန်ခံနေရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များကိုကိုးကားပြီး မုဒိမ်းမှု ခုခံကာကွယ်ရေး အသင်း၏ တာဝန်ခံ ဦးသာလွန်ဟိန်း က ရန်ကုန်မြို့  YoungWomen's Christian Association ၌ နိုဝင်ဘာလ ၂၄ ရက်နေ့က ကျင်းပခဲ့သည့် မုဒိမ်းမှုကြိုတင်ကာကွယ်နည်း နှီးနှောဖလှယ်ပွဲတွင် ပြောသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ စာရင်းဇယားများအရ လက်ရှိနိုင်ငံအတွင်း ဖြစ်ပေါ်နေသော ရာဇ၀တ်မှုများအနက် လူသတ်မှုမှာ အများဆုံးဖြစ်ကာ မုဒိမ်းမှုသည် ဒုတိယအဖြစ် အများဆုံး ရာဇ၀တ်မှုဖြစ်သည်ဟု ၎င်းက ဆိုသည်။
၂၀၀၃ မှ ၂၀၁၃ ခုနှစ်အထိ ၁၀ နှစ်အတွင်း တစ်နိုင်ငံလုံးတွင် မုဒိမ်းမှု စုစုပေါင်း ၄၀,၀၀၀ ကျော်ရှိပြီး သက်ငယ်မုဒိမ်းမှုသည် ၁,၃၀၀ ကျော် ဖြစ်ခဲ့ပြီး ၁၃ နာရီတွင် အမျိုးသမီး တစ်ဦးခန့် မုဒိမ်းကျင့်ခံနေရသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ခန့်မှန်းတွက်ချက်ထားကြောင်း ကိုသာလွန်ဟိန်းကပြောသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် မုဒိမ်းမှု အဖြစ်အများဆုံးဖြစ်ပြီး ၂၀၁၃ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် စုစုပေါင်း မုဒိမ်းမှု ၉၃ မှု ဖြစ်ခဲ့ကာ အသက် ၁၀ နှစ်အောက် ၇၉ မှု နှင့် အသက်၎ နှစ်နှင့် ၅ နှစ်အကြား ခုနစ်မှု ရှိသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ စာရင်းဇယားများတွင် ဖော်ပြထားသည်။
"များသောအားဖြင့် မြန်မာနိုင်ငံမှာ မုဒိမ်းမှု ကျုးလွန်တဲ့သူတွေကတော့ ရာဇ၀တ်မှုကျုးလွန်ခဲ့ဖူးတဲ့သူ၊ အရက်သေစာ သောက်သုံးတဲ့သူ၊ မူးယစ်ဆေးဝါးသုံးစွဲတဲ့သူတွေ ဖြစ်တယ်ဆိုတာတွေ့ရှိရပါတယ်"ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံတွင် တွေ့မြင်ရသည့် မုဒိမ်းမှုများတွင် အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်းထက် တစ်ဦးချင်းစီကျုးလွန်မှုများဖြစ်ပြီး မုဒိမ်းမှုကျုးလွန်ရန် ကြိုတင်အကွက်ချ စီစဉ်လေ့ရှိကာ မုဒိမ်းမှုနှင့် လူသတ်မှုများမှာ ချိတ်ဆက်မှုရှိကြောင်း ကိုသာလွန်ဟိန်းက ပြောသည်။
မုဒိမ်းမှု ကျူးလွန်မှုများကို ပိုမိုကြားမြင်လာရသည့်အတွက် အရွယ်ရောက်ခါစ မိမိ၏ သမီးငယ်လေးအတွက် စိုးရိမ်မိကြောင်း မုဒိမ်းမှု ကြိုတင်ကာကွယ်နည်း နှီးနှောဖလှယ်ပွဲကို သမီးနှင့်အတူတက်ရောက်လာသည့် လမ်းမတော်မြို့နယ်တွင် နေထိုင်သော ဒေါ်စောကြည်က ပြောသည်။
"သမီးက အခုမှ ဆယ်တန်းအောင်ခါစ အသက် ၁၆ နှစ်ပဲ ရှိသေးတာ။ ကိုယ်ကအမြဲတမ်းလိုက်စောင့်ကြည့်နိုင်တာ မဟုတ်ဘူးလေ။ တစ်ခါတလေ မလွှဲသာလို့ အပြင်လွှတ်လိုက်ရရင်စိုးရိမ်နေရတယ်။ သူ့ကိုလည်း ဗဟုသုတ ရစေချင်လို့ အတူတူလာတက်ဖြစ်တာပါ" ဟု ၎င်းကပြောသည်။
မုဒိမ်းမှုကိုကာကွယ်ရန်အတွက် မြန်မာနိုင်ငံတွင် ဥပဒေပြဋ္ဌာန်းမှုနှင့် ဆောင်ရွက်မှုများတွင်အားနည်းချက်ရှိနေကြောင်းနှင့် အရွယ်ရောက် အမျိုးသမီးငယ်များအတွက် မုဒိမ်းမှုခုခံကာကွယ်ရေးသင်တန်းများ၊ အသိပညာပေး လုပ်ငန်းများကို အစိုးရနှင့် ပြည်တွင်းအမျိုးသမီးအဖွဲ့အစည်းများက ဆောင်ရွက်ရန် လိုအပ်ကြောင်း ကိုသာလွန်ဟိန်းက ပြောသည်။


