Popular Posts!

Thursday, May 10, 2018

Where is the time? - Jane Zhan 页 张靓颖《时间都去哪儿了

...


页 张靓颖《时间都去哪儿了》歌词介绍 时间都去哪儿了 (Live) - 张靓颖


制作人:张靓颖


门前老树长新芽 院里枯木又开花

半生存了好多话 藏进了满头白发

记忆中的小脚丫 肉嘟嘟的小嘴巴

一生把爱交给他 只为那一声爸妈

时间都去哪了

还没好好感受年轻就老了

生儿养女一辈子

满脑子都是孩子哭了笑了

时间都去哪了

还没好好看看你眼睛就花了

柴米油盐半辈子

转眼就只剩下满脸的皱纹了

Will you still love me when I'm no longer young and beautiful

Will you still love me when I got nothing but my aching soul

I know you will I know you will

I know that you will

Will you still love me when I'm no longer beautiful

门前老树长新芽 院里枯木又开花

半生存了好多话 藏进了满头白发

记忆中的小脚丫 肉嘟嘟的小嘴巴

一生把爱交给他 只为那一声爸妈

Will you still love me when I'm no longer young and beautiful

Will you still love me when I got nothing but my aching soul

All that grace all that body

All that face makes me wanna party

He's my sun

He makes me shine like diamonds

时间都去哪儿了

Will you still love me when I'm no longer young and beautiful

时间都去哪儿了

Will you still love me when I got nothing but my aching soul

I know you will I know you will

I know that you will

Will you still love me when I'm no longer beautiful

时间都去哪儿了

Will you still love me when I'm no longer beautiful

Will you still love me when I'm no longer beautiful


Zhang Qiying, Where Did You Go? Where is the time? (Live) - Jane Zhang


Producer: Jane Zhang


Old tree sprouts in front of door

Half alive, many words hidden in full gray hair

The little feet in memory The meaty little mouth

Give love to him for life, just for that mom and dad.

Where's the time

Not enjoyed young age good enough before turning old

Have children forever

The brain is full of children crying and laughing

Where's the time

Not taking a good look at your eyes

Daily life half my life

In the blink of an eye, there are only wrinkles on the face.

Will you still love me when I'm no longer young and beautiful

Will you still love me when I got nothing but my aching soul

I know you will I know you will

I know that you will

Will you still love me when I'm no longer beautiful

Old tree sprouts in front of door

Half alive, many words hidden in full gray hair

The little feet in memory The meaty little mouth

Give love to him for life, just for that mom and dad.

Will you still love me when I'm no longer young and beautiful

Will you still love me when I got nothing but my aching soul

All that grace all that body

All that face makes me wanna party

He's my sun

He makes me shine like diamonds

where did all the time go

Will you still love me when I'm no longer young and beautiful

where did all the time go

Will you still love me when I got nothing but my aching soul

I know you will I know you will

I know that you will

Will you still love me when I'm no longer beautiful

where did all the time go

Will you still love me when I'm no longer beautiful

Will you still love me when I'm no longer beautiful

Wednesday, May 9, 2018

Li Yujun~ Rain Butterfly 李翊君~ 雨蝶



李翊君
雨蝶
作词:许常德/琼瑶
作曲:张宇
爱到心破碎也别去怪谁 只因为相遇太美
就算流干泪 伤到底 心成灰也无所谓
我破茧成蝶愿和你双飞 最怕你会一去不回
虽然爱过我 给过我 想过我就是安慰
我向你飞 雨温柔的坠 像你的拥抱把我包围
我向你飞 多远都不累 虽然旅途中有过痛和泪
我向你追 风温柔的吹 只要你无怨我也无悔
爱是那么美 我心陶醉 被爱的感觉
爱到心破碎也别去怪谁 只因为相遇太美
就算流干泪 伤到底 心成灰也无所谓
我破茧成蝶愿和你双飞 最怕你会一去不回
虽然爱过我 给过我 想过我就是安慰
我向你飞 雨温柔的坠 像你的拥抱把我包围
我向你飞 多远都不累 虽然旅途中有过痛和泪
我向你追 风温柔的吹 只要你无怨我也无悔
爱是那么美 我心陶醉 被爱的感觉
我向你飞 雨温柔的坠 像你的拥抱把我包围
我向你飞 多远都不累 虽然旅途中有过痛和泪
我向你追 风温柔的吹 只要你无怨我也无悔
爱是那么美 我心陶醉 被爱的感觉




Li YujunRain ButterflyLyrics: Xu Changde / Qiong YaoComposer: Zhang YuDon't blame anyone who loves to break the heart. It's because the encounter is so beautiful.Even if the tears flow in the end, it does not matterI would like to fly into a butterfly and fly with you. I'm afraid you will never go backAlthough I loved me, I thought about it.I flew to you. The gentle rain fell like you hug meHow far I fly to you is not tired although there are pains and tears during the journeyI chase you with gentle breeze as long as you have no grudges and I have no regretsLove is so beautiful my heart is intoxicatedDon't blame anyone who loves to break the heart. It's because the encounter is so beautiful.Even if the tears flow in the end, it does not matterI would like to fly into a butterfly and fly with you. I'm afraid you will never go backAlthough I loved me, I thought about it.I flew to you. The gentle rain fell like you hug meHow far I fly to you is not tired although there are pains and tears during the journeyI chase you with gentle breeze as long as you have no grudges and I have no regretsLove is so beautiful my heart is intoxicatedI flew to you. The gentle rain fell like you hug meHow far I fly to you is not tired although there are pains and tears during the journeyI chase you with gentle breeze as long as you have no grudges and I have no regretsLove is so beautiful my heart is intoxicated




For my mother😘

ကောင်းကင်​ကဘယ်​​လောက်​ပဲးကြီးကြီးအ​မေ့ရဲ့အချစ်​ကိုမမှီနိုင်​ပါဘူး

Tuesday, April 10, 2018

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေသခံပြည်သူများ စကားဝိုင်း (PEACE TALK) တိုက်ရိုက် ထုတ်လွှင့်မှု (ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ ၁၀-၄-၂၀၁၈ ရက်နေ့)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေသခံပြည်သူများ စကားဝိုင်း (PEACE TALK) တိုက်ရိုက် ထုတ်လွှင့်မှု
(ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ ၁၀-၄-၂၀၁၈ ရက်နေ့)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေသခံပြည်သူများ စကားဝိုင်း (PEACE TALK) တိုက်ရိုက် ထုတ်လွှင့်မှု
(ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ ၁၀-၄-၂၀၁၈ ရက်နေ့)

တရုတ်ပြည်မှာ ခေတ်စားနေတဲ့ ယူနန်ပြည်ထဲရှိ Dai/Tai (ရှမ်း) လူမျိုးတို့ရဲ့ ရိုးရာသင်္ကြန် တေးသီချင်း

သင်္ကြန်လဲ နီးလာပြီတော့ အခုတလော တရုတ်ပြည်မှာ ခေတ်စားနေတဲ့ ယူနန်ပြည်ထဲရှိ Dai/Tai (ရှမ်း) လူမျိုးတို့ရဲ့ ရိုးရာသင်္ကြန် တေးသီချင်းကို တင်ပေးလိုက်ပါတယ်။
ကမ်းမာ ဆိုတာကတော့ ယူနန်ပြည်နယ်၊ တဲ့ဟုန်ခရိုင်ထဲက ရှမ်းလူမျိုးစု အများဆုံးနေထိုင်ရာ နေရာဖြစ်ပါတယ်။
တရုတ်ပြည်မှာ ရှမ်းလူမျိုးစု ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ စစ့်ဆောင်ပန်းနားနဲ့ တဲ့ဟုန်ခရိုင်တွေမှာ မြန်မာနိုင်ငံနည်းတူ ရှမ်းရိုးရာ သင်္ကြန်ပွဲတော်များကို ကျင်းပပေးလေ့ ရှိပါတယ်။
#李如清(天下第一)

မြန်မာပြည်အတွက် နိုင်ငံတကာကုန်သွယ်မှုနှင့် စီးပွားတိုးတက်ရေးဖြစ်တန်ချေများ






ပြီးခဲ့တဲ့ ကြာသပတေးနေ့(၁၅မတ်၂၀၁၈) ကြေးမုံသတင်းစာမှာ ပါတဲ့ ကုန်သွယ်မှု နဲ့ ပါတ်သတ်တဲ့ ဆောင်းပါးလိုလို သတင်းလိုလိုကနေ စိတ်ဝင်စားလို့ ကောက်နှုတ်ထားတာပါ။

မြန်မာ့ကုန်သွယ်မှုဟာ ယခုနှစ်မှာ အချုပ်အားဖြင့် ယခင်နှစ်ထက် ပို့ကုန် ၂ဘီလီယံကျော် ပိုမိုတင်ပို့နိုင်ပြီး သွင်းကုန်လည်း ၂ဘီလီယံကျော် ပိုသွင်းခဲ့ပါတယ်တဲ့။ စုစုပေါင်းကုန်သွယ်မှု ပမာဏက ၄ဘီလီယံကျော်တက်လာပါတယ်။ ဒါပေမယ့်လည်း လျှောက်လှမ်းစရာ လမ်းကတော့ အများကြီးကို လိုနေသေးတာမို့ ကြိုးစားရမယ့် ကိစ္စလေးတွေကိုလည်း တွေးကြည့်မိပါတယ်။ 

