Popular Posts!

Wednesday, October 23, 2013

ကမ္ဘာကိုကားလောကကိုတဖြေးဖြေးလွမ်းမိုးဖို့ကြိုးစားလာတဲ့ ဂျာမဏီကားကုမ္ဗဏီ ဗောလ်စ်ဝက်ဂွန်

CEO Magazine က ကူးယူးဖော်ပြလိုက်တာပါ…
ကားလောက ခေတ်တခုကိုပြောင်းလဲလာစေတဲ့ ဂျာမဏီပိုင်  Volkswagen ကားကုမ္ဗဏီကြီးက လက်ဝါးကြီး
အုပ်ချယ်လှယ်လာတဲ့ နာမည်ကြီးပြိုင်ကားလေးတွေLamborghini,Porsche,Bugatti,Audi ဇိပ်ခံကား  ဖြစ်သောBentley တွေနှင့်သာမန်ကား Volkswagen, Skoda,Seat တွေကိုထုတ်လုပ်သော ၂၀၁၂ခှုနှစ်တွင် ၈.၅သန်းထုန်လုပ်ပါတယ်တဲ့..
နောက်ထက် MAN,SCANIAတွေကိုဝယ်ဖို့ကြိုးစားနေပါသတဲ့ဗျာ..
တခြားဂျာမဏီကားဖြစ်သော Benz,BMW တို့လူကြိုက်များဘဲကြည့်...

Tuesday, October 22, 2013

အမေရိကန် သားသမီး သွန်သင်ဆုံးမ နည်းစနစ်

ကျွန်တော် ဒီပို့စ်လေးကို ဖတ်ဖြစ်ခဲ့တာ တော်တော်ကြာပြီ။ ဘယ်ကနေဖတ်မိလဲဆိုတာ မသိတော့ဘူး။ ရှာကြည့်တော့လည်း မတွေ့တော့ဘူး။ အဲဒါ အခုမှ အဲဒီဆောင်းပါးလေး ပြန်တွေ့လို့ တင်ပေးလိုက်ပါတယ်။ ဒီလိုကျင့်ကြံဖို့ဆိုရင် မြန်မာနိုင်ငံက မိဘများအတွက် ခဲယဉ်းမယ်လို့ထင်ပါတယ်။ ဆရာမ နိုင်းနိုင်းစနေ ဘာသာပြန်ရေးထားတဲ့ဆောင်းပါးလေး ဖြစ်ပါတယ်။ တော်တော်လေးကောင်းပါတယ်။

အမေရိကားမှာ ကျောင်းသွားတက်ခဲ့တဲ့သား ကျောင်းပြီးတော့ ကျွန်မအတွက် စူစန်လို့ခေါ်တဲ့ အင်္ဂလိပ်ချွေး မတစ်ယောက် ရှာပေးခဲ့တယ်။ ဒီကနေ့မှာ မြေးလေးထော်ဘီတောင် (၃)နှစ်ရှိခဲ့ပါပြီ။ ဒီနှစ်နွေ ရာသီမှာ သားက ကျွန်မကို အမေရိကားအလည်လာဖို့ ခေါ်ခဲ့တယ်။ အမေရိကားမှာနေခဲ့တဲ့ (၃)လ အတွင်း ချွေးမစူစန်ရဲ့ သားသမီးကို ဆုံးမသွန်သင်နည်းတွေက ကျွန်မကို အတွေးအမြင် ပိုကျယ်စေ ခဲ့ပါတယ်။

(၁) မစားရင် အ ဆာခံပါမနက်တိုင်း ထော်ဘီအိပ်ရာထလာတာနဲ့ စူစန်က မနက်စာကို စားပွဲပေါ်တင်ပေးခဲ့ပြီး သူ့အလုပ်ကို သူဆက် လုပ်နေခဲ့တယ်။ ထော်ဘီဟာ ကိုယ်တိုင် ကုလားထိုင်ပေါ်တက်၊ ကိုယ်တိုင်နွားနို့သောက်၊ ကိုယ်တိုင်ပေါင်မုန့်တွေ စားနေခဲ့ တယ်။ စားပြီးတဲ့နောက် ကိုယ့်အခန်းထဲဝင်ပြီး အဝတ်ဘီရိုထဲကနေ အဝတ်အစား၊ ဖိနပ်တွေကို ကိုယ်တိုင် ဝတ်ဆင်ခဲ့တယ်။ (၃)နှစ်ပဲရှိတဲ့ ထော်ဘီလေးဟာ ခြေအိတ်ရဲ့အရှေ့အနောက်၊ ဘယ်ဖိနပ်၊ ညာဖိနပ်ကို ခွဲတတ်သေးသူ မဟုတ်ပါ ဘူး။ 

တစ်ခါက ထော်ဘီဟာ ဘောင်းဘီကို ရှေ့နဲ့နောက် ပြောင်းပြန်ဝတ်ထားခဲ့တယ်။ ဒါကို ကျွန်မ က လဲပေးဖို့ပြင်တော့ စူစန်က ကျွန်မကိုတားတယ်။ တကယ်လို့ ဝတ်ရတာ သက်တောင့်သက်သာမရှိဘူးဆိုရင် သူ့ဘာသာသူ ချွတ်ပြီးပြန်လဲလိုက်မယ်လို့ ဆိုပါတယ်။ တကယ်လို့ သူနေရ သက်တောင့် သက်သာရှိတယ်ဆိုရင် ဒီအတိုင်းထားလိုက်ပါလို့ စူစန်ကပြောပါတယ်။ အဲဒီနေ့က ထော်ဘီတစ်ယောက် ဘောင်းဘီရှေ့နောက် ပြောင်းပြန်ဝတ်ပြီး ပြေးလွှားဆော့ကစားနေခဲ့တယ်။ ဒါကိုစူစန်က ဘာမှမမြင်ခဲ့သလို ဘာသိဘာသာ နေခဲ့ပါတယ်။ တစ်ခါက ထော်ဘီတစ်ယောက် ဘေးအိမ်က ကလေးတွေနဲ့ဆော့ကစားနေခဲ့တယ်။ တအောင့်ကြာတော့ မောမောပန်းပန်းနဲ့ အိမ်ကို အပြေးပြန်လာပြီး "မေမေ...မေမေ.. လူစီကပြောတယ်။ သားဘောင်းဘီ ရှေ့နောက်ပြောင်းပြန်ဖြစ်နေတယ်တဲ့။ တကယ်လားဟင်!" လူစီဆိုတာ ဘေးအိမ်က အသက်(၅)နှစ်အရွယ် ကောင်မလေးပါ။သားအမေးကို စူစန်ကရယ်ပြီး "ဟုတ်တာပေါ့သား... သားပြန်လဲမယ်မဟုတ်လား!" လို့ပြောတော့ ထော်ဘီခေါင်းညိတ်ပြတယ်။ ပြီးတော့ ဘောင်းဘီချွတ်ပြီး သေချာကြည့်တယ်။ ပြန်ဝတ်တယ်။ အဲဒီနောက်ပိုင်း ထော်ဘီ ဘယ်တော့ မှ ဘောင်းဘီကိုပြောင်းပြန် မဝတ်ခဲ့မိတော့ဘူး။ 

ဒီအဖြစ်ကိုကြည့်ပြီး မြေးမလေးကို ကျွန်မသတိရလိုက်မိတယ်။ မြေးမလေးဟာ အသက်(၅)နှစ်(၆)နှစ်ထိ ဇွန်းမကိုင်တတ်ခဲ့သေးဘူး။ ဖိနပ်ကြိုး မချည်တတ်ခဲ့ဘူး။ ဒီကနေ့မှာ အလယ်တန်းတက်နေတဲ့ အထိ ကျောင်းဆောင် ကနေ အိမ်ကိုပြန်လာတိုင်း လျှော်စရာအဝတ်တွေ သယ်ပြန်လာတတ်သေးတယ်။

 တစ်နေ့ နေ့လယ်မှာ ထော်ဘီတစ်ယောက် စိတ်ကောက်ပြီး ထမင်းမစားတော့ဘူး။ စူစူန်တစ်ခွန်းနှစ်ခွန်းပြောလိုက်တာကို စိတ်တိုပြီး ထမင်းပန်းကန်ကို မှောက်ပစ်လိုက်တယ်။ ပန်းကန်ထဲကအစာတွေ ကြမ်းပြင်ပေါ် ပြန့်ကျဲသွားခဲ့တယ်။ စူစန်က ထော်ဘီကိုကြည့်ပြီး သေချာပြောတယ်။"ကြည့်ရတာ သား တကယ်ထမင်းစားချင်ပုံမရဘူး။ မှတ်ထား... အခုချိန်ကစပြီး မနက်ဖြန်မနက်အထိ သားဘာမှ မစားရဘူး။ သိလား" ထော်ဘီခေါင်းညိတ်ပြီး ခိုင်ခိုင်မာမာနဲ့ ပြန်ဖြေတယ်။"ဟုတ်ကဲ့..."သားအမိနှစ်ယောက်ရဲ့အဖြစ်ကို ကြည့်ပြီး ကျွန်မစိတ်ထဲရယ်နေမိတယ်။   

  ညနေရောက်တော့ ညနေစာအတွက် စူစန်နဲ့ကျွန်မ တိုင်ပင်နေခဲ့တယ်။ ညနေစာကို တရုတ်အစား အစာပြင် ဆင်ဖို့ စူစန်ကပြောတယ်။ ထော်ဘီတရုတ်အစားအစာ သိပ်ကြိုက်မှန်း ကျွန်မချက်ချင်း သတိ ရလိုက်တယ်။ ကြည့်ရတာ နေ့လယ်စာသေချာမစားခဲ့တဲ့ ထော်ဘီကို ညနေမှာ စူစန်ပိုစားစေချင်ခဲ့ပုံ ရတယ်။ အဲဒီနေ့ ညနေစာကို ထော်ဘီအကြိုက် ကျွန်မချက်ပြုတ်ခဲ့တယ်။ အီတလီခေါက်ဆွဲနဲ့ တရုတ်စတိုင်လ် ချက်ခဲ့တယ်။ ဒါဟာ ထော်ဘီအကြိုက်ဆုံးပါ။ ကလေးဆိုပေမယ့် ပန်းကန်ပြားတစ်ချပ်အပြည့် သူစားနိုင် ပါတယ်။
ညနေစာ စစားတော့ ထော်ဘီတစ်ယောက် အားရဝမ်းသာ ကုလားထိုင်ပေါ် တက်ထိုင်တယ်။ ဒါကို စူစန်က သူ့ရဲ့ပန်းကန်နဲ့ ခက်ရင်းတွေကိုသိမ်းပြီး "ဒီနေ့ သားထမင်းမစားဘူးလို့ မေမေတို့ ပြောထားကြ တယ် မဟုတ်လား? သားလည်း ဝန်ခံဂတိပြုထားတယ်လေ" လို့ပြောတယ်။လေးလေးနက်နက်ပြောနေတဲ့ မေမေ့မျက်နှာကြောင့် ထော်ဘီ ဝါးခနဲထငိုတယ်။ ငိုနေရင်းက "မေမေ... သားဆာလို့ပါ.. သားဗိုက်ဆာလို့ပါ" လို့ပြောတယ်။"ဝန်ခံခဲ့တဲ့ ဂတိအတိုင်း လိုက်နာရမယ်လေ" စူစန်ကလည်း နည်းနည်းမှ စိတ်မပျော့ခဲ့ဘူး။ မြေးအဖြစ်ကိုကြည့်ပြီး ကျွန်မစိတ်မကောင်းဖြစ်မိတယ်။

 ထော်ဘီအတွက် အသနားခံဖို့ပြင်တော့ သားက မျက်ရိပ်မျက်ခြေပြတယ်။ ကျွန်မအမေရိကားရောက်စက သားပြောခဲ့တဲ့စကားကို ကျွန်မ သတိရလိုက် မိ တယ်။ အမေရိကားမှာ မိဘတွေ သားသမီးကို သွန်သင်ဆုံးမနေချိန်မှာ တခြားသူတွေ လုံးဝ ဝင်မပါရ ဘူးလို့ဆိုတယ်။ လူကြီးပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ဝင်မပါရပါဘူးတဲ့။ အဲဒီလိုနဲ့ ကျွန်မလည်း အကူအညီမဲ့စွာ ခပ်ဆိတ်ဆိတ်ပဲ နေခဲ့တော့တယ်။ အဲဒီနေ့ ညစာစားပြီးချိန်ထိ သနားစရာ ထော်ဘီတစ်ယောက် ကစားစရာကားလေးထဲမှာ ထိုင်ပြီး လူကြီးတွေ အားရပါးရစားတာကို ပါးစပ်အဟသားနဲ့ ကြည့်နေခဲ့တယ်။ ကျွန်မကို တရုတ်အစားအစာ ချက်ခိုင်းခဲ့တဲ့ စူစန်ရဲ့ ဦးတည်ချက်ကို ကျွန်မနားလည်လိုက်ပါတယ်။နောင်တစ်ချိန်မှာ ထော်ဘီတစ်ယောက် စိတ်တိုပြီး ထမင်းပန်းကန်လွင့်ပစ်ဖို့ကြံတိုင်း ဖေဖေမေမေ ဘွားဘွား တို့စားတာကို ဗိုက်အဟောင်းသားနဲ့ ထိုင်ကြည့်ခဲ့ရတဲ့အဖြစ်ကို သူသတိရမိလိမ့်မယ်လို့ ကျွန်မယုံကြည်မိတယ်။ ဆာတဲ့အရသာဟာ ခံရခက်ကြောင်းနဲ့ သူကြိုက်တဲ့အစားအစာတွေ မစားရတာဟာ ပိုခံရခက်ကြောင်း ထော်ဘီနားလည်သွားပါလိမ့်မယ်။
မအိပ်ခင် ထော်ဘီကို ကျွန်မနဲ့စူစန်တို့ ဂွတ်နှိုက်သွားနှုတ်ဆက် ခဲ့ကြတယ်။အဲဒီမှာ ထော်ဘီက သတိလေးနဲ့ "မေမေ... သားအရမ်းဆာနေတယ်။ သား ခေါက်ဆွဲစားလို့ ရနိုင်မလား?" လို့ မေးတယ်။ စူစန်က ခပ်ပြုံးပြုံးလေးနဲ့ ခေါင်းခါပြပြီး"မရဘူး သား...""ဒီလိုဆိုရင် သားအိပ်ပြီး နိုးလာတဲ့အချိန် စားလို့ရလား?""ရတာပေါ့..." နူးနူးညံ့ညံ့ပြန်ဖြေတဲ့ စူစန်ရဲ့အဖြေကြောင့် ထော်ဘီဝမ်းသာသွားခဲ့တယ်။ အစာအရပ်ခံလိုက်လို့ ခံစားရတဲ့ဝေဒနာမျိုး ထော်ဘီနောက်ထပ် ခံရဲတော့မယ် မထင်ပါဘူး။

အဲဒီနောက်ပိုင်း ပါးစပ်ဘေးမှာ အစာတွေကပ်ပြီး ထမင်းကို မြိန်ရည်ယှက်ရည်စားနေ တဲ့ ထော်ဘီ ကိုကြည့်ရင်း မြေးမလေးကို ကျွန်မ သတိရမိတတ်တယ်။ မြေးမလေး ထော်ဘီအရွယ်တုန်းက ထမင်းစားတိုင်း ချော့မော့ရတယ်။ လူကြီးတွေက ထမင်းပန်းကန် ကိုကိုင်ပြီး သူ့နောက်လိုက်ပြေးရတယ်။ ဒါတောင် သူက ဈေးဆစ်သေးတယ်။ ဒီထမင်းစားပြီးရင် ကစား စရာအရုပ်တစ်ရုပ် ဝယ်ပေးရမယ်။ နောက်ထပ်ထမင်းစားရင် နောက်ထပ် အရုပ်တစ်ရုပ်ဝယ်ပေးရမယ်လို့ ဆိုပါတယ်။(၂) သူတစ်ပါးကို နာအောင်လုပ်ပြီးရင် ပြန်လျော်ရတယ်တစ်နေ့မှာ ထော်ဘီကိုခေါ်ပြီး ကျွန်မတို့ ပန်းခြံထဲရောက်ခဲ့ကြတယ်။ သိပ်မကြာပါဘူး..