ရန်ကုန်တိုင်းဒေသကြီး၌ ကိုးလတာကာလအတွင်း မုဒိမ်းမှု ၁၁၄ မှုအပါအ၀င် အမှုပေါင်း ၂၅,၂၉၆ မှု ဖြစ်ပွား

တိုးဝေအောင်   |   Wednesday, 09 October 2013
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုနှစ် ကိုးလတာကာလအတွင်း မုဒိမ်းမှုဖြစ်ပွားမှုနှုန်းမှာ ၁၁၄ မှုဖြစ်ပွားခဲ့ပြီး အမှုပေါင်း ၂၅,၂၉၆ မှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်များအရ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၁ ရက်နေ့ အထိ ဖြစ်ပွားခဲ့သည့် အမှုများတွင် လူသတ်မှု ၉၂ မှု၊ ဓားပြမှု သုံးမှု၊ လုယက်မှု ၂၀ မှု၊ မုဒိမ်းမှု ၁၁၄ မှု၊ ဖောက်ထွင်းမှု ၁၀ မှု တို့ဖြစ်ပွားခဲ့ပြီး တရားစွဲတင်သည့် အမှု ၁၉၉ မှု၊ ပိတ်သိမ်းမှု ငါးမှု နှင့် လက်ကျန် ၃၅ မှုရှိခဲ့သည်။

အခြားအမှုများဖြစ်သည့် ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေး ဥပဒေဖြင့် အရေးယူမှု ၆၁ မှု၊စက်ဘီးခိုးမှု ၁၀ မှု၊ ဆိုင်ကယ်ခိုးမှု ၃၈ မှု၊ ကားခိုးမှု ၄၁ မှု၊ ခါးပိုက်နှိုက်မှု ၆၂ မှု၊ ခိုးမှု(ရိုးရိုး) ၆၁၇ မှု၊ လုယက်ခိုးမှု ၅၁ မှု၊ နာကျင်စေမှု(ရိုးရိုး) ၂,၀၁၅ မှု၊ ယာဉ်ကြောင့် နာကျင်စေမှု ၁,၇၉၉ မှုနှင့် ကျန်အခြားမှု ၅,၀၆၁ မှု တို့ဖြစ်ပွားခဲ့ပြီး တရားစွဲတင်သည့် အမှု ၇,၃၃၉ မှု၊ ပိတ်သိမ်းမှု ၃၃၃ မှု၊ လက်ကျန်အမှု ၂,၀၈၃ မှု ရှိခဲ့သည်။

ကြိုတင်ကာကွယ်မှုများဖြစ်သည့် လောင်းကစားမှု ၇၉၈ မှု၊လက်နက် ပုန်း ၄၇၂ မှု၊ ယစ်မျိုးမှု ၂,၇၅၃ မှု၊ ပြည့်တန်ဆာမှု ၁,၁၀၂ မှု၊ မူးယစ်ဆေးဝါးမှု ၂၁၂ မှု၊ ခြေချုပ်ဖောက်ဖျက်မှု ၃၂၀ မှု၊ ရဲအက် ၇,၄၃၁ မှု၊ ပြစ်မှုဆိုင်ရာကျင့် ထုံးဥပဒေပုဒ်မ ၅၄ အရ အရေးယူမှု ၁,၇၅၅ မှု၊ ဆင်ဆာမဲ့ဗီဒီယိုအခွေ ဖမ်းဆီးအရေးယူမှု ၄၅၉ မှု တို့ကိုအရေးယူခဲ့ပြီး တရားစွဲဆိုတင်ပို့မှု ၁၄,၉၁၈ မှု၊ ပိတ်သိမ်းမှု ၁၂၇ မှု၊ လက်ကျန်မှု ၂၅၇ မှု တို့ရှိခဲ့ကြောင်း သိရသည်။