ကျနော်တို့ မြန်မာပြည်လို နှစ်ပေါင်း ၆၀ကျော်လောက် ကမ္ဘာ့ဈေးကွက်နဲ့ ကုန်သွယ်မှုအဆက်ဖြတ်ပြီး ကိုယ့်ကုန်ပစ္စည်းတွေကလည်း ဈေးကွက်မှာ နေရာပျောက်နေဆဲ တိုင်းပြည်အနေနဲ့ တိုင်းပြည်တိုးတက်ဖို့ စီးပွားရေးကောင်းမွန်ဖို့ နဲ့ အစိုးရဝင်ငွေတွေ ပိုမိုရလာအောင် လုပ်ရမည့် အဓိက လုပ်ငန်းတွေဟာ ကုန်သွယ်မှုတိုးတက်ရေး၊ အထူးသဖြင့် ပို့ကုန်တိုးတက်ရေး နဲ့ သွင်းကုန်တွေကို ပြည်တွင်းမှာ ပိုမိုထုတ်လုပ်လာနိုင်ပြီး သွင်းကုန်အစားထိုး ထုတ်လုပ်နိုင်ရေးဖြစ်ပါတယ်။ အဲဒီလို ပို့ကုန်ထုတ်လုပ်မှု နဲ့ သွင်းကုန်အစားထိုး ထုတ်လုပ်မှု လုပ်ငန်းတွေ တိုးတက်များပြား လာမှုကနေ အလုပ်အကိုင်အသစ်တွေ ပိုဖန်တီးလာနိုင်ပြီး လူတွေ အလုပ်အကိုင်အသစ်တွေ ပိုမိုရလာနိုင်ပါမယ်။ ရလာတဲ့ အလုပ်အကိုင်တွေကနေ လူအများအတွက် ခိုင်မာတဲ့ ဝင်ငွေတွေက တဆင့် ပြည်တွင်းဈေးကွက်စားသုံးမှု ပိုကြီးလာပြီး စီးပွားအခွင့်အလမ်းတွေ အလုပ်အကိုင်တွေ ထပ်မံပွားများလာစေဖို့ ဖြစ်ပါတယ်။ ဒီကိစ္စလေးက အလွန်ရိုးစင်းတဲ့ အခြေခံယူဆချက်ပါ။ ဒါကို သေချာကျနစွာနားလည်ပြီး ထိရောက်မှန်ကန်စွာ လုပ်ကိုင်တတ်ဖို့ အကောင်အထည်ဖော်တတ်ဖို့တော့ လိုပါတယ်။ 

အစိုးရအဖွဲ့တွေဟာ ဒီအချက်ကို အကောင်အထည်ဖော်ကြပေမယ့် လက်တွေ့မှာ မထိရောက်တာနဲ့ သုံးသပ်စဉ်းစားချက်တွေ လွဲမှားတာတွေကြောင့်လည်း တကယ်တမ်း ရလာဒ်မှာ ဘာမှဖြစ်မလာပဲ ကိုယ်ကျိုးရှာသူများရဲ့ လှည့်စားခြင်းခံရတာတွေလည်း ရှိတတ်ကြပါတယ်။ ဆန်းစစ်သုံးသပ်နိုင်ဖို့အတွက် မှန်ကန်စွာ ရှုမြင်နိုင်ရေးနဲ့ ကိုယ့်တိုင်းပြည်ရဲ့ ယှဉ်ပြိုင်နိုင်စွမ်းမှာ အားသာချက် ( Competitive Advantages ) ကို တကယ်မရှိတဲ့ အားသာချက်ကို တကယ်ရှိတယ်လို့ယူဆပြီး တိမ်မြုပ်နေတဲ့ အားသာချက်တွေကို မဖော်ထုတ်ပဲ အလွယ်တကူလိုက်နေကြရင်လည်း တိုးတက်လာဖို့ ခက်နေပြီး စာရွက်တွေ စီမံကိန်းတွေ ကြားထဲမှာပဲ ရှုပ်ထွေးပြီး တလည်လည်ဖြစ်နေတတ်ပါတယ်။

အခု မြန်မာပြည်ရဲ့ ၂၀၁၇-၁၈ ကုန်သွယ်မှု ကိန်းဂဏန်းတွေကို ကြည့်ကြရအောင်ပါ။ ကုန်သွယ်မှု ကိန်းဂဏန်းတွေ ကို အကြမ်းဖျဉ်းပဲ ဖော်ပြထားတော့ ဖော်ပြထားသလောက်လေးကိုပဲ အောက်မှာ မှတ်စုထုတ်လိုက်ပါတယ်။

ကုန်သွယ်မှုကာလ - ဧပြီ ၂၀၁၇ - မတ်(၂) ၂၀၁၈
ပို့ကုန်တန်ဖိုး - ဒေါ်လာ ၁၃ဘီလီယံကျော်
သွင်းကုန်တန်ဖိုး - ဒေါ်လာ ၁၇ဘီလီယံ ( ၁၆.၉၇၅ဘီလီယံ )

မှတ်ချက်။ ။ယခင်နှစ်ကာလတူထက် လေးဘီလီယံကျော်ပိုမို ( သွင်းကုန် ၂ဘီလီယံ + ပို့ကုန် ၂ဘီလီယံ )

ပို့ကုန်
လယ်ယာထွက်ကုန်ပစ္စည်း - ၂၇၈၄သန်း 
ပဲမျိုးစုံ - ၈၀၇သန်း
ဆန်နှင့် ဆန်ကွဲ - ၁၀၃၅သန်း
ရော်ဘာ - ၁၇၉သန်း
သစ်သီးဝလံမျိုးစုံ - ၁၆၉သန်း
ပြောင်း - ၂၇၂သန်း
သဘာဝဓါတ်ငွေ့ - ၃၀၀၀သန်းကျော်
အထည်ချုပ် CMP - ၂၃၃၂သန်း
ရေထွက်ပစ္စည်း - ၆၃၄သန်း
တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း - ၄၄သန်း
သတ္တုတွင်းထွက် ပစ္စည်း - ၁၄၁၄သန်း
သတ္တုနှင့်သတ္တုရိုင်း - ၆၁၄သန်း
ကျောက်စိမ်း - ၄၃၉သန်း

သွင်းကုန်
လုပ်ငန်းသုံးကုန်ကြမ်းနှင့်ရေနံထွက်ပစ္စည်း - ၃၂၉၅ သန်း 
ပလတ်စတစ်ကုန်ကြမ်းပစ္စည်း - ၅၆၈ သန်း
ဓါတ်မြေသြဇာ - ၂၉၅ သန်း
ဓာတုဗေဒချည်ခင် - ၂၃၉ သန်း
မော်တော်ယာဉ်နှင့် ယာဉ်အပိုပစ္စည်း - ၁၄၄၅ သန်း
စက်ပစ္စည်း(ရင်းနှီးမြုပ်နှံမှု) - ၁၁၂၁ သန်း
သံ နှင့် သံမဏိဆောက်လုပ်ရေးပစ္စည်း - ၆၅၅ သန်း
တယ်လီဖုန်း နှင့် ဆက်သွယ်ရေးပစ္စည်း - ၃၉၄ သန်း
ဆေးဝါးပစ္စည်း - ၄၈၃ သန်း

ဒီအချက်အလက်တွေဟာ ကုန်သွယ်မှုပမာဏ အားလုံးကို ဖော်ပြထားတာ မဟုတ်ပေမယ့်လည်း အသုံးဝင်တဲ့ သတင်းအချက်အလက်တွေဖြစ်ပါတယ်။ မူဝါဒချမှတ်မယ့် အစိုးရအဖွဲ့တွေ ဆိုရင်တော့ အချက်အလက်အပြည့်အစုံကို ရပြီး ပိုကောင်းတဲ့ ဆန်းစစ်မှုတွေကို လုပ်ဖို့တတ်နိုင်ပါလိမ့်မယ်

ဒီ ကုန်သွယ်မှုအချက်အလက်တွေဟာ တစ်နည်းအားဖြင့် တိုင်းပြည်စီးပွားရေးအတွက် တွက်ချက်ဆန်းစစ်ဖို့ မှန်ကန်တဲ့ သက်သေတွေလည်းဖြစ်ပါတယ်။ သို့သော်လည်း ဒီနေရာမှာ သွင်းကုန် နဲ့ ပို့ကုန် တန်ဖိုးလျှော့ပြထားမှုတွေ(under valued invoice)နဲ့ စာရင်းမဝင်တဲ့ လမ်းကြောင်းတွေက ကုန်သွယ်မှုပမာဏတွေကိုလည်း ခန့်မှန်းတွက်ချက်ဖို့တော့ လိုပါသေးတယ်။

အခု တွေ့မြင်ရသလောက် အချက်အလက်တွေအရဆိုရင် သွင်းကုန်တွေထဲမှာ အများဆုံးက ရေနံထွက်ပစ္စည်းအုပ်စုက ၃.၃ဘီလီယံနဲ့ ဖြစ်နေပါတယ်။ ၁၆.၉ဘီလီယံထဲက အခြားကုန်ပစ္စည်းအုပ်စုများမှာ ဘာတွေ ဘယ်လိုရှိသေးလဲတော့ မသိဘူး။ မော်တော်ကားဝယ်စီးတာက ၁.၅ဘီလီယံလောက်ဖြစ်နေတယ်။ ဒါတောင် အဟောင်းလေးတွေပဲ ဝယ်စီးလို့။ အသစ်တွေသာ ဝယ်စီးရတော့မယ်ဆိုရင် ပိုကုန်လာဦးမယ်။ 

ရေနံထွက် ပစ္စည်းတွေထဲမှာ ဓါတ်ဆီ ဒီဇယ်ဆီ အပြင် ကုန်ကြမ်းပစ္စည်းတွေလည်း အများအပြားပါနေပါတယ်။ ဒီ သွင်းကုန်ကို အစားထိုးရေးအတွက် အစိုးရမှာ အစီအစဉ်လုပ်ဖို့ လိုပါတယ်။ စွမ်းအင်မူဝါဒ မှာ ဒီကိစ္စလည်းပါသင့်တယ်။ အခုအခြေအနေအရဆိုရင် ပြည်တွင်း ရေနံစိမ်းထွက်ရှိတာကနေ ချက်တဲ့ စက်သုံးဆီတွေဟာ 70Ron လောက်ပဲ ရှိနေတာကို 92Ron အဖြစ်ဘာလို့မထုတ်နိုင်ကြတာလဲ။ 