 ထော်ဘီတစ်ယောက် တခြားကောင်မလေးနှစ်ယောက်နဲ့ သူငယ်ချင်းဖြစ်သွားပြီး အတူဆော့ကစားနေကြတယ်။ ပလတ်စတစ်နဲ့လုပ်ထားတဲ့ အိုးတွေ၊ ခွက်တွေ၊ ပန်းကန်တွေ က မြက် ခင်းပြင်တစ်ခုလုံးမှာ ခင်းကျင်းထားတယ်။ ရုတ်တရက် ထော်ဘီတစ်ယောက် အိုးတစ်လုံးယူပြီး ကောင်မလေးတစ်ယောက် ရဲ့ခေါင်းကို ခေါက် ထည့်လိုက်တယ်။ စစချင်းမှာ ထင်မှတ် မထားတဲ့အဖြစ်ကြောင့် ကောင်မလေးကြောင်သွားတယ်။ အဲဒီနောက် အသံကုန်အော်ငိုတော့တယ်။ အငယ်တစ်ယောက်ငိုတော့ အကြီးတစ်ယောက်ကလည်း လန့်ပြီးထငိုတော့တယ်။ ဒီလောက်ထိ ကြီးကျယ်သွားမယ်မှန်း မထင်ခဲ့တဲ့ ထော်ဘီ ဟာ ဘေးမှာ ရပ်ပြီး ကောင်မလေးတွေငိုတာကို ကြောင်ကြည့်နေခဲ့တယ်။အခင်းဖြစ်ရာကို စူစန်ရောက်သွားခဲ့တယ်။ အကျိုးအကြောင်းကို ခန့်မှန်းမိတဲ့စူစန်ဟာ စကားတစ် ခွန်းမှမပြောဘဲ အိုးယူပြီး ထော်ဘီခေါင်းကို အားနဲ့ခေါက်ထည့်လိုက်တယ်။ ထော်ဘီ ကာကွယ် ချိန်မရလိုက်ဘူး။ မြက်ခင်းပြင်ပေါ် ဖင်ထိုင်လဲကျသွားပြီး တဝါးဝါးနဲ့ အော်ငိုတော့တယ်။ ဒါကို စူစန်က "နာလား! နောက်တစ်ခါ ထပ်လုပ်ရဲသေးလား?" လို့ မေးတယ်။ ထော်ဘီ ငိုရင်း ခေါင်းခါပြ တယ်။ နောက် တစ်ကြိမ် သူလုပ်ရဲတော့မှာ မဟုတ်မှန်း ကျွန်မ ယုံကြည်မိပါတယ်။

 ထော်ဘီရဲ့ဦးလေးက ထော်ဘီကို အပြာနုရောင်စက်ဘီးလေးတစ်စီး လက်ဆောင်ပေးခဲ့တယ်။ အဲဒီစက်ဘီးကို ထော်ဘီအရမ်းနှစ်သက်ခဲ့ပြီး တခြားလူတွေ အထိမခံခဲ့ပါဘူး။ ဘေးအိမ်က သူငယ်ချင်းဖြစ် တဲ့ လူစီဟာ စက်ဘီးလေးခဏစီးရဖို့ ထော်ဘီကို အကြိမ်ကြိမ်တောင်းဆိုခဲ့တယ်။ ဒါကို ထော်ဘီ လက်မခံ ခဲ့ဘူး။တစ်ခါမှာ သူငယ်ချင်းတချို့နဲ့ ထော်ဘီကစားနေခဲ့တယ်။ လူစီဟာ ထော်ဘီသတိမထားမိချိန်မှာ စက်ဘီးလေးကို တိတ်တိတ်စီးထွက်သွားတော့တယ်။ ဒါကို ထော်ဘီတွေ့တော့ ဒေါသတကြီးနဲ့ စူစန်ဆီအပြေးလာပြီး တိုင်ပါတော့တယ်။ ကော်ဖီသောက်ရင်း ကလေးမိဘတွေနဲ့ စကားပြောနေခဲ့တဲ့စူစန်က ထော်ဘီကိုပြုံးပြပြီး "သားတို့ကိစ္စ သားတို့ရှင်းနော်။ မေမေနဲ့ မဆိုင်ဘူး" လို့ ပြောလိုက်တယ်။ ထော်ဘီတစ်ယောက် ခေါင်းငိုက်စိုက်နဲ့ စူစန်ဘေးကနေ ထွက်သွားခဲ့တယ်။တအောင့်အကြာမှာ လူစီစက်ဘီးလေးစီးပြီး ပြန်လာတယ်။ လူစီကိုတွေ့တာနဲ့ ထော်ဘီဟာ လူစီကိုပြေး တွန်းပစ်ပြီး စက်ဘီးကိုပြန်လုလိုက်တယ်။ မြေပေါ်ထိုင်ပြီး လူစီအော်ငိုတော့တယ်။ ဒါကိုတွေ့တော့ စူစန်က လူစီကိုအပြေးပွေ့ပြီး ချော့မော့လိုက်တယ်။ သိပ်မကြာပါဘူး... လူစီတစ်ယောက် တခြားကလေးတွေနဲ့ ပျော်ပျော် ပါးပါး ကစားနေတော့တယ်။ ထော်ဘီဟာ စက်ဘီးစီးရင်းစီးရင်း ပျင်းလာပုံရတယ်။ တခြားကလေးတွေ ပျော်ပျော်ပါးပါး ကစားနေ တာတွေ့တော့ သူလည်း ပါချင်လာခဲ့တယ်။ ဒါပေမယ့် ခုနားက လူစီကိုတွန်းထားတဲ့စိတ်က မနေသာ ခဲ့ပြန်ဘူး။ စူစန်ဆီလာပြီး စူပုပ်ပုပ်လေးနဲ့ "မေမေ...သားလည်း လူစီတို့နဲ့ ကစားချင်တယ်" လို့ဆိုတယ်။"ကစားချင်ရင် သူတို့ကို သွားရှာလေ...""မေမေပါ လိုက်ခဲ့ပေးပါ..." ထော်ဘီက တောင်းတောင်းပန်ပန်နဲ့ဆိုတယ်။"မရဘူး... ခုနားက လူစီကိုငိုအောင် သားလုပ်ခဲ့တယ်။ ခုတော့ သူတို့နဲ့ သားကစားချင်ပြန်တယ်။ ဒါကို သားကိုယ်တိုင် သွားဖြေရှင်းမှရမယ်" ထော်ဘီတစ်ယောက် စက်ဘီးလေးစီးပြီး လူစီတို့အနား တဖြေးဖြေးချည်းကပ်သွားတယ်။ လူစီနားရောက်ခါးနီး စက်ဘီးကို နောက်ပြန်လှည့်ပြန်တယ်။ အဲဒီလို အကြိမ်ကြိမ်လုပ်တာ ဘယ်လောက်ကြာ သွားမှန်း မသိပါဘူး... ထော်ဘီနဲ့လူစီ ပြုံးပြုံးရယ်ရယ်နဲ့ ဆော့ ကစားနေတာ ကို တွေ့ လိုက်ပြန်ပါတယ်။

(၃) သားသမီးတွေကို သွန်သင်ဆုံးမတာ မိဘတွေရဲ့အလုပ်စူစန်ရဲ့မိဘတွေက ကယ်ရီဖိုးနီးယားမှာ နေပါတယ်။ ကျွန်မရောက်လာသံကြားတော့ နှစ်ယောက်သား ကားမောင်းပြီး ကျွန်မဆီ အလည်လာကြတယ်။ အိမ်ကို ဧည့်သည်တွေလာတော့ ထော်ဘီတစ်ယောက် မြူးတူးခုန်ပေါက်နေတော့တယ်။ ထော်ဘီဟာ သဲထည့်တဲ့ ပုံးငယ်လေးထဲ ရေအပြည့်ထည့်ပြီး တစ်အိမ်လုံး ပြေးလွှားဆော့ကစားနေခဲ့တယ်။ ကြမ်းပြင်ပေါ် ရေမဖိတ်မိစေဖို့ စူစန်အထပ်ထပ် သတိပေးခဲ့ပေမယ့် ထော်ဘီ ဂရုမစိုက်ခဲ့ဘူး။ နောက်ဆုံးတော့ ရေတွေဖိတ်ပြီး ကြမ်းပြင်စိုရွဲသွားရုံမက ထော်ဘီဟာ အမှားလုပ်လိုက်မိမှန်း မသိဘဲ ဘောင်း ဘီတွေ ရွဲရွဲစိုတဲ့အထိ ရေတွေကိုခြေထောက်နဲ့ နင်းဆော့ကစားနေခဲ့တယ်။ ကြမ်းတိုက်အဝတ်ယူပြီး ကြမ်းတိုက်ဖို့ ကျွန်မအမြန်ပြင်တော့ စူစန်က ကြမ်းတိုက်တံကို ကျွန်မလက်ထဲ ကလုပြီး ထော်ဘီကို ကမ်းပေးလိုက်တယ်။"ထော်ဘီ... ကြမ်းကို ခြောက်အောင်တိုက်လိုက်။ ပြီးတော့ အဝတ်စိုတွေကို ချွတ်ပြီး ကိုယ်တိုင်လျှော် လိုက်ပါ" စူစန်အပြောကို ထော်ဘီမနာခံဘဲ အော်လိုက် ငိုလိုက်လုပ်နေခဲ့တယ်။ စူစန်ဟာ စကားတစ်ခွန်းမှ မပြောဘဲ ထော်ဘီကိုဆွဲပြီး စတိုခန်းထဲထည့် သော့ခတ်ထားလိုက်တော့တယ်။ အကြောက်အလန့်အော်ငိုနေတဲ့ ထော်ဘီအသံကိုကြားတော့ ကျွန်မစိတ်တွေ နာကျင်ခဲ့မိတယ်။ စတိုခန်းထဲကနေ သူ့ကို ခေါ်ထုတ်ချင်ခဲ့မိတယ်။ ဒါကို စူစန်မိခင်က "ဒါ စူစန်ရဲ့ကိစ္စ" ဆိုပြီး ကျွန်မကို တားခဲ့တယ်။ တအောင့်နေတော့ ထော်ဘီ့ဆီက ငိုသံမကြားရတော့ဘူး။ စတိုခန်းထဲကနေ "မေမေ... သားမှားပြီ" လို့ သူဆိုတယ်။စတိုခန်းအပြင်ဘက်ကရပ်ပြီး စူစန်က "ဒီလိုဆိုရင် ဘာလုပ်ရမလဲဆိုတာ သားသိတယ်နော်" လို့မေးတယ်။"သိပါတယ်"လို့ ထော်ဘီဆီက ဖြေသံကြားမှ တံခါးကို စူစန်ဖွင့်လိုက်တယ်။ စတိုခန်းထဲကနေ ထွက်လာတဲ့ ထော်ဘီ့မျက်နှာပေါ်မှာ မျက်ရည်စီးကြောင်းနှစ်ခုကို တွေ့လိုက်တယ်။ သူ့ထက်နှစ်ဆမြင့်တဲ့ ကြမ်းတိုက်တံကို မနိုင်မနင်းကိုင်ရင် ထော်ဘီကြမ်းတိုက်နေခဲ့တယ်။ အဲဒီနောက် ဘောင်းဘီချွတ်ပြီး ရေချိုးခန်းထဲဝင်ပြီး လျှော်ဖွတ်နေခဲ့ပါတယ်။ 

  တအံ့တသြဖြစ်နေတဲ့ ကျွန်မကိုကြည့်ပြီး စူစန်မိဘတွေက ရယ်ပါတယ်။ ဒီလိုအဖြစ်က ကျွန်မရင်ထဲ နက်နက်နဲနဲ ဝင်ရောက်ခဲ့ပါတယ်။ ကျွန်မတို့ အရှေ့တိုင်းက မိသားစုအများဟာ သားသမီးတွေကို သွန်သင်ဆုံးမချိန်မှာ "ကမ္ဘာစစ်ဖြစ်အောင်" ဖန်တီးနေခဲ့သလိုပါပဲ။ ကလေးကို ဆိုဆုံးမချိန်မှာ အမေဘက် က အဘိုးအဘွားက တားလိုက်၊ အဖေဘက်က အဘိုးအဘွားက ကာကွယ်ပေးလိုက်၊ လင်မယားချင်း ရန်ဖြစ်လိုက်နဲ့ ဆူညံ့ဗွက်လောရိုက်နေတတ်ပါတယ်။အဲဒီနောက် စူစန်မိဘတွေနဲ့ စကားပြောဆိုကြရင်း ကလေးတွေကို ဆိုဆုံးမတဲ့အကြောင်းတွေ ပြောဖြစ် ခဲ့ကြတယ်။ စူစန်မိဘပြောခဲ့တဲ့ စကားတချို့က ကျွန်မရင်ထဲ နက်နက်ရှိုင်းရှိုင်း တိုးဝင်စေခဲ့ပါတယ်။

"ကလေးကို မိဘတွေကပိုင်တယ်။ ဒါကြောင့် ကလေးကို သွန်သင်ဆုံးမတဲ့ မိဘတွေရဲ့ သွန်သင်ဆုံးမမှုကို ကျွန်မတို့လေးစားရမယ်။ ကလေးက ငယ်တယ်ဆိုပေမယ့် ပါးနပ်ကြတယ်။ သူ့ကိုသွန်သင်တဲ့ မိဘတွေ စိတ်ဝမ်းကွဲတာ၊ အမြင်မတူတာတွေ့ရင် သူ့အတွက် လွတ်ပေါက်၊ ကယ်ပေါက်ဖြစ်သွားမယ်ဆိုတာကို သူသိတယ်။ ဒါဟာ သူရဲ့အပြုအမှု တိုးတက်ကောင်းမွန်ဖို့ အကျိုးမရှိစေတဲ့အပြင် သွန်သင်ဆုံးမလေ ရှုပ်လေဖြစ်ပြီး ပြဿနာတွေ ပိုကြီးလာတတ်တယ်။ မိသားစုအချင်းချင်း စိတ်ဝမ်းကွဲ တာတွေ၊ ငြင်းခုန် တာတွေဖြစ်ပြီး ကလေးကို ပိုမလုံခြုံစေဖြစ်တတ်တယ်။ ကလေးငယ်ရဲ့ စိတ်ဓာတ်ဖွံ့ဖြိုးမှုကို ဆိုးကျိုးသက်ရောက်စေပါတယ်""ဒါကြောင့် အဘိုးအဘွားပဲဖြစ်ဖြစ်၊ မိဘတွေပဲဖြစ်ဖြစ် ကလေးတွေကို ဆိုဆုံးမရာမှာ စိတ်ဝမ်းကွဲတာတို့၊ မိဘချင်း သွန်သင်ဆုံးမပုံ ကွဲပြားတာတို့ဟာ ကလေးရှေ့မှာ မငြင်းခုန်သင့်ဘူး။ မဖြစ်သင့်ဘူး"စူစန်ရဲ့မိဘတွေ အိမ်မှာတစ်ပတ်ကြာနေပြီး ကယ်ရီဖိုးနီးယားကို ပြန်ဖို့ပြင်ဆင်ခဲ့တယ်။ 

မပြန်ခင်နှစ်ရက်မှာ စူစန်အဖေ့က စူစန်ကို လေးလေးနက်နက်နဲ့ "သမီး.. ထော်ဘီက ကစားစရာမြေကော်စက်လေး လိုချင်သတဲ့။ ဖေဖေ ဝယ်ပေးလို့ရမလား?" လို့မေးတယ်။ဒါကို စူစန်က စဉ်းစားပြီး "ဖေဖေတို့ ဒီတစ်ခေါက်လာတာ သူ့ကို နှင်းစီးဖိနပ်တစ်ရံ လက်ဆောင်ပေးခဲ့တယ် မဟုတ်လား? ခရစ္စမတ်ရောက်ခါနီးမှပဲ မြေကော်စက်လေး ဝယ်ပြီး လက်ဆောင်ပေးလိုက်ပေါ့" လို့ဆိုတယ်။အဲဒီနောက် ထော်ဘီကို သူ့အဘိုးဘာပြောလိုက်သလဲ ကျွန်မ မသိပါဘူး။ ထော်ဘီကို ကျွန်မ မောလ်(mall)ခေါ်သွားတိုင်း ထော်ဘီဟာ မြေကော်စက်ရုပ်လေးကို လက်ညှိုးထိုးပြီး "ဘိုးဘိုးကပြောတယ်။ ခရစ္စမတ်ရောက်ရင် သားကို မြေကော်စက်လေး လက်ဆောင်ပေးမယ်တဲ့"လို့ ဝမ်းသာအားရ ပြောတတ်ပါတယ်။စူစန်ဟာ ထော်ဘီ့အပေါ်မှာ စည်းကမ်းတင်းကျပ်တယ်ဆိုပေမယ့် ထော်ဘီဟာ သူ့မေမေကို အရမ်းချစ်ခဲ့တယ်။ အပြင်ထွက်ကစားတိုင်း ပန်းပွင့်လေးတွေ ဒါမှမဟုတ် လှတယ်လို့သူထင်တဲ့ သစ်ရွက်လေးတွေကို ခူးပြီး တလေးတစားနဲ့ စူစန်ကို သူလက်ဆောင်ပေးတတ်တယ်။ တခြားလူတွေဆီက လက်ဆောင်ရရင်လည်း စူစန်ကို သူနဲ့အတူ ဖောက်ကြည့်ဖို့ခေါ်တတ်တယ်။ စားလို့ကောင်းတဲ့အရာကို စူစန်အတွက် သူတစ်ဝက်ချန်ထားတတ်တယ်။အရှေ့တိုင်းက သားသမီးတချို့ မိဘအပေါ် အေးစက်၊ လျစ်လျူရှူတတ်တာကို ကြည့်ပြီး အမေရိကားက အင်္ဂလိပ်ချွေးမကို ကျွန်မ မချီးကျိုးဘဲ မနေနိုင်ခဲ့ပါဘူး။ ကလေးတွေကို သွန်သင်ဆုံးမရာမှာ၊ ဖြေရှင်းရမှာ အမေရိကားမိခင်တွေဆီကနေ ကျွန်မတို့ သင်ယူလေ့လာဖို့ အများကြီးရှိသေးကြောင်း ကျွန်မကောက်ချက်ချမိပါတယ်.

ဆရာမ နိုင်းနိုင်းစနေ ဘာသာပြန်သည်

Monday, October 21, 2013

၂၀၇၀ ပြည့်နှစ်မှာ ရန်ကုန်မြို့ဆိုတာ ရှိတော့မည်မဟုတ်ကြောင်း မိုးလေ၀သပညာရှင်ဆို


၂၁ ရာစုနှစ်အတွင်း ကမ္ဘာ့အပူချိန်တိုးနှုန်းကြောင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသရှိ မြို့ကြီးများ လုံးဝပျောက်ကွယ်သွားနိုင်သည့်အခြေအနေရှိနေကြောင်း မိုးလေ၀သပညာရှင် ဦးထွန်းလွင်က သတိပေးပြောကြားသည်။

၂၁ ရာစုကုန်ပိုင်းတွင် ကမ္ဘာကြီး ပူနွေးလာမှုကြောင့် အရှေ့တောင်အာရှနိုင်ငံများအားလုံး အပူချိန် ၄ ဒီဂရီသာ တိုးမည်ဖြစ်သော်လည်းမြန်မာနိုင်ငံတွင်မူ ၁ ဒီဂရီပိုမိုပြီး ၅ ဒီဂရီ အထိတိုးလာနိုင် ကြောင်း၎င်းက ရှင်းပြသည်။

အပူချိန်တိုးမှုကြောင့် ဖြစ်ပေါ်လာမည့် သဘာဝဘေးအန္တရာယ်ကာကွယ်ရန် လိုအပ်သည့် ပြင်ဆင်မှုများ၊ လေ့လာမှုများ မလုပ်နိုင်ပါကမြန်မာနိုင်ငံ၏ အဓိကမြို့ကြီးများ ပျောက်ကွယ်သွား မည်ဖြစ်ကြောင်း မိုးလေ၀သ ပညာရှင် ဦးထွန်းလွင်က ပြောကြားသည်။

၂၀၇၀ ပြည့်နှစ်၌ ရန်ကုန်မြို့ဆိုသည်မှာ ရှိတော့မည်မဟုတ်ကြောင်း ၂၀၈၀ တွင် ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့၏ သုံးပုံနှစ်ပုံမှာ ပျောက်ဆုံးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ပြီးခဲ့သည့် ဆယ်စုနှစ်များသည် ကမ္ဘာ့သမိုင်းတွင် အပူဆုံးဖြစ်ခဲ့ပြီးမြန်မာနိုင်ငံအနေဖြင့် Global Warning ကို မည်သို့မျှ ရှောင်လွှဲ၍ မရဘဲ မိနေကြောင်းနှင့် လိုအပ်သည့် ပြင်ဆင်မှုများ မပြုလုပ်ရသေးကြောင်း လေ့လာသူများကသုံးသပ်သည်။

မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်သည် လျင်မြန်စွာ ပျက်စီး ယိုယွင်းနေကြောင်း ပြည်တွင်း ပြည်ပပညာရှင်များကလည်းထောက်ပြလျက်ရှိသည်။

ပြည်ပပညာရှင်၊ သုတေသနအဖွဲ့များ၏ ထုတ်ပြန်ချက်များအရမန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သဘာဝဘေးအန္တရာယ် ထိခိုက်မှု အဆိုးဆုံးခံရသည့် ၁၀ နိုင်ငံ စာရင်းသည် ဒုတိယနေရာတွင်ရောက် ရှိနေသည့်အပြင် ရာသီဥတုပြောင်းလဲခြင်း၏ ထိခိုက်မှုဒဏ်ကို အဆိုးဆုံးခံရမည့် နိုင်ငံများစာရင်းတွင်လည်း ဒုတိယနေရာသို့ရောက်ရှိနေသည်။

အပူချိန်များတိုးခြင်း၊ ရာသီဥတု ဖောက်ပြန်ခြင်းတို့သည် Global Warning ကမ္ဘာကြီး ပူနွေးလာမှု၏ ဆိုးကျိုးများဖြစ်ပြီး ၎င်း၏ သက်ရောက်မှု (Impact) များကို အရှေကတောင်အာရှနိုင်ငံများမှ လေ့လာ စူးစမ်း၍ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန် စတင်နေပြီဖြစ်သော်လည်း အခြားသော နိုင်ငံများထက် ထူးခြားစွာ ထိခိုက်မည့်မိမိတို့နိုင်ငံသည် Global Warming ၏ Imparct များကို မလေ့လာဘဲ ကြိုတင်ပြင်ဆင်မှုများမရှိကြောင်း ဦးထွန်းလွင်က ပြောကြားသည်။
“သူများနိုင်ငံတွေ အကုန်လေ့လာပြီးပြီ၊ ဘာမှမလုပ်ရသေးတဲ့ မြန်မာနိုင်ငံကတော့ ကျေနပ်စရာ တစ်ကွက်မှ မရှိဘူး၊ အရှေ့တောင်အာရှမှာ အပူဆုံးနိုင်ငံဖြစ်တော့မယ်၊ အားလုံးကြို တင်ပြင်ဆင်မှုတွေ လုပ်သင့်ပြီ”ဟု ၎င်းက ပြောကြားသည်။

၂၁ ရာစုကုန်ပိုင်း အပူချိန်တိုးလာချိန်တွင် ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုကြောင့် ဆားငန် ရေများ ၀င်လာပြီး မြစ်ဝကျွန်းပေါ်ဒေသများ ကျုံ့သွားမည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ရေးရာ ပညာရှင် များက သုံးသပ်သည်။

ထို့ပြင် သောက်သုံးရေပြတ်လပ်ခြင်း၊ စိုက်ပျိုးမြေပျက်၍ ဆန်ရေစပါး ရှားပါးခြင်း၊ ငါးလုပ်ငန်း များ ပျက်ဆီးခြင်း၊ တောတာင်များ မီးလောင်ကျွမ်းခြင်းတို့ ဖြစ်ပေါ်လာနိုင်ကြောင်း၎င်းတို့က ဆိုသည်။
ကမ္ဘာကြိး၏ ၃၀ ရာခိုင်နှုန်းသည် စိမ်းလန်းသည့် သစ်တော့များနှင့် ဖုံးအုပ်ထားပြီး စတုရန်းမီတာ သန်းပေါင်း ၄၀၀ ရှိကြောင်း၊ သက္ကရာဇ် ၂၀၀၀ နှင့် ၂၀၁၅ ခုနှစ်အတွင်း သစ်တော ဧရိယာစတုရန်းမီတာ၇၃၂၀၀ ပျက်စီးသွားပြီဖြစ်ကြောင်း၊ ကမ္ဘာကြီးပူနွေးလာရခြင်းသည် လူသား တို့ကိုယ်တိုင် ဖန်တီး ခဲ့ခြင်းဖြစ်ပြီး လူသားများပင် ပြန်လည် ထိန်းသိမ်းကာကွယ်ရမည့် ပြဿနာဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းမှုများကို အမှတ်တမဲ့ မနေသင့်ကြောင်း သဘာဝပတ်ဝန်းကျင် ပညာရှင် ဦးအုန်းကပြောကြားသည်။

မြန်မာနိုင်ငံ၏ ဆိုးရွာလာတဲ့ အကျိုးဆက်များကို သေချာလေ့လာသုတေသနပြု ကြိုတင်ကာကွယ်ထိန်း သိမ်းခြင်းများ လုပ်ဆောင်ရတော့မည်ဖြစ်သော်လည်း သုတေသနအနေဖြင့် စနစ်တကျ လုပ်ဆောင်နိုင်သေးခြင်း မရှိကြောင်း ဦးထွန်းလွင်က ပြောကြားသည်။

ကမ္ဘာ့ပူနွေးမှုကို ကာကွယ်ပေးမည့် မြန်မာ့ သစ်တောများသည် မြေ အသုံးချမှုသို့ ပြောင်းပစ်နေခြင်းနှင့် အခြားအကြောင်း အမျိုးမျိုးတို့ကြောင့်ပျက်စီးနေရသကဲ့သို့ သဘာဝကို ပြုစုပျိုးထောင်မှု မရှိခြင်းတို့ကြောင့် သစ်တော အရည်အသွေးများ ကျဆင်းလျက်ရှိရာ ၁၉၉၀ ခုနှစ်မှ ၂၀၀၀ ခုနှစ် အတွင်း ကျွန်းနှင့် ပျဉ်းကတိုး တို့၏ ထုထည်နှင့် ပါဝင်မှု ရာခိုင်နှုန်းများသိသိသာသာ ကျဆင်းခဲ့ရာ ကျွန်းသစ်သည် ၁၉၉၀ တွင် ကုဗမီတာသန်းပေါင်း ၂၄၁ ဒသမ ၉၁ နှင့် ပါဝင်မှု ၈ ဒသမ ၆၃ ရာခိုင်နှုန်း ရှိနေရာမှကုဗမီတာ သန်းပေါင်း ၁၄၉ ဒသမ ၄ နှင့် ပါဝင်မှု ၅ ဒသမ ၂၁ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်း၊ ထိပ်တန်းသစ် ၁၀မျိုးကို ကြည့်လျှင်လည်း ထုထည် ကုဗမီတာ သန်းပေါင်း ၁၃၄၀ ဒသမ ၀၅ နှင့် ပါဝင်မှု ၄၇ ဒသမ ၈၁ ရာခိုင်နှုန်း ရှိနေရာမှ ထုထည် ကုဗမီတာ သန်းပေါင်း ၅၅၉ ဒသမ ၆၂ ရာခိုင်နှုန်းနှင့်ပါဝင်မှု ၁၉ ဒသမ ၅၁ ရာခိုင်နှုန်း အထိ ကျဆင်းခဲ့ကြောင်း သဘာဝပတ်ဝန်းကျင်နှင့် သစ်တောဦးစီးဌာနတို့ထံမှ စုံစမ်းသိရှိရသည်။

တောင်ယာလုပ်ရန် ရှို့သည့်မီးလောင်ခြင်း အပါအ၀င် တောမီးလောင်မှုခြင်းများလည်း မြန်မာနိုင်ငံအနှံ့ တွင် ဆက်တိုက်ဖြစ်ပွားနေခြင်းကလည်း သစ်တောပြုန်းတီးမှုကို အားပေးနေကြောင်း အမျိုးသား သဘာဝဘေး အန္တရာယ်ကာကွယ်တားဆီးရေးကော်မတီက ထုတ်ပြန်ချက်များအရလည်း သိရသည်။

မြန်မာနိုင်ငံသည် အာရှ၏ စက်မှုအင်အားကြီး နိုင်ငံကြီးနှစ်ခုဖြစ်သည့်တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ အကြားတွင် ကျရောက်ခြင်းကလည်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို အကျိုးသက်ရောက်မှု ကြီးကြီး မားမားဖြစ်စေနိုင်ကြောင်း သဘာဝပတ်ဝန်းကျင်ပညာရှင်များက သုံးသပ်ထားသည်။

ရေးသားသူ- မောင်ထက်
တည်းဖြတ်သူ- ဂျူးဂျူးလှိုင်
The Express Times



Credit @ Ko Nge

သင့်ကျန်းမာရေး (သားအိမ် အလုံးများ)

သင့်ကျန်းမာရေး (သားအိမ် အလုံးများ)


အမျိုးသမီး တွေရဲ့ချက်အောက်မှာ အလုံး တွေ့ရပြီး တဖြည်းဖြည်းနဲ့ အလုံးက ကြီးလာမယ်၊ ဝမ်းမသွားနိုင်၊ ဆီးမသွားနိုင် ဖြစ်မယ်၊ ဝမ်းဗိုက်ထဲ တက်လာတဲ့ အခါ သိပ်ကျပ်လွန်းလို့၊ အသက်ရှူ ကျပ်တာမျိုး၊  သားအိမ် အပြင်ဘက်ကို ထွက်လာတဲ့ အလုံးအညှာ ရှည်ထွက်ပါက အညှာနှင့် အလုံးကြီး ရှည်ရှည်လျားလျား၊ ကြီးကြီးမားမား ဖြစ်ကာ အလုံးက အဝေးမှာ ရှိပြီး အညှာလိမ် သွားလို့ နာကျင်လွန်းတဲ့အခါ အရေးပေါ် ခွဲစိတ် ရတတ်တယ်။
အလုံးက လိုဏ်ခေါင်းထဲ ရှိနေပြီး ခဏခဏ သားပျက်ကာ  သားသမီး မရနိုင်တာမျိုး၊ ပုံမှန်အားဖြင့် အမျိုးသမီး ၁ဝဝ မှာ ၉၉ ယောက်က နှစ်နှစ်၊ သုံးနှစ်အတွင်း တဖြည်းဖြည်း ကြီးလာပြီး လက်သီးဆုပ် အရွယ်လောက် အလုံး ဖြစ်လာမယ်။ အကြောင်း အမျိုးမျိုးကြောင့် ကြီးလာ၊ နာလာရင် အရေးပေါ် ခွဲစိတ် ကုသရတယ်။ အချို့အလုံးက ကိုယ်ဝန်ဆောင်တာနဲ့ ယှဉ်ပြီးဖြစ်ကာ  သန္ဓေသားကို ဒုက္ခမပေးဘဲ၊  ကလေးမွေးမှ နံရံမှာ အလုံးရှိမှန်း သိရလို့ တစ်ခါတည်း ခွဲစိတ် ကုသရတတ်တယ်။  အချို့ နံရံထဲ အလုံးကြီးလို့၊မကျုံ့နိုင်ဘဲ မွေးပြီး သွေးသွန်တတ်တယ်။ သို့မဟုတ် မမွေးခင်မှာ အလုံးကြီးက ကြီးလာပြီး ကလေး အနေအထား မမှန်ဖြစ်တတ်တယ်။ ခေါင်းအောက်ဆိုက်ရမဲ့ အစား ကန့်လန့် နေတတ်တယ်။ မွေးချိန် ကြာတတ်တယ်။ မိခင် ဘယ်လောက်ညှစ်အား ကောင်းကောင်း ကလေး မထွက်နိုင်ဘူး။
သားအိမ်ထဲ အလုံးရှိရင် ရောဂါဖြစ်၊ မဖြစ် သေချာအောင် Ultrasond ရိုက်ပြီး အနုအရင့် ခွဲခြားကာ အဆင့် သတ်မှတ်နိုင်မယ်။ ရိုးရိုးအကျိတ်လား သို့မဟုတ် ကင်ဆာအကျိတ်လား သေချာအောင် စမ်းသပ်မှုတွေ လုပ်ရတယ်။ အထူး စမ်းသပ်ချက်တွေ လိုတယ်။ အချို့ ကိုယ်ဝန် ရင့်တော့မှ အလုံးရှိမှန်း သိလို့ ကလေးမွေးရင်း တစ်ခါတည်း ဖယ်ရှား လိုက်တာမျိုး တွေ့ဖူးတယ်။  ခွဲကြောင်း မလိုချင်လျှင် အတွင်းကြည့် မှန်ပြောင်းသုံးပြီး အသားလုံး ထုတ်ယူကာ ခွဲကြောင်းကြီးကြီး မပေးဘဲ တစ်စချင်း ထုတ်ယူတာမျိုး ရှိတယ်။ ခွဲပြီး သိပ်မကြာခင် အနာကျက်တယ်။ မြန်ဆန်တယ်။
နောက်တစ်နည်းက လေဆာနည်းနဲ့ Hystosupic Myomutomy ဆိုတာ ဗိုက်ပေါ် အပေါက်လည်း မလုပ်၊ ခွဲကြောင်းလည်း မလုပ်၊ အောက်ကနေ သားအိမ် လည်တံဖြတ်ပြီး တိုက်ရိုက်ဝင်တာ၊ သားအိမ် လိုဏ်ခေါင်းထဲ အထိ တိုက်ရိုက်ဝင်ပြီး နံရံမှာရှိတဲ့ အလုံးကို အသေးလေးတွေ လုပ်ပြီး ထုတ်တာ။ နောက်တစ်ခုက ခွဲစိတ်စရာ မလိုဘဲ သွေးထောက်ပံ့နေတဲ့ သွေးကြော နှစ်ဖက်ကို ပိတ်ဆို့လိုက်ရင် သွေးကြော ဖြတ်တာနဲ့ တူသွားပြီး ကင်ဆာ အလုံးဟာ မကြီးဘဲ သေးသေးသွားပြီး ရှုံ့သွားလို့ခွဲဖို့ မလိုတော့ဘူး။
နောက်တစ်ခုက ဟော်မုန်းဓာတ် အဲဒီဆေးပေးရင် အလုံးက ကျုံ့ပြီး ဆက်မကြီးဘူး။  ခွဲပြီးလုပ်တာ မဟုတ်ဘဲ   မှန်ပြောင်းနဲ့ ခွဲစိတ်တာ ဖြစ်တယ်။ လည်တံကနေ သွင်းပြီး    အဲဒီမှန်ပြောင်းက တစ်ဆင့်   အတွင်းက အလုံးကို ထုတ်တဲ့အခါ  ခုန ဟော်မုန်းဆေး တစ်မျိုးကို မခွဲခင် ခြောက်ပတ် သို့မဟုတ် တစ်လခွဲလောက် ပေးထားတော့ သားအိမ်နံရံက အလုံးကျုံ့ပြီး ဘေးဝန်းကျင်နဲ့ သီးသန့် ဖြစ်သွားတယ်။ ထုတ်တဲ့ အခါ လွယ်ကူသွားတယ်။  ဆေးမပေး မိရင် ကြွက်သားတွေနဲ့ တွဲတာကြောင့် သွေးထွက်တာနဲ့ သွေးတိတ်အောင် လျှပ်စစ်နဲ့ ထိရတယ်။
ကင်ဆာမဖြစ်ခင်  ကြိုတင် ကာကွယ်ရေးဟာ  အကောင်းဆုံး ဖြစ်တယ်ဆိုတဲ့ စကားအတိုင်း ကင်ဆာအဖု၊ အကျိတ် ရှိ၊ မရှိ ကာယကံရှင် အဖို့ ရေချိုးနေ တုန်း စမ်းသပ် ကြည့်နိုင်သလို ကလေး မမွေးဘူးသေးသူများ အနေနဲ့ သားအိမ်ခေါင်း ကင်ဆာနဲ့ ရင်သားကင်ဆာ ရှိ၊ မရှိ စစ်ဆေးခြင်းနဲ့ အတူ သားအိမ်အတွင်း အလုံးရှိ၊ မရှိ  ကို ပုံရိပ်ဖော်စက်နဲ့ ဖတ်ကြည့်ရင်ဖြင့် ကြိုတင်သိနိုင်၊ ကာကွယ် နိုင်ပါတယ်။     ။


သားအိမ်အသားလုံး Myoma/Fibroid အကြောင်း

 


လောကကြီးက ခေတ်မှီလာတာနဲ့အမျှ ရောဂါတွေက လည်းဆန်းသထက်ဆန်းလာပါတယ် ။ ကင်ဆာတွေ အလုံးအကျိတ်တွေကလည်းများမှများ ။ ဒီတစ်ခါတင်ဆက်ပေးချင်တဲ့အကြောင်းကတော့ Myoma လို့ခေါ်တဲ့ သားအိမ်အသားလုံး ၊ သားအိမ်မှာ အလုံးတည်ခြင်းအကြောင်းဖြစ်ပါတယ် ။ ကင်ဆာမဟုတ်တဲ့ ဒီသားအိမ်အလုံးဟာ အမျိုးသမီးထုတွေမှာ အဖြစ်များလေ့ရှိပါတယ် ။ အိမ်ထောင်ပြုသားမွေးမပြုလုပ်ကြတဲ့အပျိုကြီးတွေမှာ အဖြစ်များပါတယ် ။ အပျိုကြီးတွေမှာသာမကပဲ အိမ်ထောင်ကျပြီးတချို့ က သားသမီးမယူကြဘူး နောက်ပြီးသားသမီးဦးရေ နည်းတဲ့သူတွေပေါ့ အဲဒီလိုလူတွေမှာလည်းဖြစ်လေ့ရှိကြပါတယ် ။ အသက် ၄၀ ၀န်းကျင်လောက်ရှိတဲ့အမျိုးသမီးတွေ အယောက် ၂၀၀ လောက်ကိုသာ Ultrasound ရိုက်ကြည့်မယ်ဆိုရင် ၂၀ ရာခိုင်းနှုန်းလောက်အမျိုးသမီးတွေမှာ အရွယ်အစားအမျိုးမျိုးနဲ့အသားလုံးတွေကို တွေ့ရမှာဖြစ်ပါတယ် ။ တချို့တွေကတော့ခွဲစိတ်ကုသဖို့ မလိုအပ်ပါဘူး ။ ဘယ်လိုလူမျိုးတွေလည်းဆိုတော့ ဘာရောဂါလက္ခဏာမှလည်းမပြ ၊ နောက်ဆက်တွဲ စီစစ်ကြည့်တဲ့အခါမှာလည်း အရွယ်အစားဟာ ဆက်လက်မကြီးထွားလာတဲ့သူတွေဖြစ်ပါတယ် ။



ဘယ်လိုနေရာတွေမှာဖြစ်တတ်သလဲ ?