မိမိပတ်ဝန်းကျင်တွင် ခိုးရာပါပစ္စည်းများနှင့် အစိုးရမှ ပြဋ္ဌာန်းထားသော ပစ္စည်များကို လက်ခံထုခွဲရောင်းချခြင်း၊ ထုခွဲပေးခြင်း၊ ဓားပြ၊လုယက်၊ ဆိုးသွမ်းသူများသတင်း၊ ရပ်ကွက်ကျေးရွာအတွင်းဧည့်စိမ်းများဝင်ရောက်သွားလာမှုအား စောင့်ကြည့်သတင်းပေးခြင်း၊ မိမိတို့ရပ်ကွက်အတွင်း ခိုး၊ ဆိုး၊လုယက်၊ ခါးပိုက်နှိုက်များကို လက်ခံထားသူများ အားကူညီအားပေးသူများသတင်း၊ လက်နက်ကိုင်သောင်းကျန်းသူများ သတင်း၊ လောင်းကစားမှုများသတင်း၊ တရားခံပြေး၊ ရဲဘက်ပြေး၊ စစ်ပြေး၊ရဲပြေးသတင်းများနှင့် လိုင်စင်မဲ့လက် နက်ခဲယမ်းမီးကျောက်များ လက်ဝယ်ထားရှိမှု၊ မူးယစ်ဆေးဝါးသတင်းများ နှင့် ဖောက်ခွဲမှုပြုလုပ်မှုများကို ကြိုတင်သိရှိပါက သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်နှင့်တိုင်းဒေသကြီးရဲတပ်ဖွဲ့များထံ ဆက်သွယ် သတင်းပေးနိုင်ကြောင်း ထုတ်ပြန်ထားသည်။
Ref;Myanmartime

အဲပုဂံ လေယာဉ်ပျက်ကျမှု လေယာဉ်မှူး၏ မှားယွင်း ဆုံးဖြတ်မှုကြောင့်သာဖြစ်ဟုဆို

လေယာဉ်ပျက်ကျ မီးလောင်ကျွမ်းခဲ့ပြီးနောက် မီးငြှိမ်းသတ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ
လေယာဉ်ပျက်ကျ မီးလောင်ကျွမ်းခဲ့ပြီးနောက် မီးငြှိမ်းသတ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ
