လက်ရှိပြည်တွင်းမှာ ထွက်နေတဲ့ ရေနံစိမ်း ချက်နေတဲ့ ရေနံချက်စက်ရုံများကို အဆင့်မြှင့်တင်ရေး အပြင်၊ အရှေ့အလယ်ပိုင်းက သွင်းလာတဲ့ ပိုက်လိုင်းကနေ မြန်မာပြည်အတွက် သုံးစွဲခွင့်ရတဲ့ ဝေစု ရေနံစိမ်းကနေပြီး ထပ်မံချက်လုပ်ကာ ရေနံထွက်ပစ္စည်းများကို ထုတ်လုပ်နိုင်မည့် ရေနံချက်စက်ရုံအသစ်ကို မြန်မာပြည်အလယ်ပိုင်းတစ်ဝိုက်မှာအသစ်တည်ဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။ ဒါဟာ သွင်းကုန်အစားထိုးအပြင် တချိန်မှာ တရုပ်ပြည်ရဲ့ ယူနန်နယ်နဲ့ အိန္ဒိယ အာသံ မဏိပူရတို့ ကိုပါ ရေနံဓါတုပစ္စည်းတွေ တင်ပို့နိုင်မယ့် အလားအလာရှိပါတယ်။ 

ဒီလို စီမံကိန်းကို အစိုးရကနေ လမ်းကြောင်းချပေးပြီး ပြည်တွင်းက စွမ်းဆောင်ရည်ရှိသော စီမံခန့်ခွဲသူတွေ၊ လုပ်ကိုင်နိုင်မယ့်သူတွေကို တိုက်တွန်းလုပ်ကိုင်ခိုင်းတာ၊ အကောင်အထည်ဖို့ ကမကထပြုပေးတာတွေ နဲ့ ဦးဆောင်ပေးသင့်ပါတယ်။ ဒီလို စီးပွားရေးလုပ်ငန်းကြီးတွေ အကောင်အထည်ဖော်ဖို့ အရင်းအနှီးလိုအပ်ချက်တွေကို ချေးငွေ ထုတ်ချေးချင်နေတဲ့ နိုင်ငံတကာဘဏ်ကြီးတွေက အတော်စိတ်ဝင်တစားရှိနေကြပါတယ်။ ပြည်တွင်းကို ငွေကြေးအရင်းအနှီးတွေ စိမ့်ဝင်လာဖို့ နိုင်ငံခြားဘဏ်များနဲ့ မြန်မာပြည်က စီးပွားရေးလုပ်ငန်းကြီးများက စီမံလုပ်ကိုင်နိုင်စွမ်းမြင့်လာဖို့လည်း လိုပါတယ်။ မြန်မာအစိုးရကနောက်ခံပေးတဲ့ သေချာတဲ့ လုပ်ငန်းစီမံချက်ရှိရင် ချေးချင်နေတဲ့ ဘဏ်တွေ ဆိုတာ စကာင်္ပူဘဏ်တွေက စလို့ ဟောင်ကောင် ဂျပန်ဘဏ်တွေ အဆုံးပါ။ ဒီလိုပုံစံမျိုးနဲ့ ရေနံနဲ့ဓါတုဗေဒစက်ရုံကြီးတွေ ဖြစ်လာနိုင်ရင် သွင်းကုန်ပမာဏအတော်များများကို အစားထိုးနိုင်ပါလိမ့်မယ်။ 

ဒါက အလွယ်တကူ တွေးမိတဲ့ ဥပမာလေးတစ်ခုပါ။ အခြားတွက်ဆလုပ်ကိုင်စရာ အချက်တွေ အများကြီးရှိပါသေးတယ်။ ဥပမာ ဆေးဝါးစက်ရုံတွေအတွက် GMP ကို ကြပ်မတ်ပေးနိုင်ဖို့ ပြည်တွင်းထုတ်လုပ်နိုင်ဖို့တွေလိုမျိုး နဲ့ အခြားလူသုံးကုန်ပစ္စည်းတွေ ကို ပြည်တွင်းမှာ အစားထိုးထုတ်နိုင်ဖို့ ယှဉ်ပြိုင်နိုင်စွမ်းတွေ ဖြည့်တင်းပေးနိုင်ဖို့ အစိုးရကနေ လုပ်ဆောင်ပေးရန် ကြိုးစားရမှာဖြစ်ပါတယ်။

ပို့ကုန်ကဏ္ဍမှာဆိုရင်လည်း အရင်နှစ်တွေက အများဆုံးဖြစ်တဲ့ ပဲမျိုးစုံဟာ အဓိကတင်ပို့ရာ ဈေးကွက်က ဝယ်ယူမှု ပျက်လို့ သန်း၈၀၀ကျော်ပဲ ရပါတယ်။ ဒါပေမယ့်လည်း ဆန်ကတော့ ၁ဘီလီယံအထိ တက်လာပါတယ်။ ၂၀၀၅ခုနှစ်လောက်တုန်းက ဆန်ကနေ ဝင်ငွေ သန်း၃၀၀မကျော်တဲ့ အနေအထားကနေ ဆန်တင်ပို့မှု တိုးတက်လာတာ အားရစရာပါ။ ဒီထက် တိုးတက်နိုင်မယ့် အနေအထားတွေ အများကြီးရှိပါသေးတယ်။ ဒါပေမယ့်လည်း အခု ဆန်စပါးကုန်သွယ်မှုသဘောတူညီချက်ဟာ ၂၀၁၅မတိုင်ခင်က ထိုးတားတဲ့ သဘောတူညီချက်ဖြစ်ပြီး ၂၀၁၈မှာ သဘောတူညီချက်ကို အသစ်ပြန်ချုပ်ဆိုရမယ်လို့လည်း ကြားမိပါတယ်။ 

စိုက်ပျိုးရေးကဏ္ဍရဲ့ အခြားပို့ကုန်တစ်မျိုးဖြစ်တဲ့ သစ်သီးဝလံပို့ကုန်ဈေးကွက်ကို ဒီထက်တိုးတက်လာအောင်လည်း ကြိုးစားဖို့ရယ် ဈေးကွက်ရှာနိုင်ဖို့ရယ်ကို အစိုးရအနေနဲ့ လုပ်ဆောင်ပေးနိုင်စေရပါမယ်။ သစ်သီးဝလံစိုက်ပျိုးနယ်မြေတွေနဲ့ ကုန်သွယ်မှုဆိပ်ကမ်းနေရာတွေကို ချိတ်ဆက်ပေးမယ့် လမ်းတွေ ကုန်တင်ပို့နိုင်မယ့်နည်းလမ်းတွေကို လည်း ပို့ဆောင်ရေးမဟာဗျူဟာအဖြစ် ချမှတ်တည်ဆောက်ပေးနိုင်ဖို့လိုပါတယ်။ အဲဒါဆိုရင် သစ်သီးဝလံအပြင် နောက်ထပ် စိုက်ပျိုးရေးထွက်ကုန်ဖြစ်တဲ့ ဟင်းသီးဟင်းရွက်တွေကိုပါ ကမ္ဘာ့ဈေးကွက်ကို တင်ပို့လာနိုင်ဖို့ ပို့ကုန်အသစ်အဖြစ် ဖန်တီးလာနိုင်ပါလိမ့်မယ်။ 

ပြောင်းတင်ပို့မှုကိုလည်း တရုပ်ပြည်ဈေးကွက် ကို တရားဝင် ကုန်သွယ်မှုသဘောတူညီချက် ချုပ်ဆိုပြီး နယ်စပ်ကရော ပင်လယ်လမ်းကြောင်းကပါ တင်ပို့နိုင်ခွင့်ကို ရအောင်ယူနိုင်ဖို့ လိုမယ်ထင်ပါတယ်။ ပြောင်းဆန် တင်ပို့ရမယ့် အခြားသောဈေးကွက် အသစ်တွေကိုလည်း ရှာဖို့လိုပါလိမ့်မယ်။

အခြားပို့ကုန်အမယ်တစ်ခုဖြစ်တဲ့ တိရိစ္ဆာန်နှင့် တိရိစ္ဆာန်ထွက်ပစ္စည်းများ တင်ပို့မှုကိုလည်း ဆန်းစစ်သုံးသပ်ဖို့လိုပါတယ်။ တိရိစ္ဆာန်အရှင်တွေ ပို့နေတာထက် အသားတွေအဖြစ်ပို့ခွင့်ရဖို့ကို ရေရှည်မှာ ဖြစ်လာအောင်ဖန်တီးရင် မြန်မာပြည်ရဲ့ မွေးမြူထုတ်လုပ်ရေးကဏ္ဍမှာလည်း အလုပ်အကိုင်တွေ ဖွံဖြိုးပြီး ပို့ကုန်ဝင်ငွေ ပိုတိုးတက်လာနိုင်ပါတယ်။ မွေးမြူရေးနဲ့ အစားအစာထုတ်လုပ်ရေး လုပ်ငန်းကြီးဟာ ဥရောပမှာ supply chain ကြီးတစ်ခုအနေနဲ့ စိုက်ပျိုးရေးကိုပါ တိုးတက်အောင် ဆွဲခေါ်နိုင်တဲ့ လုပ်ငန်းကြီးဖြစ်ပါတယ်။