ဒီလိုအသားလုံးတွေဟာ သားအိမ်တစ်ခုလုံး နေရာအနှံ့ဖြစ်ပွားနိုင်ပါတယ် ။ အမျိုးအစားနေ နဲ့ကြည့်မယ် ဆိုရင်တော့ သားအိမ်နံရံအတွင်းဖြစ်ပွားခြင်း ၊ သားအိမ်နံရံအပြင်တွင်ဖြစ်ပွားခြင်း နဲ့သားအိမ် လှိုဏ်ခေါင်း အတွင်းဖြစ်ပွားခြင်းဆိုပြီး သုံးမျိုးခွဲခြားနိုင်ပါတယ် ။ သားအိမ်နံရံအပြင်ဖက်နဲ့ သားအိမ်လှိုဏ်ခေါင်းအတွင်း ဖြစ်တဲ့ အမျိုးအစားတွေဟာ ညှာတံရှည်နဲ့အလုံးတွေဖြစ်နိုင်ပါတယ် ။

ဘယ်လိုလက္ခဏာတွေဖြစ်တတ်သလဲ ?

အလုံးအရွယ်အစား ကြီးတဲ့အခါ ၀မ်းဗိုက်အောက်ပိုင်းမှာ စမ်းမိပါတယ် ။ လက္ခဏာတွေကတော့ ဓမ္မတာ သွေးပေါ် မှု မူမမှန်ခြင်း ၊ ရက်ရှည်ကြာစွာ သွေးဆင်းခြင်း ၊ သွေးဆင်းချိန်တွေမှာ ကိုက်ခဲခြင်း စတာတွေ ဖြစ်နိုင် ပါတယ် ။ သားဥပြွန်တွေရှိတဲ့ သားအိမ်ထိပ်ပိုင်းနေရာတွေမှာ ဖြစ်တဲ့အခါ သားဥပြွန်တွေ ကျဉ်းသွား တတ်ပါ တယ် ။ ပြီးတော့ ပိတ်ဆို့မှုတွေဖြစ်တဲ့အခါ သားသမီးမရနိုင်တဲ့ ပြဿနာတွေပါ ကြုံတွေ့ရနိုင်ပါတယ် ။ သားအိမ် လှိုဏ်ခေါင်းအတွင်းမှာ အလုံးတည်တဲ့အခါမှာလည်း အကယ်၍ ကိုယ်ဝန်ရလာခဲ့အခါ သန္ဓေသား တွယ်ကပ် မှုကို အနှောက်အယှက်ဖြစ်စေတဲ့အတွက် ကိုယ်ဝန်ပျက်ကျခြင်းတွေကြုံရနိုင်ပါတယ် ။

အကယ်၍ ကိုယ်ဝန်မပျက်ကျခဲ့ရင်လည်း အဲဒီအလုံးတွေကြောင့် သန္ဓေသား အနေအထားမမှန်ခြင်း ၊ လမစေ့ ခင်မွေး ဖွားခြင်း (Preterm labour) ၊ သားအိမ်ဝတွင် တစ်ဆို့နေခြင်းကြောင့် ဗိုက်ခွဲမွေးရခြင်းတွေ လုပ်ရလေ့ ရှိပါတယ် ။ မွေးပြီးတဲ့အခါမှာလည်း သားအိမ်ကျုံ့အား (Uterine contraction force) အားနည်းတဲ့အတွက် အချင်း ကပ်ခြင်း ( retain placenta) ၊ မွေးဖွားပြီးသွေးသွန်ခြင်း ( Post Partum Haemorrhage) စသည်တို့ ကြုံတွေ့ ရနိုင်ပါတယ် ။ အသားလုံးကြီးသော်လည်း ကိုယ်ဝန်ဆောင်စဉ်မှာ သန္ဓေသားကို အနှောက်အယှက် မပေးပဲ သီး သန့် ရှိနေတဲ့အခါဆိုရင်တော့ လစေ့မှ ခွဲမွေးပေးလေ့ရှိပါတယ် ။ တခါတလေဆိုရင် အသား လုံးဟာ နှစ်ရှည်ကြာမြင့်စွာ ဖြစ်ပေါ်နေပြီး ၀မ်းဗိုက်တစ်ခုလုံးပြည့်တဲ့အထိ ၊ ကိုယ်ဝန်လစေ့ အရွယ်အ ထိကြီးမားနိုင်ပါတယ် ။ သားအိမ်ရဲ့ အရှေ့ဖက်မှာ အလုံးကြီးပါက ဆီးအိမ်ကို ဖိနေတဲ့အတွက် ဆီးခဏခဏ သွားလိုခြင်း ၊ ဆီးသွားလို့ မ၀ပဲ ဆီးကျန်ခြင်းနဲ့ ဆီးမသွားနိုင်တဲ့အထိ ဖြစ်တတ် ပါတယ် ။ သားအိမ်ရဲ့အနောက်မှာ အလုံးကြီးတဲ့အခါမှာလည်း ၀မ်းသွားရ ခက်ခဲခြင်း ၊ ၀မ်းကျန်ခြင်းတွေ ခံစားရနိုင်ပါတယ် ။ တချို့သော လူနာတွေမှာဆိုရင် အသားလုံးများစွာရှိပြီး သားအိမ်ရဲ့ နေရာအနှံ့အပြည့်ရှိနိုင်ပါတယ် ။ ဆီးသီးအစေ့ အရွယ်ကနေ ပြီးတော့ ရှောက်သီး ၊ ကျွဲကောသီးအရွယ်ထိ အလုံးပေါင်းရာကျော်တဲ့အထိရှိတတ်ပါတယ် ။
ဘယ်လိုကုသ သလဲ?
အလုံးသိပ်မကြီးရင်တော့ ဗိုက်ခွဲစရာမလိုပဲ မှန်ပြောင်း ( Hysteroscopy) နဲ့ အောက်ဖက်နေထုတ်နိုင်ပါတယ် ။ အလုံးကြီး လို့ဖြစ်စေ ရောဂါလက္ခဏာ ရှိလို့ဖြစ်စေ ၊ လူနာက အသက်၄၀ ကျော်ပြီးတဲ့အခါတွေမှာတော့ သားအိမ် ထုတ်လေ့ ရှိပါတယ် ။ လူနာက အသက်ငယ်သေးပြီးတော့ သားသမီးရယူလိုသူတွေအတွက်ကတော့ အလုံးကို သီးသန့်ထုတ်တဲ့ ( Myomectomy) ကို ပြုလုပ်လေ့ရှိပါတယ် ။ အသားလုံးတွေရဲ့ သဘာဝ ဟာ သွေး ဆုံးပြီးတဲ့အခါ ဆက်လက်မကြီးထွားနိုင်ခြင်း ၊ သေးငယ်သွားခြင်းတွေဖြစ်နိုင်ပါတယ် ။ ဒါဟာ အမျိုးသမီးတွေ ရဲ့ ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်ပါတယ် ။ သိပ်မကြာသေးခင်က ပေါ်လာတဲ့ Luproid Depot လိုပခေါ်တဲ့ ထိုးဆေးကတော့ ဒီအသားလုံးတွေကို ကျုံ့စေနိုင်ပြီးတော့ ဆက်လက်ကြီးထွား မှုကို ဟန့်တားစေ ပါတယ် ။ မီးယပ်ပေါ်နေစဉ်ကိုက်ခဲခြင်းများကိုလည်း သက်သာစေပါတယ် ။ သားအိမ်ကို သွားတဲ့ သွေး လွှတ်ကြောကိုပိတ်ဆို့ ကုသတဲ့ Embolization နည်းနဲ့လည်းကုသကြပါတယ် ။ တချို့အသက် ကလည်း ၄၀ ကျော် အောက်ပိုင်းအလုံးကလည်းသေးပြီး ဘာလက္ခဏာမှလည်းမခံစားရဘူး Ultrasound ရိုက်ကြည့်လို့ အလုံးရှိမှန်း သိရပြီး စိတ်သောက ရောက်နေရတဲ့ သူတွေရှိပါတယ် ။ ရှင်းပြဖို့လိုအပ်ပါတယ် ။ သားအိမ် ထုတ်ဖို့မ လိုအပ်သလို ၆ လ သို့မဟုတ် တစ်နှစ်တစ်ကြိမ်လောက် Ultrasound နဲ့ စစ်ဆေးပေးဖို့သာ လိုအပ်ပါတယ် ။

သားအိမ်အသားလုံးနဲ့ပတ်သတ်ပြီးဘာတွေသိထားလို့လိုအပ်သလဲ ?

၁ ။ ကိုယ်ဝန်ယူမယ်ဆိုပြီး သားအိမ်ချန် ၊ အသားလုံးချည်းသီးသန့်ထုတ်မယ်လို့ ရည်ရွယ်ထားသော်လည်း အလုံး အရွယ် အစားက ကြီးမားတယ် နောက်ပြီး အရေအတွက်လည်းများတယ် ခွဲစိတ်တဲ့အခါ အလုံးကြီးပဲသီးသန့် ထုတ်လို့ ခက်ခဲတဲ့အခါ ၊ ခွဲစိတ်နေစဉ်မှာ သွေးထွက်များ ( Massive bleeding) ရှိ၍ လူနာရဲ့အသက်ကို ကယ်တင်နိုင် ဖို့အတွက် သားအိမ်ကို ထုတ်လိုက်ရတာမျိုးလည်းကြုံတွေ့ရနိုင်ပါတယ် ။

၂ ။ ဒါကြောင့် အဲဒီအခြေအနေတွေကို ကာကွယ်ဖို့ ခွဲစိတ်မှု မပြုမီမှာ လိုအပ်ရင် သားအိမ်ပါ ထုတ်ပစ်ဖို့ သဘော တူတဲ့အကြောင်း သဘောတူညီမှု လက်မှတ် ၊ သွေးသွင်းဖို့ အနည်းဆုံး သွေး ၄ လုံး အဆင်သင့်ထားရှိဖို့လည်း လိုအပ်ပါတယ် ။

၃ ။ အလုံးတွေဟာ သားဥပြွန်တွေကို ပိတ်ဆို့နေခြင်းရှိမရှိ သားအိမ်လှိုဏ်ခေါင်းအတွင်းဘယ်လောက် ထိုးဝင်နေ သလဲ ဆိုတာကိုသိဖို့အတွက် ဆေးဓါတ်မှန်လို့ခေါ်တဲ့ Hystosalpingogram ရိုက်ပေးခြင်း ၊ သားအိမ်အတွင်း မှန်ပြောင်းကြည့်ခြင်း Hystoscopy တို့လို မျိုးကို ပြုလုပ်ဖို့လိုအပ်ပါတယ် ။

၎ ။ ခွဲစိတ်မှု မပြုခင်မှာလဲ ခင်ပွန်း သို့မဟုတ် ခင်ပွန်းလောင်းရဲ့ သုတ်ပိုး စစ်ဆေးခြင်း မှုမှန်ခြင်းရှိမ ရှိကိုလည်း စစ်ဆေးထားဖို့လိုပါတယ် ။

၅ ။ ခွဲစိတ်မှု အောင်မြင်ပြီးတဲ့အခါမှာလည်း အနည်းဆုံး ၆ လကြာမှသာလျှင် ကိုယ်ဝန်ယူဖို့ ခွင့်ပြုပါတယ် ။ သိထားဖို့ ကတော့ သားအိမ်ရဲ့အဓိကတာဝန်ဟာ ဓမ္မတာ သွေးပေါ်ဖို့နဲ့ သားသမီးမွေးဖွားဖို့ပဲဖြစ်ပါတယ် ။ လိင်မှု ကိစ္စ ၊ အမျိုးသမီးတွေရဲ့အရည်အသွေးပြောင်းလဲခြင်းအရည်အသွေးယုတ်လျော့မှု အဲဒါတွေနဲ့ ဘယ်လိုမှ မပတ်သတ် ပါဘူး ။

၆ ။ အကယ်၍ အလုံးတွေသာထုတ်ပြီး သားအိမ်ချန်ထားခဲ့ရင်တော့ နောင် ငါးနှစ်မှ ဆယ်နှစ်အတွင်း ထပ်မံမဖြစ် ပွားတော့ပါဘူးလို့ အာမခံချက် မရှိပါဘူး ။

နောက်ဆုံးပြောချင်တာကတော့ Ultrasound အကြောင်းဖြစ်ပါတယ် ။ အယူအဆ လွဲမှားနေ တာလေးတွေ ကိုပြော လိုခြင်းဖြစ်ပါတယ် ။ အမျိုးသမီးမျိုးပွားဆိုင်ရာရောဂါတွေနဲ့ ကိုယ်ဝန်ဆောင်စောင့်ရှောက်ခြင်းတွေမှာ အာထ ရာဆောင်း ဟာ မရှိမဖြစ်လိုမျိုး အလွန်ကို အသုံးဝင်တဲ့ အရာဖြစ်ပါတယ် ။ အာထရာဆောင်းဟာ ဓါတ်ရောင် ခြည်မဟုတ်ပဲ အဏုမြူဓါတ်နဲ့လည်းဆက်စပ်မှုမရှိပဲ အသံလှိုင်းလေးတွေကြောင့် ပဲ့တင် အရိပ်ထင် လာတဲ့ ပုံရိပ်သာဖြစ်ပါတယ် ။ ဒါကြောင့် လူနာနဲ့ သန္ဓေသားကို ဆိုးကျိုးမရှိပါဘူး ။ ကိုယ်ဝန်ရှိစ သုံးလေးပတ် ကနေစပြီး ကိုးလအချိန်ထိ သိရှိ ရှာဖွေလိုတဲ့ရောဂါတွေကို တိကျစွာ ရှာဖွေနိုင်ပါတယ် ။ အမျိုးသမီး အဂါင်္တွေဖြစ် တဲ့ သားအိမ် ၊ သားဥပြွန် ၊ မမျိုးဥ စတဲ့ အတွင်းအဂါင်္တွေမှာဖြစ်တဲ့ရောဂါတွေကိုလည်း ရှာဖွေနိုင်ပါတယ် ။ သားအိမ်နဲ့ ကပ်လျှက်ရှိတဲ့ ဆီးအိမ် ၊ အူမကြီး ၊ သားငံရေ အကျိတ်တွေနဲ့ တခြား အလုံးအဖုများ ကိုပါ တွေ့မြင်နိုင်ပါတယ် ။ ဒါကြောင့်အာထရာဆောင်းရိုက်ရင်ကလေးကိုအန္တရာယ်ဖြစ်စေတယ် ကင်ဆာတွေ ဘာတွေ နဲ့ဥာဏ်ရည်မမှီတော့ဘူးစတဲ့ အယူအဆအလွဲအမှားများကို ရှောင်ရှားသင့်ရပါမယ် ။ အမှန်ကို လည်း မသိသေးတဲ့လူတွေကို လက်ဆင့်ကမ်းပေးရင်း ကျန်းမာရေး ဗဟုသုတများဖြန့်ဝေနိုင်ကြပါစေ ။

Ref : Health Education for Reproductive Health by Prof. Myint Mg Mg
Internet

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................


Ref:http://www.themeltingpot4u.com

Hernia အူကျ-မကျ

Hernia အူကျ-မကျ (ကျန်းမာရေးဗဟုသုတ)




ယောက်ျားတွေမှာ အဲဒီနေရာမယ် ဖြစ်တဲ့ ရောဂါတွေ အဓိက ၄ မျိုး ရှိတယ်။ 
1. Hernia အူကျတာ၊ 
2. Hydrocele မုတ္တရောဂါ၊ 
3. Epididymitis ကျားအစေ့ရောင်တာ နဲ့
4.Varicocele (ဗေရီကိုဆီးလ်) သွေးပြန်ကြောထုံးတာတွေ ဖြစ်ကြတယ်။
ယောက်ျားတိုင်းရဲ့ Scrotum ကပ်ပယ်အိတ် တဖက်စီထဲမယ် Testis ဝှေးစေ့ တလုံးစီ ရှိကြရတယ်။ အစေ့အထက်မှာ အထက်-အောက် တန်းနေတာကို အကြောလို့ အလွယ်ခေါ်တဲ့ထဲမှာ Arteries and Vein သွေးကြောတွေ၊ Nerve အာရုံကြောနဲ့ Vas deferens သုတ်ရည်ပြွန်အားလုံးက ကပ်နေကြပြီး လက်ချောင်းလေး တချောင်း စာလောက်သာ တုတ်တယ်။ 

ဗိုက်ထဲမှာသာနေရတဲ့ အူက အောက်ဆင်းပြီး ကပ်ပယ်အိတ်ထဲ ကျလာတာကို Hernia (ဟာနီယာ) အူကျတာ ခေါ်ပါတယ်။ မုတ် ဆိုတဲ့ မုတ္က Hydrocele (ဟိုက်ဒရိုဆီး) ကတော့ အစေ့ကို ဖုံးနေတဲ့ အိတ်ထဲက ပုံမှန်ရှိရမဲ့ ခပ်ပါးပါး အရည်တွေ အများကြီး ဖြစ်လာတာကို ခေါ်တယ်။ အူကျတာနဲ့ မုတ်က မနာကြတာမှာ လာတူတယ်။ အသက်အရွယ် မရွေးဖြစ်တာလဲ တူတယ်။ အကြော-အစေ့ ရောင်တယ် ဆိုတာ အတော် နာတယ်။ (စာတပုဒ် ရေးထားပါတယ်။) ဝှေးစေ့ရဲ့ သွေးပြန်ကြောတွေ ဖေါင်းကြွနေတာကို Varicocele (ဗေရီကိုဆီး) ခေါ်တယ်။ မနာဘူး။ (စာတပုဒ် ရေးထားပါတယ်။)

ဒီရောဂါ လေးမျိုးအပြင် ရှားရှားပါးပါးတွေလည်း ရှိသေးတယ်။ Scrotal elephantiasis ဆင်ခြေထောက်ပိုးကြောင့် မုတ်လို ဖြစ်တာ၊ Hydrocele of testis အစေ့က မုတ်လိုဖြစ်တာ၊ Spermatocele သုတ်ပိုးအိတ်ဖြစ်တာ၊ Testicular torsion အကြောထုံးတာ၊ Testicular cancer အစေ့ ကင်ဆာ နဲ့ TB အစေ့ တီဘီတွေ ဖြစ်တယ်။ နောက် ထူးဆန်းတာတခုက Undescended testis မွေးကတည်းက အစေ့က တဖက်ဖြစ် နှစ်ဘက်လုံးဖြစ်ဖြစ် ကပ်ပဲ့အိတ်ထဲမှာ မရှိတာ။ အစေ့ တဖက်ထဲသာ စမ်းလို့ရရင် ဒါဖြစ်မယ်။ အောက်အထိမကျဘဲ ပေါင်ခြံမှာဖြစ်ဖြစ် ဗိုက်ထဲဖြစ်ဖြစ် ရှိနေမယ်။ ခွဲစိတ်ပြုပြင်ပေးရတယ်။ (စာတပုဒ် ရေးထားပါတယ်။)