၂၀၁၂ ခုနှစ် ခရစ္စမတ်နေ့က ဟဲဟိုး၌ အဲပုဂံလေယာဉ် ပျက်ကျခြင်းမှာ လေယာဉ်မှူး၏ မှားယွင်းဆုံးဖြတ်ချက်ကြောင့်ဖြစ်ကြောင်း စုံစမ်းတွေ့ရှိချက် အစီရင်ခံစာမူကြမ်းတွင် ဖော်ပြထားသည်ဟုဆိုသည်။
အဆိုပါ အစီရင်ခံစာကို ပို့ဆောင် ရေး ၀န်ကြီးဌာနသို့ တင်ပြထားပြီးဖြစ် ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူက အတည်ပြု ပြောကြားသည်။
လေယာဉ်ပျက်ကျမှု အထူးစုံစမ်းစစ် ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ အဖြစ်ဦးဆောင်ခဲ့သည့် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက လူနှစ်ဦးသေဆုံးပြီး ၁၁ ဦးကျော် ဒဏ်ရာရရှိခဲ့သော အဆိုပါ လေယာဉ်ပျက်ကျခြင်း၏ အဓိကအကြောင်းအရင်းမှာ လေယာဉ်မှူး၏ ဆုံဖြတ်ချက် မှားယွင်းမှုကြောင့်သာဖြစ်သည်ဟု အစီအရင်ခံစာ မူကြမ်းတွင် ဖော်ပြထားကြောင်း မြန်မာတိုင်း(မ်)ကိုပြောသည်။
"နောက်ဆုံး အစီရင်ခံစာ မူကြမ်းကို ဒီဇင်ဘာလ ၂၂ ရက်နေ့က ပို့ဆောင်ရေးဝန်ကြီးကို တင်ပြထားပါတယ်။ ဟဲဟိုး အဆင်းမှာ လေယာဉ်မှူးရဲ့ တဒင်္ဂဆုံး ဖြတ်ချက် မှားယွင်းမှုကြောင့်သာဒီမတော်တဆမှု ဖြစ်ပေါ်ရတာပါ။ ဆိုလိုတာေaလယာဉ်မှူးက လိုက်နာရမယ့် အချက်တွေကိုမလိုက်နာလို့ ဖြစ်တာမဟုတ်ပါဘူး။ တောက်လျှောက် သိုမှီးထားတဲ့ လေယာဉ်အချက်အလက်အရ
ခရီးစဉ် တောက်လျှောက် လေယာဉ်မှူးက ပုံမှန်အတိုင်းအေးဆေး မောင်းလာတာပါပဲ။ ဒါပေမဲ့ဟဲဟိုး အဆင်းမှာတော့ သူ့ဆုံးဖြတ်ချက်လွဲသွားတဲ့အတွက် ဒီမတော်တဆမှုဖြစ်ခဲ့တာပါ"ဟု၎င်းက ပြောသည်။
အဲပုဂံမှ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဒါရိုက်တာဖြစ်သူ ဒေါ်ဂရေ့စ်က လေယာဉ်မှူးဦးမောင်မောင်ထွေး၏ လေယာဉ်ပျံသန်းခွင့် လိုင်စင်အား အဆိုပါ မတော်တဆဖြစ်ပြီး ကတည်းကသိမ်းဆည်းထားပြီးဖြစ်ကြောင်းနှင့် ကုမ္ပဏီအနေဖြင့် နောက်ဆုံးထွက်ရှိလာမည့် အစီအရင်ခံစာကိုစောင့်ဆိုင်းနေကြောင်းပြောသည်။
"လေယာဉ်မှူးကိုတော့ အဲဒီကတည်းက လိုင်စင်သိမ်းထားလိုက်ပြီး လေယာဉ်မောင်းနှင်မှု ယာယီရပ်ဆိုင်းထားပါတယ်။ ကျွန်မတို့လည်း နောက်ဆုံး အစီအရင်ခံစာကို စောင့်နေပါတယ်။ အဲဒီအစီအရင်ခံစာက ဖော်ပြချက်အတိုင်းလည်း ဆက်လက်ဆောင်ရွက်သွားမှာပါ"ဟု ၎င်းကပြောသည်။
"ဒီမတော်တဆမှုကို မီဒီယာတွေကော၊ ပြည်သူတွေကပါ စိတ်ဝင်စားကြပါတယ်။ ဘယ်လိုတရားစွဲမလဲ။ ဘယ်လိုလျော်မှာလဲ စသဖြင့်ပေါ့။ ဒါပေမဲ့ ဒီဖြစ်စဉ်ကို နိုင်ငံတကာ လေကြောင်းပို့ဆောင်ရေးအဖွဲ့အစည်း (ICAO) Annex 13 ပြဌာန်းချက်အရ လေ့လာစီရင်ထားတာဖြစ်တဲ့အတွက်လေယာဉ် မတော်တဆ ပျက်ကျရခြင်းကိုပဲ အဓိက ထားပါတယ်။ နောက် ဒီလိုထပ်မဖြစ်အောင်ဘယ်လိုကြိုတင်ပြင်ဆင် ကာကွယ်မလဲဆိုတာကို အကြံပြု ဖော်ပြထားပါတယ်။ လက်ရှိတော့အဲဒီအစီရင်ခံစာကို ၀န်ကြီးဌာနကို တင်ပြထားပြီး မကြာမီဌာနရဲ့ ၀က်ဘ်ဆိုက်မှာ တင်ထားမှာပါ"ဟု ၎င်းကပြောသည်။
လေယာဉ်မှာ ရန်ကုန်-မန္တလေး-ဟဲဟိုး-ရန်ကုန် ခရီးစဉ် အဖြစ်ပျံသန်း ပြေးဆွဲနေသော အဲပုဂံဖော်ကာလေယာဉ် XY-AGC လေယာဉ်အမျိုး အစားဖြစ်သည်။
လေယာဉ်ပေါ်တွင် လေယာဉ်မှူး ဦးမောင်မောင်ထွေး အပါအ၀င် လေယာဉ်အမှုထမ်းပေါင်းခြောက်ဦး၊ နိုင်ငံခြားသား ၄၈ ဦးနှင့် ပြည်တွင်းခရီးသည် ၁၇ ဦး၊ စုစုပေါင်း ၇၁ ဦး စီးနင်းလိုက်ပါလာခဲ့သည်။
လေယာဉ်သည် ဟဲဟိုးလေဆိပ်သို့ တောင်ဘက်မှ မြောက်ဘက်သို့ ချဉ်းကပ်ဆင်းသက်စဉ်ပျက်ကျမီးလောင် ကျွမ်းခဲ့ပြီး လေယာဉ်ပေါ်ပါ ဧည့်လမ်း ညွှန်ဖြစ်သူ မနွယ်လင်းရှိန်နှင့် မြေပြင်ပေါ်တွင် ဆိုင်ကယ် မောင်းနှင်းလာသူ ဦးပြားဆိုသူ သေဆုံးခဲ့သည်။
ထို့ပြင် နိုင်ငံခြားသားအချို့၊ လေယာဉ်မှူး နှစ်ဦး၊ ဧည့်လမ်းညွှန်နှစ်ဦးနှင့် အခြား မော်တော်ဆိုင်ကယ်မောင်းနှင်းလာသူ တစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်။
ထိုလေယာဉ်သည် ၁၉၉၂ ခုနှစ်ထုတ် ဖော်ကာ ၁၀၀ အမျိုးအစား လေယာဉ် ဖြစ်ပြီး BritishMidland International ကုမ္ပဏီမှ ၂၀၀၅ ခုနှစ်တွင် အဲပုဂံ ကုမ္ပဏီက ၀ယ်ယူခဲ့ခြင်းဖြစ်သည်။
လေယာဉ်အသုံးပြုနေသည့် သက်တမ်း နှစ်ပေါင်း ၂၀ ကျော်ရှိပြီဖြစ်သည်။
အဲပုဂံလေကြောင်းလိုင်းအား ထူးထရေးဒင်းကုမ္ပဏီ ဥက္ကဋ္ဌဖြစ်သူ ဦးတေဇက ၂၀၀၄ ခုနှစ်၊နိုဝင်ဘာလတွင် စတင်ထူထောင်ခဲ့သည်။
Ref:myanmartime