လက်ခစားအထည်ချုပ်အနေနဲ့ တန်ဖိုး ၂.၃ဘီလီယံကို ပြန်ပို့နိုင်တာလည်း မှတ်သားစရာပါ။ ဒီထက် ဈေးကွက်ဝေစုပိုရလာမယ်၊ အလုပ်သမားဥပဒေ ခိုင်ခိုင်မာမာနဲ့ အလုပ်ရှင် နဲ့ အလုပ်သမားကြားက ကိစ္စတွေကို ရှင်းလင်းနေအောင် သတ်မှတ်ထားပေးနိုင်မယ် တိတိကျကျ ကိုင်တွယ်ပေးနိုင်မယ်ဆိုရင်လည်း ထုတ်လုပ်နိုင်စွမ်းအား ပိုတက်လာမယ်ထင်ပါတယ်။ 

အထည်ချုပ်နဲ့ စက်ဆပ်တဲ့ အထည်အလိပ်စက်မှုလုပ်ငန်းအတွက်လည်း ဝါဂွမ်းကို အခုထက်ပိုမို စိုက်ပျိုးပြီး ဝါဂွမ်းဈေးကွက် တည်ငြိမ်ဖို့နဲ့ ဝါဂွမ်းအခြေခံစက်မှုလုပ်ငန်း အထည်အလိပ်စက်မှုလုပ်ငန်းတွေ ပြည်တွင်းမှာ ထွန်းကားလာဖို့ စီမံချက်ရှိသင့်ပါတယ်။ မြန်မာပြည်ဟာ ၁၉၃၀-၄၀ ဝန်းကျင်က ဝါဂွမ်းစိုက်ပျိုးမှု များပြားတဲ့တိုင်းပြည်တစ်ပြည်ဖြစ်မယ်ထင်ပါတယ်။ ကျနော်သေသေချာချာသိတဲ့ Nichimen Corporation (၂၀၀၄ မှာ အခုလက်ရှိ နာမည်ကိုပြောင်းသွားတဲ့) အဲဒီအချိန်တုန်းက ဂျပန်မှာ နံပါတ် ၁၀အတွင်းဝင်တဲ့ လုပ်ငန်းကြီးဟာ ၁၉၂၀လောက်ကတည်းက မြန်မာပြည်မှာ ရုံးခွဲဖွင့်ခဲ့ပြီး၊ ဂျပန်ခေတ်အတွင်းမှာ မြန်မာပြည်မှာ ဝါဂွမ်းဝယ်တာ နွားထိုးကြီးလိုမြို့မှာတောင် ရုံးခွဲဖွင့်ပြီး ဝယ်ခဲ့ပါတယ်တဲ့။ အဲဒီ ကော်ပိုရေးရှင်းက ဂျပန်ခေတ်အတွင်းမှာ မြန်မာပြည်အနှံ့ရုံးခွဲတွေဖွင့်ခဲ့ပြီး ကုန်သွယ်ခဲ့တာ၊ စစ်သားမဟုတ်တဲ့ သူ့ဝန်ထမ်း ၁၄၀ကျော် သေခဲ့ရလောက်အောင်အထိ မြန်မာပြည်မှာ ဝါဂွမ်းနဲ့ အခြားစီးပွားရေးတွေကို အကြီးအကျယ်လုပ်ခဲ့ပါတယ်တဲ့။ ဝါဂွမ်းနဲ့အတူ ရေနံဓါတုစက်ရုံကနေ ဓါတုချည်မျှင်တွေ ထုတ်လုပ်နိုင်ရင် ပြည်တွင်းမှာ အထည်အလိပ်ကုန်ထုတ်လုပ်ငန်း ထွန်းကားလာနိုင်ပါတယ်။

ပြောခဲ့တာတွေက အကြမ်းဖျဉ်းသုံးသပ်ချက်တွေ လို့ဆိုတဲ့အတိုင်း ဖြစ်တန်ချေတွေနဲ့ အသေးစိတ်အစီအစဉ်တွေကို သေချာ ဆန်းစစ် စဉ်းစားရေးဆွဲနိုင်ဖို့ အများကြီးလိုပါလိမ့်မယ်။

အဓိကအချက်ကတော့ ကုန်သွယ်ရေး လိုငွေပြတယ်ဆိုတာ မြန်မာပြည်လို ဆင်းရဲတဲ့တိုင်းပြည်အတွက် မကောင်းတဲ့ လက္ခဏာပါ။ ဒီအပြင်မှာလည်း ကုန်သွယ်မှုပမာဏ က သေးငယ်နည်းပါးလွန်းနေတာလည်း စီးပွားရေး လုပ်ငန်းများ အရွယ်အစား သေးငယ်ပြီး အလုပ်အကိုင်အခွင့်အလမ်းကို နည်းပါးစေနေတာမို့ ကုန်သွယ်မှု ပမာဏ တိုးမြှင့်နိုင်ရေး ကို အပြင်းအထန်ကြိုးစားကြဖို့ အချက်အလက်များ ကိန်းဂဏန်များကို အခြေခံပြီး စဉ်းစားကြဖို့ ဥပမာအနေနဲ့ သုံးသပ်ပြတာပါ။ 

အထူးအားဖြင့် မြန်မာပြည်က စီးပွားရေးသမားတွေ စီးပွားရေးသမားကြီးတွေ လုပ်ငန်းရှင်ကြီးဆိုသူ အများစုကြီးဟာ စီးပွားရေးဆိုရင် ပြည်တွင်းက အစိုးရ အသုံးစားရိတ်ကနေ လျှံကျလာမှာတွေကိုပဲ မျှော်ကိုးနေတဲ့ အတွင်းမျှော်စီးပွားရေးအခွင့်အလမ်း စောင့်ဆိုင်းမှုကနေ အပြင်ကြည့်စီးပွားရေးအခွင့်အလမ်း ကြိုးပမ်းလုပ်ကိုင်တတ်မှု ပုံသဏ္ဍာန်အဖြစ် ပြောင်းလဲပေးနိုင်ဖို့ အစိုးရကနေ ဦးဆောင်ခေါ်ပြီး လမ်းပြကူညီပေးနိုင်ဖို့ ထောက်ပြချင်တာပါ။ GDP တွက်နည်းထဲက G ဆိုတဲ့ အစိုးရ အသုံးစားရိတ်အပေါ်မှာ အနှုန်ပြန်ပြနေတဲ့ NX( Export – Import ) ကို အပေါင်းပြန်ပြပြီး ကိန်းဂဏန်းကိုလည်း ပိုမိုကြီးမားလာစေမှ တကယ်စစ်မှန်တဲ့ GDP တက်လာမှာဖြစ်ပါတယ်။ ကုန်သွယ်ရေး အခွင့်အလမ်းတွေ နဲ့ သဘောတူညီချက်တွေကို အပေးအယူ နဲ့ ညှိနှိုင်းမှုတွေမှာ ကိုင်တွယ်နိုင်ဖို့ ကိုယ့်ဖက်ကနေ ကြိုမြင်ပြီး ပြင်ဆင်ထားနိုင်ဖို့ကလည်း အရေးကြီးပါတယ်။

ကုန်သွယ်မှုစီးပွားကို ပိုမို ပါးနပ်စွာနဲ့ အကွက်မြင်စွာ လုပ်ကိုင်နိုင်မယ့် အစိုးရအဖွဲ့အဖြစ်နဲ့ ထက်မြက်စွာဆောင်ရွက်ပြီး တိုင်းပြည်တိုးတက်ရေးကို သယ်ယူဆောင်ကျဉ်းလာသော ဒီမိုကရက်တစ် စံနှုန်းများကို အလေးထားသော အစိုးရအဖွဲ့ ထွန်းကားပါစေလို့ ဆုတောင်းပေးပါတယ်။

Ref:Yan Aung Kyaw FB

စန္ဒယား(ဦး) တင်ဝင်းလှိုင် ရဲ့ အကယ်ဒမီစင်မြင့်ပေါ်က ပြောစကား



စန္ဒရားတင်ဝင်းလှိုင်သို့ အိတ်ဖွင့်ပေးစာ

သို့
ဆရာ စန္ဒရားတင်ဝင်းလှိုင်ခင်ဗျား

၁။ ၂၃-၃-၂၀၁၈ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့ Myanmar Event Park မှာ ပြုလုပ်တဲ့ ၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးအပ်ပွဲ အခမ်းအနားမှာ ကျေးဇူးတင်စကားပြောကြားစဉ် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား(MRTV) နဲ့ ပတ်သက်ပြီး ထည့်သွင်းပြောကြားခဲ့တဲ့အချက်တွေနဲ့ ပတ်သက်လို့ အခြေအနေမှန်ကို သိစေချင်လို့ အခုလို စာရေးသားလိုက်ရခြင်းဖြစ်ပါတယ်။

၂။ ဆရာပြောတဲ့အထဲက ဗမာသံ မြေကြီးထဲ မြုပ်မသွားအောင် ဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော် တို့ MRTV က လုပ်နေတာတွေ အများကြီး ရှိပါတယ်။ ဆရာသတိမထားမိလို့ဖြစ်မှာပါ။ အဲဒီအထဲက အကျဉ်းလောက် ထုတ်နုတ်ပြောပြရရင် ရေဒီယိုမှာဆိုရင် ၁၉၄၆ ခုနှစ် ဗမာ့အသံဆိုပြီး စတင်ထုတ်လွှင့် ကတည်းက မြန်မာ့အနုသုခုမဆိုင်ရာများနဲ့ မြန်မာသံတေး သီချင်းတွေကို စဉ်ဆက်မပြတ် ထုတ်လွှင့် လျက်ရှိပြီး မဟာဂီတ သီချင်းကြီးအစီအစဉ်၊ မြန်မာ့ဇာတ်သဘင်၊ တစ်ခေတ်တစ်ခါက အနှစ်သာရ၊ ဗုဒ္ဓဝင်ဇာတ်တော်ကြီးများ၊ ဇာတ်သဘင်အဖွဲ့ဖျော်ဖြေခန်းများ၊ ဆိုင်းအဖွဲ့ဖျော်ဖြေခန်းများ၊ မြန်မာ့ဓလေ့ တေးသံများ၊ သီချင်းကြီး သရုပ်ဖော်၊ မြန်မာတို့ရဲ့ တေးအစမဟာဂီတ၊ မြန်မာ့အနုသဘင်၊ ဂီတသမား ဂီတစကား၊ ခံစားနားဆင် မြန်မာတေးသံစဉ်၊ မြတ်နိုးစရာကျေးရွာ တေးကဗျာ၊ သူ့ခေတ်သူ့အခါ တေးကမ္ဘာ၊ ရေဒီယိုမူရင်း ရွှေသီချင်းကြေးမုံ စတဲ့ အစီအစဉ်တွေကို တစိုက်မတ်မတ် တစ်နိုင်ငံလုံးကို ထုတ်လွှင့်ပေးနေပါတယ်။