(ဟာနီယာ) အူကျတာက မတ်တပ်ရပ်ရင် ကျလာမယ်။ ချောင်းဆိုး-နှာချေရင်၊ ပြေးရင်၊-ခုန်ရင်၊ အလေးအပင်မရင်၊ ဗိုက်ကို ညှစ်လိုက်ရင် ထွက်လာမယ်။ အိပ်နေရင် သူ့ဖါသာ ဖြစ်ဖြစ်၊ သွင်းပေးလို့ဖြစ်ဖြစ် ပြန်ဝင်သွားမယ်။ ၁ လ၊ ၁ နှစ်ကနေ၊ ၁ဝ နှစ်၊ အနှစ် ၂ဝ အထိ ကြာနိုင်တယ်။ ကြာကြာ ဖြစ်နေသူမှာ ယုတ်တရက် နာလာတာကတော့ အရေးပေါ်။ ပြန်မဝင်နိုင်ဘဲ ကျနေတဲ့ အူက ခေါက်နေလို့။ အူက ရောင်-နာ-ပိတ်တာ ဖြစ်လာတယ်။ Strangulated Hernia နေ့နေ့-ညည အရေးပေါ် ခွဲရလိမ့်မယ်။ 

ကျလာတဲ့ အူဆိုတာကို အစေ့ရဲ့ အပေါ်မှာ၊ သီးသန့် စမ်းလို့ရတယ်။ မဖြစ်တဲ့ ဘက်နဲ့ ယှဉ်ကြည့်ပါ။ ချောင်းအတု ဆိုးခိုင်းရင် ကျကျလာလို့၊ ဖေါင်းဖေါင်း လာမယ်။ လှဲအိပ်ခိုင်းတာနဲ့ ဝင်သွားမယ်။ ကျလာတဲ့နေရာက ဗိုက်အောက်ပိုင်း၊ ပေါင်ခြံအထက် နေရာက ဖြစ်တယ်။ ပြန်သွင်းပေးရင် ထွက်လာတဲ့ နေရာဆီကို သွင်းပေးရတယ်။ အတိအကျ ပြောရင် ကပ်ပဲ့အိတ် အထက် တည့်တည့်၊ ဆီးစပ်က အရိုးမာမာရဲ့ ဖြစ်တဲ့ဘက် အထက်-ဘေး ၂ လက္မလောက် နေရာပါ။ ကျနေတဲ့အူကို ပြန်သွင်းပြီး၊ မတ်တပ်ရပ် အနေအထားမှာ အဲဒီနေရာမှာ စမ်းတဲ့သူက လက်နဲ့ ဖိ-ပိတ်ထားရင် ချောင်းဆိုးခိုင်းပေမဲ့ အူက ကျမလာဘူး၊ ထွက်ပေါက်ကို ဖိ-ပိတ်ထားလို့ပါ။ ဒါဆို အူကျရောဂါ သေခြာပြီ။ 

ထွက်လာတဲ့ နေရာဆိုတာ ဘာလဲ။ ဗိုက်ကို ဖုံးကာပေးထားတဲ့ ကြွက်သားလွှာက ၃-၄ ထပ်ရှိတယ်။ (ဒါရိုက်ရှင်) လားရာ အမျိုးမျိုး ရှိတယ်။ အထက်-အောက်၊ တစောင်း။ ကြွက်သားတွေက ပေါင်ခြံထိပ်က အရွတ်ရှည်မှာ လာတွယ်တာတွေက အူကျတာနဲ့ ဆိုင်တယ်။ လာတွယ်ကြတဲ့အခါ ဂဟေဆက်သလို မဟုတ်ဘူး။ အဟလေးတွေ ကျန်နေတယ်။ အဲဒီ နေရာလေးတွေက အပေါက်လို ဖြစ်နေလို့ အားနည်းချက်ဘဲ။ ဗိုက်ကို တင်းအား-ညှစ်အား လုပ်တဲ့အခါ ဗိုက်ထဲ ရှိတာတွေဟာ အပေါက် နေရာတွေကနေ ထွက်ဘို့ ကြိုးစားပါတယ်။ ထွက်လာနိုင်ရင် Hernia ဖြစ်ပြီပေါ့။ ခေါ်တော့သာ အူကျတယ်လို့ အလွယ်ခေါ်တာ၊ ဗိုက်ထဲက အနီးအနာက ထွက်လို့ရတာ ထွက်မှာဘဲ။ 

ကျလာတယ်ဆိုတာ အူသပ်သပ် ကျတာတော့ မဟုတ်ဘူး။ ကြွက်သားတွေရဲ့ အတွင်းမှာ ဗိုက်တပြင်လုံးကို ဖုံးနေတဲ့ အလွှာပါးပါးလေး ရှိသေးတယ်။ အဲဒီအလွှာက ထွက်မဲ့နေရာကနေ တဖြေးဖြေးချင်း စူစူထွက်လာတာမို့ အိပ်ကလေးဖြစ်ပြီး၊ အိတ်ထဲမှာက အူသိမ်၊ အူမြှေးတွေလဲ ကပ်ပါနေမယ်။ ညာဘက်မှာဖြစ်ရင် အူအတက် ဆိုတာလည်း ပါနိုင်တယ်။ 

(ဟာနီယာ) ဆိုတာ ယောက်ျားတွေ မှာသာ ဖြစ်တယ် ထင်ကြတယ်။ အမျိုးသမီးတွေလည်း အူကျတာ ဖြစ်တယ်။ နည်းပါတယ်။ ယောက်ျားတွေကို ခွဲပေးဘူးတာ မရေတွက်နိုင်ပေမဲ့ အမျိုးသမီး ၂ ယောက်သာ ခွဲပေးရဘူးတယ်။ သူတို့မှာ ကပ်ပဲ့အိတ် မဟုတ်ဘဲ မ-အင်္ဂါ နှုတ်ခမ်းသားထဲကို ကျလာတယ်။ သိပ်လဲမကြီးလှဘူး။ 

(၁) အခုထိရေးခဲ့တာက အများဆုံးဖြစ်တဲ့ ပေါင်ခြံမှာဖြစ်တယ်။ Inguinal hernia ခေါ်တယ်။ 
(၂) ပေါင်ထိပ်မှာဖြစ်ရင် Femoral hernia ခေါ်ပြီး၊ ဒီအမျိုးအစားက အမျိုးသမီးတွေ ပိုဖြစ်တယ်။ 
(၃) ကလေးငိုရင် ချက်မှာ စူထွက်လာတာကို Umbilical hernia ခေါ်တယ်။ ကလေးကိုတခါတည်း နာမယ်ပေးတယ်။ “ချက်ဖေါင်း” လို့။ ကလေးမှာအဲလိုဖြစ်တိုင်းတော့ မခွဲရပါ။ ကြီးတဲ့အထိရှိနေသေးမှာ ခွဲရတယ်။
(၄) ဗိုက်ခွဲထားတဲ့ ချုပ်ရိုးနေရာကနေ စူထွက်တာကို Incision hernia ခေါ်တယ်။ 
(၅) ဗိုက်နဲ့ ရင်ခေါင်းကို ပိုင်းခြားထားပေးတဲ့ ကြွက်သားကြီးမှာဖြစ်ရင် Diaphragmatic hernia ခေါ်တယ်။ Acid Reflux အူကျတာ မဟုတ်တဲ့ (ဟာနီယာ) စာတပုဒ်ထဲမှာ ရေးထားပါတယ်။

ဘာလို့ အူကျတာလဲ။ ဗိုက်ဖုံးကြွက်သား ခန္ဓာဗေဒမှာ အားနည်းနေသူ၊ ဗိုက်ကို တင်းအားဖြစ်စေမှာတွေ လုပ်တာ များလို့ကြောင့် ဖြစ်တယ်။ မဖြစ်စေချင်သူတွေ ဒါမျိုး ဆင်ခြင်ရမယ်။ အပြေး-အခုန်၊ အလေးမ၊ အတက်-အဆင်း။ ဒါ့ကြောင့် အားကစားသမား ရောဂါလို့ ထင်ရတယ်။ အမှန်က အဲလိုတော့ မဟုတ်ဘူး။ ခန္ဓာဗေဒက (ပါဖက်) ဆိုရင် မဖြစ်ပါဘူး။ 

(ဟာနီယာ) သေခြာရင် ခွဲရမှာပါ။ မခွဲဘဲ ယာယီ သက်သာအောင် လုပ်တာမျိုးတော့ ရှိတယ်။ အသက်ကြီးသူတွေ၊ အခွဲ မခံသင့်သေးသူတွေ ဥပမာ ဆီးချို၊ နှလုံးရောဂါရှိနေသူတွေ အတွက်သာ ညွှန်းပါတယ်။ Hernia Belt ခါးပတ်တမျိုး ပတ်ထားရတယ်။ အချိန်ရွေးပြီးခွဲနိုင်ပါတယ်။ တချို့ အသက်အတော်ကြီးမှခွဲတယ်။ သတိထားဘို့တော့ရှိတယ်။ ကြာလေလေ ကြီးလေလေဖြစ်မယ်။ အနေရခက်မယ်။ စိတ်ထဲမှာ ငါ့မှာ ဒီရောဂါရှိနေတယ်လို့ ကသိကအောင့် ခံစားနေရနိုင်တယ်။

ခွဲစိတ်တာက ထမင်းစားရေသောက် ပြောလို့ရပါတယ်။ ဆရာဝန်များ ခွဲတာ-စိတ်တာ လက်တွေ့သင်ရင် (ဖိုင်မိုးဆစ်) ပန်းငုံတာကနေ စကြရတယ်။ ဒိနောက်မှာ (ဟိုက်ဒရိုဆီး) မုတ်ခွဲတာ။ ဒိနောက်မှာ (ဟာနီယာ) ခွဲရတယ်။ အတွေ့အကြုံတော့ လိုတယ်။ တခါတလေ ခွဲရင်းနဲ့ အိတ် ရှာမတွေ့ရင် တောအုပ်ထဲ လမ်းပျောက်သူလဲ ဖြစ်တတ်တယ်။ ခွဲပြီးမှ ပြန်ဖြစ်သူတွေလည်း ရှိတတ်တယ်။ အသက်ကြီးသူတွေ အတွက်တော့ နည်းနည်း ပိုလုပ် ပေးရတာမျိုး ရှိတယ်။ ဖါထေးရတာမျိုး။ ဇရာက ဆရာဝန်တွေကို ပိုဒုက္ခပေးပါတယ်။ 

ဒီစာကို ၁၇-၈-၂ဝ၁ဝ နေ့က ရေးပြီးတင်တော့ မေးလာတာတခုရှိတယ်။ မခွဲသေးဘဲစောင့်ချင်သူတွေ အတွက် ဆက်ဖတ်ပါ။ 

2011/1/11 
ကျွန်တော် အူကျနေတာ ဂ နှစ်လောက်ရှိပါပြီ။ ခုကျွန်တော် တခြားနိုင်ငံသို့ ရောက်နေပါသည်။ အရင်က အူကို တင်လို့ ရသေးတယ်။ အခု အူက မာပြီး တင်လို့မရဘူး ဖြစ်နေပါတယ်။ အရမ်းလည်း အောင့်နေပါတယ်။ ဘယ်လို သက်သာအောင် လုပ်ပေးရမည်ကို ပြောပြပေးပါ။

အခုချက်ချင်း အိပ်ယာမှာ လဲလိုက်ပါ။ အူကျတဲ့ နေရာပေါ်မှာ ရေခဲတင်ပါ။ ရေခဲကို ပလပ်စတစ်အိတ်မှာ ထည့်ပြီး တင်ပါ။ လိုသေးရင် ကုတင် ခြေရင်းပိုင်းကို မြှင့်ထားပါ။ စိတ်ရော ကိုယ်ပါ နားလိုက်ပါ။ အစာအမာ မစားနဲ့အုံး။ သွားရည်စာလဲ ဆာလွန်းမှသာ စားပါ။ ၁-၂ နာရီအတွင်း ပြန်ဝင်ရမယ်။ ကိုယ့်ဖါသာ ပြန်သွင်းကြည့်ပါ။ သွင်းတဲ့အခါမှာ ကပ်ပဲ့အိတ်ကနေ အထက်၊ နောက်၊ ဘေးဘက်ဆီ ဦးတည်ပါ။ ဝင်သွားပါလိမ့်မယ်။ ၂-၃ နာရီမှ မဝင်ရင် ဆရာဝန်ပြပါ။ 

ဆရာဝန်က ငြိမ်ဆေး၊ အိပ်ဆေး ထိုးပေးမယ်။ သွင်းကြည့်မယ်။ အဲဒါတွေနဲ့ မရရင်တော့ အရေးပေါ်ခွဲရပါ မယ်။ နိုင်ငံခြားရောက်နေလဲ ခွဲရပါလိမ့်မယ်။ 

Dr. တင့်ဆွေ
Ref:http://www.themeltingpot4u.com

Sunday, October 20, 2013

လယ်ယာမြေ၏အဆင်ဒီဇိုင်းနှင့် စက်မှုလယ်ယာဆက်စပ်မှု


မျိုးဗီဇစက်မှုပညာဖြင့် သီးနှံများကို မျိုးစေ့ အဆင့်ကစ၍ စနစ်တကျရွေးချယ်တတ်ရမည့် စက်မှုလယ်ယာစိုက်ပျိုးရေးခေတ်သို့ ရောက်နေ သည်။ တစ်နည်းအားဖြင့် မျိုးဗီဇတော်လှန်ရေး ခေတ်သို့ ရောက်နေသည်။ထို့ကြောင့် မြန်မာ့လယ်ယာစိုက်ပျိုးရေး လုပ် ငန်းများကို စက်မှုလယ်ယာအဖြစ် လျင်မြန်စွာ ပြောင်းလဲရပေတော့မည်။ 
ကမ္ဘာ့ရာသီဥတု ပြောင်း လဲနေသော ယနေ့ခေတ်တွင် ရာသီဥတုအလိုက် မှီပြီး မိရိုးဖလာစိုက်ပျိုးရေးနည်းဖြင့် စခန်းသွားနေ ၍ မရတော့ချေ။ နောက် ၅ နှစ်မှ ၁၀ နှစ်ကြာ လျှင် အရှေ့တောင်အာရှနှင့် တောင်အာရှဒေသ များတွင် မုတ်သုံရာသီနှင့် မုတ်သုံမိုးဟူ၍ အချိန်မှန် ရှိတော့မည်မဟုတ်ကြောင်း ကမ္ဘာ့မိုးလေဝသနှင့် ဇလဗေဒပညာရှင်များက တွက်ဆလျက်ရှိသည်။ နွေ၊ မိုး၊ ဆောင်းဟူသော အချိန်မှန်မှန် လည်ပတ် သည့် ရာသီတစ်နှစ်တာတွင် ပုံမှန်ရှိချင်မှ ရှိတော့ မည်။ မိုးများရမည့် ကာလတွင် မိုးပါးနေမည်။ မိုး နည်းရမည့်အချိန်တွင် မိုးကြီးနေတတ်သည်။ စိုထိုင်း ရမည့်ကာလတွင် ခြောက်သွေ့နေမည်။ ခြောက်ရ မည့်အချိန် စိုမည်။ ပူသည့်အခါ ပူ၍ အေးချင်သည့် အခါ အချိန်ကြာကြာအေးချင် အေးနေမည်။

ရာသီဥတုက ဘာပဲဖြစ်နေနေ မိုးအနည်း အများအလိုက် အပူ အအေး၊ အစို အခြောက် အလိုက် ဖြစ်ပေါ်သည့်အခြေအနေနှင့် လျော်ကန် ကိုက်ညီအောင် မျိုးစေ့များကို ဗီဇပြုပြင်ပြောင်းလဲ သည့်နည်းပညာဖြင့် ကာလ၊ ဒေသ၊ ပယောဂနှင့် ကိုက်ညီအောင် ဗီဇမျိုးပွားစေ့အဖြစ် ဖန်တီးပြီး သီးနှံ အထွက်တိုးအောင် စိုက်ပျိုးကြရတော့မည်။

ထိုအခါ မျိုးစေ့အပေါ် အခြေခံရသော်လည်း မြေရော၊ ရေပါ ပြုပြင်တတ်ရမည်။ စိုသောမြေကို မည်သည့်ထွန်စက်နှင့် တမန်းညက်အောင် မည်သို့ ထွန်ရမည်။ မည်သို့ ထယ်သုံးရမည်။ မည်ပုံမည်နည်း မျိုးကြဲ၊ ပျိုးနှုတ်၊ ကောက်စိုက်၊ ပေါင်းလိုက်ရမည်။ ဓာတ်မြေဩဇာနှင့် ပိုးသတ်ရေး မည်သို့လုပ်ရမည်။ မည်သို့ ရိတ်သိမ်း၊ ခြွေလှေ့ရမည် စသည်ဖြင့် စလယ်ဆုံး စက်မှုနည်းပညာကို သုံးကြရမည်။ အလားတူ ခြောက်သော မြေ၊ ရေငန်ဖောက်သော မြေ စသည်ဖြင့် မြေနှင့်ရေကိုကြည့်၍ သဘာဝ ရာသီဥတုကို အားမကိုးဘဲ လူကဖန်တီးပြုလုပ်ရ မည်။ မြေအတွက် အတော်ရေးခဲ့ပြီးပြီ။ ယခု ရေ အတွက် အနည်းငယ်ရေးရန်ရှိသည်။

ရေလိုလျှင်မိုးကိုမမျှော်ဘဲ တမံများ၊ ဆည်များ၊ ရေလှောင်တမံများတည်ဆောက်၍ လိုသလို၊ လိုသလောက် ရေလွှတ်၊ ရေထိန်းပေးရမည်။မြစ်ရေတင်လုပ်ငန်းများကို စက်မှုပညာဖြင့် ဆောင်ရွက်ရ မည်။ ရေသွင်း၊ ရေပေးရေးကို ကျွမ်းကျင်စွာ လုပ်ရ မည်ဖြစ်သကဲ့သို့ ရေနုတ် ရေဖယ်၊ ရေရွှေ့ ရေလျှော့ ရေးကိုလည်း ရေစုပ်စက်များ၊ ရေတံခါးအဖွင့်အပိတ် များဖြင့် စိတ်ကြိုက်ဆောင်ရွက်ရမည်။


သီးနှံကို စီမံဖန်တီးပြီး စိုက်ပျိုးထားသည့် မျိုး စေ့ ဗီဇနှင့် ကိုက်ညီသော ရေ၊ မြေ၊ ပတ်ဝန်းကျင် ကို လူတို့ကစိုက်ပျိုးရေးသမားတို့ကပညာသုံး၍စက်ကိရိယာသုံး၍စက်မှုလယ်ယာလုပ်ငန်းကို ဆောင်ရွက်ကြရမည်။