အန္တရာယ်ရှိသောအစားအစာ (၁၀) မျိုး

လွင်သန္တာစိုး
အန္တရာယ်ရှိသောအစားအစာ ဆယ်မျိုး


မြေပဲ(သို့) မြေပဲမှုန့် ၊ ပဲသိးအမျိုးမျိုး ၊ ကြီးမားသောပင်လယ်ငါးအမျိုးမျိုး ၊ Bubble Tea ၊ ငါးသေးသေး အမျိုးမျိုး ၊ Salad ။ ဝက်ကျောက်ကပ် ၊ ပုဇွန် ၊ ပြည်ကြီးငါး ၊ ကော်ဖီမှုန့်တို့ဖြစ်ပါတယ် ။

❉ မြေပဲတွင်Aflatoxin ဆိုတဲ့အဆိပ်က သာမန်တွေ့ရှိရတဲ့ဒြပ်ဖြစ်ပါတယ် ။ အဲဒီအဆိပ်က အသည်းကင်ဆာကိုဖြစ်စေတဲ့အဆိပ်ပြင်းတစ်မျိုးဖြစ်တယ် ။ မြေပဲ ၊ မြေပဲယို စားသုံးရာတွင်လည်းအထုးသတိပြုသင့်ပါတယ် ။

❉ ပဲသီးအမျိုးမျိုး ကို အဆက်မပြတ် ဆွတ်ခုးနိင်တာမို့ ပိုးသတ်ဆေးများ လွန်ကဲစွာ ပဲသီးများတွင် ကျန်ရှိနေနိင်ပါတယ် ။ဒါကြောင့်မို့ပဲသီးရဲ့အပြင်ဖက်ကို သေချာ ပွတ်သပ်ဆေးကြောပါ ။ Soda (စား ဆော်ဒါ ကိုရေနှင့်ဖျော်ပြီး ) ရေထဲမှာ ၅မိနစ် စိမ်ထားပါ ။ ရေနိင်နိင်ဆေးခြင်းဖြင့် ပိုးသတ်ဆေး များကိုဖယ်ရှားနိင်ပါတယ် ။

❉ Bubble Tea (Pearl milk tea ) ထဲမှာပါတဲ့ လဖက်ခြောက်ထဲမှာ ပိုးသတ်ဆေးများပါဝင်နိင်တယ် ။ Pearl ကို မပုတ်သိုး မပျက်အောင် ဆေးများထည့်ထားတတ်ပါတယ် ။ ရေခဲတွင် ဗက်တီးရီးယားပိုးများရှိနေတတ်ပြီး လွန်ကဲသောသကြားများပါဝင်တယ် ။ Pearl လုံးတွေကို ကြွပ်တဲ့အရသာရှိအောင် ဆေးများထည့်ထားတာမို့ " ဓာတု ပာင်းရည် " နဲ့ တုတယ် ။

❉ကြီးမားသောပင်လယ်ငါးများ (swordfish, tuna, sharks....etc) တွင် မာကူရီ ဒြပ် ( Mercury ) ပါတာမို့ သတိထားစားသုံးသင့်ပါတယ် ။

❉ငါးအသေးအမျိုးမျိုး (အထုးသဖြင့်) ငါးခြောက်များတွင်လွန်ကဲသောဆားဒြပ်နဲ့ အရောင်းလှဖို့ ချွတ်ဆေးများ ၊ အရောင်တင်ဆိုးဆေး များကို သုံးတတ်တာမို့သတိထားသင့်ပါတယ် ။