ရုပ်မြင်သံကြားမှာဆိုရင်လည်း ၁၉၈၀ ပြည့်နှစ်က ရောင်စုံရုပ်မြင်သံကြားအစီအစဉ်တွေ စတင်ထုတ်လွှင့်ချိန်မှစပြီး မြန်မာသံ မြန်မာ့ယဉ်ကျေးမှုအနုလက်ရာများနဲ့ ပတ်သက်တဲ့အစီအစဉ် တွေကို ထုတ်လွင့်ပေးလျက်ရှိရာမှာ ဆို၊ က၊ ရေး၊ တီး သီချင်းကြီး၊ ဇာတ်တော်ကြီး၊ ဇာတ်ပြောကွက်စိပ်၊ ရုပ်သေးတင်ဆက် ဖျော်ဖြေမှု၊ မှတ်သားစရာ ပြည်သူ့နီတိကျင့်ဝတ်များ၊ (၃၈) ဖြာ မင်္ဂ္လာ၊ ပန်းဆယ်မျိုး၊ အနုပညာအစီ အစဉ်များ၊ ဂန္တဝင်ခေတ်ဟောင်းတေးများ၊ ဂီတသမား ဂီတစကား၊ နေမဝင်အလှများ၊ ကာလပေါ် တေးများ၊ အနုပညာခန်းရိပ်သာ၊ သုခုမအငြိမ့်သဘင်၊ ၁၂ လရာသီ အငြိမ့်သဘင်၊ မြန်မာ့အသံ ခေတ်ပေါ်တေးဂီတ၊ မှတ်မှတ်ထင်ထင်မြန်မာ့ရုပ်ရှင်၊ သမိုင်းကို ဖော်ပြ နေသော ဝါကျများ အပြင် ဆရာ ကိုယ်တိုင်ပါဝင်တဲ့ ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ အစီအစဉ်တွေကို အစဉ်တစိုက် ကြိုးစားဆောင်ရွက်ထုတ်လွင့်လျက်ရှိပါတယ်။ ဆရာစိုးရိမ်သလို ဗမာသံမြေကြီးထဲ မြုပ်မသွားအောင် ဌာနက ဆောင်ရွက်နေတာလေးသိအောင် အကျဉ်းမျှ ပြောပြတာပါ။

၃။ နောက်တစ်ခုက ဆရာပြောသွားတဲ့ RCA ဆိုတဲ့ ဓာတ်ပြားအကြီးကြီးတွေ ဖွင့်တဲ့စက်၊ တိတ် ခွေဖွင့်တဲ့စက် နှစ်ခုမရှိတာ၊ ရေအိုးတွေပဲ တင်ထားတာ ဆယ်စုနှစ်ကျော်သွားပါပြီဆိုတာနဲ့ ပတ်သက် လို့ ပြောပြရရင် ဓာတ်ပြားအကြီး (၁၆ လက်မအရွယ်)ကိုဖွင့်တဲ့ RCA စက်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်ကတည်းက မြန်မာ့အသံမှာ သုံးခဲ့တဲ့စက်ဖြစ်ပါတယ်။ စက်နဲ့ ပတ်သက်တဲ့အပိုပစ္စည်းကို မူရင်း ကုမ္ပဏီက လုံးဝ မထုတ်တော့ပါဘူး။ ဒါပေမယ့် မိမိတို့ဌာန ဝန်ထမ်းတွေနဲ့ ပြင်ပပညာရှင်တွေ ပူးပေါင်းပြီး ပြုပြင်ထားတာ ရှိတဲ့စက်နှစ်လုံးမှာ ၂၀၁၇ ခုနှစ်ကတည်းက တစ်လုံးပြန်ကောင်းနေပါပြီ။ အဲဒီစက်မှာသုံးတဲ့ အပ်ကိုလည်း မူရင်းမရပေမယ့် သုံးလို့ရတဲ့အပ်ကို ရှာဖွေထားတာ ထိုက်သင့်သ လောက် ရှိပြီး အသုံးပြုနေပါပြီ။ ဒါ့အပြင် ကျန်တဲ့ဓာတ်ပြားဆိုဒ် အသေးမျိုးစုံ ( ၇ လက်မ၊ ၁၀ လက်မ၊ ၁၂ လက်မ) ကို ကူးတဲ့ စက်ဆိုရင်လည်း ခေတ်မီတဲ့စက်တွေနဲ့ အစားထိုးပြီး ဓာတ်ပြားတွေကို ကူး ယူပြီး ဒီဂျစ်တယ်စနစ်နဲ့ Archive ပြုလုပ်လျက်ရှိပါတယ်။ မြန်မာ့အသံက ဓာတ်ပြားနဲ့ အသံသွင်း တိတ်များမှ သီချင်းတွေကို ကူးယူပြီး ဒီဂျစ်တယ်မှတ်တမ်းအဖြစ် Archive လုပ်ထားတာမှာ မဟာဂီတ၊ ခေတ်ဟောင်း၊ နှောင်းခေတ်ကာလပေါ် တေးသီချင်းနှင့် အငြိမ့်၊ ဇာတ်သဘင် ဆက်စပ်အစီအစဉ်များ စုစုပေါင်း အပုဒ်ရေ ၁၂၃၁၄၈ ရှိနေပြီဖြစ်ပါတယ်။ ဒီနေ့အထိလည်း နေ့စဉ် ဒီဂျစ်တယ်မှတ်တမ်းအဖြစ် ကူးယူ ထိန်း သိမ်းရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိပါတယ်။

၎။ ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ အစီအစဉ်ကို မလွှင့်နိုင်တာ တစ်နှစ်ရှိပြီလို့ ပြောသွားတာနဲ့ ပတ်သက်ပြီး MRTV အနေနဲ့ ဆရာရဲ့ အစီအစဉ်သစ်များ ရိုက်ကူးမထုတ်လွှင့်နိုင်သေးခင် စပ်ကြားမှာ ယခင်ရိုက်ပြီးသား ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ (ဂီတရိပ်သာ - ၁၉၂) ပိုင်းနဲ့ ゞင်းနဲ့ ဆက်စပ်ဂီတ ရိပ်သာ စတဲ့ အခြားသီချင်းတွေကို စုစည်းတင်ဆက်မှု အစီအစဉ်များအပါအဝင် စုစုပေါင်း အစီအစဉ် ၂၀၉ ခု ရှိပါပြီ။ ဆရာနောက်ဆုံးရိုက်ကူးတဲ့အစီအစဉ်ထုတ်လွှင့်တဲ့ ၃-၇-၂၀၁၇ ရက် (အင်္ဂ࿿ါနေ့) နောက်ပိုင်းက စတင်လို့ အပတ်စဉ် ယခင်ရိုက်ကူးပြီးအစီအစဉ်တွေကို အင်္ဂ࿿ါနေ့ ညနေ ၄ နာရီခွဲ အချိန် တိုင်းမှာ ယနေ့အထိ ထုတ်လွှင့်ပြသလျက်ရှိတာကို ဆရာသိလျှက်နဲ့ မလွှင့်နို࿿င်တာ တစ်နှစ်ရှိပြီလို့ ထည့်သွင်းပြောခဲ့၊ ဆိုခဲ့တဲ့အပေါ်မှာ နားမလည်နိုင်ဘဲ ဖြစ်ရပါတယ်။ ယခုနှစ် ကျင်းပခဲ့တဲ့ အကယ်ဒမီပေးပွဲကြီး မကျင်းပမီ သုံးရက်အလို ၂၀-၃-၂၀၁၈ ရက်နေ့ကလည်း ဂီတရိပ်သာအပိုင်း ၁၅၂ ကို ထုတ်လွှင့်ခဲ့ပါသေးတယ်။

ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ အစီအစဉ်သစ်များ ရိုက်ကူးထုတ်လွှင့်ဖို့အတွက် MRTV က ဆရာ့ဆီ အစဉ်တစိုက် ဆက်သွယ်ခဲ့နေခဲ့ပါတယ်။ ၂၇-၆-၂၀၁၇ ရက်နေ့က ဆရာ့သမီးဖြစ်သူနဲ့ အဆက်အသွယ်ရချိန်မှာ ဆရာမျက်စိခွဲစိတ်ကုသဖို့ရှိလို့ တစ်လခန့်ကြာမှာဖြစ်လို့ မရိုက်ဖြစ်သေးကြောင်း ပြောခဲ့ပါတယ်။ ၂၇-၇-၂၀၁၇ ရက်နေ့မှာ ထပ်မံဆက်သွယ်တော့ မျက်စိမခွဲ စိတ်ဖြစ် သေးပေမယ့် ရုပ်ရှင်ကားကြီးအတွက် တေးဂီတများ တီးခတ်ပေးနေရ တယ်၊ ရိုက်ကူးမယ်ဆိုရင် ဆက်သွယ်မယ်လို့ ဆရာ့သမီးက ပြောပါတယ်။ ဒါပေမယ့် ထပ်မံဆက်သွယ် လာခြင်းမရှိလို့ ဌာနက အကြိမ်ကြိမ် ဆက်သွယ်ခဲ့ရာမှာ ၂၂-၃-၂၀၁၈ ရက်နေ့မှာ ဆရာ့သမီးနဲ့ ဖုန်းဆက်သွယ်မှုထပ်မံရရှိပြီး အကယ်ဒမီ ပွဲကြီးပြီးမှ ရိုက်ကူးမယ်လို့ အကြောင်းပြန်ကြားလာပါတယ်။ ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ အစီအစဉ်ကို MRTV မှာ ရိုက်ကူးခဲ့ရာမှာလည်း သီချင်းသုံးပုဒ် ပါအစီအစဉ်တစ်ခုကို ယခင်က ငွေကျပ် တစ်သိန်းသာ ဥာဏ်ပူဇော်ခ ချီးမြှင့်ခဲ့ရာမှ ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး အစီအစဉ်တစ်ခုကို ဥာဏ်ပူဇော်ခ ၄ သိန်း အထိ တိုးမြှင့်ပြီး ချီးမြှင့်ပေးနေပါတယ်။

၅။ နောက်စွပ်စွဲချက်တစ်ခုဖြစ်တဲ့ သီချင်းတွေ ပြန်ကူးတဲ့အခါ ပိုက်ဆံအရမ်းပေးရတယ်၊ ရေအရမ်း လျှံရတယ်ဆိုပြီး စွပ်စွဲပြောဆိုမှုနဲ့ ပတ်သက်လို့ ပြင်ပအနုပညာရှင်များက သီချင်းတွေလာကူးရင် တရားဝင်စာတင်ပြီး ခွင့်ပြုချက်ရပါက ချက်ချင်းကူးပေးပါတယ်။ ခွေကူးခအနေနဲ့လည်း သီချင်း သုံးလေးပုဒ်ပါအစီအစဉ်တစ်ခုကို ငွေကျပ် ၂၀ဝ၀ ပဲ ပေးသွင်းဖို့ တရားဝင်သတ်မှတ်ထားပါတယ်။ ဌာနအတွက် အစီအစဉ်လာရိုက်ကူးတဲ့သူတွေက သီချင်းကူးယူရင်၊ ဌာနအစီအစဉ်အတွက် သုံးရင် တော့ အခမဲ့ ဆောင်ရွက်ပေးပါတယ်။ ဆရာ့အနေနဲ့ ငွေအများကြီးပေးရတယ်ဆိုရင်လည်း ဘယ် သူ့ကို ဘယ်လောက်၊ ဘာကိစ္စအတွက်၊ ဘယ်တုန်းက ပေးရတယ်ဆိုတာကို အထောက်အထားနဲ့ တိတိကျကျ တိုင်ကြားရင် အရေးယူပေးမှာ ဖြစ်ပါတယ်။

၆။ ဆရာပြောတဲ့အချက်တွေထဲက ဆီးသီးဘန်းမှောက်တယ်ဆိုတာနဲ့၊ ပိုက်ဆံမပေးရင် လူဟောင်း တွေနဲ့ သွားနေတဲ့ ဘယ်ဝန်ကြီးဌာနမှာမှ မရဘူး ၊ ပိုက်ဆံပေးရတာချည်းပဲ ဆိုတဲ့ စကားနဲ့ ပတ်သက်ပြီးတော့ လာဘ်ပေးလာဘ်ယူမှုရှိတယ်ဆိုရင် အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင် အပါအဝင် သက်ဆိုင်ရာဌာနများကို တိတိကျကျ တိုင်ကြားလို့ရပါတယ်။ အဲဒီလိုမတိုင်ကြားဘဲ ဝန်ကြီး ဌာနအားလုံးက ဝန်ထမ်းတွေကို သိမ်းကျုံးပြီး အခုလို စွပ်စွဲပြောဆိုတာကတော့ ဌာနအသီးသီးနဲ့ ဝန်ထမ်းတွေရဲ့ ဂုဏ်သိက္ခာ ထိခိုက်နစ်နာအောင်ပြုလုပ်တယ်ဆိုတာကို ဆရာ့အနေနဲ့ သတိပြုသင့်ပါ တယ်။

၇။ MRTV နဲ့ ပတ်သက်ပြီး အခုလို စွပ်စွဲပြောကြားခဲ့တဲ့အချက်တွေနဲ့ ပတ်သက်လို့ MRTV က တာဝန်ရှိသူတစ်ဦးဦးကို နှုတ်ဖြင့် ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ တယ်လီဖုန်းဖြင့် ဖြစ်စေ ဆရာဆက်သွယ် မေးမြန်းဆွေးနွေးပြောကြားခဲ့ဖူးခြင်း ရှိပါသလား။ အဲဒီလို ဆက်သွယ်ပြောကြား ခဲ့ပါလျှက်နဲ့ ဌာနဘက် က ဖြေရှင်းဆောင်ရွက်ပေးမှု မရှိခဲ့တာလားဆိုတာကိုလည်း ကွဲကွဲပြားပြား သိလိုပါတယ်။

၈။ ဒီနေ့အချိန်မှာ ဌာနတစ်ခုကိုပဲဖြစ်စေ၊ လူပုဂ္ဂိုလ်တစ်ဦးကိုဖြစ်စေ လွတ်လပ်စွာ ပြောဆိုနိုင်တဲ့ နေရာတွေ၊ လွတ်လပ်စွာ ပြောဆိုနိုင်တဲ့အခွင့်အရေးတွေ၊ အခြားနည်းလမ်းတွေ အများကြီးရှိနေပါလျက် နဲ့ ယခုကဲ့သို့ ရုပ်မြင်သံကြားလိုင်းပေါင်းများစွာမှ တိုက်ရိုက် (Live) ထုတ်လွှင့်နေချိန်မှာ ချင့်ချိန်နိုင်မှု အားနည်းစွာနဲ့ ထင်မြင်ရာ စွပ်စွဲပြောဆိုခဲ့တာဟာ ဆရာရဲ့ ဂုဏ်သိက္ခာကိုလည်း ထိခိုက်နစ်နာမှုဖြစ် စေတယ်လို့ မြင်ပါတယ်။ MRTV မှ ဝန်ထမ်းတွေဟာ ဝန်ထမ်း စည်းမျဉ်းစည်းကမ်း၊ ကျင့်ဝတ်တွေကို အစဉ်တစိုက်လိုက်နာပြီး ကျွမ်းကျင်ရာ လိမ္မာ၊ ဝါသနာ၊ ပညာ၊ စေတနာအရင်းခံပြီး နိုင်ငံနဲ့လူမျိုး အကျိုးအတွက် ပြန်ကြားပေးခြင်း၊ ပညာပေးခြင်း၊ ဖျော်ဖြေပေးခြင်းတို့အပြင် မြန်မာ့ဂီတဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း ဖြည့်စွက် ပြောကြားလိုပါတယ်။

၉။ MRTV နဲ့ ဆရာတို့ဟာ နှစ်ဦးနှစ်ဖက် ဆက်ဆံရေးရှည်လျားခိုင်မာစွာ ရှိလျက်နဲ့ ယခုကဲ့သို့ မဟုတ်မမှန် စွပ်စွဲပြောဆိုခဲ့ခြင်းအပေါ် ပြန်လည်ဖြေရှင်းပေးဖို့ တောင်းဆိုလိုက် ပါတယ်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝန်ထမ်းများ~
Ref:http://www.moi.gov.mm/?q=news/26/03/2018/id-17999



အသိပေးကြေညာချက်

၂၀၁၇ ခုနှစ် ၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲကို ရန်ကုန်မြို့ ၊ မင်းဓမ္မလမ်းရှိ Myanmar Event Park ၌ ၂၀၁၈ ခုနှစ် ၊ မတ်လ (၂၃) ရက်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် အကောင်းဆုံးတေးဂီတဆု ရရှိခဲ့သည့် စန္ဒရား(ဦး)တင်ဝင်းလှိုင် အနေဖြင့် ကျေးဇူးတင်စကား ပြောကြား ခဲ့ရာတွင် လည်းကောင်း၊ အကယ်ဒမီပွဲပြီးနောက်ပိုင်း မီဒီယာအချို့နှင့် ပြောကြားသော စကားများတွင် လည်းကောင်း ပြန်ကြားရေးဝန်ကြီးဌာန ၊ မြန်မာ့အသံနှင့်ရုပ်မြင် သံကြားနှင့်ပတ်သက်၍ မမှန်မကန် စွပ်စွဲပုတ်ခတ်ပြောဆိုမှုများအပြင် ပုဂ္ဂိုလ်ရေး ပုတ်ခတ် တိုက်ခိုက် ပြောဆိုမှုများ ပါဝင်နေပြီး ယင်းတို့ကို အွန်လိုင်းအပါအဝင် မီဒီယာများ၌ ရေးသားဖော်ပြလျက်ရှိရာ ယင်းအချက်များသည် မမှန်ကန်ကြောင်း ပြည်သူတို့သိရှိနိုင်ရေးအတွက် ဤအသိပေးကြေညာချက် အားထုတ်ပြန်ရခြင်းဖြစ်ပါသည်။

စန္ဒရား(ဦး)တင်ဝင်းလှိုင်၏ မမှန်မကန် ပုတ်ခတ် တိုက်ခိုက် ပြောဆိုမှုများအနက် အဓိက ကျသော အချက်များကို အောက်ပါအတိုင်း ထုတ်နုတ်ရှင်းလင်းဖော်ပြအပ်ပါသည်-