စက်မှုလယ်ယာဆိုသည်မှာ “သိပ္ပံနည်းကျ စိုက်ပျိုးမှုနည်းစနစ်ဖြစ်သည့် မြေကွက်ကိုပြင်၊ ညက် ညက်ထွန်၊ မျိုးသက်မှန်၊ ပျိုးကို စိပ်စိပ်စိုက်၊ မျိုး ကောင်းမျိုးသန့်သုံး၊ ဓာတ်မြေဩဇာ မျှတအောင် ကျွေး၊ ပိုးမွှားနှိမ်နင်း၊ ပေါင်းမြက်ရှင်း၊ ရေသွင်းရေ ထွက်ကောင်းအောင်လုပ်၊ အလေအလွင့်နည်းရန် အချိန်မီရိတ်သိမ်း”ဆိုသော ဆောင်ပုဒ်ကို မြန်မာ့ စိုက်ပျိုးရေးပညာရှင်များက ချမှတ်ပေးခဲ့ဖူးပါသည်။

အဆိုပါ ဆောင်ပုဒ်နှင့်အညီ ဆိုရှယ်လစ် အစိုးရလက်ထက်ကတည်းက အတော်လေးတာ သွားသည်အထိ ကြိုးစားဆောင်ရွက်ခဲ့သည်။ အထူး သဖြင့် ဆန်စပါးစိုက်ပျိုးရေးတွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ကြီး များကိုယ်တိုင် ပြည်နယ်နှင့် တိုင်းအလိုက် တာဝန် ယူ၍ ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ခဲ့ကြသည်။ဆန်စပါးကော်မရှင် ဖွဲ့စည်း၍လည်း စပါးစိုက်ပျိုး ရေးနှင့် ဆန်ထွက်ရေးကို အသေးစိတ်လေ့လာဖော် ထုတ် တင်ပြစေခဲ့သည်။ ထို့ကြောင့် စပါးအထွက် နှုန်းတိုးသည့် လယ်မြေဧကများစွာ ပေါ်ပေါက်ခဲ့ သည်။ အထွက်နှုန်းတိုးသော်လည်း ဆန်စပါး အရည်အသွေးပိုင်းတွင် အဆင့်မြင့် တိုးတက်သင့် သလောက် မတိုးတက်၍ နည်းမျိုးစုံနှင့် တိုးတက် အောင် လုပ်ဆောင်ခဲ့သည်။

လက်ရှိကာလတွင်မူ စက်မှုလယ်ယာလုပ် ဆောင်ရာ၌ လယ်ယာမြေအဆင်ဒီဇိုင်း ပြောင်းလဲ ရေးဟူသော လုပ်ဆောင်ချက်သည်လည်း အရေး ပါလာခဲ့သည်။ လယ်ယာမြေ၏ သုံးစွဲပုံအပေါ် မူ တည်၍ ပြောင်းလဲရသည်။ မျိုးတူ၊ ဗီဇတူ အခြေတူ ပြုလုပ်ထားသည့် မျိုးစေ့များကို မြေတူ၊ ရေတူ၊ တမန်းညက်ပုံချင်း တူရုံသာမက အားလုံးတူရန်လို သည်။ လယ်ကွက်ကျဉ်းကျဉ်း သေးသေးများ ခွဲခြား ထားပါက အားလုံးတူရန် ခက်သည်။ ထို့ကြောင့် အားလုံးတူစေရန် လယ်ကွက်အရွယ်အစားသည် တစ်ကွင်းတစ်စပ်တည်း အတော်ကျယ်မှ အခြေတူ ပေမည်။ သို့ဖြင့် အမေရိကန်နိုင်ငံတွင် လယ်ယာ ကွက်အရွယ်ပမာဏကို ကျယ်သည်ထက် ကျယ် အောင်ချဲ့ထွင်ခဲ့သည်။ သိပ္ပံနည်းကျ လယ်ယာလုပ် ငန်း ထိရောက်စွာ စတင်နိုင်သည့် ၁၉၄၀ ပြည့်နှစ် တွင် အမေရိကန်ရှိ လယ်ယာမြေများ၏ အရွယ် အစား အကျယ်အဝန်းသည် ပျမ်းမျှ တစ်ကွက်လျှင် ၁၇၄ ဧက ကျယ်ဝန်းလာ သည်။ ဆက်လက်၍ အရွယ်ချဲ့ခဲ့ရာ ၁၉၅၀ ပြည့် နှစ်တွင် တစ်ကွက်ပျမ်းမျှ ၂၁၃ ဧက၊ ၁၉၆၀ ပြည့် နှစ်တွင် ၂၉၇ ဧက၊ ၁၉၇၀ ပြည့်နှစ်တွင် ၃၇၄ ဧက၊ ၁၉၈၀ ပြည့်နှစ်တွင် ၄၂၆ ဧက၊ ၁၉၉၀ ပြည့်နှစ်တွင် ၄၆၀ ဧကစသည်ဖြင့် လယ်ယာမြေ တစ်ကွက်၏ ပျမ်းမျှအကျယ်သည် ပို၍ပို၍ လာခဲ့ သည်။ ၂၀ဝ၀ ပြည့်နှစ်တွင် တစ်ကွက် ၄၃၆ ဧက သို့ ပြန်၍ အနည်းငယ်ကျဉ်းသွားသော်လည်း ၂၀ဝ၅ ခုနှစ်တွင် ပျမ်းမျှလယ်တစ်ကွက် ၄၄၄ ဧက အဖြစ် ပြန်ကျယ်လာသည်။ ၂၀ဝ၅ ခုနှစ်တွင် အမေရိကန်ပြည်၌ လယ်ယာမြေဧက ၉၃၃.၄ သန်းစိုက်ပျိုးခဲ့သည်။ လယ်ယာမြေကွက်ပေါင်း ၂.၁ သန်းရှိခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀ဝ၈ ခုနှစ်က စိုက်ပျိုးမြေ ဧရိယာ ဧက ၅၃.၁၇ သန်း ရှိခဲ့သည်။ စပါးစိုက် သော မြေဧကမှာ (သီးထပ် သီးညှပ်မပါ) ၁၂ သန်းခန့် ရှိခဲ့သည်။ ၁၉၈၈-၈၉ ခုနှစ်စာရင်းအရ တောင်သူ လယ်သမားဦးရေကို လုပ်ကွက်ရ အိမ်ထောင်စု အရေအတွက် အလိုက်ကြည့်ရာ အိမ်ထောင်ဦးစီး ဦးရေ ၄.၃၁၉ သန်းရှိသည်။ ယင်းအနက် ၆၂ ရာခိုင်နှုန်းသည် လုပ်ကွက်ဧရိယာအကျယ် ၄.၉၄ ဧကနှင့် အောက်သာလုပ်ရသဖြင့် တောင်သူလယ် သမားငယ်များသည် အများအားဖြင့် လုပ်ကွက် အရွယ် ၂.၆၄ ဧကသာ လုပ်ကိုင်လျက်ရှိကြသည်။ တစ်နည်းအားဖြင့် စုစုပေါင်း စိုက်ပျိုးမြေဧရိယာ၏ ၂၅.ဝ၂ ရာခိုင်နှုန်းကို ၅ ဧက အောက်ရှိ လုပ်ကွက် ငယ်များနှင့် လုပ်ကိုင်လျက်ရှိကြသည်။ စုစုပေါင်း ၏ ၃၁.၂၁ ရာခိုင်နှုန်းကို ၅-၉ ဧက လုပ်ကွက်၊ ၂၈.၄၄ ရာခိုင်နှုန်းကို ၁၀-၁၉ ဧက လုပ်ကွက်၊ ၁၁.၈၈ ရာခိုင်နှုန်းကို ၂၀-၄၉ ဧကအရွယ် လုပ် ကွက်၊ ဝ.၄ ရာခိုင်နှုန်းကို ၅၀-၉၉ ဧကအရွယ် လုပ်ကွက်နှင့် ၃.ဝ၅ ရာခိုင်နှုန်းကို ၁၀ဝ ဧကနှင့် အထက်အရွယ်ရှိ လုပ်ကွက်များနှင့် စိုက်ပျိုးလုပ်ကိုင် လျက်ရှိကြသည်။

မြန်မာနိုင်ငံ၏ လယ်ယာမြေစိုက်ပျိုးရေးလုပ် ကိုင်နေသည့် မြေကွက်များကို ဂြိုဟ်တုမှ ဓာတ်ပုံ ရိုက်ကြည့်ပါက မြေယာအဆင်ဒီဇိုင်းပုံမှာ ကျဉ်း မြောင်း သေးငယ်သောအကွက်များ၊ အရွယ်မညီ မညာနှင့် ရှုပ်ထွေးပုံပဲ့နေသည်ကို တွေ့မြင်ရပါ မည်။ ဤသို့သော မြေယာအဆင်ဒီဇိုင်းမှာ စက်မှု လယ်ယာ သို့မဟုတ် သိပ္ပံနည်းကျစိုက်ပျိုးရေးကို ထိရောက်စွာ လုပ်ဆောင်ရန်မသင့်လျော်ပေ။ထို့ကြောင့် စက်မှုလယ်ယာလုပ်ငန်းသို့ ပြောင်းလဲမည် ဆိုပါက ထိုလယ်ယာမြေအဆင်အကွက်ပုံစံကို ပြောင်းလဲပစ်ရန် လိုသည်။ အကွက်သေးများ ပေါင်းစပ်ပြီး လုပ်ကွက်အရွယ်ကို တစ်ဆက်တစ် စပ်တည်း အနည်းဆုံး ဧက ၁၀ဝ ကျယ်အောင် လုပ်ပေးရမည် ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံတွင် စပါးစိုက်သော လယ် ယာမြေများကို ပဲမျိုးစုံ၊ နေကြာစသော အခြားသီးနှံ များဖြင့် သီးထပ်သီးညှပ်အဖြစ် စိုက်ပျိုးဖြစ်ထွန်း လျက်ရှိရာ ထိုကြားဖြတ်သီးနှံများ စိုက်ပျိုးပြီးချိန်၌ စပါးသွားရောက်ရိတ်သိမ်းရန်နှင့် ရိတ်သိမ်းပြီး စပါးများ သယ်ထုတ်ရန် လမ်းကြောင်းပိတ်နေသည့် ဖြစ်ရပ်များစွာရှိသည်။အကယ်၍မည်သည့် သီး ထပ်သီးညှပ်မျှ မစိုက်ဘဲထားသည်ဆိုပါကလည်း အတွင်းပိုင်းက လယ်ကွက်များဆီရောက်အောင် ရှေ့ပိုင်းရှိ လယ်ကွက်များထဲမှ လှည်း၊ ထော်လာဂျီ၊ နောက်တွဲယာဉ်ပါသော ထွန်စက်၊ မော်တော်ယာဉ် ထရပ်ကားစသည်တို့ဖြင့် ဖြတ်မောင်းကြရသည်။ ထိုသို့ဖြတ်၍ ဖြတ်၍ ယာဉ်မျိုးစုံမောင်းနှင်သွား-ပြန် လုပ်ခဲ့သော လယ်ယာမြေထဲမှ လမ်းနေရာများ သည် မြေမာ မြေကျစ်ကာ မြေ၏သဘာဝ အနေ အထားပျက်ကြရသည်။ နောက်ရာသီ လယ်ထွန် သောအခါ ထိုဘီးရာထပ်ခဲ့သော လမ်းနေရာများ ရှိ မြေများတွင် မျိုးစေ့များ အခြားနေရာကဲ့သို့ ရှင် သန်မှုအားမကောင်းဘဲ ပိန်လှီချို့ယွင်းမှုများ ရှိတတ် သည်။

ဤသို့သော မလိုလားအပ်သည့် ပြဿနာများ မရှိရလေအောင် လယ်ယာမြေအဆင်ဒီဇိုင်းပုံစံကို ချမှတ်ရာ၌ အကွက်ချ၍ စနစ်ကျသော လမ်းအူ ကြောင်းများကို လယ်ကွက်အနေအထားပေါ်မူ တည်၍ အပြီးဖောက်လုပ်ပေးထားရသည်။တရုတ်နိုင်ငံကွမ်တုံပြည်နယ်မှလယ်ကွက်များတွင်ဤသို့သော စပါးရိတ်သိမ်း ရေး၊သယ်ယူရေးနှင့်အခြား ကိစ္စရပ်အသီးသီးအတွက် လယ်ကွက်များဆီသို့ သွားလာရန် ကွန်ကရစ်လမ်းများကိုနေသားတကျ စီစဉ်ဖောက်လုပ်ပေးထားသည်ကို စာရေးသူကိုယ်တိုင် သွားရောက်လေ့လာမြင်တွေ့ ခဲ့ဖူးပါသည်။ထိုကွမ်တုံပြည်နယ်၌ ကားလမ်း-ရထားလမ်းမကြီး များ၏ ဘေးဝဲယာရှိ စပါးစိုက်ကွင်းများသည် ကား လမ်းဘေး ၆ ပေအကွာနားအထိ ကပ်လျက်နေရာ မှ လယ်ကွက်အနားအဖြစ် စတင်ထားသည်ကို လည်းကောင်း၊ ရထားလမ်းဘေးဆိုပါက ၈ ပေ အကွာလောက်တွင် လယ်ကွက်အနားကပ်လျက်ရှိ သည်ကိုလည်းကောင်း တွေ့ခဲ့ဖူးသည်။ ကားလမ်း ဆိုပါက လမ်းပခုံးနှင့်ကပ်လျက် သစ်ပင်တန်းရှိ တတ်သည်။ ထိုသစ်ပင်တန်းနောက် ၄ ပေခန့် အကွာတွင် ကွန်ကရစ်ရေမြောင်းရှိသည်။ ရေ မြောင်းဟိုဘက်နှုတ်ခမ်းမှစ၍ လယ်ကွက်အနား ဖော်ထားသည်။ ဤပုံစံသည် စိုက်ဧက အလေ အလွင့်၊ အလျော့အနည်းမရှိစေခြင်းနှင့် ရေပေးဝေ ရေး အဆင်ပြေခြင်း၊ လူတို့ လက်တစ်ကမ်းမီ စောင့် ကြပ်နိုင်ခြင်း စသည့်ကောင်းကျိုးများရှိသည်။ ဆိုး ကျိုးအချို့ရှိသော်လည်း ထိုအတွက် ကြပ်မတ်ပေး ထားပြီးဖြစ်သည်။

လယ်ကွက်များကို ရေပေးဝေရေးတွင်လည်း အလွန်စနစ်ကျရန် လိုသည်။ ရေသွင်းရေထုတ် ကောင်းအောင် စိတ်ကြိုက်စီစဉ်ပေးထားရသည်။ လယ်ကွက်ဆီသို့ ရေအဝင်အထွက်မျှအောင် ရေ သွားရေလာမြောင်းများ နေသားတကျ ဖန်တီးပေး ရန်လိုသည်။ တရုတ်ပြည်၌ လယ်ကွက်များသို့ ရေ ပေးဝေသော ထူးခြားသည့် နည်းတစ်ခု တွေ့ခဲ့ဖူး သည်။ လယ်ယာမြေများအပေါ်မှ ကွေ့ပတ်သွား နေသည့် ရေပိုက်ကြီးပင် ဖြစ်သည်။ ရန်ကုန်မှ ဂျိုးဖြူ ပိုက်ကြီးနီးပါး အရွယ်ကြီးသည့် ရေပိုက်လိုင်းကြီးကို မိုးပျံတံတားကြီးတစ်စင်းကဲ့သို့ တည်ဆောက်ထား ခြင်းဖြစ်သည်။ ဤစင်တင် တောင်ကုန်းပေါ်ဖြတ် သည့် လယ်ယာမြေများသို့ ရေပေးဝေရမည့် နေရာ များအပေါ်က ဖြတ်သွားနေသည့် ရေပိုက်လိုင်းကြီး သည် မည်မျှရှည်သည် မသိရ။ အဝေးပြေးကား လမ်းမကြီးမှ ခပ်လှမ်းလှမ်းတွင် ဘေးချင်းယှဉ်၍ မိုင်နှင့်ချီပြီး သွားလိုက်၊ ကွေ့ပြီးကွယ်ပြီး ပျောက် သွားလိုက်၊ တစ်နေရာတွင် ပြန်ပေါ်လာလိုက်နှင့် ခရီးမိုင် ၅၀ ခန့်အတွင်း ဤသို့မြင်တွေ့နေရသည်။ထိုပိုက်ကြီးသည် ရေနံပိုက်လိုင်းကြီးလို သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကြီးလို ပြေးသွားနေပြီး ထိုရေပိုက် ကြီးမှ လိုရာလယ်မြေဆီသို့ ပိုက်ခွဲကလေးများ လက် တက်ခွဲ၍ သူ့နေရာနှင့်သူ အသီးသီးပို့ပေးသွားပုံမှာ ချီးကျူးဖွယ်ကောင်းသော လယ်ယာမြေအဆင်ဒီဇိုင်းသဏ္ဌာန် မြင်ကွင်းတစ်ရပ် ဖြစ်သည်။

ယနေ့ခေတ်တွင် စက်မှုလယ်ယာကို ချီတက် နေသော လယ်ယာထုတ်ကုန်လုပ်ငန်းကို ပီပီပြင် ပြင်လုပ်ဆောင်နေသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်နေ သည့် နိုင်ငံတိုင်းတွင် သီးနှံရိက္ခာ၏ ဖြန့်ဖြူးရေးလမ်း ကြောင်း ကောင်းအောင်နှင့် တောင်သူလယ်သမား များကိုယ်တိုင် ပါဝင်ပတ်သက်စေသည့် သီးနှံရိက္ခာ ဈေးကွက်ကိုလည်း ဖန်တီးပေးရမည်ဟူ၍ ဖြစ် သည်။ တောင်သူလယ်သမားများ၏ ဝင်ရောက် သွားလာခွင့် လမ်းကြောင်းကို တိုးချဲ့မြှင့်တင်ပေး ရမည်ဟူသော အရေးကြီးသည့်အချက်ကို စက်မှု လယ်ယာလုပ်ငန်း၏ အသက်သွေးကြောသဖွယ် ထည့်သွင်းဖန်တီးပေးလျက် ရှိသည်။