❉ Salad ထဲမှာပါဝင်သော ပာင်းသီးပာင်းရွှက်များတွင် Parasites(ကပ်ပါးကောင်) ၊ ပိုးသတ်ဆေး များကျန်ရစ်နေတတ်တာမို့ အစိမ်းစားတာထက် အကျက်စားတာက ပိုသင့်တော်ပါတယ် ။

❉ ၀က်ကျောက်ကပ် စားကြွင်းစားကျန်များကို စားသောဝက်များက အလွယ်တကူ ကျောက်ကပ်ရောဂါ များဖြစ်တတ်တယ် ။

❉ ပုဇွန် ကို ကြွပ်စေဖို့ Borax ( လက်ချား) ဖြင့်စိမ်ထားတာမို့ (မပုတ်သိုးစေတဲ့စွမ်းအားရှိတယ် ။) ကျောက်ကပ်ကိုထိခိုက်နိင်ပါတယ် ။

❉ ပြည်ကြီးငါး ကို မပုတ်သိုး မပျက်အောင် ဆေးစိမ်ထားတတ်မို့ ကျန်းမာရေးကိုထိခိုက်နိင်ပါတယ် ။

❉ မှိုတက်နေသောကော်ဖီစေ့မှာ Ochratoxin ဆိုတဲ့ဒြပ်က အဆိပ်ဖြစ် တာမို့ ကော်ဖီမှုန့် ကြိတ်သောက်မိလျှင် ကျောက်ကပ်ကိုထိခိုက်စေနိင်ပါတယ် ။ ဒါကြောင့်မို့လတ်ဆတ်သောကော်ဖီမှုန့်ကို ဖျော်သောက်သင့်ပါတယ် ။။။။။

ချစ်ခင်လေးစားရသောသူငယ်ချင်းတို့ ~~~

ခေတ်နဲ့အညီ အစားအသောက်တွေကလည်း စားချင်စဖွယ် ၊ စားကောင်းအောင် ချက်ပြုတ်နည်းကလည်းစုံ ။ သဘာဝမပာုတ်သော ပာင်းခတ်အမွေးအကြိုင်များကိုထည့်သုံးတာလည်း ကျင့်သားဖြစ်နေပြီ ။ အငန် အဆီအစိမ့်အချို နည်းနည်းလျှော့လိုက်တာနဲ့ အရသာမရှိတော့ဘုး ၊ စားမကောင်းဘုးဆိုပြီး စိတ်အလိုလိုက်မိတော့ ကျန်းမာရေးကို ထိခိုက်မယ်ဆိုတာ မတွေးမိတော့ဘုး ။ နေထိုင်စားသုံး အလေ့အထ တွေ ခေတ်မှီလာတာနဲ့အမျှ ရောဂါ တွေပေါင်းစုံ ပေါ်ထွက်လာတာကိုတွေ့ရတယ် ။ ရောဂါထဲမှာ အမြဲ ပထမက ကင်ဆာ ပါပဲ ။ လုလတ်ပိုင်းအရွှယ် ဖြစ်တတ်တာက သွေးတိုး နဲ့ဆီချို ==> အခြေအနေဆိုးလျှင် ကျောက်ကပ်ဆေး ရတဲ့ ဝေဒနာရှင်တွေများလာတာကိုတွေ့ရတယ် ။ သွေးတိုးနဲ့ဆီချိုက မျိုးရိုး အလိုက် ဖြစ်နိင်သလို အနေအထိုင် အစားအသောက် နဲ့လည်း ဆိုင်ပါတယ် ။ ဘဝမှာကျန်းမာရေးကအရေးကြီးတာမို့ဂရုစိုက်ပါ ။ သူငယ်ချင်းများအားလုံးကျန်းမာပါစေ ~~~