(က) “၎င်း၏ ခြေခြေမြစ်မြစ်နှစ်နှစ်ကာကာ အစီအစဉ် မလွှင့်နိုင်သည်မှာ (၁)နှစ်ရှိပြီ” ဟု ပြောကြားချက်မှာ လုံးဝမှန်ကန်ခြင်းမရှိပါ။ ယင်းအစီအစဉ်ကို အပတ်စဉ် အင်္ဂါနေ့ ညနေတိုင်း၌ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ထုတ်လွှင့်လျက်ရှိခဲ့ရာ အပိုင်း (၁၅၂)ကို ၂၀၁၈ ခုနှစ် ၊ မတ်လ(၂၀)ရက်နေ့တွင် နောက်ဆုံးထုတ်လွှင့်ခဲ့ပါသည်။ အသစ်ထပ်မံ ရိုက်ကူးနိုင်ရေးအတွက်လည်း ကာယကံရှင်၏မိသားစုနှင့်၂၀၁၇ခုနှစ်၊ ဇွန်လမှစ၍ ၂၀၁၈ ခုနှစ်၊ မတ်လ(၂၂) ရက်နေ့အထိ ကာလများအတွင်း အကြိမ်ကြိမ် ဆက်သွယ်ခဲ့ရာ ၎င်း၏သမီးဖြစ်သူက (ဦး)တင်ဝင်းလှိုင် မျက်စိခွဲစိတ်ရန်ရှိခြင်း ၊ ရုပ်ရှင်ကားကြီးများတွင် တေးဂီတတီးခတ်နေရခြင်း စသည်တို့ကြောင့်ဟု ဆိုကာ အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့ပြီး အကယ်ဒမီပွဲကြီးပြီးမှသာ ရိုက်ကူးနိုင်ရေး ဆက်သွယ် မည်ဟု ပြန်ကြားခဲ့ကြောင်း သိရှိရပါသည်။

( ခ) “RCA စက် ၊ အသုံးပြုသည့်အပ် တစ်ခုမှ မရှိတော့” ဟူသော ပြောကြားချက်မှာ လုံးဝမှန်ကန်ခြင်းမရှိပါ။ မြန်မာ့အသံ၌ နှစ်ပေါင်း (၇၀)ကျော်က စတင် သုံးစွဲခဲ့သော စက်ဖြစ်ပြီး မူရင်းကုမ္ပဏီမှလည်း စက်အပိုပစ္စည်း ထုတ်လုပ်ခြင်းမရှိတော့ပါ။ သို့သော်လည်း ပြန်လည်ပြင်ဆင်ထားမှုအရ ၂၀၁၇ ခုနှစ်တွင် စက် (၁)လုံး ပြန်လည် ကောင်းမွန်လာပြီး အသုံးပြုသည့် အပ်ကိုလည်း ရှာဖွေပြုပြင်ပြီး သုံးစွဲနိုင်ခဲ့ပြီးဖြစ် ပါသည်။ ယင်းအပြင် ဓာတ်ပြားနှင့်အသံသွင်းတိပ်များထဲမှ သီချင်းများ ပျောက်ပျက် မသွားစေရေးအတွက် ခေတ်မီစက်များအသုံးပြု၍ ဒီဂျစ်တယ်စနစ်ဖြင့် ကူးယူ ထိန်းသိမ်းလျက်ရှိရာ ယနေ့အထိ မဟာဂီတ၊ ခေတ်ဟောင်း၊ နှောင်းခေတ်ကာလပေါ် တေးသီချင်းနှင့် အငြိမ့်၊ ဇာတ်သဘင် ဆက်စပ်အစီအစဉ်များ စုစုပေါင်းပုဒ်ရေ (၁၂၃,၁၄၈)ကျော် ကူးယူနိုင်ခဲ့ပြီး ဖြစ်ပါသည်။ ဆက်လက်၍လည်း ဒီဂျစ်တယ် မှတ်တမ်းအဖြစ် ကူးယူထိန်းသိမ်းလျက်ရှိပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ထုတ်လွှင့်လျက်ရှိသော ရုပ်မြင်သံကြားနှင့်ရေဒီယို အစီအစဉ်များတွင် ပုံမှန်ထုတ်လွှင့် ပေးလျက်ရှိပါသည်။ သို့ဖြစ်ရာ “ဗမာ့အသံမြေကြီး ထဲမြုပ်သွားတော့မယ်” ဟူသော ပြောကြားချက်မှာ လုံးဝမှန်ကန်ခြင်းမရှိပါ။

( ဂ) “သီချင်းခွေကူးရာတွင် ပိုက်ဆံအရမ်းပေးရတယ်၊ ရေအရမ်းလျှံရတယ်၊ ပိုက်ဆံ မပေးရင်လူအဟောင်း တွေနဲ့ ဘယ်ဝန်ကြီးဌာနမှာမှမရဘူး၊ ပိုက်ဆံပေးရတာချည်းပဲ” ဟူသောပြောကြားချက်မှာ အဖွဲ့အစည်းတစ်ခုကိုသာမက နိုင်ငံတော်အစိုးရ တစ်ရပ်လုံး၏ ဝန်ကြီးဌာနများကို သိမ်းကျုံးပုတ်ခတ် စွပ်စွဲပြောကြားချက်ဖြစ်နေ ပါသည်။ အကယ်၍ပိုက်ဆံပေးရသည်ဆိုပါက သက်ဆိုင်ရာဝန်ကြီးဌာန (သို့မဟုတ်) အဂတိလိုက်စား မှုတိုက်ဖျက်ရေးကော်မရှင် အပါအဝင် အထက်အဖွဲ့အစည်း အဆင့် ဆင့်ကို တိုင်ကြားနိုင်ပါ သည်။ တိုင်ကြားမှုများကိုလည်း စိစစ်ပြီး လိုအပ်သလို အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ယေဘုယျဆန်သော စွပ်စွဲချက်ဖြင့် အဖွဲ့အစည်းများ ၊ ဝန်ကြီးဌာနများ အားလုံးကို အခြေအမြစ်မရှိ ပုတ်ခတ် စွပ်စွဲ ပြောဆိုခြင်းမျိုးကို လုံးဝလက်ခံနိုင်မည်မဟုတ်ပါ။

(ဃ) စန္ဒရား (ဦး) တင်ဝင်းလှိုင်မှ “ပြည်ထောင်စုဝန်ကြီးနား ကပ်လို့မရဘူး” ဟူသော ပြောကြားချက်မှာ လုံးဝမှန်ကန်ခြင်းမရှိပါ။ ၎င်းအနေဖြင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တစ်ဆင့် ဖြစ်စေ၊ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံးသို့ ဖြစ်စေ၊ ပြန်ကြားရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနတစ်ခုခုမှ ဖြစ်စေ ၊ အခြား အဖွဲ့အစည်းများမှတစ်ဆင့် ဖြစ်စေ ၊ ပြန်ကြားရေးဝန်ကြီးဌာနရှိ အရာထမ်း အမှုထမ်း တစ်ဦးဦးမှ ဖြစ်စေ ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံနိုင်ရေးအတွက် စာဖြင့်သော် လည်းကောင်း၊ နှုတ်ဖြင့်သော်လည်းကောင်း၊ တယ်လီဖုန်းဖြင့်သော် လည်းကောင်း၊ အီးမေးလ်ဖြင့် သော်လည်းကောင်း ၊ ကိုယ်တိုင်လာရောက်၍သော်လည်းကောင်း ဆက်သွယ်ပြောဆိုခြင်းလုံးဝမရှိခဲ့ပါ။ ဝန်ကြီးဌာနမှ တာဝန်ရှိသူများအနေဖြင့်လည်း တွေ့ဆုံမှုကို ပိတ်ပင်ခဲ့ခြင်း၊ တားဆီးခဲ့ခြင်း၊ မျက်ကွယ်ပြုခဲ့ခြင်းလုံးဝမရှိ ပါကြောင်း အထောက်အထားများအရ သိရှိရပါသည်။

( င) ၎င်း၏ပြန်ပြောကြားချက်များတွင် လူပုဂ္ဂိုလ်ဆိုင်ရာ စော်ကားမှုအပြင် တပ်မတော်မှ နယ်ဘက်သို့ လွှဲပြောင်း အမှုထမ်းဆောင်နေသော ပုဂ္ဂိုလ်များနှင့်ပတ်သက်၍လည်း မတရားစွပ်စွဲပြောဆိုမှုများ ပြုလုပ်ခဲ့သည်မှာ လုံးဝသင့်လျော်မှု မရှိပါ။ ၎င်းဝန်ထမ်း များသည် နိုင်ငံ့ဝန်ထမ်းဥပဒေ ၊ နည်းဥပဒေများနှင့်အညီ တာဝန်ထမ်းဆောင်ခြင်း မရှိပါကမထမ်းဆောင်သည့်သူများကိုအမည်နှင့်တကွတိကျစွာဖော်ထုတ်၍တိုင်ကြား နိုင်ပါသည်။ ထိုသို့ ယေဘုယျဆန်သော စွပ်စွဲချက်ဖြင့် နယ်ဘက်တာဝန် လွှဲပြောင်း ထမ်းဆောင်သူ တပ်မတော်သားအားလုံးကို ပုတ်ခတ်စွပ်စွဲပြောဆိုခြင်းသည် အခြေ အမြစ်မရှိသည့် ပြောကြားချက်များ သာ ဖြစ်ပါသည်။
ထိုသို့ စန္ဒရား(ဦး)တင်ဝင်းလှိုင်၏ မမှန်မကန် စွပ်စွဲ ပုတ်ခတ် ပြောကြားမှုများနှင့် ထိုပြောကြားမှုများအပေါ် အခြေခံ၍ လူမှုကွန်ရက်အပါအဝင် မီဒီယာများတွင် ထပ်ဆင့်စွပ်စွဲ ပြောကြားမှုများ ၊ မှန်ကန်မှုမရှိသည့် အကြောင်းအရာများကို ထပ်ဆင့်ဖော်ပြနေမှုများနှင့် ပတ်သက်၍ ပြည်သူအများ ထင်ယောင်ထင်မှားမဖြစ်စေရေးအတွက် ဖြစ်စဉ်အမှန်ကို သက်ဆိုင်ရာ အဖွဲ့အစည်းမှ အိတ်ဖွင့်ပေးစာရေးသားခြင်း ၊ သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ခြင်း ၊ သက်ဆိုင်ရာနယ်ပယ် အသီးသီးမှပုဂ္ဂိုလ်များအား တွေ့ဆုံမေးမြန်းခြင်းများဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ထို့အပြင် ၎င်း၏ မမှန်မကန်ပြောကြားခဲ့မှုများ ၊ ယင်းပြောကြားခဲ့မှုများအပေါ် အခြေခံ၍ မမှန်မကန် ထပ်ဆင့်စွပ်စွဲချက်များကို လုပ်ဆောင်နေကြသည့် သက်ဆိုင်သူပုဂ္ဂိုလ်များအား တည်ဆဲ ဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