ဤလမ်းကြောင်းသည် အလွန်ခေတ်မီကျယ် ပြန့်လှသည်။ ကျေးလက်မှ လယ်စောင့်တဲအရောက် လက်ကိုင်ဖုန်းများရှိအောင် လုပ်ပေးခြင်း၊ လယ်ယာ မြေများ ဘေးအရောက် လမ်းမများ ဖောက်လုပ်ပေး ခြင်း၊ လယ်ယာထွက်ကုန် ပေါကြွယ်ဝသည့် ကျေးရွာ ဘေးရှိ ကားလမ်း၊ ရထားလမ်း ဘေးဝဲယာတွင် စပါး ကျီ၊ စပါးသိုလှောင်ရုံ၊ ဆိုင်လို၊ ဆန်စက်၊ ဆန်ဂိုဒေါင် များ တည်ဆောက်ပေးခြင်း၊ ထိုဒက်ထိနေရာ စပေါ့ များတွင် ဘူတာရုံ၊ကားဂိတ်များထားရှိပေးခြင်း၊ သယ်ယူပို့ဆောင်ရေး ယာဉ်မျိုးစုံ အလွယ်တကူ ဝင်ထွက်ရောက်ရှိအောင် စီစဉ်ပေးခြင်း၊ သယ်ယူပို့ ဆောင်ရေး စက်ကိရိယာမျိုးစုံ ခေတ်မီအောင် ဖန်တီး ပေး၍ ခေတ်နှင့်အညီ အသုံးပြုတတ်အောင်သင်ကြားပေးခြင်း၊ဘဝမြင့်သောခေတ်ပညာတတ်သော တောင်သူလယ်သမားများဖြစ်လာ အောင် အခြေခံအဆောက်အအုံများ ဖန်တီးပေး ခြင်း စသည်များသည် စက်မှုလယ်ယာသို့ ကူး ပြောင်းစဉ် လိုအပ်ချက်များဖြစ်သည်။
ဤသို့ ကုန်လုပ်ဆက်ဆံရေးလောကကြီးကို တောင်သူလယ်သမားတည်းဟူသော ၆၀ ရာခိုင် နှုန်းသော စုစုပေါင်းလူဦးရေ၏ အများစုလူထုကြီး ကို နှစ်ပေါင်းများစွာ ဤအတိုင်းမျှောမထားဘဲ သူတို့ ထဲက ဂျင်မီကာတာလို သမ္မတဖြစ်မည့် မြေပဲစိုက် ကွင်းမှ တောင်သူမျိုးဆက်များပင် ပေါ်ထွန်းနိုင် အောင် ဖန်တီးပေးရန် တာဝန်ရှိသည့် နိုင်ငံ့ခေါင်း ဆောင်သစ်များ အာရုံရောက်လာရန် လိုအပ်ပေ တော့သည်။

အောင်ချိန်ဘွား

Ref:http://agrotechni-pedia.com

MAC OS အတွက် မြန်မာဖော့များပြင်နည်း

MMFontFallBack Mac App

Mac OSX 10.8 မှာ မြန်မာစာ ပါဝင်လာပြီးတော့ ဇော်ဂျီ ကောင်းစွာမပေါ်တော့လို့ သူ့မှာ ပါတဲ့ မြန်မာစာကို ဖျက်ပစ်ရတာတွေ ရှိပါတယ်။ နောက်ပြီးတော့ ကျွန်တော် blog ရေးတဲ့အခါမှာလည်း OS မှာ ပါဝင်တဲ့ MyanmarMN က စာလုံးတွေ မမှန်တဲ့အတွက် စာရိုက်တဲ့အခါမှာလည်း အဆင်မပြေလှပါဘူး။ ဒါကြောင့် ဒီနေ့ fallback fix လုပ်နည်းလေး စဉ်းစားမိပြီး စမ်းကြည့်တာ အောင်မြင်သွားပါတယ်။ ဘာမှ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ /System/Library/Frameworks/CoreText.framework/Versions/A/Resources ​အောက်က fallback plist လေး ပြင်ပေးလိုက်ရင်ရပါတယ်။ လူတိုင်း အသုံးလွယ်အောင် Mac OSX app လေး လုပ်ထားတယ်။ ကြိုက်တဲ့ font ကိုရွေးပြီးတော့ Update Fall Back လေးကို နှိပ်လိုက်ရင်ရပါပြီ။ ဒါဆိုရင် မြန်မာစာအတွက် fall back အားလုံးက ရွေးထားတဲ့ font ဖြစ်သွားပါလိမ့်မယ်။ တကယ်လို့ original အတိုင်း ပြန်ဖြစ်ချင်ရင်တော့ Back To Original ကို နှိပ်လိုက်ရင် ရပါတယ်။



Update: v 1.1
Download Here


zawgyi and mm3 keyboard for Linux/FreeBSD...http://code.google.com/p/zawgyi-keyboard/

Ref;satutgod blogs

ကမ္ဘာကြီးပူနွေးလာမှု နှင်. ကာကွယ်တားဆီးရန်နည်းလမ်းများ

အခုတလော လူပြောသူပြောအများဆုံးနဲ. အကြားရဆုံးစကားလုံးက “ပူတယ်” ဆိုတာပါပဲ။ ပူလိုက်အိုက်လိုက်ရတဲ. အထဲမီးကလည်း ပျက်လိုက်တာ .. တစ်ရက်ကို သုံးလေး နာရီပဲလာတယ်ဆိုတာ ရပ်ကွက်တိုင်းမှာ၊ ဘတ်စ်ကားတွေထဲမှာ ၊ ဈေးတွေထဲမှာ ၊ လက်ဘက်ရည်ဆိုင်မှာ အမြဲတမ်းကြားနေရပါတယ်။ ဟုတ်ပါတယ် .. ရာသီဥတုက သတိမပြုမိဘဲ မနေနိုင်အောင်ကို ဆိုးရွားလာပါတယ်။ လွန်ခဲ.တဲ. ၅ နှစ် ၊ ၆ နှစ်လောက်တုန်းကတောင်မှ အခုလောက်ထိမပူဘူးလို.ထင်တယ်။ အရင်ကဆို ကျွန်တော်အပြင်ကိုသွားရင် ထီးယူလေ.မရှိပါဘူး။ဒါပေမယ်. ပြောပလောက်အောင်လဲ အပူဒဏ်ကို မခံစားခဲ.ရဘူးပါဘူး။ အခု ဒီနှစ်ပိုင်းမှာတော. အပြင်သွားရင် ထီး ယူကိုယူသွားရပါတယ်။ အပူဒဏ်ကလည်း ထီးမပါရင် သိသိသာသာကြီး ခံစားရပါတယ်။ ဒီတော. ကမ္ဘာကြီးဟာ တနေ.တခြား ပူပြီးရင်ပူလာနေတယ်ဆို တာ မေ.ထားလို.မရတော.ပါဘူး။ အရင်က ဆို ကမ္ဘာကြီးပူနွေး လာမှုဟာ ပုံပြင်ယုံတမ်းတစ်ခု လိုမျိုး ကျွန်တော်အပါအ၀င် လူတော်တော်များများက သဘောထားကြပါတယ်။၂၀၀၇-၂၀၀၈ Gallup Polls စစ်တမ်းအရ ကမ္ဘာပေါ်မှာရှိတဲ. လူဦးရေ ရဲ.လေးပုံ ပုံ သုံးပုံ ဟာကမ္ဘာကြီးပူနွေးလာတယ်ဆိုတဲ. အသိ မရှိကြပါဘူးတဲ.။ ပညာရှင်တွေက ဖန်လုံအိမ် အာနိသင် ၊ ရုပ်ကြွင်းလောင်စာ၊ အိုဇုန်းလွှာ အစရှိသဖြင်. သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိတွေကို အသံ၊အရုပ်၊စာ စတဲ. မီဒီယာမျိုးစုံက နေ အသိပေး၊ ပညာပေးခဲ.ပေမယ်. ကျွန်တော်တို. လျစ်လျူရှုခဲ.ပါတယ်။ ပရီးမီးယားလိဂ် ဘောလုံးပွဲတစ်ပွဲဟာ ကမ္ဘာကြီးပူနွေးလာမှု ထက်ပိုပြီး အရေးကြီးခဲ.ပါတယ်။ လန်ဒန်စီးကရက် တလိပ်နဲ.လက်ဘက်ရည်ဆိုင်ဟာ ၊ အိုဇုန်းလွှာပေါက်ပြဲတာထက် ပိုအရေးကြီးခဲ.ပါတယ်။ မြန်မာဘီယာတစ်ခွက်ရဲ. အာနိသင်ဟာ ဖန်လုံအိမ်အာနိသင်ထက် ပိုအရေးကြီးခဲ.ပါတယ်။ အခုတော. လူတော်တော်များများက ဒါတွေကိုသဘောပေါက်လာကြပါပြီ။ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ပညာပေးမှုတွေက လည်း အရင်တုန်းကထက်ပိုပြီးများလာတဲ.အတွက်ကြောင်. လည်း လူတွေကလည်းအရင်ကထက် ပိုပြီး အသိဗဟုသုတရှိလာပါ တယ်။ မျက်မြင်သာဓက အနေနဲ.ကလည်း ဆိုင်ကလုံးတွေ ၊ ဟာရီကိန်းတွေ ၊ငလျင်လှုပ်တာတွေ ၊ မီးတောင်ပေါက်ကွဲတာတွေ ဟာ မကြာခဏဆိုသလိုခပ်စိပ်စိပ် ဖြစ်နေတာတွေ ကိုတွေ.ရှိနေရပါတယ်။
ဒီတော. ဒါတွေမဖြစ်အောင် ၊ ကမ္ဘကြီးဟာနေ.စဉ်နဲ.အမျှ ပူနေတာကို တားဆီးနိုင်အောင် ဘယ်လိုလုပ်ကြမလဲဆိုတာမေးခွန်းထုတ်စရာဖြစ်လာပါတယ်။ ပညာရှင်ပေါင်းများစွာ ၊ အဖွဲ.အစည်းပေါင်းများစွာ ဟာ ကမ္ဘာကြီးပူနွေးလာမှုကို ကာကွယ်ဖို.အတွက် နည်းလမ်းပေါင်းများစွာကို ရှာဖွေခဲ.ကြပါတယ်။ အဲဒီနည်းလမ်းတွေကို လည်း ပြည်သူလူထု ၊လူသားတစ်ဦးတစ်ယောက်ချင်းစီ ကို ပညာပေးဖို.ကို လဲကြိုးစားနေပါတယ်။ ကျွန်တော်လည်း ကျွန်တော်သိထားသလောက် လေ.လာထားသလောက်ကို ဒီဘလော.ဂ်မှာ ချရေးခြင်းအားဖြင်. ဖတ်မိတဲ.လူတစ်ယောက် တည်းကပဲဖြစ်စေ အသိတစ်ခုရသွားမယ်ဆိုရင်ကျွန်တော်တို. နေထိုင်ကြတဲ. ဒီကမ္ဘာကြီးအတွက် ၊ ကျွန်တော်တို.ရဲ. သဘာဝပတ်ဝန်းကျင်အတွက် အကျိုးရှိမယ် လု.ိမျှော်လင်.မိပါတယ်။

ကမ္ဘာကြီးပူနွေးလာမှု(Global Warming) ဆိုတာဘာလဲ။
ကမ္ဘာကြီးပူနွေးလာခြင်းဆိုတာ လူတွေကြောင်. ကမ္ဘာ.လေထုထဲမှာရှိတဲ.(Greenhouse Gas) ဖန်လုံအိမ်ဓါတ်ငွေ. ၊ တနည်းအားဖြင်. အပူထိန်းဓါတ်ငွေ. ဟာ လိုအပ်တဲ.ပမာဏထက် ပိုမိုများပြားလာခြင်းကြောင်. ကမ္ဘာ.ပျှမ်းမျှအပူချိန်မြင်.တက်လာခြင်း ဖြစ်ပါတယ်။ နေရာင်ခြည်ရဲ. စွမ်းအင်ကို ကမ္ဘာကြီးကနေ ‘မြင်နိုင်တဲ. အလင်း’ အဖြစ်လက်ခံရရှိပါတယ်။ အဲဒီအလင်းစွမ်းအင် ကို သမုဒ္ဒရာတွေအပါအ၀င် ကမ္ဘာ.မျက်နှာပြင် ကစုပ်ယူထားပြီး အပူလှိုင်းရောင်ခြည်(Thermal Radiation) အဖြစ် ပြန်လည်ဖြာထွက်ပါတယ်။ ဖြာထွက်လာတဲ. အပူလှိုင်းရောင်ခြည်အနည်းငယ်ဟာ အာကာသထဲကိုပြန်ထွက်သွားပြီး ကျန်အချို. ကို တော. ကမ္ဘာ.လေထုနဲ. သူ.ထဲမှာ ရှိတဲ. ဖန်လုံအိမ်ဓါတ်ငွေ.(Greenhouse Gas) တွေကနေစုပ်ယူပေးထားလိုက်ပါတယ်။ အဲဒီစုပ်ယူထားတဲ. အပူလှိုင်းရောင်ခြည်တွေကို ကမ္ဘာ.လေထုကနေတစ်ခါ ပြန်ပြီးတော. အထက်နဲ.အောက်လားရာ နှစ်ဘက်ကို ပြန်လည်ဖြာထွက်စေပါတယ်။အထက်ကိုသွားတဲ.ရောင်ခြည်တွေက တော. အာကသာထဲကို ပြန်ထွက်သွားပြီး အောက်ကို သွားတဲ.ရောင်ခြည်တွေကို တော. ကမ္ဘာကြီးက ပြန်လည်စုပ်ယူပါတယ်။ ဒီဖြစ်စဉ်ကို ဖန်လုံအိမ်အာနိသင် (Greenhouse Effect) လို.ခေါ်ပါတယ်။ ၁၈၂၄ ခုနှစ်မှာ Joseph Fourier ဆိုသူကတွေ.ရှိခဲ.တာဖြစ်ပါတယ်။ ကမ္ဘာ.လေထုထဲမှာ ရှိတဲ. အဲဒီ ဖန်လုံအိမ်အပူထိန်းဓါတ်ငွေ.တွေဟာ ကမ္ဘာကြီးရဲ. အပူချိန်ကို မျှတအောင် ချိန်ညှိပေးပါတယ်။ ကမ္ဘာရဲ. ပျှမ်းမျှ အပူချိန်ဟာ ဖန်လုံအိမ် အပူထိန်းဓါတ်ငွေ. ကြောင်. ၅၇ ဒီကရီ ဖာရင်ဟိုက်ဖြစ်ပေမယ်. အဲဒီအပူထိန်းဓါတ်ငွေ.မရှိဘူးဆိုရင် (-) (၀.၇) ဒီကရီဖာရင်ဟိုက်ကိုကျဆင်းသွားပါလိမ်.မယ်။ အလားတူပဲ ဖန်လုံအိမ်ဓါတ်ငွေ.ဟာ ရှိသင်.ရှိထိုက်တဲ. ပမာဏထက်ပို လာမယ်ဆိုလို.ရှိရင် ကမ္ဘာကြီးရဲ. အပူချိန်ဟာလည်း ပိုပြီးမြင်.တက်လာမှာဖြစ်ပါတယ်။



ဒါဆိုရင် ကမ္ဘာ.လေထုထဲမှာရှိတဲ. အဲဒီ ဖန်လုံအိမ်ဓါတ်ငွေ.တွေဟာဘာဖြစ်လို.များလာတာလဲ။ အဲဒီလိုများလာအောင်ဘယ်အရာတွေကဖန်တီးပေးနေတာလဲ။
ဖန်လုံအိမ်ဓါတ်ငွေ.မှာ အဓိကဓါတ်ငွေ.လေးမျိုးပါဝင်ပြီး သူတို.ရဲ. အချိုးအစားရာခိုင်နှုန်းတွေကတော. အောက်ပါအတိုင်းဖြစ်ပါတယ်။
• ရေခိုးရေငွေ. (water vapor) 36–70%
• ကာဗွန်ဒိုင်အောက်ဆိုက်(carbon dioxide) 9–26%
• မီသိန်းဓါတ်ငွေ.(methane) 4–9%
• အိုဇုန်းဓါတ်ငွေ. (ozone) 3–7%
• အခြား CFC 11, CFC 12 အစရှိသည်. စက်မှုသုံးဓါတ်ငွေ.များ

အောက်မှာဖော်ပြထားတဲ. ပုံမှာ နှစ်စဉ်နှစ်တိုင်း ဖန်လုံအိမ်ဓါတ်ငွေ. ထုတ်လုပ်ပေးတဲ. ရာခိုင်နှုန်းအချိုးအစားစက်ဝိုင်းကိုတွေ.ရမှာဖြစ်ပါတယ်။ အဲဒီမှာမှ ကာဗွန်ဒိုင်အောက်ဆိုက်ဓါတ်ငွေ.ဟာ ထုတ်လွှတ်မှုအများဆုံးဆိုတာလေ.လာတွေ.ရှိရပါတယ်။



(က) ကာဗွန်ဒိုင်အောက်ဆိုက် ဓါတ်ငွေ. ( CO2)
ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ဓါတ်ငွေ.ကို လေထုထဲထုတ်လွှတ်ပေးတဲ. အဓိကအရာတွေကတော. အောက်ပါအတိုင်းဖြစ်ပါတယ်။


၁။ ရုပ်ကြွင်းလောင်စာလောင်ကျွမ်းမှု (Fossil Fuel Burning)
လူတွေဟာနေ.စဉ်နဲ.အမျှ ရုပ်ကြွင်းလောင်စာတွေကို သုံးစွဲနေကြပါတယ်။ ဓါတ်ဆီ၊ ဒီဇယ်၊ ကျောက်မီးသွေး ၊ ခရိုဆင်း အစရှိတဲ. ရုပ်ကြွင်းလောင်စာအမျိုမျိုးဟာ လောင်ကျွမ်းပြီးတဲ.အခါမှာ ကာဗွန်ဒိုင်အောက်ဆိုက် အဖြစ်နဲ.လေထုထဲမှာ ပျံ.နှံ.နေရာယူပါတယ်။အထူးသဖြင်. သယ်ယူပို.ဆောင်ရေးလုပ်ငန်း တွေကြောင်.ဖြစ်ပါတယ်။ ကျွန်တော်တို.နိုင်ငံမှာ ကားတွေဒီလောက်များများမရှိသေးပေမယ်. တခြားနိုင်ငံတွေ၊ အထူးသဖြင်.နိုင်ငံကြီးတွေ မှာ ရှိတဲ. ကားသန်းပေါင်း ၇၅၀ ကျော်ဟာ နှစ်စဉ်နှစ်တိုင်း ကာဗွန်ဒိုင်အောက်ဆိုက် ဓါတ်ငွေ. ၂၅ တန်ကို ထုတ်လုပ်ပေးနေကြပါတယ်။ အောက်မှရှိတဲ.ဂရပ်ဖ်မှာ နှစ်စဉ် ရုပ်ကြွင်းလောင်စာကနေ ကာဗွန်ဒိုင်အောက်ဆိုက်ဓါတ်ငွေ.ထုတ်လွှတ်မှု ပမာဏကိုသိရှိနိုင်ပါတယ်။ ဓါတ်ဆီကကာဗွန်ဒိုင် အောက်ဆိုက် ဓါတ်ငွေ. အများဆုံးထုတ်လွှတ်ပေးပါတယ်။