Jin Li Chao
အိမ်၊ ခြံ၊ မြေ ဂျာနယ်
http://www.facebook.com/lwinthandarsoe



Credit @ Ko Nge

တိုဟူးမာကြို နည်း

တိုဟူးမာကြို နည်း






- ကုလားပဲစိမ်းမှုန့်တဆ ရေ သုံးဆ ရောပြီး အရည်ဖျော်ပါ။ အနည်ထိုင်အောင် အချိန် အနည်းငယ်ထားပါ။
-  အဲ့ဒီနောက်မှာတော့ ပထမ ဦးရည်ကို အရင်ကျိုပါ။
- ပထမ ဦးရည် အနည်းငယ် ပြစ်လာမှ အနည်ရည်ကို ထည့်ကျိုပါ။
- သတိထားရမှာက အဆက်မပြတ်မွှေပေးရန်နှင့် ပြောင်းပြန် လှည့် မမွှေရပါ။
- ထို့နောက်  တအားပြစ်လာပါက တို့ဟူးနွေးကို ဗန်းထဲ ထည့်ပြီး သဘာဝ အပူချိန်မှာ အအေးခံပါ။
- အဲ့ဒီနောက်မှာတော့ လိုသလို လှီးပြီး သုတ်စားနိုင်သလို။ တလက်မ ပတ်လည် အတုံးလေးတွေပေါ်မှာ ဆီချက်လေး ဆမ်းပြီးတော့လဲ စားနိုင်ပါတယ်။ ဒါမှ မဟုတ် လက်ချောင်း အရွယ်အစား ခပ်ထူထူလေး လှီးပြီးတော့လဲ တို့ဟူးကြော် ကြော်စားနိုင်ပါတယ်။

Ref:http://chatgyikitchenn.blogspot.sg/2010/01/blog-post_1083.html?m=1

ကြေးအိုးချက်နည်း

ကြေးအိုးချက်နည်း


(copyright-Zin Zin Snow)

အခုလို အအေးကဲတဲ့ ရာသီဥတု အချိန်အခါမှာ စွပ်ပြုတ်ပူပူ (ဒါမှမဟုတ်) ခေါက်ဆွဲပြုတ်ပူပူကို လူတိုင်း တောင့်တကြပါတယ်။ ပထမဆုံး ပိုစ့်အနေနဲ့ မြန်မာပြည်မှာ ပေါ်ပြူလာ အဖြစ်ဆုံး ခေါက်ဆွဲပြုတ်တမျိုးဖြစ်တဲ့ ကြေးအိုးပြုတ်ကို ဘယ်လိုလုပ်ကြမလဲ ဆိုတာ ဒီဘလောက်ခ့် ကနေ မျှဝေပေးလိုက်ပါတယ်။ လူတွေပြောလေ့ပြောထရှိတာက ကြေးအိုးက ဆိုင်မှာ စားရသလို တူပါ့မလားဆိုတဲ့ စိုးရိမ်မှုပါဘဲ။ စိတ်မပူပါနဲ့။ ဟင်းရည်က အဓိက ကျတာမို့ အခု ပေးထားတဲ့ ချက်နည်းအတိုင်းသာ ချက်ပါ။ တထပ်တည်းမကျရင်တောင် စားရတာ စိတ်တိုင်းတော့ ကျပါမယ်။ အသားလုံးတဲ့ အခါမှာလည်း တရုပ်မဆလာ ကြိုက်ရင် ထည့်ပြီး နှပ်ထားနိုင်ပါတယ်။ အသားလုံးကို ငါးဖယ်ထည့်လုံးနိုင်ရင်တော့ အကောင်းဆုံးပါဘဲ။ ငါးဖယ် ၀ယ်မရနိုင်ခဲ့ရင်တော့ ကော်မှုန့် နိုင်နိုင်လေးနဲ့ လုံးပေးပါ။ အနောက်နိုင်ငံက အသားတွေက ဖွာလန်လန်နဲ့ မြန်မာပြည်က အသားတွေနဲ့တော့ မတူတာ အမှန်ပါ။ ကြေးအိုးပြုတ်ပူပူလေးကို ချက်စားရင်း အေးခဲလှတဲ့ ဆောင်းတွင်းမှာ ခံတွင်းမြိန်လို့ ပျော်ရွှင်နိုင်ကြပါစေ။




ကြေးအိုး ချက်နည်း

၁။ ကြက်ရိုး (သို.မဟုတ်) ၀က်ရိုး
၂၊ အူစုံ ၊ အသည်းစုံ
၃၊ တောက်တောက်စင်းထားသော အသား
၎၊ ငုံးဥ
၅၊ ပဲပြား
၆၊ မုန်ညင်းစိမ်း
ရ၊ ဆန်ပြား၊ ကြာဆံ
၈၊ ဘဲငန်းပျံ ငရုပ်ဆီ
၉၊ ရှာလကာရည်
၁၀။ ငရုပ်သီးစိမ်း
၁၁။ ကြက်သွန်ဖြူ