ပန်ကြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်နှင့်သတင်းထုတ်ပြန်ရေးအဖွဲ့
၂၆-၃-၂၀၁၈

စင်ကာပူထက်နှစ်ဆကျယ်ဝန်းမည့် ရန်ကုန်မြို့သစ်စီမံကိန်းတွင် တိုင်းအစိုးရက ကျပ် ၁၀ ဘီလီယံ မတည်ရင်းနှီးမည်




No automatic alt text available.


စင်ကာပူနိုင်ငံအရွယ်အစားထက် နှစ်ဆကျယ်ဝန်းမည့် ရန်ကုန်မြို့သစ်စီမံကိန်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရက ကျပ် ၁၀ ဘီလျံ မတည်ရင်းနှီးမည်ဖြစ်ပြီး ယင်း စီမံ ကိန်းမှ အလုပ်အကိုင်အခွင့်အလမ်း နှစ်သန်း ဖန်တီးဖော် ဆောင် ပေးမည်ဖြစ်ကြောင်း မတ်လ ၃၁ရက်က ရန်ကုန်မြို့ Lotte Hotel တွင် ပြုလုပ်သော ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေးကု မ္ပဏီ လိမိတက် (NYDC) ကို ဖွဲ့စည်းထူ ထောင်ခြင်း အ ထိမ်းအမှတ် အခမ်းအနားမှသိရသည်။

ရန်ကုန်မြစ်တဖက်ကမ်းရှိ ရန်ကုန်မြို့သစ်စီမံကိန်းအကောင်အထည်ဖော်ရန်အတွက် NYDC ကို အထူးကုမ္ပဏီများ အက်ဥပဒေဖြင့် ဖွဲ့စည်းထူထောင်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရာနှုန်း ပြည့် ပိုင်ဆိုင်ကြောင်းနှင့် ကုမ္ပဏီကို ဒါရိုက်တာဘုတ်အဖွဲ့က စီမံခန့်ခွဲမည်ဖြစ်ပြီး ၎င်းသည် ကော်ပိုရေးရှင်း၏ အမြင့်ဆုံးအာ ဏာပိုင်အဖွဲ့ဖြစ်ကြောင်း သိရ သည်။

“ရန်ကုန်မြို့ဟာ ရန်ကုန်မြစ်ရဲ့ တဖက်ကမ်းမှာပဲ တည်ရှိပြီး ရန်ကုန်မြစ်ရဲ့ အနောက်ဘက်ကမ်းတကြောလုံးဟာ ဖွံ့ဖြိုး တိုးတက်မှု နောက်ကျနေပါတယ်။ဒီအခြေအနေတွေကို ဖွံ့ဖြိုးတိုးတက်လာဖို့ ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ဟောင်းဟာ ရှေးဟောင်းအမွေအနှစ်တွေနဲ့ နေချင်စဖွယ် စီးပွားရေးမြို့အဖြစ် ဒီဘက်အခြမ်းမှာ တည်ရှိနေပြီး တဘက်ကတော့ တကယ့်ကို smart city တခုလို ဖွံ့ဖြိုးတိုးတက်နိုင်မဲ့ နယ်မြေတခု ဖြစ်ချင်ပါတယ်။ ဒီနယ်မြေမှာ စက် မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့၊အလုပ်အကိုင်အခွင့်အလမ်းတွေကိုလည်း ပေးနိုင်တဲ့အခြေအနေ ရချင်ပါတယ်။ ဒီအ တွက် ဒီကုမ္ပဏီရဲ့ ရည်မှန်းချက်ထဲမှာ အဓိက အလုပ်သမား ၂ သန်းလောက် အလုပ်အကိုင်ပေး နိုင်ဖို့ မျှော်မှန်းပါ တယ်”ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။

ရန်ကုန်မြို့သစ်သည် ဒေသခံစီးပွားရေးလုပ်ငန်းများကို ထောက်ကူပေးခြင်းနှင့် နိုင်ငံတကာမှ စီးပွားရေးကုမ္ပဏီများ ကို လည်း ဆွဲဆောင်နိုင်ရန် မျှော်လင့်ပါကြောင်း၊ ဤစီမံကိန်းမှ ကမ္ဘာ့အဆင့်မီ ရေရှည်တည်တံ့၍ စိတ်ချရသော အခြေခံ အဆောက်အဦးနှင့် လူတန်းစားအားလုံးအတွက် တန်ဖိုးသင့်နေထိုင်စရာများလည်း ပါဝင်ကြောင်း ၄င်းကပြောသည်။

စီမံကိန်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျပ် ၁၀ ဘီလီယံ မတည်ရင်းနှီးမည်ဖြစ်ပြီး တိုင်းအစိုးရ၏ တည် ဆောက်ရေးဘတ်ဂျက်မှ ထုတ်နုတ်သုံးစွဲသွားမည်ဖြစ်ကြောင်း NYDC၏ ဥက္ကဋ္ဌ လမ်းပန်းဆက်သွယ် ရေး ၀န်ကြီးဒေါ်နီလာကျော်က သတင်းမီဒီယာသို့ပြောသည်။ “ ရန်ကုန်တိုင်းဒေသကြီးမှာ ပြီးခဲ့တဲ့ ဘတ်ဂျက်က တည်ဆောက်ရေးလုပ်ငန်းတွေအတွက် ရင်းနှီးမြှပ်နှံဖို့ ခွင့်ပြုခဲ့တဲ့ ဘတ်ဂျက်ရှိပါတယ်။ အဲဒီကနေပြီးတော့ ဒါကို ထုတ်နှုတ်သုံးစွဲတာဖြစ်ပါတယ်” ဟု ၄င်းကပြောသည်။

မြို့သစ်စီမံကိန်းအကောင်အထည်ဖော်မည့် ဧရိယာမှာ ဧက ၂၀၀၀၀ဖြစ်ပြီး မြို့သစ်တည်ဆောက်ရေး လုပ်ငန်းပထမ အဆင့်နှင့် ဆက်စပ်သည့် အခြေခံအဆောက်အအုံလုပ်ငန်းအတွက် ပျမ်းမျှ အားဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကုန်ကျမည်ဟု မျှော်မှန်းထားပြီး ယင်းလုပ်ငန်းများတွင် ရွာမြို့နယ် ငါးခု၊ တံတားနှစ်စင်း၊ ၂၆ ကီလိုမီတာအရှည် ပင်မလမ်းကြောင်းများ၊ ၁၀ စတုရန်းကီလိုမီတာရှိ စက်မှုဇုန်၊ လျှပ်စစ် ဓာတ်အားပေးစက်ရုံနှင့် ဓာတ်အားဖြန့်ဖြူးရေး အဆောက်အအုံများ၊ ရေသန့်နှင့် ရေဆိုးထုတ်စက်ရုံများ ပါဝင်မည်ဖြစ် ကြောင်းသိရသည်။

ရန်ကုန်မြစ်အနောက်ဘက်ရှိ မြေနေရာကို ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ခြင်းဖြင့် စီးပွားရေး၊ နေအိမ်များနှင့် အလုပ်အကိုင်များ တိုးတက်လာစေရန် ရည်ရွယ်ထားပြီး စီမံကိန်း တည်ဆောက်ပြီးစီးပါက ထိုဒေသသည် စင်ကာပူနိုင်ငံ အရွယ်အစားထက် နှစ်ဆကျယ်ဝန်းမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ရန်ကုန်မြို့သစ်အား စွမ်းရည်ရှိခြင်း၊ ဂုဏ်သိက္ခရှိခြင်း၊ တာဝန်ခံမှုရှိခြင်း အစရှိသည့် စံနမူနာအချက်များကို ဖော်ဆောင်နိုင်ရန်နှင့် လုံခြုံပြီး သတင်းဆက်သွယ်ရေးနည်းပညာထွန်းကား၍ သန့်ရှင်းသော မြို့တစ်မြို့ ဖြစ်လာစေရန် မျှော်မှန်းထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြို့သစ်တည်ဆောက်ရာတွင် Public Private Partnership ပုံစံကို အသုံးပြုသွားမည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။သို့သော်လည်း အဆိုပါ စီမံကိန်းစတင်အကောင်အထည်ဖော်မည့် အသေးစိတ်အစီအစဉ်များကို ဆက်လက်သတင်းထုတ်ပြန်ပေးမည်ဖြစ်ကြောင်း NYDC၏ ဒုတိယဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ဦးသိမ်းဝေ(ခေါ်)Serge Pun ကပြောသည်။

လင်းလင်းအောင်

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!