၂။ သစ်တောပြုန်းတီးမှု (deforestation)
သစ်ပင်များဟာ ကာဗွန်ဒိုင်အောက်ဆိုက် ကို စုပ်ယူပြီး အောက်ဆီဂျင်ကို ပြန်လည်ထုတ်လွှတ်ပေးတယ်ဆို ကျွန်တော်တို.ငယ်ငယ်လေးကတည်းက သင်ကြားခဲ.ကြရပါတယ်။ သစ်တောတွေကို နှစ်စဉ်နှစ်တိုင်း အလွန်အကျွံခုတ်ခြင်း ၊ ပြန်မစိုက်ခြင်း၊ တောမီးလောင်ခြင်း စတာတွေကြောင်. သစ်တောတွေပြုန်းတီးနေကြပါတယ်။ ကျွန်တော်ငယ်ငယ်က ကယားပြည်နယ်ဘက်မှာနေဖူးပါတယ်။ ရန်ကုန် - လွိုင်ကော် လမ်းတစ်လျှောက် ဘေးမှာရှိနေတဲ.တောအုပ်တွေဟာ အဲဒီအချိန်က အရမ်းပဲစိမ်းလန်းစိုပြည်ခဲ.ပါတယ်။ အခုတစ်ခါအဲဒီဘက်ကိုပြန်သွားတော. လမ်းဘေးတစ်လျှောက်ကတောင်တွေဟာ တောင်ကတုံးတွေဖြစ်ကုန်ကြပါပြီ။ ဒေသခံတွေက သစ်ပင်တွေကို ခုတ်ပြီးမီးသွေးဖုတ်လုပ်ငန်း လုပ်ကိုင်တာတွေကိုလည်းအများကြီးတွေ.ရပါတယ်။ အမှန်ဆိုရင်ကျွန်တော်တို. အနေနဲ. မီးသွေးကိုမသုံးသင်.ဘူးလို. တောင်ထင်ပါတယ်။ ပြီးခဲ.တဲ.တစ်ခေါက်က ငွေဆောင်ကို သွားတော. လမ်းတစ်လျှောက်မှာ သစ်ပင်တွေအများကြီး မီးရှို.ထားတာကိုလည်းစိတ်မကောင်းစရာတွေ.ခဲ.ရပါသေးတယ်။ ကျွန်တော်ကိုယ်တိုင်မမြင်ပေမယ်. လူအများပြောလို. ကြားရတဲ. မြန်မာပြည်မှာ သစ်တောတွေဘယ်သူ.ကြောင်. ဘယ်လိုပြုန်းတီးနေတယ် ဆိုတဲ. သတင်းတွေလည်း အများကြီးရှိပါသေးတယ်။ ကျွန်တော်မြန်မာနိုင်ငံဘယ်လောက် ထိသစ်တောဖြုန်းတီးမှုမှာ ပေါက်ရောက်အောင်မြင်နေလဲဆိုတာ အောက်က ပုံမှာလေ.လာနိုင်ပါတယ်။



(ခ) မီသိန်းဓါတ်ငွေ. (Methane)
ရုပ်ကြွင်းလောင်စာတွေ ကို တူးဖော်ရှာဖွေတဲ.အခါ မှာ ကမ္ဘာမြေအောက်ထဲမှာ သဘာဝအလျောက်ရှိနေတဲ. မီသိန်းဓါတ်ငွေ.ကို ပါ တပါတည်း ကမ္ဘာမြေပြင်ပေါ်ကိုရောက်ရှိစေပါတယ်။ အာတိတ်ရေခဲပြင်တွေ နဲ. Wetlands လို.ခေါ်တဲ. စိမ်.မြေဒေသတွေ မှာ လည်း သဘာဝအလျောက် မီသိန်းဓါတ်ငွေ.ကို ထုတ်လွှတ်ပေးပါတယ်။ နောက်တစ်ခု က ကြက်၊၀က်၊ကျွဲ၊နွား၊ဆိတ်၊၀က် အစရှိတဲ. တိရိစ္ဆာန်မွေးမြူရေးလုပ်ငန်းတွေက လည်း မီသိန်းဓါတ်ငွေ.အမြောက်အမြားထုတ်လွှတ်ပါတယ်။ မွေးမြူရေးခြံတစ်ခုခုကို ရောက်ဖူးတယ်ဆိုရင် အဲဒီကရတဲ. အနံ.ဆိုးဆိုးကြီးကို သိမယ်ထင်ပါတယ်။ အဲဒါမီသိန်းဓါတ်ငွေ.ပါပဲ။ အဲဒီတိရိစ္ဆာန်တွေ ကထွက်တဲ. အညစ်အကြေး ကျင်ကြီးကျင်ငယ်တွေ ဟာ Manure လို.ခေါ်တဲ. မြေသြဇာတွေဖြစ်သွားပြီး မီသိန်းဓါတ်ငွေ.ကိုထုတ်လွှတ်ပေးပါတယ်။
၃။နိုက်ထရပ်စ်အောက်ဆိုက် (Nitrous Oxide)
စိုက်ပျိုးရေး အတွက် သုံးတဲ. ဓါတ်မြေသြဇာတွေ က လည်းနိုက်ထရပ်စ်အောက်ဆိုက် ကိုထုတ်လွှတ်ပေးတဲ.အတွက် ကမ္ဘာကြီးပူနွေးလာစေဖို.အတွက် အားဖြည်.ပေးနေပါတယ်။ နှစ်စဉ်ထုတ်လွှတ်ပေးနေတဲ. ဖန်လုံအိမ်ဓါတ်ငွေ. ရဲ. ၉ ရာခိုင်နှုန်းဟာ နိုက်ထရပ်စ် အောက်ဆိုဒ်ဖြစ်ပါတယ်။
၎။CFC ( Chlorofluorocarbon)
အဲယားကွန်း ၊ ရေခဲသေတ္တာ ၊ ငါး အသားစတာတွေသိုလှောင်တဲ. အအေးခန်းတွေ ၊ ဖရီဇာ တွေမှာသုံးတဲ. CFC ကလည်းကမ္ဘာကြီးပူနွေးလာစေတဲ.အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။
၂၀၀၄ ခုနှစ်အထိတိုင်းတာချက်အရ ကမ္ဘာ.လေထုထဲမှာ ဖန်လုံအိမ်ဓါတ်ငွေ. ပါဝင်မှု အချိုးအစား ဘယ်လောက်မြင်.တက်လာနေပြီလဲဆိုတာအောက်က ပုံမှာ လေ.လာနိုင်ပါတယ်။





ကမ္ဘာကြီးပူနွေးလာမှု ကြောင်. ဘယ်လိုဘေးအန္တရာယ်တွေနဲ. ကြုံတွေ.ရနိုင်သလဲ။ ကမ္ဘာကြီးဟာတကယ်ပဲပူနွေးလာနေတာလား။
ဟုတ်ပါတယ် ကမ္ဘာကြီးဟာတကယ်ပဲပူနွေးလာနေပါတယ်။ နာဆာအဖွဲ.ရဲ. လေ.လာချက်အရ ၁၈၈၀ ခုနှစ် ကစလို. ကမ္ဘာ.ပျှမ်းမျှ အပူချိန်ဟာ ၁.၄ ဒီဂရီဖာရင်ဟိုက် အထိတက်လာပါတယ်။ သက္ကရာဇ် ၂၁၀၀ ပြည်.နှစ်မှာ ကမ္ဘာမြေရဲ. ပျှမ်းမျှအပူချိန်ဟာ ၉ ဒီဂရီဖာရင်ဟိုက်အထိတက်လာပြီး ပင်လယ်ရေ မျက်နှာပြင်ဟာလည်း ၈၂ ပေ အထိမြင်.တက်လာမယ်လို. ဆိုပါတယ်။ ကမ္ဘာကြီးပူနွေးလာမှုကြောင်. ကျွန်တော်တို.ရဲ. သဘာပတ်ဝန်းကျင်ဟာလည်း များစွာထိခိုက်လာရမှာဖြစ်ပါတယ်။ မြင်.မားတဲ.အပူချိန်ကြောင်. Greenland နဲ. Antarctica မှာရှိတဲ. ရေခဲတွေဟာအရည်ပျော်ပြီး ပင်လယ်ရေမျက်နှာပြင်ကိုမြင်.တက်စေမှာဖြစ်ပါတယ်။ ပင်လယ်ရေမြင်.တက်ခြင်းကြောင်. ကမ္ဘာ.မြေအောက်ရေထု ကို ဆားငန်ရေတွေနဲ. ညစ်ညမ်းစေနိုင်ပါတယ်။ ပင်လယ်ရေတွေ အပူချိန်မြင်.လာတဲ.အခါမှာ ရေငွေ.ပျံနှုန်းကလည်း များလာမှာဖြစ်ပါတယ်။ ရေငွေ.ပျံနှုန်းများတဲ.အခါ မှာ မိုးကြီးခြင်း၊ မုန်တိုင်းများ ပြင်းထန်စွာ ဖြစ်လာခြင်းစတဲ. သဘာဝဘေးအန္တရာယ်တွေနဲ. ကြုံတွေ.နိုင်ပါတယ်။ ကမ္ဘာကြီးပူနွေးလာမှုကြောင်. ကျွန်တော်တို.လူသားတွေနဲ. တိရိစ္ဆာန်တွေရဲ. ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ ပြီးခဲ.တဲ.လ ကပဲ အပူလှိုင်းဖြတ်လို. အိန္ဒိယ မှာ လူတွေရာချီသေကုန်ကြပါတယ်။ ပူပြင်းခြောက်သွေ.တဲ. နွေရာသီမှာ အပူဒဏ်နဲ.ပတ်သတ်တဲ.ဝေဒနာတွေခံစားရနိုင်ပါတယ်။ အရမ်းအေးတဲ.ဒေသတွေမှာ ခြင်တွေဟာ မနေနိုင်ကြပါဘူး။အေးတဲ.ဒေသတွေမှာ ခြင်တွေနေနိုင်လောက်အောင်ပူလာရင် ငှက်ဖျား ၊ သွေးလွန်တုတ်ကွေးစတဲ. ရောဂါတွေ ဖြစ်နိုင်ပါတယ်။ ကမ္ဘာကြီးပူနွေးလာမှုကြောင်. ရာသီဥတုအပြောင်းအလဲ တွေအများကြီးဖြစ်ပေါ်လာပါတယ်။ မိုးခေါင်တဲ.နေရာတွေဟာ အရင်ကထက်မိုးပိုခေါင်လာပါတယ်။ မိုးခေါင်မှုကြောင်. နှစ်စဉ် သဲကန္တာရများ ဖြစ်ပေါ်နေပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ. နိုင်ငံပေါင်း ၁၁၀ ကလူဦးရေ သန်း ၂၀၀၀ ခန်.ဟာ မိုးခေါင်မှု ၊ သဲကန္တာရများ ပိုမိုဖြစ်ပေါ်မှုတို.ကြောင်. စိုက်ပျိုးမြေများ ဆုံးရှုံးမှု အန္တရာယ်နဲ. ရင်ဆိုင်နေရပါတယ်။ ကျွမ်းကျင်ပညာရှင်များရဲ. တွက်ချက်မှုအရ ကမ္ဘာပေါ်မှာ ရှိတဲ. စိုက်ပျိုးမြေ ၃၀ ရာခိုင်နှုန်းဟာ ကမ္ဘာကြီးပူနွေးလာမှုကြောင်. သဲကန္တာရအဖြစ်ကို ပြောင်းလဲသွားနိုင်တယ်လို.ဆိုပါတယ်။ ဆိုင်ကလုန်းမုန်တိုင်းများဟာလည်း ပိုမိုဖြစ်ပေါ်လာပြီး ပိုမိုအားကောင်းလာပါတယ်။ ကမ္ဘာပေါ်မှာ ၁၉၇၀ ခုနှစ်က အားကြီးတဲ.မုန်တိုင်း ရှစ်ခု လောက်သာဖြစ်ခဲ.ပေမယ်. ၂၀၀၄ ခုနှစ်မှာ ၁၈ ခုဖြစ်ပေါ်လာပါတယ်။ ဒါတွေကိုလေ.လာကြည်.မယ်ဆိုရင် ကမ္ဘာကြီးပူနွေးလာမှုဟာ သဘာဝအလျောက်ဖြစ်ပေါ်တာမဟုတ်ပဲ လူတွေကြောင်. ဆိုတာသိသာထင်ရှားပါတယ်။ ဒီတော. ဒါတွေမဖြစ်အောင် ကမ္ဘာကြီးပူနွေးမလာအောင် ကျွန်တော်တို.ဘယ်လိုတားဆီးကာကွယ်ကြမလဲ။
၁။ အိမ်မှာရှိတဲ. မီးသီးမီးချောင်းတွေကို Energy Saving မီးသီးတွေ ၊ မီးချောင်းတွေနဲ.အစားထိုးပါ။ ပုံမှန်စွမ်းအင်ရဲ. ၆၀ ရာခိုင်နှုန်းလောက်ကိုသာ Enger Saving မီးသီးမီးချောင်းတွေက အသုံးပြုပါတယ်။

၂။လျှပ်စစ်မီး အသုံးပြုခြင်းကိုချွေတာပါ။ အသုံးမလိုသည်.မီးများကိုပိတ်ပါ။ အီလက်ထရောနစ်ပစ္စည်းများ ကို အသုံးမပြုသော်လည်း Standby ထားခြင်းမှရှောင်ကျဉ်ပါ။ ဥပမာ ဒီဗီဒီစက် ကို ခွေမကြည်.သော်လည်း ဒီအတိုင်းထားတာမျိုး ရှောင်ကြဉ်ပါ။

၃။ အဲယားကွန်းကို လိုအပ်သည်. အပူချိန်လောက်သာသုံးစွဲပါ။ Air Filter လေစစ် ကို မညစ်ပတ်စေရန်မကြာခဏ ဆေးကြောသန်.စင်ပေးခြင်းဖြင်. နှစ်စဉ်ကာဗွန်ဒိုင်အောက်ဆိုက် ဓါတ်ငွေ. ပေါင် ၃၅၀ ခန်.ကို ချွေတာနိုင်ပါသည်။

၎။ ရေခဲသေတ္တာ နှင်. ဖရီဇာ များကို မီးဖိုနား တွင်မထားပါနှင်. အခြား နေရာသို.ရွေ.ထားပါ။ ရေခဲသေတ္တာများသည် အပူချိန်မြင်.မားသောနေရာများတွင်ထားပါက စွမ်းအင် ကို ပိုမိုသုံးစွဲရသည်။

၅။ အ၀တ်လျှော်စက် ၊ အခြောက်ခံစက် စသည်တို. ကို Fully Loaded အပြည်.ဖြစ်မှသုံးပါ။ အ၀တ်တထည် နှစ်ထည်တည်းနှင်. စက်ကိုမလည်ပတ်ပါစေနဲ.။

၆။ ဖြစ်နိုင်လျှင် တခါသုံး Disposable ပစ္စည်းများကို မသုံးပါနှင်. ။ အကြိမ်ကြိမ်အခါခါ အသုံးပြုရသည်.ပစ္စည်းများကိုသုံးပါ။ ဥပမာ- တစ်ခါသုံးထမင်းဘူး (ဖော.ဘူး) ၊ တစ်ခါသုံးခွက် ၊ဇွန်း

၇။ အသား ကို လျှော.စား၍ ဟင်းသီးဟင်းရွက်များများစားပါ။ မီသိန်းဓါတ်ငွေ.ဟာ ဖန်လုံအိမ်အာနိသင်ဓါတ်ငွေ.ထဲမှာ ဒုတိယ အများဆုံးဖြစ်ပြီး ၊ နွားဟာ မီသိန်းဓါတ်ငွေ.အများအပြားထွက် အောင် ဖန်တီးပေးပါတယ်။

၈။ ဒေသထွက်ကုန် များကို စားသုံးခြင်းဖြင်. သယ်ယူပို.ဆောင်ရေး အတွက်သုံးရသော လောင်စာကို ချွေတာနိုင်ပြီး ၊ ငွေကြေးဟာ လည်း ကိုယ်.အသိုင်းအ၀ိုင်းအတွင်းမှာပဲလည်ပတ်မှာဖြစ်ပါတယ်။

၉။ ကြွတ်ကြွတ်အိပ် အသုံးပြုခြင်းကို တတ်နိုင်သလောက်ရှောင်ပါ။ ဈေးဝယ်ထွက်လျှင် ခြင်းသို.မဟုတ်ထည်.စရာအိတ်ယူသွားပါ။

၁၀။ ရေကိုချွေတာပါ ။

၁၁။ စက္ကူကို ချွေတာပါ။

၁၂။ ကားဝယ်လျှင် ဆီစားသက်သာသောကားကိုဝယ်ပါ။ ဘတ်စကားဖြင်.သွား၍ရနိုင်သောခရီးကို ဘတ်စကားဖြင်.သွားပါ။ မီးရထားဖြင်. သွားနိုင်သောခရီးကို မီးရထားဖြင်.သွားပါ။ အများစုပေါင်း၍သွားရသောကြောင်. လောင်စာ ကိုချွေတာနိုင်ပါသည်။

၁၃။ သစ်တောပြုန်းတီးမှု ကို ကာကွယ်ပါ။ သစ်ပင်စိုက်ပါ။ မြို.နေလူတစ်ဦးသည် ပျှမ်းမျှ ၉.၇ မက်ထရစ်တန် ကာဗွန်ဒိုင်အောက်ဆိုက် ဓါတ်ငွေ.ကို နှစ်စဉ်ထုတ်လွှတ်သည်။ ၎င်း ဓါတ်ငွေ. ကို စုပ်ယူရန် သစ်ပင် ၄၇၇ ပင်လိုအပ်သည်။

၁၄။ တတ်နိုင်သလောက်မိမိပတ်ဝန်းကျင်ရှိလူများကို အသိပညာပေးပါ။

ကျွန်တော်တို. ချစ်တဲ. ကမ္ဘာကြီးကို ၀ိုင်းဝန်းစုပေါင်း ကာကွယ်စောင်.ရှောက်ကြပါစို.။

ဗျတ်ဇ

အကိုးအကား
Wikipedia
Nasa
Time for Change
ကြေးမုံ(၆.၆.၂၀၁၀)


Ref:byatzaa.blogs

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!