ဟင်းရည် 

အရိုးကို ရေဆေးပြီး အိုးကြီးကြီးထဲတွင် ရေ ရိုးရိုးနှင့် ထည့်ပြုတ်ပါ၊ ဆား ၊ အချိုမှုန်. သုံးလျှင် အချိုမှုန်. ထည့်လို.ရတယ်၊ ဒါပေမဲ့ ကြက်သားမှုန်. မထည့်ပါနဲ.၊ အရသာကို ပြောင်းသွားနိုင်လို.ပါ၊ နောက်ပြီး သကြားကို ချိန်ဆ ပြီး ထည့်ပါ၊အချို လေးလေး ဖြစ်အောင် ချိန်ဆ ထည့်ပါ၊ အရိုးများ နူး နေသည်အထိ ပြုတ်ပေးပါ၊

သတိပြုရန်မှာ- အထက်ပါ အစာပလာများမှ လွဲပြီး တခြား ကောင်းနိုင်မည် ထင်သည့် အရာများ လျှောက်မထည့်ပါနဲ.။ အထူးသဖြင့်.... ဂျင်း၊ တရုပ်နံနံ လုံးဝ မထည့်ရ။

အသားနှင့် အရွက်များ ပြင်ဆင်ခြင်း
၁၊ တောက်တောက်စင်းထားသော အသားများကို ကော်မှုန်.၊ ဆား၊ အချိုမှုန်.၊ ကြက်ဥ အကာ ( နှမြောလျှင် အနှစ်ပါ ထည့်)၊ တရုပ်ကြက်သွန်မိတ်၊ ငရုပ်ကောင်း တို.နှင့် နယ်ပြီး နှပ်ထားပါ၊

၂၊ မုန်ညင်းစိမ်းကို အရွက်ချွေထားပါ၊

၃၊ အသည်းအမြစ်၊ အူစုံ အသည်းစုံကို ရေစင်စင်ဆေး၊ အနေတော်လှီး ပြီး ဆား၊ အချိုမှုန်.တို.နှင့် နယ်ထားပါ၊ အမျိုးအစား တခု ချင်းဆီကို ရေလဲပြီး တခု ချင်းစီ ပြုတ်ပါ၊ ဗန်းထဲတွင် အသင့်ပြင်ထားပါ၊
( ဟင်းရည် ထဲတွင် အလွယ် ထည့်မပြုတ်ပါနှင့်)

၎၊ ငုံးဥ ကို ပြုတ်၊ အခွံနွာ အသင့်ပြင်ထား

၅၊ ပဲပြားကို လိုသလောက် လွာထားပါ၊

၆၊ ဆန်ပြား နှင့် ကြာဆံ ကို ရေစိမ်ပြီ စစ်ထား၊ ပြီးရင် ဗန်းထဲတွင် ခင်းထားပါ၊

နှမ်းဆီ ငရုပ်ကောင်း ပြင်ဆင်ထားခြင်း

နှမ်းဆီကို ပူအောင် ဒယ်အိုးမှာ တည်၊ ခွက်ထဲမှာ ငရုပ်ကောင်း လှော်ထောင်းကို ထည့်ထား၊ နောက် ဆီပူ လောင်းထည့် ပြီး ပွဲပြင်မည့် နားတွင် အဆင်သင့် ပြင်ထားပါ၊

ပွဲပြင်နည်း
- သီးသန်. လက်ကိုင် အိုးထဲတွင် တပွဲစာ ဟင်းရည်ထည့်၊ ပွက်အောင်တည်၊
တည်နေချိန်တွင် အသားကို လုံးပြီး ထည့်၊
- အူစုံ အသည်းစုံထည့်
- ကြာဆံ (သို.) ဆန်ပြားကို အလိုရှိသလောက်ထည့်ပြုတ်
- ပဲပြားထည့်
- ငုံးဥ ထည့်
- အရွက်စိမ်း နောက်ဆုံးမှ ထည့်
- ပွက်ပွက်ဆူလာလျှင် အသား ကျတ်မကျတ် ချိန်ဆ ပြီးမှ ပန်းကန်ထဲကို လောင်းထည့်ပါ
- ပြီးရင် နှမ်းဆီ ငရုပ်ကောင်း (သို.) ငရုပ်ကောင်း လှော်ထောင်းကို လိုသလောက်ထည့်ပြီး စားပါ

အချဉ်ရည် ပြင်ဆင်နည်း
ငရုပ်သီး စိမ်း ကို ပါးပါးလှီး
ရှာလကာရည် ၃ ဇွန်း
သကြားတဇွန်း
ဆားအနည်းငယ်
ငံပြာရည် အနည်း ငယ် နှင့် ရေအနည်းငယ် ထည့် ( ရေကျတ်အေး)
အားလုံးကို ထည့်မွေ၊ ပြီးလျှင် အချဉ် နဲ. အပေါ့ကို မြည်း၊ လိုတာ ထပ်ထည့်

ငရုပ်ဆီ နှင့် တွဲပြီ ကြေးအိုးကို စား.......

